04/02/17



မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကမာမိုရွာ မဲရုံအမှတ် ၁ မှာ ဒေသခံတစ်ဦး ဆန္ဒမဲပေးနေသည်ကို တွေ့ရစဉ်။ Photo: Kyaw Lwin Oo/ RFA
လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် မနေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိ အစိုးရဖြစ်တဲ့ NLD ပါတီက ၉ နေရာ၊ SNLD က ၆ နေရာ၊ USDP က ၂ နေရာ၊ ရခိုင်အမျိုးသားပါတီနဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)တို့က တစ်နေရာစီ အနိုင်ရရှိခဲ့ပါတယ်။

လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ USDP ပါတီက မွန်ပြည်နယ် ချောင်းဆုံ မြို့နယ် ပြည်သူ့လွှတ်တော်နေရာနဲ့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် အမှတ် ၂ ပြည်နယ် လွှတ်တော်နေရာတို့မှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်နယ်လွှတ်တော်နေရာမှာ ရခိုင်အမျိုးသားပါတီ ANP က ဒေါက်တာအေးမောင်က အနိုင်ရရှိခဲ့ပြီး NLD ပါတီ ၀င်ရောက်ယှဉ်ပြိုင်မှုမရှိတဲ့ ကယားပြည်နယ် ဖရူဆိုမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှာ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) က ဦးသဲရယ် က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက နယ်မြေမတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရှမ်းပြည်နယ်တောင် ပိုင်း ကျေးသီးမြို့နယ်နဲ့ မိုင်းရှူးမြို့နယ်တို့က လစ်လပ်နေရာအားလုံးမှာ မနေ့က ကြားဖြတ်ရွေးကောက်ပွဲ ကို အောင်မြင်အောင် ကျင်းပနိုင်ခဲ့ပြီး ကျားခေါင်းပါတီလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၆ နေရာစလုံးမှာ အနိုင်ရရှိခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်းက ပြည်သူ့လွှတ်တော် ၅နေရာ၊ ပဲခူးတိုင်း၊ ချင်းပြည်နယ် နဲ့ ရန်ကုန်တိုင်းတို့က အမျိုးသားလွှတ်တော် တစ်နေရာစီနဲ့ ရှမ်းပြည်နယ်လွှတ်တော် တစ်နေရာ အားလုံးပေါင်း ၉ နေရာမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေတဲ့ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နဲ့ ရှမ်းပြည်နယ်တို့မှာ မနေ့က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုများတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာ ပြိုင်ဘက်ပါတီတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ချောင်းဆုံ၊ အမ်း၊ ကျေးသီး၊ မိုင်းရှူး၊ ကျိုင်းတုံ စတဲ့ နယ်မြေတွေမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၂သန်းကျော်ရှိခဲ့ပေမယ့် မနေ့က ဆန္ဒမဲပေးသူ အရေအတွက် နည်းတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းက မြစ်သုံးစင်း ရေကြီး ရေလျှံပြီး ပြီးခဲ့တဲ့ သောကြာနေ့ ညသန်းခေါင်ယံအချိန် ဒေသခံတွေ အိပ်ပျော်နေချိန် Mocoa မြို့ထဲကို ရေတွေ အလုံးအရင်းနဲ့ ၀င်ရောက်ခဲ့တာကြောင့် လူပေါင်း ၂၀၀ လောက် သေဆုံးပြီး အိုးအိမ်တွေနဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။

အီကွေဒေါ နယ်စပ်က လူပေါင်း ၄ သောင်းနေထိုင်ရာ Mocoa မြို့ကို သမ္မတ Juan Manuel Santos မနေ့ စနေနေ့က သွားရောက်ခဲ့ပြီး လူထု အရေးပေါ် အခြေအနေ အဖြစ် ကြေညာခဲ့ပါတယ်။ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့လည်း သမ္မတက သတိပေးပါတယ်။ ရေဘေးကြုံတွေ့ခဲ့ရသူတွေ အတွက် ယူကြုံးမရ ဖြစ်ရပြီး ကူညီဆောင်ရွက်နိုင်တာ မှန်သမျှကို လုပ်ဆောင် သွားမယ်လို့လည်း သမ္မတက ပြောဆိုခဲ့ပါတယ်။ ရေကြီးမှုကနေ ဒဏ်ရာရခဲ့သူ ၄၀၀ ရှိပြီး ပျောက်ဆုံးနေသူ ၂၂၀ ရှိနေတယ်လို့ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။

 ရေကြီးမှု ဖြစ်ခဲ့တာကို ရိုက်ယူထားတဲ့ ဗီဒီယိုထဲမှာတော့ အဆောက်အအုံတွေ ပြားပြားဝပ်နေပြီး ပျက်စီးနေတဲ့ ကားတွေလည်း စုပုံနေပါတယ်။ သစ်ပင်တွေကတော့ အမြစ်ကနေ ပြိုလဲကျနေတာကိုလည်းတွေ့ရပါတယ်။ ရေဘေးဒဏ်ခံခဲ့ရပြီး ကြောက်လန့်တွေဝေ နေကြတဲ့ ဒေသခံတွေကတော့ ပျက်စီးနေတဲ့ မြို့ထဲမှာ ရှာဖွေနေကြပြီး ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေကို အပျက်အစီပုံတွေကြားကနေ ရှာဖွေ ကယ်ဆယ်နေကြပါတယ်။ ရက်ပေါင်းများစွာ မိုးသည်းခဲ့ပြီးနောက် အခုလို ရေကြီးမှု ကပ်ဘေးကြီးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး ဒေသတွင်း နေရာ အတော်များများမှာ လျှပ်စစ်မီးနဲ့ သောက်သုံးရေ ပြတ်လပ်နေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ဒီစက်နဲ့ ပတ်သက်ပြီး မဲလိမ်မှုနဲ့ အငြင်းပွားမှုတွေဟာ ပြီးခဲ့တဲ့ ပြည်နယ်ရွေးကောက်ပွဲကတည်းက ရှိနေခဲ့
အိန္ဒိယနိုင်ငံ မဒီရာ ပရာဒေ့ရှ် ပြည်နယ်က အစိုးရ ဝန်ထမ်း ၂ ယောက်ကို မဲပေးတဲ့ စက်ကိစ္စ အရှုပ်အထွေးနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ရာထူးပြောင်းရွှေ့ထားလိုက်ပါတယ်။

ဒီပြည်နယ်အတွင်းမှာ မကြာခင် ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်ပြီး မဲပေးစက်ကို စမ်းသပ်တဲ့အခါမှာ ဘယ်ခလုတ်ကိုပဲ နှိပ်နှိပ် အာဏာရ ပါတီ ဘီဂျေပီပဲ မဲရနေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒီစက်နဲ့ ပတ်သက်ပြီး မဲလိမ်မှုနဲ့ အငြင်းပွားမှုတွေဟာ ပြီးခဲ့တဲ့ ပြည်နယ်ရွေးကောက်ပွဲကတည်းက ရှိနေခဲ့တာပါ။

ဒီကိစ္စဟာ အခုအချိန်မှာ မြို့တော် ဒေလီက နိုင်ငံရေးသမားတွေကြားမှာ အငြင်းပွားစရာ ဖြစ်လာခဲ့ပြီး နိုင်ငံတော်အဆင့်အထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီပြည်နယ်မှာ မဲပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စနေနေ့မှာ အဆင့်မြှင့် အရာရှိတွေ စေလွှတ်မယ်လို့ အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင်က ကတိပြုထားပါတယ်။

BBC Burmese
http://www.bbc.com/burmese



ရှမ်းပြည်နယ်အတွင်းက မဲရုံတစ်ရုံကို တွေ့ရစဉ်။ Photo: Aung Thain Kha/ RFA
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရရှိတဲ့ ကျိုင်းတုံမဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်နေရာ အတွက် ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ကန့်ကွက်လွှာ တင်သွင်းဖို့ ပြင်ဆင်နေပါတယ်။

ကျိုင်းတုံမဲဆန္ဒနယ်မှာ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လွှမ်းမိုးမှု ရှိနေတဲ့အတွက် ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ အဲဒီမဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါက်တာ ၀ဏ္ဏစိုး က ပြောပါတယ်။

"အဓိက တရားမျှတမှု မရှိဘူးပေါ့။ ရွေးကောက်ပွဲဟာ။ အဓိကတော့ ပြည်သူ့စစ်တွေ လွှမ်းမိုးမှု အများကြီးပါတယ်။ လက်နက်အပြည့် အစုံနဲ့ စောင့်ကြည့်နေတယ်။ ကျနော်တို့ နည်းနည်း တိုင်ပင်နေသေးတယ်။ အချက်အလက်တွေ စုဆောင်းနေသေးတယ်။ အချက်အလက်တွေ စုဆောင်းပြီး ပါတီကို တင်ပြရအုံးမယ်။ ပါတီရဲ့သဘောထားကို သေသေချာချာ မသိသေးဘူး။"

ကျိုင်းတုံမဲဆန္ဒနယ် အမှတ်(၂)က မဲရုံအချို့မှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေက လက်နက် အပြည့်အစုံနဲ့ မဲရုံပရ၀ုဏ်ထဲမှာ ရှိနေခဲ့တယ်လို့လည်း ဒေါက်တာ ၀ဏ္ဏစိုးက ပြောပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျိုင်းတုံမဲဆန္ဒနယ် အမှတ် (၂) က လစ်လပ်နေတဲ့ ပြည်နယ် လွှတ်တော် နေရာအတွက် ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ၊ NLD ပါတီ၊ SNLD ပါတီ၊ SNDP ပါတီ၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြ တာ ဖြစ်ပါတယ်။

အဲဒီမဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီက ဦးရှာမွေလရှဲန်က ဒေါက်တာဝဏ္ဏစိုးကို မဲ ၃ ထောင်ကျော် အသာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာလည်း ကျိုင်းတုံမဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ယမန်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ၏ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ၂ရက် ညနေပိုင်းက အပြီးသတ် ကြေငြာလိုက်သည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့သည့် လစ်လပ်မဲဆန္ဒနယ် ၁၉နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ၉နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က ၆နေရာ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ၂နေရာ၊ ရခိုင်အမျိုးသားပါတီ(ANP)က ၁နေရာနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီက ၁နေရာ အနိုင်ရရှိခဲ့သည်။

သက်ဆိုင်ရာလွှတ်တော်အသီးသီးသို့ ရောက်ရှိလာကြတော့မည့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်၊ မဲဆန္ဒနယ်၊ သက်ဆိုင်ရာလွှတ်တော်နှင့် မဲရလဒ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်

၁) ဦးဝင်းမင်း၊ လှိုင်သာယာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၃၁၃၆၉မဲ
၂) ဦးအောင်ကြည်သိန်း၊ ချောင်းဆုံမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၁၉၆၆၇
၃) ဦးညွှန့်အောင်၊ မုံရွာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၉၅၉၂၃မဲ
၎) ဦးမြစိန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၅၇၅၆မဲ
၅) ဦးကျော်ဆွေဝင်း(ခ) ဦးအာလူး၊ ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၃၈၀၂၈

၆) ဦးနေကျော်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၂၇၃၅၇မဲ

၇) ဒေါက်တာအေးမောင်၊ အမ်းမြို့နယ်၊ ရခိုင်အမျိုးသားပါတီ၊ ၂၁၇၉၄မဲ

၈) စိုင်းဝင်းအေး(ခ)စိုင်းထွန်းအေး၊ မိုင်းရှူးမြို့နယ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊

၉) စိုင်းအောင်ကျော်၊ ကျေးသီးမြို့နယ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၈၈၈၂မဲ

ပြည်နယ်လွှတ်တော်

၁)ဦးသဲရယ် ၊ ဖရူဆိုမြို့နယ်၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ၊ ၃၃၅၁မဲ
၂) ဦးခင်မောင်ဝင်း၊ ညောင်ရွှေမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၇၂၀၄

၃) ဦးရှာမွေလရှဲန်၊ ကျိုင်းတုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၇၀၂၆မဲ

၎) စိုင်းလင်းမြတ်၊ မိုင်းရှူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ၄၇၆၄မဲ

၅) ဒေါ်နန်းကောင်ခမ်း၊ မိုင်းရှူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ၅၇၅၃မဲ

၆) စိုင်းစံမိုင်း ၊ ကျေးသီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၁၅၄၂မဲ

၇) ဦးခင်မောင်ညွှန့် ၊ ကျေးသီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ၇၈၃၂မဲ

အမျိုးသားလွှတ်တော်

၁) ဒေါက်တာမောင်မောင်၊ ရန်ကုန်တိုင်းမဲဆန္ဒနယ်အမှတ်(၆)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၇၅၂၉၉မဲ

၂) ဒေါ်စန်းစန်းမြင့်၊ ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၄)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၇၁၀၄၂မဲ

၃) ဦးဘွဲခိန်း၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၃)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၉၂၄၂မဲ

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/25563


အစ္စရေးတို့သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းမှ ပါလက်စတိုင်းလူမျိုးတစ်ဦးသည် အစ္စရေးလူမျိုး ၃ဦးကို ဂျေရုစလင်မြို့တော်ဟောင်းတွင် ပြီးခဲ့သော စနေနေ့က ဓားဖြင့်ထိုးခဲ့သောကြောင့် နယ်စပ်အစောင့်များက အသေပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ထိုသံသယရှိရသူသည် လမ်းသွားလမ်းလာ ဂျူးလူမျိုး ၂ ဦးအား ဓားဖြင့်တိုက်ခိုက်ခဲ့ကာ ထွက်ပြေးသွားခဲ့ပြီး နောက်တွင် နယ်စပ်အစောင့်တစ်ဦးကိုလည်း ဒဏ်ရာရရှိအောင် တိုက်ခိုက်ခဲ့သောကြောင့် အသေပစ်သတ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းသွားလမ်းလာ ၂ ဦးမှာ အသေးစားဒဏ်ရာများ ရရှိခဲ့သော်လည်း တတိယတစ်ဦးမှာမူ ပိုမိုပြင်းထန်သော ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ယခုဖြစ်စဉ်သည် မြို့တော်ဟောင်းသို့ ပင်မ၀င်ပေါက်ဖြစ်သော ဒါမာစကတ်ဂိတ်အနီးတွင် ဖြစ်ပွားခဲ့သည့် ဒုတိယမြောက် တိုက်ခိုက်မှုဖြစ်သည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ကလည်း ပါလက်စတိုင်းအမျိုးသမီးတစ်ဦးသည် အစ္စရေးရဲသားများအား ကတ်ကြေးဖြင့် ထိုးသတ်ရန် ကြိုးပမ်းခဲ့မှုကြောင့် အသေပစ်သတ်ခံခဲ့ရသည်။

လွန်ခဲ့သော ၂၀၁၅ ခုနှစ် အောက်တိုဘာလကတည်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၂၅၉ဦး၊ အစ္စရေး ၄၀ ဦး၊ အမေရိကန် ၂ ဦး နှင့် ဆူဒန်နိုင်ငံသား ၁ ဦး သေဆုံးခဲ့ရကြောင်း သိရ သည်။

သေဆုံးခဲ့သော ပါလက်စတိုင်းအများစုမှာ ဓားကိုင်ဆောင်ခြင်း၊ သေနတ် သို့မဟုတ် ကားဖြင့်ဝင်ဆောင့် တိုက်ခိုက်ခြင်းများကြောင့် ဖြစ်ကြောင်း အစ္စရေး အာဏာပိုင်များဘက်က ပြောခဲ့သည်။ ကျန်ရှိသော အချို့မှာ ဆန္ဒပြသစဉ်အတွင်း၊ ပဋိပက္ခများအတွင်းနှင့် ဂါဇာကမ်းမြှောင်ဒေသို့ အစ္စရေးတို့ဘက်မှ ပြုလုပ်သော လေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ရခြင်းဖြစ်သည်။

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/25558


မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအောင်ကြည်သိန်း ရွေးချယ်ခံရတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ၂ရက်မှာ ကြေညာခဲ့ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက အာဏာရ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်တွေချည်း အနိုင်ရခဲ့တဲ့ ချောင်းဆုံမှာ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တဦး အနိုင်ရခဲ့ပါပြီ။

ဒီလို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တဦး ချောင်းဆုံမှာ အနိုင်ရခဲ့တာဟာ မကြာသေးခင်က အုတ်အော်သောင်းတင်းဖြစ်ခဲ့တဲ့ သံလွင်တံတား နာမည်ပေးတဲ့ကိစ္စနဲ့များ ပတ်သက်ဆက်နွှယ်မှု ရှိနေပါသလား။

အခု ချောင်းဆုံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ဦးအောင်ကြည်သိန်းကတော့ အဲ့ဒီတံတားဂယက်ကြောင့်လို့ မမြင်မိဘဲ အန်အယ်လ်ဒီကိုယ်စားလှယ် ဦးအေးဝင်းဟာ ဒေသခံ မဟုတ်လို့ မဲမထည့်ကြတာဖြစ်တယ်လို့ ပြောပါတယ်။

ဦးအောင်ကြည်သိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ပထမဆုံး ဦးအောင်ကြည်သိန်းရဲ့ ကိုယ်ရေးအကျဉ်း မိတ်ဆက် တင်ပြပေးပါ။

ဖြေ- ၂၀၁၅ ဇန်န၀ါရီမှာ စိုက်ပျိုးဦးစီးဌာနကနေ ညွှန်ကြားရေးမှူးနဲ့ ပင်စင်ယူတယ်၊ ပင်စင်ယူပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော် ၀င်ပြိုင်တယ်၊ ပြည်နယ်လွှတ်တော်အမှတ် ၁ ဒီ ချောင်းဆုံပဲ၊ ၀င်ပြိုင်တော့ အဲ့ဒီမှာ ကျနော် မနိုင်ဘူး။ ကျနော့်မွေးသက္ကရာဇ်က ၁၉၅၈ ခု၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာမှာ အဘ ဦးမြမွှေး၊ အမိ ဒေါ်လှမေကနေပြီးတော့ ကွမ်ရိုက်ကျေးရွာမှာ မွေးတာပေါ့နော်၊ ကွမ်ရိုက် အမက ရွာလွတ် အထက၊ ပြီးတော့ စက်မှု အထက မော်လမြိုင်၊ ပြီးတော့ ဒေသကောလိပ် မော်လမြိုင်၊ ပြီးတော့မှ ရန်ကုန်စက်မှုတက္ကသိုလ်၊ ၁၉၈၂ မှာ ဘီအီး မက္ကနစ်ကယ်ဘွဲ့ရတယ်၊ အဲ့ကနေပြီးတော့ အဲ့ဒီတုန်းကတော့ လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်းပေါ့၊ ကျနော် ဒုလုပ်ငန်းမှူးနဲ့ ၁၉၈၃ မှာ စပြီး တာဝန်ထမ်းဆောင်တာပေါ့၊ ထမ်းဆောင်ပြီးတော့မှ စောစောက ကျနော်ပြောတဲ့ ၂၀၁၅ မှာ ညွှန်ကြားရေးမှူး စီမံနဲ့ ပင်စင်ယူခဲ့ပါတယ်။

မေး – ပြည်ခိုင်ဖြိုးပါတီကနေ ဘာ့ကြောင့် ၀င်ပြီး အရွေးခံတာလဲဗျ။

ဖြေ – အဲ့ဒီ ပါတီက ကျနော်နဲ့ ပတ်သက်တာပေါ့နော်၊ ရှိတာပေါ့နော်။ တချို့ကျ ကျနော်နဲ့ ရင်းနှီးတဲ့ ကျနော့် ဆရာသမားတွေရှိတယ်၊ သူငယ်ချင်းတွေ အပေါင်းအသင်းတွေရှိတယ်၊ အဲ့ဒါကြောင့်မို့ပါ။

မေး – ၂၀၁၅တုန်းက ၀င်ပြိုင်တယ်၊ မနိုင်ဘူး။ အခု ၂၀၁၇ ကြားဖြတ်မှာ ၀င်ပြိုင်တယ်၊ နိုင်တယ်။ အဲ့ဒီ ၂ ခု ဘာကွာသွားတယ်လို့ မြင်လဲဗျ။

ဖြေ – ကျနော် မြင်တာကတော့ ကျနော်က ပြည်သူတွေနဲ့ ထိတွေ့တာ နည်းနည်း ပိုများတယ်၊ စည်းရုံးရေးဆင်းရာမှာလည်း ပိုပြီး ထိတွေ့မှု ပိုများတယ်၊ နောက် ဒီဒေသကအမြင်ပေါ့နော်၊ နံပါတ်တစ်က အရင်တုန်းက သမ္မတကြီး ဦးသိန်းစိန် တံတားတွေ လျှပ်စစ်တွေ လုပ်ပေးထားတယ်၊ အဲ့ဒီ အရှိန်အ၀ါတွေ ရှိတယ်၊ အဲ့ဒါ တခု။ နောက်တခုကတော့ ပါတီဝင်တွေ တော်တော်များများ ရှိပါတယ်၊ ပါတီကို ယုံကြည်တဲ့သူ တော်တော်များများ ရှိပါတယ်။ နောက်တခုကတော့ ကျနော့်ကို နည်းနည်းရင်းနှီးတဲ့ မိတ်ဆွေအပေါင်အသင်းတွေလည်း ရှိပါတယ်၊ အဲ့ဒီအချက် ၃ ချက်ပေါ့။ သမ္မတကြီးရယ်၊ ပါတီရယ်၊ ကျနော်ရယ်ပေါ့နော်၊ အဲ့ဒါတွေပေါ်မူတည်ပြီးတော့ မဲတွေ ပိုပြီးတော့ ထဲ့ပေးလိုက်တယ်လို့ပဲ မြင်ပါတယ်။

မေး – ဟုတ်ကဲ့၊ ကျနော်တို့ ကြားတဲ့ သတင်းတွေအရ ဦးအောင်ကြည်သိန်းဟာ မွန်လူမျိုးတယောက်လည်းဖြစ်တယ်၊ လူမှုရေးလုပ်ငန်းတွေလည်း လုပ်တော့ လူ ပိုသိပြီး အရွေးခံရတာ ဖြစ်နိုင်တယ်လို့ ပြောနေကြတာတွေလည်း ရှိတယ်။ အဲ့ဒီအပေါ်ရော ဘာပြောစရာရှိလဲ။

ဖြေ – မရှိပါဘူးခင်ဗျ၊ အဲ့ဒီအပေါ်လည်း မှန်ပါတယ်ခင်ဗျ။

မေး – ဒီ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ သံလွင်တံတား ချောင်းဆုံ နာမည်ပေးတဲ့ကိစ္စ ဒေသခံတွေ ကန့်ကွက်ခဲ့ကြတယ်။ အဲ့ဒီ တံတားနာမည် ဂယက်က ကြားဖြတ်အပေါ် သက်ရောက်မှု ရှိတယ်လို့ မြင်မိလား။

ဖြေ – ကျနော်တော့ မမြင်မိဘူးဗျ၊ အဲ့ဒီဂယက်က သိပ်ပြီးတော့ မမြင်ရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ မဲထည့်တဲ့ ပုံစံမျိုးကလည်း ခါတိုင်း ၂၀၁၅ ပုံစံလိုပါပဲ၊ သူတို့ ထည့်တာက။ တခုပဲ အဲ့ဒီမှာ အန်အယ်လ်ဒီ ဦးအေးဝင်းကို မထည့်တာလည်း ဒေသခံ မဟုတ်လို့ပဲ။ အဲ့ဒါ တခုပါပဲ၊ ကျန်တာတော့ သိပ်ပြီး ထူးထူးထွေထွေ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွန်ဒေသကလည်း သူ ရသင့်တဲ့ ၂၀၁၅ မဲ အရေအတွက်လောက်ပဲ သူက ပြန်ရတာကိုး၊ အဲ့ဒါကြောင့် သိပ်ပြီးတော့ ထူးဆန်းတယ်လို့ ကျနော်တော့ မမြင်ပါဘူး၊

မေး – နောက်တခုက မွန်ပါတီတွေ ကွဲလို့ ပြည်ခိုင်ဖြိုး နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်တယ်လေ၊ အဲ့ဒီအပေါ်ရော။

ဖြေ – အဲ့ဒါတော့ အနည်းအကျဉ်းလောက်ပဲ မှန်ပါတယ်။ ဘာလို့ဆိုတော့ မွန်အမျိုးသားပါတီအနေနဲ့က ဒီဘက်က သိပ်အားမကောင်းဘူးခင်ဗျ။ သူတို့က ဒီဘက်မှာ မဲနည်းနည်းပဲ ရနိုင်တယ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီပဲ နည်းနည်း အမှတ် ၁ နယ်မြေမှာ အား ရှိတယ်၊ ရွာ ၄-၅ ရွာကတော့ သူတို့ တော်တော် အားကောင်းတာပေါ့နော်၊ ကျနော်တို့ တောင်ပိုင်း အမှတ် ၂ ဆိုတာကတော့ မွန်ပါတီအနေနဲ့ အား မရှိပါဘူး။

မေး – ဦးအောင်ကြည်သိန်း ရွေးချယ်ခံရပြီဆိုတော့ လတ်တလော ဘာစိတ်ကူးတွေ ရှိသလဲဗျ။

ဖြေ – အခု ကျနော် လမ်းပေါ်မှာပဲ၊ အခု ကျနော် ရွာတွေကို သွားပြီးတော့ သူတို့ကို ပြန်ပြီး သွား နှုတ်ဆက်နေတာပေါ့၊ တချို့ သူတို့ လိုအပ်တဲ့ဟာတွေ ပြောတာ ဆိုတာတော့ ရှိမှာပေါ့လေ၊ လုပ်ပေးကိုင်ပေးနိုင်တဲ့ ကိစ္စတွေ ရှိရင်တော့ လုပ်ပေးမှာပေါ့။ လွှတ်တော်ခေါ်ရင်တော့ အဲ့ဒီအချိန်ကျမှ ဘာတွေ ရှေ့ဆက်လုပ်မလည်းဆိုတာ ဒေသခံတွေနဲ့ ပတ်သက်တဲ့ဟာ ဆက် ဆောင်ရွက်မှာပေါ့၊

မေး – တံတားနာမည်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဦးအောင်ကြည်သိန်း တယောက်တည်းရဲ့အမြင် ပြောပေးပါ။

ဖြေ – ကျနော်တို့ ပါတီအနေနဲ့ ကြေညာချက်ထုတ်ပြန်ထားတာ ရှိပါတယ်၊ ချောင်းဆုံဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒအတိုင်းသာ ဖြစ်ပါတယ်ဆိုပြီးတော့ ကြေညာထားတာ ရှိပါတယ်၊ အဲ့ဒီ သဘောထားအတိုင်းပဲ ကျနော်တို့ ရပ်တည်ပါမယ်။

===========

DVB TV News

http://burmese.dvb.no/archives/199062


တရုတ်နိုင်ငံအနောက်ပိုင်းက အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့ ရှင်းကျန်းပြည်နယ်မှာ မွတ်စလင်အစွန်းရောက်မှုတွေ ကာကွယ်တားဆီးဖို့ ပိတ်ပင်ကန့်သတ်မှုတချို့ တရုတ်အစိုးရက ပြဋ္ဌာန်းလိုက်ပါတယ်။

အခုတပတ်ကနေ စတင်အကျိုးသက်ရောက်မယ့် ပိတ်ပင်တားဆီးမှုတွေထဲမှာ ရှင်းကျန်းဒေသခံအမျိုးသားတွေ မုတ်ဆိတ်မွေး အလွန်အကျွံ အရှည်ထားတာတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မွတ်စလင်အမျိုးသမီးတွေ ခေါင်းခြုံတာတွေ၊ အစိုးရပိုင် ရုပ်သံသတင်းမကြည့်ပဲနေတာတွေကို အစိုးရက ပိတ်ပင်လိုက်တာပါ။

ရှင်းကျန်းပြည်နယ်ဟာ တရုတ်မွတ်စလင် ၀ီဂါလူမျိုးစုတွေ အများစုနေထိုင်တဲ့ နိုင်ငံအနောက်စွန်းပိုင်းက ပြည်နယ်တခုဖြစ်ပြီး သူတို့ကို တရုတ်အစိုးရက ပိတ်ပင်ဖိနှိပ်တယ်လို့ ပြောဆိုကြတာပါ။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ရှင်းကျန်းပြည်နယ်အတွင်း အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး အစိုးရကတော့ မွတ်စလင်အစွန်းရောက်တွေကြောင့်၊ ပြည်နယ်ခွဲထွက်ရေးတွေကြောင့်လို့ စွပ်စွဲတာပါ။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ အခုလို အစိုးရက တင်းကျပ်တဲ့ ပိတ်ပင်မှုတွေ ထပ်လုပ်လာတာ၊ ဒီဝီဂါလူမျိုးတွေကို ပိုပြီးအစွန်းရောက်အောင် တွန်းပို့သလိုပဲဖြစ်မယ်လို့ ဝေဖန်ကြပါတယ်။

အခုပိတ်ပင်မှုသစ်တွေထဲမှာ ဒေသခံတွေ၊ ကလေးတွေကို အစိုးရကျောင်းတွေ မပို့တာ။ မိသားစုသားဆက်ခြားရေးကို မလိုက်နာကြတာ၊ အစိုးရက တရားဝင်ထုတ်ပေးထားတဲ့ ကတ်တွေ၊ စာရွက်စာတမ်းတွေကို ဖျက်ဆီးပစ်တာ၊ ဘာသာရေးထုံးစံတခုတည်းနဲ့ ထိမ်းမြားမင်္ဂလာဆောင်တာတွေလည်း အစိုးရက ပိတ်ပင်လိုက်ပါတယ်။

DVB TV News


မုံရွာ၊မတ်​ ၂။

နိုင်ငံသားအခွင့်အရေးအပြည့်ရအောင် လုပ်ဆောင်သွားမည်ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် မုံရွာမဲဆန္ဒနယ်၌ ပူပူနွေးနွေးအနိုင်ရထားသော NLDမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်အောင်က ပြောကြားလိုက်သည်။

ဦးညွန့်အောင် သည် ဧပြီ၁ ရက်နေ့ကျင်းပ သောကြားဖြတ်ရွေးကောက်ပွဲ၌ ပြိုင်ဘက် ပါတီ လေးခု မှ အမတ် များကို မဲ အပြတ်အသတ်ဖြင့်အနိုင်ရထားခြင်းဖြစ်သည်။ မဲလာပေးသူ တစ်သိန်းကျော်တွင် ဦးညွန့်အောင်က ခိုင်လုံမဲ ၉သောင်းခွဲ ကျော် ရခဲ့၍ အနီးကပ်ဆုံး အင်အားကြီးပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးအမတ်ထက် မဲ၇သောင်းနီးပါး အသာရခဲ့ခြင်းဖြစ်သည်။


" ပါတီကိုရော ကျွန်တော်ကိုရော လက်ခံယုံကြည်လို့မဲပေးကြတဲ့ ပြည်သူ တွေရဲ့လိုအပ်ချက်ကို ကျွန်တော်သိထားပါတယ်၊ ကျွန်တော်မှာ ဒေတာ အချက်အလက်တွေရထားတာရှိတယ်၊ အောင်နိုင်ရေးကာလကတည်းက တစ်ပြိုင်နက် စုထားတာ၊ ပြည်သူ့လွှတ်တော်မှာပထမဆုံးမေးမယ့်မေးခွန်းက ဘာဖြစ်မလဲဆိုတာကတော့ ကျွန်တော်ကျန်းသစ္စာ ကျိန်ဆိုပြီးမှ သာ ပြောပါရစေ" ဟု ဦးညွန့်အောင်က ဆိုသည်။

ဒေသခံပြည်သူများနှင့်အမြဲ ထိတွေ့ဆက်ဆံနိုင်ရန် ၄င်းတွင်အားကောင်းသည့် ပံ့ပိုးကူညီမည့်ရဲဘော်ရဲဘက်အဖွဲ့များရှိထားပြီး ဖေ့ဘုတ်မှသော်လည်းကောင်း၊ လွှတ်တော်နားချိန်တွင်သော်လည်း လူထုအကြားအမြဲ ကွင်းဆင်း၍ လိုအပ်ချက်များကို နားထောင်စုဆောင်းမည်ဟု ဦးညွန့်အောင်က ​ပြောဆိုထားသည်။

ဟိန်းလင်းသန့်
ဓာတ်​ပုံ-ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar/



အိန္ဒိယအရန်တပ်ဖွဲ့ မှ စစ်သားများ စစ်တပ်ဝင်းအဝင်ဝ၌ လုံခြုံရေး ရယူထားစဉ် (ဆင်ဟွာ)
    နယူးဒေလီ ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ အလယ်ပိုင်း အရန်စစ်ရဲတပ်ဖွဲ့ (CRPF) မှ အနည်းဆုံး စစ်သား ၄ဝဝ ခန့် သည် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတောင်ပိုင်း Kerala ပြည်နယ်အတွင်းရှိ ဆေးရုံများသို့ ပို့ ဆောင်ထားရကြောင်း အစိုးရတာဝန်ရှိသူများက ဧပြီလ ၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ အရန်တပ်ဖွဲ့ ဝင်များသည် Kerala ခရိုင် Thiruvananthapuram မြို့ ရှိ Pallipuram အရန်စစ်ရဲတပ်ဖွဲ့ ( CRPF) သင်တန်းကျောင်း၌ ကျွေးမွေးသော အသားဟင်းလျာများကို စားသောက်ခဲ့ပြီးနောက် ဗိုက်အောင့်ခြင်း နှင့် အော့အန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။“ မနေ့ ညနေပိုင်းက Pallipuram စခန်းမှာရှိတဲ့ အနည်းဆုံး အရန်စစ်ရဲတပ်ဖွဲ့ ဝင် ၄ဝဝ လောက်ဟာ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီထဲက ၂ဝဝ နီးပါးလောက်ကို Thiruvananthapuram မြို့ က ဆေးကောလိပ် ဆေးရုံကို ပို့ ဆောင်ထားပေးရတယ်။ အဲဒီလို အသားဟင်းလျာတွေစားသောက်ပြီး ဗိုက်အောင့်တာ ၊ အော့အန်တာဖြစ်တယ်လို့ သတင်းပေးပို့ လာတဲ့အတွက် သူတို့ ကို နီးစပ်ရာဆေးရုံတွေကို အသီးသီးပို့ ဆောင်ပြီး ဆေးဝါးကုသထားပေးရပါတယ်” ဟု Thiruvanathapuram မြို့ နယ် အစိုးရအရာရှိတစ်ဦးက ဆိုသည်။

“ဆေးရုံပေါ်မှာ လူနာ ၁၁ဝ ယောက်ရှိပါတယ်။ အားလုံးက ပုံမှန်အခြေအနေပြန်ဖြစ်နေပါပြီ” အစိုးရဆေးကောလိပ်(GMC) မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ တယ်လီဖုန်းဖြင့်ဖြေကြားခဲ့သည်။ “ အစာအဆိပ်သင့်မှုဖြစ်ရခြင်းကတော့ သင်တန်းမှာ ချက်ကျွေးတဲ့ ငါးဟင်းကြောင့် ဖြစ်မယ်လို့ သံသယရှိပါတယ်” ဟု အဆိုပါ ဆေးရုံတာဝန်ရှိသူက ဆိုသည်။CRPF အရန်စစ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူများ နှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့ ဝင်များက ဆေးရုံသို့ သွားရောက်နေကြောင်း သိရသည်။ အခင်းဖြစ်ကိစ္စရပ်အပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ်သွားရန် တာဝန်ရှိသူများက အမိန့် ပေးထားကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com


မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေစက်တော်ဘုရားပွဲတော်၌ မူးယစ်ဆူပူနေသူကို ရဲတပ်ဖွဲ့က ထိန်းသိမ်းရာတွင် ကျဉ်စက်ကို အသုံးပြုခြင်းကြောင့် ထိန်းသိမ်းခံရသူ ဒဏ်ရာရရှိသည်ဟုဆိုကာ အမှုဖွင့် သဖြင့် ရဲတပ်ဖွဲ့ဝင်အား ရဲစည်းကမ်း ဥပဒေအရ စုံခုံဖွဲ့စစ်ဆေးမှု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရွှေစက်တော် ရဲကင်းစခန်းမှ သိရသည်။


ရွှေစက်တော်ဘုရားပွဲတော် သောင်ပြင်ဈေး၌ မတ်လ ၃၀ ရက်နေ့ ညနေပိုင်းက လူတစ်ဦး မူးယစ်ရမ်းကား နေကြောင်း ရွှေစက်တော်ဘုရား ရဲကင်းစခန်းသို့ လာရောက် တိုင်တန်းသဖြင့် ရဲတပ်ဖွဲ့က သွားရောက် ထိန်းသိမ်းရာတွင် မူးယစ် ဆူပူနေသူအား ရဲတပ်သား တစ်ဦးက ကျဉ်စက်နှင့်တို့ခြင်း၊ ကျဉ်စက်နှင့် ထုခြင်းပြုလုပ်၍ ဒဏ်ရာပြင်းထန်စွာ ရသည့်အတွက် ရဲတပ်သားအား စစ်ဆေး အရေးယူပေးရန်ဟု ဆိုကာ အမှုဖွင့် တိုင်ကြားလာခြင်းဖြစ်ကြောင်း ရွှေစက်တော်ရဲကင်းစခန်းမှူးထံမှ သိရသည်။


“ရွှေစက်တော် ဈေးသည်တစ်ဦးဖြစ်တဲ့ ဒေါ်ကေသီ စခန်းကို ရောက်လာပြီး ကျော်ဇင်နိုင်ဆိုသူက အရက်မူးပြီး အော်ဟစ် ဆူပူနေတဲ့အပြင် ခြင်းလုံးခတ်ပြီး သူ့အခန်းနံရံကို တမင် ထိမှန်အောင်လုပ်နေတဲ့ အတွက် တားဆီးပေးဖို့ တိုင်တန်းတာကြောင့် ဒုရဲအုပ်တစ်ဦး ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် (၉)ဦးကို ထိန်းသိမ်း ခေါ်ဆောင်ဖို့ လွှက်တာမှာ တစ်ဖက်က ဆဲဆိုကန်ကျောက်တာတွေ လုပ်တာကြောင့် ရဲတပ်သား သန်းဝင်းက ပါလာတဲ့ ကျဉ်စက်ဖင်နဲ့ ထုလိုက်လို့ သွေးထွက် ဒဏ်ရာရရှိသွားတာပါ”ဟုရွှေစက်တော်ရဲကင်းမှ စခန်းမှူးရဲအုပ်သက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


ယင်းဖြစ်စဉ်ကြောင့် မူးယစ်ဆူပူနေသူ ကျော်ဇင်နိုင်တွင် ပေါက်ပြဲသွေးထွက်ဒဏ်ရာများရရှိကာ သတိလစ်သွားသဖြင့် မင်းဘူးဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေခဲ့ပြီး ထိုနေ့ညမှာပင် မင်းဘူးဆေးရုံမှ မကွေးဆေးရုံသို့ လွှဲပြောင်း ဆေးကုသမှု ခံယူစေခဲ့ကြောင်း ကျော်ဇင်နိုင်၏ ဦးလေး တော်စပ်သူ ဦးနေဝင်းက ဆိုသည်။

“သူ့အဖေ ကျန်းမာရေးဆေးကုသဖို့ အခက်အခဲ ရှိနေလို့ စိတ်ညစ်ပြီး အရက်သောက် မူးယစ်ဆူပူနေတာ မှန်ပေမယ့် သူတို့ အခန်းထဲမှာပဲ သူ့အမေနဲ့ စကားများနေတာပါ။ ဘယ်သူ့ကိုမှ ဘာလုပ်မယ်ဆိုပြီး တုတ်ကိုင် ဓားကိုင်တာတွေ မရှိတဲ့ ကလေးကို ရဲတွေက အခုလို ဝိုင်းဝန်းဖမ်းချုပ် ထိုးကြိတ်ပြီး ကျဉ်စက်နဲ့ တို့တာတွေ ဆောင့်ထိုးတာတွေအထိ လုပ်တာတော့ လုံးဝ မဖြစ်သင့်ပါဘူး”ဟု ဦးလေးတော်စပ်သူ ဦးနေဝင်းက ပြောသည်။


မူးယစ်ဆူပူနေသူအား ထိန်းသိမ်းရန်လာသည့် ရဲတပ်ဖွဲ့ဝင်များသည် ယူနီဖောင်း မပါဘဲရောက်လာရာ ကျော်ဇင်နိုင်က ၎င်းအား ဖမ်းဆီးလိုပါက ယူနီဖောင်းပါသည့် ရဲများဖြစ်ရန် လိုသည်ဟုပြောဆိုသဖြင့် ယူနီဖောင်းဝတ်ထားသည့် ရဲတပ်ဖွဲ့ဝင်များ ရောက်လာရာတွင် ရဲတပ်သားတစ်ဦးက ကျဉ်စက် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဖြစ်ရပ်အား မျက်မြင်တွေ့ရသူများဟုဆိုသည့် ကိုဖြိုးဝေ၊ ကိုစိုးမင်းနိုင်၊ မလေးလေးနွယ် တို့က ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်သားသန်းဝင်းအား မင်းဘူးမြို့နယ် စကုနယ်မြေရဲစခန်းတွင် (ပ) ၈၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅ ဖြင့်လည်းကောင်း၊ ကျော်ဇင်နိုင်အား (ပ)၈၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၄/၃၃၂ အရလည်းကောင်း အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဖီးနစ်
Tachileik News Agency
http://www.tachileik.net


Master Asia Myanmar 2016 ဆုရှင် တေဇာလင်းသည် မစင်သီယာနော့က တရားစွဲဆိုထားမှုနှင့်ပတ်သက်ပြီး တရားဥပဒေအတိုင်း ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဧပြီ ၂ရက်က Orchid Hotel တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်ကို ဂုဏ်သိက္ခာကျဆင်းအောင် ပြုမူပြောဆိုထားတာတွေနဲ့ပတ်သက်ပြီး တရားဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ။ ဥပဒေက အဆုံးအဖြတ်ကိုပဲ လိုက်နာမှာပါ”ဟု တေဇာလင်းကပြောသည်။

တေဇာလင်းက ၎င်းအား ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရသဖြင့် သူ၏အနုပညာလမ်းကြောင်းများ ဆုံးရှုံးနစ်နာမှုများရှိခဲ့ပြီး ပြည်ပနိုင်ငံတစ်ခုသို့ နောက်တကြိမ် Master အဖြစ်သွားရောက်ယှဉ်ပြိုင်ရန် နီးကပ်နေချိန်တွင် မစင်သီယာနော့က တရားစွဲဆိုခြင်း၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်းတို့ကြောင့် ဂုဏ်သိက္ခာကျဆင်းခဲ့ရသဖြင့် ယခုကဲ့သို့ သတင်စာရှင်းလင်းပွဲကျင်းပရခြင်းဖြစ်ပြီး မည်သည့်ကိစ္စကိုမဆို တရားဥပဒေနှင့်အညီ ရင်ဆိုဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တေဇာလင်းသည် ၂၀၁၆ခုနှစ်
အောက်တိုဘာလတွင် မြန်မာနိုင်ငံကိုယ်စားပြု Master Asia Myanmar 2016 ဆုရှိခဲ့ပြီး အနုပညာအလုပ်များ လုပ်ကိုင်လျက်ရှိသည်။

ပြီးခဲ့သည့် မတ် ၂၀ ရက်က ၎င်း၏ဇနီးဟုဆိုသူ မစင်သီယာနော့က တေဇာလင်းနှင့် ပေါင်းသင်းခဲ့ရာမှ လက်ရှိတွင် ကိုယ်ဝန် ၇ လလွယ်ထားရပြီဖြစ်ကြောင်း၊ တေဇာလင်း Master မဖြစ်မီ ၂၀၁၄ ခုနှစ်ကပင် မစင်သီယာနော့နှင့် ချစ်ကြိုက်ခဲ့ပြီး အတူတကွပေါင်းသင်းနေထိုင်ခဲ့ကြကြောင်း၊ တေဇာလင်း Master ဆုရှင်ဖြစ်သွားပြီးနောက်ပိုင်းတွင် မစင်သီယာနော့အား အဆက်အသွယ်ဖြတ်ခဲ့ကြောင်းကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

မစင်သီယာနော့သည် ၂၀၁၇ ဖေဖော်ဝါရီ ၁၃ ရက်က တေဇာလင်းအား တရားမကြီးနစ်နာမှု ၃၁၄/၂၀၁၇၊ ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ တို့ဖြင့် တရားစွဲဆိုထားသော်လည်း တေဇာလင်းမှာ တရားခွင်သို့ လာရောက်ခြင်းမ၇ှိဘဲ ရုံးချိန်း ၄ ကြိမ် ပျက်ကွက်ခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ကိုလံဘီယာနိုင်ငံတောင်ပိုင်း၌ ရွှံ့မြေပြိုကျမှုများကြောင့် လူပေါင်း ၂၀၆ဦးခန့် သေဆုံးခဲ့ကာ ရာနှင့်ချီသော သူများလည်း ဒဏ်ရာရရှိခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်ပွားနေပြီး နေအိမ်များလည်း ဆုံးရှုံးခဲ့ကြောင်း အာဏာပိုင် များက ပြီးခဲ့သော စနေနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ သေဆုံးမှုများ ဒဏ်ရာရရှိမှုများသည် တောင်အမေရိကားတိုက်ရှိ ပစိဖိတ်ဒေသဘက်ခြမ်းတွင် ရေကြီး မှုများ ဖြစ်ပွားနေခြင်းကြောင့်ဖြစ်ပြီး ပီရူးနှင့် အီကွေဒေါနိုင်ငံတို့တွင်လည်း သေဆုံးသူ အများအပြားရှိနေသည်။

ကိုလံဘီယာအနောက်တောင်ပိုင်းရှိ Mocoa မြို့တွင် ရေများတဟုန်ထိုး စီးဆင်းမှုကြောင့် လူနေအိမ်များ၊ တံတားများ၊ ယာဉ်များနှင့် သစ်ပင်များ မြောပါသွားခဲ့ပြီး အညိုရောင် ရွှံ့မြေ တစ်ပုံတစ်ခေါင်းကြီးသာ ကျန်ရှိနေခဲ့ ပုံကို အခင်းဖြစ်ပွားရာနေရာမှ စစ်တပ်ကရိုက်ကူးထားသော ဓာတ်ပုံများတွင် တွေ့နေရသည်။

အမေဇုန်မြစ်ဝှမ်းဒေသရှိ လူဦးရေ ၄၀၀၀၀ ခန့်ရှိသော မြို့ကလေးတွင် မိုးများဒလဟော ရွာချမှုကြောင့် သောကြာနေ့ အနှောင်းပိုင်းတွင် ရွှံ့မြေပြိုကျမှုများ ဖြစ်ပွားခဲ့သည်။

“ကျနော်တို့ နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ လူ ၂၀၆ ဦးသေဆုံးကြောင်း အတည်ပြုနိုင်ပြီး ၂၀၂ ယောက်ခန့် ဒဏ်ရာရရှိခဲ့ကာ လူပေါင်း ၂၂၀ ခန့် ပျောက်ဆုံးနေပါတယ်” ဟု ကိုလံဘီယာ ကြက်ခြေနီအဖွဲ့မှ အကြီးအကဲဖြစ်သူ ဆီဆာအူရီနာက ပြောခဲ့သည်။

သမ္မတဟွမ်မန်နျူရယ်ဆန်းတို့စ်သည် ပြိုကျမှုဖြစ်ပွားရာ Mocoa မြို့သို့ ပြီးခဲ့သော စနေနေ့တွင် သွားရောက်ခဲ့ပြီး တောအုပ်ထူထပ်သော အဆိုပါဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ကြီးကြပ်ရန် ရောက်ရှိနေခဲ့သည်။

သူက ပြည်သူ့ကျန်းမာရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီပေးရေး လုပ်ငန်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအား အရှိန်မြှင့်တင်ဆောင်ရွက်ရန် ကြေညာခဲ့သည်။ ဒါ့အပြင် သူက ကျန်ရစ်သူ မိသားစုများကိုလည်း ၀မ်းနည်းစကား ပြောကြားခဲ့သည်။

===========

Mizzima - News in Burmese
http://www.mizzimaburmese.com/article/25549



ပါကစ္စတန်နိုင်ငံ အရှေ့ ပိုင်းရှိ လူသတ်မှုဖြစ်ပွားခဲ့သော ဗလီရှေ့ မြင်ကွင်းအားတွေ့ ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    အစ္စလမ်မာဘတ် ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

    ပါကစ္စတန်နိုင်ငံ အရှေ့ ပိုင်း  (Punjab) ပန်ဂျပ်ပြည်နယ် ရှိ ဗလီတစ်ခုတွင် ယနေ့ ( ဧပြီလ ၂ ရက် ) နံနက်အစောပိုင်းက အမျိုးသမီး ၄ ဦးအပါအဝင် လူပေါင်း ၂ဝ ဦးအသတ်ခံရကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားသည်။

အစ္စလမ်မာဘတ်မြို့ မှ တောင်ပိုင်း ၂ဝဝ ကီလိုမီတာအကွာရှိ Sargodha ခရိုင်၌ ဧပြီလ ၂ ရက်နံနက်အစောပိုင်းတွင် ဗလီအတွင်း ဝတ်ပြုဆုတောင်းရန် ရောက်ရှိလာသူများမှာ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပါကစ္စတန်အကြီးတန်းအရာရှိတစ်ဦးက သတင်းသမားများအား ပြောကြားခဲ့သည်။Sargodha ခရိုင် ဒုတိယရဲမှူး Liaquat Ali Chatta ကပြောကြားရာတွင် လူသတ်မှုကျူးလွန်သူ Abdul Waheedသည် စိတ်ဝေဒနာခံစားနေရသူတစ်ဦးဖြစ်ကြောင်း ၊ စိတ်ဖောက်ပြန်ပြီး လူသတ်မှုကျူးလွန်ခြင်းဖြစ်ဖွယ်ရာရှိကြောင်း ပြောကြားခဲ့သည်။

Sargodha ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် အလုပ်လုပ်ကိုင်နေသည့် Waheed သည် လက်အောက်ငယ်သားများအား မူးယစ်ဆေးဝါးတိုက်ကျွေး၍ ရိုက်နှက်ခြင်း ၊ ဓားဖြင့်ထိုးခြင်းများ လည်း ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။ ကနဦးစစ်ဆေးချက်များအရ Waheed နှင့် ကြံရာပါများသည် ဝတ်ပြုနေသူများအား အကျီ င်္အဝတ်အစားချွတ်၍ မူးယစ်ဆေးဝါးတိုက်ကျွေးပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်ရဲတပ်ဖွဲ့ က  Waheed အပါဝင် လူသတ်မှုတွင်ပါဝင်နေသည့် ၄င်း၏ အနီးကပ် နောက်လိုက် ၅ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။“ အခင်းဖြစ်နေရာရောက်သွားတဲ့အချိန်မှာ အလောင်း ၁၉ လောင်းကို တွေ့ ရပါတယ်။ သေဆုံးသူတွေဟာ ရိုက်သတ်ခံထားရတာဖြစ်ပြီး အလောင်းတွေကိုတော့ မီးရှို့ ထားတယ် ” ဟု ကယ်ဆယ်ရေးအဖွဲ့ မှ ပြောခွင့်ရပုဂ္ဂိုလ် Mazhar Shah သတင်းသမားများအားပြောကြားခဲ့သည်။ နောက်ထပ် အလောင်းတစ်လောင်းကို နောက်ပိုင်းတွင် ရှာဖွေ တွေ့ ရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်းမှာ ၂ဝ ဦးထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com


၂-၃-၂၀၁၇

ဧပြီလ(၁)ရက်နေက ထိုင်းနိုင်ငံ ဘန်ကောက် ဟွေ့ ခွမ်မြို့ နယ်မှာ အူဒုံစပ် လမ်းကနေ ဖထနကမ်ကို တဦးထဲ တက္ကစီဌားစီးခဲ့တဲ့ မြန်မာနိုင်ငံသူ အိုင့် (ထိုင်းနံမည်ပေးထားပါသည်) အသက် ၂၈ နှစ်ကို ယာဉ်မောင်းသူက လူပြတ်တဲ့နေရာ လမ်းမကြီးပေါ်မောင်းခေါ်ပြီး ရိုက်နှိက်မုဒိန်းကျင့် ခဲ့ကြောင်း သိရပါတယ်။


မြန်မာမိန်းခလေးက အတင်းရုန်းကန် နေခဲ့တာကို အင်အားသုံး ရိုက်နှက်ခံရပါတယ်၊ နောက်ဆုံးတော့ သူမမှာ ရာသီလာနေကြောင်း အသနားခံခဲ့တဲ့တာကို တရားခံတက္ကစီသမားက မကြေနပ်ဖြစ်ပြီး အမျိုးသမီးကို ပါးစပ်နဲ့  အတင်းအကြပ် အာသာဖြေခိုင်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအချိန်မှာ မြန်မာအမျိုးသမီးဟာ တရားခံရဲ့  လိင်အင်္ဂါကို အမိအရကိုက်လိုက်နိုင်လို့  တရားခံမှာ သွေးတွေပန်းထွက်ပြီး နာလိုအော်ဟစ်နေချိန်မှာ ကားပေါ်ကဆင်းပြေးပြီး တခြား တက္ကစီး ကားတစီး က သူမကိုကူညီပြီး ရဲစခန်း လိုက်ပို့ ခဲ့တယ်လို့ ဟွေ့ ခွမ် ရဲစခန်းမှာ အစစ်ခံတိုင်ကြားခဲ့ပါတယ်။

တရားခံရဲ့  ကားနံပါတ်ကို မမှတ်မိ ပေမယ့် ကားရှေ့ မှာ ကပ်ထားတဲ့ ယာဉ်မောင်းလိုင်စဉ်ကို ဓါတ်ပုံရိုက်ယူနိုင်ခဲ့ပြီး ရဲစခန်းမှာ သက်သေအဖြစ် တိုင်ကြားခဲ့ကြောင်း ၊ အဆိုပါတရားခံ မကြာခင်မှာ ဖမ်းဆီး နိုင်ပါမယ်လို့  ရဲမှူး Archan Chanalak,က သတင်းထောက်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

SAW
Credit News 26
Social Action for Children and Women - SAW

IS စစ်သွေးကြွချေမှုန်းရေး အီရတ်နိုင်ငံတွင်းက လေကြောင်း စစ်ဆင်မှုတခု

IS စစ်သွေးကြွချေမှုန်းရေး အီရတ်နိုင်ငံတွင်းက လေကြောင်း စစ်ဆင်မှုတခု
 ဆီးရီးယားနိုင်ငံနယ်စပ် al-Anbar ဒေသမှာ အီရတ်လေတပ်ရဲ့ တိုက်ခိုက်မှုကြောင့် IS စစ်သွေးကြွခေါင်းဆောင် Abu-Bakr al-Baghdadi ရဲ့ ညာလက်ရုံးဖြစ်သူ သေဆုံး သွားတယ်လို့ အီရတ်နိုင်ငံပိုင် ရုပ်သံ သတင်းဌာနက ပြောပါတယ်။

စနေနေ့က ထုတ်ပြန်တဲ့ သတင်းမှာတော့ အီရတ်နိုင်ငံ အနောက်ဖက်ခြမ်းမှာလုပ်တဲ့ အီရတ်လေကြောင်းတပ်ရဲ့ စစ်ဆင်မှုအတွင်း Ayad al-Jumaili အပါအဝင်၊ အခြားသော ဒေသကွပ်ကဲမှုဆိုင်ရာ IS တပ်မှူးတွေသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ Jumaili သေဆုံးမှုနဲ့ပတ်သက်လို့စနေ ညနေပိုင်းအထိ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဆီက တရားဝင် အတည်ပြုချက် မရရှိသေးပါဘူး။

အီရတ် စစ်ထောက်လှမ်းရေးအရာရှိတွေရဲ့ ကြေညာချက်ကို ကိုးကားပြီး ဖေါ်ပြတဲ့သတင်းမှာတော့ Abu Yahya လို့သိကြတဲ့ Jumaili ဟာ IS တပ်ဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာဝန်ကြီး ဖြစ်ပြီး၊ အီရတ်လေတပ် လေယာဉ်တွေက al-Qaim မှာရှိတဲ့ IS ဌာနချုပ်ကို အတိကျ ထိမှန်အောင် ပစ်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

Jumaili ဟာ တချိန်က အီရတ်ခေါင်းဆောင်ဟောင်း Saddam Hussein ရဲ့ထောက်လှမ်းရေး အရာရှိတဦးဖြစ်ပြီး၊ ၂၀၀၃ ခုနှစ်မှာ အမေရိကန်က အီရတ်ကိုဝင်တိုက် ခဲ့ပြီးနောက်ပိုင်း ဆူနီသူပုန်တပ်ထဲ ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။
VOA Burmese News


နေပြည်တော် ဧပြီ ၂ရက်။ ။ရှမ်းပြည်နယ်မှာ NLD ရှုံးတာဟာ ရှမ်းဘာသာ စကား မတတ်တာကြောင့် ရှုံးရခြင်းဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကပြောပါတယ်။

“ရှမ်းပြည်မှာတော့ အန်ကယ်တို့  ထင်တိုင်း မပေါက်ဘူး မပေါက်တဲ့ အဓိက အကြောင်းက တော့ ရှမ်းဘာသာစကားမတတ်တာ၊သူတို့ ဆီမှာ လူဆယ်ယောက်ရှိရင် နှစ်ယောက်လောက်ပဲ မြန်မာလိုတတ်တယ်။ကျန်တဲ့ ရှစ်ယောက်က မတတ်ဘူး” လို့ ဦးဝင်းထိန်ကပြောပါတယ်။

ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်များမှာ ကျေးသီးမဲဆန္ဒနယ်(၁)၊ ကျေးသီးမဲဆန္ဒနယ်(၂)၊ မိုင်းရှူးမဲဆန္ဒနယ်(၁) ၊ မိုင်းရှူးမဲဆန္ဒနယ်(၂)၊ ကျိုင်းတုံမဲဆန္ဒနယ်(၂)၊ ညောင်ရွှေမဲဆန္ဒနယ်(၁) နေရာတို့မှာ ၀င်ရောက်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

“ အခုရှမ်းမှာ ရှုံးတာ မကြိုးစားလို့ မဟုတ်ပါဘူး၊ ကြိုးစားခဲ့ပေမယ့် ရလဒ်မကောင်းခဲ့တာပါ။” လို့လည်းဦးဝင်းထိန်ကပြောပါတယ်။

ဧပြီလ ၁ ရက်နေ့မှာကျင်းပတဲ့လွှတ်တော်ကိုယ်စားလှယ်လစ်လပ် ၁၉ နေရာမှာ ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၇ နေရာဖြစ်ပြီး နိုင်ငံရေးပါတီပေါင်း ၂၄ ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
Author/photo – မိုးမိုး
Kumudra


ရွေးကောက်ပွဲ အနိုင်ရသူများစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာဆဲဖြစ်သော်လည်း မြေပြင်စာရင်းများအရ ကိုယ်စားလှယ် ၁၉ နေရာတွင် အခြား ပါတီများမှ ကိုယ်စားလှယ် ၁၀ ဦး အနိုင်ရရှိနေပြီး NLD ရှံးနိမ့်ခဲ့ရသည့် အဓိက အကြောင်းအရင်းမှာ ပြည်သူအများစု မဲထွက်မပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က သုံးသပ်ပြောဆိုသည်။

၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၏ ကိုယ်စားလှယ် ၁၉ နေရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မွန်ပြည်နယ် ချောင်းဆုံ၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ် မိုင်းရှုး၊ ကျေးသီး၊ ကျိုင်းတုံတို့တွင် ရှုံးနိမ့်ခဲ့သည်။

၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် ဦးဝင်းထိန်က “ ဒါကို ၂၀၁၅တုန်းကလို မနိုင်ရကောင်းလား ဆိုပြီးတော့တော့ အန်ကယ်တို့ကအားမလို အားမရ မချင့်မရဲတော့မဖြစ်ဘူး။ သည်လိုဖြစ်မယ်ဆိုတာ မျှော်မှန်းထားပြီးသား”ဟုပြောသည်။

ဧပြီလ ၂ ရက်နေ့ မနက် နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီ ပါတီ (ကယားပြည်နယ်)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသား တိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု ( NDF )၊ အမျိုးသားဒီမိုကရေစီပါတီ စတဲ့ ပါတီ၊ ရှမ်း အမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ယခုကျင်းပပြီးစီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် လူအများစု စိတ်ဝင်တစား စောင့်ကြည့်ခံရသော နေရာများဖြစ်သည့် တိုင်းရင်းသား အများဆုံးရှိနေခဲ့သော မဲဆန္ဒနယ်မြေများ ဖြစ်သည်။

ရခိုင်ပြည်နယ် အမ်းတွင် ဒေသခံ တိုင်းရင်းသား နိုင်ငံရေးပါတီ ရခိုင်အမျိုးသားပါတီမှ ဒေါက်တာ အေးမောင်နှင့် ရှမ်းပြည်နယ် မိုင်းရှုး၊ ကျေးသီးမြို့နယ်တို့တွင် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ အနိုင်ရရှိကြသည်။

သို့သော် မွန်ပြည်နယ် ချောင်းဆုံနှင့် ရှမ်းပြည်နယ် ကျိုင်းတုံတို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များ အနိုင်ရရှိကြသည်။

NLD မဝင်ပြိုင်နိုင်ခဲ့သော ကယားပြည်နယ် ဖရူဆိုတွင်မူ လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ (ကယားပြည်နယ်)ကို ပြည်ခိုင်ဖြိုးပါတီက ရှုံးနိမ့်ခဲ့သည်။

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့်၂၀၁၅ အထွေထွေရွေးကောက်ပွဲကဲ့သို့ လူထု စိတ်ဝင်စားမှု မရရှိခဲ့ပါ။ မဲထွက်ပေးသူ အရေအတွက် နည်းပြီး မဲရုံအများစုတွင် ခြောက်ကပ်နေခဲ့ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက ဆိုကြသည်။

နောက်ဆုံး သိရှိရသမျှ ချင်းပြည်နယ် ထန်တလန်မြို့နယ် မဲပေးခွင့်ရှိသူဦးရေ ၂၈၁၇၇ ဦးရှိသော်လည်း လာရောက်မဲပေးသူ ၁၉၀၀၀ ကျော်၊ အမ်းမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၇၅၀၀၀ ကျော်ရှိသော်လည်း မဲလာပေးသူ စုစုပေါင်း ၄၆၁၃၉ ဦး၊ မုံရွာတွင် မဲပေးခွင့်ရှိသူ ၂၅၀၀၄၀ တွင် မဲပေးခဲ့သူ ၁၁၉၁၈၂ သာ ရှိကြောင်း သိရသည်။။

https://burma.irrawaddy.com/news/2017/04/02/132870.html


ကော်မရှင်ဥက္ကဌ ဦးလှသိန်းက အနိုင်ရ မဲရလဒ်များကို ကြေငြာနေစဉ် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
နေပြည်တော်(ဧပြီ ၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဧပြီ ၁ရက်တွင် စတင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များမှ အနိုင်ရရှိသည့် မဲရလဒ်များကို ယနေ့နံနက် ၉နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စတင်ကြေငြာရာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အများစု အနိုင်ရခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သည့် လစ်လပ် မဲဆန္ဒနယ်(၁၉)နေရာအနက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅နေရာ၊ ပြည်နယ်လွှတ်တော် ၂နေရာ၊ စုစုပေါင်း ၇နေရာတွင် အနိုင်ရရှိသည့် ရလဒ်များကို စတင် ကြေငြာခြင်းဖြစ်သည်။

UEC က စတင်ကြေငြာလိုက်သည့် မဲဆန္ဒနယ် အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ၅နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ၁နေရာ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီက (၁)နေရာ အနိုင်ရရှိခဲ့သည်။

ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လှိုင်သာယာမြို့နယ်တွင် ဦးဝင်းမင်းက ၃၁၃၆၉မဲ၊ မုံရွာမြို့နယ်တွင် ဦးညွှန့်အောင်က ၉၅၉၂၃မဲ၊ ကော့မှူးမြို့နယ်တွင် ဦးကျော်ဆွေဝင်း(ခ) ဦးအာလူးက ၃၈၀၂၈မဲ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ဦးမြစိန်က ၁၅၇၅၆မဲ ဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဦးအောင်ကြည်သိန်းက ၁၉၆၆၇မဲ ဖြင့် ပြည်သူ့လွှတ်တော်အတွက် အနိုင်ရရှိသည်။

ပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ညောင်ရွှေမြို့နယ်တွင် ဦးခင်မောင်ဝင်းက ၁၇၂၀၄မဲ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ ဦးသဲရယ်က ၃၃၅၁မဲဖြင့် အနိုင်ရရှိသွားသည်။

ကျန်ရှိသည့် မဲဆန္ဒနယ်များ၏ မဲရလဒ်များကိုလည်း နေ့လည် ၁၂နာရီတွင် ဆက်လက်ထုတ်ပြန်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်အတွက် လစ်လပ်မဲဆန္ဒနယ်(၉)နေရာ၊ အမျိုးသားလွှတ်တော်အတွက် လစ်လပ်မဲဆန္ဒနယ်(၃)နေရာနှင့် ပြည်နယ်လွှတ်တော်များအတွက် လစ်လပ်မဲဆန္ဒနယ်(၇)နေရာ၊ စုစုပေါင်း ၁၉နေရာအား ကျင်းပခဲ့ခြင်း ဖြစ်သည်။
Mizzima - News in Burmese



Photo: Kyaw Lwin Oo/RFA

(မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းရေတွက်နေတာကို ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်)
မနေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုကို ရရှိပြီး ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာအေးမောင်နဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း တို့ အနိုင်ရရှိသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က အမ်းနဲ့ ချောင်းဆုံမှာ သူတို့ပါတီ ရှုံးနိမ့်ခဲ့ပေမယ့် တိုင်းနဲ့ပြည်နယ်က တခြားနေရာတွေမှာ အနည်းဆုံး ၉ နေရာ အနိုင်ရရှိခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"အမ်းမှာကျတော့ မနိုင်ဘူးဆိုတာက အဲဒီမှာဝင်တဲ့ပုဂ္ဂိုလ်တွေက သူတို့လူမျိုးစုအရ ခေါင်းစဉ်ရှိတဲ့ တစ်ယောက်ပေးရမယ်၊ ချောင်းဆုံမှာ ဒီလို USDP က အသာရတဲ့ဥစ္စာက မွန်ပါတီတွေ မညီညွတ်လို့ဟာ အဓိကပဲ၊ အမ်းနဲ့ ချောင်းဆုံမှာ ကျနော်တို့ ရှုံးတယ် ဒါပေမဲ့ ၉ နေရာနိုင်တယ်၊ ယေဘုယျအားဖြင့်တော့ အရွေးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ဟာ ဒီထက်တော့များတယ်လို့ ပြောလို့ရပါတယ်"

ဒါ့အပြင် ဦးဝင်းထိန်က ၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD အဖွဲ့ဝင်အများအပြား လွတ်တော်နဲ့ အစိုးရအဖွဲ့ကို ရောက်ရှိသွားခဲ့တဲ့အတွက် ပါတီညီလာခံကို မကြာခင်ကျင်းပပြီး နိုင်ငံရေးအရ အဆင့်မြင့်သူတွေကို ပြန်လည်ဖေါ်ထုတ်ကာ ၂ဝ၂ဝ ရွေးကောက်ပွဲကို ရင်ဆိုင်မယ်လို့ ပြောကြားပါတယ်။

ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ကတော့ သူ အခုလိုအနိုင်ရရှိမှုဟာ ပြည်မပါတီတွေရဲ့ အုပ်ချုပ်ခံဘဝကနေ အဖိနှိပ်ခံတိုင်းရင်းသားတွေ ရုန်းထွက်ဖို့အတွက် ရခိုင်ပြည်သူတွေက ဦးဆောင်ပြီး တပ်လှန့်နှိုးဆော်လိုက်တာပဲလို့ ဂုဏ်ယူစွာ ပြောကြားပါတယ်။

"ကိုယ့်ကြံမ္မာကိုယ် ဖန်တီးခွင့်မရှိဘဲနဲ့ ကိုယ့်ဒေသက သယံဇာတတွေအားလုံးကို ထုတ်ယူသွားခြင်းခံရတယ်၊ ကိုယ်တို့ပြည်နယ်ကို ကိုယ်တို့အုပ်ချုပ်ပိုင်ခွင့်မရှိဘူး၊ တစ်ဘက် ပြည်မပါတီများရဲ့ အမိန့်ပေးခံပုဂ္ဂိုလ်တွေကတဆင့် ကျနော်တို့ အုပ်ချုပ်ခံပြီးမှ မဖွံ့မဖြိုးနဲ့ ကိုယ့်ဒေသကလူတွေအားလုံး အလုပ်အကိုင်မရှိဘဲနဲ့ ပြည်ပနိုင်ငံကို စွန့်ခွါသွားကြရတဲ့ဒဏ်ကို အခု ကျနော်တို့ သင်ခန်းစာ စယူပြီဆိုတဲ့ သမိုင်းရဲ့အဖြေကိုပေးတာပဲ"

တဆက်တည်းမှာပဲ လွှတ်တော်အတွင်း အတိုက်အခံ အင်အားစုကို ပြန်လည်တည်ဆောက်ပြီး
ပြည်နယ်တွေအတွက် ဘက်ဂျက်သုံးငွေ အလွန်နည်းပါးနေတာကို ဖြေရှင်းဖို့ကြိုးစားမယ်လို့လည်း သူက ပြောပါတယ်။

ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမင်းသူကျော်က အမ်းနဲ့ ချောင်းဆုံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲရလဒ်ဟာ NLD ကို သတိပေးလိုက်တာပဲလို့ သုံးသပ်ပါတယ်။

"တခြားနေရာတွေ ရှုံးတာမရှုံးတာထက် ဒီနေရာတွေရှုံးတာကိုတော့ သင်ခန်းစာယူသင့်တယ်လို့ ကျနော်ကတော့ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ NLD သည် ဖြတ်သန်းရမယ့်ခရီးက အရှည်ကြီးကျန်သေးတယ်၊ တိုင်းပြည်ပြုပြင်ပြောင်းလဲမှုက အခုမှစတုန်းရှိသေးတယ်၊ ဆိုတော့ ကျနော်တို့ချစ်တဲ့ပါတီ NLD သည်ဟာ ဆက်ပြီးတော့ ပြည်သူလူထုကို ကိုယ်စားပြုပြီး ချီတက်ဖို့လိုတယ်၊ အဲဒီတော့ ကျနော်တို့ဟာ အခုဒီကြားဖြတ်ရွေးကောက်ပွဲမှာ ကြုံလိုက်ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို သင်ခန်းစာယူပြီးတော့ ၂ဝ၂ဝ အတွက် မာစတာပလန်တွေ ကြိုပြီးဆွဲထားသင့်ပါပြီ၊ အဲဒီတော့ ပြည်သူလူထုမျက်နှာကို ထောက်ထားပြီးတော့ သေသေချာချာ ကြိုကြိုတင်တင် ပြင်ဆင်မှုတွေပြုလုပ်ပြီးတော့ ရွေးကောက်ပွဲကိုလည်း နိုင်အောင်ကြိုးစားရင်းနဲ့ ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ အခွင့်အရေးတွေ၊ တောင်းဆိုမှုတွေအားလုံးကို ဖြည့်ဆည်းဖို့ ကျနော်က NLD ကို တိုက်တွန်းချင်ပါတယ်၊ မေတ္တာရပ်ခံချင်ပါတယ်"

နာမည်ကျော် ဂီတအနုပညာရှင် ရွှေသံဇဉ် ဦးဝင်းမော်ကတော့ ကြားဖြတ်ရွေးကောက်ပွဲကို
မြို့ပြလူတန်းစားက သိပ်စိတ်မဝင်စားပဲ ပြည်နယ်တွေက ပိုမိုအာရုံစိုက်ခဲ့တယ်၊ ရန်ကုန်မှာ NLD နိုင်မှာကိုတော့ မျှော်လင့်ထားပြီးဖြစ်တယ်လို့ ဝေဖန်ပါတယ်။

"အထူးသဖြင့် ရန်ကုန်တို့ ဘာတို့ပေါ့ မြို့ကြီးတွေက NLD နိုင်မှာဆိုတာ ကြိုလည်းသိပြီးတော့ နောက် တော်တော်များများကလည်း စိတ်မဝင်စားကြပါဘူး၊ ကြားဖြတ်လည်းဖြစ်တာ တပိုင်းပေါ့လေ၊ နောက်တစ်ခုက ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ ရန်ကုန်မြို့ကလူတွေက ရန်ကုန်တိုင်းအစိုးရ ဝန်ကြီးချုပ်ရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ မကြိုက်ကြဘူး ဒါပေမဲ့ သာမန်ပြည်သူတွေက မဲပေးမယ်ဆိုတာ သိပြီးသားပဲ၊ တိုင်းရင်းသားဒေသတွေကတော့ ကျနော်တို့နဲ့မတူတာက စိတ်ဝင်စားကြတယ်၊ အဓိကတော့ ရခိုင်ပြည်နယ်နဲ့ ချောင်းဆုံတို့ဘာတို့ပေါ့၊ ဒီဟာက NLD အတွက်က လာမယ့် ၂ဝ၂ဝ မှာ တိုင်းရင်းသားဒေသတွေအတွက် စိုးရိမ်စရာကောင်းတဲ့ image ကိုတော့ပြတယ်"

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းရလဒ်တွေကို မနေ့ည ၈ နာရီမှာ ထုတ်ပြန်မယ်လို့ မူလက ပြောကြားခဲ့ပေမယ့် မဲစာရင်းမစုံသေးတဲ့အတွက် ဒီကနေ့ ဧပြီလ ၂ ရက်နေ့ မနက် ၉ နာရီကျမှ ကြေညာမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


RFA


ရန်ကုန်၊ ဧပြီ ၂

၁.၄.၂၀၁၇ ရက်နေ့ ၂၂၁၅ အချိန်ခန့်တွင် တာမွေမြို့နယ်၊ တာမွေကြီး
(က+ဂ)ရပ်ကွက်၊ ရွှေဥဒေါင်းလမ်း၊ အမှတ်(၈)မြေညီထပ်တွင် လူသတ်မှု
ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးဖြစ်သူတစ်ဦး
ရောက်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး Call Center
၏ 199 သတင်းအရ တာမွေမြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များက သွားရောက်
သတင်းအတည်ပြုဆောင်ရွက်ခဲ့ပြီး ၂၃၅၅ အချိန်တွင် လှည့်ကင်းမော်တော်
ယာဉ်တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ
သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံပြေးဖြစ်သူ တင်စိုး၊ (၅၄)နှစ်မှာ နေအိမ်
ထပ်ခိုးပေါ်တွင်ရှိနေပြီး ရဲတပ်ဖွဲ့မှ အသာတကြည်အဖမ်းခံရန်ပြောဆိုခဲ့ရာ
၎င်းမှလိုက်နာခြင်းမရှိဘဲ အိပ်ယာဘေးတွင် အသင့်ထားရှိသော အရိုး
အသွား(၁၁)လက်မခန့်ရှိ ခွေးသွားစိတ်များပါရှိသည့် ဓားဦးချွန်ဖြင့်
ပြန်လည်ခုခံရန်ပြုသဖြင့် ရဲတပ်ဖွဲ့မှ ခြောက်လုံးပြူးသေနတ်ဖြင့် အမိုးပေါ်သို့
(၁)ချက်ခြောက်လှန့်ပစ်ခတ်ခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်
ရန်ပြုနေသဖြင့် Pump Action ပြောင်းချောသေနတ်ဖြင့် (၁)ချက်ပစ်ခတ်
ဖမ်းဆီးခဲ့ရာ ၎င်း၏ယာဘက်ပေါင်သို့ထိမှန်ပြီး ဒဏ်ရာများရရှိခဲ့၍ ၀ိုင်းဝန်း
ထိန်းသိမ်းကာ ရဲဆေးစာနှင့်အတူ ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ကုသ
လျက်ရှိပါသည်။

အဆိုပါတရားခံပြေးဖြစ်သူ တင်စိုးသည် တာမွေမြို့မရဲစခန်း(ပ)၈၈၆/၂၀၁၄၊
ရာဇသတ်ကြီးပုဒ်မ-၃၂၆ အမှုမှ ၃၀၂ အမှုသို့ပြောင်းလဲဖွင့်လှစ်ခဲ့သည့်အမှုမှ
တရားခံပြေးတစ်ဦးဖြစ်ကြောင်း၊ ၁.၁.၂၀၁၅ ရက်နေ့တွင် ရန်ကုန် အရှေ့ပိုင်း
ခရိုင်တရားရုံးတွင် တရားခံပြေးအဖြစ်တရားစွဲဆိုထားသူဖြစ်ပြီး ၎င်းအား
အမှုဖြင့်ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း
ရရှိပါသည်။
Yangon Police



ဧပြီ ၁ ရက်နေ့ကကျင်းပတဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးမည့်သူများ (ဓါတ်ပုံ MOI)
ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေူးကောက်ပွဲ ကနဦး ရလဒ်တွေအရ မွန်ပြည်နယ် ချောင်းဆုံမြို့ မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီက ဦးအောင်ကြည်သိန်း၊ ရခိုင်ပြည်နယ် အမ်းမြို့ မဲဆန္ဒနယ် ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင် တို့က အသီးသီး အသာစီး ရနေကြပါတယ်။

ရှမ်းပြည်နယ် ကျေးသီးနဲ့ မိုင်းနောက် မြို့နယ်တွေအတွက် လွှတ်တော်ကိုယ်စားလှယ် ၁ နေရာနဲ့ ပြည်နယ်လွှတ်တော် ၂ နေရာတို့အတွက် ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေမှာ SNLD ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၃ နေရာစလုံးမှာ သိသိသာသာ အသာစီး ရနေတယ်လို့ SNLD ပါတီက လက်ရှိ လွှတ်တော်အမတ်တဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။ ကျိုင်းတုံမြို့ မဲဆန္ဒနယ်မှာတော့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းက အသာစီး ရနေတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုဖြစ်မလာခင်က ကိုယ်စားပြု ခဲ့တဲ့ ကော့မှူးမြို့ မဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဆွေဝင်း အပါအ၀င် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျင်းပခဲ့တဲ့ မဲဆန္ဒနယ် ၅ နေရာစလုံးမှာ NLD ပါတီက အနိုင်ရကြောင်း ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မနေ့ညက ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ကြေညာခဲ့ပါတယ်။

ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှာလည်း NLD ပါတီက အသာစီး ရနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မနေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အနိုင်ရသူတွေရဲ့ အမည်စာရင်းကို မူလက ဧပြီလ ၁ ရက်နေ့ ညပိုင်းမှာ ကြေညာမယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ကြေညာထားခဲ့ပေမယ့် ညဉ့်နက်တဲ့အထိ မဲတွေ ရေတွက်မှု မပြီးဆုံးသေးတဲ့အတွက် ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှ ကြေညာနိုင်မယ့်အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲေ က်ာမရှင်ဥက္ကဋ္ဌ ဦးလှသိန်းက မနေ့ညက နေပြည်တော်မှာ ကြေညာခဲ့ပါတယ်။

ရွေးကောက်ပွဲ ရလဒ်တွေကို ဒီကနေ့ မနက် ၉ နာရီမှာ ကြေညာမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲတွေကိုတော့ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ချင်းပြည်နယ် ထန်တလန်၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ ကျေးသီးမြို့နယ်၊ မှိုင်းရှူးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်၊ ကမာရွတ်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ လသာမြို့နယ်၊ လှိုင်မြို့နယ်၊ လမ်းမတော် မြို့နယ်၊ အလုံမြို့နယ်၊ ကော့မှူးမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အခု ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၇ နေရာ၊ စုစုပေါင်း အမတ်နေရာ ၁၉ နေရာတို့အတွက် နိုင်ငံရေးပါတီပေါင်း ၂၄ ပါတီနဲ့ တသီးပုဂ္ဂလ် ကိုယ်စားလှယ်တွေ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အစိမ်းရောင် သက်သေခံကဒ်ပြား NV card ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေကြသည့် လ.ဝ.က အရာရှိများ
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ နိုင်ငံသား စိစစ်ခံရမည့်သူ၏ အစိမ်းရောင် သက်သေခံကဒ်ပြားတွေ (National Verification Card - NVC) ထုတ်ယူလိုတဲ့ အစ္စလမ်ဘာသာဝင် မွတ်စလင်အချို့မှာ ဒီကဒ်ထုတ်ဖို့လုပ်လို့ အသက်အန္တရာယ် ခြိမ်းခြောက် ခံရတာတွေရှိပြီး မထုတ်ယူရဲတာ၊ ထုတ်ပြီး ခိုးကြောင်ခိုးဝှက်နေရ တာတွေရှိနေတယ်လို့ ရခိုင်ပြည်နယ် ရဲမှူးသူရဦးစန်းလွင်က ပြောပါတယ်။ လက်ရှိ မောင်တောမှာ အစ္စလမ်ဘာသာဝင် လူဦးရေဟာ ၈ သိန်းနီးပါး ရှိနေပေမယ့် ကဒ်ထုတ်ယူထားတဲ့လူဦးရေဟာ ၄၀၀၀ ကျော်သာ ရှိသေးတယ်လို့ မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးက ပြောဆိုပါတယ်။ ဒီသတင်းကို ရခိုင်ပြည်နယ် မောင်တောဒေသမှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ မေခက ပေးပို့ထားပါတယ်။

ဒီအစိမ်းရောင် သက်သေခံကဒ်ပြား ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကိုတော့ ရခိုင်ပြည်နယ်တခုလုံးမှာ လုပ်ဆောင်နေတာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ် မှာရှိတဲ့ အစ္စလမ်ဘာသာဝင် မွတ်စလင်အချို့ကို White Card ခေါ် ယာယီသက်ခံ လက်မှတ်တွေ ထုတ်ပေးခဲ့ပါတယ်။ အဲဒီကဒ်မှာ သက်တမ်းပါရှိခဲ့ပြီး သက်တမ်း ကုန်ဆုံးချိန်မှာ အဲဒီ White Card ကို ပြန်လည် အပ်နှံကြဖို့ အစိုးရက သတ်မှတ်ကြေညာ ခဲ့ရာမှာ ရခိုင်ပြည်နယ်တွင်း White Card ကိုင်ဆောင်သူ ၆ သိန်းကျော်အနက်က ၄ သိန်း နီးပါးလောက်သာ ပြန်အပ်နှံခဲ့ပါတယ်။

ဒီလို အပ်နှံသူတွေကို ပေးအပ်ခဲ့တဲ့ ဖြတ်ပိုင်းတွေကို အစိမ်းရောင်ကဒ်တမျိုး ထပ်မံ ထုတ်ပေးပြီး ဒီကဒ်ကိုင်ဆောင် ထားသူတွေဟာ နိုင်ငံသားလျှောက်ထားခွင့် ရရှိကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ထုတ်ပြန်ခဲ့ပေမယ့် အစ္စလမ်ဘာသာဝင် လူအများစုကတော့ အစိမ်းရောင် ကဒ်ဟာ နေထိုင်ခွင့်ပြုတဲ့ လက်မှတ်မျှသာဖြစ်ပြီး ယာယီ သက်သေခံလက်မှတ် White Card ထက် အဆင့်နိမ့်တယ်လို့ ယူဆကာ အစိမ်းရောင်ကဒ် လာမထုတ်သူတွေ ရှိနေတာပါ။

ဒီလိုအချက်အပြင် လာထုတ်ရင် အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် ကြောက်ရွံ့ပြီး လာမထုတ်တာ ရှိနေတယ်လို့ ရခိုင်ပြည်နယ်ရဲမှူး သူရဦးစန်းလွင်က ပြောဆိုလိုက်တာပါ။

“ တချို့တွေက ဒီကဒ်ကို .. တချို့က လျှို့ဝှက်ပြီးယူကြရတယ်။ ကဒ်ကို လုပ်မယ်ဆိုရင် သတ်မယ်ဆိုတဲ့ အဆင့်ထိဖြစ်လို့ တချို့တွေ ကိုယ့်ရွာမှာကိုယ် မနေရဲပဲနဲ့ ရှောင်နေရတဲ့သူတွေရှိတယ်။ ဒါက ဦးဆောင်သူ တစုကနေပြီးတော့ ချုပ်ကိုင်ထားတာ။ တကယ်လို့ လုပ်ကြပါလို့ ပြောလိုက်တာနဲ့ ဒီ NV Card က တိုးပြီးတော့ လုပ်နေကြမှာပါပဲ။ အခု နိုင်ငံသားကဒ်- ပန်းရောင်နိုင်ငံသားကဒ် ယူတာတောင် ခိုးဝှက်ပြီးတော့ လက်ခံနေကြရတယ်။ နားလည်တဲ့ သူတွေက နိုင်ငံသား အခွင့်အရေး ရမယ်ဆိုတာသိတယ်။”

နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြား NV card
လက်ရှိမောင်တောမှာ အစ္စလမ်ဘာသာဝင် လူဦးရေဟာ ၈ သိန်းနီးပါး ရှိနေပေမယ့် ကဒ်ပြားထုတ်ယူထားတဲ့ လူဦးရေဟာ ၄၀၀၀ ကျော်သာ ရှိပါသေးတယ်လို့ မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းရွှေက ပြောပါတယ်။

“ NVC နဲ့ပတ်သက်ပြီး စတင်ဆောင်ရွက်ခဲ့တဲ့ ၁၆ ရက် ၅ လ ၂၀၁၅ ကနေ စတင်ခဲ့တယ်။ ပထမအစိုးရ လက်ထက်ကနေ အခုချိန်ထိ ကျနော်တို့ မောင်တောခရိုင် အနေနဲ့ကတော့ ၄၆၃၇ ကဒ်ထုတ်ပေးပြီး ဖြစ်ပါတယ်။ ကျေးရွာအလိုက်ပေါ့နော် လွယ်လွယ်ကူကူ လုပ်ပေးနိုင်အောင် ဆိုပြီးတော့ ကျေးရွာအုပ်စုအလိုက်၊ စခန်းအလိုက်၊ နယ်မြေအလိုက်ပေါ့ ကွင်းဆင်းဆောင်ရွက်ပြီး ထုတ်ပေးလျက်ရှိပါတယ် ”

လက်ရှိ ဒီအစိမ်းရောင် NVC ကတ်ကိုင်ဆောင်ထားသူရမယ့် အခွင့်အရေးတွေနဲ့ပတ်သတ်ပြီး ရခိုင်ပြည်နယ်ရဲမှုး သူရဦးစန်းလွင်က မောင်တောခရိုင်လဝက ကိုယ်စားအခုလို ရှင်းပြပါတယ်။

“ လက်ရှိ I.D ကဒ်ကိုင်ဆောင်တဲ့သူသည် မောင်တောမြို့နယ်အတွင်းမှာ လွတ်လပ်စွာ သွားလာခွင့်ပြုထားတယ်။ တကယ်လို့ တဖက်နိုင်ငံ ကို သွားတဲ့အခါ နေ့ချင်းပြန် ခရီးသွားလာမယ်၊ ၇-ရက် ပတ်စ်ပို့နဲ့ သွားမယ်ဆိုရင်လည်း ဒီကဒ်တွေ ကိုင်ဆောင်တဲ့သူတွေကို ကျနော်တို့ ခွင့်ပြုပေးနေတယ်။”

အစိမ်းရောင်ကဒ်တမျိုး ထပ်မံ ထုတ်ပေးပြီး ဒီကဒ်ကိုင်ဆောင် ထားသူတွေဟာ နိုင်ငံသားလျှောက်ထားခွင့် ရရမှာပါ။ လက်ရှိနိုင်ငံသားလျှောက်ဖို့မှာက ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ကိုက်ညီမှုရှိမရှိစစ်ဆေးပြီးပေးမှာဖြစ်ပါတယ်။ ဒါပေမယ့်တ ချို့သော ရခိုင်ပြည်နယ်မှာရှိတဲ့ အစ္စလမ်ဘာသာဝင်တွေက သူတို့မှာ အခြေအနေအမျိုးမျိုးကြောင့် ၁၉၈၂နိုင်ငံသားဥပဒေမှာ နိုင်ငံသားဖြစ်ဖို့လျှောက်မယ်ဆို ရင်ရှိရမယ့် သက်သေအထောက်အထား တွေကိုပျောက်ဆုံး သွားတာတွေကြောင့် လျှောက်ထားဖို့ အခက်အခဲတွေရှိနေ တယ်လို့ ထောက်ပြပြောဆိုမှုတွေရှိနေပါတယ်။ ဒီအပေါ် သူရဦးစန်းလွင်က

“ အဖိုးအဖွားသည် သူတို့ကဒ် သူတို့ကိုင်ထားတယ်၊ အဖေအမေသည် သူတို့ကဒ် သူတို့ကိုင်ထားတယ် .. ဆိုရင် သားသမီးသည် အခု NV Card ထုတ်ပြီးတာနဲ့ သူဟာ နိုင်ငံသား မှတ်ပုံတင်လျှောက်လို့ ရတယ်။ ဆိုလိုတာသည် ဒီ သူ့အဖိုးအဖွား လက်ထက်က ဒီမြေဒီရေမှာ နေထိုင်ခဲ့ပါတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား ရှိရင်ကို … ဒါ မြေးလုပ်တဲ့သူသည် နိုင်ငံသား ခံစားခွင့် သူ့မှာရှိတယ်ဆိုတဲ့ သဘောပဲ။ သို့သော် ကိုယ်တိုင်လျှောက်ထား မှသာလျှင် ထုတ်ပေးလို့ရမှာပါ။ သူကိုယ်တိုင် နိုင်ငံသားဖြစ်ခွင့် ရှိမရှိဆိုတာက စောစောကပြောသလိုပဲ သူ့ရဲ့မိဘဘိုးဘွား ဒီဗမာပြည်မှာ နေထိုင်မှုပေါ်မှာ မူတည်ပြီးတော့ပဲ ဒါ ခံစားခွင့်ရှိပါတယ်။

လက်ရှိမှာ NVC ကဒ်လို့ခေါ်တဲ့ အစိမ်းရောင်ကဒ် မထုတ်သူအများစုကတော့ အစိုးရလက်မခံတဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်နဲ့ နိုင်ငံသားကဒ်လုပ်ပေးဖို့ တင်ပြထားသူတွေပါ။အစိုးရက ဒီကဒ်မရှိသူတွေကို နယ်ကျော်သွားလာခွင့်၊ ရာအိမ်မှူး ဆယ်အိမ်မှူး လုပ်ဖို့ လျှောက်ထားခွင့်အပါအဝင် ငါးဖမ်းခွင့်တွေ မပေးပါဘူး။ ဒီကဒ်ကနေ နိုင်ငံသားဖြစ်မှုလုပ်ငန်းကို ဆက်လက် ပါဝင်ဆောင်ရွက်နိုင်တယ်ဆိုတာက အင်မတန် အရေးကြီးတဲ့ ရပိုင်ခွင့် အခွင့်အရေး ဖြစ်တယ်လို့အစိုးရက ပြောဆိုထားပါတယ်။ ဒီပြင် NV card ကိုင်ထားတဲ့လူတွေကို တဘက်နိုင်ငံ ပြန်ပို့မယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။

 မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)အတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်း အနိုင်ရသွားကြောင်း သိရသည်။

"လက်ရှိမဲရေတွက်အပြီးမှာတော့ ဆန္ဒမဲ (၄၁၄၁)နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အသာရနေပါတယ်။ အခုတော့ ကော်မရှင်က မဲရလဒ်ကြေညာဖို့ စောင့်နေပါတယ်"ဟု ညောင်ရွှေ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရေတွက်ရာတွင် စောင့်ကြည့်သူတစ်ဦးဖြစ်သည့် ဦးတင်မောင်တိုးက ပြောသည်။

ညောင်ရွှေမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ (၆၂၈၇၉)ဦးရှိပြီး မဲရုံ (၆၉)ရုံထားရှိပေးထားသော်လည်း ထက်ဝက်ခန့်သာ မဲပေးသူရှိကြောင်း သိရသည်။


ရှမ်းပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် လစ်လပ်မဲဆန္ဒနယ်များဖြစ်သည့် ကျိုင်းတုံ မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂)၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နှင့် အမှတ် (၂)၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)၊ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နှင့် အမှတ် (၂) တို့တွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပနေခြင်းဖြစ်သည်။

ဓါတ်ပုံ - ဦးတိုး
Tachileik News Agency
http://www.tachileik.net


ဖရူ

ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ကြားဖြတ်ရွေးကောက်ပွဲ၌ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)မှ ဝင်ရောက် အရွေးချယ်ခံသောဦးသဲရယ်​ အနိုင်ရှိသွားကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလွီးဇီထျားရူးက ကန္တာရဝတီတိုင်း(မ်)သို့ အတည်ပြုဖြေကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ဦးရီးချက်က ၂၄၂၄ မဲနှင့် အမျိုးသားတိုးတက်ရေးပါတီမှ ဦးဆူရယ်က ၅၁၀ မဲ အသီးသီးရရှိခဲ့သော်လည်း ဦးသဲရယ်မှ ၃၃၅၃ မဲဖြင့် အားလုံးကိုကျော်ဖြတ်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း-ကန္တာရဝတီတိုင်း(မ်)
https://www.facebook.com/kantarawaddytimes/


ကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင်
ကိုလံဘီယာ နိုင်ငံမှာ မိုးကြီးပြီး မြေပြိုမှုတွေ ဖြစ်ခဲ့လို့ လူတွေ ရာကျော် သေဆုံး ခဲ့ကြရပါတယ်။

အခုဆို အတည်ပြု ထားနိုင်သမျှ သေဆုံး စာရင်းထဲ အယောက် ၁၅ဝ ကျော် သွားပြီလို့ ကိုလံဘီယာ သမ္မတ ဟွမ်မဲန်နွဲ ဆန်းတော့စ်က ပြောပါတယ်။

ကိုလံဘီယာ နိုင်ငံ တောင်ပိုင်းက မိုကိုအာမြို့မှာ ရွှံ့နွံမြေကြီးတွေ၊ ကျောက်ခဲပုံတွေအောက် အိမ်ပြို အိမ်ပျက်တွေကြား ရှာဖွေ ကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင် နေပြီး အဲဒီ့ မြို့ကို သမ္မတ ဆန်းတော့စ် သွားရောက် နေပါတယ်။

နာရီပေါင်းများစွာ မိုးသည်းထန်စွာ ရွာခဲ့တာကြောင့် ပူတူမားယိုး ဆိုတဲ့ ဒေသမှာ မြစ်ရေတွေကြီး၊ မြေတွေပြို ဖြစ်ခဲ့ပြီး သေသလား ရှင်သလား မသိရပဲ ပျောက်ဆုံး နေတဲ့ အရေအတွက်လည်း အတော်များ နေပါတယ်။

အခုဆိုရင် ပူတူမားယိုး ဒေသတစ်ခုလုံး အတွက် သမ္မတ ဆန်းတော့စ်က အရေးပေါ် အခြေအနေ ကြေညာ ထားပါတယ်။

မိုကိုအာမြို့ ဆေးရုံမှာလည်း လူနာတွေနဲ့ ပြွတ်သိပ် ကြပ်ညပ်နေပြီး ကျန်းမာရေး ဝန်ထမ်းတွေ မလုံမလောက် ဖြစ်နေ ရတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ စစ်တပ်က အရာရှိ တစ်ယောက်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဧပြီ ၁ ။ ။ "မနက်ဖြန်ကြရင် မြစ်ကြီးနားသွားရတော့မယ်။ ၁၄ နှစ်အကြာမှ အဘိုးအဘွားတွေကိုတွေ့ရမှာမို့ သတိရနေပါတယ်" လို့ အောင်လအန်ဆိုင်းက သူ့လူမှုကွန်ယက်မှာ ဒီနေ့ည ဧပြီ ၁ ရက်နေ့မှာ တင်ခဲ့ပါတယ်။

" မတွေ့ရတာကြာတဲ့ ငယ်သူငယ်ချင်းတွေ ၊ အိမ်နီးနာချင်းတွေကို ပြန်တွေ့ရမှာမို့ တကယ့်ကို ပျော်စရာပါပဲ" လို့ သူက စိတ်လှုပ်ရှားစွာနဲ့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာပြည် ပြန်လာခဲ့ပြီး သူ့အသုံးအဆောင်တွေကို လေလံပွဲလုပ်ခဲ့ပါတယ်။ ရလာတဲ့ အကျိုးအမြတ်တွေကို သူက စစ်ဒဏ်ခံရတဲ့ ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေကို လှူဒါန်းသွားမှာပါ။

လေလံတင်ရောင်းချမည့် ရွှေတံဆိပ်ဆုမှာ North American Grappling Association Tournament တွင် အနိုင်ရခဲ့သည့် ရွှေတံဆိပ်ဖြစ်ပြီး One Championship (One FC) ပွဲတွင် ဝတ်ဆင်ခဲ့သည့် ရှပ်အကျီ နှင့် ဘောင်းဘီများပါဝင်ကြောင်း သိရသည်။

" လေလံပွဲကရတဲ့အကျိုးအမြတ်တွေကို ဒီ ခရီးမှာလှူပါမယ်။ ဒီလေလံပွဲအတွက်လည်း ကျေးဇူးပါပဲ" လို့ သူက ဆိုပါတယ်။

အောင်လအန်ဆိုင်းက " ကချင်မြေရနံ့ကို ရဖို့မစောင့်နိုင်တော့ဘူး" လို့ သူက ပြောထားပါသေးတယ်။

မြန်မာပြည်က ပရိသတ်တွေကို ရည်ညွှန်းပြီး "အကုန်လုံးကိုပြောပြချင်တာကတော့ ကျွန်တော့ကို ချစ်ခင်အားပေးမှုတွေနဲ့ ဘယ်လိုရှေ့ဆက်ရမှာကို လမ်းညွှန်ပေးတဲ့လူတွေနဲ့ ကျွန်တော့ရဲ့ တိုင်းပြည်ကိုပါပဲ။ အကုန်လုံးကို ချစ်ပါတယ်။ ကျွန်တော် ဇူလိုင်လမှာ ပြန်ဆုံပါ့မယ်" လို့ ဒီည တင်ထားခဲ့ပါတယ်။
Mizzima - News in Burmese


ကော့မှူးမြို့နယ်တွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားသည်ဟု ကော့မှူးတိုင်းဒေသကြီး ၂ လွတ်တော်အမတ် ဦးဇော်မင်းအောင်က မဇ္ဈိမသို့အတည်ပြုသည်။

“မဲစရင်းအားလုံးနီးပါးတော့တက်ပြီ။ ၃၊ ၄ရုံပဲကျန်တော့တယ်။ မဲကတော့အပြတ်နိုင်တယ်။ အဲ့လိုပဲပြောလို့ရတယ်။ အတိအကျတော့မထွက်သေးဘူး မဲပြတ်နိုင်တယ်လို့ပြောလို့ရပါတယ်။ ရာခိုင်နူန်းအရဆိုရင် ကျွန်တော်တို့ခန့်မှန်းတာတော့ ၂၀၁၅ ကထက်မလျော့ဘူး" ဟု ၎င်းကပြောဆိုသည်။

အနိုင်ရသည်ဟုဆိုသော်လည်း ကျန်ရှိနေသေးသည့် မဲရုံအချို့ကြောင့် မည်သည်အရေအတွက်ဖြင့်အနိုင်ရရှိသည်ကိုတော့ ပြောဆိုခြင်းမရှိခဲ့ပေ။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးကျော်ဆွေဝင်းရဲ့ ကိုယ်ရေးအရာရှိဖြစ်ပြီး မြို့နယ်ကော်မရှင်ရုံးထဲတွင် ရှိနေသည့် ဦးဖိုးဖြူက “၈၅ ရာခိုင်နူန်းတော့ရှိပါတယ်ခင်ဗျ” ဟု အနိုင်ရရှိသည့် မဲရာခိုင်နူန်းကို ခန့်မှန်းပြောဆိုသည်။

သို့သော်လည်း မဲရုံပိတ်သိမ်းသည့် အချိန်ထိ USDP နှင့် NLD တို့မှာ မဲအရေအတွက် မတိမ်းမယိမ်း
ဖြင့် အကြိတ်အနယ်ဖြစ်ခဲ့ကြတာကိုတွေ့ရှိခဲ့ရသည်။

ကော့မှူးမြို့နယ်တွင် ပြည့်သူ့လွှတ်တော် တစ်နေရာအတွက် ရွေးကောက်ခံလွှတ်တော်အမတ် ၉ ယောက် ရှိနေပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အင်အားကြီးပါတီဖြစ်သည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) အပါအ၀င် ဒေသခံပါတီများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ကော့မှူးမြို့နယ်သည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများနှင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆက်တိုက် အနိုင်ရရှိထားသည့် မဲဆန္ဒနယ်တစ်ခုလည်း ဖြစ်သည်။
ကော့မှူးမြို့နယ်တွင် မဲရုံ ၁၉၀ ကျော်၊ အိမ်ထောင်စုပေါင်း ၃ သောင်းလောက် နှင့် မဲပေးခွင့်ရှိသူ ၉ သောင်းနီးပါးခန့် ရှိကြောင်း သိရသည်။

''ကျွန်တော် သိရတာကတော့ ၁၉၂ ရွာမှာ ငါးရွာရှုံးတယ်။ ကျန်တာတော့ ကျွန်တော်သေချာမသိသေးဘူးဗျ ။ ကျွန်တော်လည်း ရလဒ်စောင့်နေတာ။ '' ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ်လောင်း ဦးကျော်ဆွေဝင်းက ဆိုသည်။

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/25539

ပုဒ်မ၆၆ (ဃ)နှင့်ပတ်သက်ပြီး မန္တလေးခရိုင်အောင်မြေသာဇံရဲစခန်းက လာရောက်အစစ်ဆေးခံရန် ဆင့်ခေါ်ထားသော်လည်း ဆင့်ခေါ်ခြင်းခံထားရသည့် Myanmar Nowအယ်ဒီတာချုပ် ကိုဆွေဝင်းက မန္တလေးကို သွားမည်မဟုတ်ဟု ပြောကြားသည်။

ယခုလ ၂ရက်တွင် လာရောက်အစစ်ဆေးခံရန် အောင်မြေသာဇံရဲစခန်းက ဆင့်ခေါ်ထားခြင်းဖြစ်သည်။

“အခုခေါ်ယူစစ်ဆေးတာသည် ဥပဒေနဲ့မညီဘူးလို့ ကျနော်တို့ကမြင်တယ်။ ဥပဒေနဲ့အညီမဟုတ်တဲ့အတွက် ကျနော်တို့အနေနဲ့ လိုက်နာဆောင်ရွက်မှာမဟုတ်ဘူး” ဟုကိုဆွေဝင်း၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

Ba Kaung အမည်ရှိ Facebookစာမျက်နှာတွင် ကိုဆွေဝင်းရေးသားခဲ့သည့် “ဝီရသူပါရာဇိကကျပြီး ရဟန်းဘဝနိဌိတန်သွားပြီ။ ပါရာဇိကကျတာ အခုမှကျတာတော့ မဟုတ်လောက်ဘူး” ဆိုသည့် စာသားများနှင့် ပတ်သက်ပြီး အမှုဖွင့်ခံထားရခြင်းဖြစ်သည်။ ဆရာတော်ဦးဝီရသူ၏ စေခိုင်းချက်အရ ဦးကျော်မျိုးရွှေက ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားခြင်းဖြစ်သည်။

===========

Mizzima - News in Burmese

http://www.mizzimaburmese.com/article/25534


မိုင်းရှူးမော်မေ့ကျေးရွာအုပ်စုမှ မိုင်းရူးရပ်ကွက် ၄ အထိ မဲလာပေးကြသူတွေ မဲရုံမှာ တန်းစီ စောင့်ဆိုင်းနေစဉ်

ကြားဖြတ်ရွေးကောက်ပွဲမှာ မဲလာပေးသူ ရာခိုင်နှုန်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နဲ့ နှိုင်းယှဉ်ရင် အတော်ကျဆင်းခဲ့ပေမယ့် တိုင်းရင်းသားမဲဆန္ဒနယ် တချို့မှာတော့ မဲဆန္ဒရှင်တွေတက်တက်ကြွကြွနဲ့ မဲလာပေး ခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနှံ့က လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ က အမတ်နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲ တွေကို စနေနေ့ မှာ ကျင်းပပြုလုပ်ခဲ့ပြီး မဲရုံတွေကို မနက် ၆ နာရီမှာ စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။

မြို့နယ် ၂၂ မြို့နယ်မှာ ဖွင့်လှစ်တဲ့ မဲရုံတွေမှာ မဲလာပေးနိုင်သူ လူဦးရေစုစုပေါင်း ၂ သန်းကျော် ရှိပြီး နိုင်ငံရေးပါတီ ၂၄ ပါတီ က ကိုယ်စားလှယ်ပေါင်း ၈၇ ယောက်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၇ ယောက် တို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။

ရန်ကုန်တိုင်းအတွင်း မဲဆန္ဒရှင် ၃ သိန်းကျော် မဲပေးနိုင်တဲ့ လှိုင်သာယာ မဲဆန္ဒနယ် က မဲရုံတွေမှာ မဲလာပေးသူတွေ သိသိသာသာ နည်းတာကို တွေ့ရပါတယ်။

ဒါပေမယ့် ရှမ်းပြည်နယ်မိုင်းရှူး က မဲဆန္ဒနယ်တွေမှာတော့ အခြေအနေအရ တချို့မဲရုံတွေ ကို မူရင်း ဒေသ ရွာအုပ်စုတွေ က ဝေးတဲ့နေရာတွေမှာ လုပ်ခဲ့ရပေမယ့် သက်ဆိုင်ရာ မဲရုံကို လာပြီး မဲထည့်ကြတဲ့ ဒေသခံတွေ များကြောင်း သိရပါတယ်။

သူတို့ရွာတွေကနေ ၄ မိုင်ကနေ ၁၀မိုင် လောက်အထိ ဝေးကွာတဲ့ မိုင်းရှူးမြို့ ရပ်ကွက် ၄ မဲရုံအထိ မဲလာထည့်ရတဲ့ မော်မေ့ကျေးရွာအုပ်စု က လူအများအပြား လာခဲ့ကြလို့ အဲဒီ မဲရုံတဝိုက် ဈေးဆိုင်တွေနဲ့တောင် စည်ကားနေတယ်လို့ ရွေးကောက်ပွဲအခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ ရှမ်ပိုင်း ဂျာနယ် က တာဝန်ခံအယ်ဒီတာ စိုင်းဇင် က ဘီဘီစီ ကို ပြောပါတယ်။

ကျိုင်းတုံဘက်မှာတော့ မဲလာပေးသူတွေနည်းတဲ့အကြောင်း ဒေသတွင်းမှာ မဲရုံတွေကို သွားရောက်လေ့လာခဲ့တဲ့ စိုင်းဦး က ပြောပါတယ်။

ရှမ်းပြည်နယ် က မဲဆန္ဒနယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တို့ အကြိတ်အနယ် ရှိကြလိမ့်မယ် လို့ ခန်းမှန်းကြပါတယ်။

ချင်းပြည်နယ် ထန်တလန်ဘက်မှာလည်း မဲလာပေးသူတွေနည်းပါး ပြီး အဲဒီ က အမျိုးသားလွှတ်တော် အမတ်နေရာတနေရာ အတွက် ပြိုင်ကြရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီ က ကိုယ်စားလှယ် တွေ ဝင်အရွေးခံကြပါတယ်။

အခုလို လူနေရပ်ကွက်တွေအတွင်း က မဲဆန္ဒနယ်တွေမှာ မဲလာပေးသူတွေ နည်းပါးပေမယ့် မုံရွာမြို့နယ်အတွင်းက စစ်တပ် တပ်ဝင်းတွေထဲက မဲရုံတွေမှာတော့ စစ်သားတွေ၊သူတို့မိသားစုဝင်တွေ မဲလာပေးတာ အင်ပြည့်အားပြည့် ဖြစ်ပြီး အဲဒီက မဲရုံတွေမှာ စောင့်ဆိုင်းတန်းစီ နေတာတွေတွေ့ရတယ်လို့ မုံရွာ ရွေးကောက်ပွဲအခြေအနေ ကို စောင့်ကြည့်လေ့လာတဲ့ PACE အဖွဲ့ က ကိုဇော်သူရိန်ထွန်း က ပြောပြပါတယ်။

အခုလိုမဲဆန္ဒရှင်တွေ မဲလာပေးမှု နည်းပါးတာ ဟာ အရင်လို အစိုးရတရပ် ပေါ်ထွန်းစေတဲ့ အထွေထွေရွေးကောက်ပွဲမဟုတ်ပဲ ကြားဖြတ်ရွေးကောက်ပွဲ သာ ဖြစ်လို့ လို့ သုံးသပ်ကြပါတယ်။

မွန်ပြည်နယ်အတွင်း ကချောင်းဆုံမဲဆန္ဒနယ်မှာ လည်း အကြိတ်အနယ် ရှိကြလိမ့်မယ် လို့ သတင်းပြေးခဲ့ပါတယ်။

မဲလိမ်၊မဲညစ်ဖို့ ကြိုးစားမှုတွေတော့ မတွေ့ရတဲ့အကြောင်း ရွေးကောက်ပွဲစောင့်ကြည့်သူတွေ ကပြောပါတယ်။

တရားဝင်ရလဒ်တွေတော့ သက်ဆိုင်ရာ က စနေနေ့ ည ၉ နာရီမှာ ထုတ်ပြန်မယ်လို့ ကြေညာထားခဲ့ပေမယ့် အခုတော့ ထုတ်ပြန်မယ့်အချိန် ကို နောက်ကို ရွှေ့ဆိုင်းထားကြောင်း သိရပါတယ်။
BBC Burmese



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းမင်းက ၃၁၃၆၉ မဲဖြင့် ၆၉.၇၃ ရာခိုင်နှုန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီမှ ဦးတင်ယုက ၈၆၅၅ မဲဖြင့် ၁၉. ၂၄ ရာခိုင်နှုန်း၊ ရခိုင်အမျိုးသားပါတီမှဦးအေးကျော်က ၁၅၅၁ မဲဖြင့် ၃.၄၅ ရာခိုင်နှုန်း၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးကျားကြီးက ၈၀၇ မဲဖြင့် ၁. ၇၉ ရာခိုင်နှုန်း၊
တစ်သီးပုဂ္ဂဦးကျော်သန်းက ၁၇၈ မဲဖြင့် ၀. ၄၀ ရာခိုင်နှုန်း၊ ပြည်သူ့အကျိုးပြု ကျောင်းသားများဒီမိုကရေစီပါတီမှ ဦးနေလင်းဦးက ၁၄၆၉ မဲဖြင့် ၃.၂၇ ရာခိုငနှုန်း၊
တစ်သီးပုဂ္ဂလဦးမောင်ဝင်းက ၃၇၀ မဲဖြင့် ၀.၈၂ ရာခိုင်နှုန်း၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးသက်ထွန်းမောင်က ၅၉၀ မဲဖြင့် ၁.၃၁ ရာခိုင်နှုန်း အသီးအသီးရရှိခဲ့သည်။

သတင်း ရဲနိုင်
ဓာတ်ပုံ သူရ
Mizzima - News in Burmese


ဘန်ကောက်ဆိုတဲ့မြို့ကြီးက လူမျိုးစုံပျော်ပါးရာ ညမအိပ်တဲ့ မြို့တော်ကြီးပါပဲ။ ဒါပေမဲ့လည်း သတိထားရမည့် အချက်လေးတွေ ရှိပါတယ်။ ချီလီ သိသလောက်မျှဝေပါတယ်နော်။ လိုနေခဲ့ရင် ထပ်ဖြည့်သွားပေးနို်င်ပါတယ်။

ဘန်ကောက်ကို သွားဖို့ ဗီဇာမလိုပေမဲ့ ကုန်းလမ်းက သွားမယ်ဆိုရင်တော့ ဗီဇာလိုပါတယ်နော်။

၁) ဘန်ကောက်ကိုသွားမယ်ဆိုရင် အတတ်နိုင်ဆုံး ကိုယ်ကုန်မယ်ထင်တဲ့ ငွေပမာဏကို ထိုင်းဘတ်ငွေ လဲယူသွားပါ။ ဒေါ်လာဆိုရင် ထပ်လဲရတော့ နှစ်ခါ နာလို့ပါ။ ပထမဆုံးဆိုရင် ဘတ် ၂၀၀၀၀, နဲ့ ဒေါ်လာ ၅၀၀ လောက်ယူသွားပါ။ ဒေါ်လာကြီးပဲဆိုရင် ၇၀၀ ကျော်ပေါ့။

၂) မသွားခင် ကိုယ်က ဘာလုပ်မလဲဆိုတာ မူတည်ပြီး နေရာရွေးနေလို့ရတယ်။ ဈေးဝယ်မယ်ဆိုရင် ဈေးဝယ်စင်တာနဲ့နီးတဲ့ နေရာမှာ နေလို့ရပါတယ်။ မြန်မာတွေအများဆုံးနေတဲ့ Soi 19 မှာနေလို့ရတယ်။ Soi 19 မှာနေမယ်ဆိုရင် တစ်ရက်ကို ဘတ် (၉၀၀) ကစပါတယ်။ nest@eaglesthai.com ကို မေးလ်ပို့ပြီး booking တင်လို့ရပါတယ်။ ဆေးရုံဆိုလည်း ဆေးရုံနဲ့နီးတဲ့နေရာ ရှာထားတာ ကောင်းပါတယ်။

၃) ဘယ်တွေကိုယ်သွားမလဲဆိုတာလည်း တစ်ခါတည်းကြည့်သွားတာကောင်းတယ်။ အချိန်ကုန်သက်သာအောင်လို့။ ဘယ်နေ့ ဈေးဝယ်မယ် ဘယ်နေ့ဘယ်သွားမယ် တစ်ခါတည်းစဉ်းစားထားတာ ကောင်းတယ်။

၎) power bank သယ်မယ်ဆိုရင် ဘယ်တော့မှ luggage ထဲ မထည့်ပါနဲ့။ Hand Carry သယ်မည့် ကိုယ့်အိတ်ထဲပဲထည့်ပါ။ မဟုတ်ရင် အကုန်ပြန်ထုတ်ရတတ်တယ်။ သိမ်းသွားရင်လည်း သိမ်းတတ်တယ်။ 10000 ထက်ကျော်လို့မရဘူးတဲ့။ လေယာဉ်လက်မှတ်တို့ ဘာတို့ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ထားတာ အကောင်းဆုံးပါပဲ။

၅) ဘန်ကောက်ရောက်တာနဲ့ အင်တာနက် တစ်ပတ် အလကားရတဲ့ ဖုန်းကတ်ကိုဝယ်ပြီးတာနဲ့ ပထမဆုံးလုပ်ရမှာ maps.me mobile app ကို ဒေါင်းလုတ်လုပ်ပါ။ ပြီးရင် Thailand Map ကိုဒေါင်းပါ။ သူက ဝိုင်ဖိုင်မရလည်း အလုပ်လုပ်တယ်။ တော်တော် အဆင်ပြေပါတယ်။ ကိုယ်နေတဲ့နေရာကနေ ကိုယ်သွားမည့် နေရာကို ဘယ်လောက်ကြာမလဲဆိုတာလည်း အင်တာနက်မလိုဘဲ ကြည့်လို့ရတယ်။ တော်တော် အသုံးဝင်ပါတယ်။

၆) လေဆိပ်ကနေ တက္ကစီစီးရင် သတိထားပါ။ မီတာနဲ့သွားမယ် သေချာလားမေးပါ။ တက်ပြီးမှ မီတာ မဟုတ်ဘူး ပြောတဲ့လူလည်း ရှိတယ်။ အဲဒါဆိုရင် ဆင်းလို့ရရင်ဆင်း။ ဆင်းလို့မရရင် သူတို့မသိအောင် ကာနံပါတ်မှတ်ရင်မှတ်။ မဟုတ်ရင် ဒရိုင်ဘာခုံနောက်မှာ ချိတ်ထားတဲ့ ဒါရိုင်ဘာ နာမည်နဲကားနံပါတ်ပါတဲ့ စာရွက်ကို ဓာတ်ပုံရိုက်ပြီး ကုန်းလမ်းပို့ဆောင်ရေး 1584 ကို ဖုန်းဆက်တိုင်လိုက်ပါ။

၇) ဘန်ကောက်မှာ တစ်ယောက်တည်းသွားမယ်ဆိုရင်တော့ BTS စီးတာ ကောင်းတယ်။ တစ်ယောက်ကို 15 ဘတ်က စပါတယ်။ ဒါကြောင့် သုံးလေးယောက်ဆိုရင်တော့ တက္ကစီသာစီးပါ။ ဈေးပိုသက်သာတတ်တယ်။

၈) Tuk Tuk (တုတ်တုတ်) တုတုတဲ့ ကိုယ်ကတော့ တုတ်တုတ်ပဲ ထွက်တယ် :P ကိုယ်စီးဖူးချင်တယ်ဆိုရင်စီးပါ။ ဒါပေမဲ့ Tuk Tuk တွေက တအားမောင်းလို့သေချာသာ ကိုင်ထားပါ။ ဈေးလည်း ကြီးတာမို့ ဈေးဆစ်နိုင်မှ တော်ယုံကြမယ်။

၉) Tuk Tuk က ဈေးလျှော့ပေးမယ်။ တစ်နေရာလမ်းမှာ ဝင်ပါရစေ။ ကျောက်မျက်ရတနာပြခန်းတို့ ဘာတို့ကို ဝင်ပေးပါဆိုရင် အားနာစွာနဲ့မလိုက်ပါနဲ့။ သူတို့က ပို့ပေးရင် ဓာတ်ဆီဖိုးရတယ်။ ကိုယ်တွေက အချိန်လင့်တတ်တယ်။

၁၀) မိန်းကလေးတွေဈေးဝယ်ထွက်ရင် ဘယ်သွားသွား Cross Body Bag နဲ့သွားပါ။ ဘန်ကောက်မှာ ခါးပိုက်နှိုက်တော်တော်ပေါပါတယ်။


၁၁) ညဘက် အပြင်သွားရင် ပတ်စ်ပို့ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်သွားပါ။ တက္ကစီစီးရင်လည်း ကိုယ်သွားမည့်လမ်းနဲ့ သူမောင်းတာ တူမတူသိအောင် GPS ဖွင့်ထားပေါ့နော်။ တစ်ယောက်တည်းဆိုရင်ပြောတာပါ။

၁၂) အတတ်နိုင်ဆုံး Trip advisor တို့ဘာတို့ ဖတ်ပါ။ တစ်ခါတစ်လေ လမ်းထိပ်ကနေ တိုးတွေက ညာပြီး အတင်းရောင်းတတ်တာ ရှိတယ်။ ကိုယ်တွေကိုတောင် မနက်ပိုင်းပဲဖွင့်တဲ့ ရေပေါ်ဈေးကို နေ့လယ်ဘက်ကြီး လိုက်ပို့မယ်လုပ်နေလို့ မသိသူဆိုခံရတတ်တယ်။ ဒါကြောင့် ကိုယ်သွားချင်တဲ့နေရာတွေကို အတတ်နိုင်ဆုံး သူများရေးထားတဲ့ reviews တွေဖတ်ပြီးမှ သွားပါ။

၁၃) Thai Massage သွားဖြစ်အောင်သွားခဲ့ပါ။ ဘတ် ၄၀၀ လောက်ပဲရှိပါတယ်။

၁၄) ပတ်ပုန်းတို့ ဘာတို့မှာ ဈေးလုံးဝမဝယ်ပါနဲ့နော်။ လုံးဝဈေးကြီးပါတယ်။

၁၅) Brand တွေဝယ်မယ်ဆိုရင် ဘတ် (၂၀၀၀) ဖိုးအနည်းဆုံးဝယ်ရင် VAT ပြန်claim လို့ရတယ်။ VAT ယူမယ်ဆိုရင် တစ်ခါတည်း ပိုက်ဆံရှင်းကတည်းက ပြောရတယ်။ လေဆိပ်ေ ရာက်မှ ပြောလို့မရဘူးနော်။

IN CASE if you want to know about VAT https://www.facebook.com/mykhayee/posts/787033838109998

(ဤဆောင်းပါးသည် Travelling Review အကောင်းဆုံးပေးနိုင်သည့် My Khayee ဖေ့စ်ဘွတ်ပေ့ခ်ျမှ ဖြစ်သည်။)

===========

Duwun News


ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ( ၄ )ဖြစ်တဲ့ ညောင်လေးပင်မြို့ နယ် ထဲရှိ ပိန်းဇလုပ်မြို့မှာ တပ်မတော်တပ်ရင်း ၂၆၄ တပ်ရင်းထဲရှိ တပ်တွင်းမဲရုံထဲမှာ အမျိုးသမီးတဦးက ဆန္ဒမဲ( ၂ )ကြိမ်တိုင်တိုင် မဲထည့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပိန်းဇလုပ်မြို့ ရှိ တပ်မတော်တပ်ရင်း ၂၆၄ တပ်ရင်းထဲရှိ မဲရုံထဲမှာ မဲရုံပိတ်သိမ်းချိန် မဲလာပေးသူစာရင်းနဲ့ မဲစာရွက်ကို တိုက်စစ်ရာမှာ မဲရုံကို လာရောက်မဲပေးသူ ၁၉၇ ဦးသာရှိပြီး မဲစာရင်းမှာ ၁၉၈မဲ ဖြင့်နေတာကြောင့် စုံစမ်းဆေးရာကနေ အဆိုပါတပ်မတော်တပ်ရင်းနေ အမျိုးသမီးတဦးက နှစ်ကြိမ်တိုင်တိုင်လာရောက်ပေးခဲ့တာဖြစ်တယ်လို့ ပေါ်ပေါက်သိရှိရပါတယ်။

ညောင်လေးပင်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မြို့ နယ်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက "ခုလောလောဆယ်ကတော့ မဆောင်ရွက်ရသေးဘူး၊ ဒီကနေ့ ပြီးမှပဲ ဥပဒေကြောင်းအရ လူကြီးတွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်သင့်တာဆောင်ရွက်မယ်။ ဒီဟာကို သူက မဲ မသမာမှု လုပ်တယ်ဆိုရင် တရားစွဲမယ်။ တရားစွဲရမယ့် ပုဂ္ဂိုလ်က မဲရုံမှူးပဲ။ ဒီအမျိုးသမီးကလည်း သူနှစ်ခါပေးမိပါတယ်၊ သူကိုယ်တိုင်လည်း ဝန်ခံတယ်၊ နှစ်ခါပေးမိပါတယ်လို့ ပြောတဲ့အတွက် သူဟာရွေးကောက်ပွဲကို မဲ မသမာမှုလုပ်တာ သူလုပ်တယ်ဆိုရင် သူ့ ကိုစွဲရမယ့် သူက မဲရုံမှူးက စွဲရမှာဖြစ်သွားပြီ။ မဲရုံမှူးက မစွဲဘူးဆိုရင် သက်ဆိုင်ရာ ကန့်ကွက်မယ့် ပါတီတွေက ခုနက မဲရုံမှူးကို ဥပဒေအကြောင်းအရ ဆောင်ရွက်ပေါ့။ ဒီကနေ့ ပြီးမှပဲ ပါတီအကြီးအကဲတွေနဲ့ တိုင်ပင်ပြီး ဘာဆက်လုပ်မယ်ဆိုတာကို ပါတီအကြီးအကဲတွေက သူတို့ ဆုံးဖြတ်ကြလိမ့်မယ်" လို့  ဒီဗွီဘီ ကိုပြောပါတယ်။

"အဲ့တာကဒီလိုဗျ အမျိုးသမီးတယောက်က မဲနှစ်ခါပြန်ပေးတဲ့အတွက်ကြောင့် ၁၉၇ မဲမှာ ၁၉၈ ဖြင့်သွားတာ။ ကျွန်တော်တို့ ကတော့ ဥပဒေအရတော့ ရေရမှာပဲလေ။ ရေပြီးတော့မှ ကျွန်တော်တို့က စေ့စပ်ညှိနှိုင်းရေး ထိုင်ရမှာပေါ့ဗျာ ပါတီတွေရော ကော်မတီတွေရော လူ ၂၀ လောက် ရှိတာပေါ့။ အဲ့လူတွေက ဒီခလေးကို အရေးယူဖို့ လိုမယ်ဆိုလို့ ရှိရင်တော့ ဒါကပြန်ပြီးတော့အရေးယူရမှာပေါ့။ သို့ သော်လည်း သူမဲပေးမှားတဲ့အတွက်ကြောင့် သူ့ ကိုခွင့်လွှတ်မယ် ဆိုတော့လည်း ဒီခလေးက ပါတီကို ဇောင်းပေးလိုတာမဟုတ်ဘူးလေ။ အဲ့တာမျိုးတွေကလည်း တနိုင်ငံလုံး တချို့ နေရာတွေမှာ ကြားနေရတယ် ရှိနေပါတယ်။ နှစ်မဲပေးလို့ ဖြစ်တာတို့ ဘာတို့ အဲ့တာမျိုးတွေတော့ ရှိနေကြတာပဲလေ။ ကျွန်တော်တို့ က ဥပဒေအတိုင်း ဆက်ရေရမှာပဲလေ။ တမဲပိုလို့ မရေရဘူးလို့ မရှိဘူးလေ။ အဲ့ဒီ Result ကတော့ထည့်ရမှာပဲ" လို့  ပဲခူးတိုင်းဒေသကြီးရွှေကောက်ပွဲကော်မရှင်အဖွဲ့ ခွဲဥက္ကဌ ဦးဝင်းမောင်က ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ( ၄ )မှာပါဝင်တဲ့ကျောက်တံခါးမြို့ နယ်ရပ်ကွက်တခုမှာလည်း အလားတူဖြစ်ရပ်မျိုး လူတဦးမှ ဆန္ဒမဲနှစ်ကြိမ်ပေးခဲ့တာကြောင့် သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ ခွဲက ကျောက်တခါးမြို့ မ ရဲစခန်းမှာ တိုင်ကြားအမှု ဖွင့်ထားကြောင်းလည်း သိရှိရပါတယ်။

=================

သတင်း - ဓါတ်ပုံ
နေလင်းထိုက်

DVB TV News

၂၀၁၅ ရွေးကောက်ပွဲကို မဲလာထည့်ဝင်ကြတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ။
၂၀၁၅ ရွေးကောက်ပွဲကို မဲလာထည့်ဝင်ကြတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ။

မြန်မာနိုင်ငံရဲ့ ကြားဖြတ်ရွေးကောက်ပွဲရက် ကျင်းပတဲ့ ဧပြီလ ၁ရက်နေ့မှာ မဲထည့်ဖို့ အတွက် နေရပ်ပြန်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သိပ်မရှိတဲ့အကြောင်းနဲ့ ကြိုတင် မဲထည့်ဖို့အတွက် မြန်မာသံရုံးဘက်က ကြေညာထားပေမဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ စိတ်ဝင်စားမူတွေ နည်းပါးခဲ့သလို မဲပေးဖို့လည်းအခက်အခဲရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတက်လာပြီးတဲ့နောက် ဧပြီလ ၁ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့တာပါ။ ထိုင်းရောက်ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ကြိုတင် မဲပေးတဲ့ရက်ကို ဖေဖေါ်ဝါရီလ ၂၅ရက်နေ့မှာ သတ်မှတ်ထားပေမဲ့ အလုပ်သမားတွေ ကြားထဲမှာ စိတ်ဝင်စားမူနည်းတဲ့အတွက် မသိရှိလိုက်ကြသလို ဧပြီလ ၁ရက်နေ့အတွက် မဲထည်ဖို့အတွက် နေရပ်ပြန်သူလည်း မရှိသလောက်နည်းပါးတယ်လို့ အလုပ်သမားရေး လှုပ်ရှားဆောင်ရွက်သူ AACအဖွဲ့က ကိုရဲမင်းကပြောပါတယ်။

" ရွေးကောက်ပွဲကိစ္စထက်စာရင် ကိုယ့်ရဲ့အောက်ခြေ ထိုင်းမှာ အလုပ်သမားနေထိုင်ခွင့်ကိစ္စတွေနဲ့လုံးပမ်းနေတော့ ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းပါးတာကို တွေ့ရတာပေါ့နော်။ ကျနော်တို့က အစပေါ့ အရင်တခေါက် ရွေးကောက်ပွဲတုန်းကတော့ လှုပ်တယ် ဒါပေမဲ့ ဒီတခေါက်ကတော့ ငြိမ်သွားတယ် အမ။ အလုပ်သမားတွေမှာလည်း လူကြီးတွေလာတယ် ပြောသွားတယ် အောက်ခြေမှာကတော့ ထူးမခြားနားပဲ ဒါက ဒါပဲဖြစ်နေတာ။ သိပ် ထူးထူးခြားခြား အလုပ်သမား ဘဝ ပြောင်းလဲလာတာ မရှိဘူးပေါ့။ ဒီမှာတော့ စိတ်မဝင်စားကြဘူးပေါ့။"

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မြန်မာအစိုးရဘက်က ရွှေ့ပြောင်းအလုပ်သမားတွေကြား ပေညာပေးမှုတွေ အားနည်းမှုတွေကြောင့် ရွေပြောင်းအလုပ်သမားတွေ မဲထည့်ဖို့ စိတ်ထက်သန်မှု မရှိတာကို တွေ့ရတယ်လိုလည်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ယက်က ဒုဥက္ကဋ္ဌ ဦးအောင်ကျော်ကလည်းဆိုပါတယ်။

" ကျနော်တို့ ဒီရွေးကောက်ပွဲက ဒီရွေးကောက်ပွဲတော့မဟုတ်ဘူး ပထမရွေးကောက်ပွဲကတည်းက အလုပ်သမားတော်တော်များများက မဲပေးခွင့်ရဖို့အတွက် အရမ်းမျှော်လင့်ခဲ့ကြတယ်ပေါ့နော်။ သို့သော် အဲ့ဒီ့တုန်းက ကျနော်တို့ မဲပေးခွင့် မရခဲ့လိုက်ဘူး။ အယ် ဒီတကြိမ်ကျတော့လည်း ကျနော်တို့မှာ လုပ်သားတွေမှာ မြန်မာနိုင်ငံကနေ စနစ်တကျ ပညာပေးတာတို့ ကြိုတင်ပြီးမှ အသိပညာပေးတဲ့ စာရွက်စာတမ်းတွေ ထုတ်ထားပေးတာတို့ မလုပ်တဲ့အတွက်ကြောင့် လုပ်သမားတော်တော်များများကလည်း မသိရှိလိုက်တဲ့သဘောတောင် ဖြစ်နေပါတယ်ခင်ဗျ။"

မြန်မာသံရုံးကတော့ ပြီးခဲ့တဲ့လတွေကစပြိး ကြားဖြတ်ရွေးကောက်ပွဲကို မဲပေးဖို့အတွက် ထုတ်ပြန်ချက်တွေ လုပ်ခဲ့ပါတယ်။ ဒီထဲမှာတော့ သက်တမ်းရှိနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရှိသူတွေအနေနဲ့ ဘန်ကောက်မြို့  မြန်မာသံရုံးကနေကြီးမှူး ကျင်းပမှာဖြစ်လို့ ဖေဖေါ်ဝါရီ ၂၅ရက်နေ့ကို မဲပေးဖို့ အတွက် ဖေေါ်ဝါရီလ ၈ ရက်နေ့တုန်းကကြေညာထားတာပါ။ မဲပေးသူတွေဟာနိုင်ငံသားစိစစ်ရေးကဒ်မူရင်းနဲ့ နိုင်ငံကူးလက်မှတ်မူရင်းကို ယူဆောင်လာရမယ်လို့ ဖော်ပြထားပါတယ်။ ရွှေ့ပြောင်းအလုပ်သမား အခွင့်ရေးကွန်ယက်က ဒုဥက္ကဋ္ဌ ဦးအောင်ကျော်ကတော့ ဒီလိုထုတ်ပြန်ထားပေမဲ့လည်း အလုပ်သမားတွေက မဲပေးဖို့အတွက် အခက်အခဲတွေ ရှိခဲ့တယ်လို့ပြောပါတယ်။

" နောက်တခါ စောစောကပြောသလို မဲပေးတဲ့ရက်ဆိုတာကလည်း လုပ်သမားတွေမှာ လုပ်ငန်းခွင်တွေထဲ အလုပ်လုပ်နေတဲ့ရက်ဖြစ်တယ်ဆိုတဲ့အပိုင်းကလည်း တပိုင်းဖြစ်တယ်ဆိုတော့ ဒီမြန်မာသံရုံးအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အသိပညာပေးမှု စွမ်းအားနည်းတာက တပိုင်း၊ အလုပ်သမားတွေကိုယ်တိုင်ကလည်း ပထမတကြိမ် ရွေးကောက်ပွဲကြီးလောက် စိတ်အားထက်သန်မှု မရှိတာလည်း ပါပါတယ်။ နောက်သွားလာဖို့ ခက်ခဲနေတယ် အကြောင်းအမျိုးမျိုးကြောင့် ကြည့်လိုက်တဲ့အခါမှာ မဲပေးနိုင်တဲ့စွမ်းအားက ပပျောက်သွားတဲ့ သဘောဖြစ်တာပေါ့။ တနိုင်ငံလုံးမှာ ပျံ့နှံ့နေတဲ့ ရွှေ့ပြောင်းအလုပ်သမားက သန်းနဲ့ချီတယ်ဆိုတာ မှန်တယ်။ အမှန်တကယ်လည်း မြန်မာနိုင်ငံတော်အစိုးရကနေပြီးတော့မှ စနစ်တကျ တနိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားတွေကို ထဲထဲဝင်ဝင်သိရှိအောင် ပညာပေးတာတို့ နောက်တခါ မဲပေးဖို့ လွယ်ကူတဲ့ စနစ်တွေ ဖန်တီးပေးတာမျိုးတို့ဆိုရင်တော့ လုပ်သမားတွေအနေနဲ့ မဲပေးဖို့ကို စိတ်ဝင်စားမှု ရှိလာမှာပါ။"

ထိုင်းနိုင်ငံမှာမြန်မာရွှေ့ပြောင်းအလုပ်သမား ၃သန်းကနေ ၄သန်းလောက်ရှိနေတယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက့ ခန့်မှန်းနေကြပြီး အထောက်အထားလက်မှတ်ရှိသူက သိန်းဂဏန်းလောက်ပဲ ရှိတာပါ။ ဒါပေမဲ့ ကြိုတင်မဲပေးသူဘယ်လောက်ရှိသလဲဆိုတာကိုတော့ မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်ကတော့ အရေအတွက် သေချာမသိရှိဘူးလို့ဆိုပါတယ်။ တိကျတဲအဖြေသိနိုင်ဖို့အတွက်မြန်မာသံရုံးကသံမှူးတွေကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
VOA Burmese News

အသတ်ခံရ၍ သေဆုံးသွားသူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တင်းမေကျေးရွာအုပ်စု တာဝန်ခံ ဟာမိတ်တူလာ (ဓာတ်ပုံ - ရဲခေါင်ညွန့်)
အသတ်ခံရ၍ သေဆုံးသွားသူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တင်းမေကျေးရွာအုပ်စု တာဝန်ခံ ဟာမိတ်တူလာ (ဓာတ်ပုံ - ရဲခေါင်ညွန့်)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာက ကျေးရွာအုပ်စုတာဝန်ခံ ဟာမိတ်တူလာ ခေါ် ဘာဆာကို သောကြာနေ့ည သန်းခေါင်အချိန်မှာ လူတစုက သူ့နေအိမ်မှာ လာရောက်သတ်ဖြတ်သွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒီလို သတ်ဖြတ်တာဟာ မတ်လ ၂၉ ရက်နေ့က သတင်းမီဒီယာတွေ မေးမြန်းတာကို ဖြေကြားခဲ့တာနဲ့ ဆက်နွယ်နိုင်ကြောင်း အစိုးရတာဝန်ရှိသူတွေက သုံးသပ်ပါတယ်။

သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ သူဟာ အစိုးရနဲ့ နီးစပ်တာကြောင့် မကြာခန ခြိမ်းခြောက်ခံရကြောင်းနဲ့ လုံခြုံရေးအတွက် စိုးရိမ်ကြောင်းလည်း အခု သေဆုံးသွားသူက ပြောထားပါတယ်။

ဒီသတ်ဖြတ်တာနဲ့ပတ်သက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူက အတည်ပြုချက်ပေးပေမယ့် အသေးစိတ်သတင်းထုတ်ပြန်တာမရှိပါဘူး။

တင်းမေကျေးရွာဟာ ရခိုင်ပြည်နယ်မှာ ဒုတိယအကြိမ်အကြမ်းဖက်ဖို့ အတွက် အကြမ်းဖက်သမားတွေက သင်တန်းပေးဆောင်ရွက်ရာနေရာအဖြစ် အစိုးရက သတင်းထုတ်ပြန်ထားသလို အကြမ်းဖက် လုပ်ငန်း လုပ်ဆောင်တယ်လို့ သံသယရှိသူ ၁၀ယောက်လောက်ကို ဖမ်းဆီးခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

ဒီနေ့ မနက် ၁နာရီကျော်က သက်ကိုင်ညာကျေးရွာအုပ်စုက ကျေးရွာအုပ်ချုပ်ရေးမှုးရုံးအကူ ရှောင်ရှုအာလောင် ခေါ် ၀င်းနိုင်နဲ့ တစ်ရွာတည်းနေ အဒူဆလင်ဘ ခေါ် ဟူဆောင်းနာလီတို့ နှစ်ယောက်ကိုလည်း အိပ်ပျော်နေချိန်မှာ အကြမ်းဖက်သမားတွေက ဖမ်းဆီးခေါ်ဆောင် သွားပြီးတဲ့နောက် ပျောက်ဆုံးနေပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း သတင်းမီဒီယာအဖွဲ့တွေ ပထမဆုံးသွားရောက်ပြီးတဲ့နောက် သတင်းမီဒီယာတွေကို ဖြေကြားခဲ့တဲ့ ငါးခူရကျေးရွာစာကြည့်တိုက်မှုး ဒုတ်မာမတ်ခေါ် ရူနာမျာဆိုသူလည်း အသတ်ခံခဲ့ရဖူးပါတယ်။

(သတင်းထောက် မေခ မောင်တောက ပေးပို့သည့်သတင်းဖြစ်ပါတယ်။)
VOA Burmese News


မြန်မာနိုင်ငံမှာ ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံတော် အုပ်ချုပ်ရေးတာဝန် ရရှိပြီး တနှစ်အကြာမှာ လူထုထောက်ခံမှုအခြေအနေကို ပထမဆုံး ဆန်းစစ်နိုင်မှုလည်း ဖြစ်ပါတယ်။ မနက် (၆)နာရီကတည်းက နိုင်ငံတ၀ှမ်း မြို့နယ်ပေါင်း (၂၂)မြို့နယ်မှာ မဲဆန္ဒရှင်တွေ မဲပေးခဲ့ကြတာပါ။

အခု ကြားဖြတ် ရွေးကောက်ပွဲမှာ အာဏာရပါတီ NLD အပါအ၀င် ကြံခိုင်ဖွံဖြိုးရေးပါတီနဲ့ အခြားနိုင်ငံရေးပါတီ ၂၄ ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၅ ဦးက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် နေရာ ၁၉ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အပါအဝင် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း စတဲ့ တိုင်းဒေသကြီး ၃ခုနဲ့ ရခိုင်၊ ရှမ်း၊ မွန်၊ ကယား၊ ချင်း စတဲ့ ပြည်နယ် (၅)ခုမှာရှိတဲ့ မြို့နယ်ပေါင်း (၂၂)မြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပတာပါ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ အစိုးရ ရာထူးတာဝန်တွေ ခန့်အပ်ခံရတာ၊ ကွယ်လွန်သွားတာ၊ လုံခြုံရေး အကြောင်းပြချက်နဲ့ ပထမအကြိမ်က ရွေးကောက်ပွဲ မကျင်းပနိုင်တာ စတဲ့ အကြောင်းတွေနဲ့ လစ်လပ်နေ့တဲ့ လွှတ်တော်ကိုယ်စားလှယ် (၁၉) နေရာအတွက် အခုလို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေနည်းကျ ရွေးချယ်တဲ့ အစိုးရရဲ့ ပထမဆုံးနှစ်မှာ နိုင်ငံပြုပြင်ပြောင်းလဲရေး အရှိန် နှေးကွေးတယ်ဆိုပြီး လူထုရဲ့ စိတ်ပျက်သံတွေ ကြားရပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီကိုပဲ ပြည်သူတွေ ထောက်ခံဆဲဖြစ်တယ်လို့ နိုင်ငံရေးစောင့်ကြည့်အကဲခတ်တွေက သုံးသပ်ပါတယ်။ ၅နှစ်တကြိမ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာလည်း နောက်ထပ် ကြားဖြတ်ရွေးကောက်ပွဲတွေကို လိုအပ်ရင် ထပ်ပြီးကျင်းပသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
VOA Burmese News


လားရှိုး၊ ဧပြီ-၁

လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအနီး၊ လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးဘေးရှိ ခြုံတစ်ခုအတွင်းတွင် မတ်လ(၃၁)ရက်နေ့ ညနေပိုင်းက မပေါက်ကွဲသေးသော လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့ကြောင်းသိရသည်။


လားရှိုးမြို့၊ အမှတ်(၆၈)ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများလုံခြုံရေးအတွက် လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေစဉ် မိုင်တိုင်အမှတ်(၉)နှင့်(၁၀)ကြား လမ်းမကြီးဘေးရှိ ခြုံတစ်ခုအတွင်းမှ အဝေးထိန်းလက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိခဲ့ကြောင်းသိရသည်။


 အဆိုပါလက်လုပ်မိုင်းမှာ Falcon တံဆိပ်အင်ဂျင်ဝိုင်ဗူးထဲတွင် သံဘောစေ့များထည့်ထားသည့်ဗူး(၁)ဗူး၊ ပေါက်ကွဲအား ပြင်းထန်သည့် TNT ယမ်း(၄၀၀)ဂရမ်ခန့် ယမ်းတုံး(၁)တုံး၊ ၀ါယာကြိုးနှင့်တွဲဆက်တပ်ဆင်ထားသည့် ဆိုင်ကယ်ဘက္ထရီ(၁)လုံး၊ အဝေးထိန်းကိရိယာ Receiver (၁)လုံး တို့အားရှာဖွေတွေ့ရှိသဖြင့် အမှတ်(၉၁၂)စစ်အင်ဂျင်နီယာတပ်ရင်း မိုင်းရှင်းလင်းရေးအဖွဲ့မှလာရောက်၍ ယင်းလက်လုပ်မိုင်းအား သက်မဲ့ပြုလုပ်ရှင်းလင်းပေးခဲ့ကြောင်းသိရသည်။


ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ ဘေးအန္တရာကင်းရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များမှလဲပူးပေါင်း၍ မိုင်းတွေ့ရှိသည့်နေရာနှင့်အနီးတစ်ဝိုက်အား အသေးစိတ်ရှာဖွေစစ်ဆေး ရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

Nay Myo‎ / Lashio News