လူငယ်နှင့်မူးယစ်ဆေးဝါး =သရ၀ဏ်(ပြည်)



တကယ်တော့ ဒီခေါင်းစဉ်ကိုကမဟုတ်တာပါ ။ ကျွန်တော်တို့နိုင်ငံမှာ ဘာတွေပဲဖြစ်ဖြစ်မကောင်းတာဆိုရင်လူငယ်တွေကိုအပြစ်ပုံချတတ်တာထုံးစံတစ်ခုလိုဖြစ်နေတယ် ။ ကြည့်လေ စာစီစာကုံးတွေ ဆောင်ပုဒ်တွေခေါင်းစဉ်ပေးပြီဆို “ လူငယ်နဲ့အနာဂတ်တဲ့ “ လူငယ်တွေကိုလောလောဆယ် ပစ္စုပ္ဖန်မှာတော့နေရာမပေးချင် ၊နေရာမပေးနိုင်ကြဘူး ၊ မရောက်သေးတဲ့အနာဂတ်မှာမှနေရာပေးမလိုလို ခေါင်းဆောင်တင်မလိုလို၊ နေရာရမလိုလိုတွေပြောကြတာလည်းလူကြီးတွေပါပဲ ။ အခုလောလောဆယ်မှာတောင်နေရာမပေးချင်ရင် နောင်လာမယ့်အနာဂတ်မှာ လူငယ်တွေက ဘာနေရာရမှာလဲ ။ ပြီးတော့ရှိသေးတယ် “ယနေ့လူငယ် နောင်ဝယ်လူကြီး “တဲ့ ၊ ဘယ်လောက်ရယ်ရသလဲ ကနေ့လူငယ်ဖြစ်မှတော့ နောင်တချိန်မှာ အသက်ကြီးပြီလူကြီးဖြစ်ပြီပေါ့ ။ မြန်မာနိုင်ငံမှာ လူငယ်တွေကိုနေရာမပေးပုံက လူငယ်ရေးရာဝန်ကြီးဌာနဆိုတာခေတ်အဆက်ဆက်ဘယ်အစိုးရလက်ထက်မှမရှိခဲ့ဘူး ။ မဆလ လက်ထက်မှာလဲမရှိဘူး ၊ စစ်အစိုးရလက်ထက်မှာလဲမရှိဘူး ၊ ဦးသိန်းစိန်လက်ထက်မှာလဲမရှိဘူး ။ဦးထင်ကျော်လက်ထက်မှာလဲမရှိဘူး ။ လူငယ်တွေအဆင့်က အခမ်းအနားတွေမှာ ခုံသယ် ၊ အမှိုက်သိမ်း ၊ ဆိုင်းဘုတ်ဖြုတ် ကိုတင်သိမ်းအဆင့်ကမတက်ကြဘူး ။ ဗိုလ်ချုပ်အောင်ဆန်းကိုချစ်ပါတယ် ကြည်ငြိုပါတယ် တဖွဖွအော်နေတဲ့နိုင်ငံမှာ ဗိုလ်ချုပ်ဟာအသက် ၃၂ နှစ်မှာ နိုင်ငံခေါင်းဆောင်ဖြစ်ခွင့်ရခဲ့ပေမယ့် အစိုးရအဆက်ဆက် အသက် ၆၀ ကျော်တွေပဲ ၀န်ကြီးတွေ ၊ဒုဝန်ကြီးတွေ ၊ သမ္မတတွေ ဘာတွေညာတွေ လုပ်နေကြတုန်းပဲမဟုတ်လား ။ အခု လက်ရှိအစိုးရအဖွဲ့ထဲမှာတောင်အသက် ၄၀ အောက်လူလတ်ပိုင်းတောင်ပါတာမဟုတ်ပါဘူး ။လူငယ်ဆိုတာတော့ဝေလာဝေးပါ ။ အဲဒိတော့လူငယ်တွေဟာ ဘယ်လိုလုပ်အညွန့်အညှောက်ထွက်တော့မှာတုန်း ။

ဒီအထဲလာပြန်တယ် လူငယ်နဲ့မူးယစ်ဆေးဝါးတဲ့ ။ တကယ်ပြောရမှာက လူကြီးနဲ့မူးယစ်ဆေးဝါးလို့ပြောရမှာ ။ ကြည့်လိုက်လေ တကမ္ဘာလုံးမှာရော ၊ မြန်မာနိုင်ငံမှာရော မူးယစ်ဆေးဝါးကိုအကြီးအကျယ်ထုတ်လုပ်ဖြန့်ချိရောင်းချနေတဲ့ ဂိုဏ်းခေါင်းဆောင်တွေ ၊မူးယစ်ရာဇာတွေဟာ ဘယ်မှာ လူငယ်တွေဟုတ်လို့လဲ ။ အနည်းဆုံးတော့အသက် ၅၀ ကျော် ၊ ၆၀ ကျော် လူကြီးတွေပဲမဟုတ်လား ။ မိလိုက်တိုင်းပိုင်ရှင်မဲ့ဆိုတဲ့ ကားကြီးတွေနဲ့မိလိုက်တဲ့မူးယစ်ဆေးဝါးတွေ ၊ ဘယ်လူငယ်က ဒီလောက်အများကြီးကို ရင်းနှီးနိုင်မှာလဲ ၊ ဘယ်လူငယ်က ဒီလောက်အကောင်ကြီးကြီးတွေနဲ့အဆက်အသွယ်ရှိမှာလဲ ။ ဟိုတလောကပဲ မင်္ဂလာဒုံမြို့နယ်မှာ ရဲအရာရှိဟောင်းတစ်ယောက်မိသားစုနဲ့ လေးလောင်းပြိုင်အသတ်ခံရတယ် ။ သူရဲတပ်ဖွဲ့မှာတာဝန်ထမ်းခဲ့တုန်းကမူးယစ်ဆေးဝါးအချီကြီးတစ်ခုကိုဖမ်းဆီးပေးဖူးတယ်လို့ပြောကြတယ် ။ ဒီလူသတ်မှုကလည်းခုထက်ထိမပေါ်ဘူး ။ လွန်ခဲ့တဲ့နှစ်ကလည်း မင်္ဂလာဒုံဥယျာဉ်မြို့တော်ထဲမှာ ကားတစ်စီးမူးယစ်ဆေးဝါးတွေနဲ့ မိဖူးတယ် ။ ထုံးစံအတိုင်းပိုင်ရှင်မဲ့ပါပဲ ။ သေချာတာတော့ မူးယစ်ဆေးဝါးအချီကြီးတွေချနေကြတာဟာ လူငယ်တွေမဟုတ်ဘူး ။မူးယစ်ဆေးဝါးနဲ့ပတ်သက်လာရင် လူကြီးတွေပါဝင်ပတ်သက်နေတာအသေအချာပါပဲ ။ လူကြီးဆိုလို့ ဟိုတွေးဒီတွေးမတွေးစေချင်ဘူး ။ အသက် ၅၀ ကျော်ရင်အားလုံးလူကြီးတွေချည်းပါပဲ ။ အဲဒိတော့ အလည်တန်းကျောင်းတွေ အထက်တန်းကျောင်းတွေကို လိုက်ပြီး ရှောင်လေဝေးဝေးမူးယစ်ဆေး တို့  မူးယစ်ဟူကဆန့်ကျင်ကြတို့  ကျောင်းသားလူငယ်တွေကိုဟောပြောနေမယ့်အစား အဲဒိမူးယစ်ဆေးဝါးတွေ၊WY ဆေးတွေ ၊ ဘိန်းဖြူတွေ သယ်ဆောင်ရောင်းဝယ်နေကြတဲ့သူတွေကို ပြင်းပြင်းထန်ထန်နှိမ်နှင်းဖို့ လိုပါတယ် ။ ကျွန်တော်တို့ငယ်စဉ်က စိတ်ကြွရူးသွပ်ဆေးမသုံးကြပါ ၊ ဘာဖြစ်လို့လဲဆိုတော့ရောင်းတဲ့သူမရှိလို့ ဖြစ်တယ် ။ဒါ့ကြောင့် ရောင်းသူဟာသုံးသူထက် ပိုပြီးအရေးကြီးပါတယ် ။ မြန်မာနိုင်ငံမှာတော့ ငါးပွက်ရာငါးစာချ ၊ ဆန်စင်ရာကျည်ပွေ့ လိုက်နေကြပါတယ် ။ မူးယစ်ဆေးကို ကားစင်းလုံးလိုက်သယ်ကြသူတွေ လွတ်နေပြီး မလယ်မ၀ယ် လူငယ်လေးတွေ WY တစ်ပြားအိပ်ကပ်ထဲမှာတွေ့ လို့  ၊ ဆေးခြောက် မဖြစ်စလောက်တွေ့ ရလို့ ထောင်ကျရတာတွေလည်းမနည်းမနောပါ ။ အမေရိကန်အစိုးရက မူးယစ်ဆေးဝါးမှုနဲ့အလိုရှိနေတဲ့ဘိန်းဘုရင်ခွန်ဆာဆိုရင်လဲ ခုချိန်အထိ အပြင်မှာ အေးအေးလူလူနေနိုင်စားနိုင်နေဆဲပါ ။

သတင်းစာမှာပါလာတဲ့ သတင်းခေါင်းစဉ်တွေကိုကြည့်လိုက်ရင်ပဲ မြန်မာနိုင်ငံရဲ့အဓိကပြနာဟာ မူးယစ်ဆေးဝါးပြသနာဖြစ်ပြီး အဲဒိပြသနာရဲ့အဓိကတရားခံဟာ လူငယ်တွေမဟုတ်ဘူးဆိုတာ သိနိုင်ပါတယ် ။ သတင်းခေါင်းစဉ်အချို့ကိုအခုလိုတွေ့ ရပါတယ် ။
“ဘူးသီးတောင်မြို့ တွင်ဖမ်းဆီးရမိသည့်စိတ်ကြွဆေးပြား ကိုးသိန်းကျော် နှင့်ပတ်သက်ပြီး တရားခံအား အမြန်ဆုံးဖမ်းဆီးရမိရန် လိုလားကြောင်း ဘူးသီးတောင်မြို့ နယ် NLD ပါတီဥက္ကဌပြောကြား “ တဲ့ ။
“ပင်လယ်ဘူးမြို့တွင် မူးယစ်ဆေးဝါးဖြန့်ချိရောင်းချသူများကို နယ်မြေခံရဲတပ်ဖွဲ့နှင့် ဒေသခံများက ဆက်တိုက်ဖမ်းဆီးနေသော်လည်း သုံးစွဲရောင်းချမှုမြင့်တက်နေဆဲဟုဆို “ တဲ့ ။
နောက်သတင်းတစ်ပုဒ်က “ပြည်ကြီးတံခွန်မြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး ထံမှ စိတ်ကြွဆေးပြား ၅၄၀၀ ဖမ်းဆီးရမိ “ တဲ့ ။
“ပင်လယ်ဘူးမြို့နယ်တွင် မူးယစ်ဆေးဝါးဖြန့်ချိရောင်းချနေသူတစ်ဦးအား ရဲတပ်ဖွဲ့ နှင့် ဒေသခံများက သွားရောက်ဖမ်းဆီးစဉ် လုပ်သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှုဖြစ်ပွား” တဲ့ ။
“ကချင်ပြည်နယ် မိုးညင်းမြို့တွင် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါးရောင်းချသူ ၂၈ ဦးဖမ်းဆီးရမိ “ တဲ့ ။ သတင်းစာတစ်စောင်မှာ မူးယစ်ဆေးဝါးအမှုက နှစ်ပုဒ် သုံးပုဒ်ပါတတ်တယ် ။ ဆက်ကိုမဖတ်ရဲတော့ဘူး ။ ဒါတောင်သတင်းစာထဲမပါပဲ လူမသိသူမသိကိစ္စတွေအများကြီးရှိဦးမယ် ။

