ဖိလစ်ပိုင်ရောက် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဟောင်း အာရိုယိုက ဂုဏ်ပြုညစာဖြင့် တည်ခင်း


ဖိလစ်ပိုင်သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့အား ဖိလစ်ပိုင် သမ္မတဟောင်းဖြစ်ကာ လက်ရှိ ပမ်ပန်ဂါ ၂ အမျိုးသမီးခရိုင်ကိုယ်စားလှယ် ဂလိုရီယာ အာရိုယိုက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

သက်ဆိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ် Tricia Zafra က တွစ်တာတွင် ရေးသားရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဟွန်ဆန်တို့အား ပမ်ပန်ဂါခရိုင် Clark ရှိ Midori Hotel တွင် တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်း ရေးသားထားသည်။

ထိုသို့ ဧည့်ခံရာတွင် လာမည့် သီတင်းပတ် ၃၁ ကြိမ်မြောက် အာဆီယံ ခေါင်းဆောင်များ ထိပ်သီညီလာခံသို့ တက်ရောက်ရန် ရောက်ရှိလာသော ခေါင်းဆောင်နှစ်ဦးကို ဖိလစ်ပိုင် အစားအစာများဖြင့် ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဟွန်ဆန်တို့သည် Clark အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၁၁ ရက် ယနေ့အစောပိုင်းက ရှေ့ဆင့်နောက်ဆင့် ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။

မနီလာတွင် နိုဝင်ဘာ ၁၃ မှ ၁၅ အထိ ကျင်းပမည့် အာဆီယံထိပ်သီညီလာခံသို့ နိုင်ငံနှင့် အစိုးရခေါင်းဆောင်ပေါင်း ၂၁ ဦးအထိ တက်ရောက်ကြမည်ဖြစ်သည်။

လက်ရှိတွင် ဗီယက်နမ်သို့ ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ ဒူတာတေးက လာမည့် နိုဝင်ဘာ ၁၂ ရက် ညတွင် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသော ခေါင်းဆောင်များကို ၎င်း၏ ဇနီးဖြစ်သူ အီဗန်စီနာနှင့်အတူ ညစာကို တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။

===========

Mizzima - News in Burmese

http://mizzimaburmese.com/article/34128
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.