ထိုင်းနိုင်ငံသူတဦး ရာဘာတော အတွင်း အသတ်ခံရ


၉ နိုဝင်ဘာလ ၂၀၁၇

ထိုင်းနိင်ငံ သရန်ပြည်နယ် ကပ်တန်မြို့ နယ်အတွင်းက ရာဘာတောအတွင်းမှာ ထိုင်းနိုင်ငံသူ ၀ီလင်တရာ အသက်၃၃ နှစ်ကို သေဆုံးတဲ့အထိရိုက်နှက်ပြီး ထွက်ပြေးသွားသူဟာ မြန်မာနိုင်ငံကနေလာရောက်နေထိုင်းပြီး အလုပ်လုပ်နေသူ ကိုအုန်းဆိုသူဖြစ်ပြီး နယ်မြေရဲတပ်ဖွဲ က တရားခံ ကို လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။

သေဆုံးသူအမျိုးသမီးဟာ ကိုအုန်းနဲ့ အတူနေထိုင်နေသူဖြစ်ပါတယ် ၊ အခင်းမဖြစ်ပွားခင် (၃)ရက် က အမျိုးသမီးကို ရာဘာတောထဲ မှာ ရိုက်နှက်ခဲ့သူ ကိုအုန်းဟာ သေဆုံးအမျိုးသမီးရဲ့  ဖခင်ဆီကို ဖုန်းဆက်ပြီး သူ့ ကို ခွင့်လွတ်ပါ အဖေ့သမီးကို ရိုက်နှက်ခဲ့ပါတယ်လို့  ပြောခဲ့ပါတယ်။

ဖခင်ကလင်မယား ရန်ဖြစ်တယ်လို့ သာ ထင်ခဲ့ပြီး သုံးရက်မြောက်တဲ့နေ့ မှ သမီးရော ကိုအုန်းပါ ပျောက်နေလို့  လိုက်ရှာတော့မှာ ရာဘာတောထဲမှာ သေဆုံးနေတဲ့ သမီးရဲ့ အလောင်းကို တွေ့ ခဲ့တာပါ။

ဝီလင်တယာ ဟာ ခလေးနှစ်ယောက်မိခင်မုဆိုးမ တဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံကလာရောက်နေထိုင်နေသူ ကိုအုန်းဟာ ထိုင်းနိုင်ငံမှာ အနေကြာနေထိုင်နေသူဖြစ်ပါတယ် ။ သူတို့ နှစ်ဦး အွန်လိုင်းဖေ့ဘုတ်ကနေ ဆက်သွယ်ပြီး အမျိုးသမီးက ကိုအုန်းနေထိုင်နေတဲ့နေရာကို လာရောက်နေထိုင်နေခဲ့တာပါ။

တရားခံဟာ အမျိုးသမီးရဲ့  ဆိုင်ကယ်ကို ယူပြီး ထွက်ပြေးသွားခဲ့ပါပြီ။

SAW
Thainews.com
Social Action for Children and Women - SAW
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.