ရိုဟင်ဂျာ ဒုက္ခသည် ၃ ပုံ ၁ ပုံ အထူးအကူအညီ လိုအပ်ကြောင်း ကုလသမဂ္ဂ ပြော

ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာ ၂၊ ၂၀၁၇)
မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းဒေသမှာ သြဂုတ်လကုန်ကတည်းက လူအုပ်စု ၂ ခုကြား တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၃ ပုံ ၁ ပုံက အထူးအကူအညီစောင့်ရှောက်မှုတွေ လိုအပ်နေတဲ့ အနေအထားမှာ ရှိတယ်လို့ ကုလသမဂ္ဂက ပြောကြားသွားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကနေပြီးတော့ ဒီဘင်္ဂလားဒေ့ရှ်က ကူညီကယ်ဆယ်ရေးကော်မရှင်နဲ့ ပူးတွဲပြီးတော့ ပြုလုပ်တဲ့ စစ်တမ်းတွေအရ အခုလိုမျိုး တွေ့ရှိရတာ ဖြစ်ပါတယ်။ ဒီထွက်ပြေးကြတဲ့ မိသားစုတွေကို သုတေသနလုပ်တဲ့သူ စုစုပေါင်း ၁၀၀ ကျော်ကနေပြီးတော့ ဒုက္ခသည်စခန်းတွေ တခုဝင် တခုထွက် စစ်တမ်း ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည် အများအပြားက ကိုယ်လက်အင်္ဂါပိုင်းမှာ ချို့ယွင်းချက်တွေ ရှိနေတာမျိုး၊ ကလေးအများအပြားကလည်း မိသားစုတွေနဲ့ တကွဲတပြား ဖြစ်နေကြတာမျိုးတွေ ဖြစ်နေတယ်လို့ UNHCR ပြောခွင့်ရ Duniya Aslam Khan က VOA ကို ပြောကြားသွားပါတယ်။

သူတို့တွေအားလုံး အသက်ကယ် အထူးဂရုစိုက် ပြုစုစောင့်ရှောက်မှုတွေ လိုအပ်နေပါတယ်လို့လည်း မစ္စ Khan က ပြောပါတယ်။ သူတို့ အခု ကောက်ခံရရှိတဲ့ သတင်းအချက်အလက်တွေကိုလည်း အစိုးရ အာဏာပိုင်တွေ၊ ပြီးတော့ တခြားလူမှု ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မျှဝေသွားမယ်လို့ သူက ပြောသွားခဲ့ပါတယ်ရှင်။
VOA Burmese News

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.