ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ စတင်ဖွဲ့စည်း ▲▲▲▲▲▲


နေပြည်တော် နိုဝင်ဘာ ၂၅

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူး ဖြစ်မြောက်ရေး အတွက် သမိုင်းအထောက်အထား လွဲမှားမှု မရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက နိုဝင်ဘာ ၂၄ ရက်စွဲဖြင့် ဖွဲ့စည်း ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အတွင်းရေးမှူးအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံ၊ တွဲဖက်အတွင်းရေးမှူး - ၁ အဖြစ် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်၊ တွဲဖက်အတွင်းရေးမှူး - ၂ အဖြစ် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့၊ မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ (ငြိမ်း) ဦးလူမင်းတို့က ဆောင်ရွက်ကြမည် ဖြစ်သည်။

အဖွဲ့ဝင်များအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်၊ ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် စန်းဝင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဦး၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ သာထွန်းကျော်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဆန်းမြင့်၊ မြန်မာ့သမိုင်းအဖွဲ့ အဖွဲ့ဝင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးသိန်းလှိုင်၊ မြန်မာ့သမိုင်းအဖွဲ့ အဖွဲ့ဝင် ညွှန်ကြားရေးမှူး(ငြိမ်း) ဦးမြဟန်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဦးသူရ(ခ)ဦးဇာဂနာနှင့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

ထိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူး ဖြစ်မြောက်ရေးအတွက် သမိုင်းအထောက် အထား လွဲမှားမှု မရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ပါဝင်မည့် သရုပ်ဆောင်များ အား ဇာတ်လမ်း၊ ဇာတ်òန်းနှင့် ကိုက်ညီမှုရှိစေရေး အတွက် ကြပ်မတ်ဆောင်ရွက်ရန်၊ ရရှိသော ရန်ပုံငွေဖြင့် ကိုက်ညီသည့် အရည်အသွေးမီ ရုပ်ရှင်ဇာတ်ကားကောင်း ဖြစ်ပေါ်လာစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ် ကားကြီး အဆင်ပြေရိုက်ကူးပြီးမြောက်စေရေး အတွက် ဆက်စပ် ဝန်ကြီး ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးရန်၊ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားကြီး အမြန်ဆုံး ပြီးမြောက်စေရေး ကြပ်မတ်ဆောင်ရွက် ရန်နှင့် ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီး ပြီးမြောက်စေရေး အတွက် လိုအပ်သော ဆပ်ကော်မတီများကို ဖွဲ့စည်းဆောင်ရွက် သွားရန်တို့ ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်
MOI Webportal Myanmar
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.