ဖမ်းခံရတဲ့ သတင်းထောက် ၂ ဦး ထောင် ဖမ်းခံရတာဖြစ်နိုင်ကြောင်း ဦးဝင်းထိန် ထင်ကြေးပေး

 NLDပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ် NLDပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA
ရိုက်တာသတင်းထောက် ၂ ဦးဟာ ထောင် ဖမ်းခံရတာဖြစ်နိုင်ကြောင်း အင်န်အယ်လ်ဒီပါတီ ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် က ဒီနေ့ ပြောပါတယ်။

နေပြည်တော် ၈ မြို့နယ်က NLD ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲအပြီးမှာ ဦးဝင်းထိန်က သူ့အမြင်ကို အခုလိုပြောပါတယ်။

"အဲဒီလိုအဖမ်းခံရတာတော့ မကောင်းဘူး ဒါပေမဲ့ ကိုယ်ထင်တာတော့ ထောင်ဖမ်းခံရတာတော့ ထင်တာပဲ၊ သူတို့က စာရွက်စာတမ်းတွေနဲ့မိတယ်လေ၊ အဲဒီစာရွက်စာတမ်းတွေက သူနဲ့အတူ ထမင်းစားပြီးတဲ့အခါ အဲဒီရဲတွေဆီက ရတယ်လို့သိရတယ်၊ ထွက်သွားတော့မှ တနေရာကျတော့မှ အဖမ်းခံရတယ်၊ လက်ပူးလက်ကြပ် မိတယ်၊ ဒီလောက်နုံပြီး အဲဒီလောက် အ ရသလားလို့ မေးချင်တာ"

အဲဒီသတင်းထောက် ၂ ဦးကို စွဲဆိုထားတဲ့ပုဒ်မဟာ နဂိုကတည်းက ကြံရွယ်ထားတာ သိသာနေကြောင်းလည်း ဦးဝင်းထိန်က ပြောပါတယ်။ သတင်းထောက် ၂ ဦးကို နိုင်ငံတကာ ဖိအားနဲ့ ရှေ့နေတွေရဲ့ ကျွမ်းကျင်မှုတွေ ပေါင်း ပြီး ဆွဲထုတ်ဖို့လည်း ဆိုပါတယ်။

နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ပြန် ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ကို သတင်းမီဒီယာသမားတွေက ဖမ်းခံထားရတဲ့ သတင်းထောက် ၂ ဦးနဲ့ပတ် သက်ပြီး မေးမြန်းရာမှာ အဲဒီကိစ္စကို သေချာမသိရသေးကြောင်းနဲ့ တိတိကျကျသိရတဲ့အခါ လိုအပ်သလို ဆောင် ရွက်ပေးမှာဖြစ်ကြောင်း ပြောပါတယ်။

"အဲဒါနဲ့ပတ်သက်လို့ ဘယ်လိုဆက်လက်ပြီး ဆောင်ရွက်နေလဲဆိုတာ သေချာမသိရသေးဘူး၊ အဲဒါသိတဲ့အချိန် ကျတော့မှပဲ ဘယ်လိုလုပ်နိုင်မလဲဆိုတာ ပြောလို့ရမယ်၊ သတင်းသမားတွေမှာ ပြဿနာအခက်အခဲရှိလို့ ရှိရင်တော့ တက်နိုင်သရွေ့ ကူညီဆောင်ရွက်ပေးပါတယ်၊ စောစောကဖြစ်ခဲ့တဲ့ကိစ္စတွေမှာလည်း ဆောင်ရွက် တယ်၊ အခုလည်းပဲ အခုဖြစ်တဲ့ကိစ္စအခြေအနေကို ပြည့်ပြည့်စုံစုံ တိတိကျကျသိရင် သိတဲ့အပေါ်မူတည်ပြီးတော့ လိုအပ်သလို လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ဟာတွေကို လုပ်ကိုင်ဆောင်ရွက်ပေးသွားမှာပါ"

ရိုက်တာသတင်းဌာနက ကိုသက်ဦးမောင်မောင် ခေါ် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင် တို့ကို ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃နဲ့ ဒီဇင်ဘာလ ၁၂ ရက် နေ့ညက ဖမ်းဆီးလိုက် တာဖြစ်ပါတယ်။

အဲဒီသတင်းထောက် ၂ ဦးကို အခုအချိန်အထိ ဘယ်နေရာမှာ ဖမ်းဆီးထားတယ် ဆိုတာမသိရသေးသလို မိသားစုဝင်တွေလည်း တွေ့ခွင့်မရသေးပါဘူး။

RFA

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8450,interview,223,knowledge,9,Live,8,LocalNews,17349,news,2842,opinion,780,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ဖမ်းခံရတဲ့ သတင်းထောက် ၂ ဦး ထောင် ဖမ်းခံရတာဖြစ်နိုင်ကြောင်း ဦးဝင်းထိန် ထင်ကြေးပေး
ဖမ်းခံရတဲ့ သတင်းထောက် ၂ ဦး ထောင် ဖမ်းခံရတာဖြစ်နိုင်ကြောင်း ဦးဝင်းထိန် ထင်ကြေးပေး
http://www.rfa.org/burmese/news/reuters-reporters-12182017064519.html/winhtein-622.jpg/image
dawnmanhon
http://www.dawnmanhon.com/2017/12/blog-post_282.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/12/blog-post_282.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy