![]() |
ဗန်းမော်ဆရာတော်နဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဗုဒ္ဓဟူးနေ့ ရန်ကုန်မြို့မှာ လက်ဆွဲနှုတ်ဆက်စဉ် |
အမည်နာမတပ်ပြောဆိုတာမရှိပေမယ့် ကိုးကွယ်သူတွေက ဘာသာရေးရဲ့မူရင်းသင်ကြားမှုတွေကို ဆန္ဒ၊ ဒေါသ မောဟစတဲ့ အဂတိတရားတို့နဲ့ ရောနှောအသုံးချနေတဲ့အတွက် အစွန်းရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ယုံကြည်ကြောင်း ဗန်းမော်ဆရာတော်ကဆိုပါတယ်။ အဲဒီလို ဘာသာရေးကိုခုတုံးလုပ်ပြီး ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ရှုတ်ချရမယ်လို့ မိန့်ပါတယ်။
ပုပ်ရဟန်းမင်းကြီးကလည်း မြန်မာပြည်က လူမှုအဖွဲ့အစည်းခေါင်းဆောင်နဲ့ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ အသံမဲ့သူတွေရဲ့အသံတွေကို ကြားနိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။ မြန်မာပြည်မှာ မတူကွဲပြားမှုတွေရှိနေပေမယ့် သဟဇာတဖြစ်အောင်နထိုင်ဖို့ ဘာသာရေးခေါင်းဆောင်တွေ ကူညီပေးဖို့လည်း သူကတိုက်တွန်းပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးအတွက် ဘာသာရေးခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း အရေးကြီးတယ်လို့ ပုပ်ဖရန်စစ်က မိန့်ပါတယ်။ မြန်မာပြည်လေးရက်ကြာ လာရောက်လည်ပတ်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒါကာမြို့ကို ကြွရောက်မှာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ခ်ျမှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။
BBC Burmese
http://www.bbc.com/burmese
COMMENTS