04/08/17


ဆီးရီးယားနိုင်ငံထဲက စစ်တပ်ပစ်မှတ်တွေကို မြေထဲပင်လယ်ထဲရောက်နေတဲ့ အမေရိကန်စစ်သင်္ဘောပေါ်ကနေ Tomahawk Missile ဒုံးကျည်တွေနဲ့ သောကြာနေ့မနက်အစောပိုင်းအချိန်မှာ ပစ်ခတ်၊
ဆီးရီးယားစစ်တပ်ပစ်မှတ်တွေအပေါ် အမေရိကန်က Missile ဒုံးလက်နက်နဲ့ ပစ်ခတ်ခဲ့တာနဲ့ပါတ်သက်လို့ အမေရိကန်မဟာမိတ်တွေက သတိနဲ့ထောက်ခံနေကြသလို ဆီးရီးယားမဟာမိတ်တွေဘက်ကတော့ ဝေဖန်ပြစ်တင်နေကြပါတယ်။ အမေရိကန်ရဲ့ လုပ်ရပ်ဟာ ရန်လိုတဲ့လုပ်ရပ်ဖြစ်ပြီး ဒေသတွင်းမှာသာမက နိုင်ငံတကာတည်ငြိမ်ရေးကို အကြီးအကျယ် ပျက်ပြားစေတယ်လို့ ရုရှားကတုံ့ပြန်ခဲ့ပါတယ်။ အခုလိုအမေရိကန်သမ္မတရဲ့ လုပ်ရပ်က အီရတ်နဲ့ မြောက်ကိုရီးယားတို့ကို သတိပေးလိုက်ရာရောက်တဲ့အပြင် သူ့အတွက် နိုင်ငံရေးအကျိုးအမြတ်ရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့ လေ့လာသူတချို့ကလည်း သုံးသပ်နေကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။

ဆီးရီးယားနိုင်ငံထဲက စစ်တပ်ပစ်မှတ်တွေကို မြေထဲပင်လယ်ထဲရောက်နေတဲ့ အမေရိကန်စစ်သင်္ဘောပေါ်ကနေ Tomahawk Missile ဒုံးကျည်တွေနဲ့ သောကြာနေ့မနက်အစောပိုင်းအချိန်မှာ ပစ်ခတ်ခဲ့ပြီးနောက် သောကြာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အရေးပေါ်စည်းဝေးခဲ့ကြပါတယ်။ ဆီးရီးယားနိုင်ငံ Idlib ပြည်နယ် Khan Sheikhoun မြို့က ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် အရပ်သား ၁၀၀ လောက်သေဆုံးရအောင် ဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားလေတပ်စခန်းတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က လုံခြုံရေးကောင်စီကို ပြောကြားခဲ့ပါတယ်။

ဆီးရီးယားပြည်သူတွေကို ဓါတုလက်နက်နဲ့တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားအစိုးရအပေါ် အမေရိကန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုဟာ လုံးဝတရားမျှတတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရကို ထောက်ခံပြီး စစ်ကူတိုက်ပေးနေတဲ့ ရုရှားနိုင်ငံ ကတော့ အမေရိကန်ရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ရုရှားဒုတိယသံအမတ်ကြီး Vladimir Safronkov ကတော့ ဒါဟာရန်လိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လုံခြုံရေးကောင်စီကို ပြောကြားခဲ့ပါတယ်။

"April လ ၇ ရက်နေ့က ဆီးရီးယားပိုင်နက်အပေါ် အမေရိကန်က တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တဲ့ ရန်လိုတဲ့လုပ်ရပ်ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဥပဒေချိုးဖောက်တဲ့လုပ်ရပ်ကို ရုရှားကပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်။ ဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးကို အကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်။"

အမေရိကန်ရဲ့တိုက်ခိုက်မှုက IS လိုအကြမ်းဖက်အဖွဲ့တွေကို ပိုပြီးအားကောင်းခိုင်မာစေတယ်လို့လည်း ရုရှားဒုသံအမတ်ကြီးက လုံခြုံရေးကောင်စီကို ပြောကြားသွားပါတယ်။ အမေရိကန်ရဲ့ Missile ဒုံးလက်နက်နဲ့တိုက်ခိုက်မှုအပေါ် ဆီးရီးယားသမ္မတ Assad ရဲ့မိတ်ဆွေနိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံကလည်း အမေရိကန်ကို အပြစ်တင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ တိုက်ခိုက်မှုက ကျဆုံးနေတဲ့ အကြမ်းဖက်သမားတွေ ပြန်အင်အားကောင်းစေပြီး ဒေသတွင်းအခြေအနေကို ပိုရှုပ်ထွေးစေတယ်လို့ အီရန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက ကြေညာချက်ထဲမှာ ဖော်ပြပြောဆိုထားပါတယ်။ အမေရိကန်ရဲ့မဟာမိတ်တွေဖြစ်တဲ့ EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းနိုင်ငံတချို့နဲ့ တူရကီတို့ကလည်း အမေရိကန်ရဲ့လုပ်ရပ်ကို ထောက်ခံနေကြပါတယ်။

ပြည်တွင်းမှာလည်း သမ္မတ Trump ရဲ့လုပ်ရပ်အပေါ် အားပေးထောက်ခံသူများနေပါတယ်။ Democrat လွှတ်တော်အမတ်တွေကတော့ စစ်ရေးအရဆောင်ရွက်မယ်ဆိုရင် လွှတ်တော်မှာ အရင်ဆွေးနွေးဖို့ပြောနေကြသလို ရှေ့ဆက်ဆောင်ရွက်မယ့် မဟာဗြူဟာကို သမ္မတအနေနဲ့ ပြတ်ပြတ်သားသားချမှတ်ဖို့ တောင်းဆိုနေကြပါတယ်။ ဆီးရီးယားမှာ Assad အစိုးရတပ်တွေနဲ့ သူ့ကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၆ နှစ်ကြာလာချိန်မှာ အမေရိကန်က ခုလို Missile ဒုံးလက်နက်တွေနဲ့ တိုက်ခိုက်တဲ့အတွက် ပဋိပက္ခကို ပိုဆိုးစေနိုင်တယ်လို့ ပညာရှင်တချို့က သုံးသပ်ကြပါတယ်။ ပထဝီနိုင်ငံရေးအန္တရာယ်ကို သုံးသပ်အကြံပေးနေတဲ့ Gulf State Analytics အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Giorgio Cafiero ကခုလိုသုံးသပ်ပါတယ်။

"ဒီစစ်ရေးအရတိုက်ခိုက်မှုရဲ့ အကျိုးဆက်ကြောင့် ရုရှား၊ အီရန်နဲ့ လက်ဘနွန်က Hezbollah တွေပါဝင်ပါတ်သက်နေတဲ့ ဆီးရီးယားပြည်တွင်းစစ်ပွဲ အခြေအနေ ပိုဆိုးလာတာကို မြင်လာရမှာမို့ အန္တရာယ်ရှိတာသေချာပါတယ်။ အခုနောက်ဆုံးဖြစ်နေတဲ့အခြေအနေတွေကို ဒီအုပ်စုတွေဘက်က ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို ကျွန်တော်တို့ မသိသေးတော့ အန္တရာယ်ကတော့ ရှိပါတယ်။"

ဆီးရီးယားစစ်တပ်ပြစ်မှတ်တွေကို Missile ဒုံးလက်နက်တွေနဲ့ဖျက်ဆီးပြစ်ဖို့ သမ္မတ Trump ကဆုံးဖြတ်ခဲ့တာဟာ နိုင်ငံရေးအရ ပါးနပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်သူ Dr. Karin von Hippel ကသုံးသပ်ပါတယ်။ သူကတော့ Royal United Services Institute က ညွှန်ကြားရေးမှူးချုပ်ဖြစ်ပါတယ်။

"ဆီးရီးယားအပေါ် သမ္မတ Trump ရဲ့လုပ်ရပ်က တော်တော်လေးပါးနပ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အီရန်နဲ့ မြောက်ကိုရီးယားတို့အပေါ် အရေးယူဆောင်ရွက်မယ်လို့ သူကခြိမ်းခြောက်ထားပါတယ်။ တကယ်တန်းလုပ်ရင်အခုထက် အများကြီးရှုပ်ထွေးနိုင်ပါတယ်။ ဆီးရီးယားမှာ ပြစ်မှတ်ကိုပဲ ထိန်းထိန်းသိမ်းသိမ်းတိုက်ခိုက်တဲ့အတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုတွေရပါလိမ့်မယ်။ ရုရှားနဲ့ သူ့ရဲ့အကြံပေးတွေဆက်စပ်မှုရှိသလားဆိုတာ စုံစမ်းစစ်ဆေးခံနေရချိန်မှာ ရုရှားနဲ့ပါတ်သက်ရင် ပြတ်ပြတ်သားသားလုပ်တယ်ဆိုတာ ပြသရာရောက်ပါတယ်။ တိုက်ခိုက်မယ်ဆိုတာ အမေရိကန်အစိုးရက ရုရှားကို ကြိုပြီးတော့တော့ အကြောင်းကြားပါတယ်။ ရုရှားနဲ့လည်း ပဋိပက္ခမဖြစ်စေအောင် သဘောတူထားပါတယ်။ ဆိုတော့ ရုရှားကို သိပ်ပြီးအထိနာစေတာမဟုတ်ပေမဲ့ ရုရှားအပေါ် ပြတ်ပြတ်သားသားလုပ်တယ်ဆိုတဲ့ အမြင်ရောက်စေပါတယ်။"

April လ ၄ ရက် အင်္ဂါနေ့တုန်းက ဆီးရီးယားမြို့အပေါ် ဓါတုလက်နက်နဲ့တိုက်ခိုက်မှုမှာ ရုရှားက ဆီးရီးယားကို ကူညီခဲ့သလားဆိုတာကို စုံစမ်းနေတယ်လို့ Pentagon စစ်ဌာနချုပ်ကလည်း သောကြာနေ့ကပဲ ပြောကြားခဲ့ပါတယ်။ ဆီးရီးယားပြည်သူတွေခံစားနေရတဲ့ အခြေအနေပိုဆိုးသွားစေမယ့် လုပ်ရပ်အားလုံးကို ရှောင်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကပန်ကြားထားပါတယ်။

မစုမြတ်မွန်
VOA Burmese News

မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကူအညီ တောင်းခံမှုကြောင့် ရန်ကုန်သင်္ကြန်ကို ပရဟိတအဖွဲ့တွေလည်း လုံခြုံရေး ကူညီဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်က ဧပြီ ၇ ရက်နေ့မှာ ပြောပါတယ်။

ရန်ကုန်သင်္ကြန်လုံခြုံရေးအတွက် ရိုးရာသင်္ကြန်ဖော်ဆောင်ရေး ပရဟိတအဖွဲ့လို့ အမည်ပေးထားတဲ့ ဒီအဖွဲ့အစည်းမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်း၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ အပါအဝင် ပရဟိတ အဖွဲ့ ၁၂ ဖွဲ့က လူအင်အား ၂၀၀ ကျော်နဲ့ မနက် ၈ နာရီကနေ ညနေ ၆နာရီထိ လုံခြုံရေး ယူပေးမှာပါ။

လုံခြုံရေးရယူပေးမဲ့ နေရာတွေကတော့ လူစည်ကားရာနေရာတွေကို အဓိက ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သတင်း၊ဓာတ်ပုံ – ပြည့်ဘုန်းအောင်
DVB TV News


မြန်မာ့လယ်ယာထွက်ကုန်တွေကို ပြည်တွင်းထိ တိုက်ရိုက်တရားမဝင် လာရောက် ဝယ်ယူနေတဲ့ တရုတ်နိုင်ငံသားတွေကို တိုင်ကြားနိုင်တယ်လို့ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ တရုတ်ကုန်သည်တွေက မြန်မာ့စပါးတွေကို ဒေသပေါက်ဈေးထက် ပိုပေးပြီး လိုက်လံဝယ်ယူနေတဲ့အတွက် ဆန်စက်လုပ်ငန်းအချို့ ရပ်ထားရတယ်လို့ ဆန်ကုန်သည်တွေ ပြောပါတယ်။

အဲဒီလို မြန်မာ့လယ်ယာထွက်ကုန်တွေကို နိုင်ငံခြားသားတွေက အထောက်အထားမပါဘဲ ပြည်တွင်းထိ တိုက်ရိုက်လာရောက်ဝယ်ယူတာဟာ တရားမဝင်ကုန်သွယ်မှု ဖြစ်တဲ့အတွက် တိုင်ကြားလာပါက အရေးယူသွားမယ်လို့ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောပါတယ်။

“ဆန်နဲ့ ဆန်ကွဲကိုပဲ ပြည်ပတင်ပို့ခွင့် ပေးထားတာ ရှိတယ်ပေါ့။ ဆန်နဲ့ ဆန်ထွက်ပစ္စည်းကိုပဲ။ ကျနော်တို့က စပါးကို ပြည်ပတင်ပို့ခွင့်ပေးထားတာ မရှိဘူး။ အခု မန္တလေးနဲ့တဝိုက်မှာ တရုတ်ကို စပါးပို့တယ်ဆိုတာကတော့ တကယ်လို့ ဆန်ကုန်သည်တွေဘက်က သူတို့တွေအနေနဲ့ တာဝန်သိတဲ့ ပြည်သူတွေအနေနဲ့ တိတိကျကျ သေသေချာချာ ပြောနိုင်မယ်ဆိုရင် သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်ဖို့ လုပ်သွားကြမှာပါ။ ကုန်သည်လောကမှာ ကျနော်တို့ တော်တော်များများ ဘာကြုံနေရလဲဆိုတော့ အချင်းချင်း မျက်နှာပျက်ရမှာကို ကြောက်တယ်။ တိုင်ရ တောရမှာကို၊ သူများ စီးပွားရေးကို ဖျက်ဆီးသလို ဖြစ်တယ်ပေါ့။ ဒါမျိုးတွေနဲ့ တလွဲအယူအဆတွေ ရှိတယ်လို့ ကျနော်ကတော့ ထင်တယ်။ ဒါတွေက တကယ်ကတော့ သေချာသိရင် ဒါ အများအတွက်ပဲလေ။ ပြည်သူအတွက်၊ အများအတွက် ကောင်းအောင်လုပ်တဲ့ လုပ်ငန်းကို လုပ်သင့်တယ်၊ သတင်းပေးသင့်တယ်လို့ ကျနော်ကတော့ ထင်ပါတယ်။”

မန္တလေးတိုင်းဒေသကြီးက စပါးအဓိကထွက်တဲ့ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ် အပါအဝင် မြို့နယ် အနှံ့အပြားမှာ တရုတ်ကုန်သည်တွေကိုယ်တိုင် လာရောက်ဝယ်ယူသလို၊ ပွဲစားတွေကတဆင့် စပါးတွေကို ဈေးကောင်းပေးပြီး ရသလောက် ဝယ်ယူနေတာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးငွေအောင်က ပြောပါတယ်။

“သူတို့က တိုက်ရိုက်တော့ မဟုတ်ဘူး။ ဒေသခံပွဲစားနဲ့ သူတို့က တရုတ်ပြည်ကို ပို့ကြတာပေါ့နော်။ ဒီရဲ့အနေအထားကို ကိုယ်တို့က ပြီးခဲ့တဲ့ ၃ လလောက်က သက်ဆိုင်ရာ စီးပွားကူးသန်းကို တင်ပြတယ်။ တင်ပြတဲ့အကြောင်းက ဒီစပါးအလိုက်သွားမယ်ဆိုရင် ကျနော်တို့ ဒေသကြီးမှာ တိရစ္ဆာန်အစာကအစ ထွက်လာနိုင်တယ်။ ဖွဲတို့၊ ဆန်ကွဲတို့ကအစ ထွက်လာနိုင်တယ်။ ဒါလေးကိုတော့ ဖမ်းဆီး သို့မဟုတ် အသိပညာပေး မလုပ်ဖို့ လုပ်ခိုင်းပါတယ်။ သူတို့ကလည်း ဘာပြောလဲဆိုတော့ တိကျတဲ့ အချက်အလက်တွေနဲ့ ဓာတ်ပုံနဲ့ တင်ပြပါလို့ ပြောတယ်။ ဒါကျတော့ ကိုယ်တို့ကလည်း အန်ဂျီအို ဖြစ်တဲ့အတွက် လုပ်ပေးလို့မရဘူး။ သူတို့က ပြောတယ်။ ဝယ်တာတော့ တွေ့နေတယ်။ သိတာလည်း သိနေတယ်။ ဒါပေမယ့် သူတို့က ပို့တာကိုတော့ လက်ပိုက်ကြည့်နေလို့ မရဘူး။ ဒါကတော့ အစိုးရပိုင်းက တာဝန်ရှိမယ်လို့ ထင်ပါတယ်။ သူတို့ ဂိတ်တွေမှာ စစ်ဆေးပြီးမှ မတင်ပို့ဖို့ပေါ့နော်။ ဒါတွေ ပြောမှ ဖြစ်မယ်ပေါ့။ တချက်ကလည်း စပါးဈေးက ပြည်တွင်းမှာ ၅ သိန်းလောက် ပေါက်နေတဲ့အချိန်မှာ သူတို့က ၅ သိန်းခွဲလောက်၊ ၅ သောင်းလောက် ပိုပေးဝယ်တဲ့အခါကျတော့ ဘယ်သူမဆို စီးပွားရေးအရ တွက်ခြေကိုက်တော့ ရောင်းကြတာပေါ့နော်။ ဒါတွေ ပါတယ်။”

လတ်တလောမှာတော့ မန္တလေးတိုင်းဒေသကြီးက ဆန်စက်အချို့မှာ ကြိတ်စရာ စပါးမရှိတဲ့အတွက် စက်တွေ ရပ်နားထားရတယ်လို့ ဆိုပါတယ်။
သတင်း – ထက်အောင်

DVB TV News

V ကွန်ဒိုမှာ အခန်းစုစုပေါင်း ၅၀ဝ ထဲက လက်ရှိရောင်းချဖို့ အခန်း ၂၀ သာကျန်ရှိပါတော့တယ်။

ရန်ကုန်၊ ဧပြီ ၃ – ဩစတြေးလျားနိုင်ငံမှာရှိတဲ့ ကွန်ဒိုဝယ်ယူ လိုသူတွေကို စီမံကိန်းရှိရာ ဩစတြေးလျားဆစ်ဒနီမြို့ကို ဩစတြေးလျား ဒေါ်လာ ၂၅၀ဝ အကုန်အကျခံပို့ပေးဖို့နဲ့ ဩစတြေးလျားဗီဇာရရှိအောင် KAE ALLIANCE k Crown Group ကုမ္မဏီနဲ့ ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

ကွန်ဒိုဝယ်ယူသူတွေကို ၁၀ ရာခိုင်နှုန်းပေးပြီးတာနဲ့ ပရော့ဂျက် ရှိရာကို ကုမ္မဏီကအစစတာဝန်ယူပြီး လေ့လာနိုင်အောင်အလည်အ ပတ်ပို့ပေးတယ်၊ ပြီးတော့ဗီဇာရအောင် လုပ်ပေးတယ်၊  ဒါပေမဲ့ ဩစတြေးလျားနိုင်ငံမှာ discount မရှိပါဘူး၊ နှစ်ရှည်ကြာ ဘဏ်ချေးငွေရရှိအောင် ဘဏ်နဲ့ကုမ္မဏီချိတ်ဆက်ပေးပြီးဝယ်ယူနိုင် ပါ တယ်လို့ KAE ALLIANCE စီအီးအိုကိုကျော်မင်းဇင်က ပြောပါတယ်။ လက်ရှိမြန်မာတွေဝယ်ယူတာကတော့ ၁၂ ခန်းလောက်ရှိပြီ လို့ သိရတယ်။

ဝယ်ယူသူတွေကို ကုမ္မဏီကစင်ကာပူ UOB ဘဏ်ကချေးငွေရ ရှိအောင်ဆောင်ရွက်ပေးမှာပါ။ ဝယ်ယူပြီးတာနဲ့လတ်တလောမနေနိုင်သေးလို့ ပြန်ငှားမယ်ဆိုရင်လည်း developer တွေနဲ့ နှစ်နှစ်တိတိချိတ်ဆက်ပေးမယ်။  အခြားတစ်နည်းကတော့ ပြန်ငှား မယ်ဆိုရင် ငှားရမ်းခရဲ့၁၀ရာခိုင်နှုန်းကိုထိန်းသိမ်းခပြန်ပြီးပေးရမှာဖြစ် ပါတယ်။
ရောင်းချမယ့်  ကွန်ဒိုတွေကတော့ V ကွန်ဒိုရ Oasis ကွန်ဒိုနဲ့ ဝါးတားဖရန့်ကွန်ဒိုသုံးခုဖြစ်ပါတယ်။ လက်ရှိမှာက V ကွန်ဒိုနဲ့ Oasis ကွဒိုကဆောက်လုပ်ပြီးစီး လူနေထိုင်နိုင်ပြီး ဝါးတားဖရန့် ကွန်ဒို ကတော့ နောက်လေးနှစ်ကြာမှာ ဆောက်လုပ်ပြီးစီးမှာဖြစ်ပါတယ်။ V ကွန်ဒိုမှာ အခန်းစုစုပေါင်း ၅၀ဝ ထဲက လက်ရှိရောင်းချဖို့ အခန်း ၂၀ သာကျန်ရှိပါတော့တယ်။Oasis ကွန်ဒိုမှာကရောင်းချရန် အခန်းခုနစ် ခန်းသာကျန်ရှိပါတော့တယ်။ ဝါးတားဖရန့်ကွန်ဒိုကတော့ဆောက် လုပ်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ရောင်းချခြင်းဖြစ် ပါတယ်။

အခန်းအကျယ်ကတော့ စတုရန်းပေ ၄၀ဝကျော်ကနေ ၁၃၀ဝ ကျော်အထိရှိပါတယ်။Vကွန်ဒိုနဲ့  Oasis ကွန်ဒိုဝယ်ယူသူတွေအနေနဲ့ စတင်ဝယ်ယူတာနဲ့ ၁၀ ရာခိုင်နှုန်းပေးပြီး ကျန် ၉၀ ရာခိုင်နှုန်းကိုနှစ် လအတွင်းပေးရမှာဖြစ်ပါ တယ်။ ဝါးတားဖရန့် ကွန်ဒိုဝယ်ယူသူတွေ အနေနဲ့ စဝယ်တာနဲ့ ၁၀ ရာခိုင်နှုန်းပေးပြီး ကျန် ၉၀ ရာခိုင်နှုန်းကို အခန်းသော့အပ်မှပေးရမှာဖြစ်ပါတယ်။
Author – မေသက်
Kumudra


အမေရိကန်နဲ့တရုတ် အပြန်အလှန်ဆက်ဆံရေးဟာ နှစ်နိုင်ငံ သမ္မတတွေကြား မျက်နှာချင်းဆိုင် ဆွေးနွေးပွဲအတွင်း တိုးတက်အောင်လုပ်ခဲ့တယ်လို့ ယုံကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၇ ရက်နေ့က ပြောပါတယ်။

ကုန်သွယ်ရေးကိစ္စတွေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်အတွက် စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးအပြီးမှာ ခုလို ပြောလိုက်တာပါ။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သူ့ရဲ့ ဆက်ဆံရေးဟာ ထူးချွန်ပြောင်မြောက်တယ်လို့လည်း ဒေါ်နယ်ထရမ့်က သတင်းစာ ရှင်းလင်းပွဲအတွင်း မှတ်ချက်ပြု ပြောဆိုပါတယ်။

အမေရိကန် သမ္မတကတော် မလာနီယာ ထရမ့်နဲ့ တရုတ်သမ္မတကတော် ဖန်းလိယွမ်တို့ကတော့ ဖလော်ရီဒါပြည်နယ် အနောက်ထန်းတော ကမ်းခြေမှာရှိတဲ့ ဒေသခံ ကျောင်းဆီ ဧပြီ ၇ ရက်နေ့ သွားရောက် လည်ပတ်ခဲ့ကြပါတယ်။။ စာသင်ခန်း လေးခန်းဆီ သွားလည်ခဲ့ပြီး မိန်းကလေး တူရိယာ တီးဝိုင်းကိုလည်း အားပေးပါတယ်။

တချိန်က နာမည်ကြီးခဲ့တဲ့ အဆိုတော်က တရုတ်သမ္မတ ကတော်နဲ့ မစ္စစ် ထရမ့်တို့အတွက် Astonishing သီချင်းနဲ့ ဂုဏ်ပြု ဖျော်ဖြေခဲ့ပါတယ်။
VOA Burmese News


ရေပက်ခံထွက်ဖို့ ကျွမ်းကျင်တဲ့ဝပ်ရှော့မှာ ယာဉ်စစ်ဆေးပြီး လိုအပ်တာတွေ၊ ပြုပြင်တာတွေ ပြုလုပ်ရပါမယ်။
ရန်ကုန်၊ ဧပြီ ၅ - သင်္ကြန်ပွဲတော်ကို အန္တရာယ်ကင်းကင်းနဲ့ နွှဲပျော်နိုင်ဖို့ဆိုရင် သင်္ကြန်လည်မယ့်ကားရဲ့ ကြံ့ခိုင်ရေးတွေ ကြိုတင်စစ်ဆေး ပြုပြင်ထားရမှာ ဖြစ်သလို သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့မော် တော်ယာဉ်တွေနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေကိုလည်း လိုက်နာဆောင်ရွက်ကြဖို့လည်း လိုအပ်ပါတယ်။

‘မှားယွင်းတဲ့အယူအဆတစ်ခုက သင်္ကြန်မှာ ကားအကောင်းမသုံးကြ တာပါ၊ သင်္ကြန်မှာ ယာဉ်တိုက်မှုဖြစ်ရင် အလျော်မရတာများတယ်၊ ရန်ဖြစ်ကြရင်လဲ ကားကိုထိခိုက်နိုင်တယ်ဆိုပြီး စီးဖြစ်ရုံကားလောက်နဲ့ အငှားလိုက်ကြတယ်၊ အဲဒါက အန္တရာယ်ကိုဖိတ်ခေါ်နေရုံမက ရိုးရာ သင်္ကြန်ကိုအကျည်းတန်စေတယ်လို့ ကျောက်မြောင်းက အော်တိုမို ဘိုင်းလ်ပညာရှင် ကိုနိုင်ဦးက ပြောပါတယ်။

အဲဒါကြောင့် သင်္ကြန်လည်မယ့်ကားက ချို့ယွင်းချက်များတဲ့စီးဖြစ်ရုံ ကားမျိုးမဖြစ်သင့်ပါဘူး။ ကိုယ့်ကားရဲ့ချို့ယွင်းချက်ကြောင့် ကားပေါ်မှာလိုက်ပါတဲ့သူတွေမက ဘေးပတ်ဝန်းကျင်ကသင်္ကြန် ရေပက်ခံထွက်တဲ့ သူတွေပါ အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာ သတိပြုမှာဖြစ်ပါတယ်။

ကြိုတင်ပြင်ဆင်
ရေပက်ခံထွက်ဖို့ လိုက်ထရပ်လိုကားမျိုးကိုအမိုးကိုင်းတွေဖြုတ် လိုက်တာနဲ့ပြည့်စုံမသွားပါဘူး။ ကျွမ်းကျင်တဲ့ဝပ်ရှော့မှာ မဖြစ်မနေ ယာဉ်စစ်ဆေးပြီး လိုအပ်တာတွေလဲလှယ်ဖြည့်စွက်တာ ပြုပြင်တာ တွေပြုလုပ်ရပါမယ်။ လူအုပ်ကြားထဲမှာတန်းစီနေတဲ့ကားတွေထဲက တစ်ခါတလေ ဘရိတ်မမိတဲ့အဖြစ်ကြောင့် ယာဉ်တိုက်မှုဖြစ်ရင် လူအများစုရဲ့ အသက်အန္တရာယ်ကိုထိခိုက်နိုင်စေပါတယ်။ အဲဒါကြောင့်ဘရိတ်စနစ်နဲ့စတီယာရင်စနစ်တွေအထူး အဓိကထား စစ်ဆေးသင့်ပါတယ်။ ဘရိတ်ရှူးတွေမကောင်းရင် အသစ်လဲလှယ် ရပါမယ်။ အဲဒါမှလိုအပ်တဲ့အခါ အတိအကျရပ်တန့် နိုင်ပြီး ဦးတည်ရာအမှန်ကိုအလွယ်တကူ ထိန်းကျောင်းမောင်း နှင်နိုင်ပါတယ်။
ကြံ့ခိုင်မှုမရှိတဲ့ကားပေါ်မှာ အပျော်လွန်ခုန်ပေါက်တာတွေကြောင့် လည်း ယာဉ်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ လေးနဲ့ကြမ်းခင်း အပါအဝင် ကားအောက်ပိုင်းစနစ်တွေ ကြံ့ခိုင်တောင့်တင်းမှုရှိအောင်လည်း ကြိုတင်ပြင်ဆင်ထားရပါမယ်။ လူအုပ်ကြားထဲမှာ ယာဉ်ဟာ ခဏခဏ ရပ်တန့်ရမယ်၊ ခဏ ခဏစက်ပြန်နှိုးရပါမယ်။ အဲသည်အတွက် ဘက်ထရီက ကောင်းအောင်အလုပ်လုပ်နိုင်ရဲ့လားဆိုတာ စစ်ဆေးဖို့ အရေးကြီးပါတယ်။

လိုက်နာဆောင်ရွက်
ယာဉ်စစ်ဆေးပြုပြင်တဲ့ အပိုင်းမှာ စိတ်ချရပြီဆိုရင်တော့ ယာဉ်မောင်း သူအပိုင်းကလည်း စိတ်ချရဖို့လိုအပ်ပါတယ်။ ယာဉ်မောင်းသူဟာ သင်္ကြန်လည်တဲ့ သူတွေနဲ့ရောနှောပျော်ပါးဖို့ မဟုတ်ဘဲလိုက်ပါစီး နင်းသူတွေနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေအန္တရာယ်ကင်းရှင်းစေဖို့ ဝန်ဆောင်မှုပေးနိုင်ရမယ်ဆိုပြီး အာရုံစူးစိုက်ထားသင့်ပါတယ်။ အဲဒါကြောင့်ယာဉ်မောင်းသူကအရက်အပါအဝင်မူးယစ်ဆေးဝါးတွေ ရှောင်ရှားရပါမယ်။
အခုနှစ်သင်္ကြန်ကာလအတွင်းမှာ အထူးကြပ်မတ်ထားတဲ့   စည်းကမ်းချက် ၁၂ ချက်ကတော့ မူးယစ်သောက်စားပြီး ယာဉ် မောင်းတာ၊ စည်းကမ်းမဲ့ကျော်မောင်းတာ၊ ယာဉ်နံပါတ်ပြားမတပ်ဘဲ မောင်းတာ၊ အခြားယာဉ်နံပါတ်တွေ တပ်ဆင်မောင်းနှင်တာ၊ ယာဉ်ဘေးတံခါးနဲ့ နောက်ဖုံးတွေဖြုတ်ပြီး မောင်းနှင်တာ၊ ယာဉ် မောင်းလိုင်စင်နဲ့ ယာဉ်မှတ်ပုံတင်(ဝှီးတက်)မပါဘဲ မောင်းနှင်တာ၊ ဖျက်သိမ်းထားတဲ့ ယာဉ်အိုဟောင်းတွေမောင်းနှင်တာ၊ မှတ်ပုံ မတင်ရသေးတဲ့ ယာဉ်နဲ့ပြုပြင်ဆဲ ယာဉ်တွေနဲ့ မောင်းနှင်တာ၊ ယာဉ်မှာ နိုင်ငံတော်အလံတွေတပ်ဆင်မောင်းနှင်တာ၊ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်ထဲမှာ မော်တော်ဆိုင် ကယ်စီးနင်းတာ၊ ဟွန်းသံကင်းမဲ့ဇုန်တွေမှာ ဟွန်တီးတာ၊ ပစ်ကပ်ယာဉ်တွေမှာ သတ်မှတ်ထားတဲ့ ဝန်အလေးချိန်(လူဦးရေ) ထက်ပိုမိုတင်ဆောင် တာတွေကို တားမြစ်ထားတာယာဉ်မောင်းသူတွေဘက်ကလည်း အဲဒါတွေကိုလိုက်နာဆောင်ရွက်ကြရင် နှစ်သစ်ကူးအခါသမယကို စိတ်ချမ်းမြေ့စွာနဲ့ ဖြတ်သန်းနိုင်ကြမှာဖြစ်ပါတယ်။
Author – အောင်ထွန်းဦး
Kumudra


ဧရာဝတီမြစ်အတွင်းက စက်လှေများမြင်ကွင်း။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် အတွင်းက င၀န်မြစ်အတွင်းမှာ ဧပြီလ ရ ရက်နေ့ ညက ခရီးသည်တင် စက်လှေနှင့် ကျောက်တင်သင်္ဘောတိုက်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့်လူ ၂၀ဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်နေတဲ့ မီးသတ်တပ်ဖွဲ့က အတည်ပြုပြောကြပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းက င၀န်မြစ်အတွင်းမှာ ဧပြီလ ၇ ရက်နေ့က ခရီးတွေတင်လာတဲ့ စက်လှေတစင်းနဲ့ ကျောက်တင် သင်္ဘောတိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ခရီးသည်တင်လှေတစင်း နှစ်မြုပ်ပြီး လတ်တလောသတင်းအရေ လူ၂၀ရဲ့အလောင်းကိုရှာဖွေရရှိထားကြောင်း တချို့လည်း ပျောက်ဆုံးမူတွေရှိနေသေးကြောင်း စက်လှေမှောက်တဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်က တာဝန်ရှိသူက ပြောပြပါတယ်။

" အခြေအနေကတော့ သင်္ဘောတိုက်တဲ့နေရာမှာ သင်္ဘောကို ပြန်လှန်လိုက်တော့ ထွက်လာတဲ့အလောင်းတွေကို ပြန်ကယ်လို့ရတာပေါ့။ အဲ့မှာ ရှင်တဲ့သူလည်းရှင်တယ် သေတဲ့သူလည်း သေတယ်။ လူက အယောက်ငါးဆယ်လောက်ရှိတယ်။ တဝက်လောက်ရှင်တယ် တဝက်လောက်သေတယ်ခင်ဗျ။ အတိအကျတော့ မရသေးဘူး အလောင်းက ၂၀လောက်ရတယ် မိန်းကလေး ၁၆ယောက် ယောက်ကျားလေး ၄ယောက်။ပျောက်တာက ၁ယောက် ၂ယောက်လောက်ပဲရှိတော့တယ် အဲ့တာကို ဆက်လက်ရှာဖွေနေတုန်းပဲ။"

ပုသိမ်ထီးကျောက်ငူဆိုတဲ့နေရာမှာ တိုက်မိခဲ့တာဖြစ်ပြီး တိုက်မိတဲ့ ခရီးသည်လှေဟာ မင်္ဂလာဆောင်ကနေပြန်လာတဲ့လှေဖြစ်ကြောင်း အဲဒီ လှေနဲ့ကျောက်တွေသယ်ဆောင်တဲ့သင်္ဘောတိုက်မိတာဖြစ်တယ်လို့လည်း ဆက်ပြောပြပါတယ်။

" ဘယ်လိုဖြစ်တာလဲဆိုတော့ ပုသိမ်ထီးပေါ့နော်။ ကျောက်နီအလည်လောက်မှာ တိုက်မိတာဗျ။ အဲ့တာက မင်္ဂလာဆောင်ကနေပြန်လာပြီးတော့ အဲ့ဒီ့သင်္ဘောက ကျောက်တင်တဲ့သင်္ဘောကို ဝင်ဆောင့်တာဗျ။ "

လှေထဲမှာလူ၅၀ထက်မနည်းပါလာပြိး တ၀က်လောက်တော့အသက်ရှင်ကျန်ခဲ့တယ်လို့ လည်းဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ချင်းတွင်းမြစ်ကြောင်းတလျောက် ဟုမ္မလင်းမြို့ကနေ မုံရွာမြိုကို ခရီးသည်တွေတင်လာတဲ့အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်ခဲ့ပြီးတဲ့နောက် လူ၁၅၀ကျော် အသက်ရှင်ခဲ့ပြီး လူ၇၀ကျော် သေဆုံးမူဖြစ်ခဲ့တာပါ။ ဒီနောက်မှာတော့နောက်ထပ် ရေယာဉ်နစ်မြုပ်တာတွေ ဆက်မဖြစ်ဖို့အတွက် ရေယာဉ်အသင်းတွေ လိုက်နာဖို့ စည်းကမ်းချက် ၂၅ချက်ကို ထုတ်ပြန်လိုက်ထားပေမဲ့ လိုက်နာမူတွေအားနည်းတာ လှေပေါ်မှာပါလာသူတွေအတွက်အသက်ကယ်အကျီ လုံလောက်စွာ မရှိတာတွေကြောင့်မြန်မာပြည်ရဲ့ရေလမ်းခရီးတွေမှာအလားတူ ဖြစ်ရပ်တွေကတော့မကြာခနဖြစ်ပွားလေ့ရှိပါတယ်။
VOA Burmese News



သမ္မတ ဦးထင်ကျော်နဲ့ အဖွဲ့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Shaanxi ခရိုင် မြို့တော် Xi'an ကို သွားရောက်စဉ်။
နိုင်ငံအတော်များများ ပါဝင်လာပြီဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမနဲ့ ခါးပတ်လမ်းမ စီမံကိန်းတွေမှာ မြန်မာနိုင်ငံက ဘယ်လို ပါဝင်လုပ်ဆောင် ပေးနိုင်မယ် ဆိုတာကို လေ့လာနေတယ်လို့ တရုတ်နိုင်ငံကို ၆ ရက်ကြာခရီး သွားရောက်နေတဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ပြောကြားချက်ကို တရုတ်အစိုးရ သတင်းတွေမှာ ဖေါ်ပြပါတယ်။

သောကြာနေ့မှာ သမ္မတ ဦးထင်ကျော်ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Shaanxi ခရိုင် မြို့တော် Xi'an ကို သွားရောက်ခဲ့တာ ဖြစ်ပြီး ရှေးခေတ် ပိုးလမ်းမကြီး စတင်ရာ Xi'an မှာ အခုလို ပြောကြားခဲ့တာပါ။ အဲဒီမြို့ဟာ ကမ္ဘာကျော် Terracotta မြေသား စစ်သည် ရုပ်တုတွေ ရှိရာ နေရာလည်း ဖြစ်ပါတယ်။ သမ္မတနဲ့ အဖွဲ့ဟာ ရှီအန်းမြို့ရှိ ချင်အင် ပါယာရဲ့ TerracottaArmy စစ်သည်တော်ရုပ်တုနှင့် မြင်းရုပ်တုပြတိုက် မှာ ရှေးဟောင်းရုပ်တုများ၏ အနုပညာလက်ရာများနှင့် ချင်အင်ပါယာ၏ စစ်သည်တော် သမိုင်းကို လေ့လာခဲ့ကြတာပါ။

Shaanxi ခရိုင်ဟာ ခါးပတ်လမ်းမကြီးနဲ့ ပိုးလမ်းမကြီး အတွက် ပင်မနေရာဖြစ်ပါတယ်။ အာရှကို ဥရောပနဲ့ အာဖရိက ဒေသတွေနဲ့ ဆက်သွယ်ထားတဲ့ ကုန်သွယ်လမ်းဖြစ်တဲ့ ရှေးခေတ် ပိုးလမ်းမကြီး တလျှောက်မှာရော အဲဒီလမ်းမကြီးတင်မကပဲ ဒေသတွင်း ကုန်သွယ်ရေးနဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဒီလမ်းတွေကို ဖေါက်ဖို့ တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်မှာ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ တရုတ် ၂ နိုင်ငံကုန်သွယ်ရေးနဲ့ သက်မွေးဝမ်းကျောင်းပညာလို ကိစ္စရပ်တွေကို ဒီဒေသမှာ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း သမ္မတဦးထင်ကျော်က ပြောပါတယ်။

တရုတ်သမ္မတ Xi Jinping ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်နေတဲ့ သမ္မတ ဦးထင်ကျော်ဟာ တရုတ်သမ္မတ Xi Jinping အပြင် ဝန်ကြီးချုပ် Li Keqiang နဲ့ တရုတ်ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဌ Zang Dejiang တို့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

၂ နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွါးရေးဆိုင်ရာ နှစ်ဖက် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုး ကြမယ်လို့ မျှော်လင့်ရတဲ့အပြင် ၂ နိုင်ငံကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ ခန့်မှန်းရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဧပြီ ၇ရက်၊ ၂၀၁၇ခုနှစ်။ ကေအိုင်စီ

နောက်လာမည့် လေးနှစ်တာကာလအတွင်း တာဝန်ထမ်းဆောင်သွားမည့် ဗဟိုအမြဲတမ်းကော်မတီဝင်များကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ရွေးကောက်ပွဲတွင် ဧပြီလ ၇ရက်(ယနေ့)ညနေပိုင်းက ရွေးကောက်တင်မြှောက်ခဲ့ရာ၌ ယခင် ထိပ်ပိုင်းခေါင်းဆောင် ၃ဦးမှာ ပြန်လည် ပါဝင်လာခြင်းမရှိကြောင်း ကေအိုင်စီက သတင်းရယူခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ကိုယ်စားလှယ် ၂၁၇ဦးထဲမှ ဗဟိုအမြဲတမ်းကော်မတီဝင်လောင်း ၆၀ဦးကို လျှို့ဝှက်မဲ ပေးစနစ်ဖြင့် ဧပြီလ ၆ရက်နေ့က ဆန္ဒမဲထည့်ကာ ရွေးကောက်ခဲ့ကြပြီး အရေအတွက် အပြည့်အစုံကို ဧပြီလ ၇ရက်နေ့ မနက် တွင် အတည်ပြုခဲ့ကြသည်။

ထို့နောက် ဧပြီလ ၇ရက်နေ့ညနေတွင် ၎င်း ၆၀ဦးအနက် ၄၁ဦးကို ဆက်လက် ရွေးကောက်ခဲ့ရာ ယခင် ထိပ်ပိုင်းခေါင်းဆောင် (ကြီးငါးကြီး)အနက် ဒု-ဥက္ကဌ ပဒိုနော်စီဖိုးရာစိန်၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲနှင့် တွဲဘက် အထွေထွေအတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းတို့မှာ ပါဝင်ခြင်း မရှိတော့ဘဲ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းတို့မှာ ဗဟိုအမြဲတမ်းကော်မတီအသစ်တွင် ပြန်လည် ရွေးကောက်ခံရသည်။

ကေအဲန်ယူ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခရိုင်နှင့် တပ်မဟာ (၇)ခုတို့မှ ခရိုင်ဥက္ကဌနှင့် တပ်မဟာမှူး စုစုပေါင်း ၁၄ဦးမှာ ဗဟို အမြဲတမ်းကော်မတီထဲတွင် အလိုအလျောက် ပါဝင်ပြီးဖြစ်သည်။ ကျန် ၄၁ဦးကိုမူ ရွေးကောက်ပွဲ ကိုယ်စားလှယ်များထဲမှ ရွေး ကောက်ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ကျင်းပခဲ့သည့် (၁၅)ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်တွင် ဗဟိုအမြဲတမ်းကော်မတီဝင်များကို ၄၅ဦးသာ သတ်မှတ်ခဲ့ကြသော်လည်း (၁၆)ကြိမ်မြောက် ကွန်ဂရက်တွင် ၅၅ဦး တိုးချဲ့သတ်မှတ် ဆုံးဖြတ်ခဲ့ကြသည်။ ယခု ရွေးကောက်ခံရသည့် ဗဟိုအမြဲတမ်းကော်မတီဝင်များထဲတွင် အမျိုးသမီး ၅ဦးပါဝင်ပြီး ၎င်းတို့အနက် ဘိတ်-ထားဝယ်ခရိုင်မှ နော်လွဲလွဲဖော ၂၄နှစ်မှာ အသက် အငယ်ဆုံး ဗဟိုကော်မတီဝင်ဖြစ်သည်။

လုပ်ထုံးလုပ်နည်းအရ ကေအဲန်ယူ၏ ဗဟိုအမြဲတမ်းကော်မတီကို ရွေးကောက်တင်မြှောက်ပြီးလျှင် ထို ၅၅ဦးထဲမှ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဘက်အထွေထွေအတွင်းရေးမှူးများကို ဧပြီလ ၈ရက်နေ့တွင် ဆက်လက် ရွေးကောက် တင်မြှောက်သွားကြမည်ဖြစ်သည်။

ထို့အပြင် ဗဟို တရားသူကြီးချုပ်ကိုလည်း ရွေးကောက်ပွဲ ကိုယ်စားလှယ်များကသာ လျှို့ဝှက်မဲဖြင့် ဆက်လက် ရွေးကောက် သွားပြီးမှသာ ကျန် အလုပ်အမှုဆောင်အဖွဲ့ဝင်များကို ကြီးငါးကြီးသာ ဆွေးနွေးဆုံးဖြတ်ရကြောင်း ကေအဲန်ယူ၏ ဖွဲ့စည်းပုံထဲတွင် ဖော်ပြထားသည်။

 ကေအိုင်စီ
http://kicnews.org



ပါဝင်တဲ့ ပစ္စည်း အမျိုးအစားတွေ တိတိကျကျ ဖော်ပြဖို့လို
ဘေးဥပါဒ် အန္တရာယ် ဖြစ်စေတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေ မြန်မာ နိုင်ငံ ဈေးကွက်ထဲ ရောက်မလာဖို့ အဆင့်ဆင့် ကြိုတင် ကာကွယ် တားဆီး သွားမယ်လို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့က ပြောပါတယ်။

နယ်စပ်ကနေ ဝင်လာမယ့် ကုန်ပစ္စည်းတွေကို သေချာ စိစစ်မှာ ဖြစ်တဲ့ အပြင်၊ ရွေ့လျား အဖွဲ့ငယ်တွေ အသုံးပြုပြီး တော့လည်း စစ်ဆေး သွားမယ်လို့ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး အဖွဲ့ FDA ရဲ့ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသန်းထွဋ် က ဘီဘီစီကို ပြောပါတယ်။

ဈေးကွက်ထဲကိုလည်း ဌာနပေါင်းစုံ အဖွဲ့တွေ တစ်လ နှစ်ကြိမ် ဝင်စစ်ဖို့လည်း နေပြည်တော် အလုပ်ရုံ ဆွေးနွေးပွဲမှာ အကြံ ပြုခဲ့တယ် ဆိုပြီး ဒေါက်တာသန်းထွဋ် က ဆိုပါတယ်။

ပြည်တွင်း လုပ်ငန်းရှင် တွေ အနေနဲ့လည်း ကုန်ပစ္စည်း အမှတ်တံဆိပ်ကို မြန်မာလို ရေးသား ရမှာဖြစ်ပြီး၊ သက်တမ်း ကုန်ဆုံးတဲ့ နေ့စွဲနဲ့ ပါဝင်တဲ့ ပစ္စည်း အမျိုးအစားတွေကိုလည်း တိတိကျကျ ဖော်ပြဖို့ လိုအပ်တယ်လို့ ဒေါက်တာသန်းထွဋ် က ဆိုပါတယ်။

ဒါတွေဟာ ကုန်ပစ္စည်း အမှတ်တံဆိပ် ဥပဒေ အဖြစ် အတိအကျ ပြဌာန်း ထားပြီး ဖြစ်ပါတယ်။

ပြည်တွင်း စားသောက်ကုန် တွေကို အန္တရာယ် ကင်းရှင်းကြောင်း ခွင့်ပြုချက် ပေးဖို့ FDA က စိစစ်တဲ့ အခါမှာတော့ ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်ဖို့ ဆိုရင် ဝန်ထမ်း ဦးရေ တိုးချဲ့ဖို့ လိုနေသေးတယ် လို့ ဒေါက်တာသန်းထွဋ်က ဆိုပါတယ်။

စားသောက်ကုန်တွေမှာ ဆိုးဆေး အပါအဝင် မလိုလား အပ်တဲ့ ဓာတု ပစ္စည်းတွေ ထည့်သွင်း ထားတဲ့ ပြဿနာမျိုး ရှိနေတဲ့ အတွက် FDA အနေနဲ့ စားသုံးရန် မသင့် ကုန်ပစ္စည်းတွေ ဆိုပြီး အခါအားလျော်စွာ အများ ပြည်သူကို ထုတ်ပြန် ကြေညာ ပေးနေရပါတယ်။

BBC Burmese
http://www.bbc.com/burmese



မြန်မာအမျိုးသမီး ဘောလုံးအသင်း ဆီးရီးယားကို ၁၄ဂိုး ဂိုးမရှိနဲ့နိုင်။
၂၀၁၈ ခုနှစ် AFC အာရှဖလား အမျိုးသမီးဗိုလ်လုပွဲအတွက် အုပ်စုပါတ်လည်ခြေစစ်ပွဲမှာ မြန်မာအသင်းက ဆီးရီးယားအသင်းကို ၁၄ ဂိုး၊ ဂိုးမရှိနဲ့ နိုင်သွားပါတယ်။ အုပ်စု D မှာပါတဲ့ မြန်မာအသင်းအတွက် ဒုတိယမြောက်အနိုင်ရမှုဖြစ်ပါတယ်။ သောကြာနေ့က Vietnam နိုင်ငံ Hanoi မြို့တော်က Vietnam လူငယ်ဘောလုံးသင်တန်းကွင်းမှာ ကစားခဲ့ကြတဲ့ပွဲမှာ မြန်မာအမျိုးသမီးအသင်းက ပထမပိုင်း မပြီးခင်ထဲက ၇ ဂိုးသွင်းနိုင်ခဲ့တာပါ။ ပွဲတခုလုံးမှာ ဂိုးအများဆုံး သွင်းပေးခဲ့သူကတော့ အလယ်တန်းက မဝင်းသင်္ဂီထွန်းဖြစ်ပါတယ်။ သူက ပထမပိုင်းမှာ ၃ ဂိုး ဒုတိယပိုင်းမှာ ၂ ဂိုးစုစုပေါင်း ၅ ဂိုး သွင်းခဲ့တာပါ။


ရှေ့တန်းတိုက်စစ်မှူး မရီရီဦးကတော့ ၄ ဂိုး။ အလယ်တန်းက နော်အဲလိုဝါးဖောက ၃ ဂိုး။ မဖြူပွင့်ခိုင်နဲ့ မဝေဝေအောင်တို့က ၁ ဂိုးစီ သွင်းခဲ့ကြပါတယ်။ မြန်မာအသင်းမှာ ဒဏ်ရာရထားတဲ့ အသင်းသား ၂ ယောက်ကလွဲလို့ တသင်းလုံး သိပ်ကိုကြံခိုင်မှုရှိကြတယ်လို့ အသင်းနည်းပြ Roger Reijners ကပြောပါတယ်။ တနင်္ဂနွေနေ့ကျရင် စင်္ကာပူနဲ့ကစားရမယ့်ပွဲဟာ လောလောဆယ်အရေးအကြီးဖြစ်တယ်လို့လည်း သူကပြောပါတယ်။ အုပ်စု D အတွက် မြန်မာအသင်းနောက်ဆုံးကစားရမှာက Vietnam အသင်းနဲ့ဖြစ်ပါတယ်။

အဲဒါကတော့ April လ ၁၁ ရက် အင်္ဂါနေ့မှာပါ။ လောလောဆယ် စုစုပေါင်းဂိုးအရေအတွက် အများဆုံးရထားတဲ့ Vietnam အသင်းက အမှတ်ပေးဇယားမှာ ထိပ်ဆုံးမှာရှိနေပြီး မြန်မာအသင်းက ဒုတိယနေရာမှာ ရောက်နေပါတယ်။ ၂၀၁၈ ခုနှစ်မှာကျင်းပမယ့် ၁၉ ကြိမ်မြောက် AFC အာရှဖလား အမျိုးသမီးဗိုလ်လုပွဲတွေကတော့ ဂျော်ဒန်နိုင်ငံမှာကျင်းပမှာဖြစ်ပါတယ်။ ပထမပွဲစဉ်မှာတော့ မြန်မာအသင်းက အီရန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



လုံခြုံရေး ကောင်စီမှာ အရေးပေါ် စည်းအဝေး
ဆီးရီးယား အစိုးရကို စစ်ရေး အရ အရေးယူ ဆောင်ရွက်မှုတွေ ဆက်လက် ပြုလုပ်ကောင်း ပြုလုပ် ဦးမယ် ဆိုပြီး အမေရိကန်က ပြောပါတယ်။

ဆီးရီးယား အစိုးရက ဓာတု လက်နက်သုံး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ အသုံး ပြုခဲ့တယ်လို့ အမေရိကန်က ယူဆထားတဲ့ လေတပ် စခန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ် ခဲ့ပြီးတဲ့နောက်၊ အခုလို ထပ်ပြီး သတိပေး လာတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အရေးပေါ် အစည်းအဝေးမှာ အမေရိကန် သံအမတ် နစ်ကီဟေလီက ပြောတာ ဖြစ်ပါတယ်။

အမေရိကန် အနေနဲ့ အခြေအနေတွေ အပေါ် သုံးသပ် နေပြီး၊ စစ်ရေး လုပ်ဆောင်ချက်တွေ ထပ်လုပ်ဖို့လည်း အသင့် ပြင်ဆင် ထားတယ်လို့ မစ္စ ဟေလီက ဆိုပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ ရုရှား လက်ထောက် သံအမတ် ဗလာဒီမီယာ ဆာဖရွန်နော့ဗ် ကတော့ အမေရိကန် ရဲ့ အပြုအမူဟာ အင်မတန် လွဲမှားပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက် ခဲ့တာ ဖြစ်တဲ့အပြင် ဆီးရီးယား အရေးနဲ့ ပတ်သက် ပြီးတော့လည်း နောက်ဆက်တွဲ ဆိုးကျိုးတွေ ပြင်းပြင်းထန်ထန် သက်ရောက် လာလိမ့်မယ်လို့ ပြောဆို ခဲ့ပါတယ်။

ဆီးရီးယား အရေးမှာ အခြေအနေတွေ ပိုဆိုး မသွားဖို့ ပါဝင် ပတ်သက် နေသူတွေ အားလုံး စဉ်းစဉ်းစာစား လုပ်ဆောင် ကြပါ ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတားရက်ရှ်က တိုက်တွန်း နေပါတယ်။

သူတို့ရဲ့ လေတပ် စခန်းကို အမေရိကန်က ဒုံးကျည်တွေနဲ့ ပစ်ခတ် ခဲ့တာဟာ အဆင်ခြင် မရှိပဲ တာဝန်မဲ့ လုပ်ဆောင်တာလို့ ဆီးရီးယား အစိုးရက ရှုတ်ချ နေပေမယ့်၊ ကမ္ဘာတလွှားက အမေရိကန် မဟာမိတ်တွေ ကတော့ အမေရိကန် အပေါ် ထောက်ခံမှု အပြည့် ပေးနေပါတယ်။

ဆီးရီးယား အရပ်သားတွေပါ ဓာတု အဆိပ်ငွေ့တွေသုံး တိုက်ခိုက် ခံခဲ့ရတဲ့ နောက် လက်သည်ဟာ ဆီးရီးယား အစိုးရ ဖြစ်တယ် ဆိုပြီး အမေရိကန်က လက်တုံ့ ပြန်လာတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



ရေယာဉ် နစ်မြုပ်မှုအား ကယ်ဆယ် ဆောင်ရွက်နေမှု အခြေအနေများအား တွေ့ရစဉ်(ဆင်ဟွာ)
    ရန်ကုန် ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ငဝန်မြစ်အတွင်း ရေယာဉ် နစ်မြုပ်မှုမှ အသက်ရှင်သူ ၄၀ ဦးအထိ တိုးလာခဲ့ပြီး သေဆုံးသူ ၂၀ ဦးရှိကြောင်း ပုသိမ် ရေကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ယနေ့ ဧပြီ ၇ ရက် ည ၁၁ နာရီခွဲဝန်းကျင် အချိန်တွင် ကယ်ဆယ်ရရှိမှု အခြေအနေအား ဆင်ဟွာသို့ ပြောကြားခဲ့သည်။

"အသက်ရှင်တာက ကျား ၃၆ ဦး ၊ မ ၄ ဦးပါ။ သေဆုံးတဲ့ ၂၀ ထဲမှာ ကလေးက ၃ ယောက်ပါတယ်။ အသက်ရှင်တဲ့ သူတွေကိုယ်တိုင် လှေပေါ်မှာ ဘယ်နှစ်ယောက် ပါလာလဲ သူတို့ မသိဘူး။ မြုပ်သွားတဲ့ လှေရဲ့ မောင်းတဲ့သူကိုလဲ ဆယ်လို့ ရတဲ့ အထဲမှာ မတွေ့ဘူး။ အသက်ရှင် ထွက်လာတဲ့ အထဲမှာ ငွေကြယ်ပွင့် သင်္ဘောမောင်းတဲ့သူကို ရှာလို့ မတွေ့သေးဘူး။ ကျောက်သယ် သင်္ဘောက ရေယာဉ်အုပ်ကိုတော့ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းကို လွှဲပေးလိုက်ပါပြီ။ အသက်ရှင် ကျန်တဲ့သူတွေကိုတော့ ခုချိန်ထိ လိုက်ရှာနေဆဲပါပဲ" ဟု ပုသိမ် ရေကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ယခုအခါတွင် ရေယာဉ် နစ်မြုပ်မှုမှ  သေဆုံးသူ ၂၀ ဦး၏ ရုပ်အလောင်းများအား ဆယ်ယူထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကြက်တန်းကူးတို့ဆိပ်အောက်ဘက် ပုသိမ်ထီးအနီး ငဝန်မြစ်အတွင်း မင်္ဂလာဆောင်မှပြန်လာသော ငွေကြယ်စင် ခရီးသည်တင်ရေယာဉ်နှင့် နဒီရွှေဇင်ကျောက်သယ်သင်္ဘောတို့ သည် ယနေ့ ဧပြီ ၇ ရက် ၊ ည ၇ နာရီခွဲဝန်းကျင် အချိန်တွင် မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားပြီး ငွေကြယ်စင် ခရီးသည်တင်ရေယာဉ် နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com



ကျန်းမာရေးနှင့် အားကစား ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဝင်း အဖွင့်အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံတွင် စိတ်ကျရောဂါသည် စိတ်ရောဂါများအနက် တတိယ အများဆုံး ဖြစ်ပွားနေ သည့် ရောဂါဖြစ်ပြီး လူဦးရေ သုံးသိန်းခန့် ရောဂါခံစားနေရသည်ဟု ကျန်းမာရေးနှင့် အား ကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ စိတ်ကျရောဂါဟာ စိတ်ရောဂါတွေထဲမှာ တတိယ အများဆုံး ဖြစ်ပြီး လူ တစ်ထောင်မှာ ၅ ဒသမ ၇ ယောက်နှုန်း ဖြစ်ပွားကာ လူဦးရေ သုံးသိန်းခန့် ရောဂါ ခံစားနေကြရ ပါတယ်၊ မဖော်ထုတ်နိုင်တဲ့ ရောဂါသည်များစွာလည်း ကျန်ရှိနေနိုင်ကြောင်း သုတေသန ပြုချက်တွေအရ သိရပါတယ်” ဟု နေပြည်တော် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနတွင် ယနေ့ ပြုလုပ်ခဲ့သည့် (၆၉) နှစ်မြောက် ကမ္ဘာ့ ကျန်းမာရေးနေ့ အခမ်းအနား၌ ၎င်းက ပြောခဲ့ သည်။

လက်ရှိ အခြေအနေ၌ ကမ္ဘာတစ်ဝန်းလုံးတွင် စိတ်ကျရောဂါ ခံစားနေရသူပေါင်း ၃၂၂ သန်းရှိပြီး အရှေ့ တောင်အာရှတွင် ၈၆ သန်း ရှိကြောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဆယ်နှစ်တာအတွင်း စိတ်ကျရောဂါ ဝေဒနာရှင် ဦးရေ ၁၈ ရာခိုင်နှုန်းကျော် မြင့်တက် လာခဲ့ကြောင်း၊ လူဦးရေ ရှစ်သိန်းနီးပါးခန့် က မိမိကိုယ်ကို အဆုံးစီရင်လျက်ရှိကြောင်း လည်း ၎င်းက ပြောခဲ့သည်။

ကမ္ဘာ့ ကျန်းမာရေးနေ့  အခမ်းအနားတွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ဌာနေ ကိုယ်စားလှယ် Dr. Stephan Paul Jost က ပြောကြားစဉ် (ဆင်ဟွာ)
ကမ္ဘာ့ ကျန်းမာရေးနေ့  အခမ်းအနား ပြခန်းများတွင် ညွှန်ာကားရေးမှူးချုပ်နှင့် တက်ရောက်လာသူများ လှည့်လည်ကြည့်ရှုကြစဉ် (ဆင်ဟွာ)
“စိတ်ကျရောဂါ အဖြစ်များလာရတဲ့ အကြောင်းရင်းတွေမှာ ပြည်သူတွေ စိတ်ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ဗဟုသုတ နည်းပါးတာ၊ ဒီရောဂါပဲလို့  သတိထားမိရင်တောင် ကိုယ်တိုင်က မိသားစုတွေက လက်မခံနိုင်တာ၊ ရောဂါလို့ လက်ခံရင်လည်း မီးယပ်ရောဂါ၊ အတက်ရောဂါ တွေလို တခြားရောဂါတွေနဲ့  ရောထွေးပြီး ကုသမှုခံယူတာတွေကြောင့် မှန်ကန်တဲ့ ကုသမှု မရကြတာတွေ တွေ့ ရပါတယ်၊ စိတ်နဲ့ ပတ်သက်တဲ့ ရောဂါ ဆိုတာနဲ့  ခွဲခြား ဆက်ဆံ ခံရတာတွေလည်း ရှိနေကြသေးတယ်” ဟုလည်း ၎င်းက တင်ပြခဲ့သည်။

ထို့ အပြင် ၎င်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြားသကဲ့သို့  ကျန်းမာရေးကို အိမ်တွင်းက စတင်ကြရန်၊ အိမ်တိုင်း မိသားစုတိုင်းက ကျန်းမာရေး အသိ ရှိကြရန်နှင့် “စိတ်ကျ ဝေဒနာ၊ ပြောဆို တိုင်ပင် ဆွေးနွေးပါ” ဟူသည့် ကမ္ဘာ့ ကျန်းမာရေးနေ့ ဆောင်ပုဒ်နှင့်အညီ ပြည်သူ အားလုံး ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ လွှတ်တော်များမှ ကျန်းမာရေး ကော်မတီ ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ၊ စေတနာ့ ၀န်ထမ်း အဖွဲ့ အစည်း အသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ WHO မှ Dr. Stephen Paul Jost နှင့် ဌာနေ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး Dr. Stephen Paul Jost က WHO ၏ အရှေ့ တောင်အာရှဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူးထံမှသ၀ဏ်လွှာကို ဖတ်ကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com



လူတစ်ယောက် ဖမ်းဆီးထား
ဆွီဒင် နိုင်ငံ မြို့တော် စတော့ဟုမ်း မှာ ကုန်တင် လော်ရီကား တစ်စင်းက လမ်းနံဘေးက လမ်းသွား လမ်းလာတွေထဲ ဝင်တိုက်ပြီး၊ နောက်ဆုံး မြို့လယ်က ကုန်တိုက် တစ်ခုထဲ အထိပါ မောင်းဝင် သွားခဲ့ပါတယ်။

ဒီလုပ်ရပ်ကြောင့် လူ ၄ ယောက် သေဆုံး ခဲ့ရပြီး၊ ၁၅ ယောက် ဒဏ်ရာ ရသွားပါတယ်။

ကုန်တင်ကုန်ချ လုပ်နေတဲ့ ထရပ်ကား တစ်စင်းရဲ့ ခေါင်းခန်းထဲ လူတစ်ယောက် ခုန်တက်ပြီး၊ ယာဉ်ကို မောင်းပြေး သွားပြီးတဲ့နောက် အခုလို ပြုမူ ခဲ့တာလို့ မျက်မြင် တွေ့ခဲ့ရသူ တစ်ဦးက ပြောပါတယ်။

ဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူတစ်ယောက်ကို ဖမ်းထားတယ်လို့ ဆွီဒင် ရဲတပ်ဖွဲ့က ပြောပါတယ်။

အဖြစ်အပျက်ကို ကြည့်ရင် ကျူးလွန်သူဟာ အကြမ်းဖက် ဝါဒကို အခြေခံ တိုက်ခိုက် ခဲ့တယ် ဆိုတာ သိသာနေတယ် ဆိုပြီး ဆွီဒင် ဝန်ကြီးချုပ် စတေဖန် လူဗိန်းက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


နေပြည်တော် ပျဉ်းမနားအချုပ်ခန်းမှ အချုပ်သား ၂ ဦး ယနေ့ (ဧပြီ ၈) နံနက် ၈ နာရီခန့်တွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသည်။

ထွက်ပြေးတရားခံနှစ်ဦးမှာ ပျဉ်းမနားရဲစခန်းမှ ပ ၂၅၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အရေးယူခံထားရသူ ဝင်းထိုက်ကျော် နှင့် ငွေသိန်း (ခေါ်) ညီညီတို့ဖြစ်ကြောင်း ကနဦးသတင်းအရ သိရသည်။

လက်ရှိတွင် အဆိုပါထွက်ပြေးတရားခံများအား ပြန်လည်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

ထွန်း(နေပြည်တော်)
News Watch
https://www.facebook.com/NewsWatchJournal


(Fergal Keane, BBC News) : ပြောင်းလဲမှုကိုပြောရမယ်ဆိုရင် သာမာန်ပြည်သူတွေရဲ့ဘဝမှာပေါ့ ၊ တောင်အာဖရိကမှ တွေ့ကြုံခဲ့ရတဲ့ အခြေအနေမျိုးပေါ့၊ လွတ်မြောက်ရေးလှုပ်ရှားမှုတစ်ရပ်အပြီး အာဏာရ လာတဲ့အချိန်မှာ စိတ်တိုင်းမကျဖြစ်တဲ့ အနေအထားမျိုးတွေရှိနေတယ်လို့ ခံစားမိပါသမလား။ ပြည်သူတွေရဲ့ဘဝတွေပိုမိုကောင်းမွန်ဖို့ ဘာတွေများလုပ်ပေးပြီးပါပြီလဲ။

State Counsellor ■ လက်တွေ့ကျကျပြောမယ်ဆိုရင် လမ်းတွေအများကြီးဖောက်ခဲ့တယ်။ ရှင်တို့အနေနဲ့ ဒီလိုလုပ် တာဟာဘာမှ ကြီးကြီးမားမားမဟုတ်ဘူးလို့ ထင်ကောင်းထင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင်တို့ဆီမှာ လမ်းတွေဟာဘိုးဘွားတွေလက်ထက်ကတည်းက ဖောက်လုပ်ပြီးနေပြီလေ၊ ကျွန်မတို့ဆီမှာတော့ အဓိပ္ပါယ်အများကြီးရှိပါတယ်။ ရာသီမရွေးသွားလာနိုင်တဲ့ လမ်းတွေဟာ လူတွေအတွက် အများကြီးပြောင်းလဲစေတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။ မနှစ်ကဆိုရင် ကျွန်မတို့ရဲ့ ဦးစားပေးလုပ်ငန်းတွေထဲ မှာ အလုပ်အကိုင်ဖန်တီးရေးကို ဦးစားပေးတစ်ရပ်အနေနဲ့ ထားခဲ့တယ်။ တစ်နှစ်အတွင်းမှာ သတိပြုမိတာက ရာသီမရွေးသွားနိုင်တဲ့ လမ်းတွေဖောက် လုပ်နိုင်ရင် ၊ လျှပ်စစ်ဓာတ်အား တွေပိုမိုဖြန့်ဖြူးနိုင်ရင် ပြည်သူတွေအနေနဲ့ သူတို့ကိုယ်တိုင်က စတင်ပြီး လုပ်ငန်းတွေလုပ်ကိုင်လာနိုင်ကြမှာ ဖြစ်ပါတယ်၊ ဒီလိုဖြစ်လာတာဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေပါတယ်။

SC ■ ဒါပေမယ့် ကျွန်မတို့အနေနဲ့ ကောင်းမွန်အောင်လုပ်နိုင်ခဲ့တဲ့ လုပ်ငန်း တစ်ခုကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်အောင်ဆောင်ရွက် နိုင်ခဲ့တာ ဟာလည်း ပိုပြီး သိသာတဲ့ ဆောင်ရွက်ချက် လို့ထင်ပါတယ်။ ကျွန်မတို့အနေနဲ့ လိုရာ ရောက်ပြီလို့တော့မပြောနိုင်သေးပါဘူး၊ ဒါပေမယ့် အောင်မြင်မှု တစ်ရပ်ပါ၊ အထူးသဖြင့် ပြည်သူတွေပိုမိုပါဝင်လာတာဖြစ်ပါတယ်။

BBC: အစ်မကြီးအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ တနှစ်တာအတွင်းရရှိခဲ့တဲ့ အောင်မြင်မှု တစ်ရပ်လို့ပြောခဲ့ပါတယ်၊ ဒါပေမယ့်အချို့ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင် များနဲ့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတာကို တွေ့နေရပါတယ်။

SC ■ ကျွန်မတို့ ငြိမ်းချမ်းရေးအတွက် လုပ်ကြတယ်ဆိုတာ တိုက်ခိုက်မှုတွေရှိနေလိုပေါ့။ တိုက်ခိုက် မှုတွေသာ မရှိရင် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်စရာလည်း လိုဦးမှာလား၊ တိုက်ခိုက်မှုအားလုံး အဆုံးသတ်ပြီး အားလုံးအခြေအတကျဖြစ်နေပြီဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာလဲ ပြီးဆုံး သွားပြီလို့ ဆိုရမှာပေါ့၊ ဒါ့ကြောင့် အစကတည်းက ကျွန်မတို့အနေနဲ့ လိုရာတော့မရောက်သေးဘူး လို့ပြောခဲ့တာပေါ့။

BBC : အစ်မကြီးအနေနဲ့ တပ်မတော် အပေါ်မှာလား ထိန်းချုပ်နှိုင်မှုမရှိဘူး၊ လုံခြုံရေးတပ်ဖွဲ့တွေကိလည်း မထိန်းချုပ်နိုင်ဘူး၊ တိုက်ပွဲတွေဖြစ်တဲ့ အခါမှာ သူတို့တွေအနေနဲ့ လုယက်မှု၊ မုဒိမ်းမှုနဲ့ နှိပ်စက် ညှင်းပန်းမှုတွေကို သူတို့ လုပ်နေကျအတိုင်း လုပ်နေတာကိုရော။

SC ■ သူတို့တွေအနေနဲ့ လုယက်မှု၊ မုဒိမ်းမှုနဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို လုပ်ခွင့် မရှိပါဘူး၊ သူတို့တွေအနေနဲ့ တိုက်ပွဲတွေကိုတော့ တိုက်ခိုက် နိုင်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်ရေးစစ်ရာကိစ္စတွေကို တပ်မ‌တော် ကသာ စီမံခန့်ခွဲပိုင်ခွင့် ပြဌာန်းထားတယ်လေ၊ ဒါ့ကြောင့်လဲ ကျွန်မတို့အနေနဲ့ အခြေခံဥပဒေကို ပြောင်းဖို့ကြိုးစားနေတာပေါ့ ၊ အခြေခံဥပဒေကို ပြင်ဆင်နိုင် ဖို့ဆိုတာ ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ NCA ရဲ့နောက်ဆုံး ပန်းတိုင်က ဖယ်ဒရယ်စနစ်အခြေခံတဲ့ ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေကို ပြဌာန်းနိုင်ဖို့လေ၊

BBC : မြန်မာ့ သမိုင်းလမ်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် လွပ်လပ်ရေးရပြီးကတည်းက ဘာတွေဖြစ်နေ တာပါလဲ။

SC ■ ရှင့်အနေနဲ့ တောင်အာဖရိကမှာ နေဖူးကြုံဖူးခဲ့တာပဲ၊ အသားအရောင်ခွဲခြားမှု မူဝါဒကို အဆုံး သတ်နိုင်ခဲ့တယ်။ ရှင်အနေနဲ့တော့မဟုတ်ဘူးပေါ့။ တောင်အာဖရိက ပြည်သူပြည်သား တွေအားလုံး ဝိုင်းဝန်း လုပ်ဆောင်နိုင်ခဲ့တာပဲ၊

BBC : ဘယ်အချိန်အတိုင်းအတာကို ပြောနေတာလဲ။ လပိုင်းအတွင်းလား နှစ်ပိုင်းအတွင်းလားခင်ဗျား။

SC ■ နှစ်အနည်းငယ်ထက်တော့ ပိုမကြာသင့်ဘူးလို့ မျှော်လင့်ထားပါတယ်၊ အဲဒီလိုဖြစ်အောင်လည်း ရည်မှန်းဆောင်ရွက်နေပါတယ်။

BBC : နောက်တစ်ခုမေးချင်တာကတော့၊ အစ်မကြီးလည်း သိပြီးသားပါ။ ယခု နိုင်ငံတကာ မှာ စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်နေပြီး ၊ အစ်မကြီးအပေါ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ အမြင်ပါ။ သတင်းစာ ခေါင်းကြီးပိုင်းတွေကိုလည်း အစ်မကြီးတွေ့ပြီးဖြစ်မှာပါ။ အစ်မကြီးအနေနဲ့ ရိုဟင်ဂျာမူဆလင်တွေကိစ္စ ကိုင်တွယ်ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ထင်ပေါ် ကျော်ဇောသူတွေက ဝေဖန်ရှုတ်ချပြောဆိုနေတဲ့ ကိစ္စပါ။

SC ■ သူတို့က ဘာကို ရှုတ်ချနေတာလဲ။

BBC : ရခိုင်ပြည်နယ်အတွင်းကို ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ တစ်ဖွဲ့ စေလွှတ်တာကို အစ်မကြီးကို လက်ခံစေချင်တဲ့ကိစ္စပါ။

SC ■ ဒါပေမယ့် အဲ့ဒါက အခုမှဖြစ်တာလေ၊ ပြီးခဲ့တဲ့ လကမှ သူတို့တောင်းဆို တာလေ၊ ပြီးခဲ့တဲ့ တစ်နှစ်လုံး ဘာတွေကို ရှုတ်ချနေတာလဲ။

BBC : လူတွေအများကြီးကပေါ့၊ အစ်မကြီးအပေါ်စာနာစိတ်ရှိတဲ့လူတွေ အပါအဝင်ပေါ့၊ လူ့အခွင့်အရေး အထင်ကရပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဘာကြောင့်ဒီကိစ္စကို တစ်စုံတစ်ရာမပြောတာလဲ ဆိုပြီးတော့ ပေါ့နော်။

SC ■ တစ်စုံတစ်ရာ ပြောဆိုမှု မပြုဘူးဆိုတာ ဘာကိုပြောတာလဲ။ ဒီမေးခွန်းမျိုး ယခင် ၂၀၁၃ ခုနှစ် ရခိုင်အရေးကိစ္စ ဖြစ်စဉ်ကလည်း မေးခဲ့ကြတယ်လေ။ အဲ့ဒီတုန်းကလည်း သူတို့တွေ့ မေးခဲ့သမျှ ကျွန်မပြန်ဖြေခဲ့တယ်။ ဒါမေမယ့် ကျွန်မဘာမှ မပြောဘဲနေတယ်လို့ဘဲပြောကြပြန်ရော။ အဲဒါက ရှင်းပါတယ်၊ ကျွန်မက သူတို့ကြားချင်တဲ့ စကားမျိုး မပြောလို့လေ၊ သူတို့ကြားချင်တာက အသိုက်အဝန်း နှစ်ခုတည်းက တစ်ခုကို ရွေးချယ်ပြီး ပြစ်တင်ဝေဖန်တာ ကို ကြားချင်တာပါ။

BBC : နိုဘယ်ဆုရှင်တွေရဲ့ ပြောခဲ့တဲ့စကားအချို့ကို ကိုးကားပြောချင်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် အား အကြိမ်ကြိမ်အခါခါ အသနားခံပြောကြား ခဲ့သော်လည်း ရိုဟင်ဂျာများရဲ့ တန်တူရည်တူရှိမှု နှင့် နိုင်ငံသားအခွင့်အရေး အပြည်အဝ ရရှိခံစားနိုင်ရေးအတွက် အရေးယူဆောင်ရွက် ပေးခြင်း မရှိသည့်အတွက် စိတ်ပျက်ရကြောင်း” ၊ ပြီးတော့ “ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင် တစ်ယောက်အနေနဲ့ သတ္တိရှိရှိ၊ လူသားဆန်ဆန် နှင့် သနားကြင်နာမှုနဲ့ အဓိကဦးဆောင်ရမည့် တာဝန်ရှိကြောင်း၊” အချုပ်အားဖြင့် အစ်မကြီးအနေနဲ့ လူသားဆန်တဲ့စိတ်ဓာတ်ရှိ/မရှိဆိုတဲ့ စမ်းသတ်ချက်ဖြစ်ပြီး အမ်မကြီးအနေနဲ့ ကျရှုံးတယ်လို့ သူတို့ရှုမြင်ကြောင်း။

SC ■ ဒါကတော့ သူတို့ရဲ့အမြင်ဖြစ်ပါတယ်။ အမှန်တရားကတော့ ကျွန်မတို့ အနေနဲ့ နိုင်ငံတာဝန် စယူတဲ့အချိန်မှာ ပထမဦးဆုံးဆောင်ရွက်ခဲ့ကိစ္စက နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ဆိုတာကို သူတို့ထည့် သွင်းစဉ်းစားမိပါသလား။ နိုင်ငံသားဖြစ်ထိုက်သူတွေ နိုင်ငံသားဖြစ်လာစေဖို့ ဆောင်ရွက်ခဲ့တာပါ။ ကျွန်မတို့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နဲ့အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကိုပါ စလုပ်ဆောင်ခဲ့ပြီး ဒေသအတွင်းတည်ငြိမ်းအေးချမ်းဖို့နဲ့ သဟဇာတ မျှတညီညွတ်ရေးကို ဖေါ်ဆောင်ပေးနေတာပါ။ ရခိုင်ပြည်နယ် အတွင်းမှာ ရှိတဲ့ပြဿနာအတော်များများဟာ အရင်းအမြစ်ရှားပါးမှု နဲ့ အသိုက် အဝန်းနှစ်ခုဟာ သူတို့ရဲ့ရှေ့ရေးကို စိုးရိမ်ကြောင့်ကြမှု တွေရှိနေပါတယ်။

SC ■ အောက်တိုဘာလမှာ နယ်ခြားစောင့်ရဲစခန်းတွေကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘာကြောင့်ဖြစ်လာတယ် ဆိုတာကို ဘယ်လိုမှစဉ်းစားလို့မရဘူး၊ အဲဒီအချိန်မှာ နိုင်ငံသားစိစစ်ရေး ကိစ္စတွေ၊ IDP စခန်းကလူတွေကို ပြန်လည်နေရာချထားဖို့ကိစ္စတွေ စတင်ဆောင်ရွက်နေတဲ့ အချိန်ပါ။ ချောချောချူချူ ဆောင်ရွက်နေတဲ့ ကိစ္စတွေ အားလုံး အခု တိုက်ခိုက်မှုတွေကြောင့် ကမောက်ကမဖြစ်ကုန်တယ်။ ဘာအကြောင်းကြောင့် ဒီလိုဖြစ်စရာရှိလဲဆိုတာကို နားမလည် နိုင်ဘူး။ ဒါပေမယ့် လူအတော်များများက အဲဒီလို အခြေအနေ (ဒီလိုဖြစ်လာအောင် ဖန်တီးနေတဲ့ အ‌ခြေအနေ) တွေကို မသိကျိုးကျွံမျက်ကွယ်ပြုနေကြသလိုပါပဲ ။ ဘာကြောင့်မျက်ကွယ်ပြု နေတာလဲ။

BBC : ကျွန်တော် ရဝမ်ဒါ၊ ဘော်လ်ကန်ဒေသများမှာ အကြိမ်ကြိမ် ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ တွေ့မြင်ခဲ့ခြင်း၊ လူအများအားမေးမြန်းမှု ပြုခဲ့လုပ်ခြင်းစသည့်အတွေ့အကြုံများမှ လူမျိုးရေး မုန်းတီးမှုနဲ့ လူမျိုးစုမျိုးသုန်း သတ်ဖြတ်မှု ကွားခြားချက်ကို ကောင်းကောင်းနားလည်ထားပါကြောင်း၊ ရခိုင်ဒေသမှာ စိတ်မကျေမနပ်မှုတွေ တိုးတက်များပြားလာတဲ့အတွက်ကြောင့် အစွန်းရောက် စစ်သွေးကြွတွေရဲ့ လက်ထဲရောက်သွားပြီး ယခုလို တိုက်ခိုက်မှု တွေဖြစ်ပွားခြင်းဖြစ်တယ်လို့များ ထင်ပါသလား။

SC ■ ကျွန်မတို့ချိန်ဆနိုင်တာကတော့၊ အဲဒီအချိန်မှာ အားလုံးအေးအေးချမ်းချမ်းရှိနေတယ်။ ဘာဖြစ်လို့ လဲဆိုတော့ လူတွေက ကျွန်မတို့ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် တွေရဲ့ ရလဒ်တွေကို စောင့်ကြည့်နေလို့ပါ။ အဲဒီလုပ်ငန်းတွေကို ရပ်ဆိုင်းသွားအောင် သေချာတွက် ချက်ပြီး ဆောင်ရွက်တာလားလို့ ထင်ရပါတယ်။

BBC : ဒါတွေကိုရှင်းလင်းသွားဖို့အတွက် နိုင်ငံတကာ အချက် အလက်ရှာဖွေရေးအဖွဲ့ နဲ့ နိုင်ငံတကာ အေဂျင်စီတွေကို လာခွင့်ပြုလိုက်ရင် မကောင်းဖူးလား၊ လာခွင့်ကောပြုမှာလား။

SC ■ ဘာကိစ္စမှ မဖြစ်ခင်ကတည်းက ရခိုင်အရေးကိစ္စများလေ့လာသုံးသပ်ပေး ဖို့ မစ္စတာကိုဖီအာနန်ရဲ့ ကော်မရှင်ကို ဖိတ်ကြားခဲ့တယ်လေ။

SC ■ ဒီလိုလုပ်ခဲ့တာ ကုလသမဂ္ဂကတောင်းဆိုလို့လဲမဟုတ်ဘူး။ ဘယ် အဖွဲ့အစည်းကမှ ကျွန်မတို့မှာ အချက်လက်ရှာဖွေရေးမစ်ရှင် လိုအပ်တယ်လို့မပြောခင်ကတည်းက၊ ဒေါက်တာကိုဖီအာနန်ကို ဖိတ်ခေါ်ခဲ့ပြီး ကောင်မရှင်ကိုဖွဲ့စည်းတယ်။ ရခိုင်ကိစ္စကို ရေရှည်ဖြေရှင်းနိုင်မယ့် နည်းလမ်း တွေရှာဖွေပေးပို့အကူအညီတောင်းခဲ့တယ်။ ကော်မရှင်ကပေးထားတဲ့ အကြံပြုချက်တွေကို ကျွန်မတို့ ဘယ်လိုအကောင်အထည် ဖော်ဆောင်မှု အခြေအနေဘယ်လိုရှိနေ လဲဆိုတာကို သူကို တစ်ခေါက် ပြန်လာပြီး ကြည့်စေချင်ပါတယ်။

BBC : ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပေးသွားတဲ့ သူတွေကို ပြန်လာဖို့ခေါ်မှာလား၊ ပြန်လာရင် လုံခြုံစိတ်ချရပါတယ်လို့ ပြောမှာလား။

SC ■ သူတို့ပြန်လာရင် လုံခြုံမှာပါ၊ ပြန်လာတာ မလာတာ သူတို့ရဲ့ ဆုံးဖြတ်ချက်ပါ၊ တချို့ပြန်လာ ကြပါတယ်၊ ထွက်သွားတဲ့သူတွေကို ဘာကြောင့် ထွက်သွားတယ်ဆိုတာမေးတော့ သူတို့နေတဲ့ နေရာဒေသတွေမှာ တိုက်ခိုက်မှုတွေဖြစ်လို့ ထွက်ပြေးတာလို့ပြောတယ်၊ တိုက်ခိုက်မှု တွေဖြစ်နေဦးမယ် ဆိုလျှင်တော့ သူတို့ ပြန်လာချင်မှာ မဟုတ်ဘူးပေါ့။

BBC : သူတို့ကို လက်ခံ မှာလား။

SC ■ လက်ခံမှာပါ၊ ပြန်လာနေကြတာဘဲ၊ ပြန်လာတဲ့သူတွေကိုလည်း လက်ခံနေတာဘဲ၊

BBC : အစ်မကြီးကို လူတွေက မိမိတိုင်းပြည်မှာ လူမျိုးသုဉ်း သုတ်သင်ရှင်းလင်းမှုဖြစ်ပေါ်နေတာကို တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့ နိုဘယ်ဆုရှင်တစ်ယောက်အဖြစ်သော်လည်းကောင်း၊ လူ့အခွင့်အရေး အတွက် အထင်ကရ ရပ်တည်သူ ပုဂ္ဂိုလ်တစ်ယောက်အဖြစ်လည်းကောင်း မည်သို့ အ
မှတ်တရ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်မှုများ ထားရှိပါသလား။

SC ■ မဖြစ်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ အခုဟာက လူမျိုးသုဉ်း သုတ်သင်ရှင်းလင်းမှုဖြစ်နေတာမှ မဟုတ်တာ၊ လူမျိုးသုဉ်းသုတ်သင် ရှင်းလင်းမှု ဆိုတာ အခုဖြစ်နေတဲ့အခြေအနေကိုပြောဖို့အတွက် မကိုက်ညီပါဘူး။ ပြင်းထန် လွန်းပါတယ်။

BBC : ကျွန်တော်မြင်ခဲ့တော့ ကျွန်တော်ပြောရမှာဘဲ။

SC ■ ကျွန်မ ထောက်ပြခဲ့သလိုပဲ အဲဒီမှာ အာဃာတအမုန်းတရား ကြီးမားကြပါတယ်။ ယုံကြည်သူတွေကပဲ အာဏာပိုင်တွေနဲ့ ပူးပေါင်း သူတွေလို့ထင်တဲ့ မူဆလင် တွေကို မူဆလင်တွေက သတ်ဖြတ် နေကြတာလေ။ ဒါကို လူမျိုးသုဉ်းရှင်းလင်းသုတ်သင်မှုလို့ပြောလို့မရဘူးလေ၊ အဲဒါက တစ်ဖက်နဲ့ တစ်ဖက်ကွာခြားနေတဲ့ အသိုက်အဝန်းကြားမှာ ရှိနေတဲ့ လူတွေအကြားဖြစ်ပေါ်နေတဲ့ ပဋိပက္ခ ကိစ္စပါ၊ အဲဒီကွာခြားနေမှုတွေကို ကျွန်မတို့က ကြိုးစား နီးစပ်အောင် လုပ်ပေးနေတာပါ။ အတတ်နိုင်ဆုံး ဒီထက်ပိုပြီး ကွာခြားမသွားဖို့ ကြိုးပမ်းဆောင်ရွက်ပေးနေတာပါ၊

BBC : အနောက်နိုင်ငံက လူတွေအနေနဲ့ အစ်မကြီးအပေါ် အထင်အမြင် နားလည်မှု လွဲမှားနေတယ်။ အစ်မကြီးရဲ့ စရိုက်လက္ခဏာအပေါ် သုံးသပ်မှု လွဲမှားနေတယ်လို့ ထင်မြင်ပါသလား။ အစ်မကြီး ကို သူတို့အနေနဲ့မဟတ္တမဂန္ဒီ နဲ့ မာသာထရီဆာတို့ကဲ့သို့ မြင်ချင်နေပုံပေါ်တယ်လို့ ထင်ပါသလား? ဒါမှမဟုတ် မာဂရက်သက်ချာလို ဆုံးဖြတ်ချက်ပြတ်သားပြီး သံမဏိကဲ့သို့ မာကျောသူလို့များ မြင်နေမလားလို့။

SC ■ မထင်ပါဘူး။ ကျွန်မက နိုင်ငံရေးသမားတစ်ယောက်ပါ၊ မာဂရက်သက်ချာနဲ့လည်းမတူပါဘူး၊ တစ်ဘက်မှာလည်း မာသာထရီဆာလည်း မဟုတ်ပါဘူး၊ သူတို့နဲ့တူအောင်လည်း တစ်ခါမှ မပြောခဲ့ပါဘူး၊ မဟတ္တမ ဂန္ဒီကတော့ အင်မတန်မှ ပါးရည်နပ်ရည်ရှိတဲ့ နိုင်ငံရေးသမား တစ်ယောက်ပါ။

BBC : မဟတ္တမဂန္ဒီအနေနဲ့ သူ့ရဲ့အသက်အန္တရာယ်ကို မငဲ့ဘဲ လူနည်းစု မူဆလင်တွေအတွက် ကာကွယ်ဖို့လုပ်ခဲ့တာပေါ့နော်၊ အဲဒီလိုမျိုး နမူနာယူစရာလို့ မထင်ဘူးလား?

SC ■ မိမိအသက်ကို စွန့်စားပြီး လုပ်ငန်းဆောင်ရွက်ခဲ့တယ်ဆိုတဲ့ စံနမူထက် သူရဲ့ မွန်မြတ်တဲ့နိယာမ သဘောတာရားတွေကို လေးစားလိုက်နာ နေထိုင်သွားတာက ပိုအရေးပါပါတယ်။

BBC : နောက်ဆုံးမေးခွန်းပါ၊ ဘာ့ကြောင့် ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားပြီး အသိုက်အဝန်း နှစ်ခုလုံးနဲ့တွေ့ပြီး ငြိမ်းချမ်းရေးအတွက် တိုက်တွန်းတာမျိုးမလုပ်တာလဲ?

SC ■ ဘာကြောင့်လည်းဆိုတော့ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့သူတွေ သူတို့လုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့ စွမ်းရည် ရှိကြောင်းကို ပြကြဖို့ အခွင့်အလမ်း ပေးထားတာပါ။ ကျွန်မတို့လူတွေလုပ်ကိုင်ဆောင်ရွက်နေတာကို ၊ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အစွမ်းအစရှိတာကို ယုံကြည်သူ နည်းပါးနေတယ်လေ။

BBC : အခြေခံဥပဒေကို ပြောင်းလဲဖို့မလိုလားတဲ့သူတွေ ၊ တပ်နဲ့ပတ်သက်ပြီး အမြစ်တွယ်နေတဲ့သူတွေ၊ ထောက်လှမ်းရေးပတ်သက်ပြီးရှိနေသူတွေ အနေနဲ့ အစ်မကြီးနဲ့အစ်မကြီးပတ်ဝန်းကျင်က လူတွေကို ပစ်မှတ်ထားလာမှာကို မစိုးရိမ်ဘူး လားခင်ဗျ?

SC ■ ဒါ ကျွန်မစိတ်ထဲထားတဲ့ ကိစ္စမဟုတ်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ NLD စတင်တည် ထောင်ချိန်ကစပြီးလွန်ခဲ့တဲ့ နှစ် ၃၀ လုံး အဲဒီလို အမေးခံရပါတယ်။ လုပ်ကြံနိုင်တဲ့သူတွေရဲ့ လုပ်ကြံခံရမှာ ၊ အမျိုးစုံသော အန္တရယ်ပေးခံရမှာမစိုးရိမ်ဘူလားလို့ မေးခံရပါတယ်၊ ဒီကိစ္စတွေ ကတော့နေ့တဓူဝ စဉ်စားလေ့ရှိတဲ့ကိစ္စမဟုတ်ပါဘူး၊ ဒါ အလုပ်နဲ့ပါလာတဲ့ အစိတ်အပိုင်းပဲပေါ့။

* * * * *

Q: In terms of change, in the lives of ordinary people, one of the things that has happened, as in South Africa, is there is a massive sense of disappointment when a liberation movement comes into power. What have you done to make their life better?

A: In practical ways, lots of roads. You think that may not be much because you come from a country where there were roads from your grandfathers time. But in our country that means a lot. Because all-weather roads make a great difference to ones lives. Last year one of our priorities was job creation. We discovered over this one year that if you start constructing all-weather Roads and provide electrification, people start creating jobs for themselves. That is what has made one of the big differences.

A: But I think, we think, what we've done better, or what I think we have done better is take forward the peace movement. We can't say that we are there by any means, and we can't say we at the point where we are home and dry. But still, there has been success there, particularly because the people have become involved in it.

Q: You mentioned the peace process, and you felt proud that it was an achievement last year, but right at this moment you have some of the most bitter fighting taking place on the borders of this country with ethnic groups ?

A: But Fergal, you work for peace particularly because there is fighting. If there were no fighting there would be no need for us to work for peace. If there were no fighting at all, if all this settles down, that means the peace process is over. Now I did say at the beginning that we are not there yet.

Q: You don't control the army, you don't control the security forces, and when fighting breaks out, they are free to do what they have always done, rape, pillage and torture?

A: They are not free to rape, pillage and torture. That they are not free to do. They are free to go in and fight. That is in the constitution. Military matters are to be left to the army. And that is why we are trying to change the constitution, we feel very awkward about it. Amending the constitution is one of our aims. Because according to the national ceasefire agreement, one of the last steps would be to adopt a federal constitution.

Q: If you look at the history of this country, that has been going on since independence?

A: Fergal, you were in South Africa, and you did manage to end apartheid there didn't you, not you, but the South Africans.

Q: Are we talking months or years?

A: We hope that it will not be more than a few years, that's what we're aiming at.

Q: Can I come to the issue which has caused most international concern and which has led to a real turn about in the way you are perceived internationally and you are aware of this. You have seen the newspaper headlines. The comments from international figures condemning how you have handled the issue of the Rohingya muslims ?

A: What exactly is it that they are condemning?

Q: They want you to let a UN fact finding mission into Rakhine State?

A: But that is just now, that is what they asked for last month. What have they been condemning over the last year?

Q: Many many people, including those who would be sympathetic to you look at the situation and say why have you not spoken out ? Here is an icon of human rights?

A: What do you mean by speaking out, Fergal, this question has been asked since 2013, when the last round of troubles broke out in Rakhine. And they would ask me questions and I would answer them and people would say I said nothing. Simply because I did not make the statements people wanted, which people wanted me to make, simply to condemn one community or the other.

Q: Well let me quote to you what your fellow Noble Laureates have said, despite repeated appeals to DASSK we are frustrated that she has not taken any initiative to ensure full and equal citizen rights to the Rohingya. Daw Suu Kyi is the leader with the prime responsibility to lead with courage, humanity and compassion. Basically they are saying you have failed the test of humanity?

A: Well that is their perception, but have they considered the fact that one of the first thing we did after we took over the administration was to go through the national verification process to give citizenship to all those who were entitled to it. And we started doing this and engaging in other developments activities to try to bring about stability and harmony.A lot of the problems in the Rakhine State are due to the fact that resources are limited and both communities are anxious about how their lives are going to pan out.

A: In October there were these totally unexpected attacks on police outposts for no reason we could think of......because we had started the citizenship verification process, the process of bringing people back from the IDP camps, and resettle them, but the whole thing went awry because these attacks took place. We had no idea why these attacks took place. But a lot of people prefer to ignore the fact that these had happened at all. Why?

Q: I have been there, on the ground, on a number of occasions, and interviewed people, and I would say I am someone who recognises ethnic hatred and not ethnic cleansing when I see it, after Rwanda and The Balkans. Maybe the attacks took place because ....there is a rising sense of frustration and that has fed into the hands of the militants...?

A: But as far as we could make out, at that time, things were calm because people were waiting to see how are development plans would work and our nationality verification plan. I just wonder if these attacks were calculated to put a stop to this process.

Q: Wouldn't the wisest thing to do to clear up all of this, would be to allow an international fact finding mission there ? To allow international agencies in ?

A: Well we invited Dr. Annan and the commission to look into Rakhine before anything happened.

A: Well this happened not because the UN asked for this, or any other body said we should have a fact finding mission, we invited Dr Kofi Annan to form this commission and look into the problems in the Rakhine and help us to find long term solutions. We would very much like him to come back to see how we are getting on with the implementation of his recommendations.

Q: Would you be happy, would you appeal to those tens of thousands who have fled the country into refugee camps in Bangladesh to come back ? And would you tell them that they would be safe if they do ?

A: If they come back they will be safe. It is up for them to decide, some have come back. And we have tried to find out why they fled. We have asked them why they fled and they said it is because of the fighting in their area. They did not want to come if there was still fighting.

Q: And you will welcome them back ?

A: We welcome them. It is not a matter, we will welcome them back. They have been coming back. And those who have come back have been welcomed.

Q: Do you ever worry that you will be remembered as the champion of human rights, the Nobel laureate who failed to stand up to ethnic cleansing in her own country .?

A: No, because I don't think there is ethnic cleansing going on. I think ethnic cleansing is to strong an expression to use for what is happening.

Q: It is what I think I saw there I have to say.

A: Fergal I think there is a lot of hostility there, and as I pointed out just now, it is Muslims killing Muslims, as well if they think they are collaborating with authorities. It is not just a matter of ethnic cleansing. It is a matter of people on different sides of a divide, and this divide we are trying to close up. As best as possible and not to widen it further.

Q: Do you think people in the west misjudged you or mischaracterised you or misunderstood you. Expecting you to be this sort of amalgam of Mahatma Gandhi and Mother Teresa's, for example, and actually maybe your closer in your determination and steeliness to someone like Margaret Thatcher?

Well No. I am just a politician. I am not quite like Margaret Thatcher, no. But on the other hand I am no mother Teresa either. I have never said that I was. Mahatma Gandhi was a very astute politician.

Q: He did put his own life at risk and ultimately tragically his life to protect his own minority Muslim population, was that an example you would not be tempted to follow?

A: I don’t think putting one’s life at risk is a particular example that I would like to follow. I would like to think we could live up to his high principles.

Q: One last question. What would stop you now going to Rakhine State and talking to all communities and appealing for peace? On the ground yourself?

A: Because I want to give those who are working on the Rakhine a chance to show that they are capable of it. I think there's not enough confidence in what our people are capable of doing.

Q: Do you worry that people who do not want you to change the constitution, who are embedded in the military, embedded in intelligence are going to target you and the people round you?

A: Well it is not something I think about, because we were asked the same set of questions over the last 30 years since I started working for the NLD. That’s aren't you worried about an assassination, and all kinds of other dangers coming from the powers that be. Those who are in a position to engage in these activities. But it is not something you think about on a day to day basis, it's just part of your job.
* * * * *
Ref; Myanmar State Counsellor Office


ပုသိမ် ၊ ဧပြီ ၇
မင်းသက်ပိုင်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ငဝန်မြစ်အတွင်း ယနေ့(ဧပြီလ ၇ရက်) ည ၇း၂၀ ခန့်က နဒီရွှေစင်ကျောက်တင်သင်္ဘောနှင့် ခရီးသည် ၅၀ ဦးခန့်တင်ဆောင်လာသော ငွေကြယ်ပွင့်စက်လှေတို့ တိုက်မိခဲ့သည်။

ပုသိမ်မြို့သို့ မင်္ဂလာဆောင်လာသော ငွေကြယ်ပွင့်စက်လှေသည် ငပုတောမြို့နယ် တမန်ချောင်း ကမ်းနီကျေးရွာသို့ ပြန်လည်ထွက်ခွာစဉ် ပုသိမ်မြို့ ဥမ္မာဒန္တီဆိပ်ခံတံတားအကျော်တွင် ရပ်ထားသော နဒီရွှေစင် ကျောက်တင်သင်္ဘောနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်တွင် ၂၂ဦး အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ပြီး ၂၀ဦးခန့်အလောင်းတွေ့ရှိကြောင်း ၊ လတ်တလောတွင် အသက်ရှင်လျှက်ရှိသူများကို ပုသိမ်ဆေးရုံကြီးတွင် အနားယူရန် နေရာချပေးထားကြောင်း သိရသည်။

ဓာတ်ပုံ-မင်းသက်ပိုင်
Mizzima - News in Burmese


မြန်မာပြည်ရဲ့ အထင်ကရ မန္တလေးသင်္ကြန်ကို အခုနှစ်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုကိုလည်း ဖော်ပြ ရာရောက်အောင်၊ ခေတ်နဲ့အညီ လူငယ်တွေလည်း ပျော်ရွှင်နိုင်အောင် အသွင်သစ်နဲ့ ကျင်းပသွားမယ် လို့ မန္တလေး စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်တဦးက ပြောပါတယ်။ မန္တလေး သင်္ကြန်ကို ပုံစံ အသစ်နဲ့ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ရန်ကုန်တိုင်း အစိုးရကတော့ ရန်ကုန်သင်္ကြန်အတွက် မဏ္ဍပ်ဆောက် လုပ်ခွင့်တွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားတဲ့အပေါ် ရန်ကုန်မြို့ခံ လူငယ်တွေက ပြင်ပြင်းထန်ထန် ဝေဖန်နေကြတာပါ။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ ကာလတလျှောက်လုံး မန္တလေး သင်္ကြန်မှာ ရေပက်ခံကားတွေ ပိတ်ဆို့ပြီး သွားလာရ ခက်ခဲတဲ့ ကျုံးတောင်ဘက်အခြမ်းမှာ လမ်းလျှောက်သင်္ကြန် ပြုလုပ်သွားမှာဖြစ်ပြီး မန္တလေး မနော်ရမ္မံ ကွင်းမှာလည်း လူငယ်တွေအကြိုက် အခမဲ့တီးဝိုင်းနဲ့ လူငယ်သင်္ကြန် ကျင်းပပေးသွားမယ်လို့ မန္တလေး စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် ဦးကျော်ရင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့ ၂၆ အာဇာနည်လမ်းကို လမ်းလျှောက်သင်္ကြန်အဖြစ်နဲ့ စီစဉ်ထားတယ်ဗျ။ ယာဉ်မဝင်ဘူး။ အကုန်လုံး လမ်းပဲ လျှောက်ပြီးတော့မှရေကစားမယ်။ နောက် ရေကစားမဏ္ဍပ်တွေကလည်း ကျုံးရဲ့အလှကို မဖုံးကွယ်အောင် သေးသေးပဲ ဖြစ်မယ်။ နေက် စတုဒိသာမဏ္ဍပ်တွေလည်း ၂၆ လမ်းတလျောက်မှာ အများကြီးရှိမယ်ဗျ။ လူငယ်သင်္ကြန်လုပ်ရတဲ့ ရည်ရွယ်ချက်တခုကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေချည်းပဲ ကျနော်တို့က ပြောနေပြီးတော့ လူငယ်တွေက သူတို့ခေတ်အလိုက် ခေတ်သီချင်းတွေ ခေတ်ဂီတတွေနဲ့ ခွင့်မပြုတော့ဘူးလားဆိုတဲ့ ခံစားမှုမျိုးလည်း မဖြစ်စေချင်ပါဘူး။ ဒါကြောင့်မို့လို့ မနော်ရမ္မံမှာလည်း လူငယ်များအတွက် လူငယ်ကြိုက်မယ့် ခေတ်ဂီတတွေနဲ့ သင်္ကြန်တခုကို စီစဉ်ဖန်တီးပေးတာပါ။"

မန္တလေးကျုံး အရှေ့၊ အနောက်နဲ့ မြောက်ဘက်တွေမှာတော့ အရင်နှစ်တွေလို သင်္ကြန်မဏ္ဍပ်တွေရှိမှာဖြစ်ပြီး ပုံ­­­မှန်အတိုင်း ရေပက်ခံ ကားတွေ လှည့်လည် သွားလာနိုင်မှာဖြစ်ပါတယ်။ သင်္ကြန်မဏ္ဍပ်တွေဟာ မန္တလေး ကျုံးမြို့ရိုးရဲ့ အလှကို မကွယ်အောင် တည်ဆောက်ဖို့တော့ မန္တလေး စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားတာပါ။

အခုနှစ် မန္တလေး သင်္ကြန်အတွက် လုံခြုံရေး အင်အား ၃၀၀၀လောက် ချထားဖို့ရှိပြီး လမ်းလျှောက် သင်္ကြန်ပွဲ လုပ်မယ့် ကျုံးတောင်ဘက် အခြမ်းမှာ CCTV ကင်မရာတွေ ခပ်စိပ်စိပ် တပ်ဆင်ထားမှာဖြစ်သလို အခြားနေရာတွေမှာလည်း လိုအပ်သလို လုံခြုံရေး ကင်မရာတွေ တပ်ဆင်ထားမှာဖြစ်ပါတယ်။

မဏ္ဍပ်တွေကို မြို့ထဲမှာရော၊ ကန်တော်ကြီး တဝိုက်မှာပါ ခွင့်ပြုထားပြီး မန္တလေး မြို့အနှံ့ မှာ စည်ကားတဲ့သင်္ကြန်ဖြစ်အောင် စီစဉ်ထားတဲ့အတွက် ဝေဖန် တာတွေလဲ ရှိကောင်းရှိနိုင်တယ်လို့ ဦးကျော်ရင်မြင့်က ဆိုပါတယ်။

"စည်ကားတယ်ဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီး ပြောရလို့ရှိရင်တော့ အရင်တုန်းကလည်း ကျုံးလေးဘက်မှာပဲ ကြိတ်ကြိတ်တိုး လူတွေ တိုးနေကြပြီးတော့ မရွေ့နိုင် မလျားနိုင် ဖြစ်နေကြတာပေါ့နော်။ဒီနှစ်မှာတော့ တမြို့လုံးအနှံ့ ပြန့်သွားတာဖြစ်တဲ့အတွက် အရင်နှစ်တွေကလို တနေရာတည်းမှာပဲ ကြိတ်ကြိတ်မတိုးနေရပါဘူး။ အဲ့တော့ မစည်ကားဘူးဆိုတဲ့ ဝေဖန်မှုလည်း ရှိကောင်းရှိနိုင်ပါတယ်။"

မန္တလေးသင်္ကြန်ကို မန္တလေးမြို့ခံတွေသာမက ရန်ကုန်မြို့အပါအ၀င် တခြားအနယ်နယ် အရပ်ရပ်က လူတွေလဲ တကူးတကသွားပြီး ဆင်နွှဲကြတာတွေ ရှိပါတယ်။ ဒီနှစ် ပုံစံအသစ်နဲ့ သင်္ကြန်ပွဲကျင်းပဖို့ စီစဉ်နေတဲ့အပေါ် မျှော်လင့် စောင့်စားနေသူတွေထဲ ကိုနိုင်လဲ အပါအ၀င်ပါ။

"ကျနော်တို့ မန္တလေးသင်္ကြန်ဆိုတာ အရင်တုန်းက ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ငယ်ငယ်တုန်းကဆိုရင် မြို့ထဲကလူတွေနဲ့ မန္တလေးမြို့ခံတွေပဲ လည်ကြတာများတယ်ဗျ။ အခုက ဒီဘက်နောက်ပိုင်းတွေမှာဆိုလို့ရှိရင် ကျနော်တို့ မန္တလေးပတ်ဝန်းကျင်က နယ်က လူတွေ အကုန်လုံး လာကြတယ်ဗျ။ မန္တလေးကို လာကြတယ်ဗျ။ လာပြီးရင် ကျုံးမှာပဲ လာပိတ်နေကြတယ်ဗျ။ အဲ့တော့ အခုဟာက နယ်ကလူတွေက မန္တလေးမြို့ထဲကို လာကြမယ် လည်ကြမယ်ဆိုရင်လည်း တနေရာတည်းမှာ မဟုတ်တော့တဲ့အတွက် လမ်းလျှောက်ချင်တဲ့သူကလည်း လမ်းလျှောက်သင်္ကြန် သွားမယ်။ ဖျော်ဖြေရေးအစီအစဉ်ကို နားဆင်ချင်တဲ့သူတွေကလည်း ဖျော်ဖြေရေးအစီအစဉ်တွေဘက် သွားမယ်။ မနော်ရမ္မံထဲမှာရှိတဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ ဖျော်ဖြေပွဲ နားထောင်ချင်တဲ့သူကလည်း အဲ့ဘက်ကို သွားကြလိမ့်မယ်ဗျ။ မြို့ထဲမှာလည်း မဏ္ဍပ်အသေးလေးတွေ ကျနော်တို့ ငယ်တုန်းကလို အုန်းလက်သင်္ကြန်လေးတွေလည်း ထွက်လာမယ်လို့ မျှော်လင့်မိပါတယ်။"

ရန်ကုန်တိုင်းအစိုးရကတော့ စီးပွားဖြစ် မဏ္ဍပ်တွေကို သင်္ကြန်ကာလတွင်း တင်းတင်းကြပ်ကြပ် ကန့် သတ်လိုက်တာမို့ ရန်ကုန်သင်္ကြန် စည်ကားမှု ပြီးခဲ့တဲ့ နှစ်ကတည်းက လျော့ကျခဲ့ပြီး အဲ့ဒီကို ကန့်သတ်မှုတွေအပေါ် ရန်ကုန်မြို့ခံ လူငယ်တွေက ဝေဖန်နေတာလည်းဖြစ်ပါတယ်။

ရန်ကုန် သင်္ကြန်အပေါ် စိတ်ပျက်နေတယ်လို့ဆိုတဲ့ လူငယ်တဦးဖြစ်သူ ကိုမြတ်သုနောင် ကတော့ ရန်ကုန်တိုင်း အစိုးရအနေနဲ့ လူငယ်သဘာဝကို လေ့လာသင့်တယ်လို့ ပြောပါတယ်။

" ဟိုနှစ်တွေတုန်းက မဏ္ဍပ်တွေဘာတွေ နည်းနည်းပါးပါးရှိသေးတယ်။ မဏ္ဍပ်တွေ မရှိတာ နှစ်နှစ်လောက်ရှိပြီ။ သိတယ်မဟုတ်လား ဖရိုဖရဲတွေဖြစ်နေတာ စည်ကားမှုကလည်း မနှစ်က သိသိသာသာပဲ။ မြင်တဲ့အတိုင်းပဲ ဟုတ်တယ်မဟုတ်လား တော်တော်လေး လျော့ကျသွားတယ်ခင်ဗျ။ စည်းကမ်းလည်း ကျပ်သင့်တာကျပ် မကျပ်သင့်တာ မကျပ်နဲ့ပေါ့။ လွှတ်ပေးသင့်တာ လွှတ်ပေးရင် အကုန်လုံးကတော့ အေးအေးဆေးဆေးနဲ့ပဲ ဘာမှအသံတွေ ဘာတွေလည်း ထွက်လာမှာမဟုတ်ဘူး။ ရှင်းရှင်းပြောရရင် လူငယ်သဘာဝကို လေ့လာစေချင်တယ်ဗျ။"

ဒီနှစ်မန္တလေး မြို့တော် မဟာသင်္ကြန်မဏ္ဍပ်မှာတော့ ရွာစား စိန်ဒူးဝါးဦးဆောင်တဲ့ မြန်မာ့ရိုးရာ ဆိုင်းဝိုင်း၊ သံချပ်တွေနဲ့ လူရွှင်တော်အဖွဲ့တွေရဲ့ ဖျော်ဖြေမှု တွေ စီစဉ်ထားတာပါ။ မန္တလေး သင်္ကြန်လို့ ဆိုလိုက်ရင် မပါမဖြစ် မြို့မတီးဝိုင်းအတွက် မန္တလေးတိုင်းအစိုးရအနေနဲ့ ငွေကျပ် သိန်း ၅၀ကူညီထားပြီး အခမဲ့ ယာဉ်သုံးစွဲနိုင်အောင် ကူညီပေးထားတာလည်းဖြစ်ပါတယ်။

မြင့်မြင့်ခိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ဆွီဒင်မြို့လည် ကုန်တင်ကားနဲ့ တိုက်ခိုက်မှုဖြစ်ပွား။ (ဧပြီ ၇၊ ၂၀၁၇)
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ က ဈေးဝယ်စင်တာတခုကို ထရပ်ကားတစင်း ဝင်တိုက်ခဲ့ တာကြောင့် လူ ၃ယောက် ထက်မနည်း သေဆုံးသွားခဲ့ပါတယ်။ စတော့ဟုမ်းမြို့ ရဲတပ်ဖွဲ့ကလည်း ၃ယောက် သေဆုံးပြီး တော်တော်များများ သေဆုံးသွားတယ်လို့ အတည်ပြုထားပြီး စတော့ဟုမ်းမြို့လည်ကို ရှောင်ရှားကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။


ဒီဖြစ်ရပ်ဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုနဲ့ ဆင်တူတယ်လို့လည်း ဆွီဒင်ဝန်ကြီးချုပ် Stefan Lofven က ပြောပါတယ်။ ဆွီဒင်အစိုးရအနေနဲ့ ဘာဖြစ်တယ်ဆိုတာ သိနိုင်ဖို့ အတွက် အစွမ်းကုန် လုပ်ဆောင်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဆွီဒင်သတင်းမီဒီယာတွေရဲ့ အဆိုအရကတော့ ငါးယောက်သေဆုံးပြီး အဲ့ဒီ့နားတဝိုက်မှာ သေနတ်သံတွေပါ ကြားခဲ့ရတယ်လို့ ပြောပါတယ်။ ထရပ်ကားဟာ Ahlens ကုန်တိုက်နဲ့ စတော့ဟုမ်းမြို့ ရဲ့ အကြီးဆုံးလူသွားလမ်းဖြစ်တဲ့ Drottninggatan လမ်းထောင့်ကို ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်ဘက်က ထုတ်ပြန်ထားတဲ့ Asia Development Outlook 2017 အစီရင်ခံစာ။
မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက အရင်နှစ်တွေကထက်တိုးတက်လာနိုင်မယ်လို့ အာရှဖွံ့ဖြိုးဘဏ် ADB က သုံးသပ်လိုက်သလို စီးပွားရေးပညာရှင်တွေ ဘက်ကလည်း မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက တိုးတက်လာဖို့ မျှော်လင့်ထားကြပါတယ်။ အခုလိုတိုးတက်နိုင်ဖို့ အတွက်ကအစိုးရအနေနဲ့ စီးပွားရေးလုပ်ကိုင်တာမှာ မလိုလားအပ်တဲ့ သတ်မှတ်စည်မျဉ်း၊ စည်းကမ်းတွေကိုဖြေလျော့ဖို့၊ နောက်ဝန်ကြီးဌာနတခုနဲ့တခု ပေါင်းစပ်လုပ်ကိုင် မှုအားနည်းတာတွေကို ပြင်ဆင်ဖို့ လိုတယ်လို့ ထောက်ပြထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းကမေခကပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက အရင်နှစ်တွေကထက်တိုးတက်လာနိုင်မယ်လို့ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်ဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းကထုတ်ပြန်ထားတဲ့ Asia Development Outlook 2017 အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ တိုးတက်မှုနှုန်း ၆.၄ ရာခိုင်နှုန်းသာရှိခဲ့ပေမယ့် အခုနှစ် ၂၀၁၇မှာတော့ မြန်မာနိုင်ငံတိုးတက်မှုနှုန်း ၇ရာခိုင်နှုန်းကျော်တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ တိုးတက်မှုနှုန်းက ၇.၃% ထိရှိခဲ့ ပါတယ်။

ဒီအစီအရင် ခံစာဖော်ပြချက်အရ ၇ရာခိုင်နှုန်းတိုးတက်လာဖို့အတွက်ဆိုရင် အစိုးရအနေနဲ့ စီးပွားရေးလုပ်ကိုင်တာမှာ မလိုလားအပ်တဲ့ စည်မျဉ်း၊ စည်းကမ်းတွေကိုဖြေလျော့ဖို့၊ နောက်ဝန်ကြီးဌာနတခုနဲ့တခု ပေါင်းစပ်လုပ်ကိုင် မှုအားနည်းတာတွေကို ပြင်ဆင်ဖို့၊ စီးပွားရေးပေါ်လစီပိုင်း ရှင်းလင်းစွာ ဖော်ပြပေးဖို့ လိုတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ထောက်ပြထားပါတယ်။

စီးပွားရေးပညာရှင်တွေ ဘက်ကတော့ အစိုးရအနေနဲ့ ဒီအစီအရင် ခံစာမှာဖော်ပြထားတဲ့ အစိုးရဘက်က ပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့ အချက်တွေကို ပိုမိုအာရုံစိုက်ပြုပြင်မှသာ တိုးတက်လာနိုင်မယ်လို့ သုံးသပ်ကြပါတယ်။ လက်ရှိ NLD အစိုးရလက်ထက်မှာ ၂၀၁၆ ခုနှစ် အတွင်းစီးပွားရေးတိုးတက်မှုနှုန်းက ထင်သလောက်တိုးတက်တာမရှိသေးသလို လိုငွေပြမှုတွေဟာလည်း စာရင်းတွေအရအရင်နှစ်တွေထက်ပိုများခဲ့ပါတယ်။

ဒီအခြေအနေတွေ ဖြစ်ပေါ်လာတာနဲ့ပတ်သတ်လို့ စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ အစိုးရနဲ့ လုပ်ငန်းရှင်ပိုင်းချိတ်ဆက်မှု အားနည်းတာ ကြောင့် ဖြစ်တယ်လို့ ထောက်ပြသွားပါတယ်။

"စီးပွားရေးနဲ့ပတ်သက်လို့ကတော့ အာရုံစိုက်တာကိုက အစိုးရဘက်က အာရုံမစိုက်နိုင်ဘူး လို့တောင်မှ အဲ့လိုခံစားမိတယ်။ လုပ်ငန်းရှင်မဟုတ်ဘူးနော် ဆရာက ပညာရှင်တယောက် အနေနဲ့ ပြောတာ။ ဘယ်နေရာတွေမှာ ရင်းနှီးမြှုပ်နှံပါ ဘယ်နေရာတွေမှာဆို အခွန်သက်သာမယ်ဆိုတာတွေတော့ ထုတ်တယ်။ နောက်တခါ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ဥပဒေတွေထုတ်တယ်။ သို့သော် အဲ့တာတွေကို လုပ်ငန်းရှင်တွေက သိပ်ပြီးတော့ တိတိကျကျ သိကြပုံမပေါ်ဘူးဖြစ်နေတယ် အခုအချိန်အထိကတော့။ ဆရာအနေနဲ့ကပြောရရင်တော့ အစိုးရ ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ် ဆိုတာနဲ့ လုပ်ငန်းရှင်တွေဘက်က ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုတာနဲ့က နည်းနည်း ဆွဲစေ့ဖို့လိုတယ်။"

ဒီလို စီးပွားရေးတိုးတက်မှုနှုန်းကျနေပေမယ့် လာမယ့် နှစ်တွေမှာ အစိုးရအနေနဲ့က ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတာမို့ စီးပွားရေးဦးမော့လာနိုင်မယ်လို့ သူကထင်မြင် ယူဆထားပါတယ်။

" အခုကတော့ in the pipeline, in the process ပေါ့။ လျှပ်စစ်တွေလုပ်တယ် ဘာတွေလည်း လုပ်နေတယ်ပေါ့ လုပ်နေတဲ့ဟာတွေ လုပ်ပြီ အကောင်အထည်ဖော်ပြီ အသီးအပွင့်ခံစားရပြီဆိုလို့ကတော့ တိုးတက်မှုအရှိန်အဟုန် မြန်ဆန်လာနိုင်ပါတယ်။"

လက်ရှိအစိုးရဘက်က သွေးအေးနေတဲ့ စီးပွားရေးရင်းနှီးမှု ပိုင်းတိုးတက်လာရေးအတွက် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေကို ပြင်ဆင်တာ၊ နည်းဥပဒေကို ပြဌာန်းတာတွေ ဆက်တိုက် ဆိုသလို ရင်းနှီးမြုပ်နှံမှုဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေတာတွေ ရှိနေပါတယ်။ ရင်းနှီးမြုပ်နှံမှုပိုင်းမှာ ဆက်လက်ဖြေလျော့ပေးဖို့ လုပ်ဆောင်နေ တာနဲ့ပတ်သတ်လို့ ရင်းနှီးမြုပ်နှံမှုကော်မရှင်က အကြီးတန်း အရာရှိတဦးကအခုလို ပြောပြပါတယ်။

" အခုဥပဒေအရဆိုရင်တော့ မကြာခင်မှာ ဧပြီလထဲ သို့မဟုတ် မေလထဲမှာ ပြည်နယ်နဲ့တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေ ဖွဲ့လိုက်မယ်။ ပုဒ်မ အရဆိုရင် အဓိကအကြောင်းအရာသုံးခု တင်ရမယ်။ ကျန်တာက ပြည်နယ်နဲ့တိုင်းမှာ တင်လို့ရတယ်။ ဒါပေမဲ့ ပြည်နယ်နဲ့တိုင်းမှာကျတော့ Foreign direct investment (FDI)ဆိုရင် ဒေါ်လာငါးသန်းတို့ ပြီးလို့ရှိရင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဆိုရင် ကျပ်သန်းခြောက်ထောင်တို့ အဲ့တာတွေကို သူက အဲ့အထိဆိုရင် ပြည်နယ်တိုင်းနဲ့တင်ပြီးတယ်။ အဲ့လိုမျိုး လုပ်ပိုင်ခွင့်လည်း ခွဲပေးထားတယ်။"

ဒီပြင်မကြာခင်မှာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာကဏ္ဍတွေခွဲကာ ရင်းနှီးမြုပ်နှံမှု ပိုင်းကို ခွင့်ပြုသွားဖို့ရှိတယ်လို့လည်း အဲဒီအရာရှိက ပြောဆိုခဲ့ပါတယ်။

"Investment လုပ်ဖို့ Process နောက် Registration လုပ်ဖို့ Process ကို လေယာဉ်ပျံနဲ့ လုပ်ပေးမယ်။ ဒါပေမဲ့ ဥပဒေက ဘာကို အဓိက Focus ထားလဲဆိုတော့ နောက်ပိုင်း သူတို့လုပ်ငန်းစတင်ဆောင်ရွက်တဲ့နေရာမှာ သူတို့ ဒီဥပဒေပါအတိုင်း လိုက်နာမှုရှိမရှိ သူတို့ Proposal အတိုင်း လိုက်နာမှုရှိမရှိ။ Monitor နဲ့ evaluation အဓိက လုပ်မယ်။ ရင်းနှီးမြှုပ်နှံသူကို အကာအကွယ်ပေးတဲ့ဥပဒေတွေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ လုပ်ပေးတယ်။ နောက်ပြီးလို့ရှိရင်ရင်းနှီးမြှုပ်နှံသူကို သူတို့ရဲ့အခက်အခဲတွေကိုဗျာ ကူညီပေါင်းစပ်ဖြေရှင်းပေးတဲ့ လည်းပါတယ်ခင်ဗျ။ Notification လေးတွေနဲ့ ဖွဲ့စည်းမှုပဲ ကျန်တော့တယ်။"

မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက အရင်နှစ်တွေကထက်တိုးတက်လာနိုင်မယ်လို့ အစီရင်ခံစာတွေက ဖော်ပြထားကြပေမယ့် အစိုးရကဒါကိုဖော်ဆောင်နိုင်ပါ့မလားဆို တာကတော့ ဆက်လက်ကြည့်ရှုရဦးမယ်လို့ လုပ်ငန်းရှင်တွေဘက်ကတော့ သုံးသပ်နေကြပါတယ်။ ဒီပြင်စီးပွားရေးဖွံ့ဖြိုးဖို့က ရင်းနှီးမြုပ်နှံမှုဥပဒေတွေပြင်ရုံတင် မဟုတ်ဘဲ ငွေကြေးပိုင်းလည်ပတ်စီးဆင်းမှုကိုလည်း တည်ငြိမ်အောင်လုပ်ဖို့ လိုနေတယ်လို့ထောက်ပြနေကြပါတယ်။
VOA Burmese News


အဲဒီအထဲက တယောက် ဖြစ်တဲ့ NLDပါတီ ဗဟို သုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိန်းဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖေ့စ်ဘွတ်မှာ ဝေဖန် အပုပ်ချ ရေးသားခဲ့တယ်ဆိုပြီး ကမာရွတ် တရားရုံးက အမိန့်ချမှတ်

လူမှုကွန်ယက် မီဒီယာ တခုဖြစ်တဲ့ ဖေ့စ်ဘွတ်မှာ အငြင်းပွားဖွယ်ရာ ရေးသားမှုနဲ့ ဖြန့်ဝေမှုတွေ လုပ်ခဲ့တဲ့ လူ၂ ဦးဟာ ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)နဲ့ ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်တွေ ချမှတ်ခံလိုက်ရပါတယ်။

အဲဒီအထဲက တယောက် ဖြစ်တဲ့ NLDပါတီ ဗဟို သုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိန်းဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖေ့စ်ဘွတ်မှာ ဝေဖန် အပုပ်ချ ရေးသားခဲ့တယ်ဆိုပြီး ကမာရွတ် တရားရုံးက အမိန့်ချမှတ် လိုက်တာ ဖြစ်ပါတယ်။

သူ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ဆယ်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ ဖမ်းဆီးစစ်ဆေးနေခဲ့ပြီး ဧပြီလ ၇ ရက်နေ့ကျမှ ထောက်ဒဏ် (၆) လ အမိန့်ချလိုက်တာပါ။

အခုလို ပြစ်ဒဏ်ချခံရပေမယ့် နိုင်ငံသားတိုင်းမှာ လွတ်လပ်စွာ ဝေဖန်ခွင့်ရှိပြီး အသရေ ဖျက်မှုမြောက်တယ်လို့ ဆုံးဖြတ်လိုက်ပေမယ့် ဒီလို ရည်ရွယ်ရင်း မရှိပါဘူးလို့ ကိုမျိုးရန်နောင်သိန်းရဲ့ ဇနီးဖြစ်သူ မချိုက ဘီဘီစီကို ပြောပါတယ်။

နောက်ထပ် ပြစ်ဒဏ်ချခံရသူ တဦးကတော့ NLDပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ကျန်းမာရေးအခြေအနေကြောင့် ပါတီကနေ နှုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုတဲ့ စာအတုကို ဦးဝင်းထိန်ရဲ့ လက်မှတ်အတု အပါအဝင် ပါတီတံဆိပ်တုံး အတုတွေနဲ့ ဖေ့စ်ဘွတ်ပေါ်တင်ခဲ့တဲ့ NLDပါတီဝင် ကိုဖိုးထောင် ဖြစ်ပါတယ်။

ကိုဖိုးထောင်ကို အာဏာပိုင်တွေက (၅) လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခဲ့ပြီး ဧပြီလ ၇ ရက်နေ့မှာပဲ ဇဗ္ဗူသီရိမြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာ ဝေဖန် ရေးသားမှုတွေကြောင့် NLDပါတီဝင်တွေ ကိုယ်တိုင် ဒီပုဒ်မနဲ့ တရားစွဲဆိုတာတွေရှိသလို ဒီပုဒ်မနဲ့ပဲ NLDပါတီဝင်တွေကို တိုင်ကြားလို့ ပြစ်ဒဏ်ကျခံရတာတွေရှိနေပါတယ်။

ဒီပုဒ်မကို ဖျက်သိမ်းပေးဖို့ ဒါမှမဟုတ် ပုဒ်မ ပြင်ဆင်ပေးဖို့ ဆန္ဒပြမှုတွေနဲ့ လွှတ်တော်ကို တင်ပြတောင်းဆိုတာတွေလည်း ရှိခဲ့ပေမယ့် NLD အစိုးရကိုယ်တိုင် ပုဒ်မ ၆၆ ဃ ကို ဖျက်သိမ်းဖို့ စဉ်းစားထားပုံ မရသေးပါဘူး။

NLDပါတီဝင် လွှတ်တော် အမတ်တဦး ကိုယ်တိုင် ဒီပုဒ်မကို ပယ်ဖျက်ပေးဖို့ အစီအစဉ် ရှိ မရှိ လွှတ်တော်တင်ပြီး မေးခွန်းမေးဖို့ ကြိုးစားခဲ့ပေမယ့် ပါတီထုံးစံအရ လွှတ်တော်မတင်ခင် စီစစ်တဲ့အဖွဲ့ ဒီလို မေးမြန်းဖို့ ကိစ္စ တင်ပြစဉ်မှာ ပယ်ချခံခဲ့ပါတယ်။

လောလောဆယ်မှာ ပုဒ်မ (၆၆)ဃ နဲ့ တရားရင်ဆိုင်နေရတဲ့ အမှုပေါင်း (၅၀) ကျော် ရှိပြီး အခုအစိုးရသစ်လက်ထက်မှာ ပြစ်ဒဏ် ချမှတ်ပြီးတဲ့ အမှု(၈)မှု၊ အာမခံ မရရှိဘဲ အချုပ်ကျနေသောအမှု(၄)မှု ရှိနေတယ်လို့ သိရပါတယ်။
BBC Burmese

ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး နဲ့ ဖဒိုနော်စီပိုးရာစိန်

ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ)ရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကနေ ဗဟိုကော်မတီဝင်တွေကို ရွေးချယ်လိုက်ပါပြီ။

ဗဟိုကော်မတီဝင် ရွေးကောက်ပွဲရလဒ်မှာ လက်ရှိဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ဗဒိုကွယ်ထူးဝင်း ဗိုလ်မှူးရောဂျာခင်၊ ဗဒိုသာ့ဒိုမူး၊ ဗဒိုစောအောင်ဝင်းရွှေနဲ့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို ထောက် ခံသူအများစုကအရွေးခံကြရပါ။

ဒါကြောင့် ပြီးခဲ့တဲ့သက်တမ်းမှာ ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးပဲ ဥက္ကဌအသစ်အဖြစ် ပြန်အရွေးခံရဖို့ အလားအလာများနေပါတယ်။

ကေအင်ယူ ဒုတိယဥက္ကဌဟောင်း ဗဒိုနော်စီဖိုးရာစိန်၊ ဗဒိုသောသီဘွဲ၊ ဗဒိုမန်းမန်း ဗဒိုဒေးဗစ်သာကပေါနဲ့ ဗဒိုနော်စီဖိုးရာစိန်ကို ထောက်ခံသူ အတော်များများက အရွေးမခံရဘူးလို့ သိရပါတယ်။

ကေအင်ယူမှာ ဗဟိုကော်မတီဝင် ၅၅ ဦး ရှိပါတယ်။ ကေအင်ယူရဲ့ တပ်မဟာ ၇ ခုက တပ်မဟာမှူး ၇ ဦးနဲ့ ခရိုင်ဥက္ကဌ ၇ ဦး စုစုပေါင်း ၁၄ ဦဟာ အလိုအလျှောက်ဗဟိုကော်မတီဝင် တွေဖြစ်ကြပါတယ်။

ဒါကြောင့် အရင်နေ့က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း ၆၀ ထဲက ၄၁ ဦးကို သောကြာနေ့က ရွေးချယ်ရာမှာ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ သူ့ကိုထောက်ခံသူအများစုက အရွေးခံရတာ ဖြစ်ပါတယ်။

စနေနေ့မှာတော့ ကေအင်ယူရဲ့ကြီး ၅ ကြီးလို့ခေါ်တဲ့ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး ချုပ်နဲ့ တွဲဘက်အတွင်းရေးမှူး ၁ နဲ့ ၂ တို့ကို ဗဟိုကော်မတီဝင် ၅၅ ဦးက ရွေးချယ်မှာ ဖြစ်ပါတယ်။
BBC Burmese


ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ လက်ရှိအာဏာရပါတီ NLD ရဲ့ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှုး ဦးမျိုးရန်နောင်သိမ်း ရုံးထုတ်လာစဉ်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ လက်ရှိအာဏာရပါတီ NLD ရဲ့ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှုး ဦးမျိုးရန်နောင်သိမ်းကို ကမာရွတ်မြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ ပြစ်ဒဏ်ကို အယူခံဝင်မှာ မဟုတ်ဘူးလို့ ဦးမျိုးရန်နောင်သိမ်းကပြောသလို ၆၆ (ဃ) ကို ပြုပြင်ဖို့လိုတယ်လို့လဲ ဆိုပါတယ်။ အပြည့်အစုံကို တော့ ကမာရွတ်မြို့နယ် တရားရုံးကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အသေရေပျက်စေနိုင်တဲ့ စာသားတွေ ဖေ့ဘုတ် လူ့မှု့ကွန်ရက်ပေါ်မှာ ရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးမျိုးရန်နောင်သိမ်းကို ဒီကနေ့မှာ ကမာရွတ်တရားရုံးကနေ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ အကြောင်းအရာ ပေါ်မှာ ပြစ်ဒဏ်ချတာ မဟုတ်ဘဲ အသုံးအနှုန်းပေါ်မှာမူတည်ပြီး ပြစ်ဒဏ်ချတာကြောင့် ထူးဆန်းပြီး မရရအောင် ချတယ်လို့ မြင်တဲ့ အကြောင်း တရားရုံးကအထွက်မှာ ဦးမျိုးရန်နောင်သိမ်းက သတင်းထောက်တွေကို ပြောပါတယ်။

"မရ ရအောင် ချတယ်လို့ မြင်တာပဲ ကျနော်ကတော့။ ကာချုပ်ကိုဆိုရင် မထိနဲ့ဆိုတဲ့သဘော သက်ရောက်နေတာပေါ့နော်။ အဲ့ဒီ့တော့ လက်ရှိမှာ အုပ်ချုပ်နေတာက ကျနော်တို့ အစိုးရတခုတည်းမဟုတ်ဘူး။ နှစ်ဖွဲ့ဖြစ်နေတယ်။ ဘာမှလုပ်ဖို့မရှိတော့ပါဘူး ကျနော်လည်း ခြောက်လ ပြည့်ခါနီးနေပြီ။ အပြင်ရောက်တော့မှပဲ ဆက်ပြီးတော့ ပြောကြတာပေါ့။"

ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ တာဝန် အရှိဆုံး ပုဂ္ဂိုလ်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ပြီး တာဝန်ကနေ နှုတ်ထွက်ပေးဖို့ ဆိုတဲ့ သဘောမျိုး ဦးမျိုးရန်နောင်သိမ်းက ဖေ့ဘုတ် လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာပါ။ ဒါကြောင့်လည်း ရန်ကုန်တိုင်း စစ်ဌာနချုပ်က တပ်နယ်မှုး ဒုတိယ ဗိုလ်မှုးကြီး လင်းထွန်းက တရားလိုလုပ်ပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃနဲ့ ဦးမျိုးရန်နောင်သိမ်းကို အမှု ဖွင့်တိုင်ကြား လိုက်တာပါ။ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ဦးမျိုးရန်နောင်သိမ်းကတော့ ပုဒ်မ ၆၆ ဃကို ပြင်ဆင်ဖို့ လိုတယ်လို့ ပြောပါတယ်။

"ပုဒ်မ ၆၆ ဃက ပြုပြင်ဖို့ လိုပါတယ်နော်။ အလွဲသုံးစားမှုတွေရှိနေလို့ပါ။"

လက်ရှိ ဒီပုဒ်မနဲ့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ဦးမျိုးရန်နောင်သိမ်းဟာ နိုဝင်ဘာလ အစောပိုင်းက ဖမ်းဆီးခံခဲ့ရပြီး အချုပ်နဲ့ အမှုကို ရင်ဆိုင်နေရတာပါ။ အခု ပြစ်ဒဏ်မှာ ချုပ်ရက် ခံစားခွင့်ရတာကြောင့် သူဟာ မေလ ဆန်းမှာ လွတ်မြောက်လာမှာလည်း ဖြစ်ပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်နဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ရာထူးကနုတ်ထွက်တယ် ဆိုတဲ့ ကြေညာချက် အတုကို သိမ်းယူပြီး Facebook ပေါ်မှာ ပြန်တင်တာကြောင့် ဦးဝင်းထိန်က တရားလိုလုပ်ပြီး ၆၆ (ဃ) နဲ့ နေပြည်တော်တရားရုံးမှာ တရားစွဲခံထားရတဲ့၊ အခင်းဖြစ်ချိန်က မုံရွာမြို့ NLD ပါတီဝင်တဦးဖြစ်သူ ဦးအောင်မြင့်ထွန်းကိုလဲ ဒီကနေ့မှာပဲ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မကို ပြင်ဆင်ဖို့ ဦးဆောင်လှုပ်ရှားနေသူတစ်ဦးလည်းဖြစ် ကိုယ်တိုင်လည်း ဒီပုဒ်မနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးတဲ့ ကဗျာဆရာ မောင်ဆောင်းခကတော့ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ ဒီပုဒ်မကို ပြင်ဖို့ မကြိုးစားဘဲ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် ဆက်လက် အသုံးပြုနေသေး တာဟာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။

" ကျနော်တို့ လက်ရှိအစိုးရရဲ့ကြွေးကြော်မှုက ဘာလဲဆိုတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးလို့ ပြောတယ်။ အဲ့ဒီ့တော့ ဒီပုဒ်မကြီးက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဟန့်အတားဖြစ်စေတယ် ပိုပြီးတော့ အဖွဲ့အစည်းတခုနဲ့တခုအကြားမှာ ပိုပြီးတော့ အမုန်းတရားတွေ ပိုပြီးတော့ ပွားနေတယ်ပေါ့ ဒါကြီးက မဖြစ်မနေ ပြင်ဖို့လိုတယ်။ သူတို့ဒါကို ဒီအတိုင်းကြည့်နေတာကိုတော့ အများကြီး ထည့်သွင်းစဉ်းစားဖို့လိုမယ်လို့ ကျနော်က သုံးသပ်တယ် ဘာလို့လဲဆိုတော့ ဝန်ကြီးချုပ်ဆိုရင်လည်း အစိုးရအဖွဲ့အနေနဲ့ သုံးတယ်။ နောက်ပြီးတော့ အာဏာရပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးဝင်းထိန်ကိုယ်တိုင်လည်း ဒီပုဒ်မကို သုံးတယ်ဆိုတော့ သူတို့ကိုယ်တိုင် ဒီပုဒ်မကို ကြိုက်နေတာလားဆိုတာကိုတော့ ကျနော်တို့ မေးခွန်းထုတ်ရမှာပေါ့နော်။"

NLD အစိုးရသစ်လက်ထက်မှာကိုပဲ ဒီပုဒ်မနဲ့ ရုံးတင် တရားစွဲဆိုခံရတဲ့ အမှုပေါင်း ၅၄ မှုရှိပြီး ၈ မှုက ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ပေမယ့်လို့ အာမခံမရဘဲ အချုပ်နဲ့ အမှုရင်ဆိုင်နေတာ ၄ မှု ရှိပါတယ်။
VOA Burmese News

ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာကြတဲ့ မူဆလင် ဒုက္ခသည်များ။ ( ဇွန် ၁၃၊ ၂၀၁၂)

ရခိုင်ပြည်နယ်က ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပြီး လူမျိုးတုံးသတ်ဖြတ်မှုအထိကျူးလွန်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လူမျိုးတုံး သတ်ဖြတ်တာမရှိဘူးလို့ ငြင်းဆိုမယ့်အစား၊ ဒီသတင်းတွေမှန်မမှန် စုံစမ်းစစ်ဆေးသွားမယ်လို့ပြောသင့်ကြောင်း မြန်မာ့အရေးအနီးကပ်လေ့လာနေတဲ့ လူ့အခွင့်အရေးအကဲခတ်ပုဂ္ဂိုလ်က ထောက်ပြလိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။

မနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလကစပြီးဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနောက်ပိုင်း နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေဖြစ်ခဲ့တယ်ဆိုတဲ့ အသုံးအနှုံးကို Bangladesh နိုင်ငံရှိ UNHCR ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးရုံးခွဲတာဝန်ခံကပြောဆိုခဲ့တာသာဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ အတည်ပြုအသုံးအနှုံးမဟုတ်သလို၊ တခြားယုံကြည်ကိုးစားရတဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးတွေကလည်း ဒီနေ့အထိ အဲဒီအသုံးအနှုံးကို အတည်မပြုသေးပါဘူးလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့၊ အာရှရေးရာဒါရိုက်တာဟောင်း David Mathieson ထောက်ပြလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က BBC နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ လူမျိုးသတ်ဖြတ်မှုမရှိဘူးလို့ ငြင်းဆိုလိုက်တာနဲ့ပတ်သက်လို့ David Mathieson က အခုလိုသုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ဒီအသုံးအနှုံးပယ်ချလိုက်တဲ့သဘောက ဒီစွပ်စွဲချက်မှန်မမှန်၊ စုံစမ်းစစ်ဆေးဖို့ လိုသေးတယ်ဆိုတာကို ဆိုလိုတာလို့ ကျနော်ယူဆပါတယ်။ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကျူးလွန်တာရှိမရှိ စုံးစမ်းနေဆဲ ကာလဖြစ်တယ်။ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာကလည်း၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာနဲ့ ဆက်စပ်နေပါတယ်။ ကုလလူ့အခွင့်အရေး အထူးကိယ်စားလှယ် ယန်ဟီလီနဲ့ တခြားကျွမ်းကျင်သူတွေပြော တာကတော့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အပြုအမူ တွေက လူမျိုးတုံးသတ်ဖြတ်တဲ့အဆင့်ထိ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဘဲပြောဆိုနေကြတာဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်နေတယ်ဆိုတာကို မဟုတ်ဘူးလို့ ငြင်းဆိုမယ့်အစား၊ သေသေချာချာ၊ ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ် ဆိုတာကိုရှင်းပြသင့်တယ်လို့ David Mathieson က ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင် နဲ့ မောင်းတောအရေး စုံးစမ်းရေးကော်မရှင်တွေ ဖွဲ့စည်းထားပေမဲ့ လုံလောက်မှုမရှိဘူးလို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး၊ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေဟာ လိုက်နာဖို့ သင့်တော်ကြောင်း၊ဒုသမ္မတဦးမြင့်ဆွေဦးဆောင်တဲ့ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေရှိနေတယ်လို့ David Mathieson ကထောက်ပြလိုက်ပါတယ်။

“ဒုသမ္မတဦးမြင့်ဆွေဦးဆောင်တဲ့ မောင်းတောအရေးစုံစမ်းတဲ့ ကော်မရှင်အနေနဲ့ ရခိုင်မြောက်ပိုင်းနဲ့ Bangladesh ကိုသွားတဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ ပတ်သက်တဲ့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲချက်တွေအပေါ် ထဲထဲဝင်ဝင်ထိရောက်အောင် မစုံစမ်းနိုင်ခဲ့ကြဘူးလို့ယူဆပါတယ်။ သေသေချာချာ စုံစမ်းရမယ့်အစား၊ စွပ်စွဲချက်တွေမမှန်ဘူးလို့ဘဲ ထုတ်ပြန်တာတွေ့ရပါတယ်။ ဒါ့ကြောင့် စွပ်စွဲချက်တွေကို ပြေပျောက်အောင် အစိုးရဖွဲ့ပေးထားတဲ့ကော်မရှင်က မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ယုံကြည်ကိုစားထိုက်တဲ့ ပြည်တွင်းက အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေမပါဘဲ စုံးစမ်းစစ်ဆေးနေသရွေ့တော့ မောင်းတောအရေး အချက်အလက်ရှာဖွေရေးအဖွဲ့ဖွဲ့စည်းဖို့ နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံနေကြမှာပါ။”

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထင်သလောက် ခရီးမရောက်တာ၊ တိုင်းရင်းဒေသတွေမှာ တိုက်ပွဲတွေမစဲသေးတာဟာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို မကိုင်တွယ်နိုင်တာကြောင့်နဲ့ သြဇာသက်ရောက်မှုမရှိတာကြောင့်ဆိုတဲ့ အချက်အပေါ်မှာတော့ David Mathieson က အခုလိုသုံးသပ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ကို ထိန်းချုပ်လို့မရပါဘူး။ သူကလည်းဝန်ခံထားတာပါဘဲ။ ဖွဲ့စည်းပုံအရ အစိုးရက စစ်တပ်ကို နေ့စဉ်လုပ်ငန်းတွေမှာ ပါဝင်ထိန်းချုပ်လို့မရပါဘူးလို့ ပြောသင့်ပါတယ်။ ဒါ့ကြောင့် စစ်တပ်က မမှန်မကန်လုပ်နေတာတွေကို သူ့အနေနဲ့ ထိန်းချုပ်လို့မရဘူးလို့ ပြောစေချင်ပါတယ်။ ဒါပေမဲ့ အခုတော့ အစိုးရကအဲလိုမလုပ်ဘဲ တပ်မတော်က ဘာဘဲပြောပြော အဲဒါကိုဘဲ အတည်ယူသတင်းထုတ်ပြန်နေသလိုဖြစ်နေတာပါ။ ဒီတော့ စစ်တပ်ပြောသမျှ သဘောတူသလိုပါဘဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ဒေါ်စုနဲ့ စစ်တပ်အကြားသဘောထားကွဲလွဲတယ်လို့ ၂ ဘက်စလုံးကပြောပေမဲ့၊ တကယ်တော့ တပ်ချုပ် မင်းအောင်လှိုင်ရဲ့ သဘောထာနဲ့ ဒေါ်အောင်ဆန်းစုကြည်သဘောထားက သိပ်မကွဲလွဲဘူးလို့ တိုင်းရင်းသားတွေကရော၊ လူထုကပါ ယူဆနေကြတယ်လို့ ကျနော်သုံးသပ်မိပါတယ်။”

BBC ရုပ်သံသတင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံးမေးမြန်းခန်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေ အပေါ် HRW လူ့အခွင့်အရေးစောင့်ကြည့်တဲ့ အဖွဲ့ အာရှရေးရာ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်၊ မြန်မာ့အရေးသုတေသနလုပ်နေသူ David Maetieson ကို ဆက်သွယ်မေးမြန်းတင်ဆက်ခဲ့တာပါ။
VOA Burmese News


နေပြည်တော် ဧပြီ ၇

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၄၇ /၄ အနီး ဇီးပင်သာ အမြန်လမ်း ရဲတပ်ဖွဲ့ စခန်းမှ ရဲအုပ်ရာဇာလင်းနှင့် အဖွဲ့၊ ဘားအံခရိုင် မှုခင်းနှိမ်နှင်းရေး ဌာနစုမှ ရဲအုပ် သက်နိုင်ဦးနှင့် အဖွဲ့နှင့် သံတောင် နယ်မြေ ရဲစခန်းမှူး ရဲအုပ် မြင့်ဦးနှင့် အဖွဲ့တို့သည် မူးယစ် ဆေးဝါး များ လာရောက် ရောင်းချမည်ဖြစ်ကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီ ခန့်တွင် ရန်ကုန်ဘက်မှ နေပြည်တော် ဘက်သို့ ယာဉ်မောင်း အောင်မင်း(ခ) မောင်ငယ် မောင်းနှင် လာသော HONDAFIT ခဲရောင် မော်တော်ယာဉ် ၊ ရဲတပ်သား ဝေယံမင်းထွေး မောင်းနှင်ပြီး ရဲတပ်သား သန့်ဇင်မျိုး လိုက်ပါလာပြီး wave 110 နီညိုရောင် ဆိုင်ကယ်နှင့် ကျော်ကျော် မောင်းနှင်ပြီး ခွန်ကီးခေါင် လိုက်ပါလာသော နံပါတ်မပါ KENBO-X ဆိုင်ကယ်တို့အား ပိတ်ဆို့ ရှာဖွေ ဖမ်းဆီးရာ ပြန်လည် ခုခံ၍ မောင်းနှင် ထွက်ပြေးသဖြင့် လုံးထွေး ဖမ်းဆီးခဲ့ရာ ရဲတပ်သား ဝေယံမင်းထွေး ၀ဲမျက်ခုံးပေါက်ပြဲ ဒဏ်ရာ၊ ဦးခေါင်း ပေါက်ပြဲ ဒဏ်ရာတို့ဖြင့် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသော ရဲတပ်သား ဝေယံမင်းထွေးနှင့် ရဲတပ်သား သန့်ဇင်မျိုး ၊ ကျော်ကျော်လွင်နှင့် ခွန်ကီးခေါင်တို့ (၄)ဦးအား စစ်ဆေးခဲ့ကြရာ ယာဉ်မောင်း အောင်မင်း မောင်းနှင်လာသော HONDA –FIT ယာဉ်နောက်ခန်းမှ မူးယစ် ဆေးဝါးများ ဖမ်းဆီး ရမိသည်။

သိမ်းဆည်းရမိသော ပစ္စည်းများမှာ TALKES စာတန်းပါ ကျောပိုးအိတ် အတွင်းမှ Wy စိတ်ကြွ ဆေးပြား အညိုရောင် (၁၉၈)ပြား၊ အစိမ်းရောင် (၂)ပြား၊ ပေါင်း (၂၀၀) ပြားပါ အထုတ် (၅၀) (၂) စီးမှ စိတ်ကြွ ရူးသွပ်ဆေးပြား (၂၀၀၀၀) ပြား ကပ်ခွာအိတ်၏ အတွင်းမှ ဆေးပြား (၂၀၀) ပြားပါ (၄၉) ထုပ် တစ်စီးမှ စိတ်ကြွ ရူးသွပ်ဆေးပြား (၉၈၀၀) ပြား၊ လက်ကိုင်ဖုန်း (၆) လုံးတို့ ဖြစ်ကြောင်း သိရသည်။


ဖမ်းဆီးရမိသော အောင်မင်းပါ (၆) ဦးအား စစ်ဆေး မေးမြန်းချက် အရ ၄င်း မူးယစ် ဆေးပြားများအား လွန်ခဲ့သော (၁၅) ရက်က ရှမ်းပြည်နယ် တောင် ပိုင်း ပင်လောင်းမြို့နေ ဒေါ်အမိုးအား ကျော်ကျော် မှ ဆေးပြား (၁၀၀၀၀) ပါ တစ်ထုပ်လျှင် သိန်း (၂၀)ဖြင့် ဖုန်းဖြင့် ဆက်သွယ် မှာယူပြီး ပင်လောင်း မြို့မဈေး အနီး၌ ခွန်ကီးခေါင် နှင့် မဥမ္မာရွှေ တို့နှစ်ဦးမှ ဆိုင်ကယ်ဖြင့် သွားရောက် ယူဆောင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက် ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသော စိတ်ကြွ ရူးသွပ်ဆေးပြား (၂၉၈၀၀) ကာလတန်ဖိုး (၈၄၉) သိန်း တန်ဖိုးခန့်အား လက်ဝယ် ထားရှိ သုံးစွဲ ဖြန့်ဖြူး ရောင်းချ သူ ကျော်ကျော်၊ အောင်မင်း၊ (ခ) မောင်ငယ်၊ မဥမ္မာရွှေ ၊ခွန်ကီးခေါင် ၊ ရဲတပ်သား ဝေယံမင်းထွေးနှင့် သန့်ဇင်မျိုး တို့ (၆) ဦးအား ဇီးပင်သာ အမြန်လမ်း ရဲစခန်းမှ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲ စေနိုင်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က) /၂၀ အရ အမှုဖွင့် အရေးယူထားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

သန်းဦး (လေးမျက်နှာ)

ဓာတ်ပုံ ( အမြန်လမ်းရဲတပ်ဖွဲ့)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


တောင်တွင်းကြီး မြို့ရှိ ဗိုလ်ချုပ်ပန်းခြံအတွင်းက ဗိုလ်ချုပ်ကြေးရုပ်ပေါ်ကို တက်ခဲ့တဲ့ အမျိုးသားတစ်ဦးကို တောင်တွင်းကြီးရဲစခန်းက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဧပြီလ ၇ ရက်နေ့  ဒီကနေ့ မနက်ပိုင်းက အမျိုးသားတစ်ဦး ဟာစာမအုပ်တစ်အုပ်ကိုကိုင်ကာ ဗိုလ်ချုပ်ကြေးရုပ်ပေါ်တက်သွားပြီး တိုင်းပြည်ကိုငါအုပ်ချုပ်မယ်လို့ အော်ဟစ်ခဲ့တာဖြစ်ပါတယ်။


 လက်ရှိမှာ ရဲစခန်းကထိန်းသိမ်းထားပြီး သူ့ကို စစ်ဆေးမေးမြန်းရာမှာတော့ အဲဒီအမျိုးသားဟာ စိတ်မနှံ့သူလို့ယူဆရတာကြောင့် အုပ်ထိန်းသူတွေကို အကြောင်းကြားထားတယ်လို့ တောင်တွင်းကြီး ရဲစခန်းတာဝန်မှူးကပြောပါတယ်။


 အဲဒီအမျိုးသားဟာ ဆင်ပေါင်ဝဲမြို့နယ် ညောင်ခြေထောက်ကျေးရွာမှာနေထိုင်သူဖြစ်တယ်လို့သိရပြီး အမှန်တကယ်စိတ်မနှံ့သူဆိုရင် ဆေးရုံကိုပို့ဆောင်ပေးသွားမယ်လို့ တာဝန်မှူးကဆက်ပြောပါတယ်။

Photo-Ko Kyaw Thar Htet
5 Plus News
https://www.facebook.com/5plusnews/