နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဂျပန်နိုင်ငံ Odawara မြို့ရှိ Narukawa အနုပညာပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာ





တိုကျို ဒီဇင်ဘာ ၁၅
ဂျပန်နိုင်ငံ ကျိုတိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ ယနေ့တွင် Odawara မြို့ရှိ နာရုကာဝါ အနုပညာပြ တိုက် (Narukawa Art Museum) သို့ သွားရောက်ကြည့်ရှုပြီး တိုကျိုမြို့၏ ညရှုခင်းအား သင်္ဘောဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ခွဲတွင် ကျည်ဆံရထားဖြင့် ကျိုတိုမြို့မှ Odawara မြို့သို့ ရောက်ရှိကြ သည်။

ထို့နောက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် Odawara မြို့ရှိ နာရုကာဝါ အနုပညာပြတိုက် (Narukawa Art Museum) သို့ရောက်ရှိရာ အဆိုပါပြတိုက်မှ General Manager Mr. Katsuyoshi Kohara က ခင်မင် ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ပြီး ပန်းချီဆရာ HIROHIKO HIRAIWA နှင့် ပြတိုက်မှ တာဝန်ရှိသူများအား မိတ်ဆက်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် Narukawa Art Museum အတွင်း ခင်းကျင်း ပြသထားသည့် ပန်ချီကားများနှင့် အနုပညာလက်ရာ များ ကို ကြည့်ရှု လေ့လာကြပြီး အဆိုပါပြတိုက် ရှုရပ်မှ ဖူဂျီတောင်ခြေရှိ Ashi ရေကန်၊ Hakone တောင်နှင့် ဖူဂျီတောင်တို့၏ သဘာဝ သာယာလှပမှု များ ကို ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ပြတိုက် General Manager Mr. Katsuyoshi Kohara ၊ ပန်းချီဆရာ HIROHIKO HIRAIWA တို့နှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အမှတ်တရ လက်ဆောင် ပစ္စည်း များ အပြန်အလှန်ပေးအပ်ကြသည်။

Narukawa Art Museum အား ဂျပန်လူမျိုးများ၏ အနုပညာလက်ရာများကို နောင်လာနောင်သားများ လေ့လာနိုင်စေရန် ရည်ရွယ်၍ တည်ဆောက် ဖွင့်လှစ် ထားခြင်း ဖြစ်ပြီး ဂျပန်နိုင်ငံအတွင်းမှ စုဆောင်း ထားရှိသည့် ဂျပန် ရိုးရာ ပန်းချီကားပေါင်း (Japanese – style painting) ၄၀၀၀ ကျော်ကို ခင်းကျင်း ပြသထားသည်။

ထို့ပြင် အဆိုပါပြတိုက်၌ ပန်းချီနှင့် အနုပညာပြပွဲများကို တစ်နှစ်လျင် လေးကြိမ် ခန့် ကျင်းပလေ့ရှိပြီး ဖူဂျီတောင်ခြေရှိ Ashi ရေကန်၊ Hakone တောင်နှင့် ဖူဂျီတောင် တို့၏ သဘာဝ သာယာလှပမှုများကို ကြည့်ရှုခံစားနိုင် သဖြင့် တစ်နှစ်လျင် ပြတိုက်သို့ လာရောက်လည်ပတ်သူ ခြောက်သန်းကျော် ရှိကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ကျည်ဆံရထားဖြင့် တိုကျိုမြို့ရှိရောက်ရှိပြီး ညပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဂျပန် နိုင်ငံ အစိုးရ၏ အထူးကိုယ်စားလှယ် Mr.Sasakawa က “Symphony Cruise” သင်္ဘော တွင် တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက် ကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဆိုပါသင်္ဘောဖြင့် တိုကျိုမြို့၏ ညရှုခင်းကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။
Myanmar President Office

COMMENTS

Name

art,1,article,1317,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,8,health,33,history,2,international,7574,interview,221,knowledge,8,Live,8,LocalNews,16117,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,148,statement,59,technic,57,translate,34,video,1068,voice,76,
ltr
item
dawnmanhon: နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဂျပန်နိုင်ငံ Odawara မြို့ရှိ Narukawa အနုပညာပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာ
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဂျပန်နိုင်ငံ Odawara မြို့ရှိ Narukawa အနုပညာပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာ
https://3.bp.blogspot.com/-S8EAqaoiNBU/WjYs9fslcpI/AAAAAAAAd8k/-Dd97TAANCEaQvOAYRGqDQ2vr31bqTcIQCLcBGAs/s400/q1.jpg
https://3.bp.blogspot.com/-S8EAqaoiNBU/WjYs9fslcpI/AAAAAAAAd8k/-Dd97TAANCEaQvOAYRGqDQ2vr31bqTcIQCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/12/odawara-narukawa.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/12/odawara-narukawa.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy