01/15/17


တရားသောစစ်ထောက်ခံပွဲပြုလုပ်နေတဲ့ မန္တလေးမြို့မနော်ရမ္မံဥယျာဉ် ဟစ်တိုင်ကွင်းရှေ့မှာ စစ်ပွဲတွေရပ်ဖို့တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်တစ်ဦး ကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကိုအမြန်ဆုံးရပ်တန်းပေးဖို့အတွက်ဆန္ဒပြနေချိန်တစ်ဖက်မှာတရားသောစစ်ပွဲတွေဖြစ်ပေါ်နေတာကိုထောက်ခံတဲ့လူတစ်ချို့ကဝိုင်းဝန်းထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။တရားသောစစ်ဆိုတာနဲ့ပတ်သတ်ြပီးဘယ်လိုပေတံတွေနဲ့တိုင်းတာထားသလဲကြားထဲကမြေဇာပင်ဖြစ်နေတဲ့ပြည်သူတွေအတွက်လက်ရှိစစ်ပွဲတွေအမြန်ရပ်တန့်ဖို့ လိုအပ်တယ်လို့ စစ်ပွဲရပ်ဖို့တောင်းဆိုခဲ့တဲ့ပြည်သူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။လတ်တလောမှာတော့ ထိုးကြိတ်ခံခဲ့ရတဲ့ စစ်ပွဲတွေရပ်ဖို့တစ်ကိုယ်တော်ဆန္ဒဖော်ထုတ် ခဲ့သူကို မန္တလေးမြို့မဟာအောင်မြေမြို့နယ် အမှတ် ၉ မြို့မရဲစခန်းမှာ ခေတ္တခေါ်ယူထားပါတယ်။
DVB TV

ရန်ကုန်မြို့သိမ်ဖြူလမ်းက ၀န်ကြီးများရုံးမှာ ဇန်နဝါရီလ ၁၅ ရက်နေ့က ပြသထားတဲ့ အနုပညာပြပွဲကို တွေ့ရစဉ်
  • ရန်ကုန်မြို့သိမ်ဖြူလမ်းက ၀န်ကြီးများရုံးမှာ ဇန်နဝါရီလ ၁၅ ရက်နေ့က ပြသထားတဲ့ အနုပညာပြပွဲကို တွေ့ရစဉ်
  • Photo: Kaung Htet Kyaw/ RFA

ရန်ကုန်မြို့သိမ်ဖြူလမ်းက ၀န်ကြီးများရုံးမှာ ခေတ်သစ်အနုပညာရှင် Wolfgang Laib ရဲ့ "ရေမြေအဆုံးနေရာထိ တိုင်အောင်" လို့ အမည်ပေးထားတဲ့ အနုပညာပြပွဲကို မနေ့ကစပြီး ပြသနေပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ Goethe -Institute မြန်မာနဲ့ ဂျာမနီမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး အနုပညာရှင် Wolfgang Laib ရဲ့ထင်ရှားတဲ့ လက်ရာတွေကို ပြသနေပါတယ်။

အဲဒီပြပွဲကို လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့ အထိ ပြသသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းအမွေဖြစ်တဲ့ ၀န်ကြီးများရုံးမှာအနုပညာလုပ် ငန်းတွေ ပြသခွင့်ရဖို့အတွက် အခက်အခဲတွေ များစွာ ရင်ဆိုင်ခဲ့ရပေမယ့် ဂုဏ်ယူမိတယ်လို့ Goethe -Institut ရဲ့ ဒါရိုက်တာ Franz Xaver Augustin က ပြောပါတယ်။

အနုပညာရှင် Wolfgang Laib ဟာ အရေးပါဆုံးသော ခေတ်ပေါ်အနုပညာရှင် တစ်ရာထဲမှာ ပါဝင်သူဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အနုပညာနိုဘယ်လ်ဆု ရရှိထားသူဖြစ် ပါတယ်။

သူ့ရဲ့လက်ရာတွေဟာ ကမ္ဘာ့အကောင်းဆုံးအနုပညာလက်ရာတွေထဲမှာ စာရင်းသွင်း ခံထားရတာဖြစ်ပါတယ်။
RFA

malia-obama-dog-bites-friend-snapchat-2-e1484266830749
သမ္မတအိုဘားမား သမီးဖြစ်သူ မယ်လီရာရဲ့ သူငယ်ချင်း ဆယ်ကျော်သက်အရွယ် ကောင်မလေးကို သမ္မတမိသားစုပိုင် ခွေးလေးဆန်နီက ကိုက်လိုက်လို့ မျက်နှာမှာ သွေးထွက် ဒဏ်ရာရပြီး ပြန်သွားရတယ်လို့ The Sun ရဲ့ ဇန်နဝါရီလ ၁၃ ရက် သတင်းမှာ ဖော်ပြထားပါတယ်။
အမည်မဖော်ပြထားတဲ့ ဆံပင်ရွှေဝါရောင်နဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးက ပေါ်တူဂီအမျိုးအစား ခွေးလေးဆန်နီကို ကြင်ကြင်နာထိကိုင်ချိန်မှာ ခွေးလေးက သူမမျက်နှာကို ကိုက်လိုက်ကြောင်း စနက်ပ်ချက်မှာ ကောင်မလေးကို သူမရဲ့ ဒဏ်ရာပုံကို တင်ထားပါတယ်။malia-obama-dog-bites-friend-snapchat-2-e1484266830749
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ထားတဲ့ပုံတွေမှာလည်း မယ်လီရာရဲ့ သူငယ်ချင်း မျက်နှာပေါ်က ဒဏ်ရာကို သမ္မတအိမ်တော်ရဲ့ ဆရာဝန်က ချုပ်ပေးနေတာ တွေ့မြင်ရမှာပါ။
နောက်ခံမှာ သမ္မတသမီး မယ်လီရာပြုံးနေပြီး သူမက ဆရာဝန်ရဲ့ခုံပေါ်မှာ လှဲနေရတဲ့ပုံရဲ့အောက်မှာ သူမက “ငါဆန်နီကို အသေမုန်းတယ်” လို့ ရေးထားပါတယ်။
စနက်ပ်ချက်က နောက်တပုံမှာလည်း “ဒါကို မယ်လီရာက ဟာသလို့ထင်နေတယ်” လို့လည်း ခွေးကိုက်ခံရတဲ့ သူမက ရေးသားထားပါသေးတယ်။
ကောင်မလေးက ခွေးလေးကို တို့ထိအနမ်းပေးဖို့လုပ်စဉ်မှာ အသက် ၁၈ နှစ်အရွယ် ကလေးမကို ခွေးလေးဆန်နီက ကိုက်လိုက်တာပါ။ ဒီဒဏ်ရာလေးကနေ အမာရွတ်ဖြစ်သွားမှာကိုလည်း ကောင်မလေးက စိုးရိမ်နေပါတယ်။
မယ်လီရာဟာ ပြီးခဲ့တဲ့ နွေဦးရာသီမှာ အထက်တန်းကျောင်းပြီးခဲ့ပြီး ဟားဗက်မှာစမတက်ခင် တနှစ်နားနေရတာပါ။
အိမ်ဖြူတော်မှာ ပေါ်တူဂီအမျိုးအစားခွေးလေး ဆန်နီနဲ့အတူ ၂၀၀၈ ခုနှစ်ရွေးကောက်ပွဲ အောင်နိုင်ခဲ့လို့ အိုဘားမား သမီးတွေအတွက် ဝယ်ပေးခဲ့တဲ့ ခွေးလေး ဘိုဆိုတာလည်း ရှိပါသေးတယ်။
ခွေးလေး ဆန်နီကိုတော့ ဂရိတ်လိတ်က ခွေးမွေးမြူသူထံမှ ၂၀၁၃ ခုနှစ်က ရခဲ့တာလို့ သိရပါတယ်။
Credit: DVB
Link: http://burmese.dvb.no/archives/184066



(ရန်ကုန်တိုင်း လှိုင်သာယာမြို့ စက်မှုဇုန်အတွင်းက အထည်ချုပ်စက်ရုံတစ်ခုကို တွေ့ရစဉ်)Photo:RFA
မြန်မာနိုင်ငံရဲ့ စက်မှုထုတ်ကုန်လုပ်ငန်းကဏ္ဍဟာ အကြီးအကျယ် တိုးတက်ဖို့ တာစူနေပြီလို့ ဒီကနေ့ ထုတ်ပြန်တဲ့ Nikkei Asian Review နစ်ကေး အေးရှင်းန် ရီဗျူးသတင်းက ဖေါ်ပြလိုက်ပါတယ်။

စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းမှုနဲ့ အလုပ်သမားလစာ သက်သာမှုတွေကြောင့် ထုတ်ကုန်လုပ်ငန်း အခုလို တိုးတက်လာတာဖြစ်ကြောင်း ဂျပန်နိုင်ငံက အဝတ်အစားထုတ်တဲ့ Honeys ကုမ္ပဏီဆိုရင်
မြန်မာနိုင်ငံမှာ ၂ဝ၁၅ ခုနှစ် လုပ်ငန်းစတင်စဉ်က အလုပ်သမား ၃ဝဝ ပဲရှိရာကနေ အခု ၂၆ဝဝ ရှိလာပြီဖြစ်ကြောင်း၊ အဲဒီ ကုမ္ပဏီဟာ မူလက တရုတ်နိုင်ငံမှာ သွားရောက်လုပ်ကိုင်ရာကနေ အလုပ်သမားခ ပိုသက်သာတဲ့ မြန်မာနိုင်ငံကို ရွှေ့ပြောင်းလာတာဖြစ်ကြောင်းနဲ့ မြန်မာပြည်မှာ အလုပ်သမားတစ်ဦးကို လုပ်ခလစာအဖြစ် တစ်လကို ကန် ဒေါ်လာ ၁၅ဝ လောက်ပဲ ပေးရတဲ့အတွက် ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ် စတဲ့နိုင်ငံတွေထက် သက်သာကြောင်း စသဖြင့်ရေးသားထားပါတယ်။

မြန်မာနိုင်ငံ အထည်အလိပ် လုပ်ငန်းရှင်များအသင်း MGMA မှာ ၂ဝ၁၅ လောက်က အဖွဲ့ဝင် ၁ဝဝ လောက်ပဲရှိရာကနေ အခု ၄ဝဝ ခန့်ရှိလာပြီဖြစ်ပြီး အခုလို တိုးပွားလာရခြင်းရဲ့ အဓိကအချက်ဟာ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်ခြင်းကြောင့်ဖြစ်တယ်လို့လည်း နစ်ကေး သတင်းမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


နိရဉ္စရာ၊ ဇန်န၀ါရီ ၁၅

ရခိုင်ပြည်နယ်ကို ရောက်ရှိနေသည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူအခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီသည် ယမန်နေ့ (ဇန်န၀ါရီ ၁၄) ရက်နေ့က စစ်တွေမြို့မှ တစ်ဆင့် မေယူမြစ်ကို စပိဘုတ်များဖြင့် ဖြတ်ကျော်ပြီး အစောင့်အရှောက် ထူထပ်စွာလိုက်ပါလာသည့် ကားတန်းကြီးနှင့် အတူ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နှင့် ချိန်ခါလီ ကျေးရွာများသို့ ရောက်ရှိလာခဲ့သည်။

ကိုးတန်ကောက်ကျေးရွာရှိနယ်ခြားစောင့် စခန်းသို့ နံနက် ၁၀ နာရီခန့်တွင် ရောက်ရှိလာရာ အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်ပွားခဲ့သော ဘင်္ဂလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်ကျူးလွန်မှု ဖြစ်စဉ်ကို မေးမြန်းခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောသည်။


ကိုးတန်းကောက်စခန်း တွေ့ဆုံ မေးမြန်းရာသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ ကိုးတန်ကောက် ကျေးရွာမှ အရပ်လူကြီး တစ်ဦးဖြစ်သူ ဦးအောင်ကျော်အေးက “ မစ္စယန်ဟီလီ မေးတာက စခန်းဘယ်လို တိုက်ခိုက်ခံရတယ်။ ဘယ်လောက်သေတယ်။ ဘယ်လိုဝင်လာတယ် စသဖြင့် မေးမြန်းတာကို ကြားရပါတယ်။ စခန်းတာဝန်ရှိသူတွေက အုပ်စု သုံးစွဲခွဲပြီး ၀င်လာတယ်။ ဓားတွေ၊ လှံတွေနဲ့ တိုက်ခိုက်တယ်။ အကြမ်းဖက်သမား တစ်ဦးသေတယ်။ နှစ်ဦး အရှင်ဖမ်းမိတယ်။ ဒီဘက် နယ်ခြားစောင့်ရဲက တစ်ဦးကျဆုံးတယ်။ နှစ်ဦးဒဏ်ရာရတယ်ဆိုပြီး ပြန်ပြောပါတယ်။ ဒီလိုဘဲ မေးတာ ပြန်ဖြေတာကို ကြားရပါတယ်” ဟု သူက ပြောသည်။
မစ္စယန်ဟီလီနှင့် အဖွဲ့သည် ကိုးတန်ကောက် စခန်းတွင် တွေ့ဆုံမေးမြန်းပြီးနောက် ချိန်ခါလီ ရခိုင်ကျေးရွာသို့ သွားရောက်ပြီး အမျိုးသမီးများနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။

တွေ့ဆုံ မေးမြန်းသည်များကို ပြန်လည် ဖြေကြားခဲသူ ရွာသူ မခင်မာသန်းက “ ကျွန်မတို့ကို မေးတာက အခုလက်ရှိ အခြေအနေ ဘယ်လိုရှိလဲ။ အန်ဂျီအိုတွေက ကူညီတာ ရှိသလား။ စီးပွားရေး အခြေအနေတွေက ဘယ်လိုရှိသလဲ စသဖြင့် မေးပါတယ်။ ကျွန်မ ပြန်ဖြေတာက အရင်နဲ့ စာရင် အခြေအနေ အေးဆေးသွားပြီ။ နှစ်ဖက် လူမှု အသိုင်းအ၀ိုင်းအနေနဲ့ ဘာပြဿနာမှ လောလောဆယ်မရှိဘဲ လုပ်ကိုင်စားသောက်နေကြပြီ ဆိုပြီး ပြန်ဖြေလိုက်ပါတယ်” ဟု ပြောသည်။

မစ္စယန်ဟီလီအနေဖြင့် အမျိုးသမီးများကို သက်သက် ခေါ်ယူပြီး တွေ့ဆုံ မေးမြန်းခြင်းမှာ လက်ရှိ မောင်တောမြို့နယ် တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး အမျိုးသမီးများ၏ အမြင်များကို သိရှိလို၍ မေးမြန်းခြင်း ဖြစ်နိုင်ကြောင်း မခင်မာသန်းက ပြောသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူအခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီနှင့် အဖွဲ့သည် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း လိုက်ပါလျက် အစောင့်ရဲတပ်ဖွဲ့များနှင့် အတူ ချိန်ခါလီ ဘင်္ဂလီ ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ပြီး ယင်းမှ တစ်ဆင့် ဘူးသီးတောင်အကျဉ်းထောင်သို့ သွားရောက်ခဲ့ပြီး မောင်တောတွင် ညဥ့်အိပ်ရပ်နားနေကြောင်း သိရသည်။
(မစ္စယန်ဟီလီနှင့် ချိန်ခါလီရွာသို့ ရောက်လာသော ယာဉ်တန်းကို တွေ့ရစဉ်/ ဓာတ်ပုံ- နိရဉ္စရာ)

Narinjara
https://www.facebook.com/Narinjara

ဇန်နဝါရီလ ၁၅ ရက်မနက်ပိုင်းက MICTခမ်းမတွင် "တိုင်းပြည်ဖွံ့ဖြိုးတိုးတတ်ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ" ဟူသောခေါင်းစဉ်ဖြင့် စကားဝိုင်းတစ်ခုကို STI Myanmar University က စီစဉ်ကျင်းပခဲ့သည်။

အဆိုပါ စကားဝိုင်းကို စာရေးဆရာကိုမင်းကိုနိုင်က ဦးဆောင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီးနှင့် စာရေးဆရာ ကိုနေဘုန်းလတ်နှင့် ကိုရဲမြတ်သူတို့လည်းတက်ရောက်ကာ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍဆိုင်ရာတို့ကို ရှုထောင့်အသီးသီးမှ ဆွေးနွေးခဲ့သည်။

လတ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မြန်မာနိုင်ငံတွင်လူတွေသည် အလွယ်လမ်းကိုလိုက်ကြတာများသည် ။ ကိုရီးယားရုပ်ရှင်ဇာတ်ကားများ တီဗီစီးရီးများကိုကြည့်ကြသောအခါ ကိုရီးယားများ အပြင်းအထန်မနားမနေအလုပ်လုပ်တတ်တာ ၊ အချိန်လေးစားတာ ၊ စားချိန်စား နားချိန်နားကြတာ ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာကြတာ၊စည်းကမ်းမဲ့အမှိုက်မပစ်တာ တွေကို အတုယူမည့်အစား ကျွန်တော်တို့ ရွှေမြန်မာချစ်သူစုံတွဲများက ယောက်ကျားလေးကမိန်းကလေးကို ကုန်းပိုးတာကို အတုယူချင်ယူသည် ။

မင်းကိုငါချစ်တယ်ဟုပင်လယ်ကြီးထဲသို့ ကြည့်ပြီးအော်လိုက်တာကိုပေါတောတောအတုယူချင်ယူသည် ။ ကိုရီးယားမှာ အနုတ် ၃ ဒီဂရီလောက်ရာသီဥတုချမ်းအေးသဖြင့် အနွေးထည်းအင်္ကျီကြီးများ ၊လောင်းကုတ်ကြီးများဝတ်ကြတာကို မြန်မာပြည်နေပူပူချွေးတလုံးလုံးဖြင့်လိုက်ဝတ်ချင်ဝတ်သည် ။ အိမ်ထောင်ရေးဖောက်ပြန်ကြသည့်အဖြစ်တွေ ၊ မိန်းကလေးတန်မယ့် အရက်သောက်သည့်ပြကွက်တွေကိုအတုခိုးချင်ခိုးကြသည် ။တကယ့်အနှစ်သာရကိုအတုယူဖို့ ဆိုလျှင် အပင်ပန်းခံရသည် ။ ကြိုးစားရသည် ။ အချိန်ယူရသည် ။အခြေခံကစပြီးကြိုးစားရသည် ။ မြန်မာသည်ထိုသို့မလုပ်ချင် ။ အပေါ်ယံတွေကို အလွယ်လိုက်တာများသည် ။ အင်္ဂလိပ်ကခေတ်က အင်္ဂလိပ်များ တုတ်ကောက်နှင့် လမ်းထွက်လျှောက်တာ ၊ နောက်ပိတ်ဖိနပ်စီးတာ ၊ဒင်နာပါတီပေးတာ ၊ ဘိုဆန်ဆန်ကကြတာ ၊ မြန်မာနာမည်ရှေ့တွင်ဘိုနာမည်များတပ်ကြတာကို အတုယူကြသည် ။ အင်္ဂလိပ်ကျွန်းနိုင်ငံသေးသေးလေးသည် တကမ္ဘာလုံးကိုသိမ်းပိုက်အုပ်ချုပ်နိုင်ရခြင်း၏အဓိကအကြောင်းတရားများဖြစ်သော ၊ ခေတ်ပညာတတ်ခြင်း၊အမြင်ကျယ်ခြင်း၊သိပ္ဖံပညာ ထွန်းကားခြင်း ၊ အလုပ်လုပ်ရာတွင် စနစ်တကျရှိခြင်း၊ အချိန်လေးစားခြင်း ၊ စည်းစနစ်ကောင်းခြင်း စသောအတုယူဖွယ်အရည်အချင်းများကိုကျွန်တော်တို့ မရလိုက်တာများသည် ။ မြန်မာသည်အချိန်မလေးစားရာ၌ မြန်မာစံတော်ချိန်ဆိုသည့်အခေါ်အဝေါ်ပင် နိုင်ငံကျော်ဝေါဟာရဖြစ်နေပေသည် ။

မြန်မာနိုင်ငံ၏ခေါင်းဆောင်များအကြောင်းကိုလေ့လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပါတ်သက်၍ဖြစ်စေ ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတ်သက်၍ဖြစ်စေ အတုယူစရာအထင်ကြီးလေးစားလောက်ဖွယ် အံ့မခန်းစိတ်ဓာတ်များစွာရှိသည် ။ သို့ သော် အချို့လူများသည်စိတ်ဓာတ်တွေကိုအတုယူရမည့်အစားအပေါ်ယံတွေကိုသာ အလေးထားပြီး လိုက်နာနေကြတာလည်းယနေ့ ထက်တိုင်တွေ့ နိုင်သည် ။ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပါတ်သက်၍ လူငယ်သလောက်စာဖတ်တာ၊ အင်္ဂလိပ်စာတော်တာ၊ နိုင်ငံတော်၏ပိုက်ဆံကိုမလိုအပ်လျှင်တပြားတချပ်မှမကုန်စေချင်တာ ၊ မိသားစု အရေးအရာထက် နိုင်ငံတော်အကျိုးစီးပွားကိုပို၍အလေးထားတာ ၊
အမှန်တရားအတွက်တိုက်ပွဲဝင်ရဲတာ၊ အောက်ခြေရဲဘော်များနှင့်တတန်းတစားတည်းနေထိုင်စားသောက်လေ့ရှိသောအကျင့်များသည် ကောင်းမြတ်သောစိတ်ဓာတ်များဖြစ်သည် ။ သို့ သော်ထိုမြင့်မြတ်သောစိတ်ဓာတ်များသည် ကျင့်သုံးလိုက်နာရခက်လှသည် ။ထို့ ကြောင့်မြန်မာများကအလွယ်လမ်းလိုက်သည် ။ ဗိုလ်ချုပ်အောင်ဆန်း ပဲပြုပ်နှင့်နံပြားစားသဖြင့် ဗိုလ်ချုပ်လိုဖြစ်ချင်သူများက ပဲပြုပ်နှင့်နံပြားလိုက်စားကြသည် ။ဟိုကနေမကောင်းသဖြင့် တောင့်တကာစားခြင်းဖြစ်သည် ။ နေ့ခင်းနေ့လည်ဘက် ပူပူနွေးနွေး ပဲပြုပ်နံပြားစားခြင်းဖြစ်သည် ။ အရသာရှိပေမည် ။ ကျွန်တော်တို့ကတလွဲဆံပင်ကောင်းကာ ပဲပြုပ်နှင့်နံပြားတွေလိုက်စားကြသည် ။စားသည့်အချိန်က ညကိုးနာရီ ဆယ်နာရီခန့်  ။ မနက်တည်းကရိုက်ထားသောနံပြားများလည်းပျော့ပြီ ။ မနက်စောစော ကတည်းကပြုတ်ထားသောပဲပြုတ်များလည်း အောက်နေပြီ ။ ဒါတွေကိုစားကာဗိုလ်ချုပ်ကိုအတုခိုးကြ၏ ။ မိန်းကလေးတွေက ဒေါ်အောင်ဆန်းစုကြည် ၀တ်ပုံစားပုံကိုသာ ကြည့်၍ ဘယ်လိုလှကြောင်းဘယ်လိုချောကြောင်း ၊ ဘယ်အချိတ်ထဘီကဘယ်လိုအဆင်ဆန်းကြောင်း ၊ ဘယ်ပုဝါကဘယ်ကလာကြောင်း ဒါတွေပြောကြသည် ။ သူမ၏ သံမဏိနှင်းဆီစိတ်ဓာတ်ကိုအတုယူအားကျကာ ထိုသို့ ဖြစ်ဖို့  ကြိုးစားတည်ဆောက်ကြသူတွေအင်မတန်နည်းလှသည် ။

NLD အစိုးရ အာဏာရကာစ ၂၀၁၆ ဧပြီလထဲတွင် မြန်မာနိုင်ငံသို့  ပထမဆုံးနိုင်ငံတော်ဧည့်သည်အဖြစ် စင်္ကာပူနိုင်ငံမှဝန်ကြီးချုပ် လီရှန်လွန်း အလည်အပါတ်ရောက်လာ၏ ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးထင်ကျော် တို့ခေါင်းဆောင်သော အစိုးရ၏ပထမဆုံး နိုင်ငံတော်ညစာစားပွဲကို တနိုင်ငံလုံးကစိတ်ဝင်စားကြသည် ။ ဘာတွေကျွေးမှာလဲ ၊ဘာအဖျော်ယမကာတွေတိုက်မှာလဲ ၊ ဘာတွေနဲ့ တည်ခင်းဧည့်ခံမှာလဲ ။ ပထမဆုံး နိုင်ငံတော်ညစာစားပွဲ ( State Dinner ) ကြီးကိုဘယ်လိုကျင်းပမှာလဲ ။သံတမန်များနှင့်တကွ ၊ ရွေးကောက်ပွဲတွင်မဲရှုံးသွားသော ပါတီများ ၊ အာဏာရှင်ဟောင်းများ ၊နိုင်ငံရေးအသိုင်းအ၀ိုင်းကစိတ်ဝင်တစားစောင့်ကြည့်ကြသည် ။ အံ့သြဖွယ်ကောင်းလောက်အောင်ပင် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရက အကုန်အကျသက်သာ၍ ရိုးရှင်းသော ညစာစားပွဲဖြင့်ဧည့်ခံသည် ။ ဗူးသီးနှင့်ကြက်သားကာလသားဟင်း ကျွေးသည် ။ ထူးခြားမှုအဖြစ် အရက်ဘီယာ လုံးဝမတိုက် ။ ယခင်က ၀ိုင်များ ၊ ဘီယာများ၊ ၀ီစကီများ ၊ နိုင်ငံခြားအရက်အကောင်းစားများ ချောင်းစီးလောက်အောင် (နိုင်ငံတော်ဘဏ္ဍာဖြင့်)စားကြသောက်ကြဧည့်ခံခဲ့တာတွေ ကို တော်လှန်ကာ ရပ်တန့် ပစ်ခဲ့ပြီဖြစ်သည် ။ အချိုပွဲတွင်လက်ဘက်ရည်တိုက်တာတွင်ပင် ခပ်ရိုးရိုး ရှမ်းလဘက်ခြောက်ခပ်ထားသောရေနွေးကြမ်း ကိုတိုက်သည်။ လစ်ပတန်လဘက်ရည်ကိုတိုက်သည် ။

ဧည့်သည်တော်လီရှန်လွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံလို၍လာခဲ့ခြင်းဖြစ်ရာ ဘာပဲကျွေးကျွေး လက်ခံသည် ။သို့ သော် မြန်မာနိုင်ငံကိုဆိုရှယ်လစ်စနစ်လိုလို စစ်အာဏာရှင်စနစ် အကြောက်တရားတို့ဖြင့် ၂၆ နှစ်တာအုပ်စိုးသွားသောအာဏာရှင်ဟောင်းကြီးဦးနေ၀င်း၏မြေးဖြစ်သူ အေးနေ၀င်းကဖေ.စ်ဘွတ်တွင်တစခန်းထလာသည် ။ နိုင်ငံတော်ညစာစားပွဲတွင် လစ်ပတန်လက်ဘက်ရည်တိုက်လိုက်ခြင်းသည် မကြားဝံ့မနာသာ ရာဇ၀တ်မှုခင်းကြီးသဖွယ် ကဲ့ရဲ့ရှုတ်ချပြီး ဂုဏ်ကျက်သရေကင်းမဲ့သည့်လုပ်ရပ် ( Such a disgrace ) ဆိုသော စာလုံးကိုသုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်တိုက်ခိုက်သည် ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကကြီး လက်ထက်က မြန်မာနိုင်ငံထဲတွင် မြင်းပွဲများကို ပိတ်ထားသည် ။ လူငယ်တွေစာရိတ္တထိခိုက်မှာစိုး၍ပိတ်သလိုလို ၊အရင်းရှင်တို့ ၏ ရေပေါ်ဆီအားကစားမို့ ပိတ်သလိုလို ၀ါဒဖြန့်ထားသည် ။ ဦးနေ၀င်းကိုယ်တိုင်ကတော့ အင်္ဂလန်သို့ သွားပြီးမြင်းလောင်းသည် ။ ဦးနေ၀င်းမြင်းပွဲ မှာရောက်နေသောဓာတ်ပုံသည် ထိုခေတ်က Times မဂ္ဂဇင်းမှာ ကမ္ဘာကျော်ဓာတ်ပုံအဖြစ်ပါလာသည် ။ သူ့ ဓာတ်ပုံပါသော တိုင်းမဂ္ဂဇင်းမှာ ထိုအပါတ်က မြန်မာနိုင်ငံတွင်ဖြန့်ချိခွင့်မရပဲ အပိတ်ခံရသည် ။ နိုင်ငံကဆင်းရဲနေချိန် ၊ ပြည်သူတွေ ကို လောင်းကစားအဖြစ်ပိတ်ပင်ထားချိန်တွင် တိုင်းပြည်ခေါင်းဆောင်တယောက်ကအပြောတမျိုးအလုပ်တမျိုး လုပ်ပြနေခြင်းသည် အေးနေ၀င်းပြောပြောနေသော ဂုဏ်ကျက်သရေယုတ်မှု ( Disgrace ) ဖြစ်ပါသည် ။ ဒေါ်အောင်ဆန်းစုကြည်နှင့်ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်မှာအတုယူထိုက်သောစိတ်ဓာတ်ဖြစ်ပြီး ဗိုလ်ချုပ်နေ၀င်း၏စိတ်ဓာတ်မှာ ရှောင်ရမည့်စိတ်ဓာတ်မျိုးဖြစ်ပါသည် ။

စစိအစိုးရလက်ထက်တလျှောက်လုံး လမ်းဆုံလမ်းခွများတွင် “ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအားဆန့် ကျင်ကြ “ဟုဝါဒဖြန့်ခဲ့ကြသည် ။ ထိုဝါဒဖြန့်သူများသည် နှာစေးချောင်းဆိုးလောက်မှစကာ ပုံမှန်ကျန်းမာရေးစစ်ဆေးသည်အထိ စင်္ကာပူနိုင်ငံကိုပြေးကြသည် ။စင်္ကာပူမှဆေးစစ်ကြသည် ။စင်္ကာပူမှာဆေးကုကြသည် ။စင်္ကာပူမှသေကြသည် ။ သူတို့သားသမီးများကို နိုင်ငံခြားတွင်ကျောင်းထားကြသည် ။ သူတို့စောင်းမြောင်းကဲ့ရဲ့ခဲ့သောဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ မြန်မာနိုင်ငံသို့ရောက်လာသည်မှစကာ တခါမှပြည်ပထွက်၍ဆေးကုသမခံခဲ့ပဲ ရန်ကုန်နှင့်နေပြည်တော်ဆေးရုံများတွင်ပဲ ကျန်းမာရေးနှင့်ပါတ်သက်လာလျှင် ကုသစစ်ဆေးမှုခံယူခဲ့တာလဲ အတုယူသင့်သည့်စိတ်ဓာတ်များဖြစ်သည် ။ အာဏာနှင့်ပါတ်သက်လာလျှင် အလွဲသုံးစားမလုပ်သောစိတ်ဓာတ်တခုကိုလည်းအတုယူဖွယ်ဖြစ်သည် ။

မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် ရုပ်ရှင်ကုမ္မဏီသက်တမ်းတိုးလျှောက်ထားရာတွင် လျှောက်လွှာပုံထဲတွင် ဒေါ်အောင်ဆန်းစုကြည်အမည်နှင့် လျှောက်လွှာတစောင်တွေ့ ရာ ထိုလျှောက်လွှာကိုစိတ်ဝင်စားသဖြင့် စာရေးဆရာတယောက်ကသေသေချာချာကြည့်ရှုလေ့လာခဲ့သည်ဆို၏ ။ ထိုအခါသိရသည်မှာ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ဖတ္တိ ရုပ်ရှင်ရိုက်ရန်ရုပ်ရှင်ကုမ္မဏီတခုလိုအပ်ရာ ရပ်ရှင်သရုပ်ဆောင် ကိုကျော်သူက သူတို့ မိသားစုပိုင် အမျိုးသားရုပ်ရှင်ကုမ္မဏီကို ဒေါ်အောင်ဆန်းစုကြည်အားမေတ္တာဖြင့် ပေးလှူခဲ့သည်ဆို၏ ။ ဗိုလ်ချုပ်ရုပ်ရှင်မှာသိကြသည့်အတိုင်းတော်တော်နှင့်မပြီး သဖြင့်ထိုရုပ်ရှင်ကုမ္မဏီကိုသက်တမ်းတိုးရန်လိုအပ်လာရာ နိုင်ငံ့ခေါင်းဆောင်ဖြစ်နေပြီဖြစ်သောဒေါ်အောင်ဆန်းစုကြည်သည် ရာထူးအာဏာအရှိန်အ၀ါကိုအခွင့်ထူးခံအသုံးမချပဲ သာမန်ပြည်သူတယောက်လို ပုံမှန်လမ်းကြောင်းအတိုင်းသက်တမ်းတိုးလျှောက်လွှာတင်ထားခြင်းကိုတွေ့ ခဲ့ရခြင်းဖြစ်၍ လက်ဖျားခါလောက်အောင်ချီးကျူးလိုက်နာသင့်သော စိတ်ဓာတ်များဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်ကလည်း သူစားမည့်ထမင်းဝိုင်းတွင် ဟင်းကောင်းများဖြင့်ပြင်ဆင်ထားပြီး ရဲဘော်များစားမည့်ထမင်းဝိုင်းတွင်ဟင်းကောင်းကျွေးကောင်းမရှိသည်ကို မြင်သွားပြီး ရဲဘော်တွေစားသလိုပဲ သူစားမည် ၊သူ့ ကို အထူးသီးသန့်ပြင်မပေးပါနဲ့ဟုပြောခဲ့သည့်စိတ်ဓာတ်ကို သတိရမိသည် ။ လမ်းသွားရင်းကားပျက်သည်ကိုပင် ဗိုလ်ချုပ်အောင်ဆန်းသည် မင်းနဲ့ငါဆင်းတွန်းကြတာပေါ့ဟုဆိုကာ အပါးတော်မြဲနှင့်အတူကားဆင်းတွန်းဖို့ လုပ်ခဲ့သောစိတ်ဓာတ်သည် အင်မတန်မြင့်မြတ်သောစိတ်ဓာတ်ဖြစ်သည် ။ ထိုစိတ်ဓာတ်မျိုးကိုကျွန်တော်တို့ နိုင်ငံမှလူများစုစိတ်ထဲရောက်လျှင်နိုင်ငံတိုးတက်မည် ။

ဗိုလ်ချုပ်အောင်ဆန်းသည် မှန်ရာကိုရဲရဲဝံ့ဝံ့တဲ့တိုးပြောရဲသည် ။ပြောတတ်သည် ။ မြန်မာနိုင်ငံသို့  အရှေ့တောင်အာရှမဟာမိတ်တပ်ပေါင်းစု၏စစ်သေနာပတိ နှင့်နောင်အခါ အိန္ဒယဘုရင်ခံချုပ်ဖြစ်ခဲ့သူ လော.ဒ်မောင့်ဘက်တန် အလည်လာစဉ်က မောင့်ဘက်တန်ကိုကြိုဆိုဂုဏ်ပြုပွဲတခု ရန်ကုန်မြို့ အိုးရီးယန့် အဆောက်အအုံတွင်ကျင်းပပြုလုပ်ခဲ့သည် ။ ထိုပွဲသို့ သခင်အောင်ဆန်းလဲတက်ခဲ့သည် ။ ဗြိတိသျှအရာရှိကြီးမောင့်ဘက်တန်မိန့်ခွန်းပြောသောအခါ မြန်မာနိုင်ငံရေးသမားများကိုပုတ်ခတ်ဝေဖန်သလိုရှိသောစကားတခွန်းပါသွားသည် ။ထိုစကားမှာ “ Politics is the refuge of the scoundrels (နိုင်ငံရေးဆိုတာ ယုတ်ညံ့တဲ့သူတွေရဲ့ခိုလှုံရာအရပ် ) “ ဆိုသည့်စကားဖြစ်သည် ။ထိုစကားကိုမခံနိုင်သော်လည်းမည်သူကမျှထမပြောရဲကြ ။ ဗိုလ်ချုပ်အောင်ဆန်းတယောက်သာ ဇိုးကနဲဇာတ်ကနဲထ၍

“ နိုင်ငံရေးလောကဆိုတာ လူယုတ်မာတွေခိုကိုးရာဒေသဖြစ်တယ်လို့ ဘုရင်ခံချုပ်ကြီးပြောသွားပါတယ်။ဒါဟာအနောက်နိုင်ငံမှာမှန်ကောင်းမှန်မယ်။ ကျုပ်တို့ဆီမှာနိုင်ငံရေးဆိုတာဟာပရဟိတလုပ်ငန်း ၊လောကတ္ထစရိယကျင့်တဲ့လုပ်ငန်း၊ဒါဟာဒွိဟိတ်ပုဂ္ဂိုလ်တွေ မလုပ်နိုင်ပဲ တိဟိတ်ပုဂ္ဂိုလ်များ၊ဘုရားအလောင်းများမှသာလုပ်နိုင်တဲ့လုပ်ငန်းလို့ ယူဆထားတယ် ။
အဲဒိလိုအလွန်မွန်မြတ်တဲ့အထဲမှာ တခါတရံလူယုတ်မာတွေပါကောင်းပါလာမယ်။အဲဒါကြောင့်နိုင်ငံရေးအလုပ်ဟာ မကောင်းဘူးလို့ ဆိုရတော့မှာလား ။ဥပမာတခုပြောပြပါရစေ။ဒီအိုးရီးရင့်အဆောက်အအုံကြီးဟာလူအများစုဝေးဖို့တည်ဆောက်ထားတယ် ။အစောင့်အကြပ်ကင်းမဲ့ချိန်မှာတခါတရံခွေးတွေတက်အိပ်နေကြတယ် ။အဲဒိလိုခွေးတွေတက်အိပ်နေတာကိုကြည့်ပြီး ဒီအဆောက်အအုံကြီးဟာခွေးအိပ်ဖို့ ဆောက်ထားတာပါလို့ ဆိုရင် မှန်ပါ့မလား။မမှန်ပါဘူး ။
ဒါကြောင့်နိုင်ငံရေးဟာလည်းဒီလိုပါပဲ။ အင်မတန်မွန်မြတ်ပါတယ် ။ ဒီအဆောက်အအုံကြီး ပေါ်မှာခွေးတက်အိပ်သလို လူယုတ်မာတွေလည်း အလစ်မှာနိုင်ငံရေးလောကထဲကိုဝင်လာတတ်ပါတယ် ။ အဲဒိလိုဝင်လာတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံရေးသမားစစ်တွေက ဒီလူယုတ်မာတွေကို မျက်ခြေမပြတ်ဟန့် တားဝိုင်းပယ်နိုင်သည်နှင့်အမျှ နိုင်ငံရေးလောကကြီးဟာ သန့် ရှင်းစင်ကြယ်မွန်မြတ်လာပါလိမ့်မယ်။ ဒါပဲကျုပ်ပြောချင်တာ “

ဟုပြောပြီးစင်ပေါ်မှဆင်းကာသူ့ နေရာသူပြန်ထိုင်နေသည်ဆို၏ ။ ထိုသို့ အမှန်တရားအတွက်ချက်ကျလက်ကျထပြောရဲသောဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ကိုချီးကျူးလေးစားအတုယူရမည်ဖြစ်သည် ။ထိုနည်းတူပင်ဗိုလ်ချုပ်စကားအဆုံး၌ လူပုံအလည်တွင်ဗိုလ်ချုပ်အောင်ဆန်းကိုမဆိုင်းမတွ ထတောင်းပန်ခဲ့သော လော့မောင့်ဘက်တန်၏ လူကြီးလူကောင်းဆန်မှုကိုလည်း ကျွန်တော်တို့ချီးကျူးလေးစားအတုယူရမည်ဖြစ်သည် ။ မောင့်ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်းထိုသို့ ပြောလိုက်လျှင် စင်ပေါ်သို့ တဖန်တက်လာ၍

“ဒီနေ့ ညစကားပြော့တဲ့အထဲမှာအစီအစဉ်ထဲမှာမပါတဲ့ သခင်အောင်ဆန်းရဲ့ မိန့်ခွန်းဟာအဖိုးအတန်ဆုံးပါပဲ ။ ကျွန်တော်ပြောမိတာကတော့ ထမင်းစားပွဲအပြီး ရယ်စရာမောစရာအနေနဲ့ ခပ်ပေါ့ပေါ့နိုင်ငံရေးလောကကိုပြက်ရယ်ပြုတဲ့စကားပြောမိပါတယ်။ အလွန်ဝမ်းနည်းမိပါတယ်။ ကျွန်တော်ပြောမိတဲ့အချက်အလက်တွေကိုရုပ်သိမ်းပါတယ်ခင်ဗျား “

ဟု လော.ဒ်မောင့်ဘက်တန်က ရှင်းပြတောင်းပန်ခဲ့သည် ။ထိုစိတ်ဓာတ်မှာချီးကျူးဖွယ်ဖြစ်သည် ။ မောင့်ဘက်တန်သည်ဗိုလ်ချုပ်အောင်ဆန်းထက်အသက် ၁၅ နှစ်ကြီးသည် ။ ရာထူးအရလည်းအလွန်ကွာသည် ။ သူက မဟာမိတ်တပ်ပေါင်းစု၏အရှေ့တောင်အာရှသေနာပတိ ၊ ဗိုလ်ချုပ်ကမြန်မာ့တပ်မတော်မှပူပူနွေးနွေးနှုတ်ထွက်ကာ နိုင်ငံရေးလောကထဲမှာ အာဏာမရသေးသောဖဆပလပါတီတွင်လုပ်ကိုင်နေရသူ ။ နိုင်ငံချင်းဆိုလျှင်လည်း အင်္ဂလန်သည် အုပ်စိုးသူသခင်နိုင်ငံ ၊ မြန်မာသည် သူ၏ကိုလိုနီကျွန်နိုင်ငံ ။ ထိုသို့အဖက်ဖက်ကကွာခြားသော်လည်း ဗိုလ်ချုပ်အောင်ဆန်းထပြောသောစကားမှာအမှန်တရားဖြစ်နေသောအခါ သူမှားသည်ကိုမှားပါသည်ဟုလူပုံအလည်တွင်ဝန်ခံရဲသောသတ္တိမှာတော်ရုံတန်ရုံစိတ်ဓာတ်မဟုတ်ပေ ။ မြန်မာနိုင်ငံအာဏာရလူကြီးအဆက်ဆက်တွင် ကိုယ်မှားသည်ကိုမှားပါသည် ဟုမောင့်ဘက်တန်လိုလူကြီးလူကောင်းဆန်ဆန် ၀န်ခံတောင်းပန်တတ်တသောဓလေ့များထွန်းကားခဲ့ပါက မြန်မာ့နိုင်ငံရေးခရီးသည်ဤမျှကြာရှည်ကြမ်းတမ်းမည်မထင် ။ယခုတော့ အကြွေးကြေအောင်ထမင်းတနပ်လျှော့စားပါဟုဆိုသူများ ၊ နယ်လှည့်ပါးရိုက်လာတာဟုဆိုသူများ ၊တပည့်တော်တို့ကတရုတ်ကိုလဲကြောက်ရပါသည်ဆိုသူများ ၊ မီးမလင်းရင်ဖယောင်တိးုင်ထွန်းနေကြပါဆိုသူများ ၊ ဓားကိုဓားချင်းလှံကိုလှံချင်းဟုဆိုသူများ ၊ တပ်မတော်ဟာပစ်ရင်တည့်တည့်ပစ်တယ် အပေါ်ကိုထောင်မပစ်ဘူးဆိုသူများ ကသူတို့အမှားသူတို့မမြင်ကြသောအခါတိုင်းပြည်နစ်နာရလေသည် ။

မြန်မာတို့သည်အတုခိုးလွယ်သောစိတ်ထားပိုင်ရှင်များဖြစ်သည် ။ သူများ နယူရီးယားဆိုကိုယ်လိုက်နယူရီးယားသည် ။ သူများဗာလင်တိုင်းလျှင်ကိုယ်လိုက်ဗာလင်တိုင်းသည် ။သူများ ဟော်လိုဝင်ညဆိုလျှင်ကိုယ်လိုက်ဟော်လိုဝင်သည် ၊သူများ အိဒ်နေ့ ဆိုကိုယ်လဲရောယောင် အမဲသားတောင်းစားသည် ။ သူများ ဟိန္ဒူမီးနင်းပွဲလုပ်လျှင်ကိုယ်လဲရောယောင်ပါသည် ။သူများဘာဝတ်သည်ဆိုလျှင်ကိုယ်နှင့်လိုက်လိုက်မလိုက်လိုက် အတုခိုးဝတ်ဆင်ကြသည် ။ တကယ်တော့ကျွန်တော်တို့သည် ကောင်းမွန်မြင့်မြတ်သောစိတ်ဓာတ်တွေကိုအတုယူကြရမည်ဖြစ်သည်။သမိုင်းတွင်ယုတ်မာညစ်ထေးခဲ့သောစိတ်ဓာတ်များကိုရှောင်ရှားကြရမည်ဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်မျိုး ၊ဒေါ်အောင်ဆန်းစုကြည်စိတ်ဓာတ်မျိုး ၊ လော.ဒ်မောင့်ဘက်တန်၏စိတ်ဓာတ်မျိုးကိုသာလက်ဆင့်ကမ်းအတုကြရမည်ဖြစ်ပါကြောင်းနှင့် ဦးနေ၀င်းစိတ်ဓာတ် ၊ အာဏာရှင်စိတ်ဓာတ် ၊ တာဝန်မဲ့သူအချို့၏စိတ်ဓာတ်နှင့်အပေါ်ယံကြော ထုံးစံဓလေ့များကို အတုယူရမည်မဟုတ်ပါကြောင်းရေးသားလိုက်ရပေသည် ။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၁၃.၁.၂၀၁၇



နိုင်ငံရေးသမားတွေ အနုပညာသမားတွေဟာ ကွန်ဂရက် အမတ် ဂျွန်လူးဝစ်ဘက်ကနေ အုံကြွခုခံပြောကြားလာ
အမေရိကန် ကွန်ဂရက် အမတ် ဂျွန်လူးဝစ်နဲ့ အရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်တို့ကြား အချင်းများကြတဲ့ ဖြစ်စဉ်ဟာ တဖြည်းဖြည်း ပိုပြီး ကျယ်ပြန့်လာပါတယ်။

ကွန်ဂရက်စ် လွှတ်တော်အမတ် ဂျွန်လူးဝစ်စ်က မစ္စတာ ထရမ့်ဟာ တရားဝင်တဲ့ သမ္မတ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အဲသလိုပြောပြီးနောက်မှာ အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ဂျွန်လူးဝစ်ကို အပြောသမား ပြောပြီးရင်း ပြောရင်း ပြောနေပေမယ့် လက်တွေ့ ဘာမှ မလုပ်တဲ့လူလို့ ပြန်ပြောလိုက်ပါတယ်။ အဲဒါတွေ ပြောနေမယ့်အစား ကိုယ့်မဲဆန္ဒနယ်ကိုယ်ပဲ ဂရုစိုက်ပါဦးလို့ twitter ကနေ ပြောလိုက်ပါတယ်။

အဲဒီနောက်မှာ နိုင်ငံရေးသမားတွေ အနုပညာသမားတွေဟာ ကွန်ဂရက် အမတ် ဂျွန်လူးဝစ်ဘက်ကနေ အုံကြွခုခံပြောကြားလာကြတာ ဖြစ်ပါတယ်။

ရက်ဗ်ရန် အယ်လ် ရှာ့ပ် တန် ဦးဆောင်တဲ့ နိုင်ငံသား အခွင့်အရေးလှုပ်ရှားကြသူတွေ ကဒေါ်နယ်ထရမ့် သမ္မတရာထူးလွှဲပြောင်းလက်ခံမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မတိုင် ခင် တပတ်အလိုကာလမှာ ဆန္ဒပြပွဲတွေ စတင်ကျင်းပပြုလုပ်တဲ့ အချိန်မှာပဲ အခုလို အချင်းများမှု ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။

ဂျွန်လူးဝစ်ကို ထောက်ခံကြသူတွေက ဒေါသထွက်ကြပါတယ်။ သူတို့က ဂျွန်လူးဝစ်ဟာ သမိုင်းဝင် သူရဲကောင်း တယောက်ဖြစ်တယ် သူ့ကို ဒီလို မပြောသင့်ဘူးလို့ ဆိုကြပါတယ်။

ဂျွန်လူးဝစ်ဟာ ၁၉၆၀ နောက်ပိုင်း နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုတွေမှာ ထင်ရှားတဲ့ ခေါင်းဆောင်တယောက်ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်က မာတင်လူသာကင်း ခေါင်းဆောင်တဲ့ ဝါရှင်တန်ချီတက်ပွဲမှာ မိန့်ခွန်းပြောကြားခဲ့ သူတွေထဲက နောက်ဆုံးသက်ရှိထင်ရှားကျန်သူ တယောက်လည်း ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ သူ့ပေါ်လစီ ဘာဆိုတာ ရှင်းရှင်း ပြောခဲ့ပြီးပြီ။ သူ့ကို သမ္မတအမည်စာရင်း ဘယ်လို တင်သွင်းခဲ့တယ်ဆိုတာ ပြောခဲ့ပြီးပြီ။ ကျနော်တို့ အခုဒီကိုလာတာဟာ အထက်လွှတ်တော် အောက်လွှတ်တော်ထဲက အမတ်တွေ ကိုယ့်ယုံကြည်ချက်အပေါ်မှာ ကိုယ် ကျောရိုးခိုင်ခိုင်မာမာ ရှိကြပါတယ်။ သတ္တိရှိကြပါလို့ ပြောဖို့လာတာ ဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မစ္စတာ ရှာ့ပ်တန် က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ သွေးခဲလုမတတ် အေးလှတဲ့ ဆောင်းရာသီကြီးမှာ ဝါရှင်တန် ဒီစီမှာ ရှိတဲ့ မာတင်လူသာကင်း ဂျူနီယာ အမှတ်တရ နေရာ အထိ ချီတက်နေကြပါတယ်။ သူတို့ ပါးစပ်ကလည်း တရားမျှတမှု မရှိရင် ငြိမ်းချမ်းမှုလည်း မရှိနိုင်ဘူးလို့ ကြွေးကြော်နေကြပါတယ်။

ခေါင်းဆောင်ဖြစ်တဲ့ မစ္စတာ ရှာ့ပတန်က သူတို့ နောက်ဆုတ်မှာ မဟုတ်ဘူး။ သူတို့ကို အနိုင်ယူလို့မရဘူးဆိုတဲ့စကားကို ဒေါ်နယ်ထရမ့်ရဲ့ နာမည်စာလုံး ထရမ့်နဲ့ စာလုံးပေါင်းတူစကားလုံးကို အသုံးပြုပြီး we won't be trumped လို့ ပြောတော့ ဆန္ဒပြသူပရိတ်သတ်က သံယောင်လိုက်ကြွေးကြော်ကြပါတယ်။

မစ္စတာ ဂျွန်လူးဝစ်က မစ္စတာထရမ့်အရွေးကောက်ခံရတာဟာ ရုရှားလက်ချက်ပါတယ်လို့ ယုံကြည်တဲ့ အတွက် သူ့ကို တရားဝင် အရွေးကောက်ခံရတဲ့ သမ္မတလို့ လက်မခံနိုင်တဲ့ အတွက် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို သူတက်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


နေပြည်တော် ဇန်န၀ါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လှည်းကူးမြို့၊ အောင်မင်္ဂလာ ရပ်ကွက် လှည်းကူး-ဖောင်ကြီး ကားလမ်း၊ မိုင်တိုင်အမှတ်(၀/၅)နေရာ၌ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သစ်တောရဲဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သတင်းအရ စစ်ဆေးရှာဖွေလျက်ရှိစဉ် ဇန်န၀ါရီ ၁၃ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ဟီးနိုးအမျိုးအစားမော်တော်ယာဉ်(စစ်စိမ်းရောင်) နှစ်စီးယာဉ်အမှတ်၊ ကြယ် ၆၀၂၅(န)နှင့် ကြယ် ၇၁၀၅(န)တို့အား စစ်ဆေးရန်ရပ်တန့်ခိုင်းရာ ယာဉ်မောင်းများမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး အဆိုပါယာဉ်များပေါ်မှ ပိတောက်သစ်ခွဲသား ၃၆ ချောင်း(ခန့်မှန်း ၃ တန်ခွဲခန့်)တို့အား သိမ်းဆည်းရမိခဲ့သည်။

သက်ဆိုင်ရာနယ်မြေခံတပ်နှင့်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ သိမ်းဆည်းရမိယာဉ်များ၏ ယာဉ်အမှတ်၊ အင်ဂျင်အမှတ်နှင့် ကိုယ်ထည်အမှတ်များကို မှတ်သား၍ စနစ်တကျစစ်ဆေးခဲ့ရာ ယာဉ်အမှတ်၊ကြယ် ၆၀၂၅(န)၏ ကိုယ်ထည်အမှတ်မှာ FE6-043748B ဖြစ်ပြီး ယာဉ်အမှတ်၊ ကြယ် ၇၁၀၅(န)၏ ကိုယ်ထည်အမှတ်မှာ FE6-027883B တို့ဖြစ်ကြောင်း တွေ့ရှိရသည်။


သိမ်းဆည်းရမိယာဉ်အမှတ်များနှင့်တပ်မတော်ပိုင်ယာဉ်များအား တိုက်ဆိုင်စစ်ဆေးခဲ့ရာ တပ်မတော်ပိုင် ယာဉ်အမှတ်၊ ကြယ် ၆၀၂၅(န)၏ ကိုယ်ထည်အမှတ်မှာ FA-100-100035 ဖြစ်ကြောင်း၊ ယာဉ်အမှတ်၊ ကြယ် ၇၁၀၅(န)၏ ကိုယ်ထည်အမှတ်မှာ 6WA211-100669 ဖြစ်ကြောင်း၊ ၎င်းတပ်မတော်ပိုင်ယာဉ်နှစ်စီး မှာလည်း ၂၀၁၄ ခုနှစ်တွင် သံရည်ကျိုစက်ရုံသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါသိမ်းဆည်းရမိယာဉ်များမှာ တပ်မတော်ပိုင်ယာဉ်များမဟုတ်ကြောင်း၊ တပ်မတော်ပိုင်ယာဉ် အယောင်ဆောင်၍ တရားမ၀င်သစ်များသယ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရသည်။

သိမ်းဆည်းရမိသစ်များနှင့်ယာဉ်များအား သက်ဆိုင်ရာသစ်တောဦးစီးဌာနသို့ စနစ်တကျ အပ်နှံပြီးဖြစ် ကြောင်းနှင့် တပ်မတော်ပိုင်ယာဉ်အယောင်ဆောင်၍ တရားမ၀င်သစ်များသယ်ဆောင်လာသူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia


ခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ အထူးရေပန်းစားနေတာကတော့ ရုပ်သံအစီအစဉ်တခုမှာ ဘောလုံးကို အံ့သြဘွယ်ရာ ထူးချွန်စွာ ကစားပြပြီး ဆုတွေဆွတ်ခူးခဲ့တဲ့ အသက် ၇ နှစ်ရွယ် နောင့်ဖီး ဆုဝင်း လို့ခေါ်တဲ့ မြန်မာပြည်က မွန်တိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမား ရင်သွေးငယ်တဦး အကြောင်းပဲ ဖြစ်ပါတယ်။

တော်ရုံကျွမ်းကျင်ရုံနဲ့ ထိအောင်ကန်နိုင်ဖို့ ခဲယဉ်းတဲ့ ဂိုးတိုင်ဘားတန်းကို ၅ ကြိမ်တိုင်တိုင် ထိအောင်ကန်ပြနိုင်ပြီးတဲ့နောက် အနာဂတ်အလားအလာကောင်းတဲ့ သူ့ကို စိတ်ဝင်စားသူ များနေတာပါ။

အဲဒီထဲမှာ ယမန်နေ့ကတော့ ကမ္ဘာမှာ နာမည်ကြီး လက်စတာစီးတီး ဘောလုံးကလပ်အသင်း ပိုင်ရှင် King Power ကုမ္ပဏီက သူ့ကို ဘန်ကောက်မှာရှိတဲ့ သူတို့ကုမ္ပဏီရုံးခန်းဆီ အလည်အပတ် ခေါ်ဆောင်သွားခဲ့ပါတယ်။

ကုမ္ပဏီရုံးခန်းမှာ နောင်ဖီးကို ပရီးမီးယားလိဂ် ဆုဖလားနဲ့ နာမည်ကြီး ဘောလုံးသမားတွေရဲ့ ဓာတ်ပုံတွေ ပြသခဲ့သလို သူ့အတွက် အထူးချုပ်ပေးထားတဲ့ ဘောလုံးကစားသမားအဝတ်တစုံကို ချီးမြှင့်ပြီး တရင်းတနှီးနဲ့ အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။

ရုံးခန်းထဲမဝင်ခင် ပရီစင်တာက နောင့်ဖီးကို ဘယ်သူနဲ့တွေ့ရမယ်လို့ထင်သလဲလို့ မေးတဲ့အခါ နောင့်ဖီးက ဘောလုံးသမား မာရက်ဇ်နဲ့ ဗာဒီ လို့ဖြေတဲ့အတွက် ကုမ္ပဏီက သူတို့တွေ အင်္ဂလန်မှာရှိတာလို့ ပြန်ဖြေပါတယ်။

အခန်းကျယ်ကြီးတစ်ခုထဲရောက်သွားတော့ ဒါဘာဆုဖလားလဲ လို့မေးတဲ့အခါ နောင့်ဖီးက ပရီးမီးယားလိဂ်ဆုဖလားလို့ ခပ်သွက်သွက်ဖြေကြားပြီး နံရံမှာချိတ်ထားတဲ့ ထူးချွန်ဘောလုံး သမား ဓာတ်ပုံတွေပြရာမှာ နောင့်ဖီးက အမည်နဲ့ နံပါတ်တွေပါ ပြောပြနိုင်ခဲ့ပါတယ်။

လက်စတာဘောလုံးအသင်း ဒု-ဥက္ကဋ္ဌ မစ္စတာ အိုင်ယာဝပ် ဆီဝပ်ထနပဖားက နောင့်ဖီးဟာ ကြိုးစားမှု မြင့်မားတဲ့ ကလေးတဦးလို့ ရှုမြင်ကြောင်း၊ ဘယ်အရာမှာပဲဖြစ်ဖြစ် ဒီလိုကြိုးစားတဲ့ ကလေးဟာ ကောင်းမွန်တဲ့အနာဂတ်ကို ရရှိမှာဖြစ်ကြောင်း၊ ဘောလုံးသမားတွေအနေနဲ့ ဂိုးတိုင်ကို ထိအောင်ကန်နိုင်ဖို့ရာ မလွယ်ကူပေမယ့် ဒီကလေးကတော့ ၅ ကြိမ်ဆက်တိုက် ထိမှန်အောင် ကန်နိုင်သူမို့ ဒီလို ထူးချွန်တဲ့ကလေးမျိုးကို ပံ့ပိုးပျိုးထောင်ပေးသင့်တယ်လို့ ပြောသွားပါတယ်။

မစ္စတာ အိုင်ယာဝပ်က သူ့ကို တကယ်လို့ လက်စတာအသင်းမှာ ကစားပေးဖို့ ဖိတ်ခေါ်ရင် ဘယ်လောက်ကြေးပေးရမလဲလို့ မေးတဲ့အခါ နောင့်ဖီးက ဘတ် ၂၀ လို့ ပြန်ဖြေပါတယ်။

ထပ်ပြီးတော့ သူ့ကို ဘာဆုလိုချင်သလဲလို့ မေးတဲ့အခါ သူက ဆိုင်ကယ်ဖြစ်ဖြစ်၊ စက်ဘီး ဖြစ်ဖြစ် တစ်စီးလောက် လိုချင်ကြောင်း၊ စီးတတ်လို့လားလို့ ပြန်မေးတော့ နောင့်ဖီးက သူ့အမေကို ပေးချင်လို့ လို့ ပြောတဲ့အတွက် အားလုံးသဘောကျသွားပါတယ်။

ကိုယ်လိုချင်တဲ့အရာကို ရဖို့ ဘာလုပ်ရမလဲလို့ မေးရာမှာ နောင့်ဖီးက ကြိုးစားလေ့ကျင့်ရမယ်လို့ ဖြေကြားသွားပါတယ်။

နောင့်ဖီးရဲ့ မိဘတွေကတော့ မြန်မာပြည်က မွန်တိုင်းရင်းသား ဦးဝင်း နဲ့ ဒေါ်စုတို့ ဖြစ်ကာ ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ၀င်ရောက်လာပြီး လက်ရှိ ဘန်ကောက် ဘန်ကပိ နယ်မြေ ဆီနတ်ခလင်းလမ်းရှိ Inter Thailand Football Academy ဘောလုံးလေ့ကျင့်ရေးေ ကျာင်းမှာ ဘောလုံးကွင်းမြက်ခင်းတွေကို ရေလောင်းပေးရတဲ့ အလုပ်ကို လုပ်ကိုင်နေတယ်လို့ သူတို့ အလုပ်ရှင် ဘောလုံးလေ့ကျင့်ရေးကျောင်းအုပ်ဆရာ ဆုမ်ဘတ် လိကမ်နုတ်ထိုင်းက Work Point တီဗွီသတင်း ဌာနကို ပြောပါတယ်။

နောင့်ဖီးကိုတော့ ထိုင်းမှာပဲ မွေးဖွားခဲ့ပြီး အသက် ၄ နှစ်သား အရွယ်ကတည်းက သူများ ကလေးတွေ ဘောလုံးလေ့ကျင့်နေတာကို စိတ်ဝင်တစား အားကျစွာကြည့်ခဲ့သလို ဘောလုံး ကန်ချင်တယ်လို့ ပြောတဲ့အတွက် သူ့ကိုအရင်စမ်းသပ်ပြီး လေ့ကျင့်သင်ကြားပေးခဲ့တာလို့ ဆရာ ဆုမ်ဘတ်က ပြောပါတယ်။

လူမှုကွန်ရက်မှာ နေ့ချင်းညချင်းနာမည်ကြီးသွားတဲ့ နောင့်ဖီးကို သတင်းဌာနတွေက လာရောက် အင်တာဗျူးကြသလို တချို့ ဘောလုံးကလပ်က သူ့ကို ပညာသင်ထောက်ပံ့ကြေးပေးပြီး ဘောလုံးလေ့ ကျင့်ပေးမယ်လို့ ကမ်းလှမ်းကြောင်း၊ ဒါပေမယ့် ကလေးကအရမ်းငယ်တော့ သူ့မိဘတွေ ဘာမှ မဆုံးဖြတ်သေးဘူးလို့ ဆိုပါတယ်။

ထိုင်းအမျိုးသားဘောလုံးအသင်း တွဲဘက်အတွင်းရေးမှူးကလည်း ဘောလုံးကွင်းထိ နောင့်ဖီးကို ကိုယ်တိုင်လာရောက်အားပေးပြီး ထိုင်းမှာမွေးဖွားပြီး နိုင်ငံအတွက် အကျိုးပြုမယ်ဆိုရင် ထိုင်းနိုင်ငံသား ဖြစ်အောင် ကြိုးစားပေးမှာဖြစ်သလို ပညာသင်ထောက်ပံ့ကြေးတွေရအောင်လည်း ဆောင်ရွက်ပေး မယ်လို့ Work Point တီဗွီသတင်းဌာနကို ပြောသွားပါတယ်။

DVB TV News



 မြန်မာ နိုင်ငံက အောင်လ ကို အားပေး ကြသူတွေ ဟာ အွန်လိုင်း ကနေ သာ မက ရုပ်မြင်သံကြားကနေ ပါ ကြည့်ရှုအားပေး ခဲ့ကြ
ဇန်နဝါရီလ ၁၄ ရက်နေ့က ဘက်စုံ ကိုယ်ခံပညာ နဲ့ ထိုးသတ် ယှဉ်ပြိုင် ကြတဲ့ One Championship MMA ပြိုင်ပွဲ ရဲ့ မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ စိန်ခေါ် ပွဲမှာ လက်ရှိ ချန်ပီယံ ဗစ်တာလေ ဘစ်ဒက်ရှ် က ကချင် နွယ်ဖွား အောင်လ အန် ဆန်း ကို အနိုင် ရရှိပြီး ချန်ပီယံ ဘွဲ့ကို ကာကွယ် သွားခဲ့ပါတယ်။

One Championship MMA ပြိုင်ပွဲတွေမှာ အချုပ်အနှောင် အတိုက်အခိုက် ကောင်းလို့ မြန်မာ့ စပါးကြီးမြွေ ရယ်လို့ နာမည်ကျော် တဲ့ အောင်လ အန်ဆန်း ဟာ လက်ရှိ ချန်ပီယံ ကို ငါးချီ ပြည့်မြောက်အောင် ထိုးသတ်ပြီး အမှတ်နဲ့ အရှုံးပေး ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိချန်ပီယံ ကို စိန်ခေါ် ထိုးသတ် တဲ့ ပွဲမှာ အောင်လ အန် ဆန် ဟာ ဒုတိယ အချီ အထိ အပြန်အလှန် ထိုးသတ် နိုင်ခဲ့ပေမယ့် တတိယ အချီ အရောက်မှာတော့ ဗစ်တာလေ ရဲ့ ကန်ချက် ထိမှန် ခဲ့ပြီးနောက် ချန်ပီယံရဲ့ ဖိထိုးခြင်း ကို ခံခဲ့ရပါတယ်။

စတုတ္ထ အချီ နဲ့ ပဉ္စမ အချီ တွေမှာတော့ ခံစစ်သက်သက်နဲ့ ယှဉ်ပြိုင် ခဲ့ပြီး အောင်လ အန် ဆန် ဟာ ခံနိုင်ရည် ကောင်းကောင်း၊ ဇွဲ ရှိရှိ နဲ့ ပွဲချီ ပြည့်တဲ့ အထိ ယှဉ်ပြိုင် ထိုးသတ်ပြီးမှ အမှတ်နဲ့ အရှုံးပေး ခဲ့ရတာလည်း ဖြစ်ပါတယ်။

အခုပွဲ ကို မြန်မာ နိုင်ငံက အောင်လ ကို အားပေး ကြသူတွေ ဟာ အွန်လိုင်း ကနေ သာ မက ရုပ်မြင်သံကြားကနေ ပါ ကြည့်ရှုအားပေး ခဲ့ကြပါတယ်။

ကျင်းပခဲ့တဲ့ One Championship MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ စိန်ခေါ်ပွဲ ကို ထိုးသတ်ဖို့ စီစဉ် ထားတဲ့ ပိုလန် နိုင်ငံသား Marcin Prachnio ပြိုင်ပွဲ မကျင်းပခင် နှစ်ပတ် အလိုမှာ ဒဏ်ရာ ရရှိ ခဲ့တဲ့ အတွက် အောင်လ က အစားထိုး ယှဉ်ပြိုင် ခဲ့ရတာ ဖြစ်ပါတယ်။

အောင်လ အနေနဲ့ လက်ရှိ ချန်ပီယံ ဗစ်တာလေ ဘစ်ဒက်ရှ် ရဲ့ ထိုးသတ်ပုံ တွေကိုလည်း လေ့လာချိန် သိပ်မရခဲ့ဘူးလို့ သိရပါတယ်။

ပဉ္စမအချီ စတင်ဖို့ ပြန်ဝင်လာတဲ့ အချိန်မှာ ဒဏ်ရာ အနာတရ နဲ့ အောင်လ ရဲ့ မျက်နှာ ဟာ ပြုံးနေခဲ့ပြီး စိတ်ဓါတ်မာကျောမှု နဲ့ တည်ငြိမ်မှု ရှိတဲ့ သူ့ကို ပရိသတ် တွေက ချီးကျုးခဲ့ ကြပါတယ်။

MMA မစ်ဒယ် ဝိတ်တန်း ချန်ပီယံ ကို ရှုံးနိမ့်သွားခဲ့ပြီး ပရိသတ် မျှော်လင့် ထားသလို မစွမ်းဆောင်နိုင် ခဲ့တဲ့ အတွက် စိတ်မကောင်း ဖြစ်ရကြောင်း၊ နောက်တစ်ပွဲမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံ နဲ့ ပြန်လာ မယ်လို့ အောင်လ က သူ့ရဲ့ Facebook စာမျက်နှာမှာ တောင်းပန် ရေးသား ခဲ့တာကိုလည်း တွေ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese



People from around the United States marched in Washington, D.C., Saturday in support of rights of immigrants, refugees and Muslim communities ahead of next Friday's inauguration of President-elect Donald Trump. (A. Barros/VOA)
အမေရိကန်ပြည်ထောင်စုရဲ့ အရွေးကောက်ခံ သမ္မတ Donald Trump သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကျင်းပဖို့ သီတင်းတပါတ်ပဲ လိုတော့ချိန်မှာ ဝါရှင်တန် ဒီစီ မြို့တော်မှာ တော့ ကန့်ကွက် ဆန္ဒပြပွဲ မျိုးစုံ ကျင်းပဖို့ စီစဉ်နေကြပါတယ်။

ခရစ်ယန် တရားဟောဆရာ Al Sharpton ဦးဆောင်တဲ့ တက်ကြွလှုပ်ရှားသူတွေက "We Shall Not Be Moved" လို့ခေါ်တဲ့ အခိုင်အမာ ရပ်တည်ကြပါစို့ - ချီတက်လမ်းလျှောက်ပွဲကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေအခါခါ ကျင်းပပြီး အမျိုးမျိုးပြောင်းလဲတာတွေ ရှိပေမယ့် အရပ်ဖက်လူထု အခွင့်အရေးတွေ၊ မဲပေးပိုင်ခွင့်တွေကို ကာကွယ်ဖို့၊ နိုင်ငံသားအားလုံး ကျန်းမာရေးစောင့်ရှောက်မှုရဖို့၊ အခွင့်ရေးတန်းတူရဖို့ ကိစ္စတွေမှာ မယိမ်းမယိုင် ရပ်တည်တောင်းဆိုဖို့ လိုနေတဲ့အကြောင်း သူကပြောကြားခဲ့တာပါ။

၁၉၅၀- ၆၀ နှစ်တွေအတွင်း လူ့အခွင့်ရေး တိုးတက်လာဖို့နဲ့ ခွဲခြားဆက်ဆံမှုချုပ်ငြိမ်းဖို့ မမောမပမ်း ရွက်ဆောင်ခဲ့သူ Dr. Martin Luther King Jr အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် အမေရိကန်ပြည်ထောင်စုမှာ အားလပ်ရပ် ကျင်းပတဲ့ နေ့မှာ သူတို့ရဲ့ ချီတက်ဆန္ဒပြပွဲကိုပြုလုပ်မှာပါ။

စနေနေ့ ညနေပိုင်းမှာတော့ ရွေးပြောင်းအခြေချသူတွေနဲ့ လူနဲစုရပိုင်ခွင့် အရေးလုပ်ဆောင်နေတဲ့ "Here to Stay" အဖွဲ့က ဝါရှင်တန် ခရစ်ယန် ဘုရာကျောင်းမှာ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပတဲ့ MMA One Championship ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်းလက်ရှိချန်ပီယံ ရုရှား ကစားသမား ဗစ်တာလီဘစ်ဒက်ရှ်က မြန်မာ ကစားသမား အောင်လအန်ဆန်ကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရသွားပါတယ်။

မူလစိန်ခေါ်သူ ဒဏ်ရာရသွားတာကြောင့် အစားထိုးဝင် ရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ အောင်လအန်ဆန်ဟာ ပွဲချိန်တစ်လျှောက်လုံး လက်ရှိချန်ပီယံ ဘစ်ဒက်ရှ်ကို အသားစီးရအောင် မထိုးနိုင်ပေမယ့် ဒဏ်ရာရနေတဲ့ကြားက အချီပြည့်တဲ့အထိ ထိုးနိုင်ခဲ့ပါတယ်။

 ပထမအချီမှာ ပွဲအေးနေပေမယ့် ဒုတိယအချီမှာ ဘစ်ဒက်ရှ်က တံတောင်ရိုက်ချက်တွေကို အဓိက သုံးပြီး အောင်လအန်ဆန်ကို အသာစီးကနေ ထိုးသွားပါတယ်။ ပွဲအ ခြေအနေကို အဓိက အပြောင်းအလဲ ဖြစ်စေခဲ့တာကတော့ တတိယအချီမှာပါ။ ဘစ်ဒက်ရှ်ရဲ့ ဘယ်ခြေကန်ချက်ကို ခံလိုက်ရပြီးနောက် တစ်ဆက်တည်းမှာပဲ လက်သီးနဲ့ တံတောင်ရိုက်ချက်တွေကိုပါ ခံလိုက်ရလို့ အောင်လ ဟာ တော်တော်လေးအထိ နာသွားပါတယ်။ အထိနာတဲ့ကြားက သူ့ အားသာချက် ဖြစ်တဲ့ ချုပ်ကွက်နဲ့ ပြန်အသာရအောင် ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။


 ပွဲအပြီး ဒိုင်တွေရဲ့အဆုံးအဖြတ်ကိုခံယူရာမှာတော့ ဗစ်တာလီဘစ်ဒက်ရှ်က အငြင်းပွားဖွယ်မရှိ နိုင်သွားပါတယ်။ ဘစ်ဒက်ရှ်ဟာ သူ့ ကစားသမားဘ၀တ လျှောက် (၉)ပွဲမှာ ရာနှုန်းပြည့်အနိုင်ရလဒ်ကို ဆက်ထိန်းသွားခဲ့ပြီး အောင်လအန်ဆန်ကတော့ (၁၀)ပွဲမြောက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

SkyNet Sports Channel
https://www.facebook.com/skynetsports/



Polish Defense Minister Antoni Macierewicz (L) and Prime Minister Beata Szydlo attend an official welcoming ceremony for U.S. troops deployed to Poland as part of NATO build-up in Eastern Europe, in Zagan, Poland, Jan. 14, 2017.
အခုသီတင်းပတ် အစောပိုင်းက ပိုလန်နိုင်ငံကို ရောက်လာတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တချို့ကို ပိုလန်အစိုးရက စနေနေ့မှာ အခမ်းအနားနဲ့ တရားဝင် ကြိုဆိုခဲ့ပါတယ်။ ဒါဟာ ဒေသတွင်း ရုရှားအစိုးရရဲ့ ကျူးကျော် ရန်လိုတဲ့ လုပ်ရပ်တွေကို ဟန့်တားဖို့အတွက် နေတိုး မဟာမိတ်အဖွဲ့ရဲ့ အစိတ်အပိုင်းတခုအဖြစ်နဲ့ အမေရိကန်တပ်ဖွဲ့တွေကို အခုလို စေလွတ်လိုက်တာ ဖြစ်ပါတယ်။

ပိုလန်နိုင်ငံအနောက်ပိုင်း Zagan မြို့မှာ ကျင်းပတဲ့ အဲဒီ ကြိုဆိုပွဲ အခမ်းအနားကို ပိုလန် ၀န်ကြီးချုပ် Beata Szydlo နဲ့ ကာကွယ်ရေးဝန်ကြီး Antoni Macierezicz တို့လည်း တက်ရောက်ခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ အခုလို ရောက်လာတာဟာ ပိုလန်နိုင်ငံနဲ့ ဒေသတွင်း လုံခြုံရေးအတွက် မှန်ကန်တဲ့ နောက်ထပ် ခြေလှမ်းတရပ်ဖြစ်ကြောင်း ၀န်ကြီးချုပ် Szydlo က ပြောကြားလိုက်ပြီး စစ်သားတွေအနေနဲ့လည်း ကိုယ့်အိမ်လို သဘောထား နေကြဖို့ ၀န်ကြီးချုပ်က ပြောပါတယ်။

ပထမအသုတ်ဖြစ်တဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ ဂျာမနီနိုင်ငံကနေ ကြာသပတေးနေ့မှာ ရောက်လာကြတာ ဖြစ်ပြီး အဲဒီလို ရောက်လာတာဟာ ရုရှားနိုင်ငံအတွက် ခြိမ်းချောက်မှုဖြစ်သလို သူတို့ရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးစကို ထိခိုက်စေတယ်လို့ ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ပိုလန်နိုင်ငံမှာ စုစုပေါင်း တပ်ဖွဲ့ဝင် ၃,၀၀၀ လောက် ချထားဖို့ စီစဉ်ထားတာကြောင့် ဒါဟာ စစ်အေးခေတ် ပြီးဆုံးသွားပြီးတဲ့နောက်ပိုင်း ပိုလန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေ အများဆုံး ထားရှိခြင်းလည်း ဖြစ်ပါတယ်။

BBC Burmese
http://burmese.voanews.com


အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ မှု အဆုံးသတ်ခဲ့ခြင်း ကြောင့် ရင်းနှီးမြုပ်နှံမှုများ တိုးတက်လာခြင်းနှင့် အတူ ဈေးပေါသော အလုပ်သမား အင်အားစု များ ရှိနေခြင်း များကြောင့် စီးပွားရေး တိုးတက်လာရန် တာစူလျက် ရှိနေပြီ ဖြစ်ပါတယ်။

နိုင်ငံအတွင်း လာရောက် ဖွင့်လှစ်လျက် ရှိသော ဂျပန် အထည်အလိပ် ကုမ္ပဏီ ကြီး Honeys မှ ဆိုလျင် ယခင်က ကုန်ထုတ်လုပ်ရန် ၅ လိုင်း သာ ဖွင့်လှစ် လုပ်ကိုင်နေရာမှ ၂ နှစ်အတွင်း ၂၄ လိုင်း အထိ တိုးချဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ စက်ရုံကြီးက ဂျပန်သို့ တင်ပို့ရန် ရှပ်အကျီ နဲ့ ဂျာကင်အကျီ များ ထုတ်လုပ်နေပြီး အလုပ်သမား အင်အား ကို ၃၀၀၀ မှ: နောက်ထပ် ၂၆၀၀ တိုးချဲ့ ခန့် ထားခဲ့တာ တွေ့ရပါတယ်။

အလုပ်သမား များ၏ က္ဈမ်းကျင်မှု အရည်အသွေး လည်း တိုးမြှင့်လာပြီ ဖြစ်၍ ဒူးဆစ် ဖုံးသော အပေါ် ကုတ် အကျီ များကို ပါ ထုတ်လုပ်နိုင်လာပြီ ဟု ရန်ကုန် ရှိ ကုမ္ပဏီအကြီးအကဲ အီဂူချီ က ပြောပြခဲ့ပါတယ်။

ယခင်က ၂၀၀၀ ခုနှစ်:အကျော် ကာလများက အဆိုပါ ကုမ္ပဏီ သည် တရုတ်ပြည်တွင် လုပ်ကို်င်နေရာ မှ ၂၀၁၂ တွင် တရုတ်များကို ပေးရသော လုပ်ခ ၏ လေးပုံတပုံသာ ပေးရသော မြန်မာသို့ ရွှေ့ ပြောင်း လုပ်ကိုင် ခဲ့တာ ဖြစ်ပြီး ယခုအခါ စက်ရုံ ၂ ရုံအထိ တိုးချဲ့ လုပ်ကိုင်လာနေပြီ ဖြစ်ပါတယ်။ နောက်ထပ် စက်ရုံ တရုံကိုပင် ထပ်မံတိုးချဲ့ရန် စီစဉ်နေပြီ ဖြစ်သည်ဟု သိရပါတယ်။

မြန်မာနိုင်ငံ မှ တနေ့လျင် အ၀တ်အထည် ၁၈,၀၀၀ ခန့် ထုတ်လုပ်နိုင်သဖြင့် ၎င်းတို့ ၏ ဂျပန် ဈေးကွက်တွင် ၂၀% မှ ၃၀% အထိ ပင် မြန်မာမှ တင်သွင်း ရောင်းချနေရပြီ ဖြစ်ပါတယ်။

လောလောဆယ်တ အည်အလိပ် ကဏ္ဍ တွင် မြန်မာ အလုပ်သမားတယောက်၏ လစာသည် ၁၄၇ ဒေါ်လာသာ ရှိနေပြီး ဘင်္ဂလားဒေ့ရှ် နှင့် ဗီယက်နမ် တိုထ့ က်ပင် နည်းပါးလျက် ရှိဆဲ ဖြစ်ပါတယ်။

ဒီအတွက် ပြည်ပမှ အထည်အလိပ် ကုမ္ပဏီ များက လုပ်အားခ သက်သာမှု ကို အသုံးချနိုင်ရေး မြန်မာနိုင်ငံသို့ အလုံးအရင်းဖြင့် ၀င်ရောက်လာနေပြီး ယခုအခါ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်ပေါင်း ၄၀၀ ကျော်ခန့် ဖြစ်လာနေပြီလို့ မြန်မာ အထည်အလိပ် လုပ်ငန်းရှင်များ အသင်း စာရင်းဇယားများ အရ သိရပါတယ်။ အခုလို တိုးတက်လာခြင်းသည် စီးပွားရေး ပိတ်ဆို့ မှု ဖယ်ရှားပေးခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အ၀တ်အထည်များ အဓိက တင်သွင်းသည့် အမေရိကန် ဈေး ကွက်သည် ၂၀၀၃ ဒီပဲယင်း အရေး အခင်း ဖြစ်ပွားပြီး နောက် မြန်မာနိုင်ငံမှ သွင်းကုန်များ ကို လုံးဝ ပိတ်ပင် ခဲ့ပါတယ်။ အလားတူ ဥရောပ နိုင်ငံ အမြောက်အမြား ကလည်း ကုန်သွယိရေး အထူး အခွင့်အရေး နိုင်ငံ အဆင့်အတန်းကို ရုတ်သိမ်းခြင်း အပါအ၀င် အရေးယူမှု အမြောက်အမြား ပြု လုပ်ခဲ့ကြပြန်ပါတယ်။

ဒီနောက်ပိုင်း မြန်မာမှ အ၀တ်အထည်များကို ဂျပန် နဲ့ တောင်ကိုရီယား သို့သာ တင်ပို့ နိုင်ပါတော့တယ်။

၂၀၁၃ နောက်ပိုင်းမှသာ ဒီမိုကရေစီ ပြု ပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် ဥရောပ နိုင်ငံများက ကုန်သွယ်ရေး အထူး အခွင့်အရေး ပေး နိုင်ငံ အဆင့် ပြန်လည် ပေးအပ်ခဲ့တာ ဖြစ်ပြီး အမေရိကန် က ၂၀၁၆ မှ ပြန်ပေး ခဲ့ပါတယ်။

ဒီအတွက် တောင်ကိုရီယား နှင့် တရုတ် မှ အထည်အလိပ် လုပ်ငန်းရှင်များ ဈေးကွက် တိုးချဲ့နိုင်မည့် အလားအလာများကြောင့် မြန်မာနိုင်ငံကို အလုအယက် ၀င်ရောက်လာခဲ့ကြပါတယ်။ Hennes & Meuritiz တို့ လို အ၀တ်အထည် ကုမ္ပဏီ ကြီးများက လည်း ပြည်တွင်း ကန်ထရိုက်တာတွေ ရှာဖွေနိုင်ဖို့ ရောက်လာခဲ့ပြနိပါတယ်။

၂၀၁၅ ဘဏ္ဍာရေး နှစ်မှာ ချူပ်လုပ်ပြီး အ၀တ်အထည် ဒေါ်လာ သန်း ၉၀၀ ဖိုး ပြည်ပကို တင်ပို့ နိုင်ခဲ့ပါတယ်။ ယင်းသည် ဗီယက်နမ် မှ အလားတူ ပို့ ကုန် ပမာဏ၏ ၁၃ ပုံ တပုံ နဲ့ ကမ္ဘောဒီယား၏ ၆ ပုံ တပုံသာ ရှိပါသေးတယ်။ သို့ သော်လည်း မြန်မာသညည် အ၀တ်အထည်များ ထုတ်လုပ်ရာ သိရပါတယ်။အဓိက နိုင်ငံ အဖြစ် တဖြေးဖြေး နဲ့ ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရ မှ ရေနံ နဲ့ သဘာဝ ဓါတ်ငွေ့များ တင်ပို့မှု အပေါ် အလွန် အက္ဈံ မှီခိုနေရမှုကို တဖြေးဖြေး လျော့နည်းသွားစေရန် အတွက် အလုပ်အကိုင် အမြောက်အမြား ဖန်တီးပေးနိုင်ပြီး ပြည်ပကို တင်ပို့ ရောင်းချနိုင်မယ့် ကုန်ထုတ် လုပ်ငန်း များ တိုးမြှင့်လာရေး ကို အားသန်လျက် ရှိနေပါတယ်။

ဒီနေရာမှာ အထည် အလိပ် ထုတ်လုပ်မှု လုပ်ငန်းသည် ကုန်ကျစရိတ် သက်သာခြင်းကြောင့် ပထမဆုံး တာထွက်မယ့် လုပ်ငန်းကြီး ဖြစ်လာနေပါတယ်။

ဤမျ နှင့် အားရ ကျေနပ်နေ၍ မဖြစ်သေးပဲ နည်းပညာ များ တင်သွင်းပြီး အလုပ်အကိုင် ဖန်တီးပေးနိုင်မည့် စက်မှု ကုန်ထုတ် လုပ်ငန်းများကို ပါ တိုးချဲ့နိုင်ရေး အရေးတကြီး လိုအပ်လျက် ရှိသည်ဟု မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှု နှင့် ကုမ္ပဏီ များ အုပ်ချူ ပ်ရေး ဌာန ညွှန်ကြားရေးမှုးချု ပ် ဦးအောင်နိုင်ဦးက ပြောပြခဲ့ပါတယ်။

အားတက်ဖွယ် လက္ခဏ များ အဖြစ် လျပ်စစ် စက်ယန္တာများ ထုတ်လုပ်သည့် အာရှရှိ GE မှ တိုးတက် လိုအပ်လာသော လျပ်စစ် ပမာဏ ကို ဖြည့်ဆီးရန် လျပ်စစ် ထရန်စဖော်မာ စက်ရုံကြီးတရုံ တည်ဆောက် ထုတ်လုပ်ပေးနေပြီး ၂၀၁၃ မှာ ထုတ်လုပ်မူ သုံးဆ တိုးမြှင့် နိုင်ခဲ့ပါတယ်။

၂၀၁၈ မှာ ယခုလက်ရျှိထက် နှစ်ဆ ထုတ်လုပ်ပြီး အလုံး ၈၀၀ အထိ တိုးချဲ့ ကာ ပြည်ပ သို့ တင်ပို့ နိုင်ရန်ပါ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ အထူးသဖြင့် ဖီလစ်ပိုင်ကို အလုံး ၂၀၀ တင်ပို့ ရောင်းချရန် ရှိနေတဲ့ အတွက် ယင်းသည် မြန်မာနိုင်ငံမှ ပြည်ပသို့ အကြီးစား စက်ပစ္စည်းများ ပထမဆုံး တင်ပို့ နိုင်ခြင်း ပင် ဖြစ်ပါတယ်။ (ပုံတွင်ရှု့)

FPT လို့ ခေါ်တဲ့ ဗီယက်နမ် ရဲ့ အကြီးဆုံး IT ကုမ္ပဏီ ကြီးမှ ရန်ကုန် တွင် စင်တာတခု ဖွင့်လှစ်ပြီး ဒေသအတွင်း နည်းပညာ ၀န်ဆောင်မှုများ ပေးလျက်ရှိရာ လက်ရှိ အင်ဂျင်နီယာ ၂၀၀ မှ ၁၀၀၀ ခန့် အထိ တိုးမြှင့် ငှားရမ်း လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။

၁၉၉၀ လွန် နှစ်များက တရုတ်ပြည်မှ လုပ်အားခ ဈေးနဲနဲ သာ ပေးရသော အင်ဂျင်နီယာ များကို ပြည်ပ ကုမ္ပဏီ များက ငှားရမ်း အသုံးပြုနေရာမှ တရုတ်ပြည်တွင် လုပ်အားခများ မြင့်တက်လာခဲ့သဖြင့် ဖီလစ်ပိုင် နှင့် အခြား အာရှ နိုင်ငံများသို့ IT လုပ်ငန်းများ ရွှေ့ ပြောင်း လုပ်ကိုင်ခဲ့ကြပါတယ်။

၂၁ ရာစု ၀င်လာချိန်မှာတော့ ဗီယက်နမ် ၏ FPT သည် အင်ဂျင်နီယာ ပေါင်း တသောင်းခန့် ငှားရမ်း လုပ်ကိုင်နေသော အာရှရှိ အကြီးဆုံး ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

မြန်မာ၏ အကြီးဆုံး IT ကုမ္ပဏီ ဖြစ်သော ACE Data System မှ CEO ဖြစ်သူ ဦးသိန်းဦးမှ ယခုကဲ့သို့ ပြည်ပမှ လုပ်ငန်းများနဲ ထိတွေ့နိုင်ခဲ့ခြင်းကြောင့် ပြည်တွင်းတွင် တီထွင် ကြံဆနိုင်သည့် အခွင့်အလန်းများ ရရှိလာခဲ့ပြီး FTP ကို အတုယူကာ အမှီလိုက်ရန် ရည်ရွယ်သည်ဟု ဆိုပါတယ်။

Ace Data System သည် ယခုအခါ ATM စက်များ ထုတ်လုပ် ရောင်းချသည့် ဂျာမဏီမှ Wincor Nixdorf အပြင် ရန်ကုန် စတော့ ဈေးကွက်အတွက် ကွန်ပြူတာ စနစ် ပံ့ပိုးပေးနေသော ဂျပန် Daiwa Institute of Research တို့ နဲ့ ပူးတွဲ လုပ်ကိုင်လျက် ရှိနေပါတယ်။

လာမယ့် သုံးနှစ် အတွင်း အင်ဂျင်နီယာ အင်အားကို ၆၀၀ ခန့် အထိ တိုးမြှင့်ပြီး စင်္ကာပူ ဈေးကွက်ကို ၀င်ရောက်နိုင်ဖို့ ကြံရွယ်နေသည်ဟု ဦးသိန်းဦးက ပြောပြခဲ့ပါတယ်။

အခြားသတင်းတရပ် အဖြစ် ယမန်နှစ်က သဘာဝ ဓါတ်ငွေ့ တင်ပို့ မှု မှ အမေရိကန် ဒေါ်လာ ၁.၈၂ ဘီလီယံ ရရှိခဲ့ပြီး ယခု နှစ်တွင် နောက်ထပ် ကမ်းလွန် အကွက် ၃၇ ကွက်ကို နိုင်ငံခြား ကုမ္ပဏီ များကို ချပေးလိုက်ပြီ ဖြစ်ပါတယ်။

ပြည်ပသို့ ပဲတင်ပို့ ရောင်းချမှု သည် မနှစ်က ၉ လ အတွင်း တန်ချိန် တသန်း ရောင်းချနိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁ ဘီလီံယံ ခန့် ရရှိ ခဲ့တယ်လို့ သိရပါတယ်။ ယမန်နှစ်ကထက် တန်ချိန် တသိန်းခွဲ ပိုမို တင်ပို့ နိုင်ခဲ့တယ်လို့ သိရပါတယ်

ကိုးကား။ ။ Nikkei Asian Review / Xinhua News Agency

HSW
BrainWave ဉာဏ်လှိုင်း


မြန်မာ MMA ကစားသမား အောင်လအန်ဆန် ယှဉ်ပြိုင်ထိုးသတ်သည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို ယနေ့ ညပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပရာ ရုရှားနိုင်ငံသား လက်ရှိချန်ပီယံ ဗစ်တာလီဘစ်ဒက်ရှ်ကို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ ပွဲတိုင်းအနိုင်ရပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နေသည့် ဗစ်တာလီဘစ်ဒက်ရှ်သည် အောင်လအန်ဆန်ကို လက်ရည်အသာဖြင့် ထိုးသတ်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပထမအချီတွင် နှစ်ဦးစလုံး အကဲစမ်းနေသောကြောင့် ထိရောက်သည့်ထိုးသတ်မှုများမရှိခဲ့သော်လည်း ဒုတိယအချီမှစ၍ ဗစ်တာလီဘစ်ဒက်ရှ်က အသာစီးမှ ထိုးသတ်နိုင်ခဲ့သည်။ ဗစ်တာလီဘစ်ဒက်ရှ်သည် ၄င်းအားသာသည့် ဘယ်လက်သီးနှင့် တံတောင်ကို အဓိကအသုံးပြုသွားခဲ့ပြီး အောင်လအန်ဆန် ညာနဖူး ဖူးရောင်သွားသလို တတိယအချီတွင်လည်း ဗစ်တာလီဘစ်ဒက်ရှ်၏ တံတောင်ရိုက်ချက်ကြောင့် ၀ဲဘက်မျက်လုံးအောက် ကွဲသွားခဲ့သည်။

အောင်လအန်ဆန်သည် အထိနာခဲ့သော်လည်း အချီပြည့်သည်အထိ တောင့်ခံနိုင်ခဲ့ပြီး ဗစ်တာလီဘစ်ဒက်ရှ်မှာ လက်ရည်အသာဖြင့် တောက်လျှောက်ထိုးသတ်နိုင်ခဲ့သောကြောင့် ဒိုင်လူကြီးများဆုံးဖြတ်ရာတွင် ပြတ်ပြတ်သားသားအနိုင်ရခဲ့ခြင်းဖြစ်သည်။ ဗစ်တာလီဘစ်ဒက်ရှ်သည် ကစားသမားဘ၀ ကိုးပွဲထိုးသတ်ရာတွင် ကိုးပွဲစလုံးအနိုင်ရပြီး လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ်နိုင်ခဲ့သည်။ အောင်လအန်ဆန်သည် ကစားသမားဘ၀ ၁၀ မြောက် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။

Eleven Sports


Yanghee lee kachin visit (United Nations Information Centre Yangon)
Yanghee lee kachin visit (United Nations Information Centre Yangon)
ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ ဘူးသီးတောင်နဲ့ မောင်တောမြို့တို့ကို သွားလေ့လာခဲ့ပြီး ရခိုင်နဲ့ မူစလင် နှစ်ဖက် အသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်နယ် ခရီးစဉ်ကို အစိုးရက တာဝန်ယူဆောင်ရွက်ပေမယ့်လို့ ဒေသခံ ရွာသားတွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ လုံခြုံရေးတွေ လိုက်ပါမလာဖို့အတွက် Ms.Yanghee Lee က တောင်းဆိုခဲ့တဲ့အကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံကို ၁၂ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ မနေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ စစ်တွေမြို့မှာ တွေ့ဆုံခဲ့ပြီး ဒီကနေ့မှာ ရခိုင်ပြည် မြောက်ပိုင်းကို သွားရောက်လေ့လာခဲ့ပါတယ်။ အောက်တိုဘာလ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး စွပ်စွဲပြောဆိုနေကြတဲ့ မောင်တောနဲ့ ဘူးသီးတောင် ဒေသတို့ကို ဒီကနေ့မှာ သွားရောက်ခဲ့ပြီး နှစ်ဖက်အသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးခွဲရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

“ဒီနေ့က ခြင်္ကာလီရွာရယ်၊ နောက်အဲဒီက ကိုးတံကောက်ရွာရယ်၊ အဲဒီ ခြင်္ကာလီရွာ၊ အဲဒီရွာတွေကိုရော.. နောက် အဲဒီက IDP camp ရော၊ ဘူးသီးတောင်မှာရောပေါ့၊ မောင်တောမှာ ညအိပ်မယ်။ မောင်တောကနေဆက်ပြီးတော့ ဘူးသီးတောင်ကိုသွားမယ့်ခဏထမင်းစားပြီးတော့ ဘူးသီးတောင်သွားတယ်။ ဘူးသီးတောင်ကနေ ဒီနေ့မောင်တောကို ပြန်နေတယ်အခု။ ”

Ms.Yanghee Lee ဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မစခင်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ ယူဆရတဲ့နေရာတွေကို သွားရောက်လေ့လာဖို့ စီစဉ်ခဲ့ပေမယ့်လို့ ကချင်ပြည်နယ်ဘက်က လိုင်ဇာနဲ့ ဖားကန့်ဒေသတို့ကို အစိုးရက သွားခွင့် မပြုခဲ့ပါဘူး။ ဒါ့အပြင် အလုပ်အကျဉ်းစခန်းတွေထဲမှာ ဆိုးဝါးတဲ့ အခြေအနေမှာ ရှိနေပြီး အကျဉ်းသားတွေကို အခုထက်ထိ ခြေကျင်းခတ် အလုပ်စေခိုင်းတယ်လို့ ပြောဆိုမှုတွေ ရှိနေတဲ့ မွန်ပြည်နယ်က ဇင်းကျိုက် ကျောက်ထုတ် အကျဉ်းစခန်းကို သွားရောက်လေ့လာခဲ့ပေမယ့်လို့ Ms.Yanghee Lee လာရောက်တဲ့နေ့မှာ ကျောက်ထုတ်စခန်းမှာ အလုပ်သမားတွေကို အလုပ်ခိုင်းစေခြင်း မပြုခဲ့ပါဘူး။ လက်ရှိအချိန်မှာတော့ ကုလအထူးကိုယ်စားလှယ်ဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ကို လေ့လာဖို့အတွက် ရောက်ရှိနေတာပါ။ ဒီခရီးစဉ်အတွင်း Ms.Yanghee Lee ရဲ့ လုံခြုံရေးကို အစိုးရက တာဝန်ယူထားပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးက ဦးဆောင်ကာ တာဝန်ယူဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်စိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမင်းအောင်က ပြောပါတယ်။

“ပြည်နယ်အစိုးရကနေပြီးတော့ အဆင်ပြေပြေဖြစ်ဖို့အတွက် ကျနော်တို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးနေလင်းကိုသူနဲ့အတူတူသွားဖို့.. ဟို.. လိုက်ပါပြီးတော့ သူ့ရဲ့ လိုအပ်ချက်တွေပေါ်မှာ လိုက်ပါဆောင်ရွက်ပေးနေတယ်လေ ။ပြည်နယ်အစိုးရအဖွဲ့ရဲ့ဝန်ကြီးတယောက်ကလေ”

အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်တပ်တွေကို အကြမ်းဖက်သမားတွေ ၀င်ရောက်တိုက်ခိုက်ခဲ့ရာကနေ အစပြုခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက တစ်လျှောက်လုံး ဝေဖန်ခဲ့ကြတဲ့ မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေကို ကုလအထူးကိုယ်စားလှယ် Ms.Yanghee Lee ကိုယ်တိုင် သွားရောက်လေ့လာနေတာဖြစ်ပါတယ်။ သူ့အနေနဲ့ အစိုးရရဲံ လုံခြုံရေးတွေနဲ့ အဲဒီ့ဒေသတွေကို သွားရောက်ရမှာဖြစ်တာကြောင့် နှစ်ဖက်အသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံတဲ့အခါမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးပြောဆိုမှုတွေ ရှီနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိပေမယ့်လို့ Ms.Yanghee Lee ကတော့ သူရဲ့ ဒီတစ်ခေါက် ခရီးစဉ် ပြီးဆုံးအောင်အထိ စောင့်ကြည့်ဖို့ လိုပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လို့ မနေ့က ရခိုင်ပြည်နယ် အစိုးရနဲ့ တွေ့ဆုံစဉ်မှာတော့သူ့အနေနဲ့ ဒေသခံ ရွာသားတွေနဲ့ ပြောဆိုမေးမြန်းတဲ့အခါမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လိုက်ပါမလာဖို့ တောင်းဆိုခဲ့တယ်လို့ ဦးမင်းအောင်က ပြောပါတယ်။

“ ရွာတွေမှာ သူသွားတဲ့ရွာ၊ သူရောက်တဲ့ရွာမှာ သူနဲ့ နီးနီးကပ်ကပ်မနေဖို့ပေါ့၊ တပ်မတော် ဒါမှမဟုတ် ရဲတပ်ဖွဲ့ဝင်တွေ သူမေးမြန်းစုံစမ်းတဲ့နေရာမှာ လာပြီးတော့ နီးနီးကပ်ကပ်မနေဖို့၊ ဝေးဝေးမှာနေပြီးတော့ သူ့ဘာသာ လွပ်လွပ်လပ်လပ် မေးမြန်းမယ်၊ မေးချင်တဲ့လူကို မေးမယ်၊ မမေးချင်တဲ့လူကို မမေးဘူး။ လုံခြုံရေးအပိုင်းကနေပြီးတော့ လိုက်ပါဖို့မလိုဘူးဆိုတာလေးကို သူက အသိပေးထားတာပေါ့နော်။ အဲတာမျိုးလေးတွေပြောတာပါ။ မနေ့က။”

Ms. Yanghee Lee ဟာ မြန်မာနိုင်ငံကို လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သတ်လို့ လာရောက်လေ့လာတာ ဒါဟာ ငါး ကြိမ်မြောက်ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီလ ၁၈ ရက်နေ့မှာတော့ ကုလအထူးကိုယ်စားလှယ်ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သွားဖို့ ရှိပါတယ်ခင်ဗျာ။

VOA Burmese News



 ပြည်ပ အလုပ်သမားတွေနဲ့ ကွာလာလမ်ပူ မြင်ကွင်း
မလေးရှားမှာ အသတ်ခံရတဲ့ မြန်မာ အလုပ်သမား ၅ ယောက် အမှုနဲ့ ဆက်စပ်ပြီး ၁၅ ယောက် ဖမ်းဆီး ထားတယ်လို့ သိရပါတယ်။

သေဆုံးသူတွေ လုပ်ကိုင်တဲ့ စက်ရုံပိုင်ရှင်အပါအဝင် စက်ရုံထဲကနဲ့ စက်ရုံနားက လူတချို့ကို ဖမ်းထားတာလို့ အမှု နောက်ဆုံး အခြေအနေ ကို မလေးရှား နာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောပါတယ်။

ဒီလူတွေက မလေး နိုင်ငံသားတွေလည်း ဖြစ်ကြပါတယ်။

စက်ရုံကို ရောက်လာတဲ့ မြန်မာ လူသစ်တွေက ပစ္စည်း ပျောက်တာ တိုင်ကြားလို့ အလုပ်သမား တချို့ ထုတ်ခံရပြီးနောက် ပိုင်ရှင်တွေက မြန်မာ အလုပ်သမားသစ် တွေကို ပိုပြီးမဲလာတာကို ရဲက မှတ်တမ်းယူ ထားတယ်လို့ ဦးဆန်းဝင်းက ဆိုပါတယ်။

နောက် ထွက်ဆိုချက်တွေမှာ မြန်မာ အလုပ်သမားတွေနဲ့ အလုပ်ရှင် ထွက်ဆိုချက်တွေ မညီဘဲ အလုပ်ရှင်ဘက်က လိမ်ညာ တဲ့အတွက် ဖမ်းဆီးတာလို့ သိရပါတယ်။

အခင်းဖြစ်ပွားချိန်က အသက်မသေ ကျန်ရစ်တဲ့ မြန်မာ အလုပ်သမားတွေကိုတော့ သူတို့ အသက် အန္တရာယ် အတွက် ရဲက ဆက်ပြီး ခေါ်ယူထားပါတယ်။

ရဲလက်မှတ် ထုတ်မပေးသေးလို့ အလောင်းတွေ မသင်္ဂြိုဟ် နိုင်သေးပေမယ့် လာမယ့် အပတ်ထဲ သင်္ဂြိုဟ် ပြီးစီးအောင် လုပ်ဆောင်နေတယ် လို့လည်း ဆိုပါတယ်။

ကွာလာလမ်ပူ မြို့ထဲမှာ ဒီလို ၅ လောင်းပြိုင် လူသတ်မှုမျိုး ဖြစ်လေ့ မရှိတာမို့ ရဲဘက်က သေချာ စုံစမ်း စစ်ဆေးနေပြီး မြန်မာ သံရုံးဘက်ကလည်း တောက်လျှောက် လိုက်ပါ ဆောင်ရွက်နေတယ်လို့ ဦးဆန်းဝင်းက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese



ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ဇန်နဝါရီလ ၁၄ ရက်နေ့က ကျင်းပတဲ့ အများပြည်သူပိုင် ယာဉ်လိုင်းစနစ်အကြောင်း သတင်းစာရှင်းလင်းပွဲ မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တွေ့ရစဉ်။ Photo: Aung Thain /RFA
အများပိုင်ယာဉ်လိုင်းစနစ်တွေ ပြုလုပ်ပြောင်းလဲပြီးနောက်ပိုင်း ယာဉ်ကြောပိတ်ဆို့မှုတွေ ကင်းဝေးအောင် အငှားယာဉ်တွေနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ပါတယ်။

လာမယ့် ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ စတင်ပြေးဆွဲမယ့် အများပြည်သူပိုင် ယာဉ်လိုင်းစနစ်အကြောင်း ဒီနေ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် နယ်ကားနံပါတ်တွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကစပြီး မထသ ခေါင်းစဉ်အောက်က လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းသွားမှာဖြစ်ပြီး မထသ စာရင်းရှင်းလင်းပြီးပါက အများပြည်သူသိရှိအောင် ပွင့်လင်းမြင်သာစွာ ချပြသွားမယ်လို့လည်း ပြောပါတယ်။

အများပိုင်ယာဉ်လိုင်း ဝန်ဆောင်မှုလုပ်ငန်းထဲကို ဝင်ရောက်လုပ်ကိုင်တာမျိုးမရှိတဲ့ ယာဉ်လုပ်ငန်းပိုင်ရှင်တွေကို ဇန်နဝါရီလ ၁၅ ရက်နေ့က ညပိုင်းကစပြီး CNG တွေ ထုတ်ပေးတော့မဟုတ်ဘူးလို့လည်း သိရပါတယ်။

လာမယ့် ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ စတင်ပြောင်းလဲပြေးဆွဲမယ့် အများပိုင်ယာဉ်လိုင်းအသစ်တွေကို စီးနင်းမယ့် ခရီးသွားပြည်သူတွေ အခက်အခဲမရှိအောင် ကူညီပေးဖို့အတွက် လုပ်အားပေးလူငယ်တွေက ဒီကနေ့ ရန်ကုန်မြို့ မပာာဗန္ဓုလပန်းခြံမှာ စာရင်းပေးသွင်းနေကြပါတယ်။

လုပ်အားပေးလူငယ်တွေဟာ မနက်ဖြန်အထိ စာရင်းပေးကြမှာဖြစ်ပြီး ဇန်န၀ါရီ ၁၆ ရက်ကနေ ၅ ရက်ကြာ ကူညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကူညီပေးမယ့် လူငယ်တွေဟာ ဘတ်စ်ကားမှတ်တိုင်တွေမှာ စောင့်ဆိုင်းပြီး ခရီးသွားပြည်သူတွေ အခက်အခဲမရှိ ကားစီးနိုင်ဖို့အတွက် ယာဉ်လိုင်းတွေနဲ့ပတ်သက်တာတွေကို ရှင်းပြပေးကြမှာဖြစ်ပါတယ်။ မြို့နယ်တစ်ခုမှာ ကိုယ်စားလှယ် ၂ ဦးစီနဲ့ တာဝန်ခံ ၃ ဦးစီ ရှိမှာဖြစ်ပြီး အဲဒီ ၅ ဦးက ကားမှတ်တိုင်တစ်ခုစီမှာ တာဝန်ယူမယ့် လုပ်အားပေးလူငယ် ၁ ဦးစီကို ကြီးကြပ်ရမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



၂ဝ၁၆ တုန်းက ပွဲတွေ မှာ အောင်လအင်ဆန်း အနိုင်ပွဲတွေ ဆက်
မြန်မာ့ စပါးအုံးလို့ အသိများတဲ့ ကိုယ်ခံပညာ လက်ဝှေ့ အကျော်အမော် အောင်လအင်ဆန်း Aung La N Sang ရဲ့ ကမ္ဘာ့ ချန်ပီယံ ခါးပတ် လုပွဲ ဒီနေ့ ည (ဇန်နဝါရီ ၁၄ ရက် စနေနေ့ ညမှာ) ရှိနေပါတယ်။

One Championship ရဲ့ MMA မစ်ဒယ်ဝိတ်တန်း လက်ရှိ ချန်ပီယံ နဲ့ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့တော်မှာ ထိုးသတ်မှာ ဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံ ရုရှား နိုင်ငံသား ဗစ်တာလေ ဘစ်ဒက်ရှ် ကိုသာ နိုင်ရင် MMA ကမ္ဘာ့ ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး ရှိနေတဲ့ အောင်လအင်ဆန်းက သူ့မှာ ယုံကြည်ချက် အပြည့် ရှိနေတယ် ဆိုပြီး ပွဲကြို ရိုက်ကူးတဲ့ One Championship ဗီဒီယို ထဲ ပြောထားပါတယ်။

အောင်လအင်ဆန်း ဟာ အမေရိကန် နိုင်ငံမှာ ကြီးပြင်း ခဲ့တဲ့ မြန်မာပြည်က ကချင် နွယ်ဖွား တစ်ယောက် ဖြစ်ပါတယ်။

အခုလို MMA ရဲ့ ကမ္ဘာ့ အဆင့်အမြင့်ဆုံး အတန်းမှာ မြန်မာ တစ်ယောက် ယှဉ်ပြိုင် လာနိုင် တာဟာ တခြား မြန်မာ အားလုံး အတွက်လည်း ဂုဏ်ယူစရာ ဖြစ်လိမ့်မယ် ဆိုပြီး အောင်လအင်ဆန်း က ပြောပါတယ်။

အောင်လအင်ဆန်းရဲ့ ပွဲကို စောင့်မျှော် နေကြတဲ့ မြန်မာ ပရိသတ် တွေရဲ့ အားပေး ဂုဏ်ပြု စကားတွေကိုလည်း ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက် ပေါ်မှာ တခဲနက် တွေ့ နေရပါတယ်။

သုဝဏ္ဏ ကွင်း အားကစားရုံမှာ ယှဉ်ပြိုင် ခဲ့တဲ့ ပွဲ တွေ အပါအဝင် ၂ဝ၁၆ တုန်းက ပွဲတွေ မှာတော့ အောင်လအင်ဆန်း အနိုင်ပွဲတွေ ဆက်နိုင် ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese


မွန်ပြည်နယ် မော်လမြိုင်မြို့ စက်မှုဇုန် နယ်မြေရဲစခန်း (ညောင်ပင်ဆိပ်)တွင် အသက်(၁၄)နှစ်အရွယ် မချောအိအမည်ရှိ ကျောင်းသူအား အမှုဖွင့် လှစ်ခြင်းမရှိဘဲ ၄၃ရက်ကြာ ထိန်းသိမ်းထားသည့်ကိစ္စနှင့်ပတ်သက်၍ နယ်မြေရဲစခန်းမှူးအား ဇန်န၀ါရီ ၁၀ ရက်က သထုံမြို့မရဲစခန်း၌ ကျိုက်မရောမြို့နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး ဦးစီးသည့်အဖွဲ့မှ လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

''ရဲစခန်းက ခေါ်ယူထိန်းသိမ်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ လူမှုကွန်ရက်စာမျက်နှာနဲ့ သတင်းဂျာနယ်တွေမှာ တက်လာလို့ စခန်းမှူးကို စုံခုံဖွဲ့စစ်ဆေးနေပါတယ်။ ကလေးမလေးက သထုံကဖြစ်တဲ့အတွက် သထုံမှာလာပြီး မိန်းကလေးငယ်နဲ့ သူ့ရဲ့မိခင်ကိုပါ ဒီကိစ္စစခန်းမှူးက အမှန်တကယ်လုပ်ခဲ့သလားဆိုတာကို လာမေးမြန်းတာပါ။

စခန်းမှူးနဲ့ အဖွဲ့တွေကိုလည်း ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့ရုံးမှာ ၉ ရက်နေ့က စစ်ဆေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့က ကာယကံရှင်တွေရဲ့ထွက်ဆိုချက်တွေကို အထက်ကို တင်ပြသွားမှာပါ။ အရေးယူတဲ့ အပိုင်းကတော့ လူကြီးတွေက ဆောင်ရွက်မှာပါ''ဟု ကျိုက်မရောမြို့နယ် ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးနေလင်းက News Watch သို့ ပြောသည်။

စက်မှုဇုန်နယ်မြေစခန်းတွင် အမှုဖွင့် လှစ်ခြင်းမရှိဘဲ ၄၃ ရက်ကြာ ထိန်းသိမ်းခံထားရသည့် မိန်းကလေးငယ်မှာ သထုံမြို့နယ် ထိန်ပင်ကျေးရွာနေမချောအိဆိုသူဖြစ်ပြီး ကျောင်းတက်ရန်အတွက်
မော်လမြိုင် ညောင်ပင် ဆိပ်ရပ်ကွက်ရှိ အဘွားဖြစ်သူထံတွင် သွားရောက်နေထိုင်ရာမှ အဘွားဖြစ်သူနှင့် စိတ်ဆိုးပြီး မိခင်နေ အိမ်သို့ ပြန်ခဲ့ရာတွင် ငွေကျပ် ၃၇ သိန်း ပျောက်ဆုံးမှုဖြင့် အဘွားဖြစ်သူမှ လာရောက်တိုင်တန်းခြင်းကြောင့် စက်မှုဇုန် ရဲစခန်းမှ ဖြေရှင်းပေးရန် ခေါ်ယူထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က ဒေါ်ဆလမာ၊ မချောအိနှင့် မိခင်ဖြစ်သူတို့ စက်မှုဇုန်နယ်မြေရဲစခန်းသို့ ရောက်ရှိလာပြီး နှစ်ဦးနှစ်ဖက် ဖြေရှင်းနေစဉ်ကာလအတွင်း တည်းခိုစရိတ် မတတ်နိုင်ဟုဆိုကာ ရဲစခန်း၌ နေထိုင်ခွင့်တောင်းသောကြောင့် နေထိုင် စေခဲ့ခြင်းသာဖြစ်ကြောင်း၊ ရဲစခန်းမှ ခေါ်ထားခဲ့ခြင်းမဟုတ်ကြောင်း၊ မိခင်ဖြစ် သူ မလှဝင်းအား ရဲစခန်းသို့ ၀င်ထွက်ခွင့်ပေးထားခဲ့ကြောင်း၊ အဘွားဖြစ်သူ၏ ငွေနှင့်ရွှေထည်စ္စည်းများကိစ္စနှင့်ပတ်သက်၍ တစုံတရာ ဖြေရှင်းပေးခဲ့ခြင်းမရှိသောကြောင့် မချောအိ ရဲစခန်း၌ ရက်အတော်ကြာနေထိုင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိခင်ဖြစ်သူ မလှဝင်းမှ လူမှုအဖွဲ့အစည်းများ နှင့် သမီးဖြစ်သူအား လာရောက်ခေါ်ဆောင်ရာတွင် စခန်းမှူးက လူမှုအဖွဲ့အစည်းများ ရှေ့မှောက်တွင် မိခင်ဖြစ်သူထံ ကောင်းမွန် စွာ ပြန်လည်အပ်နှံခဲ့ကြောင်း၊ အဘွားဖြစ်သူ နေအိမ်အနောက်ဘက်ရှိ ဘက ကျောင်းတွင် ကျောင်းတက်နေစဉ် နေအိမ်မှ ထွက်ပြေးခဲ့ခြင်းဖြစ်သဖြင့် ရဲစခန်း၌ နေထိုင်စဉ် စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် ဘကကျောင်းဘုန်းတော်ကြီးထံ စခန်းမှူးက ကိုယ်တိုင်လျှောက်ထားပေးခဲ့ကြောင်း၊ မချောအိ ရဲစခန်း၌ ရှိနေစဉ်ကာလအတွင်း ၎င်း၏တယ်လီဖုန်းကိုပင် သိမ်းဆည်းမထားဘဲ နေထိုင်စေခဲ့ကြောင်း၊ မချောအိနှင့်မိခင်ဖြစ်သူတို့ ရဲစခန်း၌ နေထိုင်ခဲ့ကြစဉ်ကာလအတွင်း မည်ကဲ့သို့ နေထိုင်ခဲ့ရကြောင်းကို ၎င်းတို့ ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည်များရှိကြောင်းကို မော်လမြိုင် စက်မှုဇုန်နယ်မြေရဲစခန်းမှ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပြန်လည်ရှင်းလင်းတင်ပြထားသည်။

''သမီးကို ပိုက်ဆံပျောက်တဲ့အမှုစစ်တော့ သမီးက လုံးဝမယူရပါဘူးလို့ပြောပါတယ်။ သမီးက ကျောင်းတက်ရ မယ်၊ သမီးကို မြန်မြန်လွှတ်ပေးပါလို့ ပြောပါတယ်။ သမီးက အရမ်းစိတ်ညစ်နေလို့ သေတောင် သေလိုက် ချင်တော့တယ်ပြောတော့ စခန်းမှူးက သူ့ရဲ့သေနတ်ကို ထုတ်ပေးပြီး နင့်ရဲ့နားထင်ကို ပစ်ပြီးသေလိုက်လို့ ပြောတယ်။ သမီးက ပစ်မတတ်လို့ စခန်းမှူးပစ်ပေးပါလို့ပြောတော့ ငါပစ်ရင် ငါထောင်ထဲရောက်သွားမှာပေါ့လို့ ပြန်ပြောပါတယ်။

သမီးကိုတော့ အချုပ်ခန်းရဲ့ဘေးက ခုံမှာပဲ ၄၃ ရက်ထိထားခဲ့တယ်။ အချုပ်ခန်းဘေးက ခုံဆိုတော့ ကြွက်တွေရော၊ ပုရွက်ဆိတ်တွေရောရှိတဲ့အတွက်ကြောင့် သမီးကြောက်လည်း ကြောက်တယ်။

အချုပ်ခန်းအိမ်သာကလည်း ဘေးနားမှာဆိုတော့ အနံ့ကလည်း နံလို့ သမီးထမင်းစားလို့ မရခဲ့ပါဘူး''ဟု မချောအိက ပြောသည်။
ဤအမှု၏ အဓိကသက်သေဖြစ်သော မချောအိနှင့် မိခင်ဖြစ်သူ မလှဝင်းတို့အား သထုံမြို့မရဲစခန်း၌ စစ်ဆေးရာ တွင် မော်လမြိုင် စက်မှုဇုန်နယ်မြေစခန်းမှူးရှေ့၌ မျက်နှာချင်းဆိုင် စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးနေလင်း၏ ပြောပြချက်အရ သိရသည်။

ခေါက်ချိုး
News Watch
https://www.facebook.com/NewsWatchJournal


ရန်ကုန် ၊ ဇန်န၀ါရီ ၁၄ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ တွင်း ဇန်န၀ါရီ ၁၆ ရက်မှ စတင်၍ စုပေါင်း စနစ်ဖြင့် ဘတ်စကား အစီးရေ ၄၀၀၀ ကျော် ပြေးဆွဲ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ရုံး၌ ယနေ့ ဇန်န၀ါရီ ၁၄ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ယခုအခါတွင် ဘတ်စ်ကား အစီးရေမှာ ၃၀၀၀ ကျော် ရှိပြီး တစ်ဦးချင်း အဆိုပြုထားသည့် ယာဉ်များလည်း ရှိနေပြီး ရေတွက်နေဆဲ ဖြစ်ရာ အားလုံး စုစုပေါင်း ၄၀၀၀ ကျော် ရှိမည် ဖြစ်ကြောင်း သိရသည်။

“ပထမ အဆင့် စနစ် ပြောင်းလဲမယ်။ဒီစနစ်ကို အများပိုင် ကုမ္ပဏီ ယာဉ်လိုင်း ပုံသဏ္ဍာန် အဆင့်ကို မရောက်ခင် ကြားခံ တံတား တစ်ခုကတော့ စုပေါင်း ပြေးဆွဲတဲ့ ပုံစံ တစ်ခုနဲ့ ဒီ ၃ လတာ ကာလအတွင်းမှာ စနစ်တကျ ပြင်ဆင်ပြီး အများပိုင် ကုမ္ပဏီများ အဖြစ်နဲ့ ဖွဲ့ စည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


ထို့ အတူ ပြောင်းလဲမည့် စနစ်သစ်တွင် ပါဝင် ပြေးဆွဲရန် တစ်ဦးချင်း ပုဂ္ဂလိကလိုင်းကား ပိုင်ရှင်များသည် ဇန်န၀ါရီ ၁၅ ရက် နောက်ဆုံးထား စာရင်းပေးသွင်း မှတ်ပုံတင်နိုင်ပြီး နောက်ပိုင်း အချိန်တွင် စာရင်း ထပ်မံ ဖြည့်သွင်းရန် လက်ခံတော့မည် မဟုတ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ယခု ပြောင်းလဲ ပြေးဆွဲသည့် ယာဉ်လိုင်းများတွင် မပါဝင်သည့် CNG ဘတ်စကားများအနေဖြင့် CNG ထည့်၍ ရတော့မည် မဟုတ်ကြောင်း ၊ နောက်ပိုင်းတွင် တစ်ဦးချင်းအား CNG တပ်ဆင်ပေးတော့မည် မဟုတ်ဘဲ ကုမ္ပဏီ အလိုက် ခွဲတမ်းများ ချထားပေးသွားမည် ဖြစ်ကြောင်း ၊ ပြောင်းလဲ ပြေးဆွဲမည့် ဘတ်စ်ကားများအား နောက်ပိုင်းတွင် CNG ဖြင့် ပြေးဆွဲရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

စုပေါင်း စနစ်ဖြင့် ပြေးဆွဲမည့် ယာဉ်လမ်းကြောင်းများအား လူစီးမှု အပေါ် မှုတည်ပြီး လမ်းကြောင်း တစ်ခုတွင် ကားအစီးရေ ၅၅ စီးနှင့် အများဆုံး အစီး ၁၀၀ ကျော် လျာထားပြီး လိုအပ်သလို ဖြည့်စွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယာဉ်လိုင်း အသစ်များ ပြေးဆွဲရာတွင် ခရီးစဉ်အပိုင်းအလိုက် ကျပ် ၁ဝဝ၊ ၂ဝဝ၊ ၃ဝဝ သတ်မှတ် ကောက်ခံ သွားမည် ဖြစ်ပြီး ငွေသားစနစ်ဖြင့်လည်းကောင်း၊ ယခင်အသုံးပြုလျက်ရှိသည့်ကတ်စနစ်များဖြင့် လည်းကောင်း ၊ Mobile Application OK Dollar အသုံးပြု၍ လည်းကောင်း ပေးချေ နိုင်ကြောင်း ၊ စတင် ပြေးဆွဲရာတွင် ပြည်သူများ အဆင်ပြေစေရန် ကားမှတ်တိုင်များတွင် အသိပညာပေး ဆိုင်းဘုတ်များ ကပ်ထားမည့် အပြင် ကူညီပေး မည့်သူများလည်း ထားရှိမည် ဖြစ်ကြောင်း သိရသည်။

ယခု ပြောင်းလဲ ပြေးဆွဲမည့် ၃ လတာ ကာလအတွင်း မော်တော်ယာဉ် အသစ်များ ၀ယ်ယူပြီး ၀န်ဆောင်မှု အပြည့် ပေးနိုင်သည့် အခြေအနေများအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ CCTV ကင်မရာများ ၊ GPS စနစ်များဖြင့် Traffic Control Center မှ Operator Team က တိုက်ရိုက် ထိန်းချုပ်နိုင်မည့် စနစ်များ အားလုံးကို ၃ လ အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


ငွေပေးချေမှု စနစ်အား ယခု စတင် ပြေးဆွဲမည့် ၃ လအပြီး နောက်ထပ် ၃ လတွင် စီမံကိန်းအသစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ငွေပေးချေမှု စနစ်အား စနစ်တစ်ခုထဲ ဖြစ်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

“တစ်ဆင့်ချင်း ပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ အဆင့်အတန်းမီ သယ်ယူ ပို့ ဆောင်ရေး စနစ်တစ်ခုကို လုပ်ပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟုဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

မော်တော်ယာဉ်လိုင်းများ သတ်မှတ်ပေးထားသော်လည်း ပြည်သူများ လိုအပ်ချက် ရှိပါက ညှိနှိုင်းပြီး တိုးချဲ့ ၊ ဖြည့်စွက်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ဇန်န၀ါရီ ၁၆ ရက်မှ စတင်၍ မ.ထ.သ ခေါင်းစဉ် အောက်မှာ ရှိသည့် လုပ်ငန်းရပ်အားလုံးကို ရပ်ဆိုင်းပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ မှ ရန်ကုန်မြို့ ရှိ ယာဉ်လိုင်းအားလုံးကို ကွပ်ကဲသွားမည် ဖြစ်ကြောင်း သိရသည်။

(Xinhua)
China Xinhua News



ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ရခိုင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေကို သွားရောက်ဖို့အတွက် ဇန်နဝါရီလ ၁၃ ရက်နေ့က စစ်တွေမြို့ကို ရောရှိလာစဉ်။ Photo: Min Thein Aung/RFA
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ပြီးခဲ့တဲ့နှစ် အောက်တို ဘာလ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့် ရဲစခန်းကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အခြေအနေတွေကို တာဝန်ကျရဲအရာရှိတွေကို မေးမြန်းခဲ့သလို ချိန်ခါလီကျေးရွာက လူငယ်တချို့နဲ့တွေ့ဆုံပြီး ရခိုင်နဲ့ မွတ်ဆလင်တွေရဲ့ ဆက်ဆံရေးအခြေအနေကို မေးမြန်းခဲ့တယ်လို့ ကိုးတန်ကောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုး က ပြောပါတယ်။

ချိန်ခါလီမွတ်ဆလင်ဒုက္ခသည်စခန်းဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရသေ့တောင် မြို့နယ်တ၀ိုက်က ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေ ခိုလှုံနေတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ မစ္စ ယန်ဟီးလီဟာ ချိန်ခါလီဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့သလို ဘူးသီးတောင် အကျဉ်းထောင်ကိုလည်း သွားရောက်ခဲ့ ပါတယ်။

မနက်ဖြန်မှာတော့ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်၊ ဝါးပိတ်၊ ကြက်ရိုးပြင်၊ ငခူရ၊ ဦးချဥ့်ကျ ၊ ရေခပ်ချောင်းခွဆုံ၊ ဒါးကြီးဇား စတဲ့ကျေးရွာတွေကို သွားရောက်မှာဖြစ်သလို တိုင်းရင်းသားကျေးရွာတချို့ကိုလည်း သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

မစ္စ ယန်ဟီးလီဟာ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာဖို့အတွက် မနေ့က စစ်တွေမြို့ ကို ရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ကို ဇန်နဝါရီလ ၁၆ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



တရုတ်နိုင်ငံဟာ သူ့ရဲ့ ယွမ်ငွေကို ကိုယ်တိုင်မသတ်မှတ်ပဲ ဈေးကွက်က ထိန်းချုပ်တာကို လက်ခံသင့်တယ်လို့ မစ္စတာ ထရမ့်က ပြော
ရုရှားဟာ အကြမ်းဖက်စစ်ဆင်ရေးနဲ့ တခြားကိစ္စတွေမှာ ကူညီဆောင်ရွက်မယ်ဆိုရင် စီးပွားရေးပိတ်ဆို့ထားတာကို ပြန်ရုပ်သိမ်းပေးနိုင်တယ်လို့ အမေရိကန်သမ္မတ ဖြစ်လာမယ့် ဒေါ်နယ်ထရမ့်က ဝေါစရိ ဂျာနယ်နဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။

ရုရှားက အမေရိကန် ရွေးကောက်ပွဲကို အွန်လိုင်းက တိုက်ခိုက် နှောက်ယှက်မှုရှိတယ်လို့ အမေရိကန်ထောက်လှမ်းရေး အဖွဲ့တွေက အစီအရင်ခံစာ ထုတ်ပြန်အပြီးမှာ အခုလို စီးပွားရေး ပိတ်ဆို့မှု အစီအမံတွေကို အမေရိကန်ဘက်က ထပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာထရမ့်ဟာ ရုရှား သမ္မတ ပူတင်နဲ့ တွေ့ဖို့ စီစဉ်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဒီမေးမြန်းခန်းမှာ ထည့်ပြောခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံကို တရားဝင် အသိအမှတ်မပြုပဲ နေရမယ့် တရုတ်တပြည်ထောင် မူဝါဒနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးစရာတွေရှိတယ်လို့ တရုတ်ကို မစ္စတာ ထရမ့်က သတိပေးခဲ့ပါတယ်။

စီးပွားရေးမှာ အမေရိကန်ကုမ္ပဏီတွေကိုလည်း ယှဉ်ပြိုင်ခွင့်ပေးတဲ့အနေနဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့ ယွမ်ငွေကို ကိုယ်တိုင်မသတ်မှတ်ပဲ ဈေးကွက်က ထိန်းချုပ်တာကို လက်ခံသင့်တယ်လို့ မစ္စတာ ထရမ့်က ပြောပါတယ်။

ဒါပေမယ့် သူဟာ တရုတ်ကို ယွမ်ငွေကို ကိုယ်ကျိုးရအောင် ဈေးကစားနေတယ်လို့တော့ သမ္မတ ဖြစ်ဖြစ်ချင်း စွပ်စွဲမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese