ကုလထိပ်တန်းအရာရှိ ၇ နှစ်အကြာမှာ ပြုံယမ်းရောက်

ကုလသမဂ္ဂထိပ်တန်းအရာရှိတစ်ဦးဖြစ်တဲ့ ဂျက်ဖရီ ဖဲ့လ်ထ်မန်း Jeffery Feltman ဟာ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ကို ဒီနေ့ရောက်နေပါတယ်။ နျူးကလီးယားလက်နက် စမ်းသပ်တဲ့အတွက် နိုင်ငံတကာနဲ့တင်းမာနေတဲ့အချိန်မှာ သွားလိုက်တာပါ။ ဂျက်ဖရီလို ကုလသမဂ္ဂထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် မြောက်ကိုရီးယားကိုမသွားတာ အခုဆိုရင် ၇ နှစ်ကြာခဲ့ပါပြီ။ သူဟာ အတွင်းရေးမှူးချုပ်ရဲ့ နိုင်ငံရေးဆိုင်ရာအရာရှိဖြစ်ပါတယ်။

ဂျက်ဖရီဟာ မြောက်ကိုရီးယားကိုမသွားခင် ဘေဂျင်းကိုအရင်ဝင်ပြီး၊ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ လိုက်ပါတယ်။

ပြုံယမ်းလေဆိပ်မှာတော့ ဂျက်ဖရီကို မြောက်ကိုရီးယားနိုင်ငံခြားရေးဌာနက အရာရှိတွေ ကြိုဆိုကြပါတယ်။

အခုလို ကုလသမဂ္ဂကိုယ်စားလှယ်ကို မြောက်ကိုရီးယားလက်ခံတွေ့ဆုံတာဟာ အပေါင်းလက္ခဏာဖြစ်တယ် လို့ ပီကင်းတက္ကသိုလ်က နိုင်ငံတကာလေ့လာရေးဌာန ဆရာတစ်ဦးကပြောပါတယ်။

အခုတော့ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ထားသလို၊ မနေ့ကတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က နောက်ဆုံးပေါ် တိုက်လေယာဉ်တွေနဲ့ စစ်ရေးပူးတွဲလေ့ကျင့်မှု အကြီးအကျယ်လုပ်ခဲ့ ပါတယ်။ တင်းမာနေတဲ့အခြေအနေလျော့သွားအောင် အဲဒီလေ့ကျင့်မှုကိုရပ်ထားဖို့ တရုတ်က အမေရိကန်ကို တောင်းဆိုထားသလို၊ မြောက်ကိုရီးယားကိုလဲ လက်နက်စမ်းတာတွေမလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ဒီအတောအတွင်းမှာပဲ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ဗ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ခ်စ်တေလာဆန်နဲ့ ဗီယင်နာအစည်းအဝေးသွားတဲ့အချိန်မှာ မြောက်ကိုရီးယားကိစ္စဆွေးနွေးဖို့ မှန်ထား တယ်လို့ RIA ရုရှားသတင်းဌာနမှာ ဖေါ်ပြထားပါတယ်။

Photo: http://www.un.org
RFA
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.