02/01/17


အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု က အီရန်ရဲ့ ဒုးကျည်စမ်းသပ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ထင်ထင်ရှားရှား ချိုးဖောက်ခြင်း ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

အီရန်ရဲ့ ရန်လိုတဲ့ အပြုအမူတွေ အတွက် အဖြေ တခုခု ရှာရမယ်လို့လည်း နေတန်ညာဟုက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ဖေ့စ်ဘွတ်ခ် မှာ အသံသွင်း ပြောဆိုထားပါတယ်။ အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်နဲ့ လာမယ့် ဖေဖော်ဝါရီလ တွေ့ဆုံမှုမှာ အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ အသစ်တဖန် ပြန်လည် ပြုလုပ်ဖို့ ပြောမယ်လို့လည်း သူက ဆိုပါတယ်။

အီရန်ဟာ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေ၊ ဂျာမနီ၊ ဥရောပ သမဂ္ဂ အဖွဲ့ တို့နဲ့ ၂၀၁၅ ခုနှစ် ခုနှစ်က ပြုလုပ်ခဲ့တဲ့ နျူကလီးယား သဘောတူညီမှု ရပြီနောက်ပိုင်းမှာ အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ခံလာရပါတယ်။

အဲဒီနောက်ပိုင်းမှာ အီရန်ဟာ အလားတူ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ဘယ်လို အမျိုးအစား ဒုံးကျည်တွေကို စမ်းသပ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသလို ဒါတွေဟာ ကုလ ဆုံးဖြတ်ချက်ကို တိတိကျကျ ချိုးဖောက်ခြင်း ပြုလား ဆိုတာလည်း မသေချာပါဘူး။

နေတန်ညာဟုဟာ ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီမှုကို ပြင်းပြင်းထန်ထန် ဝေဖန်တတ်သူပါ။

အီရန်ဟာ ဂျူးလူမျိုးတွေရဲ့ အစ္စရေးနိုင်ငံကို ကမ္ဘာ့မြေပုံပေါ်က ပျောက်ကွယ် သွားစေရမယ်ဆိုပြီး ကြုံးဝါးထားဖူးပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/



ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
အီရန်နိုင်ငံက ပြုလုပ်လိုက်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီကနေ့ အရေးပေါ် အစည်းအဝေး ကျင်းပမှာဖြစ်ပါတယ်။

တာလတ်ပစ်ဒုံးကျည်တစင်း အီရန်က တနင်္ဂနွေနေ့က စမ်းသပ်ပစ်လွှတ် လိုက်ပြီးတဲ့နောက် ဒီအစည်းအဝေးကို ခေါ်ယူဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုခဲ့တာပါ။

စမ်းသပ်တဲ့ ဒုံးကျည် ဘာအမျိုးအစားလဲ၊ သူ့ရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ရှိလဲဆိုတာနဲ့ ပတ်သက်ပြီးလို့တော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ပဲ့ထိန်းတပ်ဒုံးကျည် တွေနဲ့ ပတ်သက်သမျှ Iran အနေနဲ့ ဘာမှ မလုပ်ဆောင်ဖို့ ၂၀၁၅ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က တားမြစ်ထားတာဖြစ်ပါတယ်။

အီရန်ဘက်က သူတို့ရဲ့ နျူကလီးယား အစီအစဉ်ကို ကန့်သတ်ပြီး နိုင်ငံတကာဘက်ကလည်း အရေးယူပိတ်ဆို့မှုတွေ လျော့ပေါ့ဖို့ သဘောတူညီချက်ကို အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ရရှိပြီးနောက် အီရန်ရဲ့ နျူကလီးယားထိပ်ဖူးတပ် ဒုံးအစီအစဉ်ကို ၈ နှစ်တာ တားမြစ်ဖို့ သဘောတူခဲ့ကြတာပါ။

အီရန် က သူတို့ နျူကလီးယား ထုတ်ဖို့ လုပ်မနေပါဘူးဆိုပြီး ငြင်းဆိုနေပေမယ့် လည်း အီရန် ရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်နိုင်ဖို့ စမ်းသပ်နေပါတယ် ဆိုပြီးတော့ စွပ်စွဲချက်တွေထွက်ပေါ်ပြီးတဲ့နောက်မှာ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံက အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနဲ့ တရုတ်တို့ က သဘောတူညီချက်ရအောင် ညှိနှိုင်းထားတာ ဖြစ်ပါတယ်။

အီရန်မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ဒီဒုံကျည်စမ်းသပ်မူ လုပ်သလား မလုပ်ဘူးလားဆိုတာကို အတည်မပြုသွားသလို၊ ငြင်းလည်းငြင်းမသွားခဲ့ပါဘူး။

ဒါပေမယ့် အီရန်ရဲ့ နျူကလီးယား လုပ်ဆောင်မှုတွေဟာ နျူကလီးယား လက်နက်ထုတ်ဖို့ လုံးဝမဟုတ်ပါဘူးလို့ပဲ ထပ်ပြောသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 လူမင်းတို့ဇနီးမောင်နှံဘေးမှာ ဦးကိုနီရဲ့မိခင်ကို မြင်တွေ့ရပါတယ်။

မြန်မာ့ရုပ်ရှင်အစည်းအရုံးရဲ့ဥက္ကဋ္ဌနဲ့ ရုပ်ရှင်သရုပ်ဆောင် လူမင်းနဲ့ သူ့ရဲ့ဇနီး မခင်စပယ်ဦးတို့ဟာ ဟာ ဇန်န၀ါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီလောက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံရပြီးသေဆုံးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥပဒေအကြံပေး ဦးကိုနီရဲ့ မိခင်နဲ့ ကျန်ရစ်သူ မိသားစုကို သွားရောက်တွေ့ဆုံ အားပေးခဲ့တယ်လို့ သိရပါတယ်။


ဦးကိုနီက အင်ဒိုနီးရှားနိုင်ငံခရီးစဉ်အပြန် ရန်ကုန်လေဆိပ်အရောက်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။ လုပ်ကြံခံရစဉ်က ဦးကိုနီ ချီပွေ့ထားခဲ့တဲ့ ကလေးလေးကို လူမင်းက ပေါင်ပေါ်တင် ပွေ့ဖက်ထားတာကို မြင်တွေ့ရပါတယ်။

ယင်းဖြစ်ရပ်ကြောင့် မြန်မာပြည်သူများကြားမှာ အံ့သြတုန်လှုပ် စိတ်မကောင်းချင်းများစွာ ဖြစ်ပေါ်စေခဲ့ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဦးကိုနီရဲ့ ဈာပနကိုလည်း လူထောင်နဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။


ဒါ့အပြင် ဦးကိုနီအား သေနတ်နဲ့ ပစ်ခဲ့တဲ့တရားခံကို လိုက်လံဖမ်းဆီးရင်း သေဆုံးသွားခဲ့ရတဲ့ တက္ကစီသမား ကိုနေဝင်းရဲ့မိသားစုကိုလည်း အနုပညာရှင်များက ဇန်န​​၀ါရီလ ၃၀ ရက်နေ့မှာ ငွေကျပ် ၁,၆၃၀,၀၀၀ (တစ်ဆယ့်ခြောက်သိန်းသုံးသောင်း) သွားရောက်လှူဒါန်းခဲ့ပါတယ်။
ဓူဝံ
Source & Photos : Myanmar Celebrities, , 7Day Daily, ယုန်လေးဖေ့စ်ဘွတ်



သိန်းသုံးရာ နှစ်ဆယ့်သုံးသိန်း ခုနှစ်သောင်းပါ

ဧရာဝတီဘဏ်ဥက္ကဌ ဦးဇော်ဇော်မှ သိန်း ၁၀၀ အပါအဝင် ကိုနေဝင်း မိသားစုအတွက် မနေ့ညက စ ပြီး ဒီနေ့ နေ့လည် ၂:၁၅ မိနစ်အထိ လက်ခံရရှိထားသော မျှဝေကူညီမှု စုစုပေါင်း စာရင်း - သိန်းပေါင်း သုံးရာ နှစ်ဆယ့် သုံးသိန်း ခုနစ်သောင်း သုံးထောင်ကျပ်တိတိ ( ၃၂,၃၇၃ ,၀၀၀ /- )  ဖြစ်ပါတယ် အမျိုးတို့......

ငွေလွှဲလာသူအများစုမှာ အမည်မပါသောကြောင့် စေတနာရှင်တဦး ဟုသာ သုံးစွဲလိုက်ရပါကြောင်း နှင့် နောက်နေ့တွေမှာလည်းကျန်ရှိသောစာရင်းများကို ထပ်ပေါင်းသွားပေးပါမည် ဟုအသိပေးအပ်ပါတယ် ခင်ဗျား.........

1.စေတနာရှင်တစ်ဦး  -30,0000ကျပ်
2.စေတနာရှင်တစ်ဦး  -200,000ကျပ်
3.စေတနာရှင်တစ်ဦး  -30,000ကျပ်
4.စေတနာရှင်တစ်ဦး -30,000ကျပ်
5.စေတနာရှင်တစ်ဦး -2,000ကျပ်
6.စေတနာရှင်တစ်ဦး -10,000ကျပ်
7.စေတနာရှင်တစ်ဦး -300,000ကျပ်
8.စေတနာရှင်တစ်ဦး -1,000ကျပ်
9.စေတနာရှင်တစ်ဦး -150,000ကျပ်
10.စေတနာရှင်တစ်ဦး -200,000ကျပ်
11. ကိုရူပ - 500,000ကျပ်
12.MNO.  - 150,000ကျပ်
13.စေတနာရှင်တစ်ဦး -200,000ကျပ်
14.ဧရာဝတီဘဏ်မှဝန်ထမ်းတစ်ဦး-10,000ကျပ်
15.စေတနာရှင်တစ်ဦး-50,000ကျပ်
16.စေတနာရှင်တစ်ဦး-100,000ကျပ်
17. Heart-50,000ကျပ်
18.စေတနာရှင်တစ်ဦး-50,000ကျပ်
19.စေတနာရှင်တစ်ဦး -200,000 ကျပ်
20.စေတနာရှင်တစ်ဦး -  50,000 ကျပ်
21.စေတနာရှင်တစ်ဦး -  10,000 ကျပ်
22.စေတနာရှင်တစ်ဦး -  100,000 ကျပ် 23.စေတနာရှင်တစ်ဦး -  30,000ကျပ်
24.စေတနာရှင်တစ်ဦး -  100,000 ကျပ်
25.စေတနာရှင်တစ်ဦး -   50,000 ကျပ်
26.စေတနာရှင်တစ်ဦး -  20,000 ကျပ်
27.စေတနာရှင်တစ်ဦး -  10,000 ကျပ်
28.စေတနာရှင်တစ်ဦး -  100,000 ကျပ်
29. MMA.               -   100,000 ကျပ်
30.စေတနာရှင်တစ်ဦး -  10,000 ကျပ်
31.စေတနာရှင်တစ်ဦး -  10,000ကျပ်
32.စေတနာရှင်တစ်ဦး -  100,000 ကျပ် 33.စေတနာရှင်တစ်ဦး - 50,000 ကျပ်
34.စေတနာရှင်တစ်ဦး - 100,000 ကျပ်
35.စေတနာရှင်တစ်ဦး - 100,000 ကျပ်
36.စေတနာရှင်တစ်ဦး - 50,000 ကျပ်
37.စေတနာရှင်တစ်ဦး - 50,000 ကျပ်
38.Ko Myo Zaw Hein. - 100,000 ကျပ်
39.Ko Htein Lin.         - 100,000 ကျပ်
40.Ko Zayzar Min naing- 100,000 ကျပ်
41.စေတနာရှင်တစ်ဦး -  50,000 ကျပ်
42.စေတနာရှင်တစ်ဦး - 15,000 ကျပ်
43.စေတနာရှင်တစ်ဦး -  100,000 ကျပ်
44.Ma Mee Eain.   -   100,000 ကျပ်
45.KNT.                - 150,000 ကျပ်
46. ဦးအောင်ရဲကျော် - 100,000 ကျပ်
47. Dr.ကေခိုင်ဦး      -  30,000 ကျပ်
48.မပန်းပွင့်စံ           -  500,000 ကျပ်
49.ဦးအောင်နိုင်ဦး      -  100,000 ကျပ်
50.ဒေါ်သိန်းသိန်းဆွေ  - 75,000 ကျပ်
51. မအိအိခိုင်            - 10,000 ကျပ်
52. YGN 15.             -  50,000 ကျပ်
53.VO.                     - 50,000 ကျပ်
54.ကိုဇွဲပိုင်မျိုး              - 200,000 ကျပ်
55.စေတနာရှင်တစ်ဦး     - 100,000 ကျပ်
56. ကိုကျော်ဇင်ထက်     - 300,000 ကျပ်
57.စေတနာရှင်တစ်ဦး     - 20,000 ကျပ်
58.ကိုချမ်းမင်းနိုင်           - 100,000 ကျပ်
59.ဒေါ်ဝင်းဝင်းမော်        - 500,000 ကျပ်
60.စေတနာရှင်တစ်ဦး      - 10,000 ကျပ်
61. စေတနာရှင်တစ်ဦး - 50,000 ကျပ်
62. Liquor Shwegonedaing 1,2 - 100,000 ကျပ်
63.စေတနာရှင်တစ်ဦး  - 15,000 ကျပ်
64. စေတနာရှင်တစ်ဦး  - 50,000 ကျပ်
65.ဒေါ်သိဂီင်္ိ                - 60,000 ကျပ်
66.စိုင်းမင်းသူနိုင်          - 150,000 ကျပ်
67.ဦးကျော်ထွန်း           - 100,000 ကျပ်
68. စေတနာရှင်တစ်ဦး       - 20,000 ကျပ်
69.မချိုချိုအောင်            - 50,000 ကျပ်
70.ကိုဖြိုးမင်းမြတ်           - 200,000 ကျပ်
71. စေတနာရှင်တစ်ဦး    - 300,000 ကျပ်
72. စေတနာရှင်တစ်ဦး    - 10,000 ကျပ်
73.ကိုအောင်ဇော်မိုး        - 20,000 ကျပ်
74.ဦးတင့်လွင်               - 100,000 ကျပ်
75. စေတနာရှင်တစ်ဦး     - 100,000 ကျပ်
76. စေတနာရှင်တစ်ဦး      - 100,000 ကျပ်
77. ကိုဟိန်းနေအောင်       - 50,000 ကျပ်
78. ကိုနန္ဒကျော်သူဆွေ - 30,000 ကျပ်
79.ကိုစိုးကျော်သူ        - 200,000 ကျပ်
80.ကိုသန့်ဇင်ထွန်း      - 100,000 ကျပ်
81.USTA+DWK.       -  100,000 ကျပ်
82.စေတနာရှင်တစ်ဦး   - 220,000 ကျပ်
83.Dr.မိုးနိုင်               - 300,000 ကျပ်
84.Trust-E Commerce- 500,000 ကျပ်
85.ကိုသန့်ဇင်အောင်     - 50,000 ကျပ်
86.ရွှေဂဂါင်္ car co.ltd.   - 500,000 ကျပ်
87. ကိုမိုးစံ                 - 100,000 ကျပ်
88.စေတနာရှင်တစ်ဦး    - 5,000 ကျပ်
89.TCL(ESS)Water Supply Proj:- 300,000 ကျပ်
90.စေတနာရှင်တစ်ဦး    - 30,000 ကျပ်
91.စေတနာရှင်တစ်ဦး    - 50,000 ကျပ်
92.ဦးကေသူ                - 50,000 ကျပ်
93. ZAR ZAR VLA PYAE THU - 100,000 ကျပ်
94. စေတနာရှင်တစ်ဦး - 100,000 ကျပ်
95. စေတနာရှင်တစ်ဦး - 100,000 ကျပ်
96. စေတနာရှင်တစ်ဦး - 300,000 ကျပ်
97. စေတနာရှင်တစ်ဦး - 100,000 ကျပ်
98. ကိုမြဟန် - 50,000 ကျပ်
99. မသွန်းယုကျော် - 50,000 ကျပ်
100. စေတနာရှင်တစ်ဦး - 100,000 ကျပ်
101. မရီရီခိုင် - 200,000 ကျပ်
102. ဦးဥာဏ်လင်း - 30,000 ကျပ်
103. စေတနာရှင်တစ်ဦး - 100,000 ကျပ်
104. ဒေါ်ချိုချိုစိန်မောင် - 300,000 ကျပ်
105. စေတနာရှင်တစ်ဦး - 20,000 ကျပ်
106. စေတနာရှင်တစ်ဦး - 50,000 ကျပ်
107. ဒေါ်သက်မွန်အေး - 100,000 ကျပ်
108. စေတနာရှင်တစ်ဦး - 50,000 ကျပ်
109. စေတနာရှင်တစ်ဉ်ီး - 100,000 ကျပ်
110. မစုပိုင်ဆွေ - 10,000 ကျပ်
111. စေတနာရှင်တစ်ဉ်ီး - 100,000 ကျပ်
112. စေတနာရှင်တစ်ဉ်ီး - 50,000 ကျပ်
113. စေတနာရှင်တစ်ဉ်ီး - 50,000 ကျပ်
114. စေတနာရှင်တစ်ဦး - 10,000 ကျပ်
115. မခင်မာထွေး - 300,000 ကျပ်
116. ဒေါ်စုစုလွင် - 50,000 ကျပ်
117. စေတနာရှင်တစ်ဉ်ီး - 50,000 ကျပ်
118. ကိုသန့်စင်ထွန်း - 10,000 ကျပ်
119. ဒေါ်သော်သော်အောင် - 50,000 ကျပ်
120. စေတနာရှင်တစ်ဉ်ီး - 20,000 ကျပ်
121. ဦးဇော်ဇော် - 300,000 ကျပ်
122. စေတနာရှင်တစ်ဦး - 20,000 ကျပ်
123. ကိုဇာနည်ဟိန်း - 20,000 ကျပ်
124. ဦးအောင်စိုး - 100,000 ကျပ်
125. စေတနာရှင်တစ်ဦး - 50,000 ကျပ်
126. ကိုကျော်ညွန့် + မသဉ္ဇာလင်း - 1,000,000 ကျပ်
127. ဦးခင်မောင်သိန်း - 10,000 ကျပ်
128. စေတနာရှင်တစ်ဦး - 50,000 ကျပ်
129. စေတနာရှင်တစ်ဦး - 50,000 ကျပ်
130. စေတနာရှင်တစ်ဦး - 100,000 ကျပ်
131. ဒေါ်မေသူကျော် - 15,000 ကျပ်
132. စေတနာရှင်တစ်ဦး - 100,000 ကျပ်
133. ကိုအောင်မျိုးခင် -  100,000 ကျပ်
134. စေတနာရှင်တစ်ဦး - 50,000 ကျပ်
135. ကိုဝင်း - 50,000 ကျပ်
136. မစန္ဒာဝင်း - 30,000 ကျပ်
137. မခင်မေဇွန် - 200,000 ကျပ်
138. ကိုဇေယျာစိုးတင် - 100,000 ကျပ်
139. မဝေသက်ခိုင် - 100,000 ကျပ်
140. ကိုမြင့်နောင် - 10,000 ကျပ်
141. ဦးတင်ထွဠ် - 500,000 ကျပ်
142. ဦးဇော်ရဲမောင် - 200,000 ကျပ်
143. ကိုရဲလင်းမြတ် - 50,000 ကျပ်
144. ဦးဝင်းလဲ့အောင် - 100,000 ကျပ်
145. စေတနာရှင်တစ်ဦး - 30,000 ကျပ်
146. ဒေါ်ရူပါတင် 200,000 ကျပ်
147. ဒေါ်အေးအေးအောင် - 30,000 ကျပ်
148. စေတနာရှင်တစ်ဦး - 100,000 ကျပ်
149. မစုစုထွန်း - 50,000. ကျပ်
150. Myanmar Travel & Tour - 150,000 ကျပ်
151. စေတနာရှင်တစ်ဦး - 100,000 ကျပ်
152. စေတနာရှင်တစ်ဦး - 170,000 ကျပ်
153. ကို ZLT - 100,000 ကျပ်
154. ကိုခင်မောင်စိုး - 100,000 ကျပ်
155. ရွိုင်ရွယ်ကင်း - 100,000 ကျပ်
156. စေတနာရှင်တစ်ဦး - 100,000 ကျပ်
157. စေတနာရှင်တစ်ဦး - 10,000 ကျပ်
158. ကိုဝင်းသူ - 100,000 ကျပ်
159. ကိုအောင်မင်းသိန်း + မနေနေ - 100,000 ကျပ်
160. Ri Di OHN - 100,000 ကျပ်
161. စေတနာရှင်တစ်ဦး - 20,000 ကျပ်
162. ဒေါ်ပပ၀င်းအေး - 50,000 ကျပ်
163. ကိုဇော်ခိုင် - 100,000 ကျပ်
164. ဒေါ်နွယ်ဇင်ဦး - 20,000 ကျပ်
165. မခိုင်ယဉ်ဝေ - 100,000 ကျပ်
166. ဒေါချယ်ရီစိုး - 100,000 ကျပ်
167. ကိုအောင်မျိုးခိုင် - 40,000 ကျပ်
168. ကိုမြင့်စိုးနိုင် - 20,000 ကျပ်
169. ကိုမင်းသက်၊ ကိုဝေဖြိုး - 100,000 ကျပ်
170. မရင်ရင်သူ - 100,000 ကျပ်
171. ဒေါ်ဖြူဖြူထွေး - 50,000 ကျပ်
172. ကိုအောင်ရဲဝင်း - 50,000 ကျပ်
173. Aye Chan May Real Estate - 100,000 ကျပ်
174. ဦးဝင်းမောင် - 40,000 ကျပ်
175. စေတနာရှင်တစ်ဦး - 30,000 ကျပ်
176. ကိုသက်နိုင်ဦး - 500,000 ကျပ်
177. စေတနာရှင်တစ်ဦး - 50,000 ကျပ်
178. ကိုမျိုးမင်းထွန်း - 100,000 ကျပ်
179. မသီသီလှိုင် - 20,000 ကျပ်
180. ဦးအောင်သူဝင်း - 50,000 ကျပ်
181. စေတနာရှင်တစ်ဦး - 20,000 ကျပ်
182. ဦးကျော်ထွေး - 50,000 ကျပ်
183. Herzfeld Rubinmeyer - 135,000 ကျပ်
184. ဦးခင်မောင် - 100,000 ကျပ်
185. ကိုထွန်းရန်နောင် - 10,000 ကျပ်
186. စေတနာရှင်တစ်ဦး - 50,000 ကျပ်
187. စေတနာရှင်တစ်ဦး - 50,000 ကျပ်
188. မသစ်သစ်သိန်း - 100,000 ကျပ်
189. စေတနာရှင်တစ်ဦး - 50,000 ကျပ်
190. ဒေါ်အိဖြိုးခိုင် -100,000 ကျပ်
191. မမြတ်ပန်း - 10,000 ကျပ်
192. စေတနာရှင်တစ်ဦး - 60,000 ကျပ်
193. မ၀င်းသန္တာ - 50,000 ကျပ် နှင့်
AYA Bank ဥက္ကဋ္ဌ ဦးဇော်ဇော် သိန်းတရာ တို့ဖြစ်ပါတယ်........

စာရင်းများကို ထုတ်ပြီး အလှူရှင်တဦးချင်းနာမည်ကို စိတ်ရှည်စွာကူးယူပေးသော မမ AC Lay နှင့် ငွေစာရင်း မှား မှန် သေချာစွာပြန်စစ်ပေးကြပါကုန်သော Myo Thet Naing Hein Htet Si Myat Pwint Swann Htetz တို့ကို မွချိ ၂ ကျပ်ခွဲဖိုးတင်ပါတယ်။

Credit - Mg Mg Aye


လေဆိပ်မှာသေနတ်သံကြား ပြည်တော်ပြန်တယောက်
သွေးအိုင်ထဲလဲကျသွားတာ
ဖိလစ်ပိုင်မှာလည်းရှိခဲ့တာပဲ
အမိမြေကိုပြန်ခြေချစ အကွီနိုကို
လုပ်ကြံခဲ့သူသမ္မတမားကို့စ်ဟာ ဖိလစ်ပိုင်အပြောင်းအလဲကိုဟန့်တားနိုင်ခဲ့ပါသလား
ရွေးကောက်ပွဲမှာအကွီနို့ဇနီးကိုရှုံူး အာဏာ ပါဆုံးပြီးနိုင်ငံကထွက်ပြေးခဲ့ရမဟုတ်လား။

"ကျနော့်မှာအိပ်မက်တခုရှိတယ်" ဆိုတဲ့ဂန္ဓဝင်မိန့်ခွန်းကို
ကဗျာလိုရွတ်ဆိုခဲ့သူ မာတင်လူသာကင်းဂျူနီယာ...
သူ့ကိုသေနတ်နဲ့ချောင်းပစ်တော့ကော
သူယုံတဲ့
အသားအရောင်ခွဲခြားမှူဆန့်ကျင်ရေးကိုဖျက်ဆီးနိုင်ခဲ့ကြပါသလား
အာဖရိကန်နွယ်ဖွားအိုဘားမားက အမေရိကန်ပြည်ထောင်စုရဲ့အမြင့်ဆုံးရာထူးကိုနှစ်ကြိမ်တောင်တက်ယူပြခဲ့သေးမဟုတ်လား

ဘုရားကျောင်းမှာ ဝတ်ပြုဖို့လာတဲ့ဂန္ဓီကြီးကို
ခြောက်လုံးပြူးးနဲ့တေ့ဖြုတ်ခဲ့ပေမယ့်
သူရဲ့အကြမ်းမဖက်ရေးဝါဒကိုသာအိန္ဒိယဟာ
မြတ်နိုးပန်ဆင်ပြခဲ့မဟုတ်လား

သမိုင်းတလျောက်မှာ သက်သေပြစရာများပါဘိ

"တရားတဲ့ဝါဒကိုလုပ်ကြံလို့ရရိုးလား"

မင်းကိုနိုင် ၃၀ ၁ ၂၀၁၇
လှိုင်မြို့နယ် ၂ရပ်ကွက် စာပေဟောပြောပွဲ


NLD ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးနေတာ နှစ်ရက်မြောက်လာပေမယ့်၊ ဘာရည်ရွယ်ချက်နဲ့ ဘယ်သူက ခိုင်းစေတာလဲဆိုတာကို အစိုးရဖက် ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ တချိန်တည်းမှာ ရဲစစ်ဆေးချက်တွေက အင်တာနက်ပေါ် ပေါက်ကြားလာတဲ့ အပေါ်မှာလည်း လုံခြုံရေးတာဝန်ရှိသူတွေရဲ့ စုံစမ်းဆောင်ရွက်ချက်တွေ အပေါ် မေးခွန်းထုတ်လာစရာဖြစ်လာပါတယ်။ နောက်ကွယ်က တရားခံစစ်မပေါ်ပဲ သေနက်သမားဖမ်းမိမှုနဲ့ပဲ အဆံုးသတ်သွားမှာကို စိုးရိမ်နေကြတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် မမေခ စုံစမ်း မေးမြန်း သတင်းပေးပို့ ထားပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ကို သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခဲ့သူ သေနက်သမားကို ရဲစစ်မေးမှုလုပ်တာမှာ သူဖြေထားတဲ့ ဖြေဆိုချက်တွေဟာ လူမှု ကွန်ရက် မီဒီယာတွေမှာ ပေါက်ကြား ပျံ့နှံ့ခဲ့ပါတယ်။ ဒီစာရွက်စာတမ်းတွေဟာ သေနက်သမားရဲ့ ဖြေဆိုချက် အစစ်အမှန်တွေဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူက ဗွီအိုအေကို အတည်ပြုပြောပါတယ်။

ဥပဒေကြောင်းအရဆိုရင်တော့ ဒီလို ရဲစစ်ဆေးချက်တွေက အများပြည်သူကို ထုတ်ဖော်ပြသမှုကို ကန့်သတ်ထားတာပါ။ ဒီလို ရဲစစ် ဆေးချက် အချို့ပျံ့ နှံမှုက အစိုးရရဲ့ လုံခြုံရေးပိုင်းကို မေးခွန်းတွေ ထုတ်လာသလို လုံခြုံရေးတာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုတွေကို ဝေဖန်ထောက်ပြတာတွေ ရှိလာခဲ့ပါတယ်။ ဘယ်လိုကြောင့် အွန်လိုင်းမှာ ပျံ့နှံခဲ့သလဲဆိုတာ တရားဝင် ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ဥပဒေပညာရှင်တဦး ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ ရှားရှားပါးပါး လူမြင်ကွင်းမှာ အသတ်ခံလိုက် ရတဲ့ ဒီဖြစ်ရပ်ကို အစိုးရပိုင်းဘက်က ဖိဖိစည်းစည်းကိုင်တွယ်မှုအားနည်းနေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် တကယ့် တရားခံအ စစ်မပေါ်ဘဲ ပြီးသွား နိုင်မှာကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ဒါကတော့ အရမ်းရှုပ်ထွေးနေတယ်၊ NLD အဖွဲ့ချုပ်က ဦးဝင်းထိန်ကိုယ်တိုင်က သူတို့ ၀င်ရောက်မစွက်ဖက်ဘူး၊ ဖိအားမပေးဘူးတဲ့။ သူ့အလုပ်ကို သူလုပ်တာပဲ လုပ်ပါလိမ့်မယ်ဆိုပြီးတော့ ဦးဝင်းထိန်ကပြောထားတော့ အဲဒါက တာဝန်အရှိဆုံးလူကပြောတာဆိုတော့ ဆရာတို့က ပြောရမှာ အတော်ခက်တယ်၊ NLD ပါတီကလည်း သူတို့ခေါင်းဆောင်ကို သေမတက်ကြောက်နေရာတာ၊ သူတို့ခေါင်းဆောင် မီးစိမ်း မပြမခြင်း တုတ်တုတ်တောင်မလုပ်ရဲဘူး။ ဒေါ်အောင်ဆန်းစုကြည်က မီးစိမ်းမပြပဲနဲ့ သူ့ဆီက Green Light မပြမချင်း လွှတ်တော်က ဘာအဆိုမှ မတင်ရဲဘူး၊ ဘာကိုမှ မဆုံးဖြတ်ရဲဘူး၊ ဟိုလိုလို ဒီလိုလိုနဲ့ အဆုံးသတ်လိုက်မှာကို သိပ်စိုးရိမ်တာပဲ။ ဒီလို လုပ်ကြံမှုမျိုးက မြန်မာပြည်မှာ တခါမှ မပေါ်ဖူးဘူး။ ဒီတက်လာတဲ့ လူထုအစိုးရက လုံခြုံရေးကို လုံးဝကိုင်ခွင့်မရှိဘူး။ ရဲတပ်ဖွဲ့ကြီးက စစ်တပ်အောက်ရောက်နေတယ်၊ အဲဒီတော့ သူတို့ပေးတဲ့ သတင်းပဲရမယ်၊ သူတို့ လုပ်ချင်တာတွေ ၀င်ရောက်စွက်ဖက်လို့လည်းမရဘူး။ အဲဒါအစဉ်အလာအားဖြင့်လည်း အဲလိုလုပ်နေကြပဲ၊ စစ်အစိုးရ နှစ် ၅၀ သမိုင်းမှာတော့ အဲဒီသဘောကြီး ဖြစ်နေတယ်၊ မဟုတ်တာတွေ လျှောက်ပြနေတယ်၊ ဒါကြီးက တော်တော်သံဿယဖြစ်စရာ ကောင်းတယ်။ ဦးကိုနီနဲ့ ဘုရားဂိုဏ်းတွေလည်း ဘာမှ မဆိုင်ဘူး။”

နိုင်ငံတော်အတွက် အရေးကြီးတဲ့ ဒီလုပ်ကြံမှုဆိုင်ရာ စာရွက်စာတမ်းအချို့ အွန်လိုင်းမှာ ပျံနှံခဲ့တာဟာ နိုင်ငံရဲ့ လုံခြုံရေးစနစ်ကျိုးပေါက်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဝေဖန်ထောက်ပြခဲ့ပါတယ်။

“ဒီလုပ်ကြံသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာ အစိုးရနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စုံစမ်းစစ်ဆေးမှုအပိုင်းကတော့ လက်ရှိအခြေအနေမှာ ပြောမယ်ဆိုရင် အားရ ကျေနပ်ဖွယ်မရှိဘူးလို့ မြင်တယ်။ အမူဖြစ်ပွားပြီးတော့ ဒီ ၂၄ နာရီအတွင်းမှာ ကနဦး သတင်းထုတ်ပြန်မှု အခြေအမြစ်နဲ့ မလုပ်နိုင်တာကလည်း အများပြည်သူကြားမှာ ယုံကြည်မှုကို ကျဆင်းစေတယ်ဆိုပြီး ကျနော်ကတော့ မြင်တယ်။ အရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ကလည်း စောင့်ကြည့်လေ့လာဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်ပြီးတော့ လွှတ်တော်အနေနဲ့လည်း ကျနော့်အမြင်အရ စောင့်ကြည့်လေ့လာဖို့ လိုအပ်တယ်လို့ မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ လူမြင်ကွင်းမှာ လူ ၁ ယောက်ကို ဦးခေါင်းကို သေနတ်နဲ့ ပစ်ပြီးသတ်တယ်ဆိုတာကတော့ အင်မတန်မှ လူမဆန်တဲ့ ဒီလိုဖြစ်ရပ်ဖြစ်ခဲ့တယ်ဆိုတာကို အရေးတယူနဲ့ လေ့လာစောင့်ကြည့်ဖို့ လိုအပ်တယ်လို့ မြင်တယ်။

အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ အဲဒီစာရွက်စာတမ်းအရ ရာဇ၀တ်မှုနဲ့ထောင်ကျဖူး တဲ့ မြင့်ဆွေ ဆိုသူက ဦးကိုနီ ရဲ့ ဓာတ်ပုံကို ပြပြီး သတ်ပေးမည် ဆိုပါက ကား ၁ စီး ပေးမည်ဟုဆိုကာ ပြောဆိုခဲ့ပြီး လုပ်ကြံရာမှာ အသုံးပြုတဲ့ သေနတ် ၂ လက် ကိုလည်း ပေးခဲ့ကြောင်း ဖမ်မိထားတဲ့ သေနတ်သမားက ထွက်ဆိုထားပါတယ်။ ဒီစာရွက်တွေ ဘယ်သူ့ဆီက စတင် ပျံ့နှံ့လာတယ်ဆိုတာတော့ ယခုချိန်ထိ မသိရှိရသေးပါဘူး။

ဖမ်းမိထားတဲ့ သေနတ်သမားဦးကြည်လင်ဟာ ရှေးဟောင်းဘုရားခိုးယူရောင်းဝယ်မှုနဲ့ ထောင်ကျခဲ့သူဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်လက်ထက် လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လည်လွတ်မြောက်လာသူဖြစ်ပါတယ်။

===========


VOA Burmese News


၂၀၁၆ခုနှစ် နှစ်ကုန်အထိ နိုင်ငံတော်၏ ပြည်ပကြွေးမြီ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၉ဘီလီယံနီးပါး(၈,၉၈၉,၈၇၉,၅၄၀ဒဿမ ၃၂) ရှိနေပြီး ကြွေးမြီများအနက် တရုတ်နိုင်ငံကို ပေးဆပ်ရမည့် ပမာဏမှာ အများဆုံးဖြစ်သည်ကို တွေ့ရသည်။

၂၀၁၆ နှစ်ကုန်အထိ နိုင်ငံတော်၏ ပြည်ပကြွေးမြီအရပ်ရပ်မှာ အမေရိကန်ဒေါ်လာ ၉ဘီလီယံနီးပါး ရှိနေပြီး တရုတ်နိုင်ငံကို ပေးဆပ်ရန်ကျန်ငွေမှာ အမေရိကန်ဒေါ်လာ ၄ဘီလီယံနီးပါး(၃,၉၅၅,၆၉၇,၅၇၇ဒဿမ ၅၉)အဖြစ် အများဆုံး ဖြစ်သည်။

အဆိုပါ ကြွေးမြီစာရင်းကို ဇန်နဝါရီ ၃၀ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးဆိုင်ရာခန့်မှန်းခြေစာရင်း၊ ၂၀၁၇ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြစဉ် ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပြည်ပကြွေးမြီများအနက် တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးအဖြစ် ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ကျန်ငွေမှာ အမေရိကန်ဒေါ်လာ ၂ဘီလီယံနီးပါး(၁,၉၉၈,၆၆၁,၅၀၆ဒဿမ ၈၅)ရှိနေသည်ကို တွေ့ရသည်။

ဦးကျော်ဝင်း၏ လွှတ်တော်သို့ တင်ပြချက်အရ ၂၀၁၆နှစ်ကုန်အထိ နိုင်ငံတော်၏ ပြည်တွင်းကြွေးမြီမှာ မြန်မာကျပ်ငွေ ၁၆,၃၃၄ဘီလီယံ၊ ပြည်ပကြွေးမြီမှာ မြန်မာကျပ်ငွေ ၁၀,၆၅၃ဘီလီယံ ရှိနေသည်။

ပြည်တွင်း၊ ပြည်ပ ကြွေးမြီများနှင့်ပတ်သက်၍ ဝန်ကြီး ဦးကျော်ဝင်းက “ကြွေးမြီခံနိုင်ရည်ရှိမှု ဆန်းစစ်ခြင်းနှင့် ကြွေးမြီစီမံခန့်ခွဲမှု ခိုင်မာ အားကောင်းစေရန် ဆောင်ရွက်ခြင်း၊ ကြွေးမြီ မှတ်တမ်းတင်ခြင်း၊ ကြွေးမြီ အစီရင်ခံခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း” ဟု လွှတ်တော်တွင် ပြောသည်။

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/23008


ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ City Center ဂိမ်းဆိုင်အား ဇန်န၀ါရီ ၁၁ ရက်က ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ လောင်းကစားမှုဖြင့် ဖမ်းဆီးခဲ့ရာ ဆိုင်ဝန်ထမ်းလူငယ် ၁၉ ဦးကိုသာ ဖမ်းဆီးပြီး သက်ဆိုင်ရာကုမ္ပဏီပိုင်ရှင်နှင့် တာဝန်ရှိသူများအား ဖမ်းဆီးခြင်းမပြုသောကြောင့် ၀န်ထမ်းမိဘများမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်အနီးရှိ တော်ဝင်နှင်းဆီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၁၁ ရက်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ City Center ဂိမ်းဆိုင်အား ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဂိမ်းဆိုင်ရှိ ၀န်ထမ်း ၁၉ ဦးကို ဖမ်းဆီးခဲ့သည်။ ယင်း ၁၉ ဦးအား လောင်းကစားဒိုင် ပုဒ်မ (၁၄ - က) ဖြင့် ဖမ်းဆီးခဲ့ကာ အာမခံမပေးခြင်းမရှိဘဲ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်ဟု ၀န်ထမ်းများ၏ မိဘများက ပြောသည်။ ၀န်ထမ်း ၁၉ ဦးမှာ နယ်မှ လာရောက်သော အသက် ၁၈ နှစ်နှင့် ၂နှစ်ဝန်းကျင်ကြားရှိ အမျိုးသား ၁ဝ ဦးနှင့် အမျိုးသမီး ၉ ဦးဖြစ်ကြောင်း သိရကာ City Center ဂိမ်းဆိုင်တွင် ၀န်ထမ်းများအဖြစ် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းဆိုင်ဝန်ထမ်းအဖြစ် လျှောက်ထားရာတွင် တရားဝင်လေဘာနှင့် အလုပ် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ယခု သမီးဖြစ်သူမှာ ထောင်ထဲတွင် အခက်အခဲဖြစ်နေကြောင်း မိခင်တစ်ဦးက ပြောသည်။

"အလုပ် လုပ်တာတော့ လေဘာနဲ့လျှောက်တယ်။ ရပ်ကွက်နဲ့ ရဲစခန်း ထောက်ခံစာတွေတောင်းတယ်။ သူလုပ် ရမယ့်အလုပ်က သန့်ရှင်းရေးတဲ့။ ကိုယ်ကလည်း ရိုးရိုးသားသားအလုပ်ကိုပဲ နားလည်တဲ့အတွက် ဖမ်းဆီးခံ ရမယ်အလုပ်ဆိုရင် မိဘအနေနဲ့ မခိုင်းပါဘူး။ သူအသက်အရွယ်နဲ့ သူ့ရုပ်ကလေးက သန့်ရှင်းရေးလုပ်ရမယ့် အရွယ်လည်း မဟုတ်ပါဘူး။ ဆင်းရဲပြီး ပညာမတတ်တော့လည်း ဒီလိုပဲပေါ့။ အထဲက ကလေးကတော့ အမေတဲ့၊ လွတ်လာခဲ့ရင် အပြီးတောင် ပြောင်းချင်တယ်တဲ့။ သမီးက အရမ်းရှက်နေတယ်။ ကျွန်မလေ အပြီး လွတ်စေချင်တယ် အကုန်လုံးကို။ နေရထိုင်ရတာ အရမ်းဒုက္ခရောက်တယ် ထောင်ထဲမှာ" ဟု ဖမ်းဆီးခံထားရသော သန့်ရှင်းရေးဝန်ထမ်း မတင်တင်အေး၏ မိခင် ဒေါ်ခင်ခင်ခိုင်က ပြောသည်။

လောင်းကစားမှုဖြင့် ဖမ်းဆီးခံထားရသော ဂိမ်းဆိုင်မှ ဆိုင်ဝန်ထမ်းလူငယ် ၁၉ ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တရားစွဲဆိုကာ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကြားဖြတ်တရားစွဲ၍ ပန်းဘဲတန်းမြို့နယ်တရားသူကြီးက အာမခံမပေးဘဲ အင်းစိန်ထောင်သို့ ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂိမ်းဆိုင်အလုပ် လုပ်ကိုင်ရာတွင် တရားဝင်စာရွက်စာတမ်းနှင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း မိဘတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

" အလုပ်ဝင်တာ တရားဝင်စာရွက်စာတမ်းနဲ့ ဝင်လုပ်တာပါ။ သူခိုးဂျပိုးလို ဝင်လုပ်တာမဟုတ်ပါဘူး။ ဒီလိုဝင် လုပ်တာကို ကျွန်တော်တို့ကလေးတွေကို မတရားဖမ်းဆီးတာဖြစ်တဲ့အတွက် စိတ်ထိခိုက်ရတယ်။ အခု ကျွန်တော့သားဆိုရင် ပထမနှစ်တက်ရတော့မယ်။ အခုတော့ ကလေးအနာဂတ်က မသေချာတော့ဘူး။ တွေးလို့လည်း မရပါဘူး"လို့ ဖမ်းဆီးခံရသူ ကိုချမ်းသာအောင်၏ ဖခင်က ပြောဆိုသည်။

City Center ဂိမ်းဆိုင်ကို ပိုင်ဆိုင်သူမှာ ဒေါက်တာသိန်းမြင့်ဖြစ်ပြီး ၂ဝဝ၉ ခုနှစ်ကတည်းက တရားဝင် လုပ်ငန်းလိုင်စင်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများကိုလည်း လိုအပ်သည့် စာရွက်စာတမ်းများဖြင့် အလုပ်လျှောက်လွှာများခေါ်ယူကာ အနိမ့်ဆုံးလစာဖြင့်ခန့်ထားခြင်းခဲ့ဖြစ်ကြောင်း ဆိုင်ဝန်ထမ်းလူငယ်များ ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

" လောင်းကစားပစ္စည်းရှိတယ်။ လောင်းကစားတဲ့ အကြွေးစေ့လည်းရှိတယ်။ ကစားတဲ့သူလည်းရှိတယ်ဆိုရင် ဒါက လောင်းကစားမှုမြောက်သွားပြီ။ ဒါကို ကျွန်တော် အငြင်းမပွားဘူး။ သို့သော်ကျွန်တော်တို့က ပိုင်ရှင်က နေပြီးတော့ ပိုင်ရှင်က စေခိုင်းတာ ဒီအလုပ်မင်းလုပ်၊ ငါတို့တရားဝင်ခွင့်ပြုချက်ရပြီးသားဆိုပြီးတော့ အာမခံထား တာရှိတယ်။ ဒါပေမယ့် မင်းတို့ဒီဟာတော့လုပ်၊ မင်းတို့ဖြစ် မင်းတို့ခံဆိုတဲ့ ပြောဆိုထားတာမရှိဘူး။ ဒါမျိုးပြောရင် လည်း ဝန်ထမ်းတွေက ဘယ်လုပ်မလဲဝန်ထမ်းတွေက အဲ့ဒီတော့ သူတို့စေခိုင်းခြင်းခံရပြီးတော့ လစာယူလုပ် တဲ့အတွက် သူတို့မှာတာဝန်ရှိတယ်။ စေခိုင်းသူမှာ။ ဒါကြောင့် စေခိုင်းခံရတဲ့ဝန်ထမ်းတွေ တရားခံဖြစ်သွားတာ အင်မတန်နစ်နာတယ်။ ဒါကြောင့် ကျွန်တော်တို့ ဥပဒေအမြင်နဲ့ ကလေးတွေလွတ်မြောက်ရေး အတွက် ဆက်သွားမှာပဲ" ဟု ဦးမောင်မောင်စိုးက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး လာမည့် ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ပန်းဘဲမြို့နယ်တရားရုံးတွင် အမှုအား ရုံးချိန်းထားသည်။

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/23007

Greater Mekong Initiative ၏အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ဇနီး Mrs. Akie Abe နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိ လာကြရာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါ်ကေသီစိုးနှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ကြိုဆို နှုတ်ဆက်ကြသည်။

ဧည့်သည်တော် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ဇနီး နှင့်အဖွဲ့ သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာ ဗိမာန်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ သုခကာမီ သီလရှင်သင်ပညာရေးကျောင်း၊ ဇလွန်သီလရှင်သင် ပညာရေးကျောင်း၊ ပညာသိင်္ဂီ သီလရှင်သင်ပညာရေးကျောင်း၊ အပမာဒ သီလရှင်သင် ပညာရေးကျောင်းနှင့် ပုည၀ိသုဒ္ဓိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ သွား ရောက် ကြည့်ရှု လေ့လာကြသည်။

ယင်းသို့သွားရောက် ကြည့်ရှုလေ့လာစဉ် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ဇနီး နှင့်အဖွဲ့၊ အလှူရှင်များသည် ပညာရေး စာသင်ကျောင်း တစ်ကျောင်းလျှင် ငွေကျပ် သိန်း ၅၀ နှင့် ကျောင်းသုံးပစ္စည်းများလှူဒါန်းခဲ့ကြသည်။

#MOI

ဇန်န၀ါရီလ ၂၉ ရက် ညနေ ၅ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရားရုံးချုပ်ရှေ့နေ၊NLD ဥပဒေအကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဦးကိုနီ ထွက်လာပါတယ်။ လာရောက်ကြိုဆိုတဲ့ မြေးလေးကို ပွေ့ချီလိုက်တယ်။

ဦးကိုနီမှာ ဇနီးဒေါ်တင်အေး တရားလွှတ်ချုပ် ရှေ့နေနဲ့ အတူနေထိုင်ပြီး သားတစ်ယောက်၊ သမီးနှစ်ယောက် ရှိပါတယ်။ သားက ကွန်ပျူတာ ဆော့ဖ်ဝဲအင်ဂျင်နီယာဖြစ်ပြီး သမီးနှစ်ယောက်မှာ ဆရာဝန်များ ဖြစ်ကြပါတယ်။ လာရောက်ကြိုဆိုတဲ့ မြေးလေးကို ပွေ့ချီလိုက်တဲ့ အချိန်မှာပဲ ပန်းရောင်အင်္ကျီ ၀တ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်က ဦးကိုနီရဲ့ နားထင်ကိုတေ့ကာ သေနတ်နဲ့ ပစ်ထည့်လိုက်ပါတော့တယ်။

“ဒိုင်း” ဆိုတဲ့ အသံနဲ့အတူ ဦးကိုနီ လဲကျသွားတယ်။ ကံအားလျော်စွာ သူ့မြေးလေး ဘာဒဏ်ရာမှ မရခဲ့ပါဘူး။ တာဝန်သိသူ ပြည်သူများက ၀ိုင်းဝန်းဖမ်းဆီးတဲ့အခါ တရားခံဟာ သေနတ်နဲ့ ရမ်းပစ်တယ်။ လူခုနစ်ဦး ဒဏ်ရာရရှိသွားပြီး တစ်ဦးကတော့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒီလုပ် ကြံမှုဟာ မြန်မာ့သမိုင်းမှာ နိုင်ငံရေးလုပ်ကြံမှု အနေနဲ့ အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုလို့ မြင်ပါတယ်။

နိုင်ငံရေး လုပ်ကြံမှုတွေဟာ ဆိုးကျိုးသက်ရောက်မှု များစွာနဲ့ နောက်ဆက်တွဲ ပြဿနာများစွာကို ဖြစ်ပေါ်စေပါတယ်။ ပထမဦးဆုံး ကျွန်တော်ပြောချင်တာက ကနောင်မင်းသား လုပ်ကြံခံရမှုပါပဲ။ ဒါကို ကျွန်တော်တို့က သာမန်အာဏာ လုမှုတစ်ရပ်လို့ပဲ သဘောထားနိုင်ပါတယ်။ တကယ်တော့ ဒီထက်ပိုပြီး နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာပါတယ်။ အိမ်ရှေ့စံ ကနောင်မင်းသားကြီးမရှိတဲ့ နောက်ပိုင်းမှာ သီပေါမင်း အာဏာရယူတယ်။ အဲဒီအချိန်မှာပဲ အင်္ဂလိပ်တွေဟာ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲကို စစ်ကြေညာကာ ၀င်တိုက်တယ်။ တကယ်တန်း သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲ သီပေါမင်းကို ဖမ်းဆီးသွားတယ်။

မြန်မာတွေ အင်္ဂလိပ်ကို မတိုက်နိုင်ဘူးလား။ အင်္ဂလိပ်တွေဟာ အိန္ဒိယ၊ မလေးရှား ကျွန်းဆွယ်တို့ကို သိမ်းပိုက်ထားပြီး အင်အားအင် မတန်ကြီးတာကို လက်ခံပါတယ်။ သူတို့ကိုနိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ မြန်မာတို့ရဲ့ အရည်အသွေးလည်း ဂရုစိုက်ကြည့်ရင် မြင်နိုင်ပါတယ်။ ကုန်းဘောင်မင်းဆက် ၁၁ ဆက်ရှိပါတယ်။ လေးဆက်မြောက် ဆင်ဖြူရှင်လက်ထက်မှာ တရုတ်က ကျူးစစ်ဝင် ရောက်လာတယ်။ နရသီဟပတေ့ တရုတ်ပြေးမင်း လက်ထက်ကလည်း ဒီလိုပဲ တရုတ်တွေ ၀င်ရောက်ခဲ့ဖူးပါတယ်။ ဒီတစ်ခါမှာ တရုတ်စစ်သည်များဟာ နယ်စပ် ယူနန်ပြည်နယ်မှသာ မကပါဘူး။ ပီကင်းမြို့က တရုတ် ဗိုလ်ချုပ်များပင် ပါဝင်လာတယ်။

မြန်မာစစ်တပ်က တရုတ်ကို ရင်ဆိုင်တွေ့ပါတယ်။ တရုတ်စစ်သည်တွေ အင်မတန်များပါတယ်။ “တရုတ်တို့လာသည် ရိုင်ရိုင်လော ရိုင်ရိုင်လော. မြားမိုးရွာသည် ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်လော”ဆိုတဲ့ ကာချင်းလိုပါပဲ။ သူတို့ရဲ့မြားဒဏ်ကို ကြံ့ကြံ့ခံရင်း မြန်မာအမြောက် စစ်သည်များဟာ အမြောက်များဖြင့် ခုခံပါတယ်။ ခဲယမ်းမီးကျောက် အမြောက်တွေရဲ့ အင်အားဟာ အင်မတန်ထိရောက်ခဲ့တယ်။ တရုတ်စစ်ဗိုလ်ချုပ်တွေ ကျဆုံးတယ်။ နောက်ဆုံး တရုတ်တို့ ဆုတ်ခွာသွားကြပါတယ်။ ဒီအကြောင်း မှတ်တမ်းကို တရုတ်ပြည် ပီကင်းပြတိုက်မှာ ယနေ့တိုင်ရှိပါသေးတယ်။ ဆိုလိုတာက မြန်မာတို့ဟာ တရုတ်လို အင်အားများတဲ့ တပ်ကို နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကနောင်မင်းသား ကျဆုံးသွားလေတော့ အင်္ဂလိပ်တပ်ကို အသာတ ကြည်အရှုံးပေးခဲ့ရတယ်။ ကနောင်မင်းသား ကျဆုံးသွားတဲ့အတွက် မြန်မာတစ်မျိုးသားလုံး အလျင်အမြန် ကျွန်ဖြစ်ခဲ့ရပါတယ်။

နောက်လုပ်ကြံခံရ သူကတော့ ဗိုလ်ချုပ်အောင်ဆန်းပါပဲ။ ၁၉၄၇ ခုနှစ် နှစ်ဦးပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်သူတွေကို ကတိပေးခဲ့ပါတယ်။ “တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေရမယ်” တဲ့။ နှစ်တစ်ရာကျော် ကျွန်ဖြစ်ခဲ့တဲ့ မြန်မာပြည်ကို လွတ်လပ်ရေး တစ်နှစ်အတွင်း ရစေမယ်ဆိုတာ အင်မတန် ခက်ခဲပါတယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းက အာမခံကာ ကတိပေးသွားတယ်။ တစ်နှစ် မပြည့်ပါဘူး။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်မှာ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်တွေ လုပ်ကြံခံရတယ်။ ဒီလို လုပ်ကြံခံခဲ့ရပေမယ့်လည်း ဗိုလ်ချုပ်ပြောထားတဲ့အတိုင်း တစ်နှစ်အတွင်း လွတ်လပ်ရေး ရခဲ့ပါတယ်။ ဒါပေမဲ့ ဆုံးရှုံးမှုကိုတော့ အစားထိုးလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတာကို ရှင်းပြပါမယ်။ ၁၉၆၅ ခုနှစ်မှာ စင်ကာပူဟာ မလေးရှားနဲ့ ခွဲထွက်ကာ လွတ်လပ်ရေး ရခဲ့ပါတယ်။ စင်ကာပူမှာ အာဏာအရှိဆုံးက ၀န်ကြီးချုပ်ဖြစ်တယ်။ ၀န်ကြီးချုပ် လီကွမ်ယူဟာ မြန်မာပြည်ကို အားကျခဲ့ပါတယ်။ သူအာဏာရလာပြီး နောက်ငါးနှစ်အတွင်း ရန်ကုန်မြို့ကို အမီလိုက်မယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ သူသဘောကျတဲ့ ရန်ကုန်နဲ့ မြန်မာပြည်ဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာပြီး နောက်ဆုံး LDC လို့ခေါ်တဲ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရပါတယ်။ ဒီတော့ ၀န်ကြီးချုပ်လီကွမ်ယူက သူရဲ့ကက်ဘိနက်မှာ ပြောတယ်။ “မြန်မာပြည်ခုလို ဆင်းရဲသွားတာ ဘာကြောင့်လဲ သိလား။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်တွေကို လုပ်ကြံလိုက်လို့ပဲ။ ဒါကြောင့် ဘယ်သူ့ကိုမှ အလုပ်အကြံမခံရအောင် အစီအမံတွေလုပ်ရမယ်” ဆိုပြီး ပြောခဲ့ပါတယ်။

ကျွန်တော်တို့ စာပေနယ်မှာလည်း သိပ္ပံမောင်ဝ အလုပ်ကြံခံရတာဟာ စာပေအတွက် များစွာဆုံးရှုံးမှု ဖြစ်ခဲ့ပါတယ်။ ဒီအတိုင်းပဲ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဆရာဒေါက်တာ သန်းထွဋ်အောင်ကိုလည်း ကုန်းသီးနဲ့ပစ်ကာ လုပ်ကြံဖို့ ကြိုးစားဖူးပါတယ်။ ဘယ်သူ့ကိုမဆို လုပ်ကြံသတ်ဖြတ်ခံရခြင်းဟာ လူ့ဘောင်လောကအတွက် ဆိုးကျိုးသာ ဖြစ်စေပါတယ်။

ကျွန်တော်ဟာ ဆရာဦးကိုနီကို စာရေးဆရာ တစ်ယောက်လို့ပဲ မြင်ပါတယ်။ တရားခွင်မှ တိုက်ပွဲများဆိုတဲ့ သူရဲ့ပထမဦးဆုံးစာအုပ်ကို ၂၀၁၁ ခုနှစ်မှာ ကျွန်တော် အမှာစာ ရေးပေးခဲ့ပါတယ်။ သူ့စာအုပ်ကို ဖတ်ရကတည်းက သူစာရေးဆရာတစ်ယောက် မွေးဖွားလိုက်ပြီလို့ မြင်ခဲ့ပါတယ်။ သူက တရားဥပဒေဆိုင်ရာ စာအုပ်တွေ ဆောင်းပါးတွေကို ရေးခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဥပဒေဆိုင်ရာ သုံးသပ်ချက်များကို ရေးရင်း ကျွန်တော့်ကိုလည်း နိုင်ငံရေးနဲ့ ဥပဒေရေးတို့နဲ့ ပတ်သက်ပြီးရေးဖို့ တိုက်တွန်းကာ အကူအညီပေးခဲ့ပါတယ်။

သူ့မှာ ကျွန်တော်နဲ့ သဘောထား ကိုက်ညီတဲ့ အယူအဆ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက အခြေခံဥပဒေကို ပြင်ဆင်မယ့်အစား အသစ်တစ်ဖန်ရေးဆွဲဖို့ ဖြစ်တယ်။ ဒုတိယ တစ်ခုကတော့ စင်ကာပူရဲ့ ဘာသာရေး သဟဇာတဖြစ်မှု ဥပဒေ (Religious Harmony Ac) ကို အတုယူဖို့ပါပဲ။ စင်ကာပူမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်စလင်နဲ့ ဟိန္ဒူဘာသာဝင်များ ရှိတယ်။ သူတို့ဟာ အတူတကွ နားလည်သဘောပေါက်ကာ ဘာသာရေး ညီညွတ်မျှတမှုအတွက် လေးစားလိုက်နာဖို့ ဥပဒေကို ပြဋ္ဌာန်းပေးထားပါတယ်။ ကလေးငယ်လေးတွေ ဘ၀ကတည်းက လေ့ကျင့်ပျိုးထောင် ပေးထားတာကို သူခဏခဏ ပြောပါတယ်။ ဦးကိုနီဟာ အများယုံကြည် လေးစားခံရတဲ့ ပညာတတ်တစ်ယောက်ပါ။ သူဟာ မဲအနိုင်ရရှိတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်များကို ဥပဒေရေးရာကို ပို့ချပေးခဲ့သူပါ။

“လူအချင်းချင်း နှိပ်စက်ခြင်းကင်းစေဖို့ ဥပဒေကို နားလည်တတ်မြောက်ထားဖို့ လိုတယ်” ဆိုတာ သူ့ရဲ့ဆောင်ပုဒ်ပါ။ နိဂုံးအနေနဲ့ ပြောချင်တာကတော့ အကြမ်းဖက်မှုဟာ လောကကြီးကို ပျက်စီးစေတယ်။ ကျွန်တော်တို့ လူသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ရန်ညှိုးရန်စတွေကို ဖြေဖျောက်ပြီး ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ဖို့လိုတယ်။

အမုန်းတွေကို ဖြေဖျောက်ကာ မေတ္တာထားနိုင်မှသာ သာယာတဲ့ လူ့ဘောင်ကိုတည် ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်းပါပဲ။

Writer:
ဒေါက်တာခင်မောင်ညို

=============

Eleven Media Group

တာဝန်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ကိုနေ၀င်းလောက် သတ္တိမရှိလျှင်တောင် ကိုနေ၀င်း တစ်ဝက်လောက် သတ္တိရှိသူများ ဖြစ်စေ ချင်ကြောင်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က တက္ကစီယာဉ်မောင်း ဦးနေ၀င်း၏ ဈပနအပြီးတွင် မီဒီယာများ သို့ ပြောကြားခဲ့သည်။

“လက်နက်ကိုင် အဖွဲ့အစည်းအတွေက ဒီထက်ပိုပြီးတော့ စောင့်ရှောက်နိုင် တဲ့သူတွေ ကိုနေ၀င်းလောက် သတ္တိမရှိရင်တောင် ကိုနေ၀င်း တစ်ဝက်လောက် သတ္တိရှိတဲ့သူတွေ ဖြစ်စေချင်တယ် ဘာကြောင့်လဲဆိုတော့ တာဝန်ကိုးဗျ။ တာဝန်အပြည့် ယူထားတဲ့သူတွေက သူ့တာဝန်ကိုသူ ယူရမယ်” ဟု ကိုမင်းကိုနိုင်ကပြောသည်။

လက်ရှိအချိန်တွင် ပြည်သူများ၏ စိတ်ထဲ၌ သင်္ချိုင်းဖြစ်စေ၊ လေဆိပ်ဖြစ်စေ၊ ဘူတာရုံဖြစ်စေ အနောက်မှ သေနတ်ဖြင့် တေ့ထားသလား ဆိုသည့် သံသယဒဏ်ကို ခံစားနေရတုန်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

“သံသယဒဏ် ခံစားနေရတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့မှာ တင်ဖြစ်ခဲ့ပြီကိုး။ ဒီဟာအတွက်ကတော့ ကျွန်တော်တို့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း တာဝန်ရှိသည့် အလျောက် အရင်ထက်ပိုပြီး သတိဝီရိယနဲ့ စောင့်ရှောက် ဖို့ လိုသလို ပြည်သူအချင်းချင်းလည်း အပြန်အလှန် စောင့်ရှောက်ကြရလိမ့်မယ်။ တကယ်ကတော့ ကိုယ့်အလုပ်ကိုယ် လုပ်တာတော့ အကောင်းဆုံးပေါ့” ဟု ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။

ထို့အတူ အသက်မသေသော်လည်း ကိုနေ၀င်းကဲ့သို့ စွန့်စားခဲ့သည့် တက္ကစီယာဉ်မောင်း အားလုံးကိုလည်း အသိအမှတ် ပြုရမည်ဖြစ်သည်။ ကိုနေ၀င်းအနေဖြင့် အသတ်စွန့်၍ ရအောင်ဖမ်းဆီးမှုမျိုး မလုပ်ဆောင်နိုင်ပါက သံသယစိတ် ကြီးမားပြီး ပြည်သူများ အုပ်စုဖွဲ့ တိုက်ခိုက်မှုများ ဖြစ်သွားနိုင်သည်ဟုလည်း ၎င်းကဆိုသည်။

“သူ့ရဲ့စွမ်းဆောင်မှုကြောင့် ဒီကနေ့ထိတော့ လူတွေက ဒီအမှုကို စစ်ဆေးဆဲဆိုတာကို စိတ်ရှည်ရှည်နဲ့ စောင့်နေကြတာပေါ့။ ဒါဒီနေ့ဒီအချိန်ထိတော့ သူ့ရဲ့စွန့်လွှတ်မှုက ဒီလောက် အရာထင်တယ်၊ ဒီထက်အရာထင်တာ များစွာ ရှိပါသေးတယ်” ဟုလည်း ကိုမင်းကိုနိုင်က ဆက်လက်ပြောကြားခဲ့သည်။

သေနတ်သမားတစ်ဦး၏ ပစ်သတ်မှုကြောင့် သေဆုံးသွားသည့် အငှားယာဉ်မောင်းသမား ကိုနေဝင်း အသက် ၄၈ နှစ် ကို ရန်ကုန်တိုင်း အစိုးရ အဖွဲ့အစီအစဉ်ဖြင့် ရေဝေးသုသာန်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ ကိုနေဝင်း၏ နောက်ဆုံးခရီးကို လူထောင်နှင့်ချီ လိုက်ပါပို့ဆောင် နှုတ် ဆက်ခဲ့ကြသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနာယက သူရဦးတင်ဦး၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင် စသည်တို့က ဝမ်းနည်းကြောင်း အမှတ်တရ စကားများ ပြောကြားခဲ့သည်။ ထိုအပြင် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးလည်း ကိုနေဝင်း၏ နာရေးကို လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။

News - Photo ဇော်မင်းထွန်း
The Ladies News

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.