တရုတ်သြဇာလွှမ်းမှာ သြစတေးလျနဲ့ ကနေဒါစိုးရိမ်


သြစတေးလျပြည်တွင်းနိုင်ငံရေးမှာ ပြည်ပစွက်ဖက်တာကိုကာကွယ်ဖို့ကြိုးစားတဲ့အနေနဲ့ ပြည်ပကနေလှူတဲ့ နိုင်ငံရေးအကူအညီတွေပိတ်ပင်မယ်လို့ သြစတေးလျဝန်ကြီးချုပ် မယ်လ်ကွန် တန်းဘူးလ် (Malcolm Turnbull) ကပြောလိုက်ပါတယ်။

တရုတ်သြဇာကြီးလာတဲ့အပေါ် သြစတေးလျကစိုးရိမ်ပြီး အခုလိုပြောလိုက်တာပါ။

သြစတေးလျနိုင်ငံရေးမှာ ပြည်ပအင်အားကြီးတွေက စဉ်ဆက်မပြတ်သြဇာလွှမ်းဖို့ ကြိုးစားနေတယ်လို့ ဝန်ကြီးချုပ်တန်းဘူးလ်ကပြောပါတယ်။

ဥပဒေသစ်က ပြည်ပစွက်ဖက်မှုကို ရာဇဝတ်မှုအဖြစ်သတ်မှတ်မှာဖြစ်ပြီး၊ နိုင်ငံရေးအရဝါဒဖြန့် စည်းရုံးမယ့် အဖွဲ့တွေက မှတ်ပုံတင်ဖို့လိုအပ်မှာဖြစ်ပါတယ်။

သြစတေးလျနိုင်ငံရေးသမားတွေနဲ့ တရုတ်အစိုးရကြားက ဆက်ဆံရေးတွေဟာ တရုတ်သြဇာ တိုးလာနိုင်တဲ့အတွက် စိုးရိမ်ပြီးဆောင်ရွက်လာတာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ကနေဒါကတော့ တရုတ်နဲ့ကုန်သွယ်ရေးသဘောတူညီချက်အတွက် အမျှော်လင့်ကြီး မျှော်လင့်ထားတယ်လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau ဂျပ်စ်တင် ထရူးဒိုးကပြောလိုက်ပါတယ်။ ဒါပေမယ့် စီးပွားရေးမှာမျိုးဆက်လိုက် သက်ရောက်နိုင်တဲ့အတွက် တရုတ်နဲ့ ညှိနှိုင်းဆောင်ရွက်မှာကို အလောသုံးဆယ်လုပ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။

ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက ဘေဂျင်းမြို့ကိုရောက်နေပြီး၊ တရုတ်နဲ့ ကုန်သွယ်ရေးကိစ္စတွေ အဆက်မပြတ် ပုံမှန်ဆောင်ရွက်နေတယ်လို့ပြောပါတယ်။
RFA
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.