01/10/17


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲအခမ်းအနားကို ဇန်န၀ါရီ ၉ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့မှာ ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုကို ခရစ္စတီယာနို စီရော်နယ်လ်ဒိုက ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ ပြိုက်ဘက်ကစားသမား မက်ဆီကို ကျော်ဖြတ်ပြီး ၄ ကြိမ်မြောက်အဖြစ် ၂၀၁၆ ရွှေဘောလုံးဆု Ballon d'Or ကိုလည်း ရရှိခဲ့ပြီးဖြစ်ပါတယ်။

အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုအတွက် ရေပန်းစားတဲ့ ပေါ်တူဂီတိုက်စစ်မှူးက ပြီးခဲ့တဲ့ရာသီက အဓိက ဆုဖလားတွေဖြစ်တဲ့ ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား၊ ပေါ်တူဂီအသင်းနှင့် ယူရိုချန်ပီယံ ဖလားများရရှိခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုကို မဲပေးမှု စုစုပေါင်းရလဒ်မှာ စီရော်နယ်လ်ဒိုက ၃၄.၅၄ ရာခိုင်နှုန်း၊ မက်ဆီက ၂၆.၄၂ ရာခိုင်နှုန်းနှင့် ဂရစ်ဇ်မန်းက ၇.၅၃ ရာခိုင်နှုန်း ရရှိခဲ့ကြပါတယ်။

စီရော်နယ်လ်ဒိုက FIFA အကောင်းဆုံးဆုကို လေးကြိမ်မြောက် (၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆) ဆွတ်ခူးရရှိတာဖြစ်ပါတယ်။
ဖီဖာက ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ် တစ်နှစ်တာ The Best အကောင်းဆုံးဆုများ

အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆု - စီရော်နယ်လ်ဒို (ရီးယဲလ်/ပေါ်တူဂီ)
အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆု - ကာလီလွိုက်ဒ် (ဟူစတန်ဒက်ရှ်/အမေရိကန်)
အကောင်းဆုံး အမျိုးသားနည်းပြဆု - ရာနီရေးရီ (လက်စတာ)
အကောင်းဆုံး အမျိုးသမီးနည်းပြဆု - ဇေလ်ဗီယာနိုက် (ဂျာမနီ)
အကောင်းဆုံး သွင်းဂိုး Puskas ဆု - မိုဟာမက်ဖိုင်ဆူဘရီ (ပီနန်/မလေးရှား)
FIFA Fair Play ဆု - အက်သလက်တီကိုနေစီယွန်နယ် (ကိုလံဘီယာ)
အကောင်းဆုံးပရိသတ်ဆု - လီဗာပူးလ် နှင့် ဒေါ့မွန် (ယူရိုပါလိဂ်)
ကစားသမားဘ၀တစ်လျှောက်ထူးချွန်ဆု - ဖယ်လ်ကာအို (ဘရာဇီးလ်/ဖူဆယ်)
FIFA FIFPro World XI ကမ္ဘာ့အကောင်းဆုံးအသင်း

ဂိုး - နူအာ (ဘိုင်ယန်မြူးနစ်/ဂျာမနီ)
နောက်တန်း - အဲလ်ဗတ်စ် (ဂျူဗင်တပ်စ်/ဘရာဇီးလ်)၊ ပီကေး (ဘာစီလိုနာ/စပိန်)၊ ရာမို့စ် (ရီးယဲလ်/စပိန်)၊ မာဆယ်လို (ရီးယဲလ်/ဘရာဇီးလ်)
အလယ်တန်း - မိုဒရစ် (ရီးယဲလ်/ခရိုအေးရှား)၊ တိုနီကရူးစ် (ရီးယဲလ်/ဂျာမနီ)၊ အင်နီယေစတာ (ဘာစီလိုနာ/စပိန်)
ရှေ့တန်း - မက်ဆီ (ဘာစီလိုနာ/အာဂျင်တီးနား)၊ ဆွာရက်ဇ် (ဘာစီလိုနာ/ဥရုဂွေး)၊ စီရော်နယ်လ်ဒို (ရီးယဲလ်/ပေါ်တူဂီ)

Ref; EFE_EPA, BBC Sports
Mizzima - News in Burmese


ဒီနေ့ဟာ Apple ကနေ iPhone ကို ထုတ်လုပ်နိုင်ခဲ့တာ ၁၀ နှစ်ပြည့်သွားတဲ့နေ့ဖြစ်ပါတယ်။ Apple က ဒီအကြောင်းကို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

“ ဇန်နဝါရီလ ၉ ရက်နေ့ဟာ Apple ကနေ iPhone ကို ထုတ်လုပ်နိုင်ခဲ့တာ ၁၀ နှစ်ပြည့်သွားတဲ့နေ့ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဆန်ဖရန်စစ္စကိုမြို့မှာကျင်းပတဲ့ Macworld ပွဲမှာ စတိဗ်ဂျော့က အင်တာနက်သုံးလို့ရမယ့်အပြင် မိုဘိုင်းလ်ဆက်သွယ်မှုလည်းပြုလုပ်နိုင်မယ့် မျက်နှာပြင်ကျယ် iPod တစ်ခုပုံစံဖြစ်တဲ့ iPhone ကို မိတ်ဆက်ပြသခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက iPhone ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့လူအများစုရဲ့ အကြိုက်ဖြစ်ခဲ့ပြီး ၁ ဘီလီယံကျော်လောက်ရောင်းချနိုင်ခဲ့ပြီးပါပြီ။ hardware, Software ပိုင်းနဲ့ service ပိုင်းတွေမှာ တော်တော်ကောင်းလာပြီး အခုဆိုရင် ပစ္စည်းသစ်တွေဖြစ်တဲ့ Apple Watch, iPad နဲ့ လူတွေရဲ့နေ့စဉ်ဘဝအတွက် အရေးပါတဲ့ app အရေအတွက်သန်းပေါင်းများစွာကိုလည်း ဖန်တီးနိုင်ခဲ့ပြီးပါပြီ။

iPhone ဟာ ဝယ်ယူအားပေးသူတွေအတွက် အရေးပါတဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပြီးတော့ အခုခေတ်မှာဆိုရင် ဆက်သွယ်ဖို့ အပန်းဖြေဖို့ အလုပ်လုပ်ဖို့နဲ့ အသက်ရှင်နေထိုင်ဖို့လို့ဆိုရလောက်အောင်ကို အရေးပါလာခဲ့ပြီဖြစ်ပါတယ်။ iPhone ဟာ ပထမဆုံးဆယ်စုနှစ်အတွင်းမှာတင် စံတင်ရလောက်တဲ့ မိုဘိုင်း computing ကို လုပ်ဆောင်နိုင်ခဲ့ပြီး ဒါဟာ အခုမှအစပဲရှိပါသေးတယ်။ အကောင်းဆုံးဆိုတာတွေ လာဖို့ရှိနေပါသေးတယ်လို့ Apple ရဲ့ စီအီးအို Tim Cook က ပြောကြားခဲ့ပါတယ်။
အံ့သြစရာကောင်းတာတစ်ခုကတော့ ပထမဆုံးထုတ်လုပ်လိုက်တဲ့ iPhone ကစလို့ အခုနောက်ဆုံး iPhone 7 Plus ထိထွက်ခဲ့တဲ့တစ်လျှောက်မှာ တခြားသော စမတ်ဖုန်းတွေထက်ကို ပိုကောင်းတဲ့အကောင်းဆုံးအဖြစ် လက်ခံထားကြပါတယ်။ ကျွန်တော်တို့အများစုအတွက်တော့ iPhone ဟာ ဘဝရဲ့အရေးပါတဲ့ပစ္စည်းတစ်ခုဖြစ်ပြီး တော်တော်လည်းသဘောကျပါတယ်လို့ Apple ရဲ့ ကမ္ဘာဈေးကွက် ဒုဥက္ကဌဖြစ်တဲ့ Philip Schiller ကပြောကြားသွားခဲ့ပါတယ်။
iPhone နဲ့ အသံခေါ်ဆိုမှုတွေ ဗီဒီယိုခေါ်ဆိုမှုတွေပြုလုပ်နိုင်ဖို့ ၊ ဓာတ်ပုံတွေနဲ့ 4K ဗီဒီယိုတွေရိုက်ဖို့ ၊ သီချင်းတွေကို တိုက်ရိုက်နားထောင်ဖို့ ၊ ဆိုရှယ်မီဒီယာ ဥပမာ ဖေ့စ်ဘွတ် တို့ကို သုံးဖို့ ၊ ဂိမ်းကစားဖို့၊ မြေပုံလမ်းကြောင်းတွေကိုသုံးပြီး နေရာသစ်တွေရှာဖွေနိုင်ဖို့၊ ဝယ်ယူလိုက်တဲ့ပစ္စည်းတွေအတွက် ငွေပေးချေနိုင်ဖို့၊ အင်တာနက်သုံးဖို့၊ အီးမေးလ်ပို့ဖို့၊ ဖုန်း contact တွေနဲ့ ပြက္ခဒိန်ကို စိတ်ကြိုက်စီမံနိုင်ဖို့၊ ပို့စ်ကဒ်နားထောင်ဖို့ တီဗီကြည့်ဖို့ ရုပ်ရှင်နဲ့ အားကစားတွေကြည့်ဖို့နဲ့ ကျန်းမာရေးနဲ့ လေ့ကျင့်ခန်းလုပ်တာတွေထိတောင် အကူအညီပေးနိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်လာပါပြီ။



** 12-megapixel lens သုံးထားတဲ့ ကမ္ဘာ့နာမည်အကြီးဆုံးကင်မရာ၊ ပုံကို ငြိမ်အောင် focus လုပ်ပေးနိုင်တဲ့ image stabilization ၊ ၅၀% ပိုလင်းစေတဲ့ f/1.8 အလင်းဝင်ပေါက်နဲ့ ပိုများလာတဲ့အရောင်တွေ၊ အမှောင်ထဲမှာတောင် အသေးစိတ်ဖော်ပြပေးနိုင်တဲ့အရောင်တွေနဲ့ iPhone 7 Plus မှာဆိုရင်လည်း Portrait mode နဲ့ dual-lens ကင်မရာဖြစ်တဲ့အပြင် 2x zoom ချဲ့နိုင်ပါတယ်။

** A10 Fusion chip ဟာ စမတ်ဖုန်းတစ်လုံးမှာရှိရမှာထက်ကို ပိုတဲ့ အားအကောင်းဆုံးသော chip ဖြစ်ပါတယ်။ iPhone 7 ရဲ့ A10 chip ဟာဆိုရင် အရင် iPhone ထက်ကို processing လုပ်ချိန်က ၁၂၀ ဆပိုမြန်ပြီး graphics လုပ်ဆောင်နိုင်တာကလည်း ၂၄၀ ဆတောင် ပိုမြန်ပါတယ်။

** stereo speaker ကထွက်တဲ့အသံကလည်း အရမ်းမိုက်ပြီး iPhone 6s ထက်ပို ၂ဆ ပိုကျယ်ပါတယ်။ အသံ range လဲပိုများလာပြီး အရည်အသွေးကောင်းတဲ့ စပီကာဖုန်းတစ်လုံးဆိုရင်လည်း မမှားပါဘူး။

** ပထမဦးဆုံးရေစိုခံ iPhone တစ်လုံးဖြစ်အောင် တည်ဆောက်ထားတာကြောင့် အရင် iPhone တွေလိုမဟုတ်ဘဲ ရေမှောက်ကျတာ ရေစင်တာ ဖုန်ဝင်တာတွေကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။

** iPhone တွေထဲမှာမှ အတောက်ပဆုံး အရောင်အစုံဆုံး Retina HD display ကိုသုံးထားတဲ့ဖုန်းတစ်လုံးဖြစ်ပြီး ရုပ်ရှင်ရုံတွေအတွက် အရောင်တွေလိုပဲ အရောင်အများကြီးပါဝင်ထားပါတယ်။ အရောင်ထွက်ကလည်း အရမ်းကိုကောင်းမွန်ပြီး စမတ်ဖုန်းလုပ်ငန်းတွေထဲမှာတော့ အကောင်းဆုံးအရောင်ချိန်ညှိထားနိုင်တဲ့ ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။
Apple ကလည်း iOS 10 ဟာ ထွက်ခဲ့သမျှ iOS တွေထဲမှာ ဆန်းသစ်မှုအများဆုံးဖြစ်အောင် ပြုလုပ်ထားတာဖြစ်ကြောင်းပြောခဲ့ပါတယ်။ iOS 10 ရဲ့ ဆန်းသစ်မှုတွေကတော့

** App Store မှ အရာတွေကို Message ဆီခေါ်ဆောင်လာနိုင်ခြင်း (ဥပမာ – GIF and edit photo လုပ်တာတွေ စတစ်ကာပေးပို့တာတွေကို မက်ဆေ့ခ်ျမှာလာလုပ်ဆောင်နိုင်ခြင်ဒ)
** ဓာတ်ပုံတွေအတွက် Memories feature ပါဝင်လာခြင်း
** SiriKit ကြောင့် iOS 10 က app တွေက Siri နဲ့ အလုပ်လုပ်နိုင်ပြီး အသုံးပြုသူတွေအနေနဲ့လည်း အသံကိုသုံးပြီး service တွေကို လုပ်ဆောင်နိုင်ခြင်း
** Home app ကလည်း အသုံးပြုသူတွေအတွက် Home ကို တစ်နေရာထဲကနေ စီမံထိန်းချုပ်နိုင်အောင် လွယ်ကူစိတ်ချရအောင်ပြုလုပ်ထားခြင်း
** Maps app ကိုလည်း သုံးရတာပိုလွယ်ကူရိုးရှင်းလာအောင် အသစ်ဖန်တီးပြုလုပ်ထားခြင်း
** Apple music ဟာလည်း သုံးရတာပိုလွယ်ကူအောင် နားလည်လွယ်အောင် ရိုးရှင်းစွာဖန်တီးထားခြင်း

Apple ရဲ့ iPhone ၁၀ နှစ်ပြည့်ပြီဖြစ်တဲ့အတွက် ကြီးကြီးမားမားပြောင်းလဲမှုကြီးတစ်ခုပြုလုပ်လိမ့်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားခဲ့ရပြီးပါပြီ။ ရှေ့မှန်မျက်နှာပြင်နဲ့ ဘေး frame ကို သတ္ထုအနားစောင်းနဲ့ ဆက်ထားပြီး ဖုန်းရဲ့အပေါ်ရောအောက်ဘက်မှာ ဘေးဘောင်မပါဝင်တော့ဘဲ မျက်နှာပြင်တစ်ခုလုံး display ဖြစ်မယ်လို့လည်း သတင်းတွေထွက်ထားပါသေးတယ်။ ဒါ့ပြင် ရှေ့ကင်မရာ , Touch ID ၊ စပီကာနဲ့ တခြားသော sensor တွေကို display အောက်မှာမြှုပ်ပြီးထည့်သွင်းထားမယ်လို့လည်း ဆိုကြပါတယ်။

တခြားသတင်းတစ်ခုကတော့ လာမယ့် iPhone အသစ်မှာ မျိုးဆက်သစ် OLED screen နဲ့ကြည်လင်ပြတ်သားလှတဲ့မှန်မျက်နှာပြင်ကိုသုံးမယ်လို့လည်း ဆိုထားပါတယ်။ မကြာသေးခင်ကထွက်တဲ့သတင်းဆိုရင်လည်း Apple ရဲ့ iPhone အသစ်ဟာ ကြိုးမဲ့အားသွင်းစနစ်ဖြစ်ပြီး 3D ကင်မရာပါဝင်မယ်လို့လည်း ဆိုထားတာဖြစ်ပါတယ်။

http://www.myanmarmobileapp.com/2017/01/09/iphone-%e1%80%9b%e1%80%b2%e1%82%95-%e1%81%81%e1%81%80%e1%82%8f%e1%80%bd%e1%80%85%e1%80%b9%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%b7-%e1%80%a1%e1%80%91%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%a1/



ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဓာတ်ပုံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖေ့်ဘုတ်မှ)
လက်ရှိတိုင်းမှူးတွေထဲက အသက်အငယ်ဆုံးတိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်မိုးမြင့်ထွန်းကို ဒုတိယဗိုလ်ချုပ်ကြီးရာထူးနဲ့ စစ်ဦးစီးအရှိချုပ် (ကြည်း) တာဝန်ကို ခန့်အပ်လိုက်ပါတယ်။

စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၀ ကျောင်းဆင်း တစ်ဦးဖြစ်ပြီး အသက် ၄၈ နှစ်သာ ရှိပါသေးတယ်။ ၂၀၁၅ ခုနှစ်က မှ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်လာတာပါ။

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ကိုယ်ရေးအရာရှိနဲ့ စစ်ဦးစီးဗိုလ် မှူး ချုပ် တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးပါတယ်။

အခုလိုငယ်ရွယ်တဲ့ အရာရှိ တစ်ယောက်ကို စစ်ဦးစီးအရာရှိချုပ် (ကြည်း)တာဝန် ပေးလိုက်တာနဲ့ပတ်သက်လို့ မြန်မာ့တပ်မတော်မှာ ဗိုလ်မှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးစိုးဌေးကတော့ တပ်မတော်ကို အမြဲနုပျို နေအောင် လုပ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အခုလို ငယ်ရွယ်ပြီး အရည်အချင်းရှိသူ အရာရှိတွေကို ထိပ်တန်း ရာထူးနေရာတွေမှာ ပေးပြီး အသက်ကြီးပြီး အတွေ့အကြုံရင့်ကျက်တဲ့ အရာရှိကြီးတွေနဲ့ အတူတွဲ တာဝန် ထမ်းဆောင်စေတာ ဖြစ်ကြောင်း သုံးသပ်ပါတယ်။

မြန်မာတပ်မတော် အကြောင်း လေ့လာသူအချို့ကတော့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာ အနာဂတ် မြန်မာတပ်မတော်ရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

စစ်ဦးစီးအရာရှိချုပ်( ကြည်း ) တာဝန်ကိုတော့ NLD အစိုးရလက်ထက်မှာ ပြည်ထဲရေးဝန်ကြီးဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက တာဝန်ယူခဲ့ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ မတိုင်ခင်ကတော့ လက်ရှိ ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးက တာဝန်ယူခဲ့ပါတယ်။

မြန်မာတပ်မတော်မှာ စစ်ဦးစီးအရာရှိချုပ်တာဝန်ဟာ ရုံးလုပ်ငန်းကို အဓိက လုပ်ရတာဖြစ်ပြီး အဆုံးအဖြတ်ပေးရတဲ့ လုပ်ငန်းမျိုး နည်းပါးကြောင်း၊ သူ့အထက်မှာလည်း ကစထမှူးလို့ ခေါ်တဲ့ အထူးစစ်ဆင်ရေးအဖွဲ့မှူးတွေ ရှိနေသေးကြောင်း၊ အခု ခန့်အပ်မှုနဲ့ပတ်သက်လို့လည်း လူငယ်ဖြစ်တဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်ရဲ့ စေခိုင်းချက်ကို သွက်သွက်လက်လက် လုပ်နိုင်မှာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဟောင်း ဦးစိုးဌေးက ပြောပြပါတယ်။

နေပြည်တော် တိုင်းမှူးရာထူးကိုတော့ စစ်တက္ကသိုလ် အပတ်စဉ် ၂၇ ဆင်း၊ စစ်တက္ကသိုလ်ကျောင်းအုပ် ဗိုလ်ချုပ်မြင့်မော်ကို ခန့်အပ်လိုက်တယ်လို့ သိရှိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.