တက္ကသိုလ်ကျောင်းသားဘ၀ကို ပြန်လည်ပေးစွမ်းနိုင်တော့မည့် လှိုင်တက္ကသိုလ်နယ်မြေ


နှစ်ပေါင်း ၂၀ ကျော်ကြာ ပိတ်ထားခဲ့သည့် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ (RC-2) ကို ဒီဇင်ဘာ ၄ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ RC-2 တွင် ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ ၁,၀၀၀ ကျော် တက်ရောက်သင်ကြားခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ကျောင်းစတင်ဖွင့်လှစ်ခဲ့သည့်နေ့တွင် တက္ကသိုလ်ကျောင်းသားကျောင်းသူလေးများ၏ သွက်လက်ပျော်ရွှင်နေရသည့်ပုံရိပ်များကို မြင်တွေ့ခဲ့ရသည်။

RC-2 ပြန်လည်ဖွင့်လှစ်လိုက်သည်နှင့်အတူ ကျောင်းသား၊ ကျောင်းသူများ၏ အဆောင်နှင့် အတွင်းအပြင် ဓာတ်ပုံများသည်လည်း ဒီဇင်ဘာ ၅ ရက်က လူမှုကွန်ရက်ဖေ့စ်ဘုတ်မျက်နှာတွင် ပျံ့နှံ့လာသည်ကို တွေ့ရ သည်။ လှိုင်တက္ကသိုလ်နယ်မြေ RC-2 အတွင်း လျှပ်စစ်မီးထိန်ထိန် အဆောင်ပုံများ၊ လှေကားပုံများ၊ အခန်းတံခါးပုံများ၊ အခန်းအတွင်းရှိ ခုတင်၊ စာကြည့်စားပွဲခုံ၊ သီးသန့်ထမင်းစားဆောင်၊ စတိုခန်း၊ ဘေစင်၊ သန့်စင်ခန်း၊ ရေချိုးခန်း စသည့် ဓာတ်ပုံများမှာ ဒီဇင်ဘာ ၅ ရက်တွင် လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပြီး လူမှုကွန်ရက်အသုံးပြုသူတဦးက ''ဟိုတယ်လား၊ ကျောင်းကပေးတဲ့အဆောင်လား မသဲကွဲဘူး''ဟု မှတ် ချက်ပြုထားသည်။ ထို့အတူ RC-2 ကျောင်းဆောင်များကို မြင်တွေ့ခဲ့ရသူတဦးကလည်း ''အဆောင်နေ ကျောင်းသား၊ ကျောင်းသူတွေမပြောနဲ့ ကိုယ်တွေတောင် ပျော်သွားတယ်။ ၀မ်းသာစရာပဲ။ ဖြစ်နိုင်မယ်ဆိုရင် တက္ကသိုလ်ပြန်တက်ချင်တယ်'' ဟု မှတ်ချက်ပြုသည်။

လှိုင်တက္ကသိုလ်နယ်မြေ RC-2 အတွင်း ကျောင်းသား၊ ကျောင်သူများ နေထိုင်နိုင်ရန် ကေတုမတီဆောင်နှင့် မြတ်လေးဆောင်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်မွမ်းမံထားပြီး ယင်းအဆောင်များတွင် နယ်မှတက်ရောက်မည့် ကျောင်းသားများကိုသာထားရှိခြင်းဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် စီမံ/ဘဏ္ဍာဌာနမှ ဒေါ်ဆွေဆွေအောင်က ပြောသည်။

''အဲဒါက ပထမနှစ် ကျောင်းသားကျောင်းသူတွေကို ထားဖို့အတွက်ပါ။ အခန်းကတော့ ၂ ယောက်အခန်းပါ။ အဲယားကွန်းလည်းပါတယ်။ ဒီအဆောင်တွေမှာ နယ်ကလူတွေပဲထားတာ၊ ရန်ကုန်ဧရိယာမထားဘူး။ နယ်သန်းခေါင်စာရင်းပါတဲ့သူတွေကိုပဲထားတာ။ နယ်မှာနေတယ်ဆိုတဲ့ အထောက်အထားနဲ့ ထားတာပါ''ဟု ၎င်းက ပြောသည်။

ကေတုမတီအဆောင်တွင် ကျောင်းသားဦးရေ ၄၀၀ ခန့် နေထိုင်နိုင်ကြောင်းနှင့် မြတ်လေးအဆောင်တွင် ကျောင်းသူ ၄၀၀ ဆံ့ကြောင်းနှင့် ကျောင်းသား/သူများအား အဆောင်ခအဖြစ် တလလျှင်ကျပ် ၂၀,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။ အဆောင်များတွင် တက္ကသိုလ်ကျောင်းသားကျောင်းသူများအတွက် အဆောင်တွင် သွားလာနေထိုင်ရမည့် စည်းကမ်းချက်များကို ရေးဆွဲကပ်ပေးထားပြီး လုံခြုံရေးများလည်း ထားရှိပေးထားကြောင်း ဒေါ်ဆွေဆွေအောင်က ပြောသည်။

''နေ့ခင်းဘက်ဆိုရင် အမျိုးသမီးအဆောင်ဆိုရင် အမျိုးသမီးလုံခြုံရေးရှိတယ်။ ညဘက်ဆိုရင် အမျိုးသားလုံခြုံ ရေးတွေထားပေးထားတယ်။ အပြင်စည်းမှာထားတာပေါ့။ အမျိုးသမီးလုံခြုံရေးဆိုတာက ကျောင်းသူတွေရဲ့ ဧည့်သည်တွေလာရင် အတွင်းထဲကို ၀င်ခေါ်ပေးတာမျိုး တို့ပေါ့''ဟု ၎င်းက ပြောသည်။

လှိုင်တက္ကသိုလ်နယ်မြေ (RC-2)အတွင်းရှိ စာသင်ဆောင်နှင့် ကျောင်းသား၊ ကျောင်းသူအဆောင်များရှိ အနီးပတ်ဝန်းကျင်တွင် ပြုပြင်မွမ်းမံမှုများပြုလုပ်နေပြီး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများလည်း ရှိနေကြောင်းနှင့် ပြုပြင်မွမ်းမံမှုအားလုံးပြီးစီးသွားပါက ယခုထက်ပိုမို လှပသေသပ်လာမည်ဖြစ်ကြောင်း ဒေါ်ဆွေဆွေအောင်က ပြောသည်။

''ခုံတန်းပြာလေးတွေ ပြန်လုပ်ပေးချင်တယ်။ အခုကတော့ စာသင်ကျောင်းကိုပဲ အရင်ဆုံး ဦးစားပေးပြင်ရတာပေါ့။ ကောင်းတာတွေလည်းရှိတယ်။ ပြင်ရမှာတွေတော့ ရှိပါတယ်။ ပြုပြင်ထိန်းသိမ်းမှုက အမြဲကိုဝင်နေမှ သာသာယာယာ ပိုရှိမှာပါ။ အခုကတော့ အကုန်လုံးတော့ လုပ်ပေးထားတယ်။ သို့သော် ကျွန်မတို့ကတော့ ပြုပြင်ထိန်းသိမ်းမှုကတော့ စဉ်ဆက်မပြတ်လုပ်နေရဦးမှာပဲ။ လမ်းတွေခင်းပေးဖို့ လိုတာလေးတွေခင်းပေးမယ်။ သစ်ပင်တွေလိုရင် စိုက်နေရမှာပါပဲ။ သစ်ပင်တွေ ရှုပ်နေရင် ရှင်းနေရမှာပဲလေ။ အဲလိုမျိုး အလှအပမျက်စိပသာဒရှိအောင်လေးတွေ ထပ်လုပ်ဖို့ရှိပါသေးတယ်''ဟု ၎င်းက ပြောသည်။

''ကျွန်မကတော့ သဘောကျပါတယ်။ ကလေးတွေက University Life ကို အပြည့်အ၀ခံစားခွင့်ရတာပေါ့။ နောက်ပြီးတော့လည်း ကျောင်းကြီးက ဟိုအရင်ကတည်းကလုပ်ခဲ့တဲ့ကျောင်းကြီးဆိုတော့ သစ်ပင်တွေ အုံ့ဆိုင်းနေတာတွေကတော့ ဘာမှ လုပ်စရာမလိုပါဘူး။ ကျန်တာထိန်းသိမ်းစရာလေးတွေကတော့ ရှိပါတယ်။ တဖြည်းဖြည်းချင်းလုပ်သွားမယ်။ ကလေးတွေကလည်း ကျေနပ်ကြတယ်။ ကျွန်မတို့အနေနဲ့ ၀မ်းသာတယ်။ ကျွန်မတို့ကတော့ လှိုင်နယ်မြေက ဟိုဘက်မှာဆိုတော့ ဒီဘက်နေ စီမံခန့်ခွဲရတာဆိုတော့ ပင်ပန်းပေမဲ့ ကျေနပ်ပါတယ်''ဟု ၎င်းက ပြောသည်။

RC-2 တွင် ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရ ပထမနှစ် ကျောင်းသားကျောင်းသူ ၁,၀၀၀ ကျော် တက်ရောက်သင်ကြားခွင့်ရရှိပြီး မေဂျာပေါင်း ၂၅ ခုရှိကြောင်း ရန်ကုန်တက္ကသိုလ်၊ လက်ထောက်မော် ကွန်းထိန်းဦးအောင်စိုးက ပြောသည်။

''ကျောင်းဝင်ခွင့်ရတဲ့သူက မူလ၀င်ခွင့်ရတာ ၁၄၀၀၊ နောက်ထပ် ၀င်ခွင့်ပေးတာ ၁၀၀ ဆိုတော့ ၁၅၀၀ လောက်ရှိပါတယ်။ ဒီနေ့အချိန်အထိ ငွေပေးသွင်းပြီးတဲ့သူ ကျောင်းဝင်ခွင့်အတွက် ဆောင်ရွက်ပြီးစီးတဲ့ သူကတော့ ၁,၂၀၀ ၀န်းကျင်လောက်ရှိပါပြီ။ ကျောင်းပြန်ဝင်လာပြီးတော့ ပြန်ပြောင်းသွားတဲ့သူနဲ့ အသစ်ပြန် ၀င်လာတဲ့သူနဲ့ မေဂျာပြောင်းတဲ့သူတွေ ပါဝင်ပါတယ်။ RC-2 မှာ တက်နေပြီပေါ့'' ဟု ၎င်းက ပြောသည်။

ထို့ပြင် တနင်္လာနေ့တွင် ဓာတုဗေဒနှင့်ရူပဗေဒ၊ အင်္ဂါနေ့တွင် သင်္ချာနှင့် ကွန်ပျူတာသိပ္ပံ၊ ဗုဒ္ဓဟူးနေ့တွင် သတ္တဗေဒ၊ ရုက္ခဗေဒ၊ အနုဇီဝ၊ ကြာသာပတေးနေ့- ဘူမိဗေဒ စသည့် ဘာသာရပ်များကို တနေ့လျှင် ပျမ်းမျှမေဂျာ ၂ ခုနှုန်း ရန်ကုန်တက္ကသိုလ်(ပင်မဆောင်)တွင် လက်တွေ့ (Practical) ဆင်းနေကြကြောင်း သိရ သည်။

''သောကြာနေ့ကျရင်တော့ ပထမနှစ်ကျောင်းသားကျောင်းသူတွေအကုန်လုံးက လှိုင် Campus မှာ အကုန်ပြန် တက်မှာပါ''ဟု ဦးအောင်စိုးက ပြောသည်။

လင်းလင်းအောင်
http://newswatch-mm.com/index.php?article_detail&id=173

COMMENTS

Name

art,1,article,1303,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7348,interview,220,knowledge,8,Live,8,LocalNews,15701,news,2842,opinion,765,photos,203,poem,116,satires,39,song,12,speech,12,sports,140,statement,59,technic,55,translate,34,video,1068,voice,76,
ltr
item
dawnmanhon: တက္ကသိုလ်ကျောင်းသားဘ၀ကို ပြန်လည်ပေးစွမ်းနိုင်တော့မည့် လှိုင်တက္ကသိုလ်နယ်မြေ
တက္ကသိုလ်ကျောင်းသားဘ၀ကို ပြန်လည်ပေးစွမ်းနိုင်တော့မည့် လှိုင်တက္ကသိုလ်နယ်မြေ
http://newswatch-mm.com/img_upload/newswatch_KR5K76.jpg
dawnmanhon
http://www.dawnmanhon.com/2017/12/blog-post_734.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/12/blog-post_734.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy