ရိုဟင်ဂျာတွေအကြမ်းဖက်ခံရမှု ဒေါ်စုပြောဖို့ U2 တိုက်တွန်း


မြန်မာနိုင်ငံတွင်းကနေ ရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့ အကြမ်းဖက်မှုတွေကို မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဆန့်ကျင် ပြောဆိုဖို့ အိုင်းရစ် ရော့ဂီတ အဖွဲ့ U2 က တိုက်တွန်းလိုက်ပါတယ်။

သြဂုတ်လ အတွင်း ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေ နောက်ပိုင်း ဘင်္ဂလားဒေရှ့်ဘက်ကို မူဆလင် ၆ သိန်းကျော် ထွက်ပြေးရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးကြပ်မှုအောက်မှာ ရိုဟင်ဂျာတွေ ရက်ရက်စက်စက် ဖိနှိပ်ခံနေရတာကြောင့် စိတ်ထိခိုက် ခံစားရတယ်လို့လည်း မနေ့ စနေနေ့ U2 ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း U2 အဖွဲ့က ဝေဖန်ပါတယ်။ မြန်မာ စစ်အစိုးရ လက်ထက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကျခံရတဲ့ ကာလတလျှောက် သူမ လွတ်မြောက်ရေး အတွက် U2 အဖွဲ့က တောက်လျှောက် ရပ်တည် လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.