ကျိုက်ထီးရိုး ကေဘယ်လ်ရထားတံခါးများ ဖွင့်ပွဲရက်မှာပင် ပျက်စီး၊ ဒီဇင်ဘာ ၁၉ ရက်မှ ပြန်ပြေးဆွဲမည်


ရသေ့တောင်မှ ဆံတော်ရှင် ကျိုက်ထီးရိုးသို့ ဒီဇင်ဘာလ ၁၅ ရက်ကစတင် ဖွင့်လှစ်ပြေးဆွဲသော ကေဘယ်လ်ရထားမှာ တံခါးများ ပျက်စီး၍ ယင်းနေ့တွင်ပင် ရပ်နားခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်တွင် ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း Asia Co., Ltd. ၏ စီမံကိန်း
အထူးအကြံပေး ဦးမျိုးဝေက ပြောကြားသည်။
-
ဒီဇင်ဘာလ ၁၅ ရက်နေ့ ကေဘယ်လ်ရထား ဖွင့်ပွဲလုပ်ပြီး သုံးနာရီ
အကြာတွင် စီးနင်းသူများကြောင့် ရထားတွဲတံခါးများ အဖွင့်အပိတ် ပျက်စီးခဲ့သောကြောင့် ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင် ပြေးဆွဲမှုကို ရပ်နားလိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
-
ကေဘယ်ရထားဖွင့်ပွဲကို ယင်းနေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့ပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဘုရားဖူးများကို အခမဲ့ စီးနင်းခွင့်ပေးလိုက်ရာ စီးနင်းသူများပြားခြင်းကြောင့် မွန်းတည့် ၁၂ နာရီတွင် ပြေးဆွဲခြင်းကို ရပ်တန့်ခဲ့ရခြင်းဖြစ်သည်။
-
“မနေ့က ဝန်ကြီးချုပ်တို့အဖွဲ့ စဖွင့်ပြီးတော့ ဘုရားဖူးတွေကို ဖွင့်
ပေးလိုက်တာ။ ဘုရားဖူးတွေက အရမ်း များတယ်။ တွဲပေါ်ကို အလု
အယက် တက်ကြတော့ တံခါးပေါက်က တစ်ယောက်စာကို လုဝင်တော့ တွဲတော်တော်များများရဲ့ တံခါးတွေက ပျက်ကုန်တယ်။ ပြီးတော့ တွဲတစ်တွဲမှာ ၈ ယောက် တက်ရမှာကို တချို့လည်း ကိုးယောက် ဆယ်ယောက်တက်လို့ ပြန်ဆင်း ခိုင်းရတာတွေတောင် ရှိတယ်”ဟု ၎င်းက ဆိုသည်။
-
ယင်းသို့ ကေဘယ်လ်တွဲများသည် စက်ပိုင်းဆိုင်ရာ ပျက်စီးမှု မရှိသော်လည်း ရထားတွဲ ၄၃ တွဲတွင် တွဲအများစု၏ အဝင် ထွက်တံခါး
များ ပျက်စီးခဲ့သည့်အတွက် အသေးစား ပြင်လည် ပြင်ဆင်ရန် လက်ရှိ
တွင် ပြေးဆွဲခြင်းကို ခေတ္တရပ်နားထားရကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
-
ရထားတွဲများ အသေးစား ပြန်လည် ပြင်ဆင်ခြင်းကို ဒီဇင်ဘာလ ၁၅ ရက်မှ ၁၈ ရက်အထိ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းကာလတွင် ကေဘယ်လ်ရထား ပြေးဆွဲခြင်းကို ရပ်နားထားမည်ဖြစ်ကာ ဒီဇင်ဘာလ ၁၉ ရက်တွင် ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဦးမျိုးဝေက ပြောကြားသည်။
-
ကေဘယ်ရထားသည် ရသေ့တောင်မှ တောင်တက်ကားဂိတ်အထိ ပတ်လည်ဖြစ်ပြီး ၈ ယောက် တစ်တွဲနှုန်းဖြင့် ပတ်လည် မောင်းနှင်
နေမည်ဖြစ်ပြီး စီးနှင်းခနှုန်းထားကို မြန်မာနိုင်ငံသား တစ်ဦးလျှင် ၃၀ဝ၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ ကနဦး အကြမ်းဖျင်း သတ်မှတ်ထားပြီး iKBZ နှင့် အသက် အာမခံ လုပ်ငန်းများ ချိတ်ဆက်ထားကြောင်း​ Sky Asia Co., Ltd. ထံမှ သိရသည်။
-
ကျိုက်ထီးရိုး ကေဘယ်ကောင်းကင်ရထား စီမံကိန်းကို ရသေ့တောင် တောင်ခြေမှ ကျိုက်ထီးရိုး ဘုရားရင်ပြင် ကားဂိတ်အထိ အရှည်ပေ ၂၉၀ဝ ခန့်ကို ရထားတွဲ ၄၃ တွဲဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်တွဲလျှင် လူရှစ်ဦး စီးနင်းနိုင်ပြီး ဆယ်မိနစ်ခန့် ကြာမြင့်နိုင်မည်ဖြစ်ကြောင်း စီမံကိန်း တာဝန်ရှိသူများထံမှ သိရသည်။
=======

[the voice ##
##]

COMMENTS

Name

art,1,article,1334,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,34,history,2,international,8075,interview,222,knowledge,9,Live,8,LocalNews,16805,news,2842,opinion,772,photos,203,poem,117,satires,39,song,12,speech,12,sports,182,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: ကျိုက်ထီးရိုး ကေဘယ်လ်ရထားတံခါးများ ဖွင့်ပွဲရက်မှာပင် ပျက်စီး၊ ဒီဇင်ဘာ ၁၉ ရက်မှ ပြန်ပြေးဆွဲမည်
ကျိုက်ထီးရိုး ကေဘယ်လ်ရထားတံခါးများ ဖွင့်ပွဲရက်မှာပင် ပျက်စီး၊ ဒီဇင်ဘာ ၁၉ ရက်မှ ပြန်ပြေးဆွဲမည်
https://4.bp.blogspot.com/-IVv4v4yy5e4/WjZS7RrTo9I/AAAAAAAAd9s/mMSk7dXSQi0vwxiixX6-8voGg5phE4axQCLcBGAs/s400/q1.jpg
https://4.bp.blogspot.com/-IVv4v4yy5e4/WjZS7RrTo9I/AAAAAAAAd9s/mMSk7dXSQi0vwxiixX6-8voGg5phE4axQCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/12/blog-post_666.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/12/blog-post_666.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy