ထွက်ပြေးရာကနေ ပြန်လည်ဖမ်းမိထားတဲ့ အချုပ်သား ၃ ယောက်ကို အမှုဖွင့်အရေးယူ



စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော် မုံရွာမြို့ကို တွေ့ရစဉ်။ Photo: RFA
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တရားရုံး အချုပ်ကနေ ထွက်ပြေးသွားသူ ၇ ဦးထဲက ပြန်လည်ဖမ်းမိထားတဲ့ အချုပ်သား ၃ ယောက်ကို အချုပ်ဖောက်ထွက်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၂၂၄ နဲ့ အရေးယူထားတယ်လို့ မုံရွာမြို့ရဲစခန်းမှူး ဒုရဲမှူးကျင်စိန်က ပြောပါတယ်။

ထွက်ပြေးနေဆဲဖြစ်တဲ့ အချုပ်သား ၄ ယောက်ကို ရှာဖွေနေဆဲဖြစ်ပြီး ပြန်မိတဲ့ ၃ ယောက်ကို အချုပ်ခန်းထွက်ပြေးမှု နဲ့ အရေးယူထားတာဖြစ်တယ်လို့ ဒုရဲမှူးကျင်စိန်က ပြောပါတယ်။

"အဲဒါတော့ ကျနော်တို့ ရရှိတဲ့သတင်းတွေနဲ့ တောက်လျှောက်လိုက်ပြီးတော့ ဆက်စပ်နယ်မြေတွေနဲ့ ဆက်စပ်စခန်းတွေနဲ့ စုံစမ်းဖမ်းဆီးတုန်းပါပဲခင်ဗျ၊ သူတို့ကို ထပ်ပြီးအမှုဖွင့်ထားပါတယ်ခင်ဗျ၊ အဲဒီ ဖျက်ဖောက် ထွက်ပြေးမှုနဲ့ အရေးယူထားပါတယ်ခင်ဗျ၊ ၂၂၄ ပါဗျ၊ ရာဇသတ်ကြီး ပုဒ်မနော်။ အားလုံးပေါင်း ၇ ယောက်ပေါ့ဗျာ၊ ၃ ယောက်ပြန်မိတယ်ပေါ့။ အဲရှေ့က ၄ ယောက်ကနေပြီး သူတို့ကို ဆွယ်တာပေါ့။ လိုက်ပြေးရင်ပြေး ဘာညာနဲ့ သူတို့ကို ပြောလို့ လိုက်ပြေးရင်းနဲ့ နောက်ကျတော့ အဖမ်းခံရတာပေါ့။ အဲလို ပြောဆိုပါတယ်"

ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေနဲ့ ပြန်ဖမ်းမိတဲ့ အချုပ်သားတွေဟာ မူးယစ်ဆေးဝါးအမှုတွေ၊ အဓမ္မပြုကျင့်မှု ပုဒ်မတွေနဲ့ တရားစွဲခံထားရသူတွေဖြစ်ပါတယ်။

အဲဒီအချုပ်သားတွေ ထွက်ပြေးသွားချိန်မှာ တာဝန်ကျတဲ့ ရဲတပ်သား ၄ ယောက်လည်း ထွက်ပြေးနေတယ်လို့ သတင်းတွေထွက်ပေါ်ပေမယ့် အဲဒီရဲတပ်သားတွေဟာ ခွင့်မဲ့ပျက်ကွက်နေပြီး ထွက်ပြေးသွားတယ်လို့ အတည်ပြုလို့ မရသေးကြောင်း ဒုရဲမှူးကျင်စိန်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.