လူငယ်တွေအနေနဲ့ မူးယစ်ဆေးဝါးနဲ့မပတ်သက်ဖို့  ၊မစမ်းသပ်ဖို့ ၊မသုံးစွဲ ဖို့ဆိုတာကတော့ မှန်ပါတယ် ။ ပြောသင့်ပြောထိုက်တဲ့စကားတွေပါ ။ ဒါပေမယ့်ကိစ္စတစ်ခုကပြောနေရုံနဲ့မပြီးဘူး ။လက်တွေ့လဲပါမှရမယ် ။ လူငယ်တွေ မူးယစ်ဆေးဝါး သုံးမယ့်အစားလမ်းမှန်ကိုရောက်အောင် အားကစားကွင်းတွေကိုပို့ ရမယ် ။ အဲဒိမှာမေးစရာရှိလာပြီ ။ ကျောင်းတွေမှာ အားကစားကွင်းမရှိဘူး ၊ဘောလုံးကွင်းမရှိဘူး ၊ အားကစားချိန် (ကာယချိန် )တူတူတန်တန်မရှိဘူး ။ ရပ်ကွက်ဘောလုံးကွင်းတွေအားလုံး ခရိုနီနဲ့ အာဏာပိုင်တွေ သိမ်းပြီး တိုက်တွေခြံတွေ ဖြစ်ကုန်ပြီ ။ ရိုက်စားတွေလုပ်ပြီးကြပြီ ။ ဒါဆိုမင်းတို့ စာဖတ်ကြကွာလို့ပြောမယ် ။ ဘယ်မှာလဲစာကြည့်တိုက် ။ ကျောင်းမှာလဲစာကြည့်တိုက်ကဟန်ပြပဲရှိတယ် ။ လူကြီးလာမှ အချိန်ပိုင်းလောက်ဟန်ပြအနေနဲ့ဖွင့်ပေးတာ ။ ကျောင်းအုပ်မှာလည်းစာအုပ်ဝယ်ဖို့ဘတ်ဂျက်မရှိဘူး ။စာကြည့်တိုက်မှူးဆိုတာလည်းမရှိဘူး ။ ဆရာမတွေကပဲစာသင်ချိန်တဲကဖဲ့ပြီးစာကြည့်တိုက်တာဝန်ယူရတော့ မဖွင့်တာအေးတယ် ။ဖွင့်ရင်စာအုပ်ပျောက်တော့လျော်ရသေးတယ်ဆိုပြီး စာကြည့်တိုက်ဆိုတာသော့ခတ်ထားလိုက်ကြရော ။တကယ်ဆိုပညာရေးဝန်ကြီးဌာနက ဘတ်ဂျက်နဲ့ဘာနဲ့စနစ်တကျချပေးပြီးစာဖတ်ခိုင်းရမှာ ။ ရပ်ကွက်ထဲမှာ တော့ ရပ်ကွက်စာကြည့်တိုက်ဆိုတာ ဒိုင်နိုဆောတွေမျိုးတုန်းတာနဲ့အပြိုင်မျိုးတုန်းသွားပါပြီ ။ စာအုပ်အငှားဆိုင်လေးတွေကလည်း ၁၉၈၀ ၊ ၁၉၉၀ပြည့်လွန်ုနှစ်တွေမှာအားကောင်းခဲ့ပေမယ့် ဗီဒီယိုနဲ့ ကိုရီးယားဇာတ်လမ်းတွဲခေတ်စားလာတဲ့ ၂၀၀၀ ပြည့်နှစ်ကျော်ချိန်မှာတဖြုတ်ဖြုတ်ပျောက်ကွယ်သွားပါပြီ ။ အဲဒိအချိန်မှာ ရပ်ကွက်တွေ ကျေးရွာတွေမှာ ပေါပါများများလက်ညှိုးထိုးမလွဲရှိတတ်တာကတော့ အရက်ဆိုင်နဲ့ဘီယာဆိုင် ၊ နှစ်လုံးထီလောင်းကစားဒိုင်နဲ့ ဘောလုံးလောင်းကစားဒိုင်တွေပါပဲ ။အဲဒိဒိုင်တွေရှိနေတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်းသိပါတယ်။သက်ဆိုင်ရာနယ်မြေရဲတွေကလည်းသိပါတယ် ။ မသိချင်ယောင်ဆောင်နေကြတာပါ။ အဲဒိစနစ် အဲဒိခေတ်မှာ လူငယ်တွေ ဆေးစွဲကုန်တာ မဖြစ်သင့်ပေမယ့် အဲဒိလိုဖြစ်အောင်ပတ်ဝန်းကျင်က တွန်းပို့ နေတာပါပဲ ။

ဖြစ်နေတာတွေကို အစိုးရကရော လူ့ အသိုင်းအ၀ိုင်းကရော ချက်ခြင်း အရေးယူတုံ့ပြန်ဖို့လိုအပ်နေပါပြီ ။ ဒီလိုမှမဟုတ်ပဲ မြန်မာနိုင်ငံရဲ့ထုံးစံအတိုင်း တစ်နှစ်တစ်ခါသစ်ပင်စိုက်ပွဲကျင်းပပြီး သစ်ပင်တစ်ပင်မှ မရှင်သလို ၀တ်ကြေ၀တ်ကုန်သဘောနဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးတရားတွေ လူငယ်နဲ့မူးယစ်ဆေးဆိုတာတွေ ပြောနေကြရင် လူငယ်တွေကရယ်ကြပါလိမ့်မယ် ။ တိုင်းပြည်က ငိုကြရပါလိမ့်မယ် ။ စားဖားတွေက လက်ဝါးချင်းရိုက်ကြပါလိမ့်မယ်။အမှန်တရားဆိုတာခါးသီးပါတယ် ။ဒါပေမယ့်ဆေးခါးကြီးလိုပဲ နည်းနည်းသည်းခံပြီးမျိုချလိုက်တဲ့အခါ ရောဂါဝေဒနာတွေပျောက်ကင်းတတ်ပါတယ် ။ မိမိကိုယ်တိုင်ကပျောက်ကင်းချင်စိတ်ရှိဖို့ ကအရေးအကြီးဆုံးပါပဲခင်ဗျား။

သရ၀ဏ်(ပြည်)

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6925,interview,212,knowledge,7,Live,8,LocalNews,15028,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: လူငယ်နှင့်မူးယစ်ဆေးဝါး =သရ၀ဏ်(ပြည်)
လူငယ်နှင့်မူးယစ်ဆေးဝါး =သရ၀ဏ်(ပြည်)
http://2.bp.blogspot.com/-UIVDU6srTHo/Uw86NmuPaQI/AAAAAAAAcns/z6_O8XjhxSQ/s1600/drug-crime.jpg
http://2.bp.blogspot.com/-UIVDU6srTHo/Uw86NmuPaQI/AAAAAAAAcns/z6_O8XjhxSQ/s72-c/drug-crime.jpg
dawnmanhon
http://www.dawnmanhon.com/2017/12/blog-post_658.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/12/blog-post_658.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy