02/26/17


ရှေ့နေ ဦးကိုနီနဲ့ ဦးနေ၀င်းတို့ဟာ NLD ပါတီရဲ့ တလပြည့် အခမ်းအနားကို တတ်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ဂုဏ်ပြုပြောဆို
ရှေ့နေ ဦးကိုနီနဲ့ ဦးနေ၀င်းတို့ဟာ NLD ပါတီရဲ့ တလပြည့် အခမ်းအနားကို တတ်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ဂုဏ်ပြုပြောဆို
လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ရှေ့နေ ဦးကိုနီနဲ့ ဦးနေ၀င်းတို့ဟာ NLD ပါတီရဲ့ သူရဲကောင်းတွေဖြစ်ကြတယ်လို့ လုပ်ကြံခံရမှု တလပြည့် အခမ်းအနားကို တတ်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုပြောဆိုလိုက်ပါတယ်။ ဦးကိုနီသေဆုံးမှုနဲ့ပတ်သတ်လို့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့်လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိနေပေမယ့် ဦးကိုနီသမီးဖြစ်သူကတော့ ကြားဖြတ်သတင်းစာရှင်းလင်းပွဲသာဖြစ်သေးတဲ့အတွက် ဝေဖန်မပြောလိုပဲ၊ နောက်ဆုံးရလဒ်အထိ စောင့်ကြည့်သွားမယ်လို့ တုံ့ပြန်ပြောထားပါတယ်။ ရှေနေဦးကိုနီနဲ့ ဦးနေ၀င်းတို့ သေဆုံးခဲ့တဲ့ တလပြည့်အမှတ်တရအခမ်းနားကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့တော်ဝင်နှင်းဆီမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ရှေ့နေဦးကိုနီနဲ့ ကိုနေဝင်းတို့ရဲ့ ၁လပြည့်အောင်မေ့ဖွယ်အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တတ်ရောက်လာပြီး၊ သူတို့နှစ်ဦးဟာ အန်အယ်ဒီပါတီရဲ့ သူရဲကောင်းတွေအဖြစ် ဂုဏ်ပြု ပြောဆိုသွားပါတယ်။

“ကျမတို့ရဲ့ အဖွဲ့ချုပ်ထဲမှာ ရှေ့နေဦးကိုနီနဲ့ ကိုနေဝင်းတို့လို ပုဂ္ဂိုလ်တွေပါခဲ့တယ်ဆိုတာဟာ ကျမတို့အတွက် အင်မတန်မှ ကျေနပ်စရာကိစ္စတခုဖြစ်ပါတယ်။ ဂုဏ်ယူစရာဖြစ်ပါတယ်။ ကျမတို့အဖွဲ့ချုပ်အနေနဲ့ ဘယ်တော့မှ မမေ့ပါနဲ့ ကျမတို့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရဲတဲ့အခြေအနေမှာ ၊ မလုပ်သင့်မလုပ်ထိုက်တာကို ကြောက်လို့ မလွန်ဆန်ရဲတဲ့အခြေအနေမှာ ဒီလို ကျမတို့ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေထဲက အာဇာနည်သူရဲကောင်းများ ကျမတို့ အဖွဲ့ ရဲ့ သားကောင်းများ ၊ နိုင်ငံတော်ရဲ့ သားကောင်းများ ရှိခဲ့တယ်ဆိုတဲ့ အသိကို အမြဲတမ်းပဲ အောင့်မေ့ပြီးတော့ အင်အားဖြည့်ကြပါစေ လို့ ကျမအနေနဲ့ ဆန္ဒပြုပါတယ်။”

ဒီလို ပြောဆိုခဲ့အပြီးမှာ ကျန်ရစ်တဲ့မိသားစုဝင်တွေကို သီးခြားတွေ့ဆုံနှစ်သိမ့်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံခဲ့ပေမယ့် မနေ့ကအငြင်းပွား ဖွယ် ဝေဖန်မှုတွေရှိနေတဲ့ ပြည်ထဲရေးဘက်က ဦးကိုနီလုပ်ကြံခံရမှုအပေါ်စစ်ဆေးတွေ့ရှိမှုထုတ်ပြန်ကြေညာချက်နဲ့ပတ်သတ်လို့တော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမရှိပါဘူး။ ဦးကိုနီသေဆုံးမှုနဲ့ပတ်သတ်လို့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့်လို့ ပြည်ထဲရေးဝန်ကြီးက ထုတ်ပြန်မှုနဲ့ပတ်သတ်လို့ဝေဖန်မှုတွေရှိနေတဲ့အပေါ် ဦးကိုနီသမီးဖြစ်သူဒေါက်တာရင်နွယ်ခိုင် ကတော့ ဘယ်လိုမှတ်ချက်မှမပေးလိုဘဲ စောင့်ကြည့် လိုသေးတယ်လို့ ပြောဆိုလိုက်ပါတယ်။

“နံပတ်၁ ကတော့ အမပြောရမယ်ဆိုရင် ဒါကလည်း သူတို့ အပြီးသတ် ရုံးတင်ပြီးတာတွေ မဟုတ်တဲ့အခါကျတော့ အမတို့ ဆက်ပြီးစောင့်ကြည့်ရပါမယ်။ ဆိုတော့ မိသားစုအနေနဲ့ လောလောဆယ်မှာ ဒီလောက်ပဲပြောချင်တယ် အကုန်လုံးအပြီးသတ် ရုံးတင်ပြီဆိုတဲ့အချိန်မှာတော့ မိသားစုအနေနဲ့ တခြားပြောစရာတွေ ရှိလာရင်ပြောပါမယ်။ အဆုံးသတ် အားလုံးပြီးသွားတဲ့နေ့မှ အမတို့ ကျေနပ်တယ်၊ မကျေနပ်ဘူးဆိုတာ အမတို့ ပြောပါမယ်။ ဒါအခုက ကြားဖြတ် သတင်းစာရှင်းလင်းပွဲ လို့ အမတို့ နားလည်ထားတယ်လေ။ ဆက်ပြီးတော့ Ongoing investigation လည်းဆက်ရှိနေမယ်လေ။ ရှိတဲ့အခါမှာ ဘာတွေထပ်ပြီးထွက်လာသလဲ ဆိုတာတွေအကုန်လုံး ပြီးမှပဲ ရုံးတင်ပြီဆိုတဲ့အချိန်မှာ အမတို့ ထွက်လာတဲ့အပေါ်မှာ မူတည်ပြီးအမတို့ မိသားစုတိုင်ပြင်ပြီးမှပဲ ကျေနပ်တယ်၊ မကျေနပ်ဘူးဆိုတဲ့ကိစ္စကို အမတို့ ပြောပါမယ်။ လောလောဆယ်မှာတော့အမ comment ပေးစရာမရှိပါဘူး။”

ဦးနေဝင်းဇနီးကတော့ ပြည်ထဲရေးဝန်ကြီးလုပ်ခဲ့တဲ့ ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲပြောဆိုချက်တွေဟာ စိတ်ပျက်အားလျော့စေတယ်လို့ ပြောဆိုလိုက်ပြီး တကယ်သတ်ခဲ့တဲ့ တရားခံ အစစ်ကို ဖမ်းပေးဖို့တောင်းဆိုလိုက်ပါတယ်။

“လက်တော့လက်မခံနိုင်ပါဘူး။ ဒါပေမယ့် သူတို့ပြောလိုက်တဲ့ဥစ္စာက မျှော်လင့်ချက် မဲ့သွားစေတာပေါ့နော်။ ကျမကတော့ တရားခံအစစ်ကို မိမယ်လို့ ကိုယ့်စိတ်ထဲမှာ ထင်ထားတာ အခုလိုမမိပဲနဲ့ သူတို့ဘက်က ကြေညာလိုက်တဲ့ အတွက် ကိုယ့်မျှော်လင့်ချက်တွေကတော့ ပြောက်ကွယ်သွားတာပါ။ အမဘက်ကတော့ မပြောတက်ပါဘူး ပြောလို့လည်းမဖြစ်ဘူးလေ၊ သူတို့ဘက်က အစီအစဉ်အတိုင်းပဲဆက်လုပ်ပါလို့၊ အမှုမှန်ကို ပေါ်စေချင်တယ် တရားခံကိုလည်း အမြန်ဆုံးမိစေချင်ပါတယ်၊ တကယ်လုပ်တဲ့တရားခံပေါ့နော် အဲဒါမှလည်း သူတို့သေရကျိုးနပ်မှာလေ၊ သူတို့ ကွယ်လွန်ရကျိုးနပ်မှာ။”

ဒီအမှုနဲ့ပတ်သက်ပြီး သေနတ်နဲ့ ပစ်ခတ်သူ ကြည်လင်းနဲ့ သူ့ကို အနီးကပ် ကြီးကြပ်စေခိုင်းသူ တပ်မတော်က ဗိုလ်အဖြစ်က ထုတ်ပယ်ခံရသူ အောင်ဝင်းဇော်နဲ့ သူရဲ့နောက်ကွယ်က ညီဖြစ်သူ အငြိမ်းစား ဒုဗိုလ်မှူးကြီး အောင်ဝင်းခိုင်တို့အပြင် တပ်မတော် သတင်းစုဆောင်းရေးတပ်က အငြိမ်းစား ဗိုလ်ကြီး ဇေယျာဖြိုးတို့ ပါဝင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ ဒီထဲမှာ အငြိမ်းစား ဒုဗိုလ်မှူးကြီး အောင်ဝင်းခိုင်ကတော့မမိသေးပါဘူး။ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်အပေါ် အခြေခံပြီး လူငယ်ဘာဝ လုပ်ကြံမှု ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကပြောဆိုထားချက်အပေါ် လက်ခံစရာမရှိဘူးလို့ဝေဖန်မှုတွေ ကရှိနေကြပါတယ်။

VOA Burmese News


ဖိလစ်ပိုင်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၁ နှစ်တုန်းက အာဏာရှင် Ferdinand Marcos ကို ဖြုတ်ချနိုင်ခဲ့တဲ့ ပြည်သူ့အာဏာ တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားကို စနေနေ့က မြို့တော် Manila မှာ ကျင်းပခဲ့ရာမှာ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ပါတယ်။

၁၉၈၆ ခုနှစ်တုန်းက အာဏာရှင် Marcos ကို ဖြုတ်ချနိုင်ခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲမှာ လူပေါင်းသန်းနဲ့ ချီပြီး စုဝေးခဲ့ကြတဲ့ Manila မြို့က ပြည်သူ့အင်အား အထိမ်းအမှတ် ဒီမိုကရေစီ ရုပ်တုရှိရာကို အခု ဆန္ဒပြသူတွေ ချီတက်ခဲ့ကြတာပါ။

အဲဒီတုန်းက လူထုအုံကြွမှုဟာ နောင်မှာ ငြိမ်းချမ်းတဲ့ တော်လှန်ရေးအဖြစ် ကမ္ဘာတလွှား စံပြ နမူနာတခု ဖြစ်လာခဲ့သလို၊ နှစ်ပေါင်း ၂၀ ကြာ အဂတိလိုက်စားမှုတွေ၊ မကောင်းသတင်းတွေ၊ လူ့အခွင့်ရေး ချိုးဖောက်မှုတွေနဲ့ ပြည့်နေတဲ့ အုပ်ချုပ်မှုလည်း အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို ဖိလစ်ပိုင်မှာ နှစ်စဉ် ကျင်းပလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ အစိုးရ ကြီးမှူးကျင်းပတဲ့ အခမ်းအနားဟာ အရင်နှစ်တွေလောက် မခမ်းနားသလို၊ သမ္မတ Rodrigo Duterte ကိုယ်တိုင်လည်း ဒီအခမ်းအနားကို မတက်ရောက်ခဲ့ပါဘူး။

ဒါ့အပြင် သမ္မတဟာ ဒီစနေ၊ တနင်္ဂနွေ သီတင်းပတ်ကုန်အတွက် တောင်ပိုင်း Davao က သူ့နေအိမ်မှာ နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Duterte ဟာ မနှစ်တုန်းကပဲ Marcos ရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလပ်ကို သူရဲကောင်းတွေရဲ့ သင်္ချိုင်းမှာ မြှုပ်နှံဖို့ ခွင့်ပြုခဲ့တာမို့ အာဏာရှင်ကို မကျေနပ်ကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို အကြီးအကျယ် ဒေါသထွက်စေခဲ့တာပါ။

Duterte ကို ထောက်ခံသူတွေကတော့ စနေနေ့မှာပဲ Manila မှာ သူတို့ရဲ့ လူထုစုဝေးပွဲကျင်းပခဲ့ပြီး Duterte ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲ အောင်မြင်စေဖို့ ဆုတောင်းခဲ့ကြတာပါ။ ဒီတိုက်ဖျက်ရေးကို မနှစ်က သမ္မတ Duterte တက်လာချိန်က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ အခုချိန်ထိ မူးယစ်ဆေးဝါး ရောင်းဝယ်မယ်လို့ မသင်္ကာမှုနဲ့ သတ်ပစ်ခဲ့သူ အနည်းဆုံး ၂,၅၅၅ ယောက် ရှိနေပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အီရတ်နိုင်ငံထဲမှာ IS စစ်သွေးကြွအဖွဲ့ဟာ Mosul မြို့ အနောက်ဘက်ပိုင်းရဲ့ နေရာတဝက်လောက်မှာ နောက်ဆုံး ခိုအောင်းနေတာဖြစ်ပြီး အဲဒီနေရာကို အမေရိကန်တပ်တွေရဲ့ အကူအညီနဲ့ သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ အီရတ်တပ်တွေဟာ အပြင်းအထန် ပြန်လည် တိုက်ခိုက်မှုကို ခံနေရတယ်လို့ အီရတ်စစ်ဘက် အရာရှိတွေက ပြောပါတယ်။

အခုအခါမှာ Mosul လေယာဉ်ကွင်းကို ပြန်သိမ်းထားတဲ့ အထူးတပ်ဖွဲ့ အများအပြားက မြို့လယ်က မြောက်ပိုင်းကို သွားနေပြီး သူတို့ဟာ တူရကီကောင်စစ်ရုံးနဲ့ တခြားအစိုးရ အဆောက်အဦးတွေကို ပြန်ပြီးသိမ်းပိုက်ဖို့ စီစဉ်ထားတယ်လို့ ဒုဗိုလ်မှူးကြီး Abdulamir al-Mohammadawi က ပြင်သစ်သတင်းဌာနကို ပြောပါတယ်။

အီရတ်တပ်တွေဟာ IS တွေ သိမ်းထားတဲ့ မြို့တွင်းကို တိုးသွားလေလေ ပြင်းထန်တဲ့ ခုခံမှုတွေနဲ့ ရင်ဆိုင်ရလေလေ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ IS တွေဟာ ဒေသခံတွေ နေနေတဲ့ အိမ်တွေကို လူသားဒိုင်းသဖွယ် အသုံးပြုပြီး ခုခံနေတယ်လို့ ပြောပါတယ်။

Mosul တိုက်ပွဲအတွက် သတင်းယူနေတဲ့ Kurd သတင်းဌာနက စစ်သတင်းထောက် အမျိုးသမီး တဦးဟာ စနေနေ့ မနက်ပိုင်းမှာပဲ သေဆုံးသွားတယ်လို့ အီရတ် Kurd သတင်းဌာနက ပြောပါတယ်။ သေဆုံးသွားတဲ့ သတင်းထောက်ဟာ Shifa Gardi ဖြစ်ပါတယ်။

RFA Burmese
http://burmese.voanews.com


တရုတ်နဲ့ နိုင်ငံရေး တင်းမာမှုကြောင့် ဖြစ်တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြော

တရုတ်နိုင်ငံမှာ ပရိသတ်တွေ အများကြီးကို စွဲဆောင်နိုင်တဲ့ တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေ ပြတာကို တရုတ် ဝက်ဘ်ဆိုဒ် တော်တော်များများက ရပ်ဆိုင်းလိုက်ပါတယ်။

ဒီလို ရပ်ဆိုင်းတာဟာ တရုတ်နဲ့ နိုင်ငံရေး တင်းမာမှုကြောင့် ဖြစ်တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောကြောင်း တောင်ကိုရီးယားသတင်းဌာနတွေက ပြောပါတယ်။

တောင်ကိုရီးယားက အမေရိကန် ဒုံးလက်နက်စနစ်လာရောက် တပ်ဆင်မှုကို လက်ခံခဲ့တာကို တရုတ်ဘက်က မကျေနပ်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က နျူးကလီးယား စီမံကိန်းတွေ ဆက်လုပ်နေတဲ့အတွက် ဒီလို လက်နက်စနစ်ချထားဖို့ မရှိမဖြစ် လိုနေကြောင်း တောင်ကိုရီးယားဘက်က ပြောပါတယ်။

ဒီလို လက်နက်တွေ ချထားတာဟာ ဒေသတွင်း လက်နက် အားပြိုင်မှုတွေ ဖြစ်စေပြီး တောင်ကိုရီးယားအတွက်လည်း အိမ်နီးချင်းနိုင်ငံတွေအထိ လျှို့ဝှက်ထောက်လှမ်းတာတွေ ဖြစ်လာနိုင်တယ်လို့ တရုတ်ဘက်က ဝေဖန်ထားပါတယ်။
BBC Burmese


မိမိနောက်ဘက်သို့ ထိကပ်လာသော အရာတစ်ခု၏ မူမမှန်မှုကို မသဇင် သတိထားမိလိုက်သည်။ ကျပ်ညပ်သတ်နေပြီး လှည့်လို့ လှုပ်လို့ပင်မရသည့် ဘတ်စ်ကားပေါ်တွင် ဖြစ်သည်။ မသဇင်နောက်လှည့်ပြီး စောင်းငဲ့ကြည့်ဖို့ ကြိုးစားလိုက်သည်။ နောက်ကျောဘက်ရှိ လူတစ်ဦးက အသက်ရှူသံ ခပ်ပြင်းပြင်းနှင့် သူမကို အတင်းဖိညှပ်ထားသည်။ အတင်းတိုးပြီး ရုန်းကြည့်လိုက်သည်။ မရ၊၊ တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ်မြောက် တွင်တော့ အောင်မြင်သွားသည်။ သူမမျက်စိထဲ ပြာခနဲ ဖြစ်သွားသည်။ ရှက်ရွံ့ထိတ်လန်ြ့ခင်းနှင့်အတူ ကြောက်စိတ်ပါ ဖြစ်လာသည် ။ ကာယကံရှင် ထိုလူ့မျက်နှာထံအကြည့် ရောက်သွားမိသည် အသက်လေးဆယ်ကျော် အရွယ်၊ မျက်နှာမှာ အဆီတ၀င်းဝင်းနှင့် ချွေးပြိုင်းပြိုင်းကျနေသည်။ မျက်လုံးချင်း ဆုံလိုက်ချိန်တွင် သူ့မျက်နှာပြင်တွင် အောင်မြင်ဝံ့ကြွားသည့် အပြုံးကို လှစ်ခနဲတွေ့လိုက်မိသည်။

မသဇင် မျက်ဝန်းတစ်ခုလုံး မျက်ရည်များ ၀ိုင်းလာသည်။ “မြေနီကုန်း သမားတွေ ရှေ့တိုးထားပါ” ဟု စပယ်ယာ၏ အော်သံ ကြားလိုက်သည်။ မသဇင်မြေနီကုန်း မှတ်တိုင်တွင် ဆင်းလိုက်ပြီး ချုံးပွဲချ ငိုလိုက်မိသည်။

“သွားပြီ ဒီနေ့တော့ စာမေးပွဲချိန် နောက်ကျနေပြီ၊၊ တက္ကစီ အမြန်ပြောင်း ငှားရမှာပဲ” ဟု သူမတစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ယောက်ျားဆိုလျှင် ယင်ဖိုပင် မသမ်းဖူးသေးသည့် မသဇင်ကဲ့သို့ အပျိုစင် မိန်းကလေး တစ်ဦး တွေ့ကြုံလိုက်ရသည်မှာ အခြားမဟုတ်၊ ဘတ်စ်များပေါ်တွင် အမျိုးသမီးများကို လစ်လျှင် လစ်သလို အခွင့်အရေးယူ အနှောင့်အယှက်ပေး ၊ ကာယိနြေ္ဒစော်ကားနေသည့် ‘တဏှားရူး’တစ်ဦး သို့မဟုတ်၊ အမျိုးသမီးအများစု အခေါ် ‘ထောက်လှမ်းရေး’ တစ်ဦးနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုသို့သောသူများသည် အမျိုးသမီးလေးများ၏ နောက်ကျောမှနေ၍ မဖွယ်မရာပြုမှုကြခြင်းကြောင့် ထောက်လှမ်းရေးဟု အမျိုးသမီးအများစုက အမည်သညာ မှည့်ခေါ်ထားခြင်း ဖြစ်သည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းရေး အေဂျင်စီ (JICA) ၏ လေ့လာ ဆန်းစစ်ချက်အရ ရန်ကုန်မြိှု့တွင် အကြောင်း အမျိုးမျိုးကြောင့် လမ်းများပေါ်တွင် နေ့စဉ်သွားလာနေသူသည် နှစ်သန်းရှစ်သိန်း ၀န်းကျင်ရှိသည်။ အဆိုပါ ခရီးသွားပြည်သူများထဲ၌ ကိုယ်ပိုင်ကား၊ တက္ကစီ၊ မီးရထားစီးသူ ခြောက်သိန်းခန့်ရှိပြီး သတ်မှတ်ယာဉ်လိုင်းကား အမျိုးမျိုး စီးသည့် ခရီးသွားပြည်သူ သိန်း၂၀ ကျော်ရှိသည်ဟု စစ်တမ်းတွင် ဖော်ပြ ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရေးသားထားသည်။

မြို့ပြလူနေထိုင်မှု သိပ်သည်း ထူထပ်လာသည်နှင့်အမျှ မထသ စနစ်မှ YBS စနစ်သို့ ယခုနှစ်ဆန်းပိုင်းတွင် ပြောင်းလဲလိုက်သည်။ သို့သော် YBS အရေခြုံ မထသ စနစ်များကြောင့် ရုံးတက်ရုံးဆင်းချိန်သာမက သာမန် အချိန်များတွင်ပါ ဘတ်စ်ကားများက ကျပ်မြဲတိုင်း ကျပ်နေဆဲပင်ဖြစ်သည်။ ထိုဘတ်စ်ကား ကျပ်ကျပ်များကြောင့် ကိုရွှေထောက်လှမ်းရေးများ အတွက် ငွေမကုန်သည့် အခွင့်အလမ်း ကောင်းလေးများ၊ အတွေ့အထိ ကောင်းလေးများကို ဖန်တီးပေး နေမြဲပင် ဖြစ်သည်။

မသဇင်တွေ့ ကြုံခဲ့ရသော အဖြစ်အပျက်မျိုးကို ရန်ကုန်မြို့နေ အမျိုးသမီး တိုင်းလိုလို ပုံသဏ္ဍန်မျိုးစုံနှင့် တွေ့ကြုံခဲ့ကြရသည်။ “ဒီလိုလူမျိုးတွေအတွက် ဘယ်လို မိန်းမ အမျိုးအစား ဖြစ်နေရမယ်ဆိုတဲ့ သတ်မှတ်ချက် မလိုဘူး။ ဘယ်လို အ၀တ်အစားမျိုးနဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်လောက်ပိန်ပိန်၊ ဘယ်လောက်၀၀ ဘယ်လောက် ရုပ်ဆိုးဆိုး၊ ဘယ်လောက်ချောချော ဘာဆိုဘာ သတ်မှတ်ချက်မှ မလိုဘူး။ မိန်းမဖြစ်နေဖို့ပဲ လိုတယ်” ဟု အင်္ဂလိပ်စာပြသည့် ဆရာမလေး မ၀င့်ကလျာက ပြောသည်။

ထောက်လှမ်းရေးများသည် အများအားဖြင့် အသက် ၄၀ အထက် လူကြီးအရွယ် များသာ အများစုဖြစ်ကြောင်း၊ ထောက်လှမ်းနေကျ သူများသာ ထောက်လှမ်းရေး လုပ်ကြကြောင်း၊ စိတ်ရောဂါသည်များ လည်း ဖြစ်နိုင်ကြောင်း ကိုယ်တွေ့ကြုံဖူးသူ အများစုက ဆိုသည်။ တချို့သော မိန်းခလေးများက တွယ်ချိတ် ဆောင်ထားခြင်း ၊ ထောက်ဖိနပ် ချွန်ချွန်နှင့် တက်နင်းခဲ့ခြင်းများကို ပြုလုပ်ခြင်းဖြင့် ၄င်းတို့၏ အခက်အခဲကို လူမသိသူမသိ တိတ်တဆိတ် ဖြေရှင်းခဲ့ကြကြောင်း ကိုယ်တွေ့ကြုံသူများက ပြောသည်။

“လှည်းတန်းမှာ အဲဒီလိုထောက်လှမ်းရေး တစ်ယောက်က အဲဒီကားကျပ်ကျပ် ရပ်နေရတဲ့ အချိန် ကားပေါ်တက်လာပြီး မိန်းကလေးတွေကို မဖွယ်မရာ လိုက်လုပ်တော့တာပဲ။ သူ့ပုဆိုးကို အပေါက်ဖောက်ထားတယ်လေ။ ကျွန်မတို့ တစ်ဆောင်လုံးက သူ့ကိုလှည်းတန်း မှတ်တိုင်မှာ သတိထားမိနေ ကျ ဖြစ်နေတော့ အချင်းချင်း သတိပေးကြတယ်” ဟု ဆေးဘက်ပညာသည် တက္ကသိုလ်ကျောင်းသူက ပြောပြသည်။

ထိုသို့ထောက်လှမ်းရေးများသည် ပျိုအိုမရွေး ကျူးလွန်သည်သာမက ဗိုက်ကြီးသည်ကိုပင် မချန်ကြောင်း ကိုယ်ဝန်ဆောင် မိခင်ဖြစ်သူ UPG အိမ်သုတ်ဆေးကုမ္ပဏီက မန်နေဂျာဖြစ်သူ မသက်ထားနွယ်က ဆိုသည်။

“ကျွန်မက တစ်ရက်လေး ဘတ်စ်ကားစီးမိပါတယ်။ ကိုယ့်ကို မကူညီတဲ့ အပြင် နောက်ကနေ တင်ပါးကိုလက်ဝါးနဲ့ အပြားလိုက်ကို သေချာပွတ်ပြီး ဆင်းပြေးသွားတာ ၊ ကိုယ့်ဘေးနားမှာ ခင်ပွန်းသည်လည်း ပါတယ်။ စိတ်တိုလွန်းလို့။ ယောက်ျားကို ချက်ချင်း ပြောလိုက်ရင်လည်း ရန်ဖြစ်မှာစိုးလို့ တိတ်နေလိုက်ရတယ်” ဟုဆိုသည်။

ရန်ကုန်မြို့နေ ဘတ်စ်ကားစီးသည့် အမျိုးသမီးတိုင်းသည် ဘတ်စ်ကားပေါ် က ထောက်လှမ်းရေးများရန်ကို ရှောင်ရှားရန် နှင့် ခုခံရန် အမျိုးမျိုးသော နည်းဗျူဟာများကို မွေးရာပါ အမူအကျင့်သဖွယ် တတ်မြောက်ထားရပါသည်ဟု ကုမ္ပဏီဝန်ထမ်း မဇင်မာကဆိုသည်။

“ကျွန်မတို့က ကားပေါ်တက်လိုက်တာနဲ့ ငါဒီလူမျိုးတွေကို သတိထားရမယ်။ သတိနဲ့နေရမယ်။ ဖြစ်နိုင်ရင် တစ်ခုခုနဲ့ ဖုန်းထားရမယ်။ ယောက်ျားတွေနားမှာ မရပ်ရဘူး။ ရင်ဘတ်တွေကိုလည်း ပိုက်ဆံအိတ်နဲ့ဖြစ်ဖြစ် ကာထားမယ်” ဟု ပြောသည်။

တစ်ခါတစ်ရံတွင် ထောက်လှမ်းရေး ယောင်ဆောင်လာသည့် ခါးပိုက်နှိုက်များ လည်း ရှိကြောင်း ၊ မိန်းကလေးများ တင်ပါးကို အတင်းတိုးညှပ်ဖိထားပြီး၊ မိန်းကလေးက တစ်ဖက်လှည့်နေချိန် သို့မဟုတ် ပိုက်ဆံအိတ်ကို တင်ပါးဘက်သို့ပို့ လိုက်ချိန်တွင် အိတ်ထဲက ပိုက်ဆံကို နှိုက်သွားကြကြောင်း ဆိုကြသည်။

ခေတ်နှင့်စနစ် တိုးတက်လာမှုကြောင့် ပျိုရွယ်သူ မိန်းခလေးငယ်များက အတိုအထွာ အ၀တ်အစားများဖြင့် မည်သို့ပင် ရဲတင်း သွက်လက်နေပါစေ၊ ဘတ်စ်ကားပေါ်တွင် ထောက်လှမ်းရေးများ နှင့်တွေ့ဆုံသည့်အခါ အများသူငါ ကြားအောင် အော်ဟစ် အကူအညီတောင်းရန် ရှက်ရွံ့နေပြီး၊ တုံ့ပြန်မပြော ဆိုရဲဘဲ ခေါင်းငုံ့ခံနေကြသည်မှာလည်း မိန်းကလေးများ၏ အားနည်းချက်ပင် ဖြစ်သည်။

“ကားကျပ်မှ မဟုတ်ပါဘူး။ ကားမကျပ်လည်း ကိုယ့်ဘေးနား ထိုင်နေတဲ့လူက လည်း မသိချင်ယောင်ဆောင်ပြီး ကိုယ့်ပေါင်ကို လာကိုင်တဲ့လူလည်း ရှိတယ်။ ကျွန်မတို့က ရှက်တာရော ကြောက်တာရောပေါ့။ ကိုယ်အော်လိုက်ရင် ကိုယ့်ကို ပြန်ရိုက်သွားမလား၊ တစ်ခုခု လုပ်သွားမလားဆိုပြီး ပြန်မပြော ရဲဘူး၊ ခေါင်းငုံ့နေရတယ်ဟု ကွန်ပျုတာ တက္ကသိုလ် တတိယနှစ် ကျောင်းသူ မသီရိနွယ်ကဆိုသည်။

ဘတ်စ်ကားပေါ်က ထောက်လှမ်းရေး ပြသ၁နာကို ဖြေရှင်းနိုင်ရန် လွန်ခဲ့သော် လေးနှစ်ဝန်းကျင်က 'အကူအညီပေးမည့် ခရာ' အဖွဲ့ကို ဖွဲ့စည်းပြီး အမျိုးသမီးများကို ကိုယ်ထိလက်ရောက် ကာယိနြေ္ဒထိပါး နှောင့်ယှက်မှု ကြုံတွေ့ရပါက ခရာကိုမှုတ်ရန် တိုက်တွန်းထားပြီး စေတနာလုပ် အားပေး ၁၅၀ ဖြင့် ရန်ကုန်မြို့အတွင်း ဘတ်စ်ကား မှတ်တိုင် ရှစ်နေရာတွင် 'အကူအညီပေးမည့်ခရာ' (၀ီစီ)များနှင့် သတင်း အချက်အလက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကို အမျိုးသမီးများအား ဝေငှခဲ့သည်။ သို့သော်လည်း မိန်းကလေးများက ထိုခရာမှုတ်ရမည့် ကိစ္စကိုလည်း ရှက်ကြပြန်သည်။

မိန်းကလေးများ ရှက်ရွံ့ကြောက်လန့်ကြမှုကြောင့်ပင် ကိုရွှေထောက် လှမ်းရေးများ မျိုးတုံးပျောက်ကွယ်ခြင်း မရှိသေးပေ။ အချို့သော ထောက် လှမ်းရေးများသည့် ဟိတ်ဟန်ကောင်းလွန်း ကြသည်။ ၄င်းတို့မပြု မူ ယောင်ဆောင်ခြင်း၊ မိန်းကလေးက တစ်စုံတစ်ရာ အနိုင့်အထက် ပြုလို ဟန်ဆောင်ခြင်း၊ တစ်ခုတုံ့ပြန်လိုက်လျှင် ပြန်လည် ဟိန်းဟောက်ပြောဆိုခြင်း များ ပြုလုပ်ကြခြင်း ကြောင့်လည်း ဖြစ်သည်။

“ကျွန်မက ရှင်သိပ်မသရမ်းနဲ့နော်လို့ အော်လိုက်တော့ သူက ကောင်မ ငါဘာလုပ်လို့လဲ၊ နင့်ဘာသာနင် ထင်နေတာဆိုပြီး ကိုယ်ကိုပြန်ပြီး အော် တယ်။ ကားပေါ်က လူတွေကလည်း သူဟန်ဆောင်ကောင်းတော့ ကိုယ်ကပဲမှားပြီး စွပ်စွဲသလိုလို မြင်သွားကြတယ်” ဟု ကိုယ်တွေ့ကြုံဖူးသူ မ၀တ်ရည်က ပြောသည်။

ဘတ်စ်ကားပေါ် ရောက်နေသူ အမျိုးသမီးတိုင်း မြင်မြင်ရာ ယောက်ျား တိုင်းကို ထောက်လှမ်းရေးများ ဖြစ်မလားဟု မလုံခြုံသည့် သံသယ စိတ်ဖြင့် ရှောင်ရှားနေရသဖြင့် ရံဖန်ရံခါ နှမချင်းစာနာတတ် သည့် ယောက်ျားလေးများနှင့် ပြသ၁နာကြုံရတတ်ကြောင်း တာဝန် ထမ်းဆောင်နေ သည့် မ၀တ်ရည်ကဆိုသည်။ “တစ်ခါကလေ ကျွန်မနောက်ကြောက မသိုးမသန့် ဖြစ်လာတော့ တံတောင်နဲ့ တအားထိုးပစ် လိုက်တာ နောက်က ကောင်လေးက သူ့အမေအတွက် ၀ယ်လာတဲ့ လက်ဖက် ရည်ပူတွေ ပြုတ်ကျကုန်ရော” ဟု မ၀တ်ရည်က ရယ်လျက်ပြောသည်။

ဘတ်စ်ကားပေါ်က ထောက်လှမ်းရေးများကိစ္စကို သာမာန်ဖြစ်နေကျ ကိစ္စတစ်ခုအဖြစ် အမျိုးသမီးအချို့က မှတ်ယူထားကြပြီး ကားကျပ်သည်က တစ်ကြောင်း၊ လိင်မှုကိစ္စပညာများ မသိထားခြင်းများကြောင့် တစ်ကြောင်း အမျိုးသမီးအများစုက တုံ့ပြန်ရန် ခက်ခဲတတ်ကြသည်။ ရှက်ရွံ့စွာ ငုံ့ခံတတ်ကြသည်။ တိတ်တဆိတ် နည်းလမ်းဖြင့် ဖြေရှင်းပြီး မိန်မချင်းသာ ရင်ဖွင့်ပြောဆိုရဲကြသည်။

"အရင်ကတော့ ကြောက်လို့၊ ဘာမှန်းမသိရှက်လို့ ခံခဲ့ကြရတယ်။ ကျွန်မတို့ ဘာလို့ခံရမှာလဲ၊ ကျွန်မတို့ဟာ သူတို့ရဲ့ Sex Object မဟုတ်ပါဘူး။ ဒါကိုသိစေချင်တာပါ" ဟု အကူအညီပေးမည့် အခရာအဖွဲ့မှ ဒေါ်ထားထား က ပြောသည်။

"ဒါဟာ အကြမ်းဖက်မှုပဲ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု။ မတရား လုပ်သူနဲ့  မတရားခံရသူ၊ ရှက်ရသူနဲ့ အမှန်တကယ် ရှက်သင့်သူ၊ ဘယ်သူက ရှက်သင့်သူမို့ အမှန်တရားကို ကျွန်မတို့ မိန်းမသားတွေ ဖုံးကွယ်မိကြတာပါလဲ။ ဘာ့ကြောင့် ကြောက်ရွံ့ အားငယ်ရမှာလဲ။ ကျမတို့ လူမှုအဖွဲ့ အစည်း တစ်ခုလုံးက ကျွန်မတို့ မိန်းမသားတွေဘက်က ယုံကြည်စွာ ရပ်တည်ပေး မယ်ဆိုရင် ကျွန်မတို့ အတွက် ဘတ်စ်ကားအပေါ်က အမှန်တရားဟာ ခုလိုပဲ အုံ့ ပုန်းဖြစ်နေမှာ မဟုတ်ပါဘူး” ဟု အင်္ဂင်္လိပ်စာပြသည့် ဆရာမလေး မ၀င့်ကလျာက အမျိုးသမီး အားလုံးအတွက် အားပေးစကား ပြောဆိုသည်။

မိမိသန့်
The Ladies News


ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးကျော်ဆွေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်
ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးကျော်ဆွေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်
Photo : Aung Thai Kha/RFA
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေနဲ့ အမှုနဲ့ ဆက်စပ်သူတွေကို လူငယ် အဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က သုံးနှုန်းပြော ကြားမှုအပေါ် လူငယ်အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အသက်လေးဆယ်ကျော် ငါးဆယ်နီးပါး ပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်ကို လူငယ်သဘာဝဆိုပြီး ပုံမှားရိုက်တဲ့ ကိစ္စကို သမိုင်းအမှားအနေနဲ့ မတွင်စေချင်ဘူးလို့ ရန်ကုန်လူငယ်ကွန်ရက် ဥက္ကဌ မသဉ္ဇာရွန်းလဲ့ရည် က ပြောပါတယ်။

"အသက်လေးဆယ်ကျော် ငါးဆယ်နီးပါး ဒီပုဂ္ဂိုလ်တွေဟာ လူငယ်သဘာဝ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး အဆင်ခြင်မဲ့လုပ်ကြကိုင်ကြတယ်လို့ ပုံသဏ္ဍန်အသွင်ဖမ်းပြီး လူငယ်သဘာဝဆိုပြီးစကားလုံးကို ပုံဖျက်သုံးသွားတယ်။ ဆင်သေကိုဆိတ်သရေနဲ့ဖုံးသလို ဒီကိစ္စကြီးကို လူငယ်ဆိုပြီး ပုံမှားရိုက်တယ်လို့ ကျမတို့ခံစားရတယ်။ ဒီကိစ္စမှာ လူငယ်မဟုတ်တဲ့လူကြီးတွေ ကျူးလွန်တဲ့ကိစ္စကို သမိုင်းမှာ သမိုင်းအမှားအနေနဲ့ မတွင်စေချင်ဘူး"

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူငယ်သဘောသဘာဝအရ မကျေနပ်ချက်တွေကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့တယ်ဆိုပြီး ပြောကြား ချက်အပေါ် ကန့်ကွက်တာဖြစ်ပါတယ်။

အဲဒီကြေညာချက်ကို ပြည်ထဲရေးဝန်ကြီးဌာနထံ ပေးပို့သွားမယ်လို့လည်း ပြောပါတယ်။

ရှေ့နေ ဦးကိုနီကို သေနတ်နဲ့အနီးကပ် လုပ်ကြံခဲ့တဲ့ ကြည်လင်း ဟာ အသက် ၅၃ နှစ် ရှိပြီဖြစ်ပြီး အမှုနဲ့ဆက်စပ်သူတွေဖြစ်တဲ့ အောင်ဝင်းဇော် က အသက် ၄၆ နှစ်၊ အောင်ဝင်းခိုင် က အသက် ၄၅ နှစ်၊ ဇေယျာဖြိုး က အသက် ၄၂ နှစ် ရှိပြီဖြစ်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အသက် ၁၆ နှစ်ကနေ ၃၅ နှစ် ကြား အသက်အရွယ်ရှိသူတွေကို လူငယ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ရာဇ၀တ်မှုကျူးလွန်တာမှာ လူကြီး၊ လူငယ်၊ ကလေး စတဲ့ အသက်အရွယ်ကြောင့် ကျူးလွန်တာ မဟုတ်ဘဲ အတွေးအခေါ်၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကြောင့်သာဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးရဲ့ ပြောကြားချက်အရ လူငယ်တွေကသာ စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး ပုဂ္ဂိုလ်ရေး မကျေနပ်မှုကို လူသတ်တဲ့အထိ ဆောင်ရွက်တတ်ကြတဲ့ သဘောမျိုး သက်ရောက်နေကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
RFA


၂၆၊ဖေဖော်ဝါရီ၊ရန်ကုန်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥပဒေအကြံပေး တရားလွတ်တော်ရှေ့ နေဦးကိုနီကို လုပ်ကြံသတ်ဖြတ် သူတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က မီဒီယာတွေကို တွေ့ဆုံကာ ပြောဆိုချက်တွေပေါ်မှာ မိသားစုအနေနဲ့  ကျေနပ်မှုရှိမရှိပြောဖို့ အချိန်မတန်သေးဘူးလို့  ဦီးကိုနီရဲ့ သမီးဖြစ်သူ ဒေါက်တာ ယဉ်နွယ်ခိုင်ကပြောပါတယ်။
သည်ကနေ့ မှာ တရားလွတ်တော်ရှေ့ နေ ဦးကိုနီနဲ့ တက္ကစီယာဉ်မောင်း ဦးနေ၀င်းတို့ ကွယ်လွန်ခြင်း တလပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာကျင်းပခဲ့ပါတယ်။
အဲသည့်အခမ်းအနားမှာ ဒေါက်တာယဉ်နွယ်ခိုင်က ဖခင်လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးဆဲဖြစ်နေတာကြောင့် မိသားစုအနေနဲ့  ကျေနပ်မှုရှိမရှိကို ပြောဖို့ အချိန်မတန် သေးဘူးလို့ပြောပါတယ်။

”အခုဟာက ongoing investigation လေ။အလည်ကြီးမှာပဲ ရှိနေသေးလို့  အဲဒီအပေါ်မှာ ဘာcomment မှ မပေးချင်ပါဘူး။ အားလုံးအပြီးသတ်ရုံးတင်ပြီးမှ ကျွန်မတို့ မိသားစုရဲ့  သဘောထားက မကျေနပ်ဘူး။ ကျေနပ်တယ်ဆိုတာကို ပြောပါမယ်။အခုတော့ ပြောဖို့  အချိန်မတန်သေးဘူးလို့  ကျွန်မအနေနဲ့  ဘာမှမပြောလိုပါဘူး။” လို့  ဒေါက်တာယဉ်နွယ်ခိုင်က ပြောပါတယ်။
ဦးကိုနီလုပ်ကြံခံရပြီး တလနီးပါးအကြာ ဖေဖော်ဝါရီလ၂၅ ရက်နေ့ မှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းတို့ကသတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ နောက်ဆုံးအခြေအနေတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ဦးကိုနီလုပ်ကြံခံခဲ့ရတာဟာ အစွန်းရောက် မျိုးချစ်စိတ်ကြောင့်သာဖြစ်တယ်လို့  ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“တကယ်တမ်း စိစစ်တဲ့အခါမှာတော့ ဒီဟာဟာ ဘယ်လိုခေါ်မလဲ မျိုးချစ်တဲ့စိတ် အစွန်းရောက်သွားတာ၊ အစွန်းရောက်တဲ့ မျိုးချစ်စိတ်ကနေ …………. လုပ်ကြံလိုက်တယ်လို့ အစ်ကိုတို့ ဖော်ထုတ်လို့ရတယ်” လို့  ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ဦးကိုနီကို လုပ်ကြံဖို့  ဇေယျာဖြိုးနဲ့ အောင်ဝင်းခိုင်တို့ ဟာ “လူမှုကွန်ရက်မှာ တွေ့ရတဲ့ ဦးကိုနီရဲ့ ပြောဆိုလုပ်ကိုင်ချက်တွေအပေါ် လူငယ်သဘာဝအရ၊ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့” ရာက အောင်ဝင်းခိုင်က “ဦးကိုနီကို ရှင်းပစ်မှ ကောင်းမယ်”လို့  ပြောဆိုခဲ့ရာကနေ လုပ်ကြံဖို့ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့  ရဲချုပ်ဇော်ဝင်းက ပြောဆိုထားပါတယ်။
ဦးကိုနီကို လုပ်ကြံမှုနဲ့ ပတ်သတ်ပြီး သေနတ်သမား ကြည်လင်း၊ လုပ်ကြံမှုမှာ ပါဝင်ပတ်သက်နေသူ အောင်ဝင်းဇော်နဲ့  ငွေပေးခိုင်းစေသူ ဇေယျာဖြိုးတို့ ကိုသာ ဖမ်းဆီးရမိထားပေမယ့် ဇေယျာဖြိုးနဲ့ အတူ ငွေပေးခိုင်းစေသူတစ်ဦးဖြစ်တဲ့ အောင်ဝင်းခိုင်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။ အဲဒီ နောက်မှာ သည်လုပ်ကြံမှုဟာ ကွင်းဆက်ပြတ်ပြီး ရပ်တန့်သွားမှာကို နိုင်ငံရေးစောင့်ကြည့်သူတွေက စိုးရိမ်နေကြပါတယ်။

ဦးကိုနီရဲ့အမှုနဲ့ပတ်သတ်ပြီး တရားမျှတမှုကိုလိုချင်သူတွေက ရဲတပ်ဖွဲ့ရဲ့ရှင်းလင်းချက်တွေကို မချင့်မရဲခံစားနေရတာနဲ့ပတ်သတ်ပြီး ဒေါက်တာ ယဉ်နွယ်ခိုင်က

”အခု ဒီပွဲကြီးလုပ်ပြီးတော့ ဂုဏ်ပြုပေးတယ်။ ကိစ္စတိုင်းကိုတော့ ကျွန်မတို့ က စိတ်ခံစားချက်တွေနဲ့  အများကြီး တိုင်းတာနေလို့ မရဘူးလေ။ ကိုယ်ဖြစ်စေချင်တာတွေကိုပဲ အရမ်းပြောလို့ မရဘူး။ သူတို့ မှာလည်း လုပ်စရာတွေ အများကြီးရှိသေးတယ်။NLDအစိုးရဆိုတာကလည်း တကယ်လုပ်ရမယ့်ဟာတွေ အများကြီးရှိပါသေးတယ်။ ဖြစ်ချင်တာတွေပဲ ပြောနေလို့ မရပဲ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဘက်မျှပြီး တွေးပေးဖို့ တော့ လိုပါတယ်။ ” လို့  ပြောပါတယ်။

ချမ်းသာ
Photo- စစ်ထက်အောင်
Kumudra

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ဖအေတူမအေကွဲ အစ်ကို အာရုံကြောတွေ ထိခိုက်စေတဲ့ အဆိပ်နဲ့ လုပ်ကြံသတ်ခံခဲ့ရတဲ့ လေဆိပ်ဂိတ်တွေမှာ ဘယ်လိုမှ “အန္တရာယ်ရှိစေတဲ့ အရာဝတ္ထုပစ္စည်းတွေ” ရှိမနေဘူးလို့ မလေးရှားရဲက ပြောလိုက်ကြောင်း ဘီဘီစီရဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။

လုံခြုံရေးအဖွဲ့တွေက အဲဒီအခင်းဖြစ်တဲ့ နေရာကို အစောပိုင်းကတည်းက ရှင်းလင်းထားပြီးသားလို့ သိရပါတယ်။

ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေအရ ကင်ဂျုံနမ်ကို သေစေခဲ့တဲ့ အဆိပ်ဟာ “အင်မတန်ပြင်းထန်တဲ့ အကြောဆိုင်း သွက်ချာပါဒရောဂါမျိုးကို ဖြစ်စေတယ်” လို့ မလေးရှားကျန်းမာရေး ဝန်ကြီးက ပြောလိုက်ပါတယ်။ စမ်းသပ်မှုအရ မစ္စတာကင်မ်ဟာ အကြောတွေကို ပျက်စီးစေတဲ့ ပြင်းထန်တဲ့ VX အဆိပ်နဲ့ သတ်ခံခဲ့ရတာပါ။

သတ်ခံရမှုနဲ့ စပ်လျဉ်းပြီး ဖမ်းဆီးခံထားရတဲ့ အင်ဒိုနီးရှားသူ စီတီအိုက်ရှာကလည်း သူမကို ဟာသကားသရုပ်ဆောင်ဖို့ ဒေါ်လာ ၉၀ နဲ့ညီတဲ့ မလေးရှားရင်းဂစ် ၄၀၀ ပေးပြီး ခိုင်းစေခဲ့တာလို့ ဆိုပါတယ်။

ဒီ VX အဆိပ်မျိုးဟာ အကြီးအကျယ် ပျက်စီးဆုံးရှုံးစေတဲ့ လက်နက်တမျိုးလည်း ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပြီး အရေပြားပေါ်ကို တစက်ကလေး ကျရင်တောင် မိနစ်ပိုင်းအချိန်အတွင်း သေဆုံးနိုင်တယ်လို့ သိရပါတယ်။

မစ္စတာကင်မ်ဟာ လွန်ခဲ့တဲ့ ၂ ပတ်က နိုင်ငံတကာ ကွာလမ်လမ်ပူလေဆိပ်ရဲ့ KLIA2 လို့ လူသိများတဲ့ လေဆိပ်ဂိတ်မှာ လုပ်ကြံခံရတာဖြစ်ပြီး လေဆိပ်မှာ အဆိပ်ဓာတုပစ္စည်းတွေ ကင်းရှင်းဖို့အတွက် အထူးရဲအဖွဲ့တွေနဲ့ မှုခင်းဆေးပညာ ကျွမ်းကျင်သူအဖွဲ့တွေက အဆိပ်ကင်းစင်ရေးတွေအတွက် ရှင်းလင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီလိုအဆိပ်ရှင်းလင်းမှု စိစစ်ရေး လုပ်ငန်းစဉ်ကနေ နံပါတ် ၁ လေဆိပ်ဂိတ် KLIA2 မှာ ဘာအန္တရာယ်ရှိတဲ့ ပစ္စည်းမှ မတွေ့ရှိဘူး၊ နံပါတ် ၂ KLIA2 လေဆိပ်ဂိတ်မှာ အန္တရာယ်ရှိတဲ့ ဘယ်လို အဆိပ်သင့်မှုမျိုးမှ မရှိဘူး၊ နံပါတ် ၃ KLIA2 လေဆိပ်ဂိတ်က လုံခြုံစိတ်ချရတဲ့ နေရာတခုဖြစ်တယ်ဆိုတာကို သေချာစေတဲ့ ရလဒ်တွေ ရရှိခဲ့တယ်” လို့ စုံစမ်းရေး ရဲအရာရှိ အက်ဘ်ဒူလ်စမက်မတ်က ပြောလိုက်ပါတယ်။
DVB TV News


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မနေ့ကလုပ်ခဲ့တဲ့ ပြည်ထဲရေးသတင်းစာရှင်းလင်းပွဲဟာ မီးလောင်ရာလေပင့် လုပ်လိုက်တဲ့ပွဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်ရွှေဂုံတိုင်းမှာ လုပ်ခဲ့တဲ့ ဦကိုနီနဲ့ ဦးနေ၀င်း တလပြည့်အောက်မေ့ဖွယ်ပွဲ မစတင်မီ သူက သတင်းထောက်တွေကို ပြောလိုက်တာ ဖြစ်ပါတယ်။

“စိတ်မကောင်းဘူး၊ စိတ်မကောင်းဘူး ဆိုတာက သူတပ်တဲ့ ခေါင်းစဉ်က မျိုးချစ်စိတ်ပြင်းထန်ပြီးတော့ လူငယ်ဆိုတော့ ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ပြီး လုပ်တယ်ဆိုတော့ အဲဒီနာမ၀ိသေသနတွေ မှားတယ်။ မျိုးချစ်စိတ်ဆိုတာ ဘာနဲ့ သွားတိုင်းတာလဲ၊ လူငယ်ဆိုတာတော့ ဝေလာဝေး၊ လူငယ်လည်း မဟုတ်ဘူး။ ကောင်းကောင်း ဝေဖန်ဆုံးဖြတ်နိုင်တဲ့ လူကြီးတွေကနေပြီးတော့ ကောင်းကောင်းအကြံဖန်လုပ်ပြီးတော့မှ လုပ်ကြံတဲ့ပွဲ သူတို့ဟာ လုံးဝလွဲတယ်။ ဆိုတော့ ပြည်သူလူထုက မျှော်လင့်တာကတမျိုး၊ သူတို့ပြောတာတမျိုးဆိုတော့ ဒီသတင်းစာရှင်းလင်းပွဲဟာ ပြဿနာကို ယပ်ခပ်ပြီးတော့ မီးလောင်ရာ ယပ်ခတ်ပြီးတော့ လုပ်တယ်လို့ အန်ကယ်ယူဆတယ်။”

ဒီသတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြသွားမယ်လို့လည်း သူက ပြောပါတယ်။

“အဲဒါတော့ အန်ကယ်တို့အမြင်ကတော့ နိုင်ငံတော်အတိုင်ပင်ခံကိုတော့ တင်ပြရမယ်၊ ဒါသဘာဝလည်းမကျဘူး၊ ဘာနဲ့သွားတူလဲ န၀တခေတ်က ဗိုလ်ချုပ်ခင်ညွန့် ပေးတဲ့ သတင်းစာရှင်းပွဲနဲ့ သွားတူနေတယ်။ ခင်ဗျားတို့ ကျုပ်ပြောတာ နားထောင်၊ ယုံချင်ယုံ မယုံချင်နေ ဒါပဲ၊ အဲသဘောဖြစ်နေတယ်။”

ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး မနေ့က ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ မူးယစ်ဆေးဝါးပြတိုက်မှာ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်ခိုင်ဖြိုး၊ မဘသ၊ ထောက်လှမ်းရေးတို့ ပတ်သက်ခြင်းမရှိဘဲ အစွန်းရောက် မျိုးချစ်စိတ်ကြောင့် ဖြစ်တာလို့ပြောကြားခဲ့တာ ဖြစ်ပါတယ်။
DVB TV News

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ရက်နေ့က တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့ပါတယ်။ ဦးကိုနီနဲ့ ဦးနေဝင်းတို့ဟာ ပညာအရည်အချင်း၊ ကိုးကွယ်မှု၊ အလုပ်အကိုင် စတာတွေခြားနားမှု ရှိနေပေမယ့် သူတို့နှစ်ယောက်မှာတူညီတာက ကောင်းမွန်တဲ့စိတ်ဓာတ်နဲ့ ယုံကြည်ချက်တွေ ရှိနေတာပဲဖြစ်တယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေဖြစ်တာမို့ ရဲဘော်ရဲဖက်တွေလို့ ဒေါ်အောင်ဆန်းစုကြည်က ကျဆုံးသူတွေကိုခေါ်ဝေါ်ပြီး ဂုဏ်ပြုချီးမြှောက်ခဲ့ပါတယ်။ ဒီအခမ်းအနားကို လူထုခေါင်းဆောင်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးနဲ့ ပါတီထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြသလို ဦးကိုနီနဲ့ဦးနေဝင်းရဲ့ မိသားစုဝင်တွေပါ တက်ရောက်ခဲ့ကြပါတယ်။

(ဓာတ်ပုံ - ခွန်းဖိလစ်ပို/ကမာရွတ်မီဒီယာ)
Kamayut Media


ယနေ့ တနင်္ဂနွေနေ့တွင် ဖိလစ်ပိုင်ရှိထောင်တစ်ခု၌ မူးယစ်ဆေးဝါးစွဲချက်များဖြင့် ရင်ဆိုင်နေရသည့် အကျဉ်းသား ၁၃ဦးသည် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဒါဟာ ဖိလစ်ပိုင်နိုင်ငံတွင်း ဖြစ်ပွားနေသော ထောင်ဖောက်ပြေးမှုများတွင် နောက်ဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အကျဉ်းသား ၁၃ဦးသည် မနီလာမြို့မြောက်ပိုင်းမှ ဆန်ဖာနန်ဒိုမြို့တွင်ရှိသော ရဲဘက်စခန်း၏ အကျဉ်းစခန်းမှ အာရုဏ်မတက်မီအချိန်တွင် လစ်ထွက်သွားခဲ့ခြင်းဖြစ်သည်ဟု ဖိလစ်ပိုင် မူးယစ်နှိမ်နင်းရေးအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဒါးရစ်အာနိုးကာရီရွန်က ပြောခဲ့သည်။

“သူတို့ဟာ သတ္တုအချုပ်ခန်းက သံချောင်းတွေကို လွှနဲ့ တိုက်ဖြတ်သွားခဲ့ပါတယ်” ဟု သူကပြောခဲ့ပြီး သူတို့လွှကို ဘယ်နေရာမှ ရခဲ့သလိုဆိုတာကို လောလောဆယ်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဖြည့်စွက်ပြောခဲ့ သည်။

ဖိလစ်ပိုင်နိုင်ငံရှိ ထောင်များသည် အကျဉ်းသား ထူထပ်ယုံသာမက၊ ပြုပြင်ထိန်းသိမ်းမှု ဆိုးရွားလွန်းပြီး အစောင့်ဦး ရေလည်း မလုံလောက်ကြောင်း သိရသည်။

ပြီးခဲ့သော ဇန်န၀ါရီလကလည်း အကျဉ်းစခန်းသို့ရာနှင့် ချီသော သေနတ်သမားများ တရမ်းကြမ်းဝင်ရောက်လာပြီး နောက်တွင် အကျဉ်းသား ၁၅၀ခန့် လွတ်မြောက်သွားခဲ့ပြီး နိုင်ငံ၏ အကြီးမားဆုံးထောင်ဖောက်ထွင်းမှုအဖြစ် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ကြုံတွေ့ခဲ့ရသည်။

ဒါ့အပြင် ပြီးခဲ့သော ၂၀၁၆ ခုနှစ် သြဂုတ်လတွင်လည်း အိုင်အက်စ်တို့နှင့် မဟာမိတ်ဖြစ်သော အစွန်းရောက်မူစလင် အဖွဲ့ဝင်များသည် နိုင်ငံတောင်ပိုင်းရှိ အကျဉ်းစခန်းသို့ တရမ်းကြမ်းဝင်ရောက်ခဲ့ပြီး အကျဉ်းသား ၂၃ယောက်နှင့် အတူ ထောင်ဖောက်ပြေးခဲ့ကြသည်။

Ref: AFP
Mizzima - News in Burmese


အမျိုးသားဥပဒေပြင်ဆင်ရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားလှုပ်ရှားမှု ဖြိုခွင်းခံရတဲ့ ၂ နှစ်ပြည့်အထိမ်းအမှတ်နဲ့ တက္က္ကသိုလ် ကျောင်းသားကျောင်းသူ ၁၀၀ ခန့်က မန္တလေးမြို့မှာ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ကျောင်းသားသမဂ္ဂအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး၊ ဒီမိုကရေစီ ပညာရေးရရှိရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးရေး တို့ကို တောင်းဆိုခဲ့ကြပါတယ်။

ချီတက်ပွဲမှာ ရတနာပုံတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ် စတဲ့ တက္ကသိုလ် ၁၄ ခုက ကျောက်းသားကျောင်းသူတွေ ပါဝင်ခဲ့ကြတာဖြစ်ပြီး မန္တလေးဈေးချိုကနေ မဟာမုနိရုပ်ရှင်တော်ဘုရားအထိ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ က ဦးဆောင်တာဖြစ်ပြီး စီတန်းလှည့်လည်ခွင့် မတောင်းခံဘဲ ချီတက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ မန္တလေး မြို့ကစပြီး ချီတက်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေဟာ ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့အရောက်မှာ အကြမ်းဖက် ဖြိုခွဲခံခဲ့ရတာဖြစ်ပါတယ်။

Photo: Hset Paing Toe/ RFA

( လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲခံရမှု ၂ နှစ်ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မန္တလေးမြို့မှာ လမ်းလျှောက်ဆန္ဒပြစဉ် )
RFA


ဦးကိုနီကို သတ်ဖို့ စေခိုင်းသူလို့ ယူဆထားတဲ့ အောင်ဝင်းခိုင်ဟာ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ ပါဝါပွိုင့်ဆလိုက်ရှိုးအရ နေပြည်တော်မှာ ခြေရာပျောက်သွားတာဖြစ်ပြီး ဒီအချက်ဟာ အင်မတန်အံ့သြစရာ ကောင်းတယ်လို့ မြန်မာနောင်း သတင်းဌာနက ကိုဆွေဝင်းက ပြောပါတယ်။

ရဲတပ်ဖွဲ့က အောင်ဝင်းခိုင် နေပြည်တော်မှာ ခြေရာပျောက်သွားတာပဲ တင်ပြခဲ့ပြီး အောင်ဝင်းခိုင် ဘယ်ရောက်သွားလဲဆိုတာ ရှင်းမပြခဲ့သလို သတင်းထောက်တွေကလည်း မေးခွင့် မသာခဲ့ကြပါဘူး။

ရာဇ၀တ်သားလို့ သတ်မှတ်ထားသူတယောက် နေပြည်တော်ကို ဘာလို့ ထွက်ပြေးတာလဲလို့ ကိုဆွေဝင်းက မေးခွန်းထုတ်ပါတယ်။

“ရာဇ၀တ်မှုကျူးလွန်တဲ့ ရာဇ၀တ်သမားက နေပြည်တော်ကို ပြေးမလား၊ နေပြည်တော်ဆိုတာ သွားလာရ လှုပ်ရှားရ အင်မတန်ခက်ခဲတယ်၊ လုံခြုံရေးလည်း အင်မတန် မြင့်တယ်၊ နောက်ပြီးတော့ ပုန်းခိုဖို့ ရွှေ့ပြောင်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စလည်း မဟုတ်ဘူး။ အင်မတန် ကြီးမားတဲ့ ရာဇ၀တ်မှုကို ကျူးလွန်ပြီးတော့မှ နေပြည်တော်ကို သွားတယ် ဆိုကတည်းကိုက ဒါ အင်မတန် သံသယ ဖြစ်စရာကောင်းတဲ့ အချက်အလက်ပေါ့။ အဲဒီကနေပြီးတော့မှ အောင်ဝင်းခိုင်ဟာ မကွေးကို သွားဖြစ် မဖြစ် ဆိုတာလည်း ဘာမှ မပြောဘူး၊ အောင်ဝင်းခိုင်ဟာ နေပြည်တော်ကနေပြီးတော့မှ နေပြည်တော်မှာ အောင်ဝင်းခိုင်ကို ဘယ်လိုလိုက်လံ ဖမ်းဆီးတယ်ဆိုတာလည်း ရဲတပ်ဖွဲ့က မပြောဘူး။”
ရဲတပ်ဖွဲ့ ဆလိုက်ရှိုး ဖော်ပြချက်အရ ဇန်န၀ါရီ ၂၉ ရက်မှာ အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးတို့ ရန်ကုန်၊ ရွှေဘုန်းပွင့်ဘုရားမှာ တွေ့ကြပြီး အောင်ဝင်းခိုင်က ဦးကိုနီလုပ်ကြံသူဟာ သူခိုင်းတဲ့လူ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အောင်ဝင်းခိုင်က သူ မကွေး သို့မဟုတ် နေပြည်တော်ကို သွားချင်တယ်ဆိုတာကြောင့် နောက်တရက် ဇန်န၀ါရီ ၃၀ ရက်မှာ ဇေယျာဖြိုးပိုင် ရောင်ဝါဖြိုးကုမ္ပဏီက ဒါရိုက်တာ ရဲထွဋ်လှိုင် ဆိုသူက အောင်ဝင်းခိုင်ကို ကားနဲ့ နေပြည်တော်ခေါ်သွားတယ်။

နေပြည်တော်ရှိ ရောင်ဝါဖြိုးကုမ္ပဏီရုံးခန်းရောက်တော့ အောင်ဝင်းခိုင်က သူ့ဖုန်း ၂ လုံးနဲ့ စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။

အဲဒီနောက် မကွေးသွားဖို့ နေပြည်တော်မြို့မဈေးကားဂိတ်ကို လိုက်ပို့ရာမှာ ပရဆေးဥယျာဉ်ရှေ့ရောက်တော့ အောင်ဝင်းခိုင်ကို လူတယောက်လာခေါ်မယ်ဆိုတာကြောင့် အောင်ဝင်းခိုင် ကားပေါ်က ဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနောင်းသတင်းဌာနက ကိုဆွေဝင်းကတော့ ရာဇ၀တ်သားလို့ ယူဆထားသူတယောက် နေပြည်တော်မှာ အစပျောက်သွားတာကို ချပြခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးကို ကျေးဇူးတင်တယ်၊ ဒီအမှုကို သူ့ကို ဆက်လိုက်လို့ ဆိုသွားသလိုပဲလို့ သူ့ အင်တာနက်စာမျက်နှာမှာ ရေးသားပါတယ်။

မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေရဲ့ လွှတ်တော်ကိုယ်စားလှယ်မို့၊ သံဃာတော်မို့ မပတ်သက်နိုင်ဘူးလို့ ပြောသွားတာတွေကိုလည်း သူ လက်မခံကြောင်း ကိုဆွေဝင်းက ပြောပါတယ်။

“မနေ့က သတင်းစာရှင်းလင်းပွဲမှာ စိတ်မကောင်းစရာတခုက ဒါနဲ့ပတ်သက်ပြီးတော့ ပတ်သက်နိုင်တဲ့သူတွေကို ထိထိရောက်ရောက် စစ်ဆေးတယ်ဆိုတဲ့ကိစ္စကို သေချာမရှင်းပြဘဲနဲ့ ဒီလူကတော့ လွှတ်တော်အမတ်မို့လို့ ရာဇ၀တ်မှုကို မကျုးလွန်နိုင်ပါဘူး၊ သံဃာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီအမှုမျိုးနဲ့ မပတ်သက်နိုင်ပါဘူးဆိုတာကို ပြောတာကိုက တော်တော်လေးကို အကျည်းတန်တယ်၊ ဒီလူကတော့ မပါနိုင်ပါဘူးဆိုတာကို သူ့မှာ ပြောဆိုခွငိ့လည်း မရှိပါဘူး။”

DVB TV News

ဦးကိုနီနဲ့ ဦးနေ၀င်းတို့ဟာ အာဇာနည်သူရဲကောင်းတွေ နိုင်ငံ့သားကောင်းတွေဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုပြောကြားလိုက်ပါတယ်။

အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဦးကိုနီနဲ့ ဦးနေ၀င်းတို့လို အာဇာနည်သူရဲကောင်းတွေ နိုင်ငံ့သားကောင်းတွေ တိုင်းပြည်မှာ ရှိခဲ့တယ်ဆိုတာကို အမြဲတမ်းအောက်မေ့ပြီး အင်အားသစ်မွေးကြဖို့ ပြောပါတယ်။

ရန်ကုန်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ပြုလုပ်တဲ့ ဦးကိုနီနဲ့ ဦးနေ၀င်းတို့ တလပြည့် အောက်မေ့ဖွယ်အခမ်းအနားမှာ ပြောခဲ့တာပါ။

“ကျမတို့ အဖွဲ့ချုပ်ရဲ့ အာဇာနည်သူရဲကောင်းများ၊ ကျမတို့အဖွဲ့ရဲ့ သားကောင်းများ၊ နိုင်ငံတော်ရဲ့ သားကောင်းများ ရှိခဲ့တယ်ဆိုတဲ့ အသိကို အမြဲပဲ အောက်မေ့ပြီးတော့ အင်အား ဖြစ်ကြပါစေလို့ ဆန္ဒပြုပါတယ်။”

အောက်မေ့ဖွယ် အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီနာယက သူရဦးတင်ဦးတို့ ဦးဆောင် တက်ရောက်ချီးမြှင့်ခဲ့ကြပြီး ဦးကိုနီမိသားစုနဲ့ ဦးနေ၀င်းမိသားစုတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးကိုနီဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရပြီး သတ်တဲ့သူကို လိုက်ဖမ်းတဲ့ တက္ကစီဆရာ ဦးနေ၀င်းလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
DVB TV News


‘‘အစွန်းရောက်တဲ့ မျိုးချစ်စိတ် ကိန်းအောင်းသွားတဲ့အခါမှာ လုပ်ကြံလိုက်တယ်လို့ ကိုယ်တို့ ဖော်ထုတ်ရပါတယ်’’

---
လွတ်မြောက်နေသည့် အောင်ဝင်း ခိုင်ကို ဖမ်းဆီးရမိရေး အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် နေပြီး လက်ရှိဖမ်းဆီးရမိထားသူ များအပြင် နောက်ထပ်ပါဝင်ပတ် သက်သူ ရှိ၊မရှိ လွတ်မြောက်နေသည့် အောင်ဝင်းခိုင်ကို ဖမ်းမိမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။လက်ရှိ သုံးသပ်မှုအရ မျိုး ချစ်အစွန်းရောက်စိတ်နှင့် ပုဂ္ဂိုလ် ရေးမကျေနပ်မှုကြောင့် ဦးကိုနီကို လုပ်ကြံခြင်းဖြစ်နိုင်သည်ဟု ၎င်း က သုံးသပ်ပြောကြားသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ် သက်၍ လုပ်ကြံသတ်ဖြတ်သူ ကြည်လင်း၊ ပါဝင်ပတ်သက်သူ ဇေယျာဖြိုးနှင့် အောင်ဝင်းဇော်တို့ အပြင် လူသတ်ရန် ညှိနှိုင်းခံခဲ့ရဖူး သူ နဂါးလေး(ခ)အောင်နိုင်မြင့်တို့ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

ဖမ်းဆီးရမိထားသူများကို ရာဇသတ်ကြီးဥပဒေပုဒ်မ၊ လက် နက်ဥပဒေပုဒ်မ၊ လ၀ကဥပဒေ များနှင့် မကြာမီစွဲချက်တင်မည်ဖြစ်ကြောင်း ရဲချုပ်ဇော်ဝင်းကပြောသည်။

‘‘နဂါးလေးကိုလည်း သွားညှိ နှိုင်းတယ်။ ဒါကြောင့် သူ့ကို အမြန် ဖမ်းခဲ့တာပါ။ နဂါးလေးက သိန်း နှစ်ရာရယ်၊ ကားတစ်စီးရယ်ပေးဖို့ ညှိနှိုင်းဖူးတယ်။ ဒါပေမဲ့ နဂါးလေး က ကားနဲ့ငွေကို ယူပြီးထွက်ပြေး သွားတယ်’’ဟု ၎င်းကပြောသည်။

ရန်ကုန်လေဆိပ်တွင် ဇန်န၀ါ ရီ ၂၉ရက် ညနေ ၅နာရီခန့်၌ NLDပါတီဥပဒေအကြံပေးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၅ရက်တွင် ရန်ကုန်မြို့မူးယစ်ဆေးဝါးပြတိုက်၌ ပြုလုပ်ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းဌာနများ မေးမြန်းမှုနှင့် ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်တို့၏ အဖြေများကို စုစည်းဖော်ပြလိုက်ပါသည်။

စံတော်ချိန် - ဦးကိုနီ စီးလာတဲ့ လေယာဉ်က လေဆိပ်ကို ဘယ်အချိန်မှာ ဆိုက်ရောက်လာတယ်ဆိုတာကို အောင်ဝင်းဇော်နဲ့ အောင်ဝင်းခိုင်က ဘယ်လို သိတာလဲဆိုတာကို သိပါရစေ။

ရဲချုပ်ဇော်ဝင်း - ဒီလေဆိပ်ခရီးစဉ်ကတော့ သူတို့ ဦးကိုနီရဲ့သွားလာလှုပ်ရှားမှုကို အမြဲတမ်းသွားပြီး လေ့လာနေတာရှိတယ်။ ပေါ်ပေါ်ထင်ထင် ခရီးစဉ်များနဲ့ထွက်သွားပြီးတော့ သူတို့က စောင့်ကြည့်နေမယ်။ ဒီကိစ္စကတော့ လေဆိပ်မှာလည်း ဘယ်လေယာဉ်ဝင်မယ်၊ ထွက်မယ် သူတို့ကအလွယ်တကူသွားကြည့်လို့ ရနေမယ်။ ဒီလိုပေါ်ပေါ် ထင်ထင်သွားတဲ့ ခရီးစဉ်ကိစ္စကတော့ အလွယ်တကူသိနိုင်တဲ့ကိစ္စမို့ရှင်းလင်းတင်ပြလိုပါတယ်။

စံတော်ချိန်သတင်းစာ - ကျွန်တော် သိချင်တာ ဆရာဦးကိုနီရဲ့ ယုံကြည်ချက်နဲ့များ ပတ်သက်နေမလား။ ဆရာဦးကိုနီဟာ သူ့ရဲ့ NLDပါတီမှာ ဖွဲ့စည်းပုံအခြေခံနဲ့ ပတ်သက်ပြီး တစိုက်မတ်မတ်လုပ်နေတယ်။ ဒီနေရာမှာ သူ့အဖွဲ့နဲ့ တချို့အချက်တွေက သဘောကွဲလွဲတာတွေ့ပါတယ်။ တစ်ဖက်မှာလည်း အခြေခံဥပဒေနဲ့ပတ်သက်ပြီး ကာကွယ်မယ်ဆိုတာလည်း ရှိနေပါတယ်။ ဒါကြောင့် ဇန်န၀ါရီလမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးဆွဲရမှာလို့ ပြောခဲ့တယ်။ ဒီအတွက်လည်း သူ့ကိုလုပ်ကြံတဲ့အခါမှာ အဖွဲ့အစည်းတွေက ပူးပေါင်းပြီး လုပ်ကြံခြင်းရှိ၊မရှိ ရဲချုပ်ကြီးတို့အနေနဲ့ စဉ်းစားခြင်း ရှိ၊မရှိမေးမြန်းလိုပါတယ်။

ပြည်ထဲရေးဝန်ကြီး - ငါ့ညီ မေး တဲ့မေးခွန်းက အတော်ကောင်းပါ တယ်။ စဉ်းစားတဲ့အခါမှာ အမျိုး မျိုးစဉ်းစားရပါတယ်။ အစ်ကိုတို့ မှာကတော့ ဘာကြောင့်တပ်မ တော်က ထွက်တဲ့အရာရှိတွေကို ခိုင်းသွားတာလဲ၊ တပ်မတော်နဲ့ အစိုးရကြားမှာ ကွဲလွဲစေချင်တာ လား။ နောက်ကွယ်မှာ ရှိ၊မရှိကို အစ်ကိုပြောတာ သို့တည်းမဟုတ် ရွေးကောက်ပွဲမတိုင်မီက ဦးကိုနီ ဘာတွေပြောခဲ့သလဲ။ အဲဒီအတိုင်း ပြောခဲ့သလို NLDက အနိုင် ရသွားတယ်။ အဲဒီအချိန်မှာ ဦးကို နီဟာ သူလုပ်ရမယ့်အတိုင်းလုပ် နိုင်သလား၊ မလုပ်နိုင်တဲ့အတွက် သူ့နောက်ကွယ်က အသိုင်းအ၀ိုင်း တွေက လုပ်ကြံမလားဆိုတာ အစ်ကိုတို့ စဉ်းစားရပါတယ်။ အ မျိုးမျိုးချိန်ဆရပါတယ်။ တကယ် တမ်းစိစစ်တဲ့အခါမှာတော့ ဒီဟာ က ဘယ်လိုခေါ်မလဲ။ အမျိုးချစ် တဲ့စိတ် အစွန်းရောက်သွားတာ ပေါ့။ အစွန်းရောက်တဲ့မျိုးချစ်စိတ် ကိန်းအောင်းသွားတဲ့အခါမှာ လုပ် ကြံလိုက်တယ်လို့ ကိုယ်တို့ဖော် ထုတ်ရပါတယ်။

MRTV - အောင်ဝင်းခိုင် လွတ် မြောက်နေတာနဲ့ပတ်သက်ပြီး နိုင် ငံတကာနဲ့အာဆီယံရဲတပ်ဖွဲ့တွေ ချိတ်ဆက်ပြီးဆောင်ရွက်နေတာ သိရပါတယ်။ ဘယ်အဆင့်ထိ ထဲ ထဲဝင်ဝင်ဆောင်ရွက်ထားလဲ သိ ပါရစေ။

ရဲချုပ် - အောင်ဝင်းခိုင် ဖမ်း ဆီးရမိတာနဲ့ပတ်သက်ပြီး ပြည် တွင်းမှာရှိတဲ့ အဖွဲ့တွေအားလုံး ဓာတ်ပုံတွေအားလုံးဖြန့်ဝေပေး ပါတယ်။ ပြည်ပနဲ့ပတ်သက်ပြီး တော့လည်း ကျွန်တော်တို့တွေ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။ အာဆီယံ အင်တာပို ရဲတပ်ဖွဲ့လည်း ရှိပါ တယ်။ အာဆီယံနိုင်ငံအတွင်းမှာ လည်း ရဲတပ်ဖွဲ့ချုပ်နဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ နိုင်ငံတ ကာရဲတပ်ဖွဲ့ဖြစ်တဲ့အင်တာပိုကို လည်း ကျွန်တော်တို့ နိုင်ငံကအလို ရှိနေတဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး ပေးပို့ထားပါတယ်။ နိုင်ငံတကာ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ပေး ပို့ထားပြီးဖြစ်ကြောင်း ရှင်းပြလိုပါ တယ်။

Tomorrow- အခု ရှင်းလင်း ပြောကြားချက်တွေက စစ်ကြော ချက်တွေ ပြန်လည်ပြောနေတယ် လို့ နားလည်တယ်။ ဦးကိုနီကို လုပ်ကြံတာ ပုဂ္ဂိုလ်ရေးအရပြော တယ်ဗျ။ ပုဂ္ဂိုလ်ရေးအရဆိုတဲ့ ထွက်ဆိုချက်အရ ရဲချုပ်တို့အနေ နဲ့ ဘယ်လိုများမှတ်ချက်ပေးနိုင်မ လဲ။

ရဲချုပ်- ကျွန်တော်တို့ကတော့ ပြစ်မှုတစ်ခု ကျူးလွန်တာနဲ့ ပြစ်မှုကျူးလွန်တာကို ကြည့်ပြီး ဘယ်လိုစိတ်ခံစားချက်နဲ့ လုပ် တာလဲ၊ ဘယ်လိုနည်းလမ်းကို ကျူးလွန်ပြီး လုပ်တာလဲ။ ဒါကို စဉ်းစားပြီး သူတို့သုံးဦး ဘယ်လို ဆောင်ရွက်တာလဲ၊ ဒီလိုဆောင် ရွက်တဲ့အခါမှာ သူတို့ရဲ့ ပုဂ္ဂိုလ် ရေးအရ မကျေနပ်တာတွေထွက် ဆိုပြီး တွေ့လာရတယ်။ သို့ပေမဲ့ လည်း ဒီအမှုမှာ အဓိကပါဝင်နေ တဲ့ အောင်ဝင်းခိုင်က ကျွန်တော် တို့က မရသေးဘူး။ လတ်တလော တွေ့ရှိချက်အရ သူ့ရဲ့ပြုမူဆောင် ရွက်ချက် အသွားအလာပြောဆို နေထိုင်ပုံအရ (လူငယ်ပီပီ)ပုဂ္ဂိုလ် ရေးအရ ပြောဆိုထွက်ဆိုလာတဲ့ အစလေးတွေတော့ရနေပြီ။ တွေ့ တဲ့အစလေးကို ထုတ်နုတ်တင်ပြ တာဖြစ်ပါတယ်။ တကယ့် ဖြစ်စဉ် ကတော့ အောင်ဝင်းခိုင်ကိုရမှ ဒီထက်ရုပ်လုံးပေါ်တဲ့အခြေအနေ ကို ဖော်ထုတ်ပြောနိုင်မယ်လို့ တင်ပြလိုပါတယ်။

မြန်မာတိုင်းမ်- ဦးကိုနီလုပ်ကြံခံ ရတဲ့ သတင်းနဲ့ပတ်သက်ပြီး ဘာ လို့ နိုင်ငံတော်သမ္မတရုံးက သ တင်းထုတ်ပြန်တာလဲ၊ ပြည်ထဲ ရေးရုံးက ဘာလို့ သတင်းမထုတ် ပြန်တာလဲဆိုတာ သိချင်ပါတယ်။

ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး- ပြည်ထဲရေးဝန်ကြီး ဌာနဆိုတာ ပြည်ထောင်စုအစိုးရ ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို နိုင်ငံတော်သမ္မတရုံးအောက်မှာ ရှိပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ် စ ဖြစ်ကတည်းက အချိန်နဲ့တစ်ပြေး ညီ နိုင်ငံတော်သမ္မတရုံးကို သ တင်းပို့တင်ပြပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး က ပြည်သူလူထုကို တင်ပြနိုင်တဲ့ သတင်းတွေကို ထုတ်ပြန်ပေးပါ တယ်။ ဒါကြောင့်လည်း သတင်း ထုတ်ပြန်ချက်ကို သုံးကြိမ်တိုင် တိုင်ထုတ်ပြန်ခဲ့ပါတယ်။ ကျွန် တော်တို့ ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့လည်း ဒီအမှုရုပ်လုံးပေါ် တဲ့အထိတောင် ဆောင်ရွက်နေ ပါတယ်။ အခုအချိန်မှာတော့ ရုပ် လုံးပေါ်လာပြီဖြစ်လို့ ကျွန်တော် တို့ ပြည်ထဲရေးဝန် ကြီးဌာနအနေ နဲ့ အခုလို သတင်းထုတ်ပြန်ရ ခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါ တယ်။

မြန်မာပို့စ် - အခု ဖြစ်စဉ်က ရန်ကုန်လေဆိပ်မှာ အများပြည် သူထိတ်လန့်စေတဲ့ဖြစ်စဉ်ဖြစ်ခဲ့ ပြီး ဘာကြောင့် ရာဇသတ်ကြီး ပုဒ်မနဲ့ အရေးယူပြီး ၂၀၁၄ ဇန်န၀ါရီမှာ ထုတ်ပြန်ထားတဲ့ အ ကြမ်းဖက်ပုဒ်မနဲ့ အရေးမယူတာ လဲ။

ရဲချုပ်- ကျွန်တော်တို့က လတ်တလောစစ်ဆေးပေါ်ပေါက်ချက်တွေအရ ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်တွေကို ပေါ်ပေါက်နေတာဖြစ်တယ်။ သူသည် အယူအဆ မတူတာတွေ၊ မတူကွဲပြားတဲ့ အခြေအနေကြောင့် ဖြစ်လာတဲ့ အစွန်းရောက်နဲ့မတူဘူး။ ဒါကြောင့် ကျွန်တော်တို့က ရာဇ သတ်ကြီးပုဒ်မနဲ့ အရေးယူတာဖြစ် ပါတယ်။ နောက်ပိုင်း အောင်ဝင်း ခိုင် မိလာလို့ စစ်ဆေးတွေ့ရှိချက် ပေါ်မူတည်ပြီး အကြမ်းဖက်ပုဒ်မနဲ့ အရေးယူသွားဖို့ရှိပါတယ်။

ပြည်ထဲရေးဝန်ကြီး- ဒီကိစ္စနဲ့ပတ်သက်ပြီး အနည်းငယ်ဖြည့် စွက်ပြောချင်တယ်။ အကြမ်းဖက် ဆိုပြီး ငါ့ညီမောင်တောမှာ အစ် ကိုတို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲ တွေ၊ အရာရှိတွေကို တစ်ဖက်အ ဖွဲ့က လူတွေက သတ်သွားတယ်။ ဒီလိုအဖွဲ့ကိုတောင် အကြမ်းဖက် အဖွဲ့လို့ သုံးလိုက်ရင်တောင် တစ် ခုခုဖြစ်သွားမှာမို့လို့ (ဥပမာ) မုံး ကိုးမှာ ဖြစ်သွားတဲ့ဖြစ်စဉ်တွေ တောင် အကြမ်းဖက်လို့ မသုံးပါ ဘူးဆိုပြီး လွှတ်တော်ထဲမှာ အစ်ကိုတို့ အဆိုပဲတင်သွင်းထားခဲ့ တယ်။ ဒီဟာကိုတောင်မှ အ ကြမ်းဖက်ဆိုပြီး မသုံးခဲ့ရဘူး။ အခု လူတစ်ယောက်တည်း သတ် တာကို သုံးမလား။ ရဲတွေအများ ကြီး သေခဲ့တာတောင် အစ်ကို့ရင် ထဲမှာ ခံစားခဲ့ရတာ မင်းခံစား ကြည့်လေ။ အစ်ကို့တပည့်တွေ သေတာ မင်းခံစားကြည့်ပါ။ သေ သွားတဲ့သူတွေက အစ်ကို့ သား သမီးတွေပါပဲ။ ဒါကို နိုင်ငံတကာ မှာ အကြမ်းဖက်ဆိုတာကို သုံးသ လို လူကြီးတွေရဲ့ မြော်မြင်မှု ကြောင့် မသုံးခဲ့ပါဘူး။ ဒါကြောင့် ဒီကိစ္စမှာလည်း မသုံးခဲ့တာဖြစ်ပါ တယ်။

Frontier Myanmar- အမှုက ဇေယျာဖြိုးမှာ နောက်ဆုံးဂိတ်ဆုံး သွားပြီဆိုတော့ အမှုက ပြီးသွား ပြီလား၊ အောင်ဝင်းခိုင်ကို ဖမ်း တာတော့ တစ်မျိုးပေါ့လေ။ ဒီအ မှုက ဒီမှာတင်ပြီးသွားပြီလား။

ပြည်ထဲရေးဝန်ကြီး - ဘယ်ရမလဲ၊ အောင်ဝင်းခိုင်ကို မမိမချင်း အောင်ဝင်းခိုင်ကို မိရင်ဘာဆက်လုပ်ရမလဲဆိုတာ စဉ်ဆက်မပြတ်လုပ်ရမယ်။ ဒါကြောင့် တချို့ဟာလေးတွေလည်း မပြောနိုင်လို့ မပြောနိုင်သေးတာဖြစ်ပါတယ်။ဇေ ယျာဖြိုးနဲ့ ပြီး၊မပြီးဆိုတာ အောင်ဝင်းခိုင်ကိုမိရင် သိရမယ်။ အခုအခြေအနေအရတော့ ရသလောက်လေး သတင်းထုတ်ပြန်တာဖြစ်ပါတယ်။ နောက်ထပ် ဘာဆက်ရှိနိုင်မလဲဆိုတာတော့ အစ်ကိုတို့က ဆက်လက်ပြီးစုံစမ်း ရမှာဖြစ်ပါတယ်။ ဒီမှာ ရပ်ထား လို့မရဘူး။ ရပ်ထားခဲ့ရင်တော့ ကိစ္စမရှိဘူး။

စဉ်းစားရမယ့်အချက်တွေ အများကြီးပဲ။ ဦးကိုနီ နောက်ကွယ်မှာ ဘယ်သူတွေရှိနေမလဲ။ သူ့ကို နောက်ကွယ်က ဘယ်သူက လုပ် ချင်နေတာလဲ။ တပ်မတော်နဲ့ ပြည်သူအကြား၊ တပ်မတော်နဲ့ အစိုးရအကြား ပြဿနာဖြစ်စေချင်လို့လား။ ဒီအချက်တွေ အများကြီး စဉ်းစားရပါတယ်။ ဒါကြောင့် ဒီအမှုက ရပ်ထားလို့ မရပါဘူး။ စဉ်ဆက်မပြတ် စုံစမ်းသွားရမှာပါ။ ဆက်လက်ဖော်ထုတ်သွားရမှာဖြစ်ပြီး အောင်ဝင်း ခိုင်ကိုရဖို့ အရေးကြီးပါတယ်။ ဒါကြောင့် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်တာတွေလည်း ရှိပါတယ်။ မီဒီယာတွေလည်း ပူးပေါင်းဆောင်ရွက်ပေးပါ။ ကျန်တဲ့ သိသင့်သိထိုက်တာတွေကို လည်း အကြောင်းကြားပေးစေချင်ပါတယ်။ ဟိုတစ်လောက ကိုဆွေဝင်းတို့၊ ရန်ကုန်တိုင်းက ရဲမှူးချုပ်ကိုဝင်းနိုင်တို့ ဆက်စပ်ပြီး ပြောပြတာလေးတွေ ရှိပါ တယ်။ ဒီလိုမျိုးလုပ်ဆောင်ပေးတဲ့ ငါ့ညီတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ကို ကျေးဇူးတင်ပါတယ်။

Myanmar Now- အခုဖြစ်စဉ်မှာ ပြည်သူတွေက နောက်ကွယ်မှာ အများကြီးဖြစ်နေမလားဆိုပြီး သံ သယရှိနေတယ်။ မဆလ ခေတ် မှာဆိုရင်လည်း နိုင်ငံတော်သစ္စာ ဖောက်မှုနဲ့ အဖမ်းခံရတဲ့သူတွေ လည်း မီဒီယာနဲ့ တိုက်ရိုက်စကား ပြောခွင့်ရတယ်။ ဒီလူတွေကို ဘယ်တော့ရုံးထုတ်မလဲ၊ ရုံးထုတ် မယ်ဆိုသူတို့ကို မေးမြန်းခွင့်ရမ လား၊ ဒီလိုအခွင့်အရေးမျိုးပေးနိုင် မလား သိချင်ပါတယ်။

ရဲချုပ်- အများပြည်သူတွေ စိတ်ဝင်စားတဲ့ အမှုတွေရဲ့ သဘောသဘာဝကို နားလည်ပါတယ်။ အချိန်တစ်ခုမှာတော့ ဒီလိုအခွင့်အရေးတွေ ဖြစ်လာအောင် တင်ပြဆောင်ရွက်ပေးသွားမှာပါ။ အခုမှ ဥပဒေအကြံပေးကို တောင်း ထားတဲ့ အနေအထားမှာပဲ ရှိပါ တယ်။

7Day Daily- ဒီအမှုမှာ အခု လက်ရှိအနေအထားအရ အောင်ဝင်းခိုင်က အဓိက အရေးပါတဲ့ နေရာမှာဖြစ်လာပါတယ်။ အောင် ဝင်းခိုင်နဲ့ပတ်သက်ပြီး ဘာဖြစ်လို့ နှစ်ပတ်ကျော်ကြာမှ သတင်း ထုတ်ပြန်တာလဲ သိချင်ပါတယ်။

ရဲချုပ်- အောင်ဝင်းခိုင် ပါဝင် ပတ်သက်တယ်ဆိုတာ ချက်ချင်း ကျွန်တော်တို့က မပေါ်ပေါက် သေးဘူး။ အောင်ဝင်းဇော်နဲ့ ဇေ ယျာဖြိုးတို့ကို ရတဲ့အချိန်မှာ ကျွန်တော်တို့ ချိန်ရတယ်။ ပြောလာတဲ့ အချိန်မှာလည်း သွားပြီး တိုက်ဆိုင် စစ်ဆေးရတယ်။ ဒီလို ချိန်ဆမှု ကြောင့် ကျွန်တော်တို့က ကြန့် ကြာမှုဖြစ်ပွားရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ပိုပြီး မြန်မြန် ဆန်ဆန် ပိုပြီးတော့ ရချင်ပါ တယ်။

7Day Daily- ဒီအမှုမှာ အောင် ဝင်းခိုင်နေတဲ့ ရပ်ကွက်ကနေ သိတဲ့အတိုင်းအတာအရ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပြောစကားအရ အောင်ဝင်းဇော်ကိုမိပြီး ဖမ်းမိပြီး မကြာခင်မှာ အောင်ဝင်းခိုင်အိမ် ကို သွားခဲ့တယ်လို့ ပြောတယ်။ အဲဒီအချိန်ကတည်းကသာ သတင်းထုတ်ပြန်ခဲ့ရင်၊ အောင်ဝင်းခိုင်နဲ့ ပတ်သက်တဲ့ အချက်အ လက် လူထုကို အသိပေးခဲ့ရင် အချိန်တိုအတွင်း ဖမ်းနိုင်မယ်လို့ လူထုက ယုံကြည်မှုရှိတယ်။ ဒါပေမဲ့ နှစ်ပတ်ကြာ သတင်းထုတ်ပြန် တဲ့ အပိုင်းကို ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။

သတင်းထုတ်ပြန်တာက တော့ နိုင်ငံတော်အပိုင်းပေါ့နော်။ အိမ်ရှာတာတို့၊ ပိတ်ဆို့တာတို့က တော့ ကျွန်တော်တို့က နောက်မ ကျပါဘူး။ ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ ရပ်ကွက်တွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုကတော့ နောက်ကို နောက်မကျခဲ့ပါဘူး။

ပြည်ထဲရေးဝန်ကြီး- (လက်ထောင်ပြကာ) ငါ့ညီ အစ်ကို့လက်ကိုကြည့် ဘာမြင်ရလဲ။ လက်ဖဝါးပါ၊ အစ်ကို့ဘက်က ကြည့်ရင် လက်ဖမိုးမြင်ရတယ်။ အစ်ကိုတို့မှာလည်း လုပ်ရတဲ့အလုပ်တွေ အများကြီးရှိပါတယ်။ ဒါတွေကိုလည်း အစ်ကိုတို့အပေါ် နား လည်စေချင်ပါတယ်။

Myanmar Now- တာမွေမြို့နယ် မော်ဒန် လက်ဖက်ရည်ဆိုင်မှာ အောင်ဝင်းခိုင်၊ အောင်ဝင်းဇော်နဲ့ လင်းဇော်ထွန်းတို့ ထိုင်ကြတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး လွှတ်တော် ကိုယ်စားလှယ်(မိုင်းဖြတ်) ပါဝင် ပတ်သက်ခြင်းရှိ၊ မရှိ၊ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီလွှတ်တော်ကိုယ်စား လှယ်တချို့က ဦးကိုနီကို ဖေ့စ် ဘွတ်ခ်ကနေ ဝေဖန်တိုက်ခိုက် တာတွေလည်း ရှိတယ်။ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ကာကွယ်မယ် ဆိုတဲ့ ကြံ့ခိုင်ရေးပါတီခေါင်း ဆောင်တချို့ လက်ချက်ဆိုတာ ပြည်သူတွေကိုယ်က သံသယရှိပါ တယ်။ ဒါတွေက ကျွန်တော်ပြော တာ မဟုတ်ပါဘူး။ အွန်လိုင်းမှာ လက်ရှိပြောနေတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်း လဲသင့်တယ်၊ ပြုပြင်သင့်တယ်။ ဒီဥပဒေက စစ်တပ်က ကုပ်သွေး စုပ်တဲ့ဥပဒေဖြစ်လို့ ပြင်ဆင်သင့် တယ်လို့ ဦးကိုနီက ပြောတယ်။ ဒီအမှုမှာ လင်းဇော်ထွန်းနဲ့ပတ် သက်ပြီး ပြောသွားတဲ့အချက်ရှိပြီး သူနဲ့ပတ်သက်လို့ မေးချင်ပါ တယ်။

ပြည်ထဲရေးဝန်ကြီး- ငါ့ညီမေးတဲ့ မေးခွန်းက အင်မတန် စိတ်ဝင် စားစရာကောင်းတဲ့မေးခွန်းဖြစ်ပါ တယ်။ ဒီလိုဟာလေးတွေ ဖြေရ တာဟာလည်း ပိုပြီး တန်ဖိုးရှိပါ တယ်။ ပြောပြချင်တာကတော့ အစ်ကိုတို့စစ်သားတွေရဲ့သဘော သဘာဝပါပဲ။ အလုပ်ကထွက်ပြီး ရင် အတူတူ စီးပွားရေးလုပ်ကြ မယ်၊ တစ်နေရာမှာ အတူစုစား မယ်၊ ဂေါက်ရိုက်မယ်၊ ဆရာကန် တော့ပွဲလုပ်မယ်၊ ဒါတွေက အ ပတ်စဉ်တိုင်းမှာ လုပ်ကြတာတွေ ရှိပါတယ်။ သတင်းစာထဲမှာ လည်း တွေ့မှာပါ။ အခုလည်း သူ တို့ စီးပွားအတူတူလုပ်တဲ့သူတွေ ဖြစ်တယ်။ လင်းဇော်ထွန်းနဲ့ အောင်ဝင်းခိုင်ဟာလည်း တပ်ရင်းတစ်ခုတည်းမှာ အတူနေခဲ့တယ်၊ တပ်ကလည်း အတူထွက်သွားပြီး ချိန်မှာ အတူသွားစုကြတယ်။ လူငယ်သဘာဝ တွေ့ကြတယ်၊ သောက်ကြတယ်၊ စားကြတယ်။ လင်းဇော်ထွန်းကလည်း လွှတ် တော်ထဲမှာ ဦးကိုနီရဲ့ ဆရာလုပ် နေတဲ့အခြေအနေ ဗီဒီယိုဖိုင်ထဲ မှာ မင်းတို့လည်း ကြားပါလိမ့် မယ်။ မွတ်စလင်ဟာ ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ၊ ၁၀ ရာခိုင်နှုန်း ရှိတယ်။ ဒါကြောင့် လွှတ်တော်ထဲမှာ ၆၆ ယောက်ရှိရမယ်ဆိုတဲ့ အသုံးအနှုန်းသုံးခဲ့တယ်။ ဒါမျိုးတွေ သူပြောတဲ့အခါမှာ တချို့ လည်း ခံနိုင်ရင် ခံနိုင်လိမ့်မယ်။ တချို့လည်း ခံနိုင်ချင်မှ ခံနိုင်လိမ့်မယ်။ ဒီအပေါ်မှာ မူတည်ပြီးမှ ပုဂ္ဂိုလ်ရေးမုန်းတီးမှု ဖြစ်လာတယ် လို့ ပြောရလိမ့်မယ်။ ပြည်ခိုင်ဖြိုး ပါတီတွေ၊ ဘာတွေပြောစရာမလို ပါဘူး။ လင်းဇော်ထွန်းဟာ လွှတ် တော်ကိုယ်စားလှယ် ဖြစ်တဲ့အ တွက် ဒီလောက် မိုက်မဲတဲ့သူ မဟုတ်ဘူးလို့ ငါ့ညီတို့ ယုံကြည် ထားဖို့လိုတယ်။ လူတစ်ယောက် သတ်ဖို့အတွက်တော့ မပြောဘူး။ သို့သော်လည်းပဲ လွှတ်တော်ထဲ မှာ မကျေနပ်ရင်လည်း ပြောမှာပဲ။ ငါ့ကို မကျေနပ်ရင် ပြောမှာပဲ။ တပ်ချုပ်ကို မကျေနပ်ရင်လည်း ပြောမှာပဲ။ ဒေါ်အောင်ဆန်းစု ကြည်ကို မကျေနပ်လည်း ပြောမှာပဲ။ လူငယ်သဘောသဘာဝ ပြောကြတာကို ငါ့ညီလက်ခံသလား။ မင်းတို့တောင် လက်ဖက်ရည် ဆိုင်မှာ အချင်းချင်း မတည့်တဲ့သူ ဆို မကောင်းကြောင်းပြောမယ်။ လူငယ်သဘောသဘာဝဆိုတာ ဟိုနှစ်ယောက်မုန်းတီးမှုကို ပိုများသွားပြီး လုပ်ကြံသွားတယ်ဆို တာကို ထွက်ဆိုချက်အရ ပြောနေ ရတယ်ဆိုတဲ့ အနေအထားလေး ပါပဲ။

Myanmar Now- ကိုလင်းဇော် ထွန်းနဲ့ပတ်သက်ပြီး ခေါ်ယူမေး မြန်းမှု ရှိ၊ မရှိ သိချင်ပါတယ်။

ရဲချုပ်- ကိုလင်းဇော်ထွန်းအပြင် ဟောင်ကောင်မှာရှိတဲ့ ဝန်ထမ်း တွေအားလုံးကို ဘယ်သူ့ကိုမှ ထိမ်ချန်ခဲ့တာ မရှိပါဘူး။ အား လုံးကို ခေါ်ယူမေးမြန်းခဲ့ပါတယ်။

Myanmar Now- ကိုဇေယျာဖြိုး နဲ့ ပတ်သက်ပြီးတော့ ရင်းနှီးတဲ့သူ တွေ တစ်ပတ်စဉ်တည်း ဆင်းတဲ့ သူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ သူဟာ ဘာသာရေးလိုက်စားတယ်၊ ဒီနှစ်မှာလည်း အမျိုးဘာသာရေး နဲ့ပတ်သက်တဲ့သူတွေနဲ့ သွားလာခဲ့တယ်ဆိုတာ သိရတယ်။ ဓာတ်ပုံ တချို့မှာလည်း အများပြည်သူမြင် ကွင်းမဟုတ်ဘဲ ပုဂ္ဂလိကနေရာ တွေမှာရိုက်ထားတဲ့ ပုံတွေရှိ တယ်။ ဒီအတွက် ကိုဇေယျာဖြိုး ဟာ (မဘသ)အဖွဲ့ ဆရာတော် တွေနဲ့ တိုင်ပင်ခဲ့တာရှိ၊ မရှိသိချင် ပါတယ်။ သူက ထောက်လှမ်းရေး က ဆင်းခဲ့တဲ့အခါကျတော့ တ ခြားထောက်လှမ်းရေး(ယခင်) က အရာရှိဟောင်းတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့တာ ရှိ၊ မရှိ မေးမြန်းလို ပါတယ်။

ပြည်ထဲရေးဝန်ကြီး- ထောက် လှမ်းရေးနဲ့ ပတ်သက်ပြီးတော့ သူ့အလုပ်မှာ အရင်ထောက်လှမ်း ရေးက ထွက်လာတဲ့သူတွေရှိ တယ်ဆိုတာသိတယ်။ မေးကြည့် တယ်။ စစ်ဆေးတယ်။ ဖော်ထုတ် တယ်။ တပ်မတော်ထောက်လှမ်း ရေးလုပ်တဲ့သူတွေက တိုင်းပြည် သစ္စာဖောက်တဲ့သူတွေမှ မဟုတ်တာ။ အဲဒီအတွက် ဒီလူတွေ သတ်စရာအကြောင်း မရှိဘူး။ ငါ့ညီပြောတဲ့ (မဘသ)ကိစ္စ ယုံ ကြည်မှု၊ ကိုးကွယ်မှုရှိကောင်းရှိ နိုင်ပါတယ်။ ထွက်ဆိုချက်တွေ အရ သူ့ရဲ့မိဘတွေကလည်း ဆရာကြီးဂိုဏ်းတွေ ၀င်ထားပါတယ်။ သူလည်း ဒါကို ယုံကြည်ပါတယ်။ သူက တစ်နှစ်တစ်ခါ ဘုန်းကြီး ၀တ်တယ်၊ ကိုရင်ဝတ်တယ်။ ကိုရင်ဝတ်တဲ့အချိန်မှာ သွားပြီး ဖမ်းရတယ်။ သူကိုယ်တိုင်က လည်း ဘာသာရေးယုံကြည် တယ်။ သို့ပေမဲ့ ဘုန်းကြီးတွေက လည်း သတ်ပါလို့ ဘယ်သူပြော မလဲ။ ငါ့ညီလည်း ဗုဒ္ဓဘာသာပဲ။ ဗုဒ္ဓဘာသာမှာ အဲဒီလိုခိုင်းတာပါ သလား။ ကိုယ့်ဘာသာကိုယ် စဉ်းစားစေချင်ပါတယ်။ တို့ကိုးကွယ်ယုံကြည်မှုဟာ ပါဏာတိပါတာ၊ ဝေရမဏိသိက္ခာပဒံ ရှောင်ကြဉ်ပါ၏။ တို့ဗုဒ္ဓဘာသာလူမျိုးက လုပ်တဲ့အတွက် အင်မတန်ရှက် တယ်။ ပြောရမှာလည်း ရှက်တယ်။ တပ်မတော်အရာရှိဖြစ်လို့ လည်း ရှက်တယ်။ သို့သော်လည်း အရင်ကဖြစ်စဉ်တွေ ကြားဖူးပါ လိမ့်မယ်။ ဦးနေ၀င်းလက်ထက် က ဗိုလ်ကြီးအုန်းကျော်မြင့်တို့၊ ဗိုလ်ကြီးဝင်းသိန်းတို့၊ အန်ကယ် ဦးဝင်းထိန်တို့ မအောင်မြင်တဲ့ အာဏာသိမ်းမှုတွေ မကျေနပ်ချက် ပေါ် မူတည်ပြီးတော့ ရူးရူးမိုက်မိုက်လုပ်ခဲ့တာတွေ ဖြစ်ကောင်း ဖြစ်နိုင်တယ်ဆိုတာ တို့ဘက်မှာ စဉ်းစားစရာတွေ ဖြစ်ကောင်းဖြစ် နိုင်ပါတယ်။ အခုမေးတဲ့ မေးခွန်း အားလုံးကောင်းပါတယ်။ တရားဥပဒေစိုးမိုးရေးမှာ ပြည်ထဲရေး ၀န်ကြီးဌာနမှာ တာဝန်ရှိပါတယ်။ဒါကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှ အစွမ်းကုန်လုပ်ပေးမယ်။ ဒီအတွက် အားလုံးက ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါ။ အစ်ကိုတို့ လိုအပ်ချက်တွေရှိရင်လည်း ၀ိုင်းဝန်းကူညီပေးပါ။ အစ်ကိုတို့ကလည်း အားနဲ့ ပူးပေါင်းဆောင်ရွက်သွား ပါမယ်။ တစ်ယောက်နဲ့ တစ် ယောက်အမုန်းမပွားဘဲ ရှေ့ကို တိုးသွားနိုင်အောင် ကြိုးစားသွား ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

=============

7Day News Journal

http://www.7daydaily.com/story/90225


လူရွယ်ကို လူငယ်တဲ့လား
လူလည်တွေတုံးတုံးတိတိ
ဖုံးဖုံးဖိဖိနဲ့ သုံးလိုက်တဲ့အသုံးနှုန်း
မပြုံးဘဲ ၀ါးလုံးကွဲရယ်လိုက်ချင်တယ်…။

လူငယ်တွေသဘာဝ ပုဂ္ဂိုလ်ရေးအရ
ပဋိပက္ခ ရန်စရှိလို့ သတ်ကြတဲ့အထိ
ရှိရပါကြောင်း လမ်းကြောင်းပြောင်းလွှဲ
ဗလောင်းဗလဲနဲ့ အကောင်းပဲဖြစ်အောင်
သရုပ်ဆောင်တော်မူ ထမင်းရေပူလာ
လျှာလွဲတဲ့အတတ်နဲ့
ဇာတ်ကပြလိုက်တာလား-ကွယ်တို့…။

လယ်ပြင်မှာ ဆင်သွားတဲ့အလား
ထင်ရှားလွန်းလှတဲ့ ဦးကိုနီအဖြစ်ကို
ညစ်ဥာဏ်နဲ့ အစစ်မခံရအောင်
အသစ်တဖန်ဇာတ်လမ်းထွင်
မှတ်တမ်းတင်ချင်တာဘာသဘောလဲ…။

ရွှေသမင်ဘယ်ကထွက်
ဆက်လက်တွက်ချက်ပြီး
အထက်သို့ဆက်တက်လိုက်ရင်တော့ကာ
မင်းကြီးတာကထွက်လာတာ
ပေါ်ရှာတော့မှာ ပညာရှိက၀ိတွေ
သိရှာလေတော့ လှည့်ပြောတော့သပေါ့
လူငယ်သဘာဝ ရန်စရှိလို့တဲ့လေ
ပြောပလေ့စေ ပြောပါစေ
အမှန်တရားကို အများသိပါသလေ…။

တက္ကသိုလ်ဘုန်းကြွယ်(ဖေဖေါ်ဝါရီ ၂၅ ၁၇)


NLD ပါတီရဲ့ ဥပဒေအကြံပေးလည်းဖြစ်၊ တရားလွှတ်တော် ရှေ့နေကြီးလည်းဖြစ်တဲ့ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတာ ဒီကနေ့ဆိုရင် ၁ လတင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူကို ၀ိုင်းဝန်း ဖမ်းဆီးပေးရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ယာဉ်မောင်း ဦးနေ၀င်းနဲ့ ဦးကိုနီတို့ ကွယ်လွန်သွားတဲ့ ၁ လပြည့် အခမ်းအနားကို NLD ပါတီက ဦးဆောင်ပြီး ဒီကနေ့ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပမှာဖြစ်ပြီး၊ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ NLD ပါတီက တာဝန်ရှိသူတွေပါ တက်ရောက်မယ့်အကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောတာကို ကိုးကားပြီး ဧရာဝတီသတင်းမှာ ဖော်ပြကြပါတယ်။

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဆက်နွယ်ပြီး ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ပြည်ထဲရေးဝန်ကြီးဌာနက ရန်ကုန်မြို့ မူးယစ်ဆေးဝါးပြတိုက်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ လုပ်ကြံ သတ်ဖြတ်မှုနဲ့ ဆက်နွယ်ပြီး လောလောဆယ် သေနတ်သမား ကြည်ဝင်း၊ နောက်ကွယ်က ခိုင်းစေသူ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ ၃ ဦးကို ဖမ်းဆီးထားပြီးဖြစ်တဲ့အပြင် တခြား အမျိုးသား ၇၁ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၇၃ ဦးကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်းလည်း ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

အခု ဖမ်းဆီးရမိထားတဲ့ ဇေယျာဖြိုးနဲ့ လွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်တို့က လူငယ်ဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ်မှုအပေါ် အခြေခံပြီး ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ခဲ့တယ်လို့ ယူဆကြောင်း သတင်းစာရှင်းလင်းပွဲအတွင်း ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကတော့ ကွင်းဆက်တွေကို စဉ်ဆက်မပြတ် ဖော်ထုတ်သွားဖို့ ကြိုးစားနေကြောင်း ပြောဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး သေနတ်နဲ့ ပစ်ခတ်သူ ကြည်လင်းနဲ့ သူ့ကို အနီးကပ် ကြီးကြပ်စေခိုင်းသူ တပ်မတော်က ဗိုလ်အဖြစ်က ထုတ်ပယ်ခံရသူ အောင်ဝင်းဇော်နဲ့ သူရဲ့နောက်ကွယ်က ညီဖြစ်သူ အငြိမ်းစား ဒုဗိုလ်မှူးကြီး အောင်ဝင်းခိုင်တို့အပြင် တပ်မတော် သတင်းစုဆောင်းရေးတပ်က အငြိမ်းစား ဗိုလ်ကြီး ဇေယျာဖြိုးတို့ ပါဝင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
VOA Burmese News

မြန်မာ့ဆိုရိုးတွေထဲမှာ ဓားသွားထက် ကလောင်သွားထက်သည်ဆိုတဲ့စကားရှိပါတယ်။ မကြာသေးမီက ရှေ့နေဦးကိုနီတယောက် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံခဲ့ရတာ အားလုံးအသိပါ။ ဦးကိုနီရဲ့ အသက် တချောင်းကိုလုပ်ကြံဖို့ အနီးကပ်ပစ်တဲ့ သေနတ်က တချက်တည်းပါ။ တနည်းအားဖြင့် ကျည်တတောင့်ပဲ သုံးခဲ့ရပါတယ်။ နည်းနည်းဝေးဝေးကပစ်လို့ လွဲချော်ခဲ့တယ်ဆိုရင် ဦးကိုနီရဲ့ အသက်မဆုံးရှုံးဘဲ ကျည်တ တောင့်တန်ဖိုးပဲဆုံးရမှာပါ။

ဦးကိုနီကို ဘာကြောင့် လုပ်ကြံသလဲ၊ ဘယ်သူတွေက လုပ်ကြံခိုင်းတာလဲ ဆိုတာကို မြန်မာပြည်တွင်းမှာ သာမက ကမ္ဘာ့အသိုင်းအ၀ိုင်းထဲအထိ ဂယက်ရိုက်ခဲ့ပါတယ်။ ကြေးစား လူသတ်သမား ကြည်လင်း၊ ကြည်လင်းကိုစေခိုင်းသူ အောင် ၀င်းဇော်၊ အောင်ဝင်းဇော်ကို စေခိုင်းခဲ့သူ အောင်ဝင်းခိုင်စတဲ့ ကွင်းဆက် တွေပေါ်လာတဲ့အခါ ဦးကိုနီကိုလုပ်ကြံမှုဟာ တဦး ချင်း ပုဂ္ဂိုလ်ရေး အငြိုးအတေးကြောင့် မဟုတ်ဘဲ၊ ဒီလုပ်ကြံ မှုရဲ့နောက်ကွယ်မှာ လူတစုဒါမှမဟုတ် အုပ်စုတစုရှိနေမယ်လို့ မြန်မာလူထုက ခန့်မှန်းကြပါ တယ်။

ဦးကိုနီကို လူတစုကပဲ လုပ်ကြံတာဖြစ်စေ၊ အုပ်စုတစုကပဲလုပ်ကြံတာဖြစ်စေ၊ လက်ရှိ အစိုးရရဲ့အနေအထားကို ယိမ်း ယိုင်အောင်လုပ်တယ်၊ ပြည်သူလူထုရဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်လုပ်တယ်ဆိုတဲ့ ကောက်ချက်တွေက မလွဲမှားနိုင်တဲ့ ကောက်ချက်တွေပါ။ ၂၀၁၅ ရွေး ကောက်ပွဲကို အင်အယ်လ်ဒီ ပြတ်ပြတ်သားသားနိုင်ခဲ့ တုန်းက လူထုရဲ့ခံစားချက်က ဘာလဲ။ လူအများစုကြိုက်တဲ့ ပါတီ၊ ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်နေတဲ့ပါတီဆိုတဲ့ အစွဲကြောင့်ပဲ မဲထည့်ထည့်၊ အာဏာ ရှင်စနစ်ထဲက ပြတ်ပြတ်သား သားလွတ်မြောက်လိုစိတ်နဲ့ တပါတီတည်းကို စုပုံမဲပေးပြီးနောက်ပိုင်း အင်အယ်လ်ဒီမဲနိုင်ပြီလို့သိရချိန်မှာ လူထုကလွတ်လွတ်ကျွတ်ကျွတ် မပျော်ခဲ့ကြပါဘူး။သံသယနဲ့ပျော်ခဲ့ကြတာပါ။ ၁၉၉၀ ပြည့်နှစ်တုန်းကလို အာဏာမလွှဲရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့သောက လူတိုင်းမှာ ရှိခဲ့ ပါတယ်။

လွှတ်တော်နှစ်ရပ် ဖွဲ့စည်းနိုင်ပြီဆိုတော့ စိတ်ပူနေတဲ့လူထု ပင့်သက်တခါချနိုင်ခဲ့ကြပါတယ်။ အမေစု သမ္မတဖြစ်ခွင့်ရနိုးမျှော်လင့်လိုက် မဖြစ်လာရင် သမ္မတနေရာကို ဘယ်သူရမလဲ ပင့်သက်ဖြာကြနဲ့ မဲနိုင်တာ တောင် စိတ်မအေးနိုင်ကြတဲ့ မြန်မာလူထုရဲ့အဖြစ်ပါ။ နောက်တော့လည်း သမ္မတဖြစ်လာသူ ဦးထင်ကျော်ကို သောင်းသောင်းဖြဖြ လက်ခံကြိုဆိုခဲ့ကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဟာကွက်တချို့ကိုသုံးပြီး အမေစု နိုင်ငံတော်ရဲ့အတိုင်ပင်ခံဖြစ်လာတော့ မှတ်ပလား ၂၀၀၈ ရေ၊ မင်းကို အတတ်ပညာဆိုတဲ့အရာနဲ့ ခုတ်ထစ် အသုံးချခဲ့ပြီလေရယ်လို့ ပြည်သူတို့ ၀မ်းသာခဲ့ကြပါတယ်။

မလွဲသာလွန်းလို့ ပြည်တွင်း ပြည်ပအခြေအနေတွေက ၁၉၉၀ ပြည့်နှစ်နဲ့ ဘယ်လိုမှ မတူတော့လို့ အာဏာကိုလွှဲပေးလိုက်ရပေမဲ့ ဘယ်လောက်မချိတရိ ဖြစ်ရှာကြလေမလဲ။ အမေစု ကောင်းကောင်းသိပါ တယ်။ ဒါကြောင့် အင်အယ်လ်ဒီ မဲအောင်နိုင်တာကို သိုသိုသိပ်သိပ်နေကြဖို့ ထပ်တလဲလဲမှာရှာတယ်။ သူ့ဘက်ကလည်း အမျိုးသားရင်ကြားစေ့ရေးအတွက် သေတပန်သက်တဆုံးနီးပါး နေအိမ်အကျယ်ချုပ်အကျ ခံခဲ့ရတာတွေ၊ လင်သေ၊ သားကွဲအဖြစ်တွေ၊ ဒီပဲယင်းမှာ အပိုင်လုပ်ကြံတာတွေကို ယောင်လို့တောင်မဟရှာဘဲ၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ကို ရှေ့တန်းတင်လုပ်ဆောင်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲဝင်တုန်းက အင်အယ်လ်ဒီရဲ့ဦးတည်ချက် (၃)ခုထဲက ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးကိုတောင် မဲနိုင်ပြီး နောက်ပိုင်း ဦးစားပေးမပြောခဲ့ပါဘူး။

မြန်မာ့ပြည်တွင်းစစ်က နာတာရှည်ရောဂါသည် လို နှစ် ၇၀ ပြည့်လုပါပြီ။ ကမ္ဘာမှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လည်းဖြစ်ပါတယ်။ အမေစုကိုချစ်သူတွေက သူအသက်ရှင်တုန်း တိုင်းပြည်အေးချမ်းသွားတာ၊ တိုးတက်လာတာ မြင်သွားချင်စိတ်ကလွဲလို့ အမေစုမှာ တခြားမျှော်ကိုးချက်မရှိဘူးဆိုတာ သိကြပါတယ်။ ဒါပေမဲ့ အမေစုကိုမလိုလားသူတွေ မုန်းတီးသူတွေ မနည်းလှတဲ့ မြန်မာနိုင်ငံမှာ အမေစု ဘာလုပ် လုပ်ပြန်ပြီ ဘာပြော ပြောပြန်ပြီ လိုက်ထောက်နေသူတွေ အများကြီးဆိုတာ ဖေ့စ်ဘုတ်သုံးသူတိုင်း သိကြပါတယ်။ အမေစုကိုသာမက အစိုးရရဲ့ နောက်ကျောကို ကလောင်သွားနဲ့ လုပ်ကြံနေသူတွေရှိတယ်ဆိုတာ ထင်ထင်ရှားရှားပေါ်လာတာက (၇၀)ပြည့်နှစ်မြောက် ပြည်ထောင်စုနေ့ကို ပင်လုံမှာ ကျင်းပတဲ့ အခမ်းအနားပွဲ သတင်းဖော်ပြချက်များက ပြသခဲ့ပါတယ်။ အဲဒီနေ့က အမေစုပြောတဲ့ မိန့်ခွန်းကိုဝေဖန်သူအများအပြားပေါ် လာပါတယ်။ တချို့က ပြောဆိုသွားတဲ့စကားတွေထဲက သဘောမတွေ့တာတွေကို ဝေဖန်ထောက်ပြတာပါ။တချို့ကတော့ ရွတ်ဆိုသွားတဲ့ ကဗျာကိုတိုက်ခိုက်ကြတာပါ။

''စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး၊ မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား၊ မကိုးစားလျှင်
ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့။''ဆိုတဲ့ ကဗျာက ရှေးဟောင်းကဗျာဖြစ်ပေမဲ့ ခုကာလထိ ခေတ်မီနေတဲ့ ကဗျာလေးပါ။

စစ်နည်းဗျူဟာတွေ တိုးတက်လာတဲ့ခေတ်နဲ့အညီ ဘယ်လိုပြောင်းပြောင်း လူထုရဲ့ထောက်ခံမှုပေါ် အခြေခံရတယ်ဆိုတဲ့ အမှန်တရားက မပြောင်းပါဘူး။ ဒီသဘောတရားကို ထောက် ပြတာပါ။ ကဗျာရဲ့အနှစ်သာရကိုမမြင်နိုင်ဘဲ၊ မခံစား နိုင်ဘဲ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ကျွန်မ ရွတ်ပြမယ့် ကဗျာဟာ ဘယ်သူရေးတာပါလို့ တခွန်းမှ မပြောပါဘဲနဲ့ ဒါကိုပဲမှားကွက်ကြီးတခုအဖြစ် ထောက်ပြ ကြတော့၊ အမှန်တရားကို အလွန်ကြောက်သူတွေရှိနေတယ်ဆိုတာက ထင်ထားတာထက် ပိုနေကြောင်း သိလိုက်ရပါတယ်။ နောက်တခုက ပြည်ထောင်စုနေ့အပြီး နောက်တနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေရဲ့ သတင်းရေးသားဖော်ပြမှုပါ။

၁၃-၂-၂၀၁၇ ရက်နေ့ထုတ် မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ နိုင်ငံပိုင်သတင်းစာတစောင်မှာ ၇၀ ပြည့်နှစ် ပြည်ထောင်စုနေ့အကြောင်းဖော်ပြတော့ ပြည်ထောင်စုနေ့ညမီးပုံပွဲသတင်းကို နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မီးထွန်းညှိပေးသည်လို့ ရေးရမယ့်အစား၊ မီးရှို့သည်လို့ ရေးသားဖော်ပြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးက ဒါမှမဟုတ် ပြန်ကြားရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေက ဒီလိုသတင်းရေး သားဖော်ပြချက်ကို ဘယ်လိုအရေးယူမလဲမသိရပေမဲ့ ထုံးစံအတိုင်း ဖေ့စ်ဘုတ်ပေါ်မှာ ဒီလိုသတင်းရေးသားမှု ကို သံသယဖြစ်တာတွေ၊ တမင်လုပ်တယ်လို့ ယူဆတာတွေ တက်လာပါတယ်။

နောက်တနေ့မှာ ပညာရှင်တဦးကလည်း သူ့ဖေ့စ်ဘုတ်မှာ (၇၀) ပြည့်နှစ် ပြည်ထောင်စုနေ့သတင်းနဲ့ ပတ်သက်ပြီး မကျေနပ်တာတွေကို ရေးတင်ပါတယ်။ သူနဲ့အတူ သတင်းတည်းဖြတ်ရေး တာဝန်ယူထားသူ တဦးက ပြည်ထောင်စုနေ့နဲ့ပတ်သက်တဲ့ အင်္ဂလိပ်ဘာသာနဲ့သတင်းရေးသားချက်ကို ပြင်ဆင်တည်းဖြတ်ပေးဖို့ ညရှစ်နာရီခွဲကတည်းက လက်တော့ကွန်ပျူတာ တွေဖွင့်ပြီးစောင့်ခဲ့ကြပါသတဲ့။ သတင်းကရောက် မလာဘူး။ သက်ဆိုင်ရာကို လှမ်းမေးတော့လည်း အရေးကြီးပုဂ္ဂိုလ်ရဲ့သတင်းဖြစ်လို့ ပြင်ဆင်နေပါတယ်၊ ပို့ပေးပါမယ်ပေါ့။ တည်းဖြတ်ပေးရမယ့်သူနှစ်ဦးထံ သတင်းရောက်လာချိန်က ညဥ့်နက်နေပြီ ည ၁၂ နာရီ ၀န်းကျင်ရှိပြီ။ ဒါပေမဲ့ သူတို့က အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ (၇၀)ပြည့်နှစ် ပြည်ထောင်စုနေ့သတင်းကို ပြင်ဆင်တည်းဖြတ်ပေးပြီး ပြန်ပို့ပေးကြပါတယ်တဲ့။ နောက်နေ့ အင်္ဂလိပ်ဘာသာထုတ်သတင်း စာမှာပါလာတာက ဘာမှမတည်းဖြတ်ရသေးတဲ့ သက်ဆိုင်ရာက တည်းဖြတ်ပေးရမယ့်သူတွေဆီပို့ပေးတဲ့ စာ ကြမ်းမှာပါတဲ့ စာအတိုင်းဖော်ပြထားတာပါတဲ့။ တည်း ဖြတ်ပေးရတဲ့ ဆရာမကသက်ဆိုင်ရာကို စုံစမ်းကြည့် တော့ ဒီသတင်းကို သတင်းစာထဲထည့်ဖို့ပေးထားတာ ည ၈ နာရီခွဲကတည်းကတဲ့။ ဒီတော့သတင်း တည်း ဖြတ်ပေးရတဲ့ ဆရာမက အခြေအနေကို နားလည် လိုက်ပါပြီ။ ညစ်ပတ်တဲ့အဆင့်မဟုတ်တော့။ ယုတ်မာ တဲ့အဆင့်။ အဲဒီဆရာမက သတင်းအဖြစ်ဖော်ပြမယ့် အင်္ဂလိပ်စာတွေကို သတင်းဌာနဘက်က ပြန်ပေးပို့ တုန်းက အငြင်းအသုံးအနှုန်းကို နှစ်ခါဆင့်သုံးထားတာ (double negative)ပါနေတာတွေကို အားလုံးပြင် ပေးလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ခါဆင့်ပြီး အငြင်းကိုသုံးရင် အင်္ဂလိပ်ဘာသာစကားမှာ ငြင်းတာ မဟုတ်တော့ဘဲ လက်ခံတယ် (positive)ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားပါတယ်။ ပြင်ပေးထားတဲ့မူကို မသုံးဘဲ၊ မူလသတင်းရေးထားတဲ့အတိုင်း ဖော်ပြထားတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အဓိပ္ပာယ်တွေနဲ့ ပြောင်းပြန်အဓိပ္ပာယ်ထွက်တဲ့ သတင်းက အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့သတင်းစာမှာပါလာပြီး တပြည်လုံး တကမ္ဘာလုံးကို ပျံ့နှံ့သွားပါပြီ။ သံတမန်တွေက ဘယ်လိုယူဆကြမလဲ။ အင်္ဂလိပ်သတင်း စာသာဖတ်တဲ့ မြန်မာပရိသတ် ဘယ်လိုအယူကောက်ကြမလဲ။ ဒေါ်အောင်ဆန်းစုကြည် ပြောစကားတွေပြောင်းပြန်အဓိပ္ပာယ်နဲ့ ထွက်လာပါပြီ။ ဒါကိုစာတည်း ဖြတ်ပေးတဲ့ ပညာရှင်အနေနဲ့ ယူကျုံးမရဖြစ်ရပုံကို ရေးပြရှာပါတယ်။

ဦးကိုနီကိုသေနတ်နဲ့ လုပ်ကြံတော့ တန်ဖိုးရှိတဲ့ လူ့အသက်တချောင်းသေသွားပါတယ်။ လွတ်ကိုလွတ်ရမယ်လို့ ထောင့်စေ့အောင် ကြိုတင်စီမံထားတဲ့ ကြေးစားလူသတ်သမားခမျာ ကြမ္မာငင်ချင်တော့ အငှားကားမောင်းသမား ကိုနေ ၀င်းက အသက်နဲ့ ရင်းပြီးဖမ်း၊ ကျန်တဲ့ ကားသမားတွေက ၀ိုင်းဖမ်းကြတာကြောင့် ခြေရာပျောက်ဖြစ်ရ မယ့် လူသတ်မှုကို ဖုံးကွယ်ရခက်ခဲခဲ့ရပါပြီ။
ငါးလောင်းပြိုင်၊ လေးလောင်းပြိုင်တွေတုန်းကလို ဦးကိုနီကိုလုပ်ကြံတဲ့အမှုက ရေစုန်မျောမသွားဘဲ၊ တတိယကွင်းဆက်ထိ ပေါ်လာရတယ်။ တနည်းအား ဖြင့် မြန်မာနိုင်ငံမှာ တရားကို တရားက စောင့်ရှောက် လာတာလို့ယူဆနိုင်ပါတယ်။ ဦးကိုနီကိုလက်စဖျောက် ခိုင်းတဲ့ပင်ရင်းဆိုရင် အခုဘယ်လောက်တုန်လှုပ်နေ မလဲ။ ဘယ်လိုမကောင်းမှုတွေ ဆက်လုပ်ဦးမလဲ။ အကုသိုလ်ကို အကုသိုလ်နဲ့ဆင့်ရပါတော့မယ်။

တဖက်မှာတော့ အစိုးရကိုအထူးသဖြင့် နိုင်ငံ တော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ကလောင်သွားတွေနဲ့ နောက်ကျောကို ၀ိုင်းထိုးကြပါ တယ်။ မြန်မာဘာသာ သတင်းစာက မီးပုံကို ထွန်းညှိ တယ်ရေးရမယ့်အစား မီးရှို့တယ်ရေးတယ်။ အင်္ဂလိပ်လို သတင်းစာက အငြင်းဝါကျကို နှစ်ခါထပ်အငြင်းတွေ ထပ်သုံးပြီး မူရင်းအဓိပ္ပာယ်ကို ပြောင်းပြန်ဖြစ်အောင် လုပ်တယ်။ မီဒီယာဆိုတာ စာလုံးအဖြစ် ပုံနှိပ်ပြီးတာနဲ့ စောင်ရေသိန်းသန်းပံျ့နှံ့သွားတာမို့ နှုတ်တရာစာတလုံး လို့ ပြောကြတာပါ။
ဒါပေမဲ့ ခက်တာကလက်မည်းတွေ လက်မည်း အခွဲတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့Óာဏ်ကို ဘယ် လိုမှ လိုက်မမီတာပါ။ (၇၀) ပြည့်နှစ်မြောက်ပြည် ထောင်စုနေ့အခမ်းအနားကို ရုပ်သံလိုင်းတွေက တိုက် ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး ပြည်တွင်းမီဒီယာတွေသာ မက ပြည်ပမီဒီယာတွေကပါ သတင်းယူကြပါတယ်။ အချိန်နဲ့တပြေးညီ ထုတ်ပြန်တဲ့ အင်္ဂလိပ်-မြန်မာ နှစ် ဘာသာသတင်းတွေက သတင်းစာ(ပုံနှိပ်မီဒီယာ)ထက် တရက်မရှိတရှိစောပြီး လူထုဆီ၊ ကမ္ဘာ့မီဒီယာဆီ ရောက်နှင့်နေပါပြီ။

သမ္မတကြီးဦးသိန်းစိန်လက်ထက် ဒီမိုကရေစီစနစ် ကျင့်သုံးပြီပြောပေမဲ့၊ နိုင်ငံပိုင်သတင်းစာတွေရှိ နေတာကို ထောက်ပြခဲ့သူတွေထဲမှာ အင်အယ်လ်ဒီပါတီဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။ အခုအင်အယ်လ်ဒီ အစိုးရတက်လာတဲ့အခါ အားလုံးက ပြန်ကြားရေးဝန်ကြီးဌာနကို ဖျက်သိမ်းမယ်။ နိုင်ငံပိုင်သတင်းစာတွေကို ရပ်ဆိုင်းလိမ့်မယ်ယူဆခဲ့ကြပေမဲ့၊ အစိုးရသစ်က ပြန်ကြားရေးဝန်ကြီးဌာနကိုရော၊ နိုင်ငံပိုင်သတင်း စာတွေကိုပါ ဆက်လက်ထားရှိခဲ့ပါတယ်။ အခုဆိုရင်တော်တော်များများက နိုင်ငံပိုင်သတင်းစာတွေ ထုတ်ဝေနေတာကို ဝေဖန်နေတာတောင် ပြန်ကြားရေးဝန်ကြီးဌာနက လျစ်လျူရှုထားပါတယ်။ ဘာကြောင့်လဲ။ ကြီးမားလှတဲ့ ၀န်ကြီးဌာနအောက်က ၀န်ထမ်းတွေရဲ့ဘ၀ကို ငဲ့ညှာတာရော အမျိုးသားရင်ကြားစေ့ရေးကြောင့်ရော ဆက်ထားပေးနေပုံရပါတယ်။
အစိုးရဘက်က ဘယ်လိုပဲညှာတာ ထောက်ထားပါစေ။ တာဝန်ခံရမယ့်အစိုးရအပေါ် တာဝန်မခံတဲ့ အဆင့်ကိုကျော်လွန်ပြီး နောက်ကျောကို ကလောင်သွားနဲ့ ထိုးနှက်နေတဲ့သူတချို့ကို တာဝန်သိသိဆောင် ရွက်နေတဲ့ ၀န်ထမ်းတွေနဲ့ လူ့စည်းဘီလူးစည်း ခြားရပါလိမ့်မယ်။

ရှေ့နေဦးကိုနီနဲ့ ကိုနေ၀င်းအသက်တွေ ပေးလိုက်ရပေမဲ့ ပြန်ရတဲ့အမြတ်က မြန်မာပြည်သူတွေဟာ ဘာသာရေး၊ လူမျိုးရေးနဲ့ အကြမ်းဖက်မှုကို ခွဲခြားနားလည်တယ်။ အမှန်တရားဘက်က ရပ်တည်ရမယ်ဆိုတဲ့ နိုင်ငံကြီးသားတို့ရဲ့ ဂုဏ်သိက္ခာမျိုးရှိတယ်ဆိုတာ ပြသခဲ့ပါတယ်။

(၇၀) ပြည့်နှစ်ပြည်ထောင်စုနေ့ သတင်းဖော်ပြချက်တွေကြောင့် မြန်မာပြည်သူနဲ့ အစိုးရရလိုက်တဲ့ အမြတ်က ကြီးမားလှပါတယ်။ အစိုးရနောက်ကျောမှာ အန္တရာယ်တွေဝိုင်းနေတယ်။ သတိထားပါ။ သတိ ကြီးကြီးထားပါဆိုတဲ့ အချက်ပေးခေါင်းလောင်းသံ အကျယ်ကြီးကို ကြားလိုက်ရတာပါ။ မြန်မာနိုင်ငံ မအေးငြိမ်းအောင်၊ ပြည်တွင်းစစ်ဆက်ဖြစ်နေအောင်၊ တိုင်းပြည်တိုးတက်ရေးမဆောင်ရွက်နိုင်အောင်၊ နည်း မျိုးစုံနဲ့ အဖျက်မျိုးစုံလာဦးမယ်ဆိုတဲ့ မီးနီကိုလည်း လက်မည်းကြီးတွေ လက်မည်းအခွဲတွေက ပြသနေပါတယ်။ ရှေ့ဆက်ရမယ့် ဒီမိုကရေစီခရီး ပြည်သူနဲ့ အင်အယ်လ်ဒီအစိုးရ ပိုသတိရှိကြရပါတော့မယ်။

ခင်နှင်းဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ကင်ဂျုံးနမ်ကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ အင်ဒိုနီးရှားအမျိုးသမီးဟာ တီဗီရုပ်ပြောင်အစီအစဉ်မှာ ပါဝင်ပေးရတဲ့ ထင်ပြီး မလေးရှားသုံးငွေ ရင်းဂစ် ၄၀၀(အမေရိကန်ဒေါ်လာ ၉၀ ) ယူပြီး ပါဝင်သရုပ်ဆောင်ပေးခဲ့ရတယ်လို့ ပြောကြောင်း အကြီးတန်းသံတမန်တစ်ဦးက မီဒီယာကို ပြောပါတယ်။

ဆီတီအစ်ဆယက်စ်ဆိုတဲ့ အင်ဒိုနီးရှားအမျိုးသမီးဟာ ဖေဖော်ဝါရီ ၁၃ ရက်က မြောက်ကိုရီးယားခေါင်ေးဆာင် ကင်ဂျုံးအွန်ရဲ့ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံးနမ် ဓာတုအဆိပ်နဲ့ ကွာလာလမ်ပူလေဆိပ်မှာ လုပ်ကြံခံရပြီးနောက် ရက်ပိုင်းအတွင်း ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဓာတုအဆိပ်ကို ကလေးကိုယ်လိမ်းဆီမှတ်ပြီး ယူဆောင်ကာ တီဗီရုပ်ပြောင်အစီအစဉ်မှာ
ပါဝင်ပေးခဲ့တာလို့ ဆီတီက ပြောကြောင်း မလေးရှားနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား လက်ထောက်သံအမတ်ကြီး အန်ဒရီယာနိုက ပြောပါတယ်။

လေဆိပ် စီစီတီဗီမြင်ကွင်းမှာလည်း အမျိုးသမီးနှစ်ဦးက ကင်ဂျုံးနမ်ရဲ့ မျက်နှာကို တစ်စုံတစ်ခုနဲ့ ပက်လိုက်တာ မြင်တွေ့ရပါတယ်။

ကင်ဂျုံးနမ်ဟာ ခုလိုပက်ဖျန်းခံရပြီးနောက် လေဖြတ်သလိုဖြစ်ကာ ဆေးရုံသွားရာလမ်းမှာ သေဆုံးတာဖြစ်ပါတယ်။
ကင်ဂျုံးနမ်ကို လုပ်ကြံတာက ဖျက်အားပြင်းလက်နက်အဖြစ် ကုလသမဂ္ဂစာရင်းသွင်းထားတဲ့ ဓာတုဓာတ်တစ်မျိုးက ထုတ်လုပ်သော သေစေလောက်တဲ့ အဆိပ်နဲ့ လုပ်ကြံခြင်းဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်မှာ မလေးရှားနိုင်ငံက ထုတ်ပြန်ပါတယ်။

အသက် ၂၅ နှစ် ဆီတီက “ရုပ်ပြောင်အစီအစဉ်မှာ ပါဖို့ လူတစ်ယောက်ပြောတာနဲ့ ဝင်ပါမိတာပါ။”လို့ ထွက်ဆိုကြောင်း အန်ဒရီယာနိုက ပြောပါတယ်။
===========
Mizzima - News in Burmese
http://www.mizzimaburmese.com/article/23962


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးလုပ်ဆောင်မယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးဆိုင်ရာအချက် အလက်တွေ တင်ပြနိုင်ရေးအတွက် တိုင်းနဲ့ ပြည်နယ်တွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ ပြင်ဆင်နေ ချိန်မှာဘဲ ဖေဖေါ်ဝါရီ လကုန်ပိုင်းမှာ ကျင်းပဖို့လျာထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA ဒေသမှာ ရှမ်းလူမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ မသေချာသေးဘူးလို့ RCSS တာဝန်ရှိသူတွေက ပြောပါတယ်။ ရှမ်းအဖွဲ့အစည်းတွေက တောင်ကြီးနဲ့ပင်လုံမြို့မှာ ရှမ်းလူမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ပြုဖို့တောင်းဆိုချက်အပေါ် တပ်မတော်က ခွင့်မပြုခဲ့ဘူးလို့လည်း ဆိုပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေးမှာ တပ်မတော်ရဲ့သဘောထားတခုထဲ တောင်းခံနေရတဲ့အပေါ် မဖြစ်သင့်ဘူးလို့ ရှမ်းနိုင်ငံရေး ပါတီခေါင်းဆောင် တွေက ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် တပ်မတော်က ခွင့်ပြုတဲ့နေရာမှာ ကျင်းပဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မီတီ UPDJC ကနေ အကြောင်းပြန် လာတာကြောင့် ရှမ်းပြည်နယ်အတွင်း နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ မသေချာသေးဘူးလို့ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

“ ဒီတပ်မတော် အစုအဖွဲ့ကနေ အတည်ပြုပေးထားတဲ့ အတိုင်းသာ စဉ်းစားကြပါ ဆိုပြီးတော့ အဲလို ပြောလာပါတယ်။ အဲဒီနေရာတွေမှာတော့ ကျင်းပလို့ မဖြစ်နိုင်တဲ့ဒေ သတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တောင်ကြီးမြို့နဲ့ ပင်လုံ ရှားသီးမြို့တွေမှာ ကျနော်တို့ကို ကျင်းပခွင့် ပြုပါဆိုပြီး ထပ်မံတောင်းဆို ထားဆဲဖြစ်ပါတယ်။ အကယ်၍ ခွင့်ပြုချက် မရဘူး ဆိုရင်တော့ ကျနော်တို့က ဘယ်နည်း ဘယ်ပုံနဲ့မှ ကျင်းပနိုင်မှာ မဟုတ်တော့ဘူး ဆိုတာကတော့ ထင်ရှားပါတယ်ခင်ဗျ ”

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးအတွက် ရှမ်းအဖွဲ့အစည်းတွေ ကနေ တောင်ကြီး ပင်လုံမြို့မှာ ကျင်းပခွင့်ပြုဖို့ တောင်းဆို ခဲ့ပေမဲ့ တပ်မတော် အစုအဖွဲ့ ကနေ ရှမ်းပြည်အရှေ့တောင်ပိုင်းဒေသရှိ မိုင်းပန်၊ မိုင်းတော့၊ မိုင်းထား မြို့တွေမှာသာ ကျင်းပဖို့ခွင့် ပြုကြောင်း UPDJC ကိုယ်စား နိုင်ငံတော်သမ္မတရုံးကနေ ဖေဖေါ်ဝါရီ ၂၃ ရက်စွဲနဲ့ အကြောင်းကြားလာခဲ့တာပါ။ အဲဒီစာထဲမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲကို တပ်မတော် ခွင့်ပြုတဲ့နေရာ မှာသာကျင်းပဖို့နဲ့ တပ်မတော်နဲ့ဘဲ ညှိနှိုင်းဖို့ သဘောထား မှတ်ချက်ပေးထားပါတယ်။

လက်ရှိ တပ်မတော်ကနေ ခွင့်ပြုထားတဲ့ မိုင်းပန်၊ မိုင်းတော့၊ မိုင်းထား မြို့တွေမှာ သွား လာနေထိုင်ရေး အခက်ခဲရှိနေတဲ့ အတွက် တောင်ကြီးနဲ့ ပင်လုံမြို့တွေမှာ ကျင်းပ ခွင့်ပြုဖို့ ထပ်မံတောင်းဆို ထားတယ်လို့ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလ က ပြောပါတယ်။

“ ကျနော်တို့မှာ ကျင်းပလို့ မရနိုင်တဲ့ အနေအထားတွေ အများကြီးရှိပါတယ်။ ဥပမာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပတဲ့နေရာမှာ ကျနော်တို့ လူဦးရေ သောင်း လေးရာ ငါးရာလောက် ဖိတ်ကြားပြီးတော့ ဆွေးနွေးကြမယ်ဆိုရင် ခရီးသွားလာရေး နေရေး စားရေးသောက်ရေး ကအစပေါ့နော်၊ မဆောင်ရွက်နိုင်တဲ့ အနေအထား ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဒေသကို လာကြည့်ကြပါ .. သူတို့ ကိုယ်တိုင်တော့ ရောက်ဖူးသလားတော့ မသိဘူး၊ အဲဒီနေရာတွေက တောတောင်တွေ ပါပဲ။ ဥပမာ မိုင်းတော့၊ မိုင်းထားဆို အိမ်ခြေ ၁၀ အိမ်တောင် မရှိတဲ့နေရာ မျိုးမှာ ဖြစ်ပါ တယ်ခင်ဗျား။ ဆိုတော့ ထပ်မံပြီးတော့ ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံလည်းဖြစ် ကျနော်တို့ UPDJC ရဲ့ဥက္ကဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ထံကို ဒီတောင်ကြီးမြို့နဲ့ ပင်လုံမြို့မှာ ကျနော်တို့ကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့် ပြုစေ လိုကြောင်း ထပ်မံပြီး တောင်းဆိုထားဆဲ ဖြစ်ပါတယ် ”

RCSS/SSA အနေနဲ့ တောင်ကြီး ပင်လုံမြို့မှာ ကျင်းပခွင့်ပြုဖို့ ထပ်မံတောင်းဆို ထားတာဖြစ်ပြီး တကယ်လို့ ခွင့်ပြုချက် မရဘူးဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ မသေချာတော့ဘူးလို့ ဗိုလ်မှူးကြီးစိုင်းလက ဆိုပါတယ်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မီတီ UPDJC ကနေ ဦးစီးကျင်းပ သွားရမှာ ဖြစ်ပြီး တပ်မတော်ရဲ့ သဘောထား တခုထဲတောင်းခံနေ ရတဲ့အပေါ် မဖြစ်သင့်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူး စိုင်းကျော်ညွန်က ပြောပါတယ်။

“ သတ်မှတ်ပေးတဲ့ နေရာမှာပဲ လုပ်ရမှာလားပေါ့ဗျာ၊ ဒီလုပ်ငန်းစဉ်တွေပေါ်မှာ ကျနော် တို့လဲ ပါဝင်ပတ်သက်နေတာပဲ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံက အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို စီမံကျင်းပ ကွပ်ကဲပိုင်ခွင့်ရှိတာ UPDJC ပါ။ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့အတွက် ဟိုအဖွဲ့အစည်းရဲ့ သဘောထား ဒီအဖွဲ့ အစည်းရဲ့ သဘောထား လိုက်တောင်းသလို ဖြစ်နေရတယ် ဆိုတာက သိပ်တော့ ပုံသဏ္ဍန် သိပ်မမှန်သလိုဖြစ်နေပါတယ် ”

ရှမ်းအဖွဲ့အစည်းတွေရဲ့ တင်ပြချက်အပေါ် နောက်အပတ်မှာ ကျင်းပမယ့် UPDJC အစည်းအဝေးမှာ ဆက်လက်ဆွေးနွေး သွားမယ်လို့ UPDJC ရဲ့ ဒုတိယဥက္ကဌ ဦးသုဝေက ပြောပါတယ်။

“ မပြောတတ်သေးဘူး.. သူတို့ ထပ်ပြီးတော့ တင်ထားတယ် ဆိုတာတော့ ကျနော်တို့ ဆုံးဖြတ်တာ မရှိသေးဘူးခင်ဗျ။ ချင်းပြည်နယ်ဆိုရင် ပထမတုန်းက သူတို့ ခွင့်တောင်း တာကလည်းပဲ ဟားခါးမှာ လုပ်ဖို့လေ၊ အဲဒီမှာ သူတို့ သဘောတူပြီးတော့ လုပ်မယ် လို့တော့ ပြောတာပဲ။ အခု ဘယ်လို .. ဘယ်လိုတွေ ပြောင်းတယ် အဲဒါတော့ သူတို့ သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ အခြေအနေကြောင့်လို့ ထင်တာပဲလေ။ သူတို့ လုပ်မယ့် ဒေသတွေရဲ့ လုံခြုံရေးကိစ္စတွေ ဘာတွေကြောင့်မို့လို့ တပ်မတော်ကို ပြော တာလည်း ဖြစ်လိမ့်မယ် ထင်တယ်။ ရှေ့အပတ်လောက်ဆိုရင် ကျနော်တို့ UPDJC အစည်းအဝေးခေါ်မယ်လေ၊ အဲဒီမှာမှ ကျနော်တို့ သေချာသိမယ်ထင်တယ် .. နောက်ပိုင်း အပြောင်းအလဲကိုလေ ..”

လာမယ့် မတ်လမှာ ၂၁ ရာစု ပင်လုံညီလာခံခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပ သွားမှာဖြစ်ပါတယ်။ ဒီညီလာခံ မတိုင်ခင် တိုင်းနဲ့ ပြည်နယ်အလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့လျာထားပေမဲ့ လက်တွေ့မှာ (၇)နေရာလောက် ဘဲ ကျင်းပနိုင်ဦး မယ်လို့ UPDJC ရဲ့ဒုတိယ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်မှာ ရှမ်းအမျိုးသားများ နိုင်ငံရေး ဘုံသဘော တူညီချက် တခုထဲ တင်ပြဆွေးနွေး နိုင်ရေးအတွက် CSSU ရှမ်းပြည် ညီညွတ်ရေး ကော် မတီက ကိုယ်စားလှယ် ၃၀၀ ကျော်ကနေ အုပ်စု ၁၅ စုခွဲပြီး ရှမ်းပြည်နယ်မြို့နယ် ၄၅ မြို့မှာ လူထု သဘောထား ကောက်ယူရေး ကွင်းဆင်းတွေ့ဆုံ မှတ်တမ်း ပြုစုခဲ့ကြပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေ ထွက်ရှိလာမယ့် ရှမ်းလူမျိုးတွေရဲ့ သဘောထား စုစည်းမှုတွေကို သက်ဆိုင်ရာလုပ်ငန်း ကော်မတီနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ တို့ကနေတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံမှာ ပြန်လည် တင်သွင်းသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီး ပအိုဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ကျင်းပပြီးစီးခဲ့ပြီး ပဲခူးတိုင်း၊ နေပြည်တော်၊ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS ဒေသနဲ့ ချင်းပြည်နယ်မှာ ကျင်းပဖို့ ပြင်ဆင်နေဆဲ အခြေအနေမှာ ရှိနေပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ ရှမ်းပြည်နယ်နည်းတူ ချင်းပြည်နယ်မှာလည်း သွားလာရေးခက်ခဲတဲ့ ထန်တလန်မြို့နယ်မှာ အစိုးရက ကျင်းပခွင့်ပေး တဲ့အပေါ် ချင်းအမျိုးသား အဖွဲ့အစည်းတွေကြား ဘ၀င်မကျ ဖြစ်နေပါတယ်။

နိုင်ကွန်းအိန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

လှိုင်သာယာမြို့ နယ်ရှိ အထည်ချုပ် စက်ရုံ ပိတ်ဆို့ ဆန္ဒပြမှုအား ဖယ်ရှားရန် သတိပေးထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝင် ၊ ရခိုင် တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော် မနေ့က ဟန်ကျိုးပိုင်ရီက ပိုင်ရှင်နဲ့လဲ တွေ့တယ်။ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့လဲ တွေ့တယ်။ တွေ့ပြီးတော့ ကျွန်တော်က အလုပ်သမားတွေနဲ့ အတတ်နိုင်ဆုံး တောင်းဆိုတာကို လိုက်လျော ပေးဖို့ ပြောထားတယ်။ အလုပ်သမားတွေကိုလည်းပဲ ဒီလိုမျိုး စက်ရုံကို ပိတ်ဆို့ပြီး တော့ဆန္ဒပြတာဟာ ဥပဒေနဲ့ မညီညွတ်ဘူး။ နိုင်ငံရဲ့ ပုံရိပ်လဲ မကောင်းဘူး။ အလုပ်ရှင်မှာလဲ အရမ်းနစ်နာတယ်။ ဒါကို ဥပဒေ နဲ့ မညီညွတ်တာကို လုံးဝမလုပ်နဲ့ ၊ လုပ်ရင် ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်။ အဲ့ဒါကြောင့် ဒီနေ့ကစပြီး ဖယ်ပေးပါလို့ ကျွန်တော် သတိပေးထားပါတယ်။”ဟု ၄င်းက ပြောသည်။


“စက်ရုံထဲမှာ ရုန်းရင်းဆန်ခတ် တစ်ယောက်ကို တစ်ယောက် ရိုက်ကြပုတ်ကြ မှန်တွေကိုရိုက်ခွဲ၊ အခု အလုပ်သမားတွေက အလုပ်ရှင်ကိုလဲ ရိုက်ထားတယ် ။ အဲ့ဒါကို ရာဇဝတ်မှု ဖွင့်ထားတယ်။ ပစ္စည်းတွေကို ဖျက်ဆီးထားတယ်။ကားမှန်တွေ ရိုက်ခွဲထားတယ် ။ ဒါကိုလဲ ဥပဒေနဲ့ အညီ အရေးယူရမယ်လို့ ကျွန်တော် ပြောထားတယ်။”ဟု ရခိုင် တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က ထပ်မံ ပြောကြားခဲ့သည်။


ယခုအခါတွင် စက်ရုံအား ပိတ်ဆို့ ဆန္ဒပြနေသည့် အလုပ်သမားများ ပြန်လည် ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့  အလုပ်သမား ကိုယ်စားလှယ် ကိုအောင်ကျော်က ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းတွင် ပြောသည်။
“အခု လက်ရှိမှာတော့ ညှိပေးနေရင်းနဲ့ အဆင်ပြေသွားတဲ့အတွက် အလုပ်သမားတွေလဲ ပြန်ကုန်ကြပါပြီ။ အလုပ်သမားတွေဘက်က သပိတ် ရုပ်သိမ်း သွားပြီပေါ့နော်။”ဟု ကိုအောင်ကျော်က ပြောသည်။

ရန်ကုန်မြို့ ၌ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံထားသည့် အထည်ချုပ်စက်ရုံအား ဆန္ဒပြ အလုပ်သမားများက ဖေဖော်ဝါရီ ၂၃ ရက်တွင် ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့သော အဆိုပါ အဖြစ်အပျက် အပေါ် တရုတ်သံရုံးက မြန်မာအစိုးရအား တောင်းဆိုချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

(Xinhua)
China Xinhua News


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံမှု၏ နောက်ဆက်တွဲများ ဖော်ထုတ်နိုင်ရန် ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်အား အမြန်ဆုံးဖမ်းဆီးနိုင်ရန် အရေးကြီးသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီး ကျော်ဆွေ ပြောသည်။

အဆိုပါအမှုတွင် တိမ်းရှောင်နေသော အောင်ဝင်းခိုင်မှာ သေနတ်သမားကြည်လင်းအား ငွေပေးလုပ်ကြံရန်စေခိုင်းခဲ့သူ အောင်ဝင်းဇော်၏ ညီတော်စပ်သူဖြစ်ပြီး ၎င်းမှာ ၂ဝ၁၅ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သူဖြစ်သည်။

ဦးကိုနီလုပ်ကြံခံရမှုတွင် ဆက်လက်ဖော်ထုတ်သွားရမှာဖြစ်သောကြောင့် အောင်ဝင်းခိုင်အား ဖမ်းမိရေး အရေးကြီးကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောသည်။

“ ဦးကိုနီရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲ။ ဦးကိုနီလုပ်တာကို သူတို့အဖွဲ့တွေက မကျေနပ်လို့ လုပ်တာ လား။ တပ်မတော်နဲ့ အစိုးရကြားမှာ ပြဿနာဖြစ်အောင်လုပ်ချင်လို့လား။ တပ်မတော်နဲ့ ပြည်သူကြားမှာ ပြဿနာဖြစ်အောင်လုပ်ချင်လို့လား။ ဒီအချက်အလက်တွေ စဉ်းစားစရာတွေ ကိုယ့်မှာအများကြီးပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒါရပ်ထားလို့မရပါဘူး။ စဉ်ဆက်မပြတ် ကျွန်တော်တို့မှာ စုံစမ်းသွားရမှာ။ ဆက်လက် ဖော်ထုတ်သွားရမှာ။ အဲ့ဒါကြောင့် အောင်ဝင်းခိုင်ကို ရဖို့ အရေးကြီးပါတယ်။ ဒါအတွက်လည်း တပ်မတော်နဲ့ ပူးပေါင်း ပြီးတော့ ဆောင်ရွက်ထားတာရှိတယ် ”ဟု ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေကပြောသည်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် သေနတ်သမားကြည်လင်းအား အဓိက ငွေပေးစေခိုင်းသူများမှာ ဇေယျာဖြိုးနှင့်အောင်ဝင်းခိုင်တို့ဖြစ်ပြီး ဇေယျာဖြိုးအား ဖေဖော်ဝါရီ လ ၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကာ လက်ရှိတွင် အောင်ဝင်းခိုင် လွတ်မြောက်နေခြင်းဖြစ်သည်။

အောင်ဝင်းခိုင်က ဦးကိုနီကို သတ်ရန် ကြိုတင်ငွေအဖြစ် ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် အစ်ကိုဖြစ်သူ အောင်ဝင်းဇော်အား ကျပ်သိန်း ၄ဝဝ ပေးခဲ့ပြီး ထပ်မံငွေလိုအပ်သဖြင့် အောင်ဝင်းခိုင်က ဇေယျာဖြိုးကို ပြောခဲ့ကြောင်း၊ ထို့ကြောင့် ဇေယျာဖြိုးက သြဂုတ်လ ဒုတိယပတ်ခန့်တွင် အောင်ဝင်းခိုင်ကို ကျပ်သိန်း ၁,ဝဝဝ ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အောင်ဝင်းခိုင်အား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် အောင်ဝင်းခိုင်၏ ဓာတ်ပုံနှင့် အချက်အလက်များကို တိုင်းနှင့်ပြည်နယ် အားလုံးသို့ ဖြန့်ဝေစုံစမ်းနေသည့်အပြင် နိုင်ငံတကာရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့များသို့လည်း ပေးပို့ကာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/23958



ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ပထမဆုံးအကြိမ် ပြည်ထဲရေး သတင်းစာရှင်းလင်းပွဲ
ရန်ကုန်နိုင်ငံတကာလေဆိပ်လိုနေရာမျိုးမှာ ဦးကိုနီကို သေနတ်နဲ့ပစ်ခတ် လုပ်ကြံတာဟာ နိုင်ငံရေး လုပ်ကြံမှု သပ်သပ်သာဖြစ်တယ် ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်ထဲရေး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသလို လူငယ်သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်လိုက်ပါတယ်။ အခင်းဖြစ်ပြီး တစ်လနီးပါးကြာမှ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးကိုနီ ဘာကြောင့် လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတဲ့ အဓိကကျတဲ့အကြောင်းအရင်းကို ခိုင်ခိုင်လုံလုံ ရှင်းရှင်းလင်းလင်း မပြသနိုင်ခဲ့ဘူးလို့လည်း ဝေဖန်မှုတွေရှိပါတယ်။ အသေးစိတ်ကို မဆုမွန်က စုံစမ်းတင်ပြထားပါတယ်။

နိုင်ငံတော်အစီအစဉ်နဲ့ သွားခဲ့တဲ့ ပြည်ပခရီးစဉ်ကအပြန် ရန်ကုန်နိုင်ငံတကာလေဆိပ်လို လူစည်ကားတဲ့နေရာမှာ ဦးခေါင်းကို သေနတ်နဲ့တေ့ပစ်ပြီး လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ NLD အစိုးရရဲ့ ဥပဒေအကြံပေးပုဂ္ဂိုလ် တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရမှုနဲ့ပတ်သက်လို့ ကိုယ်တိုင်ပစ်သတ်ခဲ့သူအပါအဝင် ကြံရာပါတွေကို စုံစမ်း စစ်ဆေးချက်တွေအရ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်အပေါ် အခြေခံပြီး လူငယ်ဘာဝ လုပ်ကြံမှု ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ဒီအပေါ်မှာတော့ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုသပ်သပ်သာဖြစ်ပြီးသာမာန်ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်ဖြစ်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဥပဒေပညာရှင်တွေနဲ့ လေ့လာသုံးသပ်သူတွေက ပယ်ချပါတယ်။ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ရှေ့နေကြီးဦးသိန်းသန်းဦးက သူ့အမြင်အခုလိုပြောပါတယ်။

“ ပြည်ထဲရေးကစဉ်းစားတဲ့နည်းက - နံပါတ် ၁ လူငယ်သဘာဝ .. လူကြီး မပါတော့ဘူးလား၊ လူငယ်တွေပဲလို့ ဘာလို့ပြောတာတုန်း နော်။ ပုဂ္ဂိုလ်ရေး တယောက်ချင်း မုန်းတီးရလောက်အောင် ဦးကိုနီ ဘာတွေပြောခဲ့သလဲ၊ ဒီလို ဒုတိယ ဗိုလ်မှူးကြီးတယောက်ပါတဲ့ .. အငြိမ်းစားပေါ့ဗျာ ထွက်သွားတဲ့ ဗိုလ်မှူးကြီးတယောက် ပါခဲ့လို့ရှိရင်၊ သူ့ထက်မြင့်တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေ ဘာတွေ မပါနိုင်ဘူးလား။ မြို့လယ်ခေါင်မှာ လူပုံအလယ်မှာ ဒီလိုကျူးလွန်ခဲ့တာဟာ ဒါဟာ သာမန်ပုဂ္ဂိုလ်ရေး လုပ်ကြံမှု မဟုတ်ဘူး။ အောင်ဝင်းဇော်နဲ့ အောင်ဝင်းခိုင် တို့နဲ့ သူနဲ့တွေ့ဖူးတယ်ဆိုတာ မပေါ်ဘူး။ အဲဒီတော့ သူတို့ရဲ့အကျိုးစီးပွား ထိခိုက်အောင် ဦးကိုနီက ဘာတွေများ ပြောခဲ့ဖူးလို့လဲ။ ဒါလဲ ကျနော်မတွေ့ဘူးဗျ။ အဲဒီတော့ ဒါဟာ နိုင်ငံရေး လုပ်ကြံမှုဖြစ်တယ်။ ဒီ့နောက်မှာ ဒီထက်ကျယ်ပြန့်တဲ့ အချက်တွေ ရှိတယ်လို့ ကျနော်ထင်တယ်”

အခုလို ဦးကိုနီအသတ်ခံရတာဟာ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ် ခံရမှုသာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာ အကဲခတ်နေတဲ့ ဦးအောင်သူငြိမ်းကလည်း ယူဆပါတယ်။

“ သုံးသပ်ချက်က ကျနော်ထင်တယ် .. ခုနလို လူငယ်တွေရဲ့ သဘာဝပေါ့ဗျာ ဒီလိုလုပ်တာမျိုးဆိုရင်တော့ မဟုတ်သေးဘူးထင်တယ်။ အဓိကတော့ နိုင်ငံရေး လုပ်ကြံမှုဖြစ်ဖို့ ပိုများပါတယ်။ ဒါနဲ့ပတ်သက်လို့ နောက်ကွယ်က အကြောင်းတွေတော့ သေချာတော့ ကျနော် မသိနိုင်ဘူးပေါ့လေ ”

ဦးကိုနီလုပ်ကြံခံရမှု သတင်းစာရှင်းလင်းပွဲ လုပ်နေသည့် ရဲချုပ်ဇော်ဝင်း
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ပြည်သူတွေဘက်က မေးခွန်းထုတ်မှုတွေ အရမ်းများလာတဲ့အတွက် အခုလို သတင်းစာ ရှင်းလင်းပွဲ လုပ်တာဖြစ်ပေမဲ့လို့ ရှေ့ဆက်ပြီး အမှုမှန်ပေါ်ပေါက်အောင် ဆက်လုပ်သွားဖို့ လိုတယ်လို့လည်း ဦးအောင်သူငြိမ်းက အကြံပြု ပါတယ်။

“ ပြည်သူတွေဖက်က မေးခွန်းတွေ အများကြီးရှိနေပါတယ်။ဘာကိစ္စကြောင့် ဖြစ်တာလဲ၊ ဘယ်သူတွေ လုပ်တာလဲ၊ နောက်ကွယ် ကွင်းဆက်တွေက ဘယ်သူတွေလဲပေါ့နော်၊ အဲဒါတွေနဲ့ ပတ်သက်လို့ အစောပိုင်းမှာလည်း သတင်းထုတ်ပြန်မှုတွေက တော်တော်နှေးတဲ့ သဘောမျိုး ရှိပါတယ်။ နောက် မပြည့်စုံတဲ့ဟာတွေလည်း ရှိတော့ အခုချိန်ထိ သို့လောသို့လောပေါ့နော် မေးခွန်းတွေရှိနေပါသေးတယ်။ ဒါတွေနဲ့ ပတ်သက်လို့လည်း ဒီလောက်တင် ပြီးသွားတာမျိုး မဟုတ်ပဲနဲ့ သေချာ ဆက်ပြီးဖေါ်ထုတ် သင့်တယ်လို့ ထင်ပါတယ်။

ဦးကိုနီလုပ်ကြံခံရပြီး တစ်လနီးပါးကြာမြင့်လာတဲ့အထိ အစိုးရဘက်ကရော သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတွေဘက်က အများပြည်သူ သိရှိနိုင်အောင် သတင်းထုတ်ပြန်မှု အားနည်းခဲ့ပြီး သတင်းမီဒီယာတွေ ဘက်ကပဲ ဖော်ထုတ်တင်ပြသုံးသပ်မှုတွေ လုပ်နိုင်ခဲ့တယ်လို့ မြန်မာ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က သုံးသပ်ပါတယ်။

“ အခုဟာက မီဒီယာက ဖေါ်ပြမှုက သူတို့ထက်ကို တပတ်လောက်စောတယ်။ တခါတလေ ၂ပတ်လောက်စောတယ်။ Myanmar Now ကဖေါ်ပြပြီးမှ တခါ အဲဒီတယောက်ကို ချပြတယ်။ တခါအခု Speaker ကဖေါ်ပြပြီးမှ ဒီသတင်းစာ ရှင်းလင်းပွဲ လုပ်တယ်ဆိုတော့၊ အဲဒီဟာမျိုး ကျတော့ မီဒီယာနောက်ကို လိုက်နေတဲ့သဘောပဲ။ တကယ်တမ်းပြောရင်တော့ ဘာ့ကြောင့်နောက်ကျလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ကျနော် ကောက်ချက်မချ ချင်ဘူးပေါ့လေ။ သိုပေမယ့် နောက်ကျနေတာတော့ အမှန်ပဲ။ တကယ်တမ်းကျတော့ ဒီလိုအနေအထားမျိုးက လုံလောက်တဲ့ ဝီရိယ လုံလောက်တဲ့ စိုက်ထုတ်မှုမျိုး မရှိဘူးလို့ပဲ ကောက်ချက်ချရမလိုပဲ ”

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာလည်း သတင်းသမားတွေ သိလိုတဲ့ အချက်တွေကို တာဝန်ရှိသူတွေဘက်က တိတိကျကျ ရှင်းရှင်းလင်းလင်း မပြောပြနိုင်ခဲ့ဘူးလို့ ဦးမြင့်ကျော်က ပြောပါတယ်။

“ ပြည်ထဲရေးဝန်ကြီး ပြောတဲ့ဟာက သူ့ရဲ့ထင်မြင်ချက်ကို ကောက်ချက်ချသလို ဖြစ်နေတယ်ပေါ့နော်။ စစ်ဆေးတွေ့ရှိချက်တွေမှာ ဒီထက်ပိုပြီး ဘာမှ မတွေ့ရှိရတော့ဘူးတို့၊ နောက်တခုက ဒီငွေကြေးတွေ ဘယ်က လာသလဲတို့ အဲလိုမျိုးဟာကို လူတွေက ထပ်သိချင်တယ်။ ဟို တိတိကျကျ ခိုင်ခိုင်မာမာ အချက်အလက်မျိုး ကျနော်တို့ မတွေ့ရဘူးပေါ့လေ ”

ဦးကိုနီလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ် အရေးယူမှုတွေအပေါ် အများပြည်သူဘက်က သို့လော သို့လော မေးခွန်းထုတ်မှုတွေ များလာသလို စုံစမ်းစစ်ဆေးမှုတွေ သတင်းထုတ်ပြန်မှုတွေ နှေးကွေး တွန့်ဆုတ်နေတဲ့အပေါ် ဝေဖန်မှုတွေ များလာလို့ အခုလိုသတင်းစာ ရှင်းလင်းပွဲ လုပ်တာဖြစ်ပေမဲ့ ပြည်ထဲရေးဝန်ကြီး ဌာနဘက်က သတင်းသမားတွေ မေးမြန်းတာနဲ့ အများပြည်သူတွေ သိလိုတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ခိုင်လုံတိကျတဲ့ သတင်းအချက် အလက်တွေကို ရှင်းရှင်းလင်းလင်း မပြောပြနိုင်ခဲ့ ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိလာနေတာဖြစ်ပါတယ်။

 မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: Kan Thar/RFA
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်ဒေသမှာ ပါဝင်တဲ့ မဲဆန္ဒနယ်မြေတွေ မှာ နိုင်ငံရေးပါတီတွေ လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်ကြောင်း SSPP/SSA က ဒီနေ့ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် တရားဝင်နိုင်ငံရေးပါတီတွေအနေနဲ့ SSPP/SSA  တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့်ရှိတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက SSPP ထိန်းချုပ်ဒေသက မဲဆန္ဒနယ်တွေမှာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်၊ လွတ်လပ်စွာ ရွေးကောက်ပွဲကျင်းပခွင့်ရှိခဲ့ကြောင်း၊ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာကိုလည်း SSPP/SSA အနေနဲ့ ကြိုဆိုကြောင်းလည်း ပါရှိပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ်မဲဆန္ဒနယ် ၁၉နေရာထဲက ကျေးသီးမြို့နယ်နဲ့ မိုင်းရှူး မြို့နယ်တွေဟာ SSPP တပ်တွေ စိုးမိုးတဲ့နေရာတွေဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိလို့ဆိုပြီး ကျေးသီးမြို့နယ်နဲ့ မိုင်းရှူး မြို့နယ် ပြည်သူ့လွှတ်တော် နေရာမှာ ရွေးကောက်ပွဲမကျင်းပခဲ့ပါဘူး။

အဲဒီ မြို့နယ်နှစ်ခုမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂) နေရာနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၄) နေရာအတွက် ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။

အဲဒီ မဲဆန္ဒနယ်တွေအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီနဲ့ "၀" လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေး ပါတီတို့က ၀င်ရောက်ယှဉ်ပြိုင်ကြမှာဖြစ် ပါတယ်။


RFA Burmese
http://www.rfa.org/burmese


၂၀၁၇ သင်္ကြန်ကာလတွင် စီးပွားဖြစ်မဏ္ဍပ်များကို လမ်းမများပေါ်တွင်မဟုတ်ဘဲ အားကစားကွင်း၊ ပန်းခြံ အစရှိသည့် သီးခြားနေရာများတွင် ခွင့်ပြုရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

''ဒီနှစ်မှာလည်း ဟိုအရင်ကလို မဏ္ဍပ်ကိစ္စနဲ့ ဈေးကွက်တခုဖြစ်မလာစေဖို့ မဏ္ဍပ်နေရာချထားရေးနဲ့ ကြံ့ခိုင်ရေးတွေကို သေချာစစ်ဆေးဆောင်ရွက်သွားမယ်။ စီးပွားဖြစ်မဏ္ဍပ်တွေကို မိုင်ဒါကွင်းလို ကျယ်တဲ့ဝင်းတစ်ခုမှာ သီးခြားခွင့်ပြုဖို့ပေါ့။ မဏ္ဍပ်လျှောက်လို့ရမယ့်နေ့ရက်ကို မကြာခင် ကြေညာမယ်။ သက်ဆိုင်ရာ ထွေ/အုပ်ရုံးတွေက သဘောထားမှတ်ချက်နဲ့ လာလျှောက်ရင် သေချာစိစစ်ပြီး နေရာချထားပေးသွားမယ်''ဟု ၎င်းက ဆိုသည်။

သင်္ကြန်မဏ္ဍပ်များကို ပေ ၂၀ မှ ၄၉ ပေအထိ အသေးစားမဏ္ဍပ်၊ ပေ ၅၀ မှ ၉၉ ပေအထိ အလတ်စားမဏ္ဍပ်နှင့် ပေ ၁၀၀ အထက်ကို အကြီးစားမဏ္ဍပ် ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။

''စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်ခွင့်မပေးတော့ လက်မှတ်ပါမစ်ပွဲစားတွေ၊ ဘာတွေကိစ္စမရှိတော့ဘူးပေါ့။ အခုမြို့နယ်တခုမှာ မဏ္ဍပ်တခုလုပ်ရမယ်လို့လည်း ကြားရတယ်။ မြို့နယ်အနေနဲ့ ဘယ်လို ဆောက်လို့ရမလဲ လုပ်ရဦးမယ်''ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး ဦးညီညီက ပြောသည်။

ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်နှင့် ခရိုင်မဏ္ဍပ်လေးခုကို ယခင်ဆောက်လုပ်နေကျအတိုင်း ပြုလုပ်သွားမည်ဖြစ်ပြီး ယခင်နှစ်ကကဲ့သို့ ကိုယ်ပိုင်ခြံရှေ့နရာများတွင် မဏ္ဍပ်ထိုးပြီး ငှားရမ်းခဈေးများ မြင့်တက်မသွားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၁၇ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

နောင်နောင်
News Watch
https://www.facebook.com/NewsWatchJournal/



(လက်ပံတောင်းဒေသ သီးနှံလျော်ကြေးကိစ္စ ဆန္ဒပြတောင်သူတွေနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ဆုံစဉ်)ဓါတ်ပုံ - အိန်ဂျယ် နတ်သမီး
လက်ပံတောင်းကြေးနီစီမံကိန်းကြောင့် သိမ်းယူခံထားရတဲ့ မြေယာတွေထဲက လျော်ကြေးမယူထားတဲ့ ဧက နှစ်ထောင်အတွက် သီးနှံလျော်ကြေးပေးရေးကိစ္စကို ၀မ်ပေါင်ကုမ္ပဏီနဲ့ ညှိနှိုင်းပေးပြီး အဆင်မပြေရင် ပြည်ထောင်စုအစိုးရထံ တင်ပြပေးသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင် က ဒီနေ့ ပြောပါတယ်။

ဧက နှစ်ထောင်အတွက် သီးနှံလျော်ကြေးရရှိဖို့ ၀မ်ပေါင်ကုမ္ပဏီရဲ့ ကြေးနီတင်ယာဉ်တွေကို ပိတ်ဆို့ဆန္ဒပြနေတဲ့ ဒေသခံတွေနဲ့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့ ဒီနေ့ လွှတ်တော်ရုံးမှာ တွေ့ဆုံရာမှာ ပြောခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဆည်တဲရွာသူ မရီဝင်း က ပြောပါတယ်။

"ဒေသခံတွေကတော့ မြေယာလျော်ကြေးမယူသေးတဲ့ တောင်သူတွေပေါ့နော်။ အဲဒီအထဲမှာ သီးနှံလုပ်မစားရတဲ့အတွက် သီးနှံလျော်ကြေးဆိုပြီးတော့ ၀န်ကြီးချုပ်နဲ့တွေ့ပြီး တောင်းဆိုတယ်။ တောင်းဆိုတဲ့အခါကျတော့ ၀န်ကြီးချုပ်ကလည်း သူတစ်ဦးတစ်ယောက်တည်းနဲ့ ဆုံးဖြတ်ပိုင်ခွင့် မရှိသေးဘူး။ ဆွေးနွေးရဦးမယ်ပေါ့ ၀မ်ပေါင်ကုမ္ပဏီနဲ့၊ ဆွေးနွေးပြီးတော့မှ အဖြေရလဒ်ပေါ်မှာ ကြည့်ပြီးတော့မှ ဆုံးဖြတ်ချက် ချနိုင်မယ်ပေါ့။
အခုနေတုန်းကတော့ ဘယ်လိုမှ ဆုံးဖြတ်ချ မပေးနိုင်သေးဘူး။ တကယ်လို့မှ ၀မ်ပေါင်ကုမ္ပဏီနဲ့ အဆင်မပြေဘူးဆိုရင် ပြည်ထောင်စုကို စာတင်ရဦးမယ်လို့ ပြောတယ်။"

ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဘယ်နေ့မှာ ၀မ်ပေါင်ကုမ္ပဏီနဲ့တွေ့ဆုံပြီး ဒေသခံတွေကို ဘယ်လိုအကြောင်းပြန်ကြားမယ်ဆိုတာကိုတော့ အတိအကျမပြောလိုက်ဘူးလို့ ဆိုပါတယ်။

သီးနှံလျော်ကြေးရရှိရေးအတွက် ၀န်ကြီးချုပ်နဲ့တွေ့ဆုံခွင့်ရဖို့ ဆည်တဲ၊ မိုးကြိုးပြင်နဲ့ တုံရွာက ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီး စီမံကိန်းလုပ်နေတဲ့ ၀မ်ပေါင်ကုမ္ပဏီက ကြေးနီတင်တဲ့ ယာဉ်တွေကို တားဆီးပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလို လမ်းပိတ်ပြီး ကြေးနီတင်ယာဉ်တွေကို တားဆီးတဲ့အထဲက ဒေသခံ ၂၅ ယောက်ကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၁၄၃၊ ပြည်သူပိုင်လမ်းပိတ်ဆို့မှု ပုဒ်မ ၁၄၃/ ၄၃၁ တို့နဲ့ ဆားလင်းကြီးမြို့မရဲစခန်းက အမှုဖွင့်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


ထောက်လှမ်းရေးဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၊ ဒုတိယဗိုလ်မှုးကြီးဟောင်း အောင်ဝင်းခိုင်၊ ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် ဦးလင်းဇော်ထွန်းတို့ ရန်ကုန် တာမွေမြို.နယ် မော်ဒန်လ္ဘက်ရည်ဆိုင်တွင် တွေ.ဆုံစဉ် ဦးကိုနီအကြောင်း မကျေမနပ်ပြောဆိုဆွေးနွေးမှုများမှ တစ်ဆင့် ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေက ပြောကြားသည်။

ဖြစ်စဉ်တွင် လူပေါင်း ၇၀ ကျော်ကိုခေါ်ယူုမေးမြန်းခဲ့ပြီး ယခင်တပ်မတော်ထောက်လှမ်းရေးအဖွဲ.၀င်များနှင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ.နှင့် ပတ်သက်မှုမရှိနိုင်ကြောင်း၊ စုံစမ်းအရေးယူမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ၀န်ကြီးက ပြောဆိုခဲ့သည်။

ရှမ်းပြည်နယ် မိုင်းဖြတ်မြို.နယ်ပြည်သူ.လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းအားလည်း ရဲတပ်ဖွဲ.ကခေါ်ယူမေးမြန်းခဲ့ပြီး ယခုအမှုတွင် သူပါဝင်မှုမရှိကြောင်း ဗိုလ်ချုပ်ကျော်ဆွေက ဆိုသည်။

Myanmar Now
https://www.facebook.com/myanmarnownews/