ရွှေဘိုတွင် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်ပြီး ဓါးထောက်အနုကြမ်းစီးမှုဖြစ်


ရန်ကုန်၊ ဒီဇင်ဘာလ ၁၂ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ပျဉ်ဈေးတောင်ဘက်၊ ၂ ရပ်ကွက်ရှိ မိသားစု ၃ ဦးနေထိုင်သောနေအိမ်တွင် ဒီဇင်ဘာလ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီခန့်အချိန်က မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်ပြီး ဓားထောက် အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်က မဇ္ဈိမသို့ အတည်ပြု ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ဓားထောက်အနုကြမ်းစီးသူမှာ အဆိုပါနေအိမ်အပေါ်ထပ်သို့ တက်ကာ အိပ်ပျော်နေသော ၁ဝ တန်းကျောင်းသူ မိန်းလေးအား ခြင်ထောင်အတွင်းဝင်ရောက်ကာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ပြီး အဆိုပါ မိန်းကလေးနှင့်အတူအိပ်နေသော ဒုတိယတန်းအရွယ်မိန်းကလေးက အော်ဟစ်သဖြင့် ထိုလူမှ အသင့်ပါလာသော ဓားဖြင့်ထိုးရာ ညာဘက်လည်ပင်းတွင် အရှည် ၃ လက်မခန့် ပြတ်ချဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

“ ကျွန်တော်သိသလောက်ကတော့ အမျိုးသမီး( ကြံစည်ခံရသူ မိန်းကလေးငယ်၏ မိခင်) က အပေါ့သွားတော့ အဲ့ဒီလူ အိမ်ပေါ်ထပ်က ဆင်းလာတာ မြင်တယ်ပေါ့။ အဲ့ဒီကောင်က ဓားနဲ့ပြပြီး ဆွဲကြိုးပေးဆိုပြီးတော့ တောင်းတော့ အမျိုးသမီးက အိမ်အပေါ်ထပ်က ဆင်းလာတဲ့ သူ့သမီးလေး ဆီကနေ ဆွဲကြိုးဖြတ်ပြီး ပေးနေတဲ့ အချိန်မှာ အမျိုးသား( အမျိုးသမီးငယ်၏ ဖခင်) က ဒီကောင့်ကို အုတ်ခဲနဲ့ လှမ်းထုလိုက်တာ။ အဲ့ဒီကောင် ခေါင်းကိုထိ သွားတာပေါ့။ ခေါင်းလည်းမှန်သွားရော အုတ်တံတိုင်း ပေါ်ကနေ ခုန်ထွက်တာ မြောင်းထဲ ကျပြီး ပြေးသွားတာပေါ့။ ဓားရော၊ မှတ်ပုံတင်ရော၊ မှတ်ပုံတင်ကတော့ အတုလို့ပြောတယ်။ နောက် ဆွဲကြိုးပါ ပြေးလိုက်တဲ့အချိန် အကုန်ပြန်ပြီး ပြုတ်ကျကျန်ခဲ့တယ်။ ဆွဲကြိုးကိုတော့ ပြန်ရလိုက်တာပေါ့။ ဖြစ်စဉ်က အဲ့ဒီ လို”ဟု အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်က ပြောသည်။

အဆိုပါ ဓားထောက်အနုကြမ်းစီးသူအား အိမ်ရှင်အမျိုးသမီးက ဆွဲကြိုးမပေးမီ အိမ်ရှင်အမျိုးသားဖြစ်သူက လုံး ထွေးသတ်ပုတ်ခဲ့ရာ ထိုလူက ဓားဖြင့်ပက်ခဲ့သဖြင့် အိမ်ရှင်အမျိုးသား ဝဲဘက်လည်ပင်းတွင် ပြတ်ရှဒဏ်ရာ တစ် ချက်၊ ဝဲဘက်လက်ဖျံတွင် တစ်လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိခဲ့သည်။

ထို့ပြင် အိမ်ရှင်အမျိုးသမီး၏ ဦးခေါင်း နောက်စေ့နှင့် လက်ဖျံတို့တွင် အရှည်တစ်လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်စီရရှိခဲ့ကြောင်း သိရပြီး ဓားဒဏ်ရာများရရှိခဲ့သော မိသားစု ၃ ဦးကို လက်ရှိတွင် ရွှေဘိုမြို့နယ်၊ ဆေးရုံကြီး၌ ဆေးကုသပေးနေသည်။

အဆိုပါ ဓားထောက်အနုကြမ်းစီးခဲ့သူမှာ လက်ရှိတွင်လွတ်မြောက်နေကာ ရွှေဘိုမြို့နယ်ရဲစခန်းတွင် (ပ) ၇ဝ၄/ ၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၉၄ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေနေကြောင်း သိရသည်။

ထိုသို့ ရဲစခန်းတွင် ဓားထောက်အနုကြမ်းစီးခဲ့သူအား အမှုဖွင့်ထားသော ပုဒ်မ- ၃၉၄ မှာ လုယက်မှုကျူးလွန်ရာ တွင် မိမိ အလို အလျောက် နာကျင်စေမှုပုဒ်မဖြစ်ပြီး တစ်သက်တစ်ကျွန်းဖြစ်စေ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ်ထိဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
Mizzima - News in Burmese
http://mizzimaburmese.com/article/35215

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8559,interview,223,knowledge,9,Live,8,LocalNews,17532,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ရွှေဘိုတွင် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်ပြီး ဓါးထောက်အနုကြမ်းစီးမှုဖြစ်
ရွှေဘိုတွင် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်ပြီး ဓါးထောက်အနုကြမ်းစီးမှုဖြစ်
https://2.bp.blogspot.com/-HnbSe4OdbFY/Wi_3Ugj3NwI/AAAAAAAAd5o/EOMZ93FX7pcABVOHXCq4CMD-6I_shuuSACLcBGAs/s400/q1.jpg
https://2.bp.blogspot.com/-HnbSe4OdbFY/Wi_3Ugj3NwI/AAAAAAAAd5o/EOMZ93FX7pcABVOHXCq4CMD-6I_shuuSACLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/12/blog-post_251.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/12/blog-post_251.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy