03/28/17


တပ်မတော်နေ့ ချီတက်အလေးပြုပွဲတွေကို နေပြည်တော်မှာ ကျင်းပနေချိန်မှာပဲ၊ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဖက်ဆစ်တော်လှန်ရေးနေ့ဆိုပြီး ရန်ကုန် NLD ဌာနချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယကကြီး သူရဦးတင်ဦးကတော့ စစ်ရေးပြပွဲကို နိုင်ငံတော်သမ္မတ အလေးပြုတဲ့ တပ်မတော်စစ်ရေးပြချီတက်ပွဲအဖြစ် လွတ်လပ်ရေးနေ့မျိုးပဲ ကျင်းပသင့်ပြီး၊ အခုလိုနေ့မျိုးမှာတော့ တပ်မတော်တပ်ရင်းတပ်ဖွဲ့အတွင်းမှာပဲ ဖက်ဆစ်တော်လှန်ရေးအမှတ်တရတွေနဲ့ တပ်မတော်ကို ဂုဏ်ပြုမှုတွေကို ကျင်းပသင့်တယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက သူရဦးတင်ဦးကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းရာမှာ - ဖက်ဆစ်တော်လှန်ရေးနေ့ဆိုတာ ဘယ်အတွက်ကြောင့် သတ်မှတ်ခဲ့သလဲဆိုတာ အခုလို စပြောခဲ့ပါတယ်။

သူရဦးတင်ဦး။ ။ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ မှာခဲ့တဲ့ စကားနဲ့ပဲပြောရမှာပေါ့ ၊ နိုင်ငံမှာ ဒီမိုကရေစီဆိုပြီးပြောပြီးတော့ လုပ်နည်းလုပ်ဟန်တွေက တဖြေးဖြေး ဖက်ဆစ် ဆန်ဆန်ဘက်ကို ရောက်လာတယ်၊ လုပ်လာတာတွေရှိတယ်တဲ့။ အဲဒါကြောင့် ဖက်ဆစ်လိုဝါဒမျိုးကို ဘယ်တော့မှ တိုင်းပြည်မှာ ခေါင်းပြန်ထောင်မလာအောင် အားလုံးသွားကြဖို့လိုတယ်ဆိုပြီးတော့ မှာခဲ့တာပေါ့။ အဲဒါကြောင့်မို့လို့ အခုလည်း ဖက်ဆစ်တော်လှန်ရေးဆိုတာကို ဖက်ဆစ်လိုဝါဒမျိုးကို ဘယ်တော့မှ ခေါင်းပြန်ထောင်မလာအောင် သတိပေးတဲ့နေ့ဆိုတဲ့ သဘောပါပဲ။

ကိုရန်နိုင်။ ။အခုဆိုရင် ပြည်သူလူထုက ရွေးချယ်တင်မြောက်လိုက်တဲ့ NLD အစိုးရ အရပ်သားအစိုးရ တက်လာပြီးတဲ့နောက်ပိုင်းမှာ ဒါဟာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ ပေါ့နော် ဒါပေမယ့် တဘက်မှာလည်း တရားဝင်အခေါ်အဝေါ်ကတော့ တပ်မတော်နေ့ဆိုပြီးတော့ ဖြစ်နေတုန်းပဲ ဆိုတော့ ဦးတင်ဦး အမြင်မှာ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုသဘောထားရှိပါသလဲ။ ဒီလို အခေါ်အဝေါ်ကိုပြောင်းသင့်သလား။

သူရဦးတင်ဦး။ ။တပ်မတော်ပေါက်ဖွားတဲ့နေ့ကတော့ တပ်မတော်နေ့ဖြစ်သင့်တာပေါ့နော် ။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော်သုံးကျိတ်တို့ဟာ မြန်မာပြည်လွတ်လပ်ရေး တပ်မတော်ကို တည်ထောင်တဲ့နေ့။

ကိုရန်နိုင်။ ။ဒီတော်လှန်ရေးနေ့ ကနေ တပ်မတော်နေ့ဖြစ်လာတာက ဘယ်နှစ်ခုနှစ်က နေစလာတာလဲ။

သူရဦးတင်ဦး။ ။ဒီလိုပါ တပ်မတော်ထဲမှာလည်း သိတဲ့အတိုင်းပဲလေ အရင်ကြွေးကြော်လာတာကတော့ လွပ်လပ်ရေးသည် ပထမ၊ လွပ်လပ်ရေးသည် ဒုတိယ၊ လွပ်လပ်ရေးသည်.. တတိယ။ လွတ်လပ်ရေးရပြီးတဲ့နေ့ကျတော့ လွပ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီသည် ဒုတိယ၊ စီးပွားရေးနဲ့ ပတ်သက်လို့ ဆိုရှယ်လစ်သည် တတိယ ဖြစ်တော့ ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်ဖို့ ဖြစ်လာတာအကြောင်းကနေပြီးတော့ တပ်ထဲမှာလည်း အစိုးရက ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်ဖို့မဟုတ်ပဲနဲ့ သွားနေတဲ့ စီးပွားရေးစနစ်ဟာ အရင်းရှင်စီးပွားရေးစနစ်ဖြစ်တယ်။ ဒါကြောင့် အရင်းရှင် စီးပွားရေးဆန်ဆန် လုပ်မယ်ဆိုပြီး ပေါ်ပေါက်တာတွေက ရှိရှိနေတော့ ဒါတွေက တဖြည်းဖြည်းနဲ့ ကျယ်လောင်တာကို အကြောင်းပြုပြီးတော့ တပ်မတော်ရဲ့အစဉ်အလာတွေကို ပျက်စီးအောင်လုပ်တာမဟုတ်ပဲနဲ့ အသိအမှတ်ပြုပြီးတော့ ၅၆-၅၇ ခုနှစ် အဲဒီလောက်က စပြီးတော့ မတ်လ ၂၇ ရက်နေ့ကျတဲ့အခါ ဖက်ဆစ်တော်လှန်ရေးနေ့အစား တပ်ကို မြှင့်တင် အားပေးတဲ့အနေနဲ့ တပ်မတော်နေ့ပြောင်းလိုက်ပြီးနောက်ပိုင်း ဒီလို တပ်မတော်နေ့လို့ ခေါ်တွင်သွားတဲ့သဘော။

ကိုရန်နိုင်။ ။ဘဘကိုယ်တိုင်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ်နဲ့ တာဝန်ယူဆောင်ရွက်ခဲ့တယ် အဲဒီအချိန်တုန်းက ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့အချိန်မှာ ဒီလို တော်လှန်ရေးနေ့နဲ့ ပတ်သက်ပြီးတော့ အမှတ်တရ ရှိခဲ့တာလည်း ပြောပြပါ။

သူရဦးတင်ဦး။ ။အဲဒီနေ့မှာ တပ်မတော်နေ့ဆိုပေမယ့်လို့ သူ့ spirit ကတော့ ဖက်ဆစ်တော်လှန်ရေး spirit လိုနည်းနည်းကြမ်းတဲ့သဘောတွေတော့ရှိတာပေါ့နော်။ ဒါပေမယ့်လို့ ကျနော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့အချိန်မှ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ဖြစ်လာပြီ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကလည်း အောက်ခြေကနေ ပြည်သူ့ပါတီအဖြစ် ရွေးချယ်တင်မြှောက်လာတဲ့အခါမှာ ဦးနေ၀င်းကနေပြီးတော့ သူသဘောထားလေးတွေ မေးလာတာတွေရှိပါတယ်။ အဲဒီတော့ ဒီပြင့်လူတွေကတော့ ဘယ်လိုဖြေသလဲလို့တော့ မပြောတတ်ဘူး ကျနော့်ကို မေးတာကတော့ မှတ်မိပါတယ် အဲဒီ မတ်လ ၂၇ ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့ လို့ မဟုတ်ပဲနဲ့ ဆိုတာ ဘယ်လိုသဘောရသလဲလို့မေးပါတယ်။ ကျနော်ကတော့ ပြတ်ပြတ်သားသားပြောလိုက်ပါတယ် နိုင်ငံတခုမှာ အရေးကြီးဆုံးနေ့ ၊ အထက်မြတ်ဆုံးနေ့ ၊အမွန်မြတ်ဆုံးနေ့ဟာ လွတ်လပ်ရေးနေ့ပါ၊ နောက်ထပ်တပ်မတော်နေ့ကိုတော့ စစ်ရေးပြအခမ်းအနားမလုပ်တော့ပဲ ဒီလို တော်လှန်ရေးနေ့ သတ်သတ်ပဲ ကျင်းပတာမျိုး၊ တပ်မတော်ကလည်း မိမိတို့ တပ်ထဲမှာ ဖက်ဆစ်တော်လှန်ရေးနေ့ကိုအကြောင်းပြုပြီးတော့ စိတ်ဓါတ်ပိုင်းမှာလည်း ပိုပြီးတက်ကြွလာအောင်လုပ်တဲ့အနေနဲ့ တခြားနည်းလမ်းတွေကနေပြီးတော့ ပွဲတွေလုပ်တာတွေ ၊ စစ်ရေးပြ အားကစား စသည်ဖြင့် လုပ်လို့ရပါတယ်။ ဒါကြောင့်တပ်မတော်နေ့သည် တပ်မတော်သားတွေအတွက် လုပ်တာဖြစ်ပြီးတော့ လွတ်လပ်ရေးနေ့ကတော့ တပြည်လုံးအတိုင်းအတာအနေနဲ့ တပ်မတော်နဲ့ တပေါင်းတည်း လုပ်တာကောင်းပါတယ်လို့ ပြောဖူးတယ်။ ဒါပေမယ့် တခြားတပ်မှူးတွေကတော့ မတ်လ ၂၇ ရက်နေ့ကိုတော့ တပ်မတော်နေ့ဘဲ လုပ်ချင်ကြတဲ့သဘောရှိတာမို့လို့ ယနေ့ တပ်မတော်နေ့ပဲ ဆက်ပြီး လုပ်နေတာဖြစ်ပါတယ်။

ကိုရန်နိုင်။ ။ဒီနေ့ ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ မိန့်ခွန်းမှာ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒါအချုပ်အခြာအာဏာကို ထိပါးတာဆိုပြီးတော့ ပြင်းပြင်းထန်ထန်ပြောသွားတယ်။ ငြိမ်းချမ်းေ၇းနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ဘက်ကလုပ်နေတဲ့ကိစ္စတွေပေါ်မှာ အမြင်ကို သိချင်ပါတယ်။

သူရဦးတင်ဦး။ ။အဓိက နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်ဖို့က ပြည်သူလူထု တရပ်လုံးက ကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒီလိုပြောတယ်ဆိုရင် ကပ်နေတဲ့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ပတ်သက်ပြီး ဂယက် ရိုက်လာမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုအသုံးအနှုန်းကတော့ သတိထားပြောဖို့ လိုပါမယ်။ အမှန်တကယ် ဒီဟာနဲ့ပတ်သက်လို့ အနောက်မှာ ပြဿနာရှိသော်လည်း အဲဒီ အဖွဲ့အစည်းကို မိမိတို့နည်း၊ မိမိတို့ဟန်နဲ့သာ အောင်မြင်အောင် ဆွေးနွေးညှိနှိုင်းလုပ်သင့်ပါတယ်။ ဒီလိုခြုံပြီးတော့ ပြောလိုက်ရင် ရှိနေတဲ့ ငြိမ်းချမ်းရေးမှူတွေနဲ့ ပတ်သက်လို့ အပိုင်းတွေမှာ ပြဿနာဖြစ်လာမယ့်အကြောင်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိနယ်မြေထဲကနေပြီးတော့ အခြားအခြားသော နယ်မြေပေါ်မှာ သစ္စာခံပြီးတော့ လုပ်ခွင့်ပေးတာမျိုး ပြောတာဆိုရင်လည်း အိမ်နီးနားချင်းနိုင်ငံတွေ သူတို့နဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးမှုတွေမှာ ထိခိုက်လာတာမျိုးရှိတော့ သတိထားပြောဖို့တော့ ကောင်းတယ်လို့မြင်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက သူရဦးတင်ဦးကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။
VOA Burmese News


 မြန်မာ့တပ်မတော်ရဲ့ တကယ့် သူရဲကောင်းများ
မီးကျည် မီးပန်းများကောင်းကင်ကိုထိုးတက်သွားသည် ။ ပြီးတော.မှောင်မဲနေသောကောင်းကင်ယံတွင်ရောင်စုံမီးပန်းလေးတွေသည် ပန်းပွင်.ပန်းဆိုင်များသဖွယ်မြေပြင်ဆီသို. တဖွဲဖွဲ ဝေေ၀ဆာဆာ လှပစွာကျလာသည် ။ ထိုမြင်ကွင်းကိုတနှစ်တခါကျွန်တော်တို.သည် ပျော်ရွှင်ကြည်နူးစွာစောင်.ကြည်.မိကြပါသည် ။ တခါတရံ ရန်ကုန်တွင်နေစဉ် ကျွန်တော်နေထိုင်ရာ လမ်းမတော် လမ်းသစ်ရိပ်သာ ဘက်မှ ဦးဝိစာရလမ်း တော်လှန်ရေးပန်းခြံဘက်ဆီသို.မျှော်ကြည်.ရသည် ။ ပြည်မြို.တွင်နေသောအခါများတွင် ပြည်တဖက်ကမ်း ဆင်တဲ ရှိ စစ်လက်နက်ပစ္စည်းစက်ရုံ (က.ပ.စ) မှ ပစ်လွှတ်သောမီးပန်းများကို ဧရာဝတီမြစ်ကမ်းနဖူးသို. သွားပြီး ခံစားကြည်.ရှုကြသည် ။ ရန်ကုန်မှာပဲကြည်.ကြည်. ၊ပြည်မှာပဲကြည်.ကြည်. ၊ တနိုင်ငံလုံးမည်သည်.နေရာမှာပဲကြည်.ကြည်. ထိုနေ.ညမြင်ကွင်းသည် တိုင်းပြည်ကချစ်ခင်လေးစားစွာစောင်.မျှော်ခဲ.ရသောတနှစ်တခါပေါ်လို.လာသည်. နေ.တနေ.ဖြစ်ပါသည် ။ ထိုနေ.သည် ကျွန်တော်တို.ငယ်စဉ်က “ တော်လှန်ရေးနေ. “ ဟုသိမှတ်ခဲ.ရသော မတ်လ (၂၇)ရက်နေ.ဖြစ်ပါသည် ။ ရန်ကုန်တွင်တော. တပ်မတော်သားများသည် စစ်ကြောင်းကြီးများ ခွဲ၍ နံနက်လင်းအားကြီးအချိန်တွင် ဦးဝိစာရလမ်း ရှိ တော်လှန်ရေးပန်းခြံသို. ချီတက်ကြသည် ။ မိဘပြည်သူများသည် လည်းနံနက်စောစောထကာ ထိုသို.ချီတက်လာသော တပ်မတော်သားများကို ပန်းကုံးစွပ်သူကစွပ် ၊ လက်ခုပ်တီးအားပေးသူကပေး ၊ လမ်းတလျှောက် သောသောညံအောင်အော်ဟစ်အားပေးသူကအားပေးဖြင်. စည်ကားတက်ကြွခဲ.ဖူးပါသည် ။ပြည်သူလူထုသည်မည်သူမှမဆင်.ခေါ်ရပဲကိုယ်.အသိစိတ်ဓါတ်ဖြင်.ကိုယ်ရောက်လာခြင်းဖြစ်သည် ။ထို.နေ.သည် မူလက တော်လှန်ရေးနေ.ဖြစ်သည် ။ နောက်တော. ဘယ်သူကဘယ်လိုဆုံးဖြတ်လိုက်သည်မသိ (သေချာသည်ကတော.ပြည်သူ.ဆန္ဒခံယူပွဲမလုပ်ခဲ.ပဲ မတ်လ ၂၇ သည် တပ်မတော်နေ.ဖြစ်သွားသည် ) ။ထိုအထိလည်းပြည်သူလူထုကမေတ္တာမပျက်ပဲအားပေးလျက်ပင် ။ ၁၉၈၈ သြဂုတ်လ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီးတွင် ထိုအစဉ်အလာလည်းပျက်သွားသည် ။ ပြည်သူကိုတပ်ကမယုံတော. ၊ တပ်ကိုလည်းပြည်သူကအားမပေးတော. ။ ဦးဝိစာရလမ်းတလျှောက်ချီတက်လာသော တပ်မတော်စစ်ကြောင်းများကို အားပေးသူပင်မရှိသလောက်ချောက်ချောက်ကပ်ကပ်ဖြစ်လာသည် ။ ပန်းကုံးထဲတွင်မဟုတ်တာရောထည်.မည်စိုးသဖြင်. ပန်းကုံးစွပ်တာတွေကို ကန်.သတ်တားမြစ်လာသည် ။ လာရောက်အားပေးသူမရှိသလောက်နည်းလာသဖြင်. တပ်မိသားစုများကို ဆင်.ခေါ်ကာ ကြည်.ကောင်းအောင် ၊ ပွဲ စည်ကားအောင် လုပ်ယူလာရသည် ။ တော်လှန်ရေးနေ.သည်အဘယ်.ကြောင်.တပ်မတော်နေ.ဖြစ်သွားရသနည်းဟူသည်ကတော.ယခုထက်တိုင်ပဟေဋိသဖွယ်ဖြစ်နေဆဲဖြစ်သည် ။ မြန်မာ.သသမိုင်းကြောင်းတွင် မြန်မားလွတ်လပ်ရေးတပ်မတော်ဖွဲ.ခဲ.တာကအရင် ၊ ဖက်ဆစ်ဂျပန်ကိုတော်လှန်ေ၇းလုပ်ခဲ.တာကနောက်မှဖြစ်သည် ။ ခုနှစ်သက္ကရာဇ်လဲမတူ ၊ ရက်စွဲလဲမတူ ၊ အဖြစ်အပျက်များသည်လည်းမတူပါပေ ။ မြန်မာ.တပ်မတော်ဟူ၍ဖြစ်လာရာလမ်းကြောင်းကိုပြန်ကြည်.လျှင် ဗိုလ်ချုပ်အောင်ဆန်း (ထိုစဉ်ကသခင်အောင်ဆန်း ) တို.အင်္ဂလိပ်ကိုတော်လှန်ရန် ပြည်ပသို.ထွက်ခွာပြီး နိုင်ငံခြားအကူအညီရှာရာမှ ဂျပန်တို.နှင်.ဆက်မိပြီး ရဲဘော်သုံးကျိပ်ဂျပန်ပြည်တွင်စစ်ပညာသင်ရာမှစသည် ။ မြန်မာလူငယ် သုံးဆယ်သည် ဂျပန်နိုင်ငံတွင် ၁၉၄၁ ဧပြီလ ၂၅ ရက်မှစပြီး တသုတ်ပြီးတသုတ် လေးသုတ်ခွဲ၍ ဂျပန်နိုင်ငံ ၊ဟိုင်နန်ကျွန်းရှိ ဆန်းယ ( Sanya ) စစ်ပညာသင်တန်းကျောင်းတွင် စစ်ပညာစတင်သင်ကြားခဲ.ကြသည် ။ ထိုသို.စစ်ပညာများကိုပြင်းပြင်းထန်ထန်အသက်နှင်.ရင်း၍ သင်ကြားကြပြီး ရှစ်လအကြာတွင် ထိုင်းနိုင်ငံဘန်ကောက်မြို.၌ မြန်မာ.လွတ်လပ်ရေးတပ်မတော် ( Burma Independence Army ) ကို စတင်အခြေတည်ဖွဲ.စည်းခဲ.ခြင်းဖြစ်သည် ။ တပ်မတော်ဖွဲ.သည်.နေ.သည် ၁၉၄၁ ခုနှစ် ၊ဒီဇင်ဘာလ ၂၆ ရက်နေ. ဖြစ်သည် ။ ထို.ကြောင်. တပ်မတော်နေ.သည် ဒီဇင်ဘာလ (၂၆ )ရက်နေ.သာဖြစ်သင်.ပါသည် ။ ထိုအကြောင်းကို သန်းဝင်းလှိုင်ရေးသော ဗိုလ်ချုပ်အောင်ဆန်းရက်စွဲမိုင်း စာအုပ်တွင်
“ သခင်အောင်ဆန်းသည် ဆိုင်ဂုံမြို.မှ ဘန်ကောက်မြို.သို.ရောက်ရှိလာသည် ။ ဘန်ကောက်မြို.တွင် မြန်မာလူမျိုး မျက်စေ.အထူးကုဆရာဝန်ကြီး ဦးလွန်းဖေနေအိမ်တွင် အစည်းအဝေးကျင်းပ၍ စစ်သားစုဆောင်းရန်စီစဉ်သည် ။ထိုနေ.တွင်အစည်းအဝေးသို.မသွားမီ သခင်အောင်ဆန်းက ရဲဘော်သုံးကျိပ်ဝင်တို.ကိုစုဝေးပြီး ယနေ.အစည်းအဝေးတွင် အစည်းအဝေးတက်ရောက်လာသူများနှင်.မိတ်ဆက်သည်.အခါ မိမိတို.၀တ်ထားသည်မှာဂျပန်ဝတ်စုံ ၊ အမည်ကလည်း ဂျပန်နာမည်ဖြစ်နေ၍ မိတ်ဆက်ရာတွင်အဆင်မပြေကြောင်း ၊ မိမိတို.နာမည်ရင်းများကိုမိတ်ဆက်လျှင်လည်း မြန်မာနိုင်ငံတွင်ကျန်ရစ်ခဲ.သည်. မိဘဆွေမျိုးသားချင်းများ ဒုက္ခရောက်နိုင်ကြောင်း ၊ ဟိုင်နန်ကျွန်းတွင်ရှိစဉ်က ကိုလှမောင် (ဗိုလ်ဇေယျ ) အကြံပေးသည်.အတိုင်း ဗမာဆန်ဆန် ဗိုလ်နာမည်များပေးမည်ဖြစ်ကြောင်း ပြောကြားခဲ.သည် ။

ထို.နောက်သခင်အောင်ဆန်း၏လမ်းညွှန်ချက်အရ ရဲဘော်သုံးကျိပ်တို.၏ ဗိုလ်ဘွဲ.အသီးသီးကို ဘော်နီယိုကုမ္မဏီဝင်းအတွင်း အမိန်.ကြေငြာချက်ထုတ်ပြန်သည် ။ ဤသို.ဖြင်. မြန်မာမျိုးချစ်လူငယ်များ၏ ဗိုလ်အမည်များတွင်လာခဲ.သည် ။ ရဲဘော်သုံးကျိပ်တို.၏အမည်ရင်း ၊ ဂျပန်အမည်နှင်.ဗိုလ်အမည်များမှာ -

စဉ် အမည် ဂျပန်အမည် ဗိုလ်ဘွဲ.အမည်

၁။ သခင်အောင်ဆန်း Omada Mongi ဗိုလ်တေဇ
၂။ သခင်ကျော်စိန် Takahashi ဗိုလ်မိုးညို
၃။ သခင်ခင်မောင်ဦး Monya Masaru ဗိုလ်တာရာ
၎။ သခင်ငွေ Katsura ဗိုလ်စောအောင်
၅။ သခင်ရှုမောင် Takasugi Susumu ဗိုလ်နေ၀င်း
၆။ သခင်စောလွင် Yamako Kiyoshi ဗိုလ်မင်းခေါင်
၇။ သခင်စံမြ Nakagawa Ichiro ဗိုလ်တောက်ထိန်
၈။ သခင်စံလှိုင် Omura Tadashi ဗိုလ်အောင်
၉။ သခင်စိုး Kono ဗိုလ်မြင်.အောင်
၁၀။ ကိုဆောင်း Monyo Hiroshi ဗိုလ်ထိန်ဝင်း
၁၁။ သခင်တင်အေး Chinda Seiji ဗိုလ်ဘုန်းမြင်.
၁၂။ သခင်ထွန်းခင် Nakamura Hitoshi ဗိုလ်မြင်.ဆွေ
၁၃။ ကိုထွန်းရှိန် Yamashita Teruo ဗိုလ်ရန်နိုင်
၁၄။ သခင်ထွန်းရွှေ Utsumi Susumu ဗိုလ်လင်းယုန်
၁၅။ သခင်ထွန်းအုပ် Ichihara Ishiro ဗိုလ်ဘွဲ.မခံယူ
၁၆။ သခင်ဗဂျမ်း Bata Takeshi ဗိုလ်လရောင်
၁၇။ သခင်မောင်မောင် Tshchiya ဗိုလ်ဥာဏ
၁၈။ ကိုရွှေ Taniguchi Sgin-schi ဗိုလ်ကျော်ဇော
၁၉။ သခင်လှ Ito Hitochi ဗိုလ်မင်းရောင်
၂၀။ သခင်လှဖေ Tani Kiyoshi ဗိုလ်လင်္ကျာ
၂၁။ ကိုလှမောင် Kaga Masashi ဗိုလ်ဇေယျ
၂၂။ သခင်လှမြိုင် Itoda Tei-ichi ဗိုလ်ရန်အောင်
၂၃။ သခင်ထွန်းလွင် Otani Hiraoshi ဗိုလ်ဗလ
၂၄။ သခင်သစ် Osawa ဗိုလ်စောနောင်
၂၅။ သခင်သန်းညွန်. Okawa ဗိုလ်ဇင်ယော်
၂၆။ သခင်သန်းတင်(၁) Yamada ဗိုလ်ဘွဲ.မခံယူမီသေဆုံး
၂၇။ သခင်သန်းတင်(၂) Tsubota ဗိုလ်မြဒင်
၂၈။ သခင်အေးမောင် Mizuno Saburo ဗိုလ်မိုး
၂၉။ သခင်အောင်သန်း Hirata Masao ဗိုလ်စကြာ
၃၀။ ကိုအောင်သိန်း Hayashi ဗိုလ်ရဲထွဋ်

တို.ဖြစ်ကြသည် ။ ဗိုလ်မှူးကြီး စူဇူကီးအမည်ကိုလည်း ဗိုလ်မိုးကြိုး ဟုပြောင်းလဲမှည်.ခေါ်သည် ။ ထိုနေ.ဘန်ကောက်မြို.ဦးထွန်းဖေနေအိမ်တွင် ကျင်းပသောအစည်းအဝေးသို. ရဲဘော်သုံးကျိပ်ဝင်များ ၊ ထိုင်းနိုင်ငံရောက်မြန်မာလူမျိုးများ ၊ ထိုင်း-မြန်မာကပြားများ ၊အပါအ၀င် လူဦးရေ ၂၀၀ ကျော်တက်ရောက်ခဲ.ကြသည် ။
ဦးလွန်းဖေကဗိုလ်တေဇနှင်.ရဲဘော်သုံးကျိပ်ဝင်များအားတက်ရောက်လာသောပရိသတ်များနှင်. မိတ်ဆက်ပေးခဲ.သည် ။ ထိုအစည်းအဝေးတွင် ဗိုလ်တေဇက မိမိတို.သည်မြန်မာ.လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန်ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြားခဲ.ကြသူများဖြစ်ကြောင်း၊ယခုအစည်းအဝေးခေါ်ရခြင်းမှာမြန်မာနိုင်ငံကိုစိုးမိုးအုပ်ချုပ်နေသည်. နေမ၀င်ဗြိတိသျှအင်ပါယာကိုဖြိုဖျက်ရန် ဗမာ.လွတ်လပ်ရေးတပ်မတော်ဖွဲ.စည်းတည်ထောင်လို၍ဖြစ်ကြောင်း ၊ ထို.ကြောင်.မိမိတိုင်းပြည်အတွက် စွန်.လွှတ်စွန်.စားစွာ တိုက်ပွဲဝင်လိုသူများအား ဗမာ.လွတ်လပ်ရေးတပ်မတော်အတွင်းဝင်ေ၇ာက်ရန်ဖိတ်ခေါ်ကြောင်းပြောကြားခဲ.သည် ။ဗိုလ်တေဇမိန်.ခွန်းပြောကြားပြီးနောက်အစည်းအဝေးတက်ရောက်လာသူများထဲမှဗမားလွတ်လပ်ရေးတပ်မတော် ( Burma Independence Army – B.I.A ) သို.၀င်ရောက်ရန်စာရင်းပေးကြရာတပ်သားသစ် ၁၀၀ ကျော်ရရှိခဲ.သည် ။ထိုသို.တပ်သားသစ်များရရှိခဲ.ပြီးနောက်ဗိုလ်တေဇသည်ရဲဘော်သုံးကျိပ်များးအပါအ၀င်ဗမာ.လွတ်လပ်ရေးတပ်မတော်တပ်သားများနှင်.အတူ လက်မောင်းသွေးဖောက်၍ မြန်မာ.လွပ်လပ်ရေးအတွက်အသက်ပေး၍တိုက်ပွဲဝင်ပါမည်ဟု သစ္စာအဓိဌာန်ပြုကာသွေးသောက်ပွဲကျင်းပခဲ.သည် “ ။ ထို.ကြောင်. မြန်မာ.တပ်မတော်ကိုစတင်ဖွဲ.စည်းသည်. ဒီဇင်ဘာ ၂၆ ရက်နေ.သည်သာတပ်မတော်နေ.ဖြစ်သင်.ပေသည် ။ လစာ ၊ရိက္ခာ အခွင်.အရေး ၊ဘ၀တက်လမ်း ၊ ကြီးပွားချမ်းသာရေး ၊ပင်စင် ဘာတခုမှမျှော်လင်.ချက်မရှိပဲ အသက်ကိုစွန်.ရန် တပ်မတော်ဖွဲ. သစ္စာရေသောက်ခဲ.သောထိုနေ.သည်သာ တပ်မတော်နေ.အမှန်ဖြစ်ပေသည် ။ထိုအကြောင်းကိုရဲဘော်သုံးကျိပ်ထဲတွင်ကိုယ်တိုင်ပါဝင်ခဲ.သော ဗိုလ်မြင်.ဆွေ က “ အခက်အခဲအမျိုးမျိုးကြားမှပေါက်ဖွား၍ အခက်အခဲအမျိုးမျိုးကိုရင်ဆိုင်ခဲ.ရပြီး အခက်အခဲအမျိုးမျိုးနှင်.ပင် စခန်းသိမ်းခဲ.ရသော ဤဗမာ.လွတ်လပ်ရေးတပ်မတော် ( ဘီအိုင်အေ) ကို ၁၉၄၁ ခု ၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ဘန်ကောက်မြို.၌ ရဲဘော်သုံးကျိပ်ကို အမှူးပြု၍တရားဝင်စတင်ဖွဲ.စည်းခဲ.ပါသည် “ ဟု သူ ၏ကိုယ်တွေ.မှတ်တမ်းတွင်ဖော်ပြထားပါသည် ။ထို.အပြင် “ ယိုးဒယားပြည်မှစစ်သားစုဆောင်း၍စစ်ကြောင်းလေးကြောင်းချီတက်လာခဲ.သောဘီအိုင်အေ၏အင်အားမှာမြန်မာ.မြေသို.နင်းမိသည်နှင်.တပြိုင်နက်အရာရှိအကြပ်တပ်သားစုစုပေါင်း ၃၇၇၆ ဖြစ်ပါသည် ။ရန်ကုန်သိမ်းပိုက်ပြီးချိန်တွင်ဘီအိုင်အေ၏အင်အားမှာတသောင်းခန်.ဖြစ်သွားပါသည်တပ်သားသစ်များအလုံးအရင်းနှင်.၀င်ရုံမကရောက်သမျှအရပ်တိုင်း၌ငွေ ၊အစားအစာနှင်.၊ လုပ်အားပါ အစွမ်းကုန်ကူညီကြသည် “ ဟုရေးသားထား၏ ။ ဒါကတော. တပ်မတော်၏မူလဘူတမစပြုခဲ.သောနေ.ကိုဖော်ပြခြင်းဖြစ်သည် ။ တော်လှန်ရေးနေ.ကိုကြည်.ပါမည် ။

ယခင်ကတော. ထိုနေ.ကိုဖက်ဆစ်ဂျပန်တော်လှန်ရေးနေ.ဟုခေါ်ခဲ.ပါသည် ။ နောင်အခါတွင် နိုင်ငံတကာဆက်ဆံရေးကိုထောက်ရှု၍ ဖက်ဆစ်ဂျပန်ဆိုသော အမည်ကိုဖြုတ်ကာ တော်လှန်ရေးနေ.ဟုသာခေါ်ခဲ.ပါသည် ။ သို.သော်လည်း ထိုမတ်လ (၂၇)ရက်နေ.သည် ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ခိုက်သောနေ.ဖြစ်ကြောင်းကိုမြန်မာတပြည်လုံးက သိထားပြီးဖြစ်သည် ။ ထိုနေ.ဖြစ်ပေါ်လာပုံကလည်း အင်မတန်ရိုးရှင်း၍ မြန်မာပြည်သူပြည်သားအားလုံးအသိပင်ဖြစ်၍ အထူးအထွေဇာတ်ကြောင်းလှန်စရာပင်မလိုချေ ။

 မြန်မာ.လွတ်လပ်ရေးကို ကူညီရယူပေးမည်ဆို၍လက်တွဲခဲ.သော ဂျပန်တို.သည် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသောအခါ ကတိအတိုင်း လွတ်လပ်ရေးမပေးခဲ.သည်.အပြင် မြန်မာပြည်သူများကို ဖက်ဆစ်စနစ်ဖြင်. နှိပ်စက်အုပ်ချုပ်ခြင်း ၊ ဥပဒေမဲ.လက်နက်ကိုင်အနိုင်ကျင်.ခြင်းတို.ကြောင်. မြန်မာ.တပ်မတော်က ပြည်သူလူထုတရပ်လုံးနှင်.ပေါင်းကာလှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပူးပေါင်းတော်လှန်ခဲ.သောလက်နက်ကိုင်တော်လှန်ရေးနေ.ဖြစ်သည် ။ ဤဖက်ဆစ်ဂျပန်တော်လှန်ရေး၌ သိထားရမည်မှာ မြန်မာ.တပ်မတော်ကဦးဆောင်တော်လှန်ခဲ.သည်မှန်သော်လည်း မြန်မာတပြည်လုံးရှိ တပ်မတော်သားမဟုတ်သူ အင်အားစုအသီးသီးက ပူးပေါင်းပါဝင်တော်လှန်ခဲ.ကြခြင်းဖြစ်သည် ။ ၁၉၄၅ မတ်လ ၃ ရက်နေ.တွင်ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌လျှို.၀ှက်ဖွဲ.စည်းခဲ.သော ဖက်ဆစ်တိုက်ဖျက်ရေး ၊ပြည်သူ.လွတ်မြောက်ရေး (ဖ.တ.ပလ) အဖွဲ.ကြီးတွင် တပ်မတော်ကိုယ်စားလှယ်သုံးဦး ၊( ဗိုလ်ချုပ်အောင်ဆန်း ၊ ဗိုလ်မှူးကြီးလင်္ကျာ၊ ဗိုလ်မှူးကြီးနေ၀င်း ) ပြည်သူ.အရေးတော်ပုံပါတီ ကိုယ်စားလှယ်သုံးဦး( ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊သခင်ချစ်) ၊ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်သုံးဦး( သခင်စိုး၊သခင်သန်းထွန်း၊သခင်တင်မြ)တို.ပါဝင်သည် ။ထို.ကြောင်.ဖက်ဆစ်ကိုဆန်.ကျင်ရာတွင် တပ်မတော်တခုတည်းမဟုတ်ကြောင်းထင်ရှားသည် ။ ထို.သို.တော်လှန်ရာ၌ မတ်လ (၂၇)ရက်နေ.ကိုသာတော်လှန်ရေးစတင်ခဲ.သည်.နေ.အဖြစ် လူအများသိကြသော်လည်း ထိုနေ.အတိုင်မီအထိတော်လှန်ရေးစမည်.နေ.ကိုအကြိမ်ကြိမ်ပြောင်းရွှေ.ခဲ.ရသည် ။ မတ်လ ၆ ရက်နေ.တွင် မဟာမိတ်တပ်များသည် မတ္တရာမြို. အနီးသို.ပင်စတင်ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်သဖြင်.အထက်မြန်မာပြည်စစ်တိုင်းမှူး ဗိုလ်မှူးဗထူး သည် ညတွင်းချင်းပင် မိမိတပ်များကိုဖောက်ထွက်၍ ဖက်ဆစ်တော်လှန်ရေးကို အစောဆုံးစတင်ခဲ.သည် ။ ဗိုလ်ချုပ်အောင်ဆန်းတို.ကို ဂျပန်များမသင်္ကာဖြစ်မည်စိုးသဖြင်. ဗိုလ်ချုပ်အောင်ဆန်းကိုပါ ဆန်.ကျင်တော်လှန်ကြောင်း (ဟန်ပြ)ကြေငြာချက်ထုတ်သည် ။ ထို.ကြောင်.ဖက်ဆစ်တော်လှန်ရေးသည် မတ်လ (၆)ရက်နေ.ကတည်းကစတင်နေပြီဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းကတော်လှန်ရေးကို ၂၅.၃.၄၅ ည ၇ :၃၀ တွင်စတင်ရန် သတ်မှတ်သည် ။

ထို.နောက်ထိုနေ.တွင်အစီအစဉ်များအပြီးသတ်နိုင်ရန်မလွယ်ကူသဖြင်. ၁၉၄၅ ဧပြီလ ၂ ရက်နေ.ကို တော်လှန်တိုက်ခိုက်ကြရန် သတ်မှတ်ပြန်သည် ။ မတ်လ ၂၂ ရက်တွင်ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်မြို.မှစတင် စစ်ထွက်လာခဲ.၏ ။ ထို.နေ.ညပိုင်းတွင် ပဲခူးရှိ တိုင်း(၄)တပ်မှူးဗိုလ်ကျော်ဇောက ဗမာ.တပ်မတော်၏လှုပ်ရှားမှုကိုဂျပန်တို.သံသယရှိသဖြင်. ၎င်းတို.ပါတ်ဝန်းကျင်တွင်ဂျပန်တပ်များချထားကြောင်း၊ ထို.ကြောင်.ဖက်ဆစ်တော်လှန်ရေးကို မူလသတ်မှတ်ထားသည်. ဧပြီ ၂ အစား ၊ မတ်လ (၂၇) ရက်နေ.တွင်ပြုလုပ်ခွင်.ပြုရန် ဆက်သားလွှတ်၍ ဗိုလ်ချုပ်အောင်ဆန်းထံအကြောင်းကြားသည် ။ ထိုစာကိုဖတ်ရှုပြီးနောက်ဗိုလ်ချုပ်အောင်ဆန်းသည် အခြေအနေများကိုသုံးသပ်ကာ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို မတ်လ ၂၇ ရက်နေ.သို.ပြောင်းလဲ လိုက်ပြီဖြစ်ကြောင်း တိုင်းအသီးသီးသို. ဆက်သားများစေလွှတ်ကာအကြောင်းကြားလေသည် ။ မေလ ၁ ရက်နေ.တွင် ဗမာ.တော်လှန်ရေး တပ်မတ်ာမှ ဗိုလ်စိန်တင် ၊ဦးကျော်( R.E.T) တို.ဦးဆောင်၍ မျိုးချစ်တပ်မတော်သားများနှင်. ပြောက်ကျားးအင်အား၁၅၀ ခန်. ရန်ကုန်မြို.ကိုဝင်ရောက်သိမ်းပိုက်သည် ။ထို.ကြောင်. တိုက်ပွဲများတွင် တပ်မတော်သာမကပြည်သူများလည်းပါဝင်တိုက်ခိုက်ကြောင်း ထင်ရှားသည် ။

ဖက်ဆစ်တော်လှန်ရေးသည် မြန်မာတပြည်လုံးရှိ နိုင်ငံရေးအင်အားစုများ ၊ ကျောင်းသားများ ၊အရပ်သားပြည်သူလူထုနှင်. မြန်မာ.မျိုးချစ်တပ်မတော်တို.ညီညွတ်စွာပူးပေါင်းဆောင်ရွက်၍ရလာခဲ.သောအောင်ပွဲတခုဖြစ်သည် ။တဖက်တွင် ဗြိတိသျှတပ်မတော်က ဂျပန်ကိုပြန်လည်ထို.ဖောက်တိုက်ခိုက်လာမှုသည်လည်း ဖက်ဆစ်များမြန်မာ.မြေမှထွက်ခွာသွားစေသောအကြောင်းတခုဖြစ်သည် ။ ထိုနေ.သည် ဖက်ဆစ်ဂျပန်ကိုတော်လှန်တိုက်ခိုက်ခုခံခဲ.သော တော်လှန်ရေးနေ. ( Resistance Day )ဖြစ်ပါသည် ။ ထိုတော်လှန်ရေးသည်တပ်မတော်တခုနှင်.သာဆိုင်သည်မဟုတ် ၊ တော်လှန်ရေးတွင်အသက်စွန်.ကာပူးပေါင်းပါဝင်ခဲ.သော နိုင်ငံရေးအင်အားစုများ ၊သာမန်ပြည်သူလူထု လူတန်းစားအလွှအသီးသီးလည်းပါဝင်ခဲ.သည်သာဖြစ်သည် ။

ထို.ကြောင်.မမေ.နိုင်ကောင်းသော ထို မတ်လ ၂၇ ရက်နေ.သည် ။ အစိုးရအဆက်ဆက် မည်ကဲ.သို.မော်ကွန်းထိုးစေကာမူ ပြည်သူလူထု၏ ရင်ထဲအသည်းထဲမှာတော. တော်လှန်ရေးနေ.အဖြစ်သာရှိနေမည်ဖြစ်သည် ။ တပ်မတော်ကိုစတင်ထူထောင်ခဲ.သော ၁၉၄၁ ဒီဇင်ဘာ (၂၆ )သည်သာ တပ်မတော်နေ.အဖြစ် ကမ္ဖည်းမော်ကွန်းရေးထိုးသင်.ပါကြောင်း ။

သရ၀ဏ်(ပြည်)

စောင်.ကြည်.ဂျာနယ် ၃၁.၃.၂၀၁၅

ကိုးကား
- ဗိုလ်မြင်.ဆွေ (ရဲဘော်သုံးကျိပ် ) ၏ကိုယ်တွေ.မှတ်တမ်း
- သန်းဝင်းလှိုင် ( ဗိုလ်ချုပ်အောင်ဆန်း၏ရက်စွဲသမိုင်း )


လက်ပံတောင်းပစ်ခတ်မှု သတင်းစာရှင်းလင်း
လက်ပံတောင်းပစ်ခတ်မှု သတင်းစာရှင်းလင်း
ဒီရက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်မူတွေဖြစ်ပွားတဲ့အထိ တင်းမာမူတွေဖြစ်ပွားခဲ့တဲ့ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဆာလင်းကြီးမြို့နယ် ရဲအာဏာပိုင်တွေနဲ့ အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ဒေသခံတွေဘက်က လောက်လေးခွ နဲ့ စတင်ပစ်ခတ်တာကြောင့် သေနတ်တွေနဲ့ပြန်လည်ပစ်ခတ်တာလို့  ရှင်းလင်းခဲ့ပြီးဒေသခံ ၅၀ ထက်မနည်း ကို ပုဒ်မ၄ခုနဲ့ တရားစွဲဆိုထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက်အသုံးပြုမယ့် ကျောက်သယ်ဆောင်တဲ့ ကားတွေကို တားဆီးရာကနေ သေနတ်နဲ့ ပစ်ခတ်တွေဖြစ်ပွားခဲ့ပြီး ၃ရက်အကြာမှာတော့ ဆာလင်းကြီးမြို့နယ် ဒုရဲမှူးနဲ့ အထွေအထွေအုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ။ ဒီသတင်းစာရှင်းလင်းပွဲကို သွားတက်ခဲ့တဲ့ မုံရွာ အခြေစိုက်သတင်းထောက်တဦးဖြစ်တဲ့ ကိုကောင်းခန့်လင်းက အခုလိုပြောပြပါတယ်။

“ဆာလင်းကြီးမြို့နယ်ရဲမှူးဌေးဝင်းကနေပြီးတော့ ဒေသခံ တွေကနေပြီး လေးခွနဲ့ စပြီးတော့ ပစ်တဲ့အတွက် သူတို့ကနေပြီးတော့ အင်အားသုံးဖြိုခွင်းရတာဖြစ်တယ်လို့ပြောတယ်။ ကျည်ဆံတွေက ဘယ်က ကျည်ဆံတွေလည်းဆိုပြီးတော့ ကျနော်မေးတဲ့အခါကျတော့ အဲဒီမှာ သူက တူရကီနိုင်ငံထုတ်ကျည်ဆံတွေနဲ့ပေါ့နော် အချက်ပေါင်း ၆၀ ကျော် ပစ်ခတ်မှုရှိတယ် နောက်မျက်ရည်ယိုဗုံး ၂ ခုနဲ့ ပစ်တာတွေရှိတယ်။ အဲဒီမှာ ဒေသခံတွေရဲ့ လေးခွနဲ့ပစ်တဲ့အခါမှာ သူတို့ရဲအင်အား ရဲ ၆ ယောက်လောက် ဒဏ်ရာရတယ်လို့ပြောပါတယ်။ ဘာကြောင့် ဒီလိုမျိုး အင်အားသုံးဖြိုခွင်းရတာလဲ ဆိုပြီးမေးတဲ့အခါကျတော့ သူတို့ပြောတယ် အထက်က အမိန့်ကြောင့် လုပ်ရပါတယ်လို့ပြောတယ်ခင်ဗျ။ ဒေသခံတွေနဲ့ ညှိနှိုင်းပြီးတော့ ဖြေရှင်းလို့ရော မရနိုင်ဘူးလားလို့ပြောတဲ့အခါကျတော့ အဲဒီလိုလုပ်ဖို့လည်း သူတို့အဆင်မပြေတာကြောင့် အထက်အမိန့်ညွန်ကြားချက်အရ သူတို့လုပ်ရတာပါလို့ ပြောပါတယ်ခင်ဗျ။ နောက်တခုထူးခြားတာက ဒေသခံတွေ ဒီလို ပစ်တာက သဘောရိုးနဲ့ ပစ်တာပါလို့ ရဲမှူးကိုယ်တိုင်ကတော့ ပြောပါတယ်ခင်ဗျ။”

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ အသုံးပြုတဲ့ကျောက် ကျောက်သယ်ဆောင်တဲ့ကားတွေကို ခွင်ပြုချက်မရပဲ သယ်ဆောင်ထုတ်ယူမူတွေလုပ်တာကြောင့်ဆိုပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ရဲ့ ညွန်ကြားချက်အရ ကျောက်သယ်ထုတ်လုပ်မူတွေကို မတ်လ ၂၆ ရက်နေ့ကအကန့် အသတ်မရှိပိတ်သိမ်းလိုက်ပါတယ်။ဒီလိုပိတ်ပင်လိုက်တဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ခံရပြီးတဲ့နောက် တင်းမာမူဖြစ်နေမှု အခြေအနေတချို့ကိုလျော့ချနိုင်ခဲ့ပေမယ့် ဒေသခံတွေကို တရားစွဲဆိုကိစ္စတွေ ကိုတော့ အာဏာပိုင်တွေက ဆက်လက်လုပ်ဆောင်နေတာပါ။

“ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာ လက်ပံတောင်းတောင် ဒေသခံတွေပေါ့နော် ဒေါ်သန်းမြနဲ့ ဦးဝင်းကျော်ခေါင်းဆောင်တဲ့ ဒေသခံ လူဦးရေ ၅၀ ကျော်ကို သူတို့က ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်မှုအနေနဲ့ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတာ ရှိပါတယ်ခင်ဗျ။”

သတင်းစားရှင်းလင်းပွဲနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ် မေးမြန်းလို့ မရခဲ့ပါဘူး။

မတ်လ ၂၇ ရက်နေ့မှာ ပဲခူးတိုင်း၊ ပြည်မြို့မှာလက်ပံတောင်းတောင်မှာ သေနတ်နဲ့ ပစ်ခတ်မူနဲ့ ပတ်သက်လို့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေ နဲ့ ကုမ္ပဏီတွေကြားမှာ ၂၀၁၁ခုနှစ်လောက်က စပြီးတင်းမာမူတွေဖြစ်လာတာပါ။ ဒီအတွက် လက်ပံတောင်းကြေးနီစီမံကိန်း အနီးကကျေးရွားတွေကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါတယ်။ ရှေးဟောင်းသာသနီကအဆောက်အဦးဖြစ်တဲ့ လယ်တီသိမ်းကိုဖြိုဖျက်ပြီးလုပ်မယ့် စီမံကိန်းနဲ့ ပတ်သက်လို့ သံဃာအများစုပါတဲ့ သပိတ်စခန်းတွေဖွင့်ပြီး ဆန္ဒပြခဲ့တာကြောင့် ၂၀၁၂ခုနှစ်မှာ နှိမ်နင်းခံခဲ့ရပါတယ်။ အဲဒီကာလမှာ သံဃာအပါး ၁၀၀လောက်ဟာနှိမ်နင်းမူတွေ အတွင်း မီးလောင် ဒဏ်ရာတွေ ရခဲ့တာပါ ။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စစ်ဆေးပြီး အစီရင်ခံစာ ထွက်ခဲ့ပါတယ်။

ဒီစီမံကိန်းကို အရင်တုန်းကတော့ မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီပွာရေးဦးပိုင်ကုမ္ပဏီလိမီတက်တို့ ကသာ အကျိုးအမြတ်ခွဲဝေယူခဲ့ပြီး အစီရင်ခံစာထွက်အပြီးမှတော့ စာချုပ်ပြန်လည် ချုပ်ဆိုကာ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်က ၁၉ ရာခိုင်နှုန်းနဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း အကျိုးအမြတ်ခွဲဝေယူဖို့ ဆုံးဖြတ်ထားပါတယ်။

အစိုးရသစ်လက်ထက် ပြီးခဲ့တဲ့ ၉ လအတွင်းမှာ နိုင်ငံတော်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း၂၀ ၀င်ငွေ ရရှိခဲ့တယ်လို့ မကြာခင်ကပဲမြန်မာ အစိုးရဘက်က ထုတ်ပြန်ထားတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဟာ ဒေသခံတွေရဲ့ ကန့်ကွက်မူတွေ ပြင်းပြင်းထန်ထန် ကြုံ နေရတာပါ ။ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ပွင်းလင်းမြင်သားမူရှိဖို့ နဲ့ဒေသခံတွေ သဘောမတူပဲ ဒီစီမံကိန်းကို မလုပ်ဖို့ ဒေသခံတွေရဲ့ မြေယာတွေသိမ်းပြီး လုပ်ဆောင်နေတဲ့ စီမံကိန်းကို ကန့် ကွက်မူအရှိန် က တစထက်တစမြင့်တက် လာပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်တိုင်ဖြေရှင်းဖို့ အခက်အခဲရှိနေတာကြောင့် ပြည်ထောင်စုလွတ်တော်ကိုတင်ပြီး ဆုံးဖြတ်ရမယ်လို့ လည်းစစ်ကိုင်းတိုင်းဆားလင်းကြီး မြို့နယ်ထဲက လွတ်တော်ကိုယ်စားလှယ်တွေက ပြောပြကြပါတယ်။မအေးအေးမာ
VOA Burmese News



( ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်ရဲမှူးတို့ မတ်လ ၂၇ ရက်နေ့က ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် )Photo: Hset Paing Toe/ RFA
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ကျေးရွာက ဒေသခံအယောက် ၅၀ ကို ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့က ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ချိန်မှာ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ဥပဒေနဲ့ဆန့်ကျင်တဲ့ လူစုလူဝေးမှု၊ ခွင့်ပြုချက်မရှိဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု စတဲ့ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကျောက်သည်ယာဉ်တွေကို ပိတ်ဆို့တားဆီးနေတဲ့ မိုးကြိုးပြင်ရွာသား ၁၀၀ ကျော်ကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က ရဲတပ်ဖွဲ့ကပစ်ခတ်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်ရဲမှူးတို့ ဒီနေ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးဌေးဝင်း က ရွာသားတွေက ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားအောင် ဖန်တီးခဲ့လို့ အမှုဖွင့်တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ပုသိမ်-မုံရွာ လမ်းပေါ်မှာ သွားလာနေတဲ့ ကြေးနီစီမံကိန်းကျောက်သယ်ယာဉ်တွေဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာဘဲ ခေါက်ရေပြည့်ဖို့အတွက် အရှိန်မြင့်မောင်းနှင်နေကြတာကြောင့် ကျွဲ နွားတွေနဲ့ လူထိခိုက်မှုတွေ ရှိတယ်ဆိုပြီး မိုးကြိုးပြင်ရွာသားတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက တားဆီးပိတ်ဆို့ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီပစ်ခတ်ဖြိုခွင်းမှုကြောင့် ရွာသား ၁၀ ဦးနဲ့ ရဲတပ်ဖွဲ့ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မိုးကြိုးပြင်ရွာသားတွေဘက်ကလည်း ရာဘာကျည်နဲ့ ပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည် တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ဆားလင်းကြီးမြို့နယ်က ကျောက်ထုတ်စခန်းတွေနဲ့ ကျောက်ထုတ်ယာဉ်သွားလာမှုကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်း လိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/



( အိန္ဒိယ-မြန်မာနယ်စပ် တမူးနယ်စပ်ဂိတ်ကို တွေ့ရစဉ် ) Photo: RFA
အိန္ဒိယ- မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ ဆန္ဒပြပွဲတွေဖြစ်နေတာကြောင့် တမူးနယ်စပ်ဂိတ်ကို မတ်လ ၂၆ ရက်နေ့ မနေ့နေ့လည်ကစပြီး ပိတ်လိုက်ပါတယ်။

အိန္ဒိယဘက်က နယ်စပ်ဖြတ်ကျော်ခွင့်ကို စတင်ပိတ်လိုက်တာဖြစ်ပြီး တရားမ၀င် ၀င်ထွက်နေတဲ့ နယ်စပ်စည်းတွေကိုလည်း ပိတ်လိုက်တယ်လို့ နန်းဖာလုံဈေး ကုန်သည် ကိုကျော်ဆန်းလင်းက ပြောပါတယ်။

" မနေ့က နေ့ခင်းလောက်မှပိတ်တာ သံတံတားက မနက် ၁၀နာရီလောက်ထဲက ဆန္ဒပြတာ လက်ရှိက ဒီနေ့က တပ်မတော်နေ့ဆိုတော့ ဈေးပိတ်တယ်၊ မနက်ဖြန်ကို ဖွင့်မလားမဖွင့်မလား စောင့်ကြည့်ရမှာပေါ့၊ သူတို့ဘက်က စပိတ်တော့ဒီဘက်ကလဲ လုံခြုံရေးအရ လိုက်ပိတ်ရတာပေါ့၊ နယ်စပ်တစ်လျှောက် အ၀င်အထွက်လုပ်နေတဲ့ စည်းလေးတွေကအစ ပိတ်လိုက်တာပေါ့"

တမူးမြို့နယ် ဟိုလင်းဖိုင်ကျေးရွာအနီး နှစ်နိုင်ငံ နယ်နမိတ်တိုင်းတာလို့ မပြီးသေးတဲ့ နယ်စပ်မှာ အိန္ဒိယနိုင်ငံက လာရောက်လုပ်ကိုင်နေတဲ့ သစ်စက်ကို ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ မြန်မာနိုင်ငံဘက်က ဖမ်းဆီးလိုက်တဲ့ အပေါ် မိုးရေးမြို့ဒေသခံတွေက အမှတ် ၁ နယ်စပ်ဂိတ် တံတားမှာ မနေ့က ဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန္ဒပြမှုကြောင့် နယ်စပ်ဂိတ် အမှတ် ၁ နဲ့ နန်းဖာလုံဈေး နယ်စပ်ဂိတ် အမှတ် ၂ တို့ကို မနေ့နေ့လည်ပိုင်းက စတင်ပိတ်လိုက်တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/



မြင်း တပ်ဖွဲ့ခြံရံပြီး တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား (မတ် ၂၇-၂၀၁၇)
ရခိုင်မြောက်ပိုင်း၊ ကချင်၊ ရှမ်းအရှေ့မြောက် မုံးကိုးဒေသနဲ့ လောက်ကိုင်ဒေသ တိုက်ပွဲတွေဟာ အချုပ်အခြာ အာဏာကို ထိပါးတာကြောင့် တပ်မတော်က ကာကွယ်တိုက်ခိုက်တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာကိုလဲ ဒီကနေ့ကျင်းပတဲ့ တပ်မတော် နေ့ စစ်ရေးပြအခမ်းအနားအတွင်း ကာကွယ်ရေးဦးစီးချုပ်က ထပ်ပြီး အခိုင်အမာပြောသွားပါတယ်။ အဲဒီ စစ်ရေးပြအခမ်းအနားမှာ ကိုယ်တိုင်သွားပြီး သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဒီနှစ်စစ်ရေးပြအခမ်းအနားကွင်းထဲကို ကာကွယ်ရေးဦးစီးချုပ်က မြင်းတပ်ဖွဲ့ခြံရံပြီးတော့ ၀င်ရောက်ခဲ့တာပါ။ ဒီလိုမျိုး မြင်း တပ်ဖွဲ့ခြံရံပြီး စစ်ရေးပြအခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ်တက်တာ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ။ အဲဒီနောက်ပြောကြားတဲ့ မိန့်ခွန်းထဲ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အဓိကကိစ္စရပ်ကြီးနှစ်ခုနဲ့ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားကို ထည့်ပြော သွားတာပါ။ ပထမတခုကတော့ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေအပေါ် သဘောထားဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်
“၂၀၁၆ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ / မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်/ ရှမ်းပြည်နယ်အရှေ့ မြောက်ပိုင်း မုံကိုးဒေသ/ လောက်ကိုင်ဒေသ အကြမ်းဖက်သောင်းကျန်းမှု ကိစ္စရပ်တွေဟာ နိုင်ငံတော်ရဲ့ အချု ပ်အခြာအာဏာကို ထိပါးလာတဲ့အတွက် တပ်မတော်က ကာကွယ် တိုက်ခိုက်ခဲ့တာပဲဖြစ်တယ်။”

နောက်ထပ်ကိစ္စရပ်ကြီးတခုဖြစ်တဲ့ ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်လို့လဲ ကာကွယ်ရေးဦးစီးချုပ်က တဆက်ထဲ ပြောသွား ပါတယ်။

“လူမျိုးရေးနဲ့ ပတ်သတ်ပြီး တို့ နိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာ ကမ္ဘာကိုအသိပေးပြီးဖြစ်တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂလီများအနေနဲ့  မြန်မာတိုင်းရင်းသားများမဟုတ်ပဲ မြန်မာနိုင်ငံမှာလာရောက်နေထိုင်နေသူများသာ ဖြစ်တယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာမှာဖြစ်ပွားခဲ့တဲ့

ဘင်္ဂါလီအချို့ အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်တွေကို အကြောင်းပြပြီး နိုင်ငံရေးစွက်ဖက်မှုတွေကို တွေ့မြင်ရမှာ ဖြစ်တယ် ။”

ဒီရခိုင်ပြည်နယ်ကိစ္စမှာ ဥပဒေအရ ဆောင်ရွက်ပေးသင့်တာတွေကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိသလို နိုင်ငံတော်မှာဖြစ်နေတဲ့ နိုင်ငံ ရေးအခြေအနေတွေနဲ့ ဘာသာရေးနဲ့ လူမျိုးရေး အကြောင်းပြုပြီး ဆောင်ရွက်လာတာတွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ကို ထိပါးလာနိုင်တာကြောင့် တပ်မတော်ရဲ့စိတ်ဓာတ်ကို အခြေခံပြီး ကာကွယ်သွားဖို့ တာဝန်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

အရင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အပြောင်းအလဲတွေ စလုပ်ခဲ့ပေမဲ့ တပ်မတော်အစိုးရ အုပ်ချုပ်ရေးပုံစံကနေ ပြောင်းလဲရတဲ့ အခြေအနေနဲ့ နိုင်ငံတွင်း ဒီမိုကရေစီ မရင့်ကျက်သေးတာကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ အခက်အခဲ တွေ့ခဲ့ရတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ကပြောပြီး ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်က ဆက်ပြီး ကူညီသွားရမယ်လို့ လမ်းညွှန်သွားပါတယ်။

“ပထမသက်တမ်းကာလမှာ နိုင်ငံတော်ရဲ့ စီးပွားရေး၊ အုပ်ချုပ်ရေး ၊ နောက် တိုင်းရင်းသားရေးရာ ၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စများကို ကြိုးစားအကောင်အထည်ဖော်ခဲ့ပေမယ့် အတိုင်းအတာတစ်ခုအထိသာ ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်တယ်။
ဒါကြောင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေမှာ တပ်မတော်က ဆက်လက်ပြီး အားသွန်ခွန်စိုက် ကူညီဆောင်ရွက်ပေးသွားရမှာ ဖြစ်တယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းတခုလုံးကို ခြုံကြည့်မယ်ဆိုရင် ၇၂ နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက် လေးချက်ကို သမိုင်းနောက်ခံတွေ၊ လက်ရှိအခြေအနေတွေနဲ့ အကျယ်ချဲ့ပြီး ဖွင့်ဆိုရှင်းလင်းသွားတာလို့ဆိုရမှာပါ။

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို အထိမ်းအမှတ်ပြုပြီး တော်လှန်ရေးနေ့အဖြစ် ကျင်းပခဲ့ရာကနေ ၁၀ ကြိမ်မြောက်ကစလို့ အဲဒီအချိန် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းက တပ်မတော်နေ့အဖြစ် ပြင်ဆင် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ကျော်ကျော်သိန်း  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



( မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ ၇၂ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားတွင် NLD ပါတီ နာယက သူရဦးတင်ဦးကို တွေ့ရစဉ် ) Photo: Kyaw Zaw Win/RFA
တပ်မတော်ဟာ ပျော့ပြောင်းညင်သာတဲ့ လမ်းကို ပြောင်းလဲလာနေပြီဖြစ်ပြီး ဒီမိုကရေစီ အင်အားစုဖက်ကို နီးစပ်အောင် ကြိုးစားလာပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ နာယက သူရဦးတင်ဦးက ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ ၇၂ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားမှာ ပါတီ နာယက သူရဦးတင်ဦးက ပြောခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအောင်မြင်ရေး လတ်တလောဦးတည်ဆောင်ရွက်နေကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီ၊ လွှတ်တော်၊ အစိုးရနဲ့ တပ်မတော်တို့ ညီညီညွတ်ညွတ် ပေါင်းစပ်ပြီး တိုင်းရင်းသားမျိုးနွယ်စုအားလုံး ပါဝင်တဲ့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ကြဖို့ သူရဦးတင်ဦးက တိုက်တွန်းခဲ့ပါတယ်။

အခမ်းအနားကို နိုင်ငံရေးပါတီတချို့က သဝဏ်လွှာတွေ ပေးပို့ခဲ့ပြီး ၀ါရင့်နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေ၊ သံတမန်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တချို့ တက်ရောက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/



ရခိုင်အမျိုးသားပါတီ ANP ရဲ့ ကြေညာချက်ကို ALD ပါတီဘက်က လက်မခံကြောင်း မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ Photo: Aung Thein Kha/RFA
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ တည်ထောင်လိုသူတွေထဲ က ခေါင်းဆောင်နှစ်ဦးကို ဒီနေ့ရွေးချယ်လိုက်ပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့မှာ ပါတီခေါင်းဆောင်တွေအစည်းအဝေးကျင်းပပြီး ပထမခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်ကို ရွေးချယ်ခဲ့ကြတာဖြစ်တယ်လို့ ပထမခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတဲ့ ဦးကျော်မြင့်က အခုလိုပြောပါတယ်။

"ပါတီတည်ထောင်လိုသူ အယောက် ၂၀ နဲ့ ALD ကို တည်ထောင်ဖို့အတွက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို တင်ထားတယ်လေ၊ အယောက် ၂၀ ကပဲ ပ- ခေါင်းဆောင်နဲ့ ဒု-ခေါင်း ဆောင် ကို ရွေးပါတယ်၊ ပ-ခေါင်းဆောင်ကတော့ ဦးကျော်မြင့် ကျနော်ပေါ့လေ နောက်တစ် ယောက်က ဦးအောင်စိုး ရမ်းဗြဲကပါ၊ ပြည်ထောင်စုရွေးကောက်ပွဲဥပဒေအရ ပါတီတည်ထောင် တော့မယ်ဆိုရင် ပ-ခေါင်းဆောင်နဲ့ ဒု-ခေါင်းဆောင် သူတို့ဆီကို ပို့ရတယ်၊ ကျနော်တို့က အဆင် သင့်ရွေးထားတာပေါ့’"

ဦးကျော်မြင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့စဉ်က ALD ပါတီရဲ့ ဒုတိယဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲချုပ် ALD ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်အများဆုံး အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပါတယ်။

တပ်မတော်အစိုးရလက်ထက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ အတူ အတိုက်အခံအဖြစ် ရပ်တည်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ပါတီကို ပြန်လည် မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲ မ၀င်ခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၂ ခုနှစ်မှာတော့ နိုင်ငံရေး ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ALD ပါတီကို ဖျက်သိမ်းကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDPနဲ့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ANP ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ နှစ်ဘက်ခေါင်းဆောင်တွေကြား သဘောထား ကွဲလွဲမှုတွေရှိလာပြီး ALD ပါတီဝင်ဟောင်း တချို့ ပါတီကနေ ထုတ်ပယ်ခံခဲ့ရတဲ့အတွက် အရင်ပါတီဟောင်းဖြစ်တဲ့ ALD ပါတီကို ပြန်လည်ထူထောင်ဖို့ ဆောင် ရွက်နေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


မတ်လ ၂၇ ရက် ၂၀၁၇

ထိုင်းနိုင်ငံမြောက်ပိုင်းမယ်ဆိုင်မြို့နယ်အတွင်း တောလမ်းမှ အမည်မသိ မူးယစ်မှောင်ခိုသယ် ဆောင်လာသူများနှင့် ထိုင်းနယ်စပ်လုံခြုံရေးတပ်သို့ပစ်ခတ်မှုဖြစ်ပွါးကာ မူးယစ်မှောင်ခိုသယ်ဆောင်သူ အလောင်းထံမှ ယာဘ သိန်းဂဏန်း သိမ်းဆည်းရမိကြောင်း ထိုင်းသတင်းများက အသီးသီးဖော်ပြသည်။

မတ်လ ၂၅ ရက် ညနေပိုင်းက ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ၀ိန်းဖန်ခမ်းအုပ်စုအတွင်း ထိုင်း-မြန်မာနယ်စပ်နှင့် မီတာ ၇၀၀ ခန့်အကွာ တွင် ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

တောလမ်းခရီးမှ ကျောပိုးအိတ်တယောက်တလုံးစီဖြင့်တောနင်းလာသည့် အမျိုးသား ၄ ဦးအား ထိုင်းရဲ များက စစ်ဆေးရန် တားဆီးရပ်တန့်စဉ် အမျိုးသား ၄ ဦးဘက်မှ စတင်ပစ်ခတ်ကြောင်း ထိုနောက်ပိုင်း အဆိုပါ ၄ ဦးမှာ တောမီးရှို့ပြီးထွက်ပြေးကြောင်း ၁၀ မိနစ်ခန့်ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် ထိုင်းရဲများ တောနင်းရှာဖွေစဉ် မီးလောင်သေဆုံးနေသော အမျိုးသား ၂ ဦးအလောင်းအားတွေ့မိကြောင်း ၊ကျန် ၂ ဦးမှာ ထွက်ပြေးလွှတ်မြောက်နေကြောင်း မယ်ဆိုင်နယူးအွန်လိုင်းသတင်းတွင်ဖော်ပြထားသည်။

အမျိုးသားအလောင်းတလောင်းထံမှ အလောင်းနှင့်အတူ မီးအနည်းငယ်လောင်ကျွမ်းထားသော ကျောပိုးအိပ် အတွင်းမှ လိမ်မော်ရောင် ယာဘအပြားပေါင်းတစ်သိန်းကိုလည်း ဖမ်းဆီးရမိကြောင်း ဆိုပါသည်။

မတ်လ ၂၆ ရက်မနက်ပိုင်းမှသာ နာရေးကူညီမှုအသင်းက အဆိုပါအလောင်းများကို သွားရောက်သယ် ထုတ်ပြီး မယ်ဆိုင်ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်းလည်းဖော်ပြထားပါသည်။

သို့သော် အဆိုပါယာဘသယ်ဆောင်သည့် အဖွဲ့မှာမည်သည့်အဖွဲ့ဖြစ်ကြောင်းကိုမူ ဖော်ပြထားခြင်းမရှိပေ။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/


ရုရှားနိုင်ငံမှာ အဂတိ လိုက်စားမှု ဆန့်ကျင်ရေး လူထု ချီတက်ပွဲမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ အတူ မနေ့က ဖမ်းဆီးခံရတဲ့ အတိုက်အခံ ခေါင်းဆောင် Alexei Navalny ကို တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဒီဆန္ဒပြပွဲတွေက အကြမ်းဖက်မှုတွေ ဖြစ်လာအောင် လှုံဆော်တာ ဖြစ်ပြီး စည်းရုံးလုပ်ဆောင်ခဲ့သူတွေက ဆန္ဒပြပွဲမှာ လူငယ်တွေ ပါဝင်ရေး ငွေပေးခဲ့တယ်လို့ ရုရှား အစိုးရက လူသိရှင်ကြား ပြောဆိုပြီးနောက် နာရီပိုင်း အတွင်းမှာဘဲ အတိုက်အခံ ခေါင်းဆောင် Navalny ကို မြို့တော် မော်စကိုက တရားရုံး တခုမှာ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

အတိုက်အခံ ခေါင်းဆောင် Navalny က ရဲ အမိန့်ကို အာခံမှု အတွက် အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်တာပါ။ ဒီမတိုင်ခင်တုန်းကတော့ ခွင့်ပြုမိန့် မရှိတဲ့ ဆန္ဒပြပွဲကို စည်းရုံးမှုအတွက် ဒေါ်လာ ၃၅၀နဲ့ ညီမျှတဲ့ ငွေဒဏ်ချမှတ်ထားတာပါ။ ရုရှား အာဏာပိုင်တွေကြား တာဝန်ယူမှု တာဝန်ခံမှု ရှိရေး နိုင်ငံတ၀န်း မြို့တွေမှာ သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြကြဖို့ကိုတော့ အတိုက်အခံ ခေါင်းဆောင် Navalny က ဆော်သြခဲ့တာပါ။ ဆန္ဒပြပွဲတွေ အတွင်း အဖမ်းအဆီးတွေက မြို့တော် မော်စကို တခုတည်းတင် ၁ ထောင်ကျော် ရှိတယ်လို့ ရုရှား နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုတွေကို စောင့်ကြည့်တဲ့ OVD-Info အဖွဲ့က သူ့ရဲ့ အင်တာနက် ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အဖမ်းအဆီး အရေအတွက်ကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ နိုင်ငံပိုင် သတင်းအေဂျင်စီ TASS ကတော့ Navalny အပါအ၀င် ဖမ်းဆီးသူ ၅၀၀ လောက် ရှိတယ်ဆိုပြီး မော်စကို ရဲ ရဲ့ ပြောဆိုချက်ကို ကိုးကား ဖော်ပြပါတယ်။ အတိုက်အခံ ခေါင်းဆောင် Navalny ကတော့ မော်စကိုမြို့တော်က အထင်ကရ Pushkin ရင်ပြင်က ဆန္ဒပြပွဲကို ပူးပေါင်းဖို့ ရထားဘူတာရုံကနေ လမ်းလျှောက်အလာမှာ ဖမ်းခံရတာပါ။ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ၀ိုင်းရံထားတဲ့ ထရပ်ကားထဲကို ရဲတွေက သူ့ကို ဆွဲသွင်းသွားခဲ့ပြီး လူအုပ်က ကားမောင်းထွက်မသွားနိုင်အောင် ပိတ်ပင်ဖို့ ကြိုးစားခဲ့ကြသလို Navalny ကို ပြန်လွှတ်ပေးဖို့ကိုလည်း အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။

ရုရှား အတိုက်အခံ ခေါင်းဆောင် Alexei Navalny အပါအ၀င် ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ မနေ့ တနင်္ဂနွေနေ့က ဖမ်းဆီးခံရမှု အပေါ် အမေရိကန် ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ၊ လူ့အခွင့်အရေး စောင့်ကြည့်သူတွေနဲ့ သတင်းထောက်တွေကို ဖမ်းဆီးတာဟာ ဒီမိုကရေစီရဲ့ စံနှုန်းတွေကို စော်ကားမော်ကား ပြုမူတာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောခွင့်ရ အဖြစ် ယာယီ တာဝန်ယူထားတဲ့ Mark Toner က ကြေညာချက်မှာ ပြောဆိုထားပါတယ်။ ၂၀၁၈ ခုနှစ် ရုရှား သမ္မတ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ကြေညာထားတဲ့ Navalny ကို ဖမ်းဆီးလိုက်တာက အမေရိကန်အတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့လည်း သူက ပြောဆိုတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ပြည်၊မတ်(၂၇)

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်-တောင်ကုတ်ကားလမ်းမ ရခိုင်ရိုးမပေါ်မှ မတ်လ(၂၇)ရက်နေ့ နေ့လည်(၃)နာရီကျော်အချိန်တွင် ဇာတ်ကားတစ်စီး လမ်းဘေးထိုးကျသဖြင့် ယာဉ်ပေါ်ပါလာသူ တစ်ဦး သေဆုံးပြီး (၁၆)ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာအုပ်စု ကျွဲလေးကျေးရွာအနီး မိုင်တိုင်အမှတ် ၄၆/၁ နှင့် ၄၆/၂ အကြား တွင် တောင်ကုတ်ဘက်မှ ယာဉ်မောင်း ဖြိုးဆွေ မောင်းနှင်လာသော ယာဉ်အမှတ်…….. ISUZU ယာဉ်အမျိုးအစား အပြာရောင် (၆)ဘီးယာဉ်သည် ပြည်မြို့မှ ရွှေပြည်စံဇာတ်အဖွဲ့နှင့် ဇာတ်ပစ္စည်းများကို တင်ဆောင်ပြီး တောင်ကုတ်ဘက်မှ ပြည်ဘက်သို့မောင်းနှင်လာစဉ် ယာဉ်မှာ အရှိန်မထိန်းနိုင်ပဲ လမ်း၏ ၀ဲဘက်သို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။


အဆိုပါ ဇာတ်ကားတိမ်းမှောက်မှုကြောင့် ယင်းဇာတ်အဖွဲ့ထဲမှ ပြည်မြို့၊ကန်သာယာရပ်ကွက်နေ ဦးခင်မောင်ရွှေ (၃၂)နှစ်မှာ ၀ဲဘက်မျက်ခုံးတွင် ပေါက်ပြဲချိုင့်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်
သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါလာသူများထဲမှ (၁၆)ဦး ဒဏ်ရာရရှိပြီး ဥသျှစ်ပင်မြို့ဆေးရုံသို့ ပို့ဆောင်ဆေးဝါးကုသမှုများ ခံယူပြီး ညနေ(၄း၂၀)အချိန်ခန့်တွင် ပရဟိတအဖွဲ့များ၏ အကူအညီဖြင့် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

ယင်း ရွှေပြည်စံ ဇတ်အဖွဲ့မှာ ပြည်မြို့၊ခေတ္တရာမြို့သစ်ရပ်ကွက် (၉)လမ်း(၄)ကွက်မှ ဖြစ်ပြီး ယင်းနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ဘက်မှ ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပါတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး လူသေဆုံးမှုထိ ဖြစ်ပွားခဲ့သော ယာဉ်မောင်း ဦးဖြိုးဝေအားပန်းတောင်းမြို့နယ် ဥသျှစ်ပင်နယ်မြေရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၉/၂၀၁၇၊ ပုဒ်မ ၃၃၇၊၃၃၈၊၃၀၄တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ကိုလေး(ပြည်)
News Watch
https://www.facebook.com/NewsWatchJournal/



ဆီးနှင်းထု ပြိုကျမှုရာ တောင်စောင်းတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြစဉ် (ဓာတ်ပုံ-အင်တာနက်)
    တိုကျို၊ မတ် ၂၇ ရက် (ဆင်ဟွာ)

    ယနေ့ (မတ်လ၂၇ ရက်) နံနက်ပိုင်းက ဂျပန်နိုင်ငံ Tochigi စီရင်စုရှိ စကိတ် နှင်းလျှောစီးရာ တောင်စောင်း တစ်ခုပေါ်မှ နှင်းထုများ ပြိုကျမှုကြောင့် ကျောင်းသား ၈ ဦး သေဆုံးခဲ့ပြီး အခြားလူ ၃၀ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။

ယင်းသို့ နှင်းထုပြိုကျမှုမှာ Tochigi စီရင်စု Nasu မြို့ရှိ စကိတ် နှင်းလျှောစီးရာ တောင်စောင်း တစ်ခုတွင် နွေဦးကာလ တောင်တက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နှင်းထုပြိုကျချိန်တွင် ယင်းနေရာ၌ အထက်တန်းကျောင်း ၇ ကျောင်းမှ ကျောင်းသား ၆၀ ဦးကျော်နှင့် ဆရာ/ ဆရာမ ၁၂ ဦး ခန့် ရှိနေနိုင်ကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။

ယနေ့ ဒေသစံတော်ချိန် နံနက် ၇း၃၀ နာရီတွင် ဆရာများနှင့် ကျောင်းသားများက ထို နှင်းလျှောစီး တောင်စောင်းတွင် တောင်တက်ခြင်း လှုပ်ရှားမှု စတင်ခဲ့ကြောင်း၊ ဒေသစံတော်ချိန် နံနက် ၉း၂၀ နာရီတွင် အရေးပေါ် တာဝန်ကျသူက ဖုန်းခေါ်ဆိုမှုအား လက်ခံ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းများ၏ ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

နွေဦးကာလ တောင်တက်ခြင်း အစီအစဉ်မှာ မတ်လ ၂၅ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး မတ်လ ၂၇ ရက် နေ့လည်အချိန်တွင် အဆုံးသတ်ရန် ရည်ရွယ်ထားခဲ့ကြောင်း ကျောင်း ပြောခွင့်ရသူ တစ်ဦးက ပြောသည်။

ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း Tochigi မီးသတ်နှင့် သဘာဝဘေး ကာကွယ်ရေးဋ္ဌာနက ပြောကြားခဲ့သည်။

အဆိုပါ နွေဦးကာလ တောင်တက်ခြင်း အစီအစဉ်တွင် လူဦးရေ ၆၆ ဦးခန့် ပါဝင်ခဲ့ကြောင်း စီရင်စုဆိုင်ရာ ပညာရေး ဘုတ်အဖွဲ့က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ရုံး သဘာဝဘေး စီမံခန့်ခွဲမှုစင်တာကလည်း ကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့ တစ်ရပ် ဗဟို အစိုးရကထူထောင်ခဲ့ကြောင်း၊ သဘာဝဘေး တုံ့ပြန်ရေးအတွက် လုပ်ဆောင်ရမည့် အရာတိုင်းအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နှင်းထုပြိုကျမှုတွင် သေဆုံးသူ၊ ဒဏ်ရာရသူများအတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို ထိပ်တန်း ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယနေ့ (မတ်လ ၂၇ ရက်) လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


 မြ၀တီ၊ မတ်-၂၆

ကရင်ပြည်နယ် မြ၀တီမြို့တွင် ထိုင်းနိုင်ငံဘက်ကမ်းမှ မြန်မာနိုင်ငံ ဘက်ကမ်း ကူးလာသူတစ်ဦးထံမှ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတုများကို မတ် ၂၅ ရက်က ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ မတ် ၂၅ ရက် ည ၁၀ နာ ရီခန့်က ကရင်ပြည်နယ် မြ၀တီမြို့တွင် မဲဆောက်ဘက်မှ မြန်မာငွေစက္ကူ ကျပ် ၁၀၀၀၀ တန်အတုများ သယ်ဆောင်လာကြောင်း သတင်းအရ မြ၀တီမြို့မ
ရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်နိုင်စိုးနှင့် အဖွဲ့က အမှတ်(၁၀) မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ်သက်ဦး ဦးစီးပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ၉၉၉ ဂိတ်ဟောင်းအနီးမှ ပိတ်ဆို့ ရှာဖွေစစ်ဆေးရာ ၀င်းနိုင်(ခ)စဒစ်(၀ဲပုံ)ထံမှ ကျပ် ၁၀၀၀၀ တန် မြန်မာငွေစက္ကူအတုများ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မဲဆောက်မြို့နယ်ဘက်မှ စက်လှေဖြင့် ကူးလာသူများအနက် ၀င်းနိုင် (ခ) စဒစ်(၄၄)နှစ် ၁လမ်း၊ လဖောင်းရပ်ကွက် ဗန်ကောက် မြို့ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ၁၀ နှစ်ကတ်ဖြင့် နေထိုင်သူအား ရှာဖွေစစ်ဆေးရာ ၎င်းလွယ်ထားသည့် Original တံဆိပ်ပါ အနက်ရောင် သားရေဘေးလွယ်အိတ်အတွင်း ထိုင်းဆင်းမ်ကတ်နှစ်ကတ် တပ်ဆင်အသုံးပြုသော HUAWEI အမျိုးအစား ရွှေရောင် လက်ကိုင်ဖုန်းတစ်လုံး၊ အနက်ရောင်သားရေ
ခေါက်ပိုက်ဆံအိတ် အတွင်းမှ ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁၉၀၀ ၊ ကတ်အမှတ် 0-7703-89012- 65-7 နှင့် ၀င်းနိုင် (ခ) စဒစ် ဓာတ်ပုံပါ ထိုင်းယာဉ်မောင်း လိုင်စင်ကတ်တစ်ခု၊ မြန်မာငွေစက္ကူ
အတုဟု ယူဆရသည့် မြန်မာအက္ခရာနှင့် အင်္ဂလိပ်အက္ခရာ မတူသည့် ကျပ်၁၀၀၀၀ တန်နှစ်ရွက်၊ အင်္ဂလိပ် အက္ခရာမပါသည့် ကျပ် ၁၀၀၀၀ တန်တစ်ရွက်အပါအ၀င် စုစုပေါင်း ငွေစက္ကူအတုဟု ယူဆရသော ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအရွက် ၂၀ အား ရှာဖွေတွေ့ရှိသဖြင့် သက်သေ များရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ၀င်းနိုင် (ခ) စဒစ်အား သိမ်းဆည်းရမိသည့် ကျပ် ၁၀၀၀၀ တန်များနှင့်ပတ်သက်၍ မေးမြန်းစစ်ဆေးခဲ့ရာ အဆိုပါငွေစက္ကူအတုများအား ထိုင်းနိုင်ငံ မဲဆောက်မြို့နေ ခင်ဝင်း(စိစစ်ဆဲ)ထံမှ ကျပ် ၁၀၀၀၀ တန်တစ်ရွက်လျှင် ထိုင်းဘတ်ငွေ ၁၀၀ဖြင့် ၀ယ်ယူခဲ့ပြီး မြန်မာဘက်ခြမ်းတွင် သုံးစွဲရန် လာရောက် ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ သဖြင့် ငွေစက္ကူအတုများအားလက်ဝယ် ထားရှိသုံးစွဲသူ ၀င်းနိုင်(ခ) စဒစ်နှင့် ငွေစက္ကူအတုများအား ထုတ်လုပ်ဖြန့်ဖြူးသူ ခင်ဝင်းတို့နှစ်ဦးကို ဥပဒေအရ အရေးယူ ပေးရန် ဒုရဲအုပ်သက်နိုင်စိုးက တရားလိုပြုလုပ်၍ မတ် ၂၆ ရက်တွင် မြ၀တီမြို့မရဲစခန်းသို့ တိုင် တန်းခဲ့ရာ မြ၀တီမြို့မရဲစခန်းက (ပ) ၂၇၀/၂၀၁၇၊ ဗဟိုဘဏ် ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး စခန်းမှူး ဒုတိယရဲမှူးကိုကိုနိုင်က စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ချစ်ဝေစိုး
ကရင်ပြည်နယ် ဘားအံမြို့တော် (FB)



( ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မတ်လ ၂၇ ရက်နေ့က ကျင်းပတဲ့ ၇၂ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ တွေ့ရစဉ် ) Photo: Win Ko Ko Latt/ RFA
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာ မရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ ပြောကြားခဲ့ပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ၇၂ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်တွေကို အကြောင်းပြုပြီး နိုင်ငံရေးစွက်ဖက်မှုတွေ ရှိလာကြောင်း၊ နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ ဘာသာရေးနဲ့ လူမျိုးရေးအကြောင်းပြုပြီး ဆောင်ရွက်လာတာတွေဟာ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးလာနိုင်တဲ့အတွက် တပ်မတော်က ကာကွယ်သွားဖို့ တာဝန်ရှိကြောင်းလည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၆ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း မုံးကိုးနဲ့ လောက်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ အကြမ်းဖက်တွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတဲ့အတွက် တပ်မတော်က ကာကွယ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

အမျိုးသားနိုင်ငံရေး နဲ့ ပါတီနိုင်ငံရေး ကွဲပြားပုံနဲ့ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းဖို့အတွက် တပ်မတော်လို အမျိုးသားနိုင်ငံရေးအင်အားစုတစ်စု ရှိဖို့လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

တပ်မတော်ဟာ တရားဥပဒေစိုးမိုးရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် နေကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ၂၁ ရာစု ခေတ်သစ်စစ်ပွဲကို ဆင်နွှဲနိုင်တဲ့ တပ်မတော်ဖြစ်အောင် ကြိုးစားတည်ဆောက် နေကြောင်း ဆိုပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ အကောင်အထည်ဖော်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ အခက်အခဲတွေ ရှိနေကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသားရေးရာ နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေကို ကြိုးစားအကောင်အထည်ဖော်ပေမယ့် အတိုင်းအတာတစ်ခုအထိသာ ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်က ဆက်လက်ကူညီဆောင်ရွက် ပေးရမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

၇၂ နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နေပြည်တော်မှာ ဆောက်လုပ်ထားတဲ့ သူရဲကောင်းဗိမာန်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/


ပဲခူးတိုင်းဒေသကြီး ပြည်မြို့  ခေတ္တရာမြို့သစ်ရပ်ကွက် (၉)လမ်း(၄)ကွက်မှ ရွှေပြည်စံ ဇာတ်အဖွဲ့ကားသည် ရခိုင်ဘက်မှ ပြည်ဘက်သို့ မတ်လ(၂၇)ရက်နေ့ နံနက်တွင် ပြန်လည်ထွက်ခွါ လာရာ ပြည်ခရိုင် ပန်းတောင်းမြို့နယ် မိုးထိတောင်အရောက် တိမ်းမှောက်၍ ချောက်ထဲထိုးကျခဲ့ပြီး သေဆုံး ဒဏ်ရာရမှုတွေ ရှိကြောင်း သိရပါသည်။

အဆိုပါ ယာဉ်ချောက်ထဲ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါလာသူများထဲမှ (၂)ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း ကနဦးသတင်းရရှိပါသည်။


အပြင်းထန်ဒဏ်ရာရရှိသူ (၁၆)ဦးအနက် ကားပေါ် ပါလာသော မီးစက်ပိ၍ အမျိုးသား(၁)ဦးသေဆုံးခဲ့ကြောင်း ယာဉ်ပေါ်ပါလာသူ လူဦးရေပေါင်း(၄၀)ကျော်(၅၀) နီးပါးပါရှိသည်ဟု လက်တစ်လောသတင်းအရသိ ရှိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်၍ ထိခိုက်ဒဏ်ရာရရှိသူများကို ဥသျှစ်ပင်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူပြီး ယခုညနေ(၄)နာရီ (၂၀)အချိန်ခန့်မှာ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပရဟိတအဖွဲ့များမှကူညီ၍ ပြန်လည်ခေါ်ဆောင် ပြောင်းရွေ့နေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပြည့်သဲမောင်(ပြည်)
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
https://www.facebook.com/pyaynews/



တီဘီ ရောဂါရှာဖွေမှု နည်းသစ် ဗြိတိသျှ သိပ္ပံပညာရှင်တွေ တွေ့ရှိ
တီဘီ ရောဂါ ကို ထိထိရောက်ရောက် လျှင်လျှင်မြန်မြန် ကုသနိုင်ဖို့အတွက် အရေးပါတဲ့ ရောဂါရှာဖွေမှုနည်းနာအသစ်တခုကို ဗြိတိသျှ သိပ္ပံပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဆဲလ်အတွင်းက မျိုးရိုးဗီဇတွေကို ရွေးစီပေးတဲ့ ဖြစ်စဉ် ကတဆင့် ရောဂါပိုးရဲ့ မတူညီတဲ့ မျိုးကွဲတွေကို သီခြား ဖယ်ထုတ်ပေးနိုင်ပြီလို့ အောက်စဖို့ဒ်နဲ့ ဘာမင်ဂမ် က သုတေသီတွေက ပြောပါတယ်။

ဒီလို လုပ်နိုင်ခဲ့ခြင်းကြောင့် မှန်ကန်တဲ့ ဆေးဝါးပေးနိုင်ဖို့ ကို အရင်တုန်းကလို လပေါင်းများစွာ စောင့်ဆိုင်း ရတော့မှာ မဟုတ်ဘဲ ရက်ပိုင်းအတွင်းမှာပဲ ရောဂါရှာဖွေနိုင်မှာ ဖြစ်တဲ့ အတွက် လူနာတွေဟာ ရောဂါ ပျောက်ကင်းသက်သာဖို့ရာ အခွင့်အရေး ပို များလာမှာ ဖြစ်ပါတယ်။

အခုဆိုရင် မတူကွဲပြားတဲ့ မျိးကွဲ ရောပါပိုး နမူနာတွေရဲ့ မျိုးရိုးဗီဇ ဒီအဲန်အေ ကို အချိန် တပတ် သာသာ အတွင်းမှာ ဖော်ထုတ်လာနိုင်မယ်လို့ နည်းသစ်ကို တွေ့ရှိခဲ့သူ ပညာရှင်တွေက ဆိုပါတယ်။

ဒီနည်းသစ်ဟာ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်မယ်လို့ ဗြိတိန် ကျန်းမာရေးဝန်ကြီး ဂျရမီဟန့်က ပြောပါတယ်။

ဗြိတိန်နိုင်ငံမှာ တီဘီ ဖြစ်ပွားမှုနှုန်းက အခုနှစ်ပိုင်းမှာ လျော့ကျနေပေမယ့် ဥရောပတိုက်က နိုင်ငံတွေကြားထဲမှာတော့ ဖြစ်ပွားမှု အမြင့်ဆုံး ဖြစ်နေဆဲပါ။

ဘီဘီစီမြန်မာပိုင်း

BBC Burmese
https://www.facebook.com/bbcburmese/


ဘားအံ မတ် ၂၆

ကရင်ပြည်နယ် ဘားအံမြို့နယ်ရဲတပ်ဖွဲ့ အိန္ဒုနယ်မြေရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်မင်းအောင် ဦးစီး သည် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် မတ် ၂၅ ရက်က ဘားအံမြို့နယ် ဗျက္ခကျေးရွာ အုပ်စု အလယ်ရွာ၌ အိန္ဒုနယ်မြေ ရဲစခန်းက အလိုရှိသော တရားခံပြေး ဟု သတ်မှတ်ထားသူ မန်းနီ(ခ)မြင့်ဦး၊ (၃၇နှစ်)သည် နေအိမ်တွင် ရောက်ရှိနေ ကြောင်း သတင်းရရှိသဖြင့် သွားရောက် ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရမိသည့် မန်းနီမှာ လွန်ခဲ့ သည့် ၂ဝ၁၅ ခုနှစ် မေ ၆ ရက်က အိန္ဒု နယ်မြေရဲစခန်းက တရားမဝင်လက်နက် ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးစဉ် အဖမ်း မခံဘဲ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ¤င်းကိုင်ဆောင်ခဲ့သည့် ယမ်းထောင် တူမီးသေနတ်အား ရှာဖွေတွေ့ရှိ၍ အိန္ဒု နယ်မြေရဲစခန်းမှ အမှုရေးဖွင့်ပြီး တရားစွဲ တင်ပို့ခဲ့ရာက တရားခံပြေးအဖြစ် သတ်မှတ်ခြင်း ခံရသူဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မန်းနီ(ခ)မြင့်ဦးအား ယခင် ကျူးလွန်ခဲ့သည့် ပြစ်မှုဖြင့် တရားစွဲတင်ပို့နိုင်ရန်အတွက် အမှုစစ်ဒုရဲအုပ် သက်ဇင်ဦးက ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ထွန်းထွန်းထွေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/