နိုင်ငံစီးပွားရေး အလျင်အမြန်တိုးတက်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

မြန်မာနိုင်ငံ၌ ကဏ္ဍတိုင်းကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးမှာ အလျင်အမြန် တိုးတက်နေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့သည့် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး(ABIS) ၌ မိန့်ခွန်း ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ယှဉ်ပြိုင်မှုကို အားပေးပြီး ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးခြင်းကြောင့် သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများကို မြင်တွေ့နိုင်သည် ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယင်းအပြင် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ပုဂ္ဂလိကကဏ္ဍက အထောက်အကူပြုနေပြီး အခြေခံအဆောက်အဦ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကကဏ္ဍက အရေးပါသည့် အခန်းကဏ္ဍတွင်ပါဝင်နေကြောင်း ၄င်းက ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၌ ဗျူရိုကရက်ကြိုးနီစနစ်လျော့ချရန်နှင့် ပုဂ္ဂလိကလုပ်ငန်းများ ကြီးပွားတိုးတက်လာနိုင်မည့် စီးပွားရေး ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးနိုင်ရန် ဆောင်ရွက်နေကြောင်း၊ သို့သော်လည်း လက်ရှိအချိန်ဟာ ကမ္ဘာစီးပွားရေး နှေးကွေးလာချိန်ဖြစ်နေသောကြောင့် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများစွာ ရှိနေသည်ဟုလည်း ၄င်း၏ မိန့်ခွန်းထဲတွင် ထည့်သွင်းပြောဆိုထားသည်။

===========

Mizzima - News in Burmese

http://mizzimaburmese.com/article/34167
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.