နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း




၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်
မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ-၂ (နေပြည်တော်)

ဒီနေ့ကတော့ နှစ်ဟောင်းကုန်ပြီးနှစ်သစ်ကို ကောင်းကျိုးချမ်းသာကောင်းခြင်း မင်္ဂလာအပြည့်နဲ့ ပျော်ရွှင်ကြည်နူးစွာကျင်းပဆင်နွဲကြတဲ့ ကရင်နှစ် ၂၇၅၇ ခုနှစ် ပြာသိုလဆန်း

(၁) ရက်နေ့ဖြစ်ပါတယ်။
နှစ်သစ်ကူးကာလကောက်သစ်စားပွဲမှာ မိသားစုဝင်တွေ ပြန်လည်တွေ့ဆုံကြတယ်။ နှစ်သစ်အတွက် ဆုမွန်ကောင်းတွေတောင်းကြ တယ်။ စားကောင်းသောက်ဖွယ်တွေနဲ့ တည်ခင်းဧည့်ခံကြတယ်။ ပြောရရင် ပေါင်းစည်းခြင်း၊ ပျှော်ရွှင်ခြင်း၊ စည်းလုံးခြင်း၊ အနာဂတ်အတွက် ကောင်းမွန်စွာ မျှော်လင့်ခြင်းတွေနဲ့ ပြည့်စုံနေတဲ့ ကောက်သစ်စားပွဲ နှစ်သစ်ကူးအခါသမယဆိုရင်လည်းမမှားပါဘူး။



ဒီကနေ့ကာလမှာ ကျွန်မတို့ပြည်ထောင်စုကြီးမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ပြည်သူအားလုံးဟာ ခက်ခဲကြမ်းတမ်းတဲ့ နိုင်ငံရေး၊ စီးပွားရေးအစရှိတဲ့ စိန်ခေါ်မှုတွေကို လက်ချင်းတွဲပြီး ကျော်လွှားအောင်မြင်နိုင်ဖို့ ရင်ဆိုင်နေရတဲ့အချိန် ကာလလည်းဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲ၊ ဘယ်လို စိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင် ကျော်လွှားရာမှာ ကျွန်မတို့ ပြည်သူတွေ၊ ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ အင်အား၊ စည်းလုံးမှု တွေနဲ့အစဉ်အမြဲအောင်မြင်ရမယ်လို့ ယုံကြည်ခံယူထားပါတယ်။
ကျွန်မတို့နိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းတစ်လျှောက်လုံး ပြန်ကြည့်လိုက်ရင် ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကို ကျွန်မတို့နိုင်ငံသူနိုင်ငံသားတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဖြတ်သန်းကျော်လွှားနိုင်ခဲ့တဲ့ သမိုင်းအစဉ်အလာကောင်းတွေ တွေ့နိုင်ပါတယ်။

ငြိမ်းချမ်းရေးခရီးလမ်းကို ဖြတ်သန်းလျှောက်လှမ်း ကြရာမှာလည်း Karen Model ကရင်မော်ဒယ် ဆိုပြီးပြောစမှတ်တွင်ရအောင် လက်တွေ့ကျကျ ဦးဆောင် ပြခဲ့တာ တွေလည်း အထင်အရှားပဲဖြစ်ပါတယ်။
အခုဆိုရင် ကရင်ပြည်နယ် ဒေါနတောင်တန်းမြေမှာ အောင်ပွဲခံတဲ့ ဖားစည်သံတွေ လွင့်ပျံနေခဲ့ပါပြီ။ သေနတ်သံတွေ တိတ်ဆိတ်ပြီး ငြိမ်းချမ်းခြင်းရဲ့ မေတ္တာ တေးသံတွေ၊ စာသင်ကျောင်းက စာအံသံတွေနဲ့ ခေါင်းလောင်း သံတွေ လွင့်ပျံလာခဲ့ပါပြီ။ ကရင်တိုင်းရင်းသားတွေနဲ့ ကရင်မြေမှာ ငြိမ်းချမ်းခြင်း ရဲ့အသီးအပွင့်တွေ တဖြည်းဖြည်းချင်း ဝေဆာလာခဲ့ပါပြီ။ တချို့ မငြိမ်းချမ်း သေးတဲ့ ဒေသတွေဆီက ပြည်သူတွေဟာ ဝမ်းသာအားရအားကျစွာနဲ့ ငေးမျှော်ကြည့်ခြင်းကို ခံယူ နေရပါပြီ။

ကရင်ပြည်နယ်နဲ့ ကရင်တိုင်းရင်းသားတွေအတွက်သာမက ကမ္ဘာတစ်ဝှမ်း ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ ကရင်တိုင်းရင်းသားတွေ အားလုံး အတွက် ကရင့်မျှော်လင့်ချက်တွေ ဟာလည်း ပိုမိုဝင်းလက် တောက်ပပြီးလှပလာခဲ့ပါပြီ။ ကရင် ပြည်နယ်ဟာ ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ သာယာလှပခြင်းတွေကို သာမကကြီးမားတဲ့ မျှော်လင့်ချက် အလင်းရောင်တွေကို ထွန်းလင်းတောက်ပနေခဲ့ပါပြီ။
အခုလိုနှစ်သစ်ကူး၊ အခွင့်အခါထူးတဲ့ အချိန်ကာလမျိုးမှာ အနာဂတ်မျိုးဆက်သစ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှတဲ့ အနာဂတ်တစ်ခုကိုပုံဖော်တည်ဆောက်နေတဲ့ ကရင်ပြည်နယ်အတွက် အထူးပဲဝမ်းမြောက် ဂုဏ်ယူမိကြောင်းပြောကြားလိုပါတယ်။

ကျွန်မတို့ ကရင်တိုင်းရင်းသားတွေဟာ ရိုးသားတယ်၊ သစ္စာရှိတယ်၊ ရှင်းရှင်းတွေးပြီး ပြတ်ပြတ်သားသား လုပ်ကိုင်တတ်ကြတဲ့ ရှေးကဘိုးဘွားဘီဘင်တွေရဲ့ လက်ဆင့်ကမ်း အမွေကို မပျောက်ပျက်အောင် ထိန်းသိမ်းလာခဲ့တာဟာလည်း ဒီကနေ့ဆိုရင် နှစ် ၂၇၅၇နှစ် ပြည့်မြောက်ခဲ့ပါပြီ။ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်း၊ ဂုဏ်ယူဖွယ်ရာယဉ်ကျေးမှု အမွေအနှစ်၊ ကောင်းမွန်တဲ့ ဓလေ့ထုံးစံအစဉ်အလာတွေကို သားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ ကြိုးစားသွားကြမယ်ဆိုတာကို သံသယဖြစ်ဖွယ်ရာ မဟုတ်ပါဘူး။

ကရင်တိုင်းရင်းသားများ ကတဲ့အခါမှာ၊ မြူးမြူးကြွကြွ၊ ကမ္ဘာမြေကြီးမှာ ဆွဲအားမရှိ တော့သလို ပေါ့ပါးစွာလွင့်နေတဲ့ သဏ္ဍန်ဆောင်ပါတယ်။ စိတ်ရဲ့ ရွှင်လန်းမှုကို ကိုယ် အမူအရာနဲ့ပြလိုက်တာပါပဲ။ သီဆိုတဲ့ သီချင်းတွေကလည်း ပျော်ရွှင်သံအတိနဲ့။ ကရင် တိုင်းရင်းသားတွေ သီဆိုကခုန်တာကြည့်ရတဲ့အခါမှာ ကျွန်မတို့ ပြည်ထောင်စုသား အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံဖို့ ကြိုးစားနိုင်မဲ့ အင်အား တွေနဲ့ ပြည့်လာရပါတယ်။ ပြည်ထောင်စုသားအားလုံး စည်းစည်းလုံးလုံးနဲ့ ဖွံ့ဖြိုးသာယာတဲ့ တိုင်းပြည်ကြီးမှာ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ကြဖို့အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ တက်ကြွစွာ ဆောင်ရွက်နိုင်ဖို့ တွန်းအားတွေဖြစ်ရပါမယ်။

ယနေ့အချိန်အခါမှာ ကရင်တိုင်းရင်းသားတွေအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် သတ္တိရှိရှိ၊ ရဲရဲရင့်ရင့်နဲ့ ပူးပေါင်းပါဝင်လျှောက်လှမ်းနေတာကိုလည်း ဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ တွေ့မြင်ကြရပါတယ်။ အဲ့ဒီအတွက်လည်း ကရင်ခေါင်းဆောင်များ၊ ကရင်တိုင်းရင်းသားများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များအားလုံးကို ပြည်ထောင်စုကြီးရဲ့ ကိုယ်စား ကျေးဇူးဥပကာရ အထူးပင်တင် ရှိပါကြောင်း ဒီကနေ့လို အခွင့်အခါသင့်ခိုက်မှာ လေးလေးနက်နက် ပြောကြားလိုပါတယ်။

ဆက်လက်ပြီးလည်း ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်တဲ့ ခရီးလမ်းမှာ ကျွန်မတို့နဲ့အတူ ခိုင်ခိုင်မာမာ လက်တွဲပြီး လျှောက်လှမ်းပေးကြဖို့လည်းအလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ -
- ဒီကနေ့ ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကစပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးကို စံနမူနာကောင်းများဖြင့် ဆက်လက်ဖော်ဆောင်ပေးနိုင်ကြပါစေ၊
- ကရင်တိုင်းရင်းသား တစ်မျိုးသားလုံး မေတ္တာတရား၊ ပေါင်းစည်းညီညွတ်မှုများနဲ့ ကရင်ပြည်နယ်ကြီး အရှိန်အဟုန်နဲ့ ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင် နိုင်ကြပါစေ၊
- ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ အမွေအနှစ်တွေ၊ မြတ်နိုးဂုဏ်ယူဖွယ်ရာ ဝိသေသလက္ခဏာတွေကို ဆက်လက်ပြီး ထိန်းသိမ်းစောင့်ရှောက် နိုင်ကြပါစေ။

- တက်ရောက်လာကြသူအားလုံး ဘဝရဲ့ ကောက်သစ် စားပွဲအားလုံးမှာ ဝဝလင်လင် ကောင်းကောင်းမွန်မွန် စားသုံးနိုင်ကြပါစေကြောင်း၊ ဘေးရန်အပေါင်းကင်းဝေး ကြပါစေ၊ ပြည်ထောင်စုသား အားလုံး၊ ကရင်တိုင်းရင်းသားများရဲ့ ချစ်မြတ်နိုးဖွယ်ရာ အကများလို ပေါ့ပါးရွှင်လန်းတဲ့ နှလုံးသားပိုင်ရှင်များ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
အခုလို ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ကြည့်နေစဉ်မှာ ကျွန်မကို ကရင်တိုင်းရင်းသားတစ်ယောက်က နတ်ငှက်ကို ပသ ရတဲ့အကြောင်းကို လာရှင်းပြဖူးပါတယ်။

နတ်ငှက်ကို ပသရတဲ့အကြောင်းက ကရင် တိုင်းရင်းသားများဟာ စိုက်ထားတဲ့လယ်က စပါးတွေကိုငှက်များ လာစားတဲ့အတွက် အန္တရာယ်လည်းဖြစ်တယ်၊ တစ်ဖက်ကလည်း အန္တရာယ်ဖြစ်တဲ့ခရုတွေကို ငှက်တွေက စားပေးတဲ့အတွက် ကောင်းကျိုးလည်းပေးတယ်၊ ဒါကြောင့် နှစ်ဖက်နှစ်လမ်းစဉ်းစား ရတယ်လို့ပြောပါတယ်။ ငှက်ပျောသီးတွေကို သစ်ပင်တွေပေါ်မှာ ချိတ်ထားတာတို့ ၊ငှက်တွေက စပါးစေ့တွေကိုစားဖို့ ငှက်ပျောသီးတွေကိုစားဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့။

အဲဒီတော့ကျွန်မစိတ်ထဲမှာဖြစ်မိပါတယ်၊ ဘယ်အရာမဆိုကောင်းတဲ့ဘက်နဲ့ဆိုးတဲ့ဘက် ရှိပါတယ်။ ငှက်များဟာ ခရုတွေကိုစားလို့ အကျိုးပြုသလို စပါးစေ့တွေကိုစားလို့ အကျိုးယုတ်စေပါတယ်။ ဒါပေမယ့် အကျိုးပြုတဲ့ဘက်က ပိုအားသန်ပြီး အကျိုးယုတ်တဲ့ ဘက်က လျော့သွားအောင် နည်းအမျိုးမျိုးနဲ့ ကျွန်မတို့ရဲ့ဥာဏ်ပညာကို သုံးပြီးလုပ်နိုင်ပါတယ်ဆိုတဲ့ သင်ခန်းစာကို ပေးတယ်လို့ ကျွန်မစိတ်ထဲမှာ ဖြစ်ပေါ်ရပါတယ်၊ ဒါ့ကြောင့်မို့ ဒီနှစ် ကရင်အမျိုးသားများရဲ့ နှစ်သစ်ကူး နေ့မှာ သင်ယူစရာ မှတ်သားစရာတွေ အများကြီးရှိပါတယ်လို့ ထပ်လောင်းပြောကြားလိုပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6933,interview,212,knowledge,7,Live,8,LocalNews,15037,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း
https://1.bp.blogspot.com/-BWr22-6rkEM/Wjfu4ZLZ3LI/AAAAAAAAd-c/OmMLLoaRzpQhRD_AAzgwyLPhRyaIQyvRwCLcBGAs/s400/q1.jpg
https://1.bp.blogspot.com/-BWr22-6rkEM/Wjfu4ZLZ3LI/AAAAAAAAd-c/OmMLLoaRzpQhRD_AAzgwyLPhRyaIQyvRwCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/12/blog-post_919.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/12/blog-post_919.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy