04/09/17

Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို မတ်လ ၈ ရက်နေ့က တွေ့ရစဉ် Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို မတ်လ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Thant Zin Oo/ RFA
 အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး မဘသ အဖွဲ့ဝင် ဆရာတော် ဦးဝီရသူနဲ့ ပတ်သက်ပြီး Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းရဲ့ ပြောဆိုချက်တွေဟာ ပြစ်မှုမမြောက်ဘူးဆိုတဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက်ကို ကန့်ကွက်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအ၀င် နိုင်ငံရေး ပါတီ ၉ ခုက မနေ့က ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သာသနာရေးဝန်ကြီးဌာနအနေနဲ့ ကိုဆွေဝင်းဘက်က ရပ်တည်တာဟာ အဂတိတရား လိုက်စားတာလို့ ထင်မြင်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ် လို့ ကြေညာချက်ထုတ်ပြန်ရာမှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ်ရဲ့ ဒုတိယဥက္ကဌ ဦးကျော် က ပြောပါတယ်။

"သူ့ရဲ့ အနောက်က ဘယ်သူတွေက Backing (ကျောထောက်နောက်ခံပြု) ပေးနေလဲ။ ကျနော်တို့ အဲဒီလောက်အထိ လေ့လာတယ်။ သူဘယ်ကနေ လာလဲ။ ဘယ်မှာ သင်တန်းတက်ပြီး ဘာတွေ အထောက်အခံတွေနဲ့ လှုပ်ရှားပြီးလာခဲ့လဲ။ အဲဒီလောက်အထိ ကျနော်တို့ လေ့လာထားပြီးပြီ။ လက်ရှိအနေအထားအရ သူ့နောက်ကွယ်ကနေပြီးတော့မှ သာသနာရေး ၀န်ကြီးဌာနက ရပ်တည်နေတယ်ဆိုတာကိုက အဂတိတရားကို လိုက်စားတယ်လို့ ကျနော်တို့က အဲဒီလိုပဲ မြင်တယ်ဗျ။"

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းရဲ့ လူမှုကွန်ယက်နဲ့ မီဒီယာတွေမှာ မဘသ ဆရာတော် ဦးဝီရသူနဲ့ပတ်သက် တဲ့ ပြောကြားချက်၊ ဖော်ပြချက်တွေကြောင့် ကိုဆွေဝင်းကို မဘသအဖွဲ့ဝင်တွေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ သာသနာ ညှိုးနွမ်းစေမှု ဥပဒေမုဒ်မ ၂၉၅ (က) တို့နဲ့ မန္တလေးမြို့နဲ့ ရန်ကုန်မြို့တွေမှာ အမှုဖွင့် တိုင်ကြားထားတာဖြစ်ပါတယ်။

အဲဒီလို အမှုဖွင့် တိုင်ကြားတာတွေနဲ့ပတ်သက်ပြီး ကိုဆွေဝင်းက သာသနာရေး ၀န်ကြီးဌာနရဲ့ သဘောထားမှတ်ချက်တောင်းခံရာမှာ ၀န်ကြီးဌာနက ကိုဆွေဝင်းရဲ့ ပြောဆိုချက်တွေ၊ ဖော်ပြချက်တွေဟာ စွပ်စွဲထားတဲ့ပုဒ်မတွေကို ကျူးလွန်ရာမရောက်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက အကြောင်းပြန်ကြားခဲ့ပါတယ်။

သာသနာရေး ၀န်ကြီးဌာနက အဲဒီလို အကြောင်းပြန်တာဟာ ကိုဆွေဝင်းကို တရားရုံးက မဆုံးဖြတ်ရသေးခင်မှာ ကာကွယ်ပေးရာ ရောက်ကြောင်းနဲ့ သာသနာရေး ၀န်ကြီးဌာနအနေနဲ့ တရားစီရင်ရေးကို ၀င်ရောက် စွက်ဖက်ရာရောက်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအပါအ၀င် နိုင်ငံရေး ပါတီ ၉ ခုက သဘောထား ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဗုဒ္ဓဘာသာ သာသနာကို စော်ကားလိုသူတွေ ပိုများလာနိုင်သလို တရားရုံးကို မထီမဲ့မြင်ပြုတာတွေလည်းများလာနိုင်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ဒီကိစ္စကြောင့် ဘာသာရေး အဓိကရုဏ်းတွေနဲ့ လူစုလူဝေးတွေ ဖြစ်ပေါ်လာစေနိုင်ကြောင်း အဲဒီလိုမတည်ငြိမ်မှုတွေ ဖြစ်လာရင် ၀န်ကြီးဌာနရဲ့ တာဝန်သာဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

အဲဒီ သဘောထား ထုတ်ပြန်ချက်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်၊ အမျိုးသား တိုးတက်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ စတဲ့ ပါတီ ၉ ခုက စုပေါင်းပြီး ထုတ်ပြန်တာဖြစ်ပါတယ်။



ဘူးသီးတောင် မြို့အဝင်ကို တွေ့ရစဉ်။ Photo: Min Thein Aung
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ဒီနေ့ အချိန်ပြောင်းလဲထုတ်ပြန်လိုက်ပါတယ်။

ဘူးသီးတောင်မြို့နယ်ဟာ မောင်တောမြို့နယ်လို ထူးခြားဖြစ်စဉ်ဖြစ်ပွားတာမရှိတဲ့အတွက် ညမထွက်ရအမိန့်ကို အခုလို အချိန်လျှော့ပြီး ထုတ်ပြန်တာလို့ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က လူမျိုးရေးဘာသာရေး ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘူးသီးတောင်မြို့ပေါ်မှာ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို စတင်ထုတ်ပြန်ခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက် သတ်မှတ်အချိန်ကို တဖြည်းဖြည်းလျှော့ချခဲ့ရာကနေ ပြီးခဲ့တဲ့နှစ်က ရသေ့တောင်၊ မောင်တော ဒေသမှာ နယ်ခြားစောင့်ရဲကင်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်စဉ်တွေကြောင့် ညမထွက်ရအမိန့်ကို ည ၇ နာရီကနေ မနက် ၆ နာရီအထိ အချိန်တိုးမြှင့်ထုတ်ပြန်ခဲ့ရတာဖြစ်ပါတယ်။

ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး အမိန့်နဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ အများပြည်သူတွေသွားရာ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူတွေနဲ့သက်ဆိုင်တဲ့နေရာတွေမှာ ၅ ဦး (သို့မဟုတ်) ၅ ဦးထက်ပိုပြီး မစုဝေးရလို့ပါရှိပါတယ်။

ဒီနေ့ ထုတ်ပြန်လိုက်တဲ့ အမိန့်ဟာ အချိန် ၂ လအထိ အတည်ဖြစ်မှာဖြစ်ပြီး အများပြည်သူတွေ သိရှိနိုင်ဖို့ ဒီနေ့ညမှာ လော်စပီကာတွေနဲ့ လှည့်လည်ကြေငြာမှာဖြစ်သလို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုလည်း အသိပေးအကြောင်းကြားထားတယ်လို့ ဘူးသီးတောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းကပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese


ကားလ်ဗင်ဆင် တိုက်ခိုက်ရေး အုပ်စုလို့ခေါ်တဲ့ ရေတပ်သင်္ဘော အုပ်စုကို စေလွှတ်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး အရာရှိတွေက အတည်ပြု

မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ထိပ်ဖူးတပ် ဒုံးကျည် စမ်းသပ်မှုတွေကြောင့် အမေရိကန်နဲ့ အခြေအနေတွေ တင်းမာနေတဲ့ အချိန်မှာပဲ အမေရိကန်က လေယာဉ်တင် သင်္ဘောနဲ့ ဒုံးကျည်ဖျက်သင်္ဘောတွေ ပါဝင်တဲ့ ရေတပ် အုပ်စုတခုကို ကိုရီးယား ကျွန်းဆွယ်ရဲ့ အနီးနားကို စေလွှတ်လိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ လတ်တလော လုပ်ဆောင်မှုတွေကို တန်ပြန်ဖို့အတွက် ကားလ်ဗင်ဆင် တိုက်ခိုက်ရေး အုပ်စုလို့ခေါ်တဲ့ ရေတပ်သင်္ဘော အုပ်စုကို စေလွှတ်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး အရာရှိတွေက အတည်ပြုခဲ့ပါတယ်။

အမေရိကန် သမ္မတ ထရမ့်က မြောက်ကိုရီးယားရဲ့ နျူးကလီးယားအရေးနဲ့ ပတ်သက်ပြီး ထိန်းပေးဖို့ တရုတ်သမ္မတ ရှီကျင်းပင်ကို တိုက်တွန်းခဲ့ပါတယ်။

ဒီလို တိုက်တွန်းပြီး မကြာခင်မှာပဲ မြောက်ကိုရီးယားက ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့မှာ တာလတ်ပစ် ထိပ်ဖူးတပ် ဒုံးကျည် တစင်းကို ထပ်မံ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ပစိဖိတ်သမုဒ္ဒရာ တပ်ဖွဲ့ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူကလည်း ဒီဒေသတွင်းမှာ မြောက်ကိုရီးယားက အဓိကပစ်မှတ် ဖြစ်တယ်လို့ ပြောဆိုနေပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုတွေကို အပြစ်တင်ထားပြီး သူတို့ကို သိမ်းပိုက်ဖို့ လေ့ကျင့်မှုအဖြစ် သတ်မှတ်နေတာ ဖြစ်ပါတယ်။
BBC Burmese

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ရစဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် မေလထဲမှာ ဥရောပနိုင်ငံတွေနဲ့ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

မေလဆန်းပိုင်းမှာ ဥရောပခရီးစဉ်ကို သွားပြီး ပြန်လာမှသာ တရုတ်နိုင်ငံမှာကျင်းပမယ့် One Belt One Road အစည်းအဝေးကို တက်ရောက်မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။

"အဲဒီ One Belt One Road အစည်းအဝေးဗျ။ ဥရောပခရီးစဉ်က တရုတ်မတိုင်ခင်သွားမှာ၊ မေလ ဆန်းမှာပေါ့၊ ဥရောပက ဘယ်လဂျီယံ၊ ပြင်သစ်၊ အင်္ဂလန် စသည်ဖြင့် ပါမှာပေါ့၊ နီးရင်တော့ ကျနော်တို့ သတင်းထုတ်ပါတယ်၊ အဲဒါပြီး ပြန်လာပြီးမှ တရုတ်သွားမှာပါ’’

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အင်္ဂလန်နိုင်ငံကို သွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကလည်း တရုတ် သမ္မတ ရှီကျင်းပင်ရဲ့ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါတယ်။

လက်ရှိမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကစပြီး တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေပါတယ်။

RFA



အီဂျစ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘုရားကျောင်းအပြင်ဘက်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    ကိုင်ရို၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

    အီဂျစ်နိုင်ငံ Tanta မြို့ ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ခုအတွင်း ဧပြီ ၉ ရက် (ယနေ့)တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ လူ ၂၁ဦးထက်မနည်းသေဆုံးပြီး ၅၉ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

ဖောက်ခွဲရေးပစ္စည်းတစ်ခုအား ဘုရားကျောင်းရှိ ရှေ့ထိုင်ခုံတစ်ခုတွင် တပ်ဆင်ထားခြင်းဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းက လုံခြုံရေးသတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ဘုရားရှိခိုးနေသည့် လူအုပ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် နံရံတစ်ချပ် ပြိုကျခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူအများစုမှာ အခြေအနေစိုးရိမ်ရသောကြောင့် သေဆုံးသူ အရေအတွက် များပြားလာနိုင်ကြောင်း နှင့် ယင်းဖောက်ခွဲမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခြင်းဖြစ်ကြောင်းကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com



တနသာင်္ရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် NLD ပါတီရုံးခွဲမှာ ထားရှိမယ့်အလံကို ပြန်လည်ဖြုတ်သိမ်းနေစဉ်။ Photo: လင်းယုန်/ Facebook
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ တနသာင်္ရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျွန်းကျေးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးခွဲ ဖွင့်လှစ်တာကို ဇာဒက်ကြီး ရေတပ်စခန်းက တားမြစ်ခဲ့ပါတယ်။

တပ်မြေဧရိယာထဲမှာ ပါနေတဲ့အတွက် ပါတီရုံးဖွင့်လှစ်ခွင့်မရှိဘူးဆိုပြီး လာရောက်တားမြစ်တာ ဖြစ်တယ် လို့ ကော့သောင်းမြို့နယ် NLD ပါတီ ဥက္ကဌ ဦးသက်နိုင် က ပြောပါတယ်။

"ဇာဒက်ကြီးကျွန်းမှာ ရပ်ကျေးရုံးဖွင့်တာ ဇာဒက်ကြီးရေတပ်စခန်းက ဖွင့်ခွင့်မပြုဘူး ကျနော်တို့ က ကော်မရှင်ဥပဒေအရ ကော်မရှင်ကိုစာတင် ထားပြီးပြီ ဖွင့်ခွင့်မရတော့ ကျနော်တို့ မဖွင့်ခဲ့ရပဲ ပြန်လာရတယ်။ အဲ့နေရာက စစ်တပ်နယ်မြေမို့ ဖွင့်ခွင့်မပေးဘူးပေါ့ ဒီနေရာက ပါတီနိုင်ငံရေး ကင်းရှင်းတဲ့နယ်မြေပေါ့ ဖွင့်လို့မရဘူးပေါ့ သူတို့ပြောတာ အဲလိုပြောတယ်"

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့က ကော့သောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေ လူထုတွေ့ဆုံပွဲ ကျင်းပပြီး တစ်ပြိုင်နက် ဇာဒက်ကြီးကျွန်းကျေးရွာမှာ ပါတီရုံးခန်းဖွင့်ပွဲကို ကျင်းပနေစဉ် ဇာဒက်ကြီးရေတပ် စခန်းမှူး ဒုဗိုလ်မှူးကြီး ကျော်စိုးလွင်က လာရောက် တားမြစ်ခဲ့တာဖြစ်တယ်လို့ ဦးသက်နိုင် က ပြောပါတယ်။

ဇာဒက်ကြီးကျွန်းကျေးရွာ နယ်မြေတစ်ဝိုက်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာဖြစ်ပြီး ဘယ်ပါတီမှ ရုံးခန်းဖွင့်လှစ် ထားတာမရှိသေးဘူးလို့ သိရပါတယ်။

တားမြစ်ခံရတဲ့ကိစ္စကို NLD ပါတီ ဗဟိုနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကုန်တိုက်အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဝါရှင်တန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တောင်ပိုင်း ရှိ ကုန်တိုက်တစ်ခု တွင် သေနတ်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်သတင်းဋ္ဌာနတစ်ခုက ထုတ်ပြန်ခဲ့သည်။

သေနတ်ပစ်သူသည် အခြားလူနှစ်ဦးအား ပစ်ခတ်ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရသည်။ မျက်မြင်ကြုံတွေ့ခဲ့သူများ၏ ပြောကြားချက်အရ လူသတ်သမားသည် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာနေရာတွင် ဖွင့်လှစ်ထားသော Coral Gables ကာယသင်တန်းမှ သင်တန်းဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူ နှစ်ဦးမှာ ကာယသင်တန်း မန်နေဂျာ Janine Ackerman နှင့် သင်တန်းဆရာ Mario Hortis တို့ဖြစ်ပြီး နှစ်ဦးစလုံး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း ဒေသခံရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။

ပစ်ခတ်မှုနောက်ကွယ်မှ အကြောင်းရင်းအား ရှင်းရှင်းလင်းလင်းသိရှိခြင်းမရှိသေးသော်လည်း သေနတ်သမားသည် ပုဂ္ဂိုလ်ရေးကိစ္စများကြောင့် ယင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများ၏ပြောကြားချက်အရ သိရသည်။

(Xinhua)
http://xinhuamyanmar.com


nw

နော်ဝေနိုင်ငံရဲ့ မြို့တော် အော်စလိုမှာ ဗုံးနဲ့တူတဲ့ ပစ္စည်းတခုကို ဖောက်ခွဲခဲ့အပြီး သံသယရှိသူ ၁ ဦးကို ဧပြီ ၈ ရက်နေ့က ဖမ်းလိုက်တယ်လို့ ရဲတွေက ပြောပါတယ်။

အော်စလိုက ဗုံးဖြုတ်သိမ်းရေးအဖွဲ့ ရောက်လာချိန်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံ ကြားရတယ်လို့ ရိုက်တာ သတင်းထောက်က ပြောပါတယ်။

ပစ္စည်းဟာ အပျက်အစီး နည်းနည်းပဲ ဖြစ်နိုင်စွမ်း ရှိပုံရတယ်လို့ ရဲကပြောပြီး သံသယ ရှိသူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေးဖို့ကိုတော့ ရဲက ငြင်းပါတယ်။

ပစ္စည်းတွေ့တဲ့နေရာ ဂရိုအန်လန်းဒေသဟာ တိုင်းရင်းသားအစုံရှိတဲ့ ရပ်ကွက်ဖြစ်ပြီး လူကြိုက်များတဲ့ ဘားတွေ စားသောက်ဆိုင်တွေနဲ့ ဗလီတွေ အတော်များများ ရှိနေပြီး မြို့ရဲ့ အဓိက ရဲစခန်းလည်း ရှိပါတယ်။

နော်ဝေမှာ ၂၀၁၁ ခုနှစ်က လက်ယာစွန်းသမား အန်ဒရေ ဘရီဗစ်ရဲ့ ဗုံးခွဲ ပစ်ခတ်မှုကြောင့် လူ ၇၇ ဦး သေဆုံးခဲ့ပါတယ်။

အိမ်နီးချင်း ဆွီဒင်နိုင်ငံမှာလည်း ဧပြီ ၇ ရက်နေ့က လူအုပ်ကို ကုန်ကားနဲ့ ၀င်တိုက်ခဲ့လို့ လူ ၄ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
DVB TV News


ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြတန်ဆောင်း ဘုန်းတော်ကြီးပညာသင်ရေးကျောင်းမှာ ရက္ခိုင့်တပ်မတော်ဖလား ဆိုတဲ့ခေါင်းစဉ်နဲ့ ဘောလုံးပွဲကျင်းပတာကို ရဲတပ်ဖွဲ့က တားမြစ်ပိတ်ပင်လိုက်ပါတယ်။

ရက္ခိုင့်တပ်မတော်စာလုံးပါတဲ့ ဘောလုံးပြိုင်ပွဲ ဗီနိုင်းပိုစတာကို ရဲတပ်ဖွဲ့က လာရောက်ဖြုတ်သိမ်း သွားတာဖြစ်တယ်လို့ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရ က မိန့်ပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ဟာ မနေ့ကလည်း လာရောက်တားမြစ်ခဲ့ကြသလို ဗီနိုင်းပိုစတာကိုပါ ဖြုတ်သိမ်းသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်က နောက်ထပ် ဗီနိုင်းပိုစတာတစ်ခုကို မနေ့က ထပ်မံစိုက်ထူလိုက်ရာမှာ ရဲတပ်ဖွဲ့က ဒီနေ့ မနက်က ထပ်ပြီးဖြုတ်သိမ်းသွားတာဖြစ်တယ်လို့ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရက မိန့်ပါတယ်။

မနက်ဖြန် ဧပြီလ ၁၀ ရက်နေ့မှာကျရောက်မယ့် ရက္ခိုင့်တပ်မတော်(AA) ၈ နှစ်မြောက် အထိမ်းအမှတ်အဖြစ် မြတန်ဆောင်း ဘုန်းတော်ကြီးပညာသင်ရေးကျောင်းမှာ ကျောင်းသားတွေအတွက် ဘောလုံးပြိုင်ပွဲကို မနေ့က စတင်ကျင်းပခဲ့တာဖြစ်သလို ဧပြီလ ၁၀ ရက်နေ့မှာလည်း ရခိုင်စင်တင်တေးဂီတဖျော်ဖြေပွဲနဲ့ စာပေဟောပြောပွဲ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ရက္ခိုင့်တပ်မတော် အထိမ်းအမှတ်ခေါင်းစဉ်နဲ့ အခုလိုပွဲတွေ ကျင်းပပြုလုပ်တာဟာ မတရားအသင်း အက်ဥပဒေနဲ့ ငြိစွန်းတာကြောင့် ခေါင်းစဉ်ပြောင်းကျင်းပဖို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဘက်က ဖိအားပေးနေတာဖြစ်ပြီး မြတန်ဆောင်းဆရာတော်က နိုင်ငံသားတစ်ယောက်အနေနဲ့ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်ရှိတာကြောင့် အခုလိုကျင်းပတာလို့ မိန့်ပါတယ်။

ဆရာတော်ရဲ့ကျောင်းအနီးဝန်းကျင်မှာ ရဲလုံခြုံရေးတွေလည်း ချထားတယ်လို့ သိရပါတယ်။

Photo: Mrata Zaung

(ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရက္ခိုင့်တပ်မတော်ဖလား ဆိုတဲ့ခေါင်းစဉ်နဲ့ ဗီနိုင်းပိုစတာကို ရဲတပ်ဖွဲ့က ဧပြီလ ၈ ရက်နေ့က လာရောက်ဖြုတ်သိမ်းစဉ်)
RFA


မန္တလေး ဧပြီ ၈

ယခုနှစ် မန္တလေးသင်္ကြန်ပွဲတော်အား ကျုံးပတ်လည်တွင်
ဖျော်ဖြေရေးမဏ္ဍပ် ၁၅ ခုနှင့်အတူ ကျုံးတောင်ဘက်ခြမ်း၌
ကျင်းပမည့် လမ်းလျှောက် သင်္ကြန်ပွဲတော် တွင် ရေကစား
မဏ္ဍပ် ၃ဝ ကျော်ပါဝင်၍ ပျော်ရွှင်စွာဆင်နွှဲသွားမည်ဖြစ်ကြောင်း
မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ကျုံးပတ်လည်ဖျော်ဖြေရေးမဏ္ဍပ်များအနက် ကျုံးတောင်ဘက်
တွင် မန္တလေး မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ၊ နန်းမြို့သူမဏ္ဍပ်နှင့် ခရီးသွားမြှင့်တင်ရေး ဗဟိုမဏ္ဍပ် တို့ဆောက်လုပ်ထားကြပြီး ကျုံးအရှေ့ဘက်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ဖျော်ဖြေရေး
မဏ္ဍပ် ခုနစ်ခုနှင့်အတူ စသုံးလုံးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန
တို့၏မဏ္ဍပ် များပါဝင်ကြပြီး ကျုံးမြောက်ဘက်တွင် Iron Crossဖျော်ဖြေရေးမဏ္ဍပ်နှင့်ကျုံး အနောက်ဘက်တွင်ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ မဏ္ဍပ်နှစ်ခု ပါဝင်ဆင်နွှဲကြမည်ဖြစ်သည်။

ယခုနှစ်တွင် ကျုံးတောင်ဘက်ခြမ်း၌ စတင်ကျင်းပမည့် လမ်းလျှောက်သင်္ကြန် ပွဲတော်တွင် မန္တလေးမြို့တော်စည်ပင်
သာယာရေးကော်မတီရေကစားမဏ္ဍပ် ၊ နန်းမြို့သူ ရေကစား
မဏ္ဍပ်၊ ခရီးသွားမြှင့်တင်ရေး အတွက်ဆောက်လုပ်ထား သည့် ဖျော်ဖြေရေး နှင့် ရေကစားမဏ္ဍပ် ၁၁ ခုနှင့် အဖွဲ့အစည်း
အသီးသီးတို့မှ ပါဝင်ဆောက်လုပ် ထားကြသည့် ပေ ၃ဝ နှင့် ၁၂ ပေအကျယ်ရှိ ရေကစားမဏ္ဍပ် အခု၂ဝ တို့ပါဝင်ကြပြီး စတု
ဒိသာမဏ္ဍပ်ခုနစ်ခုတို့လည်း ထည့်သွင်းဆောက်လုပ်ထားကြောင်း သိရသည်။

''ဒီကျုံးတောင်ဘက်ခြမ်းမှာကျင်းပမယ့် လမ်းလျှောက်သင်္ကြန်
ပွဲတော်အတွက် ၇၈ လမ်းနဲ့ ၆၆ လမ်းထိပ်တွေမှာ မုခ်ဦးတွေ တပ်ဆင်ထားမယ်။ ဘယ်ယာဉ်မှ မဝင်ရဘဲ လမ်းလျှောက်ပြီး ပါဝင်ဆင်နွှဲရမှာပါ။ဘယ်သူမဆိုပါဝင်ရေကစားနိုင်တဲ့ မဏ္ဍပ်တွေ၊ စတုဒိသာကျွေးမွေးဖို့နဲ့ အနားယူဖို့ မြေစိုက်မဏ္ဍပ်တွေလည်း ထည့်သွင်းထားတဲ့အပြင် အစားအသောက်ရောင်းချမယ့်
ဆိုင်ခန်းတွေလည်း ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်'' ဟု မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

ယခုနှစ် မန္တလေးသင်္ကြန်ပွဲတော်ကို အကြိုနေ့အရုဏ်တက်တွင် သံဃာတော် ၁ဝ၈ ပါးအား မန္တလေးမြို့တော်မဟာသင်္ကြန်
မဏ္ဍပ်ရှေ့၌ ဆွမ်းကြီးလောင်းလှူ၍ နံနက် ၇ နာရီခွဲတွင်
ကျောင်းသူ ၃ဝဝ ကမန်းတောင်ရိပ်ခိုသီချင်းဖြင့် သီဆိုဖျော်ဖြေကာ မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် မြို့မအလှပြယာဉ်တို့က သင်္ကြန် သီချင်းများကိုတစ်လှည့်ဆီအပြန်အလှန်သီဆိုကြပြီး ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)


ကမ္ဘာ့အလှမယ်ဟောင်းလည်းဖြစ် ဒေသရဲ့နာမည်ကြီးတစ်ဦးလည်းဖြစ်တဲ့ မစ္စစ်ကိုင်ရာနေးလိုပက်စ်ကို ဗြိတိန်ကိုလိုနီမြို့ဖြစ်တဲ့ စပိန်ဂျီဘရော်လ်တာကျွန်းဆွယ်ရဲ့ မြို့တော်ဝန်အသစ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

မစ္စစ်ကိုင်ရာနေးလိုပက်စ် အသက် ၃၀ နှစ်ဟာ ဒီအပတ် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမှာ ဂျီလရော်လ်တာမြို့ရဲ့အငယ်ဆုံး မြို့တော်ဝန်ဖြစ်လာတာပါ။

သူမကို မြို့တော်ဝန်အဖြစ် တာဝန်လွှဲပြီးပြီးချင်းမှာပဲ ဘရီစစ်လို့ခေါ်ဝေါ်နေကြတဲ့ ဥရောပနိုင်ငံသမဂ္ဂ (အီးယူ)ထဲမှာ ဗြိတိန်နိုင်ငံ ခွဲထွက်တဲ့ကိစ္စ ညှိနှိုင်းဆွေးနွေးရေးနဲ့ အီးယူမှ ဗြိတိန်ထွက်သွားတာက ဂျီဘရော်လ်တာ ကျွန်းဆွယ်နိုင်ငံအတွက် ဘယ်လိုသက်ရောက်မလဲဆိုတာတွေကို စဉ်းစားကိုင်တွယ်မှာလို့ ဆိုပါတယ်။

မစ္စစ်ကိုင်ရာနေးလိုပက်စ်ဟာ ခင်ပွန်းဖြစ်သူ ရေကြောင်းကြီးကြပ်စစ်ဆေးရေးမှူး အာရွန်နဲ့ တစ်နှစ်အရွယ် သမီးကလေးတစ်ဦးရှိတယ်လို့ သိရပါတယ်။

ကမ္ဘာ့အလှမယ်မဖြစ်ခင် သူမက အင်္ဂလိပ်နဲ့ စပိန်ဘာသာစကား ၂ မျိုးပြောတတ်ပြီး စိန့်ဘားနဒ်ဆေးရုံမှာ လူသားအရင်းအမြစ်ပိုင်းဆိုင်ရာ စာရေးမတစ်ဦးအနေနဲ့ အလုပ် လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သူမဟာ ဂျီဘရော်လ်တာကျွန်းဆွယ်မြို့ရဲ့အလှမယ်ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့အလှမယ်ဖြစ်ပြီးနောက် အဲ့ဒီနယ်ရဲ့ ပထမဦးဆုံး ကမ္ဘာ့အလှမယ်အနေနဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ မြို့တော်ဝန်ဖြစ်လာလို့ ပိုမိုကျော်ကြားလာတယ်လို့ဆိုပါတယ်။

သူမကို “ကမ္ဘာ့အလှဆုံးမြို့တော်ဝန်” လို့လည်း ခေါ်ဆိုကြတယ်လို့ သိရပါတယ်။

မြို့တော်ဝန်အသစ်ဖြစ်သူ သူမကတော့ ပြီးခဲ့တဲ့နှစ် ဇွန်လ ဗြိတိန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲပြီးနောက် ဂျီဘရော်လ်တာဟာ အခက်အခဲတွေ ရင်ဆိုင်နေရတာနဲ့အတူ သူမရဲ့အလုပ်က မလွယ်ကူကြောင်း ပြောပါတယ်။
DVB TV News


ပါကစ္စတန်ပြည်သူ့စစ်များ ခရစ်ယာန်ဘုရားကျောင်းကို စစ်ဆေးနေ
သံသယရှိသူတွေအဖြစ် စွဲချက်အတင်ခံနေရတဲ့ ခရစ်ယာန်ဘာသာဝင် ၄၀ ကျော်ကို ပါကစ္စတန် အစိုးရရှေ့နေ Syed Anees Shah က သူ့တရားရုံးအပြင်မှာ စုခိုင်းပြီး တကယ်လို့ သူတို့အစ္စလမ်ဘာသာကို ပြောင်းပြီး ကိုးကွယ်မယ်ဆိုရင် တရားသေ လွှတ်ပေးမှာ ဖြစ်ကြောင်း မတ်လ နှောင်းပိုင်းမှာ ကမ်းလှမ်းခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက Lahore မြို့က ခရစ်ယာန် ဘုရားကျောင်း ၂ ခုမှာ လူသေဆုံးစေတဲ့ အသေခံ ဗုံးဖေါက်ခွဲမှုတွေ ဖြစ်ပွါးခဲ့အပြီးမှာ မူဆလင် အမျိုးသား ၂ ဦးကို လူအုပ်ကြီးက ဝိုင်းပြီး အသေရိုက်သတ်ခဲ့မှုမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ ၄၀ ကျော်ကို အစိုးရရှေ့နေ Shah က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲမှာ ဝတ်ပြုနေသူ ၁၅ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဖေါက်ခွဲမှုဖြစ်ပွါးခဲ့ပြီးတဲ့ နောက်ပိုင်း၊ ဒီဖေါက်ခွဲမှုနဲ့ ဆက်နွယ်နေမယ်လို့ သံသယရှိတဲ့ အမည်မသိ မူဆလင် ၂ ဦးကို ဒေါသထွက်နေတဲ့ ဆန္ဒပြ လူအုပ်ကြီးက ဝိုင်းရိုက်ပြီး သူတို့ကို မီးရှို့ပစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူတွေကိုတော့ ဘေးကကြည့်နေသူတွေ လက်ကိုင်ဖုံးနဲ့ ရိုက်ယူထားတဲ့ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ကြည့်ပြီး ရဲက သိရှိခဲ့တာ ဖြစ်ပါတယ်။ ဒီသက်သေ အထောက်အထားတွေ ကနေ ခရစ်ယာန် အများစုနေထိုင်ရာ Lahore က Youhanabad အရပ်သား ခရစ်ယာန် ၄၀ ကျော်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ အမှုကို Lahore က အကြမ်းဖက် တိုက်ဖျက်ရေး ဆိုင်ရာ တရားရုံးမှာ ကြားနာစဉ် အခုလို အစိုးရရှေ့နေ Shah က ကမ်းလှမ်း ခဲ့တာ ဖြစ်ပါတယ်။

တရားစွဲဆိုတာ ခံနေရတဲ့ ခရစ်ယာန်တွေ အနေနဲ့ သူတို့ရဲ့ ဘာသာကို စွန့်လွှတ်ပြီး အစ္စလမ်ဘာသာကို ပြောင်းမယ်ဆိုရင် အမှုက လွှတ်အောင် လုပ်ပေးမှာ ဖြစ်ကြောင်း အစိုးရရှေ့နေ Shah က ကမ်းလှမ်းခဲ့တယ်လို့ ခရစ်ယာန်တွေရဲ့ ရှေ့နေဖြစ်သူ Joseph Francis က သတင်းမီဒီယာ တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)

နေပြည်တော် ပျဉ်းမနားအချုပ်ခန်းမှ ယမန်နေ့ နံနက်ပိုင်းက လွတ်မြောက်သွားသည့် အချုပ်သား ၂ ဦး အား ၂၄ နာရီအတွင် ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

ဝင်းထိုက်ကျော်နှင့်ငွေသိန်း (ခေါ်)ညီညီတို့နှစ်ဦးအား သာဝတ္တိရဲစခန်းအပိုင် ကြာကန်ရဲကင်းအနီးတွင် ရဲအုပ်မျိုးဇော် ပျဉ်းမနားရဲစခန်းအဖွဲ့မှ ဧပြီ ၉ ရက် နံက် ၉ နာရီအချိန်က ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးတရားခံနှစ်ဦးမှာ ပျဉ်းမနားရဲစခန်းမှ ပ ၂၅၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အရေးယူခံထားရသူ ဝင်းထိုက်ကျော် နှင့် ငွေသိန်း (ခေါ်) ညီညီတို့ဖြစ်ပြီး အချုပ်စခန်းသန့်ရှင်းရေးဆောင်ရွက်နေစဉ် ဆောက်လက်စအချုပ်ခန်းသစ်၏အုတ်နံရံမှတဆင့် အချုပ်ထောင်ဟောင်း ခေါင်မိုးပေါ်သို့ ကျော်တက်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)




အီတလီနိုင်ငံ၊ စပိုလီတိုမြို့မှာ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့အပျော်တမ်း စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်ကို ဧပြီလ ၈ ရက်၊ ၂၀၁၇ ခုနှစ်နေ့က ပြုလုပ်ရာ အန္ဒိယနိုင်ငံသား Sahil Tickoo ကို အချိန်ဖြင့် အနိုင်ရရှိပြီး ကမ္ဘာ့အပျော်တမ်း စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲချန်ပီယံဆုကို မြန်မာ့စစ်တုရင်ချန်ပီယံ ကိုဝင်းထွန်းက ရရှိခဲ့ပါသည်။

ယခုပြိုင်ပွဲသည် ကမ္ဘာ့စစ်တုရင်စံနှုန်း အီလို ၂၃၀၀ အောက် ပြိုင်ပွဲဖြစ်ပြီး Argentina, Belgium, Canada, Chile, Colombia, Cyprus, Ecuador, Egypt, England, Estonia, Germany, Greece, Hong Kong, Hungary, India, Italy, Kazakhstan, Morocco, Mongolia, Myanmar, Norway, Peru, Russia, Serbia, Slovakia, United Arab Emirates,
United States of America စတဲ့ နိုင်ငံ၂၇ နိုင်ငံက စစ်တုရင်အကျော်အမော် ၆၄ ယောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့
ကမ္ဘာ့အပျော်တမ်းစစ်တုရင်တံခွန်စိုက်ပြိုင်ပွဲကို အီတလီနိုင်ငံ၊ စပိုလီတိုမြို့မှာ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့ထိ ပြုလုပ်ခဲ့တာဖြစ်ပါသည်။

ကိုဝင်းထွန်းသည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့သား တဦးဖြစ်ပါသည် ဧရာဝတီတိုင်းအသင်းမှာ လက်ရွေးစဉ်ကစားသမားအဖြစ် ကစားခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် ရန်ကုန်တိုင်း လက်ရွေးစဉ်ကစားသမားအဖြစ် ကစားနေသူတဦးဖြစ်ပါတယ်။

ကိုဝင်းထွန်းဟာ မြန်မာပြည်ရဲ့ စစ်တုရင်သမိုင်းမှာ ကမ္ဘာ့အပျော်တမ်းစစ်တုရင် ချန်ပီယံအဖြစ် ပထမဆုံး နိုင်ငံဂုဏ်ဆောင်ပြီး ရယူပေးခဲ့တာဖြစ်ပါသည်။ ယခုလို မြန်မာ့ဂုဏ်ရောင်တောက်ပြောင်အောင် စွမ်းဆောင်နိုင်ခဲ့သော ကိုဝင်းထွန်းအား ထိုက်တန်စွာ ဂုဏ်ပြုသင့်ပါကြောင်း တိုက်တွန်းလိုက်ရပေသည်။

ကမ္ဘာ့အပျော်တမ်းစစ်တုရင် ချန်ပီယံအဖြစ် လျှောက်လှမ်းခဲ့သော ကိုဝင်းထွန်း၏ ကစားပွဲ မှတ်တမ်းများကို ပူးတွဲတင်ပြပေးလိုက်ပါတယ်။

မြန်မာ ..... မြန်မာ ...... မြန်မာ

---

Round 1

Win, Tun (2230) - Levina, Anna V. (2059)
World Amateur Chess Championship 2017 (Spoleto), 01.04.2017

1.Nf3 d5 2.g3 Nf6 3.Bg2 g6 4.O-O Bg7 5.d4 O-O 6.c4 c6 7.Qb3 Nbd7 8.Nc3 dxc4 9.Qxc4 Nb6 10.Qd3 Be6 11.Rd1 Qc8 12.b3 a5 13.Ba3 Qc7 14.Rac1 a4 15.Ng5 Bg4 16.Qe3 axb3 17.Qxe7 Qxe7 18.Bxe7 Rfe8 19.Bxf6 Bxf6 20.Nge4 Bg7 21.axb3 Rad8 22.h3 Be6 23.e3 Bxb3 24.Re1 Nd5 25.Nc5 Nxc3 26.Nxb3 Nd5 27.Na5 Rd7 28.Rb1 Ree7 29.Bxd5 cxd5 30.Rec1 Bh6 31.Rc3 f5 32.Rcb3 g5 33.Rb6 Kg7 34.Nxb7 Re8 35.Nd6 Rf8 36.g4 fxg4 37.hxg4 Kg8 38.Nf5 Bg7 39.Rb7 Rff7 40.Rb8+ Rf8 41.R1b7 Rxb7 42.Rxb7 Bf6 43.Rd7 Rd8 44.Nh6+
1-0

---

Round 2

Bognar, Csaba Dr. (2166) - Win, Tun (2230)
World Amateur Chess Championship 2017 (Spoleto), 02.04.2017

1.d4 Nf6 2.c4 g6 3.Nc3 d5 4.cxd5 Nxd5 5.e4 Nxc3 6.bxc3 c5 7.Be3 Bg7 8.Bc4 O-O 9.Ne2 Nc6 10.O-O Bg4 11.f3 cxd4 12.cxd4 Na5 13.Bd3 Be6 14.Qd2 Nc4 15.Bxc4 Bxc4 16.Rfd1 Qd7 17.Rac1 Rfc8 18.Rc2 b5 19.d5 Bxe2 20.Qxe2 Rxc2 21.Qxc2 Rc8 22.Qd2 Bc3 23.Qd3 a5 24.d6 Qxd6 25.Qxd6 exd6 26.Rxd6 a4 27.Rb6 b4 28.Kf1 Ra8 29.Ke2 b3 30.a3 Bb2 31.Bc5 Rc8 32.Rb5 Bg7 33.f4 b2 34.Be3 Rc2+ 35.Kd1 Rc3 36.Rb8+ Bf8
0-1

---

Round 3

Win, Tun (2230) - Skreno, Vladimir (2223)
World Amateur Chess Championship 2017 (Spoleto), 02.04.2017

1.e4 c5 2.Nc3 Nc6 3.g3 g6 4.Bg2 Bg7 5.Nge2 d6 6.d3 e6 7.h4 h5 8.Be3 Nd4 9.Qd2 Nxe2 10.Qxe2 Ne7 11.O-O Rb8 12.Rae1 Qa5 13.Bd2 Qb6 14.Bg5 Qxb2 15.Bxe7 Kxe7 16.Nd5+ Kf8 17.Rb1 Qxa2 18.Ne3 Bd4 19.Nc4 Qa6 20.Qd2 b5 21.Qf4 Rb6 22.Nxb6 Qxb6 23.Rfc1 Bc3 24.Rb3 b4 25.Rcb1 Be5 26.Qe3 Qc7 27.Kh2 a5 28.Rd1 Bd4 29.Qd2 a4 30.Rbb1 Bc3 31.Qe3 Bd4 32.Qd2 Bd7 33.f4 a3 34.Rf1 Bc3 35.Qe2 Kg7 36.Bh3 a2 37.Rbd1 Qa7 38.Ra1 Qa3
0-1

---

Round 4

Caprino, Marco (2186) - Win, Tun (2230)
World Amateur Chess Championship 2017 (Spoleto), 03.04.2017

1.e4 e5 2.Nf3 Nf6 3.Nxe5 d6 4.Nf3 Nxe4 5.Nc3 Nxc3 6.dxc3 Be7 7.Be3 Nc6 8.Qd2 Be6 9.Ng5 Bxg5 10.Bxg5 f6 11.Be3 O-O 12.Be2 Ne5 13.Qd4 Qe7 14.O-O f5 15.Bf4 Nc6 16.Qd2 Rae8 17.Bb5 a6 18.Bxc6 bxc6 19.Qd3 Bd5 20.c4 Be4 21.Qd2 c5 22.Rae1 Qf7 23.b3 h6 24.f3 Bb7 25.Rxe8 Rxe8 26.Re1 Re6 27.Rxe6 Qxe6 28.Qe3 Kf7 29.Kf2 Qf6 30.Qd3 g5 31.Bd2 g4 32.fxg4 Be4 33.Qe2 fxg4+ 34.Kg3 Bf5 35.h3 gxh3 36.gxh3 Qg6+ 37.Kh2 h5 38.Qf3 Ke6 39.b4 cxb4 40.Bxb4 Bxc2 41.Ba5 Be4 42.Qe2 c5 43.Bd2 Kd7 44.Bf4 Bd3 45.Qd1 Bxc4 46.Qf3 Qc2+ 47.Kg3 Qd3 48.Be3 Bd5 49.Qf4 Qe4 50.Qxe4 Bxe4 51.Kf4 Bg2 52.Kg5 Bf3 53.Kf4 Be2 54.Ke4 Ke6 55.Bg5 Bf1 56.h4 Bg2+ 57.Kd3 d5 58.a4 Be4+ 59.Kc3 d4+ 60.Kc4 Bd5+ 61.Kd3 Bb3 62.a5 Kd5 63.Ke2 c4 64.Kd2 Ke4 65.Bf6 c3+ 66.Kc1 Kd3 67.Be5 Kc4
0-1

---

Round 5

Win, Tun (2230) - Bigabylov, Zhuban (2186)
World Amateur Chess Championship 2017 (Spoleto), 04.04.2017

1.e4 c5 2.Nc3 Nc6 3.g3 g6 4.Bg2 Bg7 5.Nge2 d6 6.d3 Rb8 7.Be3 Nd4 8.O-O b5 9.Qd2 b4 10.Nd1 Nxe2+ 11.Qxe2 e6 12.Qd2 Ne7 13.Bh6 O-O 14.a3 Qc7 15.Re1 e5 16.Bxg7 Kxg7 17.f4 f6 18.Rf1 a5 19.Ne3 Bd7 20.f5 g5 21.h4 h6 22.Rf2 Be8 23.Bf3 Nc6 24.Rh2 bxa3 25.bxa3 Bf7 26.Kg2 Rh8 27.Rah1 Nd4 28.Bd1 Rbg8 29.c3 Nb3 30.Bxb3 Bxb3 31.c4 Qd8 32.Qb2 a4 33.Qd2 Kf7 34.hxg5 hxg5 35.Rh7+ Rxh7 36.Rxh7+ Rg7 37.Rh6 Ke7 38.Nd5+ Kd7 39.Nxf6+ Kc6 40.Nd5 g4 41.f6 Rb7 42.Rh4 Bxc4 43.dxc4 Rb3 44.Rh7
1-0

---

Round 6

Pahomov, Ruslan (2256) - Win, Tun (2230)
World Amateur Chess Championship 2017 (Spoleto), 05.04.2017

1.e4 e5 2.Nf3 Nf6 3.d4 Nxe4 4.Bd3 d5 5.Nxe5 Be6 6.Qe2 Nd6 7.O-O Be7 8.Re1 Nd7 9.Bf4 O-O 10.Nd2 Re8 11.Qf3 Bg5 12.Nxd7 Bxf4 13.Qxf4 Qxd7 14.Nf3 f6 15.Re2
1/2-1/2

---

Round 7

Win, Tun (2230) - Zhunussov, Bibek (2306)
World Amateur Chess Championship 2017 (Spoleto), 06.04.2017

1.Nf3 Nf6 2.g3 d5 3.Bg2 c5 4.d4 Nc6 5.O-O e6 6.c4 dxc4 7.Qa4 Bd7 8.dxc5 Qa5 9.Qxa5 Nxa5 10.Bd2 Nc6 11.Na3 Bxc5 12.Nxc4 O-O 13.Rac1 Rac8 14.Rfd1 Rfd8 15.Be1 Be8 16.a3 Be7 17.e3 h6 18.h3 Nd5 19.e4 Nf6 20.e5 Nd5 21.Bd2 b6 22.Bf1 Nb8 23.Ne3 Bc6 24.Nd4 Bb7 25.Rxc8 Rxc8 26.Nxd5 Bxd5 27.Bc3 a6 28.Rc1 Bc5 29.Ne2 Rd8 30.b4 Bf8 31.Bd4 b5 32.Bb6 Re8 33.Rc7 Nc6 34.f4 Be7 35.Nc3 Bf3 36.Kf2 Bh1 37.Kg1 Bf3 38.Kf2 Bh1 39.Bg2 Bxg2 40.Kxg2 Nb8 41.Ne4 Kf8 42.Kf3 Rd8 43.Rb7 Rc8 44.Nd6 Bxd6 45.exd6 g6 46.Bc5 Kg7 47.d7 Rd8 48.Rxb8
1-0

---

Round 8

Ghannoum, Marc (2234) - Win, Tun (2230)
World Amateur Chess Championship 2017 (Spoleto), 07.04.2017

1.e4 e5 2.Nf3 Nf6 3.Nxe5 d6 4.Nf3 Nxe4 5.d4 d5 6.Bd3 Bd6 7.O-O O-O 8.c4 c6 9.Nc3 Nxc3 10.bxc3 dxc4 11.Bxc4 Bg4 12.h3 Bh5 13.g4 Bg6 14.Ne5 Qh4 15.Re1 Bxe5 16.dxe5 Rd8 17.Qf3 Nd7 18.Ba3 Nb6 19.Bb3 Nd5 20.Rad1 Nc7 21.Qe3 h5 22.Bd6 Ne6 23.Bxe6 fxe6 24.Rd4 hxg4 25.hxg4 Rd7 26.Kg2 Qh6 27.f4 Bh7 28.Rh1 Qg6 29.Kg3 c5 30.Bxc5 Rxd4 31.Qxd4 Qd3+ 32.Qxd3 Bxd3 33.Rd1 Bc4 34.a3 Bd5 35.f5 Rc8 36.Bd4 Kf7 37.Kf4 Rc4 38.Kg5 Ra4 39.Ra1 a5 40.f6 b5 41.Rb1 Bc6 42.Ra1 Rc4 43.Ra2 Bd5 44.Rb2 b4 45.axb4 a4 46.Rb1 Rc8 47.Ra1 Ra8 48.Ra3 Bc4 49.Bc5 gxf6+ 50.exf6 Be2 51.Kf4 Kxf6 52.g5+ Kg6 53.Be7 Bc4 54.Ke5 Bb3 55.Kd4 Rc8 56.b5 Rc4+ 57.Kd3 Rc7 58.Rxb3 axb3 59.Ba3 Ra7 60.b6 Ra6 61.Bc5 Ra5 62.c4 b2 63.Kc2 Rxc5 64.Kxb2 Rc6
0-1

---

Round 9

Win, Tun (2230) - Sahil, Tickoo (2222)
World Amateur Chess Championship 2017 (Spoleto), 08.04.2017

1.Nf3 d5 2.g3 Nf6 3.Bg2 c6 4.d4 Bf5 5.O-O h6 6.c4 e6 7.Nc3 Nbd7 8.Qb3 Qb6 9.c5 Qxb3 10.axb3 a6 11.b4 Rc8 12.Ne5 g5 13.Nxd7 Kxd7 14.f3 Bg7 15.e4 Bg6 16.e5 Ng8 17.Be3 Ne7 18.Rfe1 Rce8 19.Bh3 Bf5 20.g4 Bg6 21.Ne2 f5 22.exf6 Bxf6 23.f4 Be4 24.Rad1 Ng6 25.Bg2 Bxg2 26.Kxg2 gxf4 27.Bxf4 e5 28.dxe5 Bxe5 29.Bxe5 Nxe5 30.Kg3 Nc4 31.Nf4 Nxb2 32.Rb1 Rxe1 33.Rxe1 Re8 34.Rb1 Nd3 35.Nh5 Re3+ 36.Kg2 Re2+ 37.Kg3 Re3+ 38.Kg2 Ke7 39.Ng3 Kf6 40.Nf5 Re2+ 41.Kg3 h5 42.Rf1 Re1 43.Rxe1 Nxe1 44.Nd6 hxg4 45.Nxb7 Nc2 46.Kxg4 d4 47.Na5 Nxb4 48.Kf4 Ke6 49.Ke4 d3 50.Nc4 a5 51.Kd4 a4 52.Kc3 Na6 53.Kxd3 Nxc5+ 54.Kc3 Kd5 55.Nb6+ Ke4 56.Kb4 Kd3 57.h4 a3 58.Kxa3
1-0

===========

ကိုစိန်သန်း (ဖေအောင်)

ဧပြီလ ၉ ရက်၊ ၂၀၁၇ ခုနှစ်


၀၁၇ ဧပြီ ၁ ရက်နေ့ ကကျင်းပသော ၁၉ နေရာလစ်လပ်သည်ကိုယှဉ်ပြိုင်ရသည့် ကြားဖြတ်ရွေးကောက်ပွဲသည် NLD အတွက်ရော ဒီမိုကရေစီအတွက်ရောကြီးစွာသော သတိပေးခေါင်းလောင်းသံဖြစ်ခဲ့သည် ။ ထိုခေါင်းလောင်းသံကိုနားမထောင်ပါက ၂၀၂၀ တွင် နစ်နာဆုံးရှုံးမှုများရှိလာကြဦးမည်ဖြစ်သည် ။ ယခုကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် အားလုံးသိကြသည့်အတိုင်း မဲဆန္ဒနယ် ၁၉ နေရာအတွက် NLD သည် ၁၈ နေရာဝင်ပြိုင်ပြီး ၉ နေရာအနိုင်ရခဲ့ပါသည် ။ ဘဲဥမကွဲသော အချို့ပါတီများ၏စံချိန်စံညွှန်းနှင့်ကြည့်လျှင် ၁၈ နေရာတွင် ၉ နေရာအနိုင်ရခြင်းမှာ ထက်ဝက်အောင်မြင်ခြင်းဖြစ်ပေသည် ။ သို့ သော် ပြီးခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ စံချိန်များနှင့်ကြည့်လျှင်မူ NLD ၏ရွေးကောက်ပွဲ အောင်မြင်မှုရလာဒ်မှာ ပါတီသက်တမ်း ၂၈ နှစ်အတွင်း အနိမ့်ဆုံး ရလာဒ်သို့ ကျဆင်းသွားခြင်းဖြစ်သည် ။ အနီးကပ်အကြောင်းပြချက်များအနေဖြင့် မဲလာပေးသူရာခိုင်နှုံးလျော့နည်းသဖြင့် တို့  ၊ ချောင်းဆုံတွင် တံတားအမည်ကိစ္စကြောင့်တို့  ၊ တိုင်းရင်းသားဘာသာစကားမတတ်၍တို့  စသည်ဖြင့် ပြော၍ရနိုင်သော်လည်း NLD ယခုရွေးကောက်ပွဲ တွင် မျှော်လင့်သလောက် အနိုင်မရခဲ့ခြင်းနောက်ကွယ်တွင်အကြောင်းများစွာရှိပေသည် ။ မျှော်လင့်သလောက်အနိုင်မရဟုပြောရခြင်းမှာ ၀င်ရောက်ယှဉ်ပြိုင်သောနေရာအားလုံးအနိုင်ရရန်မျှော်မှန်ထားသည်ဟုNLD နာယကကြီး သူရဦးတင်ဦးက ပြောကြားခဲ့ဖူးခြင်းကြောင့်ဖြစ်သည် ။ ၁၈ နေရာတွင် NLD သည် အနိုင်ဘက်မှကြည့်လျှင် ၉ နေရာနိုင်ခဲ့ပြီး အရှုံးဘက်မှကြည့်လျှင် ၉ နေရာရှုံးခဲ့ရပေ၏ ။ ထိုမျှသာမက ကယားပြည်နယတွင် ပြည်နယ်လွှတ်တော်အတွက် ဖရူဆိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) နေရာအတွက် NLD မပြိုင်ရခင်မှာပင်အရှုံးပေးခဲ့ရ၏ ။ထိုမဲဆန္ဒနယ်အတွက်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရာတွင် NLD ကိုယ်စားလှယ်လောင်းသည် သတ်မှတ်နေ့ ရက်ထက် နောက်ကျပြီးမှ ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းခဲ့သဖြင့် ရွေးကောက်ပွဲကော်မရှင်ကလက်မခံပါယ်ချခံခဲ့ရလေသည် ။ ဤဖြစ်ရပ်သည် အတော်ကို စီမံခန့် ခွဲမှုညံ့ဖျင်းသော လုပ်ရပ်တစ်ခုဖြစ်ပြီး အာဏာရပါတီကြီးတစ်ရပ်အနေဖြင့် ထိုသို့ ဖြစ်နေသည်မှာရှက်ဖွယ်လိလိဖြစ်သည် ။ မိမိပါတီကအစိုးရအဖွဲ့ ဖွဲ့နိုင်ပြီးကတည်းက မည်သည့်နေရာတွင်မည်သူများလစ်လပ်သည် ၊ကြားဖြတ်ရွေးကောက်ပွဲကျင်းပပါက မည်သူ့ ကို ၀င်ပြိုင်ရန်ရာထားသည် ၊မည်သူ့ ကိုအရန်အဖြစ်ရာထားသည် ၊ မည်သည့်နေ့တွင် လူစာရင်းဖြတ်မည် ၊မည်သည့်နေ့ တွင်ပါတီမှတာဝန်ယူကာ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမည် စသည်ဖြင့် တိကျပြတ်သားသော မူဝါဒနှင့် လုပ်ငန်းလမ်းစဉ် တစ်ခု NLD ဗဟိုတွင်ရော ၊ ကယားပြည်နယ် NLD တွင်လည်းကောင်း ၊ ၀င်ရောက်ယှဉ်ပြိုင်မည့်ဖရူဆိုမြို့နယ် NLD တို့မှာတာဝန်အသီးသီးရှိကြလေသည် ။ သွားရလာရခက်ခဲသော ဒေသဖြစ်သဖြင့် ဗဟို၏ညွှန်ကြားချက်ကို အချိန်မီအကောင်အထည်ဖော်ဖို ခက်ခဲသည်ဆိုလျှင် ကြိုတင်ပြင်ဆင်မှုများစွာန ဂိုထဲကလုပ်ထားရမည်ဖြစ်သည် ။ ယခုသော်ကား ပြိုင်ပင် မပြိုင်ရသေး တစ်နေရာရှုံးခဲ့သည်ဆိုခြင်းမှာ ဒေသခံပြည်သူလူထုကို မလေးစားခြင်း ၊ စောကားခြင်းနှင့်အတူတူပင်ဖြစ်ပေသည် ။ ယခုလိုရွေးကောက်ပွဲရလာဒ်များ ထင်သလိုမဖြစ်ကာမှ (ဧပြီ ၂ ရက်ကျကာမှ) ကယားပြည်နယ် NLD ဥက္ကဌ ဒေါက်တာခင်စည်သူနှင့် ဖရူဆိုမြို့နယ် NLD ဥက္ကဌ ဦးပဲ့ဒူ တို့ကို ပါတီတာဝန်မှရပ်ဆိုင်းလိုက်ခြင်းသည် မိုးလွန်မှထွန်ချသည့်သဖွယ်ဖြစ်နေပါသည် ။ နဂိုတည်းကဖြစ်ကိုမဖြစ်သင့်သောအမှားဖြစ်သည် ။ ထားတော့ပြီးခဲ့တာကပြီးခဲ့ပြီ ။

NLD ပါတီဘာကြောင့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၅၀ ရာခိုင်နှုန်းရှုံးနိမ်းရသလဲဆိုတာသိလျှင်လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြင်ဆင်သင့်တာပြင်ဆင်နိုင်ပေလိမ့်မည် ။ အဓိကကတော့ စေတနာဖြင့်ဝေဖန်ထောက်ပြမှုများကိုအလေးထားနားထောင်ဖို့ဖြစ်သည် ။ လူဆိုသည်မှာ အာဏာရလာသောအခါ တို့ လုပ်တာအမှန် ကျန်တဲ့သူတွေကမှားနေတာ ငါတို့ကိုလာမဝေဖန်နဲ့ဟူသောတဖက်ပိတ်အမြင်များကိန်းအောင်းလာလေ့ရှိသည် ။ အားနည်းချက်များကိုဝေဖန်ထောက်ပြမှုအစား အားလုံးကောင်းပါသည်ခင်ဗျားဟူသော အပြာမျိုးကိုသာနားဝင်ချိုကြပေလိမ့်မည် ။ မှန်ကန်သောဝေဖန်ထောက်ပြမှုသည် ဆေးခါးကြီးနှင့်တူပေလိမ့်မည် ။ အ၀င်ဆိုးသော်လည်းရောဂါပျောက်စေတတ်သဖြင့်မျိုချကြစေလိုပါ၏ ။ NLD ကိုထောက်ခံသူများထဲတွင် စာရေးသူလည်းပါဝင်၏ ။ ၁၉၈၈ ကပင်စတင်ထောက်ခံခဲ့သည် ။ ၁၉၉၀ တွင်ရော ၂၀၁၅ တွင်ရော NLD ကိုသာ မဲပေးခဲ့ပါသည် ။ ၂၀၂၀ တွင် NLD ကိုမဲပေးဖို့ များပါသည် ။ စောင့်တော့ကြည့်ရဦးမည် ။ ကျွန်တော်တို့  NLD ကိုထောက်ခံသော်လည်း သူတို့ ၏လုပ်ငန်းဆောင်တာဆောင်ရွက်ချက်များကိုအားရသလားဆိုမူ အားမရပါ ဟုဆိုချင်သည် ။ နှစ် ၅၀ ပျက်ခဲ့တဲ့နိုင်ငံကို တနှစ်အတွင်း ပြင်ဆင်၍ မရနိုင်ဆိုသော သုံးချက်တွက်နည်းကို ဘေးဖယ်ထား၍ လုပ်နိုင်လျက် မလုပ်ခဲ့နိုင်တာများကိုစပြောချင်သည် ။ အစပထမသည် ရွေးကောက်ပွဲ ၀င်ကာနီးကာလနှင့်ဆိုင်သည် ။ မိမိပါတီကို တဘ၀လုံး ၀န်းရံလာခဲ့ကြသည့် လူထုကြည်ညိုလေးစားသည့် ၈၈မျိုးဆက်အဖွဲ့ထဲမှကျောင်းသားခေါင်းဆောင်များ NLD ပါတီမှ ၀င်ရောက်ရွေးချယ်ခံရန် စာရင်းလာပေးကြစဉ်က ပြည်သူလူထုသည် ၀မ်းအသာကြီးသာခဲ့ကြသည် ။အားအရကြီးရခဲ့ကြသည် ။ ၈၈ မျိုးဆက်များနှင့် NLD ပေါင်းလိုက်လျှင် စစ်အာဏာရှင်စနစ်အကြွင်းအကျန်များကိုကျူပင်ခုတ်ကျူငုတ်မကျန်နှိမ်နှင်းအနိုင်ယူနိုင်တော့မည်ဟု ၀မ်းမြောက်ခဲ့ကြပါသည် ။သို့ သော် NLD သည် ကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက်နိုင်ငံရေးသမားအများစုကို သူတို့ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်ခွင့်ပြုရန် ငြင်းပါယ်လိုက်သည်ကိုအံ့အားသင့်ဖွယ် တွေ့ လိုက်ရပါသည် ( ၈၈မျိုးဆက်ကိုငြင်းပယ်ခဲ့ခြင်းရလာဒ်အဖြစ် မကြာမီ ပါတီသစ်တခုပေါ်ပေါက်လာပေလိမ့်မည် ထိုပါတီထံသို့ NLD ၏ထောက်ခံမဲအချို့ပဲ့ပါသွားလိမ့်မည်) ။ လူသစ်တွေ ရွေးကောက်ပွဲနီးမှဝင်လာသူတွေကို လက်မခံဘူးထင်တယ်ဟုထင်မြင်ခဲ့သေးသော်လည်း အချို့သော ခရိုနီအသေးစားများ ၊ အာဏာရှင်စနစ်လက်အောက်တွင်အသားကျခဲ့သူအချို့ကို ပါတီမှအနီးကပ်လက်ခံပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လက်ခံရွေးချယ်စေခဲ့တာကတော့နားလည်ရခက်ပြန်ပါသည် ။ ထိုအခါနားလည်ရသည်မှာ NLD သည် မူတခုအပေါ်တွင်ခိုင်ခိုင်မာမာရပ်တည်၍သွားနေခြင်းမဟုတ်ပဲ မူအမျိုးမျိုးပြောင်းလဲနေကြောင်းသိရပေ၏ ။ ထို့ အပြင် ၂၀၁၅ ရွေးကောက်ပွဲ နီးလာသောကာလတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးရာ၌ အောက်ခြေပါတီဝင်များလေးစားလက်ခံရွေးချယ်လိုက်သော ကိုယ်စားလှယ်များကို ပါတီဗဟိုမှပါယ်ချကာ သူတို့နှစ်သက်သဘောကျသူများဖြင့်အစားထိုးပေးခဲ့ခြင်းကလည်းအထက်နှင့်အောက် စိတ်ပျက်သွားစေသည် ။ ထိုသို့ စိတ်ပျက်ပြီး ပါတီမှနှုတ်ထွက်သွားသူများကို စည်းရုံးရှင်းလင်းသိမ်းသွင်းရမည့်အစား အမှိုက်တွေရှင်းသွားသည် ဟု ဦးဝင်းထိန်မှပြောကြားခဲ့ခြင်းကလည်း ခေါင်းဆောင်ကောင်းမပီသသော အပြုအမူဖြစ်သည် ။NLD ပါတီ ကို ဒေါ်အောင်ဆန်းစုကြည်တရားဝင်ခေါင်းဆောင်အဖြစ်မဆောင်ရွက်နိုင်မီ ၊ ပါတီလုပ်ငန်းများနှင့်ကင်းကွာနေချိန် ၊ အားလုံးကလေးစားရသော သတင်းစာဆရာကြီးဦးဝင်းတင် ကွယ်လွန်ချိန် ၊ ဘဘဦးတင်ဦးလည်းအသက်အရွယ်အရ နာယအဖြစ်သာ အခမ်းအနားများ တက်နေရချိန်တွင် ပါတီတွင်း၌ ဦးဝင်းထိန်တန်ခိုးထွားလာခြင်းကလည်း NLD ပါတီအတွက် ထိုးနှက်ချက်တရပ်ဖြစ်သည် ။ ဦးဝင်းတင်သည် စစ်တပ်မှထွက်လာသူဗိုလ်မှူးဟောင်းတယောက်ဖြစ်သည်နှင့်အညီ သံတမန်မဆန်သော ၊ ယဉ်ကျေးဖွယ်ရာမရှိသော အချို့သောအတုံးလိုက်အတစ်လိုက်ပြောဆိုမှုများကိုလူအများကမနှစ်မြို့ကြချေ ။ ဥပမာ NLD အစိုးရရာထူးအပြောင်းအလဲများရှိမရှိမေးခွန်းကိုမေးမြန်းခဲ့သောသတင်းထောက် အားစောက်ရူးဟုအကြိမ်ကြိမ်ပြောဆိုခြင်းသည် ယဉ်ကျေးသော နိုင်ငံရေးလောက ၊မီဒီယာလောက၌ မရှိသင့်သော ကိစ္စများဖြစ်သည် ။ ထို့အပြင် ဦးဝင်းထိန်သည် ပါတီအတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သည်မှန်သော်လည်း အစိုးရကိစ္စများကိုဝင်ရောက်စွက်ဖက်ခြင်း ၊လမ်းညွှန်ခြင်း ၊ ဒုဝန်ကြီးတဦးကိုနုတ်ထွက်ရန်ညွှန်ကြားခြင်းများသည် အမှန်စင်စစ် ပါတီ Side နှင့် အုပ်ချုပ်ရေး(အစိုးရ) Side ကို မှားယွင်းစွာရောထွေးခေါင်းဆောင်နေခြင်းဖြစ်သည် ။ ထိုကိစ္စများကို NLD သည်ပါတီတွင်းအရေးယူမှု ဝေဖန်ထောက်ပြမှုမရှိခဲ့ပေ ။ဦးဝင်းထိန်ကို ပါတီခေါင်းဆောင်ပိုင်းတဦးအနေထက် ဒေါ်အောင်ဆန်းစုကြည်၏လူယုံတော်အဖြစ်အားလုံးကကြောက်နေရခြင်းဖြစ်သည် ။ ဤသည်လည်း NLD ပါတီကို နိုင်ငံရေးဝေဖန်စဉ်းစားတတ်သူအချို့ သဘောမကျသောအကြောင်းတခုဖြစ်သည် ။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အပြတ်အသတ်အနိုင်ရ၍အစိုးရဖွဲ့သောအခါ ပြည်သူလူထုတွင် ချင်ခြင်းနှစ်ခုရှိသည် ။ ပါသင့်ပါထိုက်သူများ အစိုးရအဖွဲ့ များထဲတွင်ပါဝင်လာစေချင်ခြင်း နှင့် မပါသင့်မပါထိုက်သော လူများပါမလာစေချင်ခြင်းဖြစ်သည် ။ ပြည်သူလူထုသည် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီကိုမလိုလား သဖြင့် NLD ကိုပုံအောမဲထည့်ခဲ့ကြသည် ။ စစ်ဗိုလ်ချုပ်ဟောင်းများကိုမမြင်လိုမတွေ့ လိုတော့ပေ ။ သို့ သော် အသစ်ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့ တွင် NLD ကိုတခါမှကောင်းကျိုးမပေးခဲ့ဖူးသော ပါတီမှ လူဟောင်းများကို ၀န်ကြီးရာထူးများနှင့်အခြားရာထူးကြီးများ ပြန်ပေးခဲ့သည် မှာအံ့သြစရာကောင်းလှသည် ။ လူထုကမလိုချင်တော့သဖြင့် မဲမပေးပဲဖြုတ်ချခဲ့သူများကို NLD ကဖုန်သုတ်ပွဲထုတ်လာတာသည် အပြောင်းအလဲကို အလွန်လိုလားနေသောမဲဆန္ဒရှင်ပြည်သူလူထု ဆန္ဒကိုပစ်ပယ်လိုက်ခြင်းဖြစ်သည် ။ လူထုသည် စစ်အာဏာရှင်စနစ်ကိုအလိုမရှိ ။ နှစ်ပေါင်းငါးဆယ်လောက် နည်းအမျိုးမျိုးဖြင့်အာဏာရယူထားသောစစ်ဗိုလ်ချုပ်များကို တတ်နိုင်သမျှမမြင်တွေ့ လိုတော့ ။ စစ်ဗိုလ်ချုပ်များနှင့်ပေါင်းကာ မတရားချမ်းသာလာကြသောခရိုနီများ၊စားဖားများကို အစိုးရအဖွဲ့သစ်တွင်မမြင်ချင်ကြတော့ပေ ။ယခင်အစိုးရလက်ထက်က ကြံ့ခိုင်ရေးအစိုးရကိုသစ္စာတော်ခံခဲ့သူများ အစိုးရသစ်တွင်ပါဝင်လာခြင်းကလည်းပြည်သူလူထု၏မကြေနပ်မှုကိုကြီးထွားစေသည် ။ သပိတ်မှောက်တက္ကသိုလ်ကျောင်းသားများနှင့်ဆက်ဆံရေးမကောင်းခဲ့သူ ကပညာရေးဝန်ကြီးဖြစ်ခြင်း ၊ ယခင်အစိုးရလက်ထက်တွင် အဘတို့ရှေ့မှကာကွယ်ပေးမှု၌အသားကျနေခဲ့သူကို ပြောရေးဆိုခွင့်ရှိသူခန့်ထားခဲ့ခြင်း၊ ကြံ့ခိုင်ရေးပါတီမှအမတ်အချို့ ၀န်ကြီးဖြစ်လာခြင်းတို့သည် NLD ကိုနှစ်ပေါင်းများစွာထောက်ခံလာသူများကိုဒေါသဖြစ်စေပါသည် ။တဖက်တွင် NLD ကို မိုးထဲရေထဲတွင် အမြဲတမ်းသစ္စာရှိခဲ့ ပူးပေါင်းခဲ့ကြသော SNLD အဖွဲ့ လို ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်မှခေါင်းဆောင်များကို အစိုးရအဖွဲ့ထဲတွင် အရေးကြီးသော ထိပ်တန်းရာထူးများခွဲဝေပေးစေချင်သည် ။သို့ သော် NLD သည် မပေးခဲ့ချေ ။ ဦးခွန်ထွန်းဦးလိုလူသည် ဘယ်နေရာမှာမှ ပါမလာခဲ့ပေ ။ ဒါတွသည် ကိုယ်လုပ်ချင်ရာလုပ်လိုက်သော်လည်း တိုင်းရင်းသားများ (ရှမ်းတိုင်းရင်းသားများ)ရင်ထဲမှာ အနာတခုဖြစ်လာနိုင်သည် ။ ထိုရလာဒ်အဖြစ် ယခုအခါ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် SNLD ကို NLD သည် ရှမ်းပြည်နယ်မဲဆန္ဒနယ် ၆ နေရာတွင် ရှုံးခဲ့ခြင်းဖြစ်သည် ။ မိမိအနိုင်ရနေချိန်တွင် မိတ်ဟောင်းများကိုလက်တွဲခေါ်ခြင်းထက် မိမိနှင့်အနေဝေးခဲ့သော မျက်နှာစိမ်းများကိုမျက်နှာသာပေးခဲ့မှု ရလာဒ်ဖြစ်သည်ဟုကျွန်တောကတော့ထင်မြင်ယူဆသည် ။

နောက်တချက်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် လူကိုမကြည့်ပဲ ပါတီကိုကြည့်ပါဟူသော တိုက်တွန်းချက်၏ဘေးထွက်ဆိုးကျိုးဖြစ်သည် ။ NLD လွှတ်တော်ကိုယ်စားလှယ်များထဲတွင် စွမ်းဆောင်ရည်နိမ့်သော လွှတ်တော်အမတ်များစွာပါသည် ။ ရိုးသားကောင်းရိုးသားမည် ၊ ပါတီကိုသစ္စာရှိကောင်းရှိမည် ။သို့ သော် လူတော်များတော့မဟုတ် ။ထို့ ကြောင့် ပြည်သူလူထုသည် NLD အမတ်အချို့ကိုစိတ်ပျက်လာကြတာလည်းရှိသည် ။ ဤကိစ္စသည် ရှည်လျား၏ ။ NLD တဖွဲ့ တည်း၏အပြစ်တော့မဟုတ် ။ ပြည်ထောင်စုလွှတ်တော်ဝယ် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ် မူသေ ကိုယ်စားလှယ် ၁၆၆ ယောက်ရှိ၏ ။ ရွေးကောက်ပွဲမှတဆင့် ရွေးချယ်ခံရမည့် ပြည်သူ့ ကိုယ်စားလှယ်မှာ ၄၉၈ ယောက်ရှိ၏ ။ စုစုပေါင်း တပ်မတော်သားနှင့် ရွေးကောက်ခံအမတ်ပေါင်းလိုက်လျှင် ၆၆၄ ယောက်ရှိ၏ ။ ထိုအချိန်တွင၂၀၁၅ရွေးကောက်ပွဲနီးချိန်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှလွှတ်တော်အမတ် ဘူးလက်လှဆွေ (ခေါ်)ဦးလှဆွေက သူတို့ကြံ့ခိုင်ရေးပါတီသည် ၂၆ ရာခိုင်နှုန်း (၁၇၂ယောက် ) ရွေးကောက်ပွဲမှာ နိုင်ခဲ့လျှင်ပင် လွှတ်တော်တွင်း၌ရှိပြီးဖြစ်သော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း(၁၆၆ ယောက် )နှင့်ပေါင်းလိုက်လျှင် ပြည်ထောင်စုလွှတ်တော်၏ ၅၁ ရာခိုင်နှုန်း (ထက်ဝက်ကျော်) ထောက်ခံမှုဖြင့် အစိုးရဖွဲ့ကာ ဆက်လက်အုပ်ချုပ်နိုင်မည်ဖြစ်ကြောင်းပြောခဲ့ပါသည် ။ ထိုအချက်မှာအင်မတန်မသင့်လျော်သောပြောကြားချက်ဖြစ်သည် ။ ဥပဒေဘောင်ကျော်သောပြောကြားမှုဟုပင်ခေါ်၍ရသည် ။အဘယ့်ကြောင့်ဆိုသော် နိုင်ငံတော်နှင့် နိုင်ငံသားများကိုကာကွယ်စောင့်ရှောက်ပြီး တို့ တာဝန်အရေးသုံးပါးကို ကာကွယ်မည်ဆိုသောတပ်မတော်ကိုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ပုလင်းတူဗူးဆို့ သဖွယ် အပိုင်တွက်ပြီးရောထွေးပြောခဲ့ခြင်းကြောင့်ဖြစ်သည် ။ အမှန်မှန်မှာ တပ်မတော်သည် နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သောအဖွဲ့ကြီးဖြစ်ပြီး ကြံခိုင်ရေးပါတီမှာ သူ့ ပါတီဝင်များနှင့်သာဆိုင်သောအဖွဲ့ဖြစ်သည် ။ ထိုနှစ်ဖွဲ့ ကိုတဖွဲ့တည်းလိုလို လုံးချသောကိစ္စတွင် တပ်မတော်သည် ထိုစကားပြောခဲ့သူ ဦးလှဆွေကိုထိုသို့ မသင့်မလျော်မပြောကြားရန်တရားဝင်သတိပေးတားမြစ်ရမည်ဖြစ်သည် ။ သို့ သော် ကျွန်တော်သိသလောက် ထိုသို့ သတိပေးတားမြစ်မှုမျိုးမရှိခဲ့သဖြင့် ပြည်သူလူထုသည် တပ်မတော်နှင့်ကြံခိုင်ရေးပါတီသည် တဖွဲ့ တည်းအတူတူပင်ဖြစ်သလိုလိုထင်ကုန်ကြပါသည် ။

ထိုသို့ ဆိုလျှင် ပြည်သူလူထုကလုပ်နိုင်သည်မှာ ပြည်ခိုင်ဖြိုးအစိုးရပြန်တက်မလာစေလိုလျှင် NLD ပါတီအစိုးရဖွဲ့နိုင်သည့် ၅၁ ရာခိုင်နှုန်းဖြစ်သော ၃၃၃ ဦး ပြည်ထောင်စုလွှတ်တော်ထဲသို့ အရောက်ပို့ ဖို့ ပဲ ရှိတော့သည် ။ အကယ်၍သာထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပြည်ခိုင်ဖြိုးပါတီနှင့်တပ်မတော်အတူတူမဟုတ်ကြောင်း တဖွဲ့တည်းလိုလို ထင်ယောင်ထင်မှားဖြစ်အောင်မပြောဆိုသင့်ကြောင်း တားမြစ်ထုတ်ပြန်ခဲ့မည်ဆိုလျှင် ပြည်သူလူထုသည် NLD ၃၃၃ ဦး လွှတ်တော်ထဲသို့ ပို့ နိုင်ရန် လူကိုမကြည့်ပဲ ပါတီကိုသာကြည့်၍ မဲပေးကြဖို့ သိပ်ပြီးအသည်းအသန်ကြိုးစားကြမည်မဟုတ်ပေ ။ ထို့ ကြောင့် လူကိုမကြည့်ပဲပါတီကိုပဲကြည့်၍ရွေးချယ်ခဲ့ကြခြင်းတွင် ဘေးထွက်ဆိုးကျိုးအနည်းငယ် ယခုအခါပေါ်ပေါက်လာသော်လည်း ထိုသိုဖြစ်ရခြင်းတွင် NLD တခုတည်း၏အမှားမဟုတ်ချေ ။ပြည်သူလူထု၏အမှားလည်းမဟုတ် ။ထိုသို့ ဖြစ်အောင် အင်အားစုအားလုံး တွန်းပို့ ခဲ့ကြခြင်းသာဖြစ်ပေသည် ။ လိုရင်းကိုပြန်ချုပ်ရလျှင် ထိုစဉ်က နိုင်ငံရေးလိုအပ်ချက်အရ အစိုးရအပြောင်းအလဲဖြစ်ရန် လူကိုမကြည့်ပဲ NLD ပါတီကိုသာ မဲပေးရွေးချယ်ခဲ့ကြသော်လည်း ယခုအခါ အေးအေးဆေးဆေး လူကိုကြည့်၍ စွမ်းဆောင်ရည်မြင့်သူကိုရွေးချယ်ခွင့်ရလာသည့်အချိန်တွင် မိမိဒေသနှင့် အလိုက်ဖက်ဆုံးလူကိုသာစေ့စေ့စပ်စပ်ရွေးချယ်ခဲ့ခြင်းက NLD ယခင်လိုနေရာအားလုံးအနိုင်မရခဲ့ခြင်း၏အဓိကအကြောင်းဖြစ်သည် ။ ဘာပဲဖြစ်ဖြစ် NLD သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ၂၀၁၇ လိုမဖြစ်ချင်ဘူးဆိုလျှင် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် အောက်ခြေပြည်သူလူထု၏ဆန္ဒနှင့်ကိုက်ညီသော သူကိုသာ အသင့်တော်ဆုံးရွေးချယ်ကြရပေလိမ့်မည် ။ ထိုသို့မဟုတ်ပဲ ကိုယ်စားလှယ်လောင်းစိစစ်ရွေးချယ်ရေးအဖွဲ့ ဟူသော ဗဟိုမှလူနည်းစုလေးတစုတဖွဲ့ကသာ နေရာတိုင်းကိုလိုက်ဆုံးဖြတ်နေပါလျှင် ကျရှုံးခန်းကိုရင်ဆိုင်ရလိမ့်ဦးမည်ဖြစ်သည် ။ အမတ်လောင်းရွေးရာတွင် ဒေသခံဖြစ်သူ၊ ဒေသခံပြည်သူလူထုကကြည်ငြိုလေးစားထောက်ခံသူ ၊ အမှန်တကယ်အရည်အချင်းရှိသူ ဆိုသောအချက်သုံးချက်ကိုသာအဓိကထားရွေးချယ်ရမည်ဖြစ်သည် ။ ဗဟိုမှဝင်ေ၇ာက်စွက်ဖက်မှု နည်းနိုင်သမျှနည်းရမည်ဖြစ်သည် ။ ဒေသခံတို့၏အသံကိုနားစွင့်ရပေမည် ။

ဤသည်တို့မှာ ဘာကြောင့် ၂၀၁၇ တွင် NLD ပါတီဘာကြောင့် မဲဆန္ဒနယ် ၁၉ နေရာတွင် ၉ နေရာပဲနိုင်ခဲ့သလဲဆိုသော အဖြေများဖြစ်သည် ။ ကျန်တာတွေကတော့အကြောင်းအများကြီးရှိနိုင်သည် ။ မဲပေးနိုင်သော လူဦးရေထက်တကယ်တန်းမဲလာပေးသောလူဦးရေမှာ အလွန်နည်းနေခြင်း (ပြည်သူများ မဲလာမပေးသူများနေခြင်း)သည်လည်း NLD ရှုံးရခြင်းအကြောင်းတရပ်ဟု ဦးဝင်းထိန်ကသုံးသပ်သည် ။ မှန်ပေ၏ ။ သို့ သော် လူတွေဘာကြောင့်မဲလာမပေးကြသလဲဆိုတာတော့ကိုယ့်ဘာသာစဉ်းစားအဖြေထုတ်ကြဖို့လိုမည်ဖြစ်သည် ။ ပြည်သူလူထုကိုအပြစ်ပုံချသောအဖြေထက် လူတွေမလာချင်လောက်အောင်ဘာတွေကိုစိတ်ပျက်သွားကြတာလဲ ။ဘာတွေကိုမကြေနပ်တာလဲ ။ ငါတို့ဘာတွေလိုအပ်နေသလဲဟုသာ ကိုယ့်ကိုယ်ကို သတ္တုချ၍ ဝေဖန်ဆန်းစစ်ကြရမည်ဖြစ်သည် ။ လူတွေကအသိဥာဏ်နုံနဲ့လို့ မဲလာမပေးကြလို့ဟု တော့ အလွယ်ပြော၍ရမည်မဟုတ် ။ မြန်မာနိုင်ငံသားများသည်တိုင်းပြည်အတွက် တကယ်တန်းလိုအပ်လာသည့်အခါတိုင်း အသက်ပေးကာရှေ့ တန်းမှထွက်ခဲ့ကြတာ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင်တကြိမ် ၊ ၁၉၈၈ အရေးအခင်းတွင်တကြိမ် ၊ ၁၉၉၀ ရွေးကောက်ပွဲတွင်တကြိမ် ၊ ၂၀၁၅ တွင်တကြိမ် အကြိမ်ကြိမ်သက်သေပြခဲ့ပြီဖြစ်သည် ။

NLD အာဏာရလာသောအခါ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသောကိစ္စများကိုသာ ဦးစားပေးလုပ်ကိုင်စေချင်ပါသည် ။ ပြည်သူလူထုအများစုကိုထိမည့်ကိစ္စများရှောင်နိုင်သလောက်ရှောင်စေချင်သည် ။ သမ္မတရုံးတွင် သင်္ကြန်ပိတ်ရက် ၅ ရက် ၊၁၀ ရက် ကိစ္စကိုမှဖြောင့်ဖြောင့်တန်းတန်း ရှင်းရှင်းလင်းလင်းမရေးသားတတ်မကြေညာတတ်သည့်လူမျိုးကို နေရာပေးစေခိုင်းမှုမျိုးတွေ ပြင်စေချင်သည် ။ အရင်အစိုးရလက်ထက်ကအကျင့်တွေအတိုင်း လိုက်နေဆဲဖြစ်သည့် အချို့သောအရာရှိဆိုးများနှင့်ပြတ်ပြတ်သားသားလမ်းခွဲစေချင်သည် ။ NLD အစိုးရအဖွဲ့ ဝင်များနှင့်လွှတ်တော်အမတ်များသည် ဒေါ်အောင်ဆန်းစုကြည်ထံမတင်ပြရလျှင်ဘာမှ ကိုယ့်ဘာသာမလုပ်ဝံ့ကြသော ကျောင်းထိုင်ဆရာတော်ကြီးမသိပဲဘာမှမလုပ်ဝံ့သောကိုရင်လေးတွေလိုပြုမူနေကြတာတွေပြင်စေချင်သည် ။ ပါတီနှင့်အစိုးရမသဲကွဲပဲ ပါတီခေါင်းဆောင်ဆိုသူက အစိုးရအဖွဲ့ကို ၀င်ရောက်စွက်ဖက်အမိန့် ပေးညွှန်ကြားနေတာတွေ ပြင်စေလိုသည် ။ တကယ်တော်သောဝန်ကြီးတွေကိုခန့်စေလိုသည် ။တကယ်တော်သော အမတ်လောင်းတွေကိုရွေးစေလိုသည် ။ ငါတို့တော်လို့ တတ်လို့ ဒီနေရာရောက်လာခြင်းထက် ဒေါ်အောင်ဆန်းစုကြည်မျက်နှာနှင့် ဒီနေရာရောက်လာကြတာပါလားဟု အမှန်အတိုင်းမြင်ကြစေလိုသည် ။ဒါဆိုလျှင် ၂၀၂၀ တွင် အခြေအနေကောင်းနိုင်မည်ဖြစ်သည် ။ ၂၀၁၇ မုန့် စာကျောင်းဆင်းချိန်ခေါင်းလောင်းကြီးကတော့ ခေါက်ပြီးသွားပြီ ။ အပြီးသတ်ခေါင်းလောင်းကြီးနောက်သုံးနှစ်တွင်လာပါလိမ့်မည် ။နိုင်ချင်လျှင်ပြင်စေသတည်း။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၇.၄.၂၀၁၇[full-post]


မြန်မာပြည်က ဧပြီလရဲ့ရက်စက်မှုကတော့ နေရဲ့ ချစ်ချစ်တောက်အပူရှိန်နဲ့ ၀င်းဝင်းတောက်ထိန်နေတဲ့ အလင်းရောင်နဲ့ဆိုင်ပါတယ်။ လူတွေရဲ့ အင်အားတွေ၊ စွမ်းအားတွေကို ယုတ်လျော့အားနည်းစေတဲ့အတွက် ကွဲအက်နေတဲ့မြေကြီးပမာ တစ်ကိုယ်လုံးပူချစ်နေပြီး ပင်ပန်းနွမ်းနယ်စေ ပါတယ်။ ဒီလိုပူပြင်းခြောက်သွေ့တဲ့လမှာပဲ ကျွန်မတို့မြန်မာလူမျိုးတွေ ရဲ့ နှစ်သစ်အချိန်ကျရောက်ပါတယ်။ ပူပြင်းခြောက်သွေ့မှုနဲ့ လိုက်ဖက်ညီစွာပဲ နှစ်သစ်ကူးအခါသမယကို ရေသဘင်ပွဲခင်းပြီး ဆင်ယင်ကျင်းပကြပါတယ်။

ဒီပွဲတော်ရဲ့ နာမည်ကတော့ “သင်္ကြန်ပွဲတော်”ပါပဲ။ သင်္ကြန်ဆိုတာ ကူးပြောင်းခြင်းကို ဆိုလိုပါတယ်။ သင်္ကြန်မှာ မဟာ (ကြီးမြတ်သော) ဆိုတဲ့စကားလုံးကို တစ်ခါတစ်ရံ တွဲဖက်သုံးလေ့ရှိပါတယ်။ နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကို ကူးပြောင်းတာဟာ ကြီးကျယ်တဲ့ပြောင်းလဲမှုဖြစ် တဲ့အတွက် ပွဲလမ်းသဘင်တွေ ဆင်ယင်ကျင်းပကြလို့ မဟာဆိုတဲ့ စကားလုံးကို သုံးတာ ဖြစ်ပါတယ်။ ဒါတင်မကပါဘူး။ ကျွန်မတို့တစ်တွေ “အတာ”(ပြီးဆုံးခြင်း)ဆိုတဲ့ စကားလုံးကိုလည်း သုံးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲတော်ဟာ နှစ်ဟောင်းရဲ့နောက်ဆုံးလေးရက် မှာကျင်းပပြီး အဲဒီမှာ အတာရေကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပက်ကြလောင်းကြပါတယ်။ ဒီလို အပြန်အလှန်ရေ ပက်လောင်းကြတာဟာ ငြိမ်းချမ်းတဲ့အထိမ်းအမှတ်၊ သာယာဝပြော တဲ့ အထိမ်းအမှတ်၊ အညစ်အကြေးတွေကို ဖယ်ရှားပစ်တဲ့ အထိမ်းအမှတ်ပါပဲ။

သင်္ကြန်ပွဲတော်ရဲ့ပုံသဏ္ဍာန်ဟာ လွန်ခဲ့သောနှစ်ပေါင်း(၂၀၀)ကျော်လောက် ကစပြီး သိသိသာသာပြောင်းလဲလာပါတယ်။ ၁၇၉၅ခုနှစ်မှာ အိန္ဒိယဘုရင်ခံ ကစေလွှတ်လို့ အင်းဝမှာ သံတမန်အဖြစ်ဆိုက်ရောက်ခဲ့တဲ့ အင်္ဂလိပ်လူမျိုး Captain Symes က သူဝင်ရောက်ဆင်နွှဲခဲ့ဖူးတဲ့ သင်္ကြန်ပွဲ ကို ရေးသားဖော်ပြဖူးပါတယ်။

နှစ်ဟောင်းက အညစ်အနွမ်းတွေကို သန့်စင်ဖယ်ရှားဖို့၊ နှစ်သစ်မှာ မကောင်းမှုတွေက ကင်းဝေးစေဖို့ အမျိုးသမီးတွေဟာ အဲဒီနေ့မှာ တွေ့သမျှ အမျိုးသားတွေကို ရေပက်ကြပါတယ်။ အမျိုးသားတွေကလည်း အပြန်အလှန်အနေနဲ့ သူတို့ကို ရေပက်ခွင့်ရပါတယ်။ ဒီလိုခွင့်ပြုတာဟာ တစ်ဖက်သားကို မထိခိုက်စေဘဲ ပျော်ရွှင်မှုကို များစွာဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ရေဖလားတွေနဲ့ လမ်းတစ်လျှောက် တွေ့သမျှ အမျိုးသားတွေ ကို ရေပက်ကြတဲ့ အမျိုးသမီးငယ်လေးတွေဟာ သူတို့ကိုယ်တိုင်ပြန်ပြီး စိတ်နှလုံးထားကောင်းနဲ့ ရေပက်တာကို ခံရတဲ့အခါမှာ ပျော်ရွှင်ကြ ပါတယ်။

ဒီလိုရေပက်ကစားကြတဲ့အခါမှာရော၊ တခြားပျော်ရွှင်မှုတွေမှာရော၊ မယဉ်ကျေးတဲ့အမူအရာကို နည်းနည်းလေးမှ ထုတ်ဖော်မပြကြပါဘူး။ ညစ်ပတ်တဲ့ရေနဲ့ ဘယ်တော့မှ မပက်ကြပါဘူး။ အမျိုးသားအနေနဲ့ အမျိုးသမီးကို ကိုယ်ထိလက်ရောက် ကိုင်တွယ်ခွင့်မရှိပါဘူး။ ဒါပေမဲ့ သူစိတ်ကျေနပ်သလောက် ရေလောင်းခွင့်ရှိပါတယ်။ ဒါတောင် အမျိုးသမီးကစပြီး ရေလောင်းမှသာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံတဲ့ခေတ်တုန်းက အမျိုးသမီးတွေက သာ စပြီး ရေလောင်းခွင့်ရှိတယ်ဆိုတာ ယခုအခါမှာတော့ ပျောက်ကွယ်သွားတာ ကြာပါပြီ။

ဒီကနေ့မှာတော့ ရေအားပြင်းပြင်းထွက်ဖို့ ရေပိုက်တွေမှာ
ခေါင်းသေးသေးလေးတွေတပ်ပြီး ပက်ကစားကြတာတွေ ဟာ ရေပြွတ်တွေ၊ ရေဖလားတွေနဲ့ ပက်ကစားကြတဲ့နေရာတွေမှာ အများကြီးအစားထိုးဝင်ရောက်နေပါပြီ။ သက်ကြီးရွယ်အို မြန်မာလူကြီးများက သင်္ကြန်ပွဲတော်ကာလမှာ မယဉ်ကျေးတဲ့အမူအရာကို နည်းနည်းလေးမှ ထုတ်ဖော်မပြရဘူးဆိုတဲ့စကားဟာ လုံးဝမရှိတော့ဘူးဆိုတာကို ၀မ်းနည်းစွာနဲ့ ပြောဆိုနေကြပါပြီ။ အထူးသဖြင့် အလွန်အကျွံ အရက်သောက်သုံးခြင်းဟာ သင်္ကြန်ပွဲနဲ့အတူ တွဲဖက်ပါလာကတည်းကပါပဲ။ ယခုခေတ်မှာတော့ လမ်းထောင့်တွေမှာ ယာယီမဏ္ဍပ်တွေ ထိုးပြီး ရေပက်ကစားကြ၊ အဆိုအကတွေနဲ့ ဖျော်ဖြေတင်ဆက်လာကြပါပြီ။ ကားတစ်စီးအပြည့်နဲ့ အပျော်ရေပက်ခံထွက်ကြတဲ့သူတွေကလည်း တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ ရေစိုရွှဲပြီးရင်း စိုရွှဲလာကြသလို၊ တချို့ကျတော့ မူးပြီးရင်း ပိုမူးလာကြပါတော့တယ်။

သင်္ကြန်ပွဲအတွင်း ရေပက်ခံထွက်တဲ့သူ အများအပြားဟာ ပျော်ရွှင်ဖို့အတွက် ကားနဲ့လျှောက်လည်ရင်း လွတ်လွတ်လပ်လပ်ကြီး အရက်သောက်ခဲ့ကြတာ ထင်ရှားပါတယ်။ ဒီလို အရက်မူးပြီး အပျော်ထွက်လည်တဲ့သူတွေဟာ တစ်ခါတလေ ဒေါသထွက်အောင် ပြောဆိုတာတွေ၊ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အပြုအမူတွေ ပြုလုပ်လာတဲ့အခါ ရန်ဖြစ်ကြပါတယ်။ နှစ်သစ်အခါသမယ မှာ စောင့်ထိန်းရမယ့် ရိုးရာအစဉ်အလာစိတ်ဓာတ်ဖြစ် တဲ့ ဒေါသမထွက်ရဘူးဆိုတဲ့ စိတ်ဓာတ်ကို မထိန်းသိမ်းနိုင်ကြတော့ပါဘူး။

အပျော်လွန်တဲ့အခါ ရှောင်လွှဲလို့မရတဲ့ ရန်ပွဲတွေဖြစ်ရုံမက မတော်တဆ ယာဉ်တိုက်မှုတွေ ဖြစ်ပွားပြီး အသက်ဆုံးရှုံး၊ ခြေလက်တွေကျိုးပဲ့၊ ထိခိုက်ဒဏ်ရာ ရတဲ့အထိ ဖြစ်တာတွေဟာ နှစ်တိုင်းပါပဲ။

ဒေါ်အောင်ဆန်းစုကြည်

Eternal Light Magazine



ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ကြိုဆို
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ သန်းပေါင်း ထောင်ချီ ထုတ်ချေးပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်လိုက်ပါတယ်။ နှစ်နိုင် ငံကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်တရပ်ကိုလည်း စနေနေ့က ပထမဆုံးအကြိမ်အဖြစ် လက်မှတ်ရေးထိုးလိုက် ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို VOA သတင်းထောက် Anjana Pasricha က နယူးဒေလီမြို့တော်က ပေးပို့ထားတာကို၊ ကိုဉာဏ်ဝင်းအောင်က တင်ပြပါလိမ့်မယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာသန်းပေါင်း ၄၅၀၀ ထုတ်ချေးသွားမယ့် အကြောင်း ဝမ်းမြောက်ဝမ်းသာ ကြေညာအပ်ပါတယ်။ ဒီအကူအညီ တွေပါနဲ့ဆိုရင် လွန်ခဲ့တဲ့ ၆ နှစ်တာကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထောက်ပံ့ငွေဟာ ဒေါ်လာသန်း ၈ ထောင်ကျော်ရှိခဲ့ပါပြီ ”

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ရှိတ်ဟာဆီနာ နယူးဒေလီမြို့ကို ရောက်ရှိနေစဉ် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi နရင်ဒရာမိုဒီက အခုလိုကြေညာ သွားတာဖြစ် ပါတယ်။ ဒါ့အပြင် နောက်ထပ် ဒေါ်လာသန်းပေါင်း ၅၀၀ တန်ဘိုးရှိတဲ့ စစ်လက်နက် ပစ္စည်းတွေကိုလည်း ဘင်္ဂလားဒေ့ရှ်ကို ရောင်းချသွားမယ်လို့ မစ္စတာမိုဒီက ကြေညာသွား ပါတယ်။ အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ် ရဲ့ယုံကြည်စိတ်ချရတဲ့ ဖွံ့ဖြိုးရေးမဟာမိတ်အဖြစ် အချိန်ကြာမြင့်စွာ တည်ရှိလာခဲ့ တယ်လို့လည်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က ဆိုပါတယ်။

၇ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ အိန္ဒိယနိုင်ငံ လာရောက်တဲ့ ပထမဆုံးခရီးစဉ် အတွင်းမှာ ခေါင်းဆောင်၂ဦးတို့ဟာ နှစ်နိုင်ငံရင်းနှီးမှုကို ထပ်မံ အခိုင်အမာ အတည်ပြု ကြပြီး ဒီလို ရွှေရောင်လွှမ်းတဲ့ ဆက်ဆံရေးကြောင့် တောင်အာရှဒေသကို အကျိုးရှိစေ လိမ့်မယ်လို့လည်း မစ္စတာမိုဒီက ပြောကြား သွားပါတယ်။

အခု ခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အရပ်ဖက်သုံး နျူကလီးယားစွမ်းအင် အစီအစဉ် လုပ်ဆောင်ပေးရေး အပါအဝင် သဘောတူညီစာချုပ် ၂၂ ကို လက်မှတ် ထိုးနိုင်ခဲ့ပါတယ်။ ဒီအထဲမှာ ၅ နှစ်တာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ဟာ အဓိက ကျပြီး၊ ဘင်္ဂလားဒေ့ရှ်ရဲ့ တရုတ်အပေါ် စစ်ရေးအရ မှီခိုနေမှုကို လျော့ကျသွားစေမယ်လို့ နယူးဒေလီမှာရှိတဲ့ လူအတော်များများက ရှုမြင်ကြပါတယ်။

သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာမှာ စိုးရိမ်တဲ့ အတွက် အိန္ဒိယအစိုးရဟာ သူ့အိမ်နီးချင်းတွေနဲ့ မဟာဗျူဟာ ဆက်ဆံရေး မြင့်မားလာစေဖို့ အတွက် မကြာသေးမီနှစ်တွေကစလို့ အစဉ်တစိုက် အားထုတ်နေ ခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က တရုတ်ဆီကနေ ရေငုတ်သင်္ဘော ၂ စင်း ဝယ်ယူခဲ့ တဲ့အတွက် အိန္ဒိယရဲ့စိုးရိမ်မှုကို ပိုပြီးနက်ရှိုင်း သွားစေခဲ့ပါတယ်။

ဒါကြောင့် အခုသဘောတူညီမှုဟာ အိန္ဒိယအတွက် အောင်မြင်မှုတရပ်ဖြစ်တယ်လို့ နယူးဒေလီ ကာကွယ်ရေးလေ့လာမှုဌာနက တောင်အာရှရေးရာ ကျွမ်းကျင်သူ Sukh Deo Muni ကပြောပါတယ်။

“အိန္ဒိယနိုင်ငံရဲ့ အကဲဆတ်တဲ့နေရာ တဝိုက်မှာ တရုတ်က ကာကွယ်ရေး အခိုင်အမာ တည်ဆောက်လာတာကို အိန္ဒိယက မလိုလားပါဘူး။ ဒါ တကယ်ပဲ ဖြစ်ပါတယ်။”

အိန္ဒိယနဲ့ ချုပ်ဆိုတဲ့ ကာကွယ်ရေး သဘောတူစာချုပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အတိုက်အခံတွေက ရှုတ်ချကြပေမယ့်၊ ဒါကာမြို့တော်က ဘက်မလိုက်တဲ့ သုံးသပ်သူတွေ ကတော့ ဒီစာချုပ်ဟာ တရုတ်နဲ့ အိန္ဒိယကြား ချိန်ခွင်ညှာကို ထိန်းညှိရာမှာ အထောက် အကူ ဖြစ်စေလိမ့်မယ်လို့လည်း အကောင်းမြင်ကြပါတယ်။ Abdur Rashid ဟာ ဒါကာမြို့ ပဋိပက္ခ၊ တရားဥပဒေ စိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးလေ့လာမှုဌာနက အမှုဆောင် ဒါရိုက်တာ ဖြစ်ပါတယ်။

“ အခုလောလောဆယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မှီခိုမှု ၈၀%က တရုတ်နိုင်ငံပေါ် မှီခိုနေ တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါကို ကျနော်တို့ လျှော့ချရမှာ ဖြစ်ပါတယ်။ အခုလို အိန္ဒိယနဲ့ချုပ်ဆိုလိုက်တဲ့ ကာကွယ်ရေးစာချုပ်ကြောင့် ကျနော်တို့နိုင်ငံပေါ် ကျရောက်မယ့် အန္တရာယ်ကို အမှန်တကယ်လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ တဖက်မှာ အတားအဆီးတွေ ဖြစ်လာရင် အခြားတဖက်ကို ကျနော်တို့ မှီခိုင်နိုင်မှာ ဖြစ်ပါတယ်။”

အိန္ဒိယနိုင်ငံ ကလကတ္တားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Khulna ခူလ်နာမြို့ကြားက ရထားလမ်း သစ်နဲ့ ကလကတ္တားနဲ့ ဒါကာမြို့တော်ကြား ဘတ်စ်ကားလိုင်းသစ် တခုကိုလည်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ အိန္ဒိယခရီးစဉ်အတွင်း စတင်ဖွင့်လှစ်ခဲ့ ပါတယ်။ နောက်ထပ် ရထားလမ်းဟောင်း တခုကိုလည်း ပြန်လည် မွမ်းမံခဲ့ပါတယ်။ ဒီလို ဆက်သွယ်ရေး လမ်းကြောင်းတွေ ပိုမိုကောင်းမွန်လာခြင်းဟာ ဒေသတွင်း ဖွံ့ဖြိုးရေး အတွက် အလွန်အရေးပါတယ်လို့ ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်က ပြောပါတယ်။

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နှစ်ပေါင်းများစွာ တိုက်တွန်းလာခဲ့တဲ့ နှစ်နိုင်ငံကြား ရေခွဲဝေရေး အဓိက သဘောတူညီမှုကိုတော့ မဖေါ်ဆောင်နိုင် ခဲ့ပါဘူး။ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်ရဲ့ ကန့်ကွက်မှုကြောင့် မအောင်မြင် ခဲ့တာပါ။ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား Teesta မြစ်က စီးဆင်းနေတာ ဖြစ်ပါတယ်။ မြစ်ရေခွဲဝေရေး သဘောတူညီချက် ရနိုင်ဖို့ လုပ်သွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ်က အခိုင်အမာ ပြောဆို ခဲ့သလို ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ကလည်း အကောင်းမြင်မျှော်လင့်ကြောင်း အခုလို ပြောကြား ခဲ့ပါတယ်။

“ ဒီပြသနာတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဖြေရှင်းတဲ့နေရာမှာ အိန္ဒိယနိုင်ငံရဲ့ ထောက်ခံမှုကို ရရှိလိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်။”


၉ လကြာ သွေးထွက်သံယို စစ်ပွဲတွေဖြစ်ပြီးနောက် ပါကစ္စတန်နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရဖို့ အိန္ဒိယက ကူညီခဲ့တဲ့ ၁၉၇၁ ခုနှစ်ကစပြီး အိန္ဒိယ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ပိုမိုနီးစပ်လာခဲ့တာဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ပုသိမ်မြို့ ငဝန်မြစ်မြင်ကွင်း (ဓါတ်ပုံ- Htin Linn Dmm)
ဧရာဝတီတိုင်း င၀န်မြစ်အတွင်း ဧပြီလ(၇)ရက် သောကြာနေ့ညက ကျောက်တင် သင်္ဘောကို တိုက်မိတဲ့ ခရီးသည်တင်စက်လှေ တိမ်းမှောက် မှုကြောင့် လူပေါင်း ၂၁ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဆက်လက်ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေ အပါအ၀င် လူပေါင်းများစွာ သေဆုံးခဲ့တဲ့ ရေယာဉ်တိုက်မှုကို စုံစမ်းအရေးယူ သွားမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းအစိုးရက ပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်ပြီး တင်ပြမှာပါ။

င၀န်မြစ်မှာ နစ်မြှုပ်ခဲ့တဲ့ ခရီးသည်တင်စက်လှေနဲ့ လိုက်ပါလာသူတွေကို မီးသတ်တပ်ဖွဲ့ နဲ့တပ်မတော်သားတွေ ပူးပေါင်းပြီး မနေ့က ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ သောကြာနေ့ည (၇)နာရီလောက်က ငွေကြယ်စင် စက်လှေဟာ မင်္ဂလာဆောင်သွားခဲ့ကြတဲ့ ခရီးသည် စုစုပေါင်း ၆၀ နီးပါးကို တင်ဆောင်မောင်နှင်းလာရာ ဥမ္မာဒန္တီဘောတံတားအနီး နဒီရွှေစင်ကျောက်တင် သင်္ဘောနဲ့ တိုက်မိခဲ့ပြီး တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

စနေနေ့ထိ ခရီးသည်ပေါင်း ဒါဇင်နဲ့ ချီပျောက်ဆုံးနေဆဲဖြစ်ပြီး၊ ရုပ်အလောင်း စုစုပေါင်း ၂၁ ဦး ဆယ်ယူနိုင်ခဲ့သလို အသက်ရှင်ခရီးသည်ပေါင်း (၃၀)ဦးကိုလည်း ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူ ဦးအောင်သူထွေးက အခုလိုပြောပါတယ်။

“မနေ့ညက ကျနော်တို့ အယောက် ၃၀ အရှင် ကယ်ဆယ်လို့ရခဲ့တယ်။ မနေ့က လူသေအလောင်း ၂၀ ဆယ်လို့ရခဲ့တယ်။ ဒီနေ့မှာ အမျိုးသမီးလောင်း တလောင်း ထပ်ရတယ်။ မနေ့က အသေစာရင်းမှာဆို အမျိုးသမီးက ၁၆၊ အမျိုးသား ၄ ယောက်ပေါ့။ ဒီနေ့စာရင်းအရ အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသား ၄ ဦးပေါ့ ၂၁ ဦးဖြစ်သွားပါပြီ။”

သေဆုံးသူအများစုဟာ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ကြတယ်လို့ အသက်ရှင်လွတ်မြောက်လာတဲ့ ဦးအောင်ဆွေဦးက ပြောပါတယ်။

“ကျနော်တို့ဖက်ကို မှောက်တာ၊ အပေါ်မှာနေတဲ့ ယောက်ျားတွေကတော့ ကိုယ့်ဟာကိုယ်ကူးခတ်တော့ အသက်ရှင်သူများတယ်။ အထဲမှာနေတဲ့ ကလေးတွေနဲ့ မိန်းမတွေက အကုန်နီးပါးသေတယ်”

င၀န်မြစ်အတွင်း ဒီတကြိမ် ရေယာဉ်တိုက်မှုဟာ နှစ်အနည်းငယ်အတွင်း သုံးကြိမ်မြောက် အကြီးမားဆုံးဖြစ်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိ သူတွေက ပြောပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေအပါအ၀င် လူပေါင်းများစွာသေဆုံးခဲ့တဲ့ ဒီရေယာဉ်တိုက်မှုကို စုံစမ်းအရေးယူဖို့ရှိကြောင်း ဧရာဝတီတိုင်းအစိုးရဘက်က ပြောဆိုခဲ့ပါတယ်။ အသက်ရှင်လွတ်မြောက်လာသူ စုစုပေါင်း (၃၀)ဦးထဲမှာ အမျိုးသား (၂၆)ဦးနဲ့ အမျိုးသမီး (၄)ဦး ပါဝင်ပြီး သူတို့ကို ပုသိမ်ဆေးရုံးမှာ ဆေးဝါးကုသပေးနေပါတယ်။

အင်ကြင်းနိုင်   / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ဟုမ်းစ် မြို့ကနေ သူပုန် လက်ကျန်တွေ ထွက်ခွာ
အမေရိကန်က ဆီးရီးယား လေတပ်စခန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ ဒေသတွင်းသာမက နိုင်ငံတကာ တည်ငြိမ်ရေးကိုပါ ပျက်ပြား စေတယ် ဆိုပြီး ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တစ်လာဆင်ကို တယ်လီဖုန်းကနေ ပြစ်တင် ပြောဆိုခဲ့ပါတယ်။

လေကြောင်းကနေ ဓာတုလက်နက်သုံး တိုက်ခိုက် ရာမှာ ဆီးရီးယား အစိုးရ အသုံးပြု ခဲ့တဲ့ လေတပ် စခန်းကို အမေရိကန်က ဒုံးကျည်တွေနဲ့ ပစ်ခတ် ခဲ့အပြီး အနောက်အုပ်စု နိုင်ငံတွေနဲ့ အာဆတ် အစိုးရရဲ့ မဟာမိတ် ရုရှား အကြား ဆက်ဆံရေး ဆိုးရွား နေတာ ဖြစ်ပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဘောရစ် ဂျွန်ဆင်ဟာ သူ့ရဲ့ မော်စကို ခရီးစဉ်ကို ၄၈ နာရီ အလိုမှာပဲ ဖျက်သိမ်း လိုက်ပါတယ်။

ဆီးရီးယား နိုင်ငံထဲ နောက်ဆုံး ဖြစ်ပျက် ခဲ့တာတွေဟာ အခြေအနေကို လုံးဝ ပြောင်းသွား စေတယ်လို့ ဝန်ကြီး ဂျွန်ဆက်က ပြောပါတယ်။

ဒါပေမယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တစ်လာဆင်ကတော့ မူလက စီစဉ်ထားတဲ့ အတိုင်း ရုရှားကို သွားမယ်လို့ ဆိုပါတယ်။

ဆီးရီးယားထဲကို ကြည့်ရင်တော့ အစိုးရတပ်တွေ ဝိုင်းထားတဲ့ ဟုမ်းစ် မြို့ကနေ သူပုန် လက်ကျန် တွေနဲ့ သူတို့ မိသားစုဝင်တွေဟာ သဘောတူမှု ရထားသလို မြို့ကနေ ထွက်ခွာ နေပါတယ်။

သူတို့ဟာ ဓာတုလက်နက်တွေနဲ့ တိုက်ခိုက် ခံခဲ့ရတယ် ဆိုတဲ့ အစ်ဒ်လစ်ဘ် ပြည်နယ်ထဲ ဦးတည် ဆုတ်ခွာ နေတာ ဖြစ်ပါတယ်။

သူပုန် ထိန်းချုပ်မြေ အစ်ဒ်လစ်ဘ် နယ်ထဲမှာတော့ လေကြောင်းတိုက်ခိုက်မှု နောက်တစ်ကြိမ် ရှိလာ ခဲ့ပြန်ပြီး ၊ အနည်းဆုံး လူ ၁၈ ယောက် သေဆုံး ခဲ့ရတယ် ဆိုပြီး ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese



အမေရိကန် Tomahawk ဒုံးကျည် ပစ်ခတ်မှုခံရသည့် ဆီးရီးယားနိုင်ငံ Homs မြို့လေတပ်စခန်း
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ဧပြီလ ၁၂ ရက်နေ့မှာ ရုရှားနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဆီးရီးယား အစိုးရက ဓါတုလက်နက်တွေနဲ့ အရပ်သားတွေကို ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အပေါ် လက်တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်က ဆီးရီးယား လေတပ် အခြေစိုက်စခန်းကို ဗုံးကျဲ တိုက်ခိုက်ပြီး ရက်ပိုင်းအကြာမှာ သွားရောက်တာလည်း ဖြစ်ပါတယ်။

ရုရှားနိုင်ငံက Bashar al-Assad အစိုးရကို ဆက်လက် ထောက်ပံ့ပေးနေတဲ့ကိစ္စကို ပြန် စဉ်စားဖို့ Tillerson က ပြောကြားသွားမယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဧပြီလ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ အီတလီနိုင်ငံမှာ ကျင်းပမယ့် G-7 စက်မှု ထိပ်သီးနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲကနေ ဗုဒ္ဓဟူးနေ့မှာ ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို ၀န်ကြီး Tillerson ခရီးဆက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အမေရိကန်က ဆီးရီးယား လေတပ်အခြေစိုက်စခန်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ၀န်ကြီး Tillerson ရဲ့ ခရီးစဉ် ဖျက်ပစ်လိုက်တာ၊ ရက်ရွှေ့ဆိုင်းတာတွေ လုပ်ခဲ့ခြင်းရှိမရှိ ဗွီအိုအေက မေးတာကိုတော့ အမေရိကန်နိုင်ငံခြားရေးဌာနက တစုံတရာ တုန့်ပြန်ခြင်း မရှိပါဘူး။

အမေရိကန်က ဆီးရီးယားကို တိုက်ခိုက်လိုက်တဲ့အတွက် အမေရိကန်-ရုရှား ဆက်ဆံရေး ကို ကြီးမားစွာ ထိခိုက်သွားစေသလို အဲဒီ တိုက်ခိုက်မှုဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီး လုပ်ဆောင်တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ရုရှားသမ္မတ Vladimir Putin က ပြောကြောင်း ရုရှားအစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



 ဒေါ်အောင်ဆန်းစုကြည် ထံ စာပို့ ထားတယ်
မြစ်ကြီးနား အကျဉ်းထောင်ထဲ ကျန်းမာရေး အခြေအနေ ဆိုးရွား လွန်းနေတဲ့ ကချင် အမျိုးသား

ဦးလဖိုင်ဂမ်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International က တောင်းဆို လိုက်ပါတယ်။

ဦးလဖိုင်ဂမ်ဟာ မတရားသင်း အက်ဥပဒေ ၁၇ (၁) အရ ၂ဝ၁၂ ကတည်းက ဖမ်းဆီး ခံထားရတာ ဖြစ်ပြီး၊ ကျန်းမာရေး ဆိုးလာတာ နှစ်လနီးပါး ရှိနေပြီလို့ သူ့ရဲ့ ရှေ့နေ ဖြစ်သူ ဦးမာခါးက ဘီဘီစီကို ပြောပါတယ်။

ထိန်းသိမ်း ခံထားရစဉ် အနှိပ်စက် ခံခဲ့ ရတာတွေရဲ့ နောက်ဆက်တွဲ ဒဏ်တွေ ခံနေရတာ ဖြစ်ပြီး၊ အူကျ ဝေဒနာနဲ့ အစာအိမ်ရောဂါ တွေလည်း ခံစား နေရတယ်လို့ ရှေ့နေ ဖြစ်သူက ပြောပါတယ်။

ဦးလဖိုင်ဂမ်ဟာ ကချင်လက်နက်ကိုင် KIA နဲ့ ဆက်သွယ်လို့ ဆိုတဲ့ စွဲချက်နဲ့ အတူ ဖောက်ခွဲမှု တွေနဲ့ ထောင် နှစ်ရှည် ကျခံ နေရသူ ဖြစ်ပါတယ်။

အစိုးရ စစ်တပ် ခလရ(၃၇)က သူ့ကို စဖမ်းတဲ့ အချိန်မှာရော၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ချုပ်နှောင် ထားချိန်မှာရော အနှိပ်စက် ခံခဲ့ရတယ်လို့ ရှေ့နေ ဖြစ်သူက ပြောပါတယ်။

ဦးလဖိုင်ဂမ်ဟာ ကိုယ်ထိလက်ရောက် ထိုးကြိတ် ရိုက်နှက်တာ မျိုး၊ ရေနှစ်တာမျိုး စတာတွေ အပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကား ခံခဲ့ရတယ်လို့ ရှေ့နေ ဦးမာခါးက ပြောပါတယ်။

ဦးလဖိုင်ဂမ်ရဲ့ မိသားစုက အရင် အစိုးရလက်ထက် သမ္မတ ဦးသိန်းစိန် ထံကိုရော၊ တရားဥပဒေ စိုးမိုးရေး လွှတ်တော် ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ထံကို ပါ ဦးလဖိုင်ဂမ်ကို ပြန်လွှတ် ပေးဖို့ တောင်းဆို ခဲ့ဖူးသလို၊ ပြီးခဲ့တဲ့ လတုန်းကလည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ထံကို ဦးလဖိုင်ဂမ် လွတ်မြောက် လာရေး ကိစ္စ ထပ်မံ စာပို့ ထားတယ် လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese



အမေရိကန်ကနေ ပြန်ပို့လိုက်တဲ့ ဆိုမာလီနိုင်ငံသားများ
အမေရိကန်ပြည်ထောင်စုမှာ လက်ရှိ နေထိုင်နေတဲ့ ဆိုမားလီးယားနိုင်ငံသား ၄,၀၀၀ လောက်ကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဦးစီးဌာနက နေရပ် ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ သိရှိရကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ဆိုမားလီးယား သံအမတ်ကြီး Ahmed Isse Awad က ပြောပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနက ပြန်ပို့ဖို့ စီစဉ်နေတဲ့ ဆိုမားလီးယား နိုင်ငံသား ၄,၀၀၀ နီးပါးရှိတယ်ဆိုတာ လူဝင်မှု ကြီးကြပ်ရေးဌာနက တဆင့် သိရှိရကြောင်း၊ အဲဒီအထဲက အများစုဟာ ထိန်းသိမ်းရေးစခန်းထဲမှာ ရှိနေကြသူတွေ မဟုတ်ကြောင်း သံအမတ်ကြီး Awad က ဗွီအိုအေကို ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာ ဆိုမားလီးယား သံရုံး ၀ါရှင်တန် ဒီစီမြို့မှာ ပြန်ဖွင့်ပြီးကတည်းက အမေရိကန်မှာ ရွေ့ပြောင်း အခြေချနေထိုင်တဲ့ ဆိုမားလီးယား နိုင်ငံသား တွေထဲက ဥပဒေနဲ့ ငြိစွန်းသူတွေ၊ ခိုလှုံခွင့် လျှောက်ထားပြီး ပယ်ချခံထားရသူတွေ စုစုပေါင်း ၁၇၀ လောက်ကို မြို့တော် Mogadishu ကို ပြန်ပို့ခဲ့ပြီး ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

အရင်က ပြန်ပို့ခံခဲ့ရသူ အများစုဟာ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက် ထားပြီး ပယ်ချခံခဲ့ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခု ပြန်ပို့ဖို့ စီစဉ်ခံထားရပြီး ထိန်းသိမ်းရေး စခန်းတွေထဲမှာ ရောက်နေကြတဲ့ ဆိုမားလီးယား နိုင်ငံသား တွေကတော့ ခိုလှုံခွင့် လျှောက်ထားပြီး ပယ်ချခံထားရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဒေါ်နယ်ထရန့်က အမေရိကန်ပြည်ထောင်စုသမ္မတ ဖြစ်လာသောအခါ အမေရိကန်သာလျှင် (America First) ဆိုသောပေါ်လစီကို ချမှတ်ခဲ့သည်။ တကယ်တော့လည်း ဘယ်နိုင်ငံမဆို မိမိတိုင်းပြည် မိမိလူမျိုးကိုသာ ဦးစားပေးသည်ချည်းဖြစ်သည်။

ဒီတော့ အမေရိကန်နိုင်ငံသားတွေက အမေရိကန်မှာ ပထမဖြစ်သလို မြန်မာပြည်တွင်လည်း မြန်မာတွေပထမဖြစ်၍ တရုတ်နိုင်ငံတွင် တရုတ်နိုင်ငံသားပထမဖြစ်သည်။ ဒီကိစ္စနှင့်ပတ်သက်၍ ကျွန်တော် ကိုဘသစ်ကိုမေးသည်။

“ဘာကြောင့် ဒေါ်နယ်ထရန့်က အမေရိကန်ပထမ ပေါ်လစီကို အကျယ်ကြီးပြောနေတာလဲ၊ တကယ်တော့ သူ့တိုင်းပြည်ဟာ သူပထမလို့ ယူဆနေတာပဲ မဟုတ်လား”

“ဆရာညိုပြောတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အထူးသဖြင့် စီးပွားရေးမှာ အမေရိကန်တွေဟာ အခြားနိုင်ငံတွေကို ဦးစားပေးခဲ့တယ်။ အထူးသဖြင့် တရုတ်နဲ့ဆက်ဆံတဲ့အခါမှာ တရုတ်ကို အတော်လေးကို ဦးစားပေးတယ်။ အကောက်အခွန်တွေလျှော့ပြီး သွင်းကုန်တွေသွင်းဖို့ ခွင့်ပြုခဲ့တယ်”

“အင်းခင်ဗျားပြောတော့ တရုတ်-အမေရိကန် ဆက်ဆံရေးကို အမှတ်ရတယ်။ ၁၉၇၁ ခုနှစ်မှာ တရုတ်ကို အမေရိကန်က ပင်းပေါင်အဖွဲ့တစ်ခုကို စေလွှတ်ခဲ့တယ်။ ပင်းပေါင်ဆိုတာ စားပွဲတင်တင်းနစ်လို့ခေါ်နေတဲ့ တရုတ်အားကစားပါ။ ဒါကို အမေရိကန်သမ္မတ နစ်ဆင်ကစခဲ့တာပါ”

“ဟုတ်တယ်၊ တရုတ်က အဲဒီအချိန်မှာ ခုလိုမတိုးတက်သေးဘူး။ အဲဒီနောက်တော့ တရုတ်တွေကို အင်္ဂလန်တို့ အမေရိကန်တို့ကို ပညာသင်လွှတ်တယ်။ တရုတ်တွေကို သီးသန့်အင်္ဂလိပ်စာသင်စေတယ်။ ကျွန်တော်တောင် ၁၉၇၃ ခုနှစ်က အင်္ဂလန်က အင်္ဂလိပ်စာသင်တန်းမှာ တရုတ်ပညာတော်သင်အဖွဲ့နဲ့ တစ်တန်းတည်း တက်ခဲ့ရတယ်။ အဲဒါပထမဆုံး သူတို့လူတွေ နိုင်ငံခြားလွှတ်တာပဲ”

“ဘာထူးထူးခြားခြားတွေ့လဲ”

“သူတို့က အပြာရောင်ယူနီဖောင်းကိုပဲ အားလုံးဝတ်တယ်။ အထက်အပြာ အောက်အပြာနဲ့ပေါ့။ ပြီးတော့ သူတို့ကအင်္ဂလိပ်စာကို သေသေချာချာ လေ့လာသင်ယူတယ်။ စာအင်မတန်ကြိုးစားတယ်”

“ပညာတော်သင်တွေအားလုံး တရုတ်ပြည်ကိုပြန်သလား”

“သူတို့တွေထဲက ရာခိုင်နှုန်း ၅၀ သာပြန်တယ်လို့ သိရတယ်”

“ဒါဆိုနောက်ပညာတော်သင် အစဉ်အလာကြီး ပျက်သွားမှာပေါ့။ ကျွန်တော်တို့ နိုင်ငံမှာဆိုရင် ဒီလိုပြန်မလာတဲ့လူတွေအတွက် မိဘတွေက လျော်ရတယ်။ ပြီးတော့ ပညာတော်သင် အစဉ်အလာကိုလည်း ဖျက်ပစ်တယ်”

“တရုတ်က ဒီလိုမစဉ်းစားဘူး။ တစ်ဝက်ပြန်လာရင် သူ့အမြတ်ပဲလို့ယူဆတယ်။ သူတို့ယူဆတာမှန်တယ်။ ဘာကြောင့်လဲဆိုတော့ နောက်နှစ် ၂၀ လောက်ကြာတော့ အဲဒီသူတို့လွှတ်လိုက်တဲ့ တရုတ်တွေအားလုံး တရုတ်ပြည်ကို ပြန်လာတယ်။ သူတို့ဆီမှာနည်းပညာတွေ ပါလာတယ်။ တရုတ်နိုင်ငံကြီး တိုးတက်လာတော့တာပဲ”

“ဒါဆိုရင် အဲဒီတရုတ်နိုင်ငံ တိုးတက်တဲ့ပုံစံ အားကျစရာကောင်းတာပေါ့”

“တကယ်တော့ နိုင်ငံတကာမှာ တရုတ်တွေအများကြီးရှိတယ်။ တရုတ်တန်းတွေရှိတယ်။ တရုတ်တန်းတွေမှာ လောင်းကစားတွေရှိတယ်။ မာဖီးယားလိုမျိုး အဖွဲ့တွေရှိတယ်။ တရုတ်စားသောက်ဆိုင်တွေကို လူကြိုက်များတယ်။ တရုတ်တွေဟာ စီးပွားရေးမှာ အောင်မြင်ကြတယ်”

“ခင်ဗျားပြောလိုက်တာနဲ့ တရုတ်ပြည်ကြီး ကမ္ဘာမှာနံပါတ်နှစ်အဆင့်ဖြစ်လာတာကို သဘောပေါက်လာတယ်”

“အမှန်တော့ ကွန်မြူနစ်စနစ်နဲ့ တရုတ်ဟာ ကြီးပွားတိုးတက်တယ်လို့ ပြောလို့ရတယ်။ သူတို့ဟာ ဘိန်းစားတွေကို သေဒဏ်ပေးတယ်။ လာဘ်စားရင် သေဒဏ်ပေးတယ်။ ဒီတော့အကျင့်ပျက်ခြစားမှုမရှိဘူး။ ဒါကြောင့် သူတို့တံခါးဖွင့်ပေးလိုက်တဲ့အခါ ချမ်းသာတဲ့တရုတ်တွေနဲ့ တက္ကနူလိုဂျီတွေ နည်းပညာတွေတတ်တဲ့တရုတ်တွေ ပြည်မကြီးကိုပြန်လာပြီး ရင်းနှီးမြှုပ်နှံကြတယ်။ တရုတ်နိုင်ငံ တိုးတက်လာတာပါပဲ”

“ခုအမေရိကန်က တရုတ်ကိုကြောက်နေတာပေါ့ဟုတ်လား”

“စီးပွားရေးအရကို ပြောတာပါ။ အမေရိကန်ဟာ တရုတ်နဲ့စီးပွားရေးလုပ်တဲ့အခါ အစစအရာရာ နစ်နာနေတယ်။ ဒါကိုသမ္မတသစ် ဒေါ်နယ်ထရန့်က ရိပ်မိတယ်”

“ဒေါ်နယ်ထရန့်ဟာ စီးပွားရေးက၀ိ (Business Tycoon) ပဲမဟုတ်လား”

“မှန်တာပေါ့။ ဒီနေရာမှာ ဒေါ်နယ်ထရန့် သဘောပေါက်တာ အချက်နှစ်ချက်ရှိတယ်။ ဘာလဲဆိုတော့ အမေရိကန်ကုမ္ပဏီတွေဟာ တရုတ်ကိုပြောင်းရွှေ့လုပ်ကိုင်တယ်။ ဒီလိုပြောင်းရွှေ့လုပ်ကိုင်တဲ့အတွက် အမေရိကန်ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးလာတယ်။ ပြီးတော့ တက္ကနိုလိုဂျီတွေလည်း ပြည်ပရောက်ကုန်တယ်”

“ဒါလည်းမှန်တာပဲ။ ယနေ့တရုတ်ဟာ Touch Screen တွေပါတဲ့ စမတ်ဖုန်းတွေအများကြီးကို ဈေးပေါပေါနဲ့ ထုတ်လာတယ်”

“နောက်တစ်ခုက တရုတ်လုပ်တဲ့ အမေရိကန်ပစ္စည်းတွေဟာ အမေရိကန်ကိုပြန်ဝင်တော့ အကောက်အခွန်တွေ ရသင့်သလောက်မရပြန်ဘူး။ တရုတ်က ပစ္စည်းတွေကိုဈေးပေါပေါနဲ့ ထုတ်နိုင်ဖို့ သူတို့ဆီက စက်ရုံတွေမှာ ကျောက်မီးသွေး လောင်စာတွေကိုသုံးတယ်”

“ဒါကတော့ဆိုးပါတယ်။ သူတို့ဆီမှာ ဆောင်းရာသီဆိုရင် အဆိပ်သင့်မီးခိုး (Smog) တွေကြောင့် လူတွေအင်မတန်ဒုက္ခရောက်တယ်”

“ဒါပေမဲ့ကျောက်မီးသွေးသုံးတာက ဈေးပေါတဲ့ စွမ်းအင်ကိုရတယ်။ ဒါကြောင့် တရုတ်ကထွက်တဲ့ သံမဏိတွေဟာ ဈေးအင်မတန်ပေါတယ်။ ဒါတွေကို အမေရိကန်ပြည်ထောင်စုကိုပို့တော့ အမေရိကန်မှာရှိတဲ့ သံမဏိစက်ရုံတွေအားလုံး ရပ်ဆိုင်းသွားတယ်”

“အင်းဒါလည်း စဉ်းစားစရာပဲ”

“ဒါကြောင့် ဒေါ်နယ်ထရန့်မဲဆွယ်စဉ်က တရုတ်ဆီက သံမဏိတွေအ၀င်ကိုပိတ်ပြီး အမေရိကန်က သံမဏိတွေထုတ်မယ်။ သံမဏိစက်ရုံ လုပ်သားတွေ အလုပ်ပြန်ရမယ်ဆိုတာကို ပြောဆိုကတိပေးစည်းရုံးခဲ့တယ်”

“သူအာဏာရလာတော့ ဒီလိုလုပ်လား”

“လုပ်ပါတယ်။ သံမဏိတွေကို အခွန်ရာခိုင်နှုန်း ၄၀ အထိတိုးကောက်မယ်လို့ဆိုတယ်။ ကျောက်မီးသွေးတွင်းတွေကို တူးဖို့ခွင့်ပြုလိုက်တယ်။ ဒါဟာအိုဘားမားက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ်ဖို့ လက်မှတ်ထိုးဖို့ ကျန်နေသေးတဲ့ကိစ္စပဲ။ ဒေါ်နယ်ထရန့်ကတော့ ဒီစာချုပ်ကို လက်မှတ်မထိုးဘူး”

“အမေရိကန်ပထမဖြစ်ဖို့ အတော်လုပ်ရတာပဲ”

ကိုဘသစ်က လက်ဖက်ရည်သောက်ပြီး ကျွန်တော့်ကို ပြုံးပြီးကြည့်နေပါသည်။

“ဘာတွေသဘောကျနေတာလဲ ကိုဘသစ်”

“သြော်ဒီရက်ထဲမှာ BBC ကဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးလုပ်တာကို သတိရလို့ပါ။ BBC ကဒေါ်စုကို NLD အာဏာရပြီးတဲ့နောက် စိတ်တိုင်းမကျတဲ့ ခံစားမှုမျိုးတွေရှိနေသလားလို့ မေးခဲ့တယ်။ ဒေါ်စုက လမ်းတွေအများကြီးဖောက်တာတွေ၊ တံတားတွေအများကြီးဆောက်တာကို ပြောပြတယ်”

“ဗိုလ်ချုပ်အောင်ဆန်းတံတား အပါအ၀င်ပေါ့ ဟုတ်လား”

“ဆရာညိုတို့ ဘီလူးကျွန်းသားတွေဟာ ဒီနေရာကိုပဲရောက်သွားတာကိုး။ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်ရဖို့ ကြိုးစားနေတယ်။ ဒီလိုလုပ်ရင် ပြည်သူတွေဟာ မိမိတို့ကိုယ်အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးလာနိုင်တယ်လို့ ဖြေခဲ့တယ်။ ပြီးတော့ ဘီဘီစီက ဒေါ်စုဟာ လွန်ခဲ့တဲ့နှစ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်တယ်လို့ပြောတယ်။ ဒါပေမဲ့နယ်စပ်ဒေသအချို့မှာ တိုက်ပွဲတွေဖြစ်နေသေးတယ် မဟုတ်လားလို့မေးတယ်”

“ဟုတ်သားပဲ၊ ခုတလောနယ်စပ်ဒေသမှာ တိုက်ပွဲတွေ အတော်ဖြစ်တာပဲ။ ဒီအမေးကို ဒေါ်စုဘယ်လိုဖြေလဲ”

“တိုက်ပွဲတွေဖြစ်နေလို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေရတာပါ။ တိုက်ပွဲတွေမရှိရင် ငြိမ်းချမ်းသွားပြီပေါ့။ ငြိမ်းချမ်းရေး လုပ်စရာမလိုတော့ဘူးလို့ ဖြေပါတယ်”

“အဖြေကောင်းပါတယ်”

“အမေးလည်းကောင်းပါတယ်။ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး နယ်စပ်မှာ တပ်မတော်ဟာ လုယက်မှု၊ မုဒိမ်းမှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေ လုပ်နေတာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်ကို ထိန်းချုပ်နိုင်မှုမရှိဘူးဆိုတာကို မေးသွားပါတယ်”

“အင်းကောင်းတဲ့မေးခွန်းပဲ၊ ဘယ်လိုဖြေလဲ”

“တပ်မတော်ဟာ လုယက်မှု၊ မုဒိမ်းမှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေ လုပ်ခွင့်မရှိပါဘူး။ အခြေခံဖွဲ့စည်းပုံအရ စစ်ရေးစစ်ရာကိစ္စများကို တပ်မတော်ကသာ စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် အခြေခံဥပဒေကို ပြောင်းဖို့ကြိုးစားနေတာပါဆိုပြီး ဖြေသွားတယ်”

“အင်းဗျာ၊ အဖြေကတော့ ထိရောက်ပါတယ်။ ချက်ကောင်းကို ထိသွားတာပဲ”

ကိုဘသစ်က ကျွန်တော့်ကို ဆက်ပြီးရှင်းပြပါသည်။

“BBC က ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးလုပ်တဲ့နေရာမှာ တကယ့်ကို ပညာသားပါပါနဲ့မေးတယ်။ ဒေါ်စုကလည်း ဘာကိုမှမငြင်းဘူး။ အားလုံးကိုဖြေခဲ့တယ်။ BBC ရဲ့အမေးတစ်ခုမှ ‘ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေရဲ့ တန်းတူရည်တူရှိမှုနဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိနိုင်ရေးအတွက် အရေးယူဆောင်ရွက်မှုမရှိတာကြောင့် စိတ်ပျက်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သတ္တိရှိရှိ လူသားဆန်ဆန် ဆောင်ရွက်သင့်တယ်’ လို့ပြောတယ်။ ဒါဟာဒေါ်အောင်ဆန်းစုကြည်ကို ကျရှုံးတယ်လို့ သူတို့ကထင်မြင်ကြောင်း မှတ်ချက်ပေးမေးမြန်းခဲ့တယ်”

“ဒေါ်စုဘယ်လိုဖြေလဲ”

“သူက ဒါဟာသူတို့အမြင်ပဲလို့ ဖြေခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံသားစိစစ်မှုတွေကို လုပ်နေတယ်။ ပြဿနာတွေ မဖြစ်ခင်ကတည်းက ကိုဖီအာနန်ကို ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ဖို့ စီမံခဲ့တယ်။ ပြီးတော့ ရိုဟင်ဂျာတွေ ပြန်လာရင်လည်း စိစစ်လက်ခံမှုတွေ ပြုလုပ်နေတယ်လို့ ပြောသွားတယ်”

“အေးဗျာ၊ နိုင်ငံ့အကြီးအကဲအနေနဲ့ အခက်အခဲ အများကြီးရှိတယ်”

“ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ခုနှစ်က အိုဘားမားလာစဉ်က သူရဲ့အိမ်ပေါက်ဝမှာ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာ အခက်အခဲတွေ အများကြီးနဲ့တွေ့ကြုံကြရမှာဖြစ်တယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်မတို့အနေနဲ့ ဆွေးနွေးညှိနှိုင်း ကတိက၀တ်တွေပြုကာ ဆောင်ရွက်သွားပါမယ်။ ကမ္ဘာ့နိုင်ငံအများက မိတ်ကောင်းဆွေကောင်းများရဲ့ အကူအညီနဲ့ အောင်မြင်အောင် ဆောင်ရွက်သွားကြမှာဖြစ်တယ်” လို့ပြောခဲ့ပါတယ်။

“အင်း ဒေါ်အောင်ဆန်းစုကြည်က အရင်ကတည်းက ဒီလိုပြောခဲ့တာပဲ”

“ဘီဘီစီသတင်းထောက်က ကမ္ဘာကဒေါ်စုကို မာသာထရီစာတို့လို ဂန္ဓီတို့လို မျှော်လင့်နေကြတယ်။ ဒါပေမဲ့ ဒေါ်စုဟာ မာဂရက်သက်ချာနဲ့ တူနေတယ်လို့ပြောပါတယ်။ ဒါကိုဒေါ်အောင်ဆန်းစုကြည်က ကျွန်မဟာ မာသာထရီဆာနဲ့ မတူသလို မာဂရက်သက်ချာနဲ့လည်း မတူဘူးလို့ ပြောခဲ့ပါတယ်။ ရခိုင်နဲ့ နယ်စပ်ဘင်္ဂါလီကိစ္စ ဘာကြောင့်မပြောလဲမေးတော့ ကျွန်မဟာ ဒီကိစ္စကိုပြောရင် အဖွဲ့တစ်ဖွဲ့ကို အပြစ်တင်ရမှာဖြစ်တယ်။ ကျွန်မတို့ဟာ အပြစ်တင်တဲ့အလုပ်ကို မလုပ်လိုပါဘူး။ အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်နေပါတယ်လို့ ပြောခဲ့တယ်”

နိဂုံးအနေနဲ့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို တိုးတက်စေလိုတာအမှန်ပါ။ ဒီအတွက် လက်တွေ့ကျကျ ဆောင်ရွက်ဖို့ ခက်ခဲပါသည်။ ခေါင်းဆောင်တစ်ဦးတည်း ဆောင်ရွက်လို့မရပါဘူး။ အစိုးရတစ်ဖွဲ့တည်းလည်း မဆောင်ရွက်နိုင်ပါဘူး။ မြန်မာပထမဖြစ်စေဖို့ ပြည်သူနဲ့အတူ အားလုံးပါဝင်ကြရပါမည်။ မိမိနိုင်ငံ တည်ထောင်ကာစမှာ ဘယ်လိုခရီးသွားနေကြတယ်ဆိုတာကို လေ့လာသိရှိထားဖို့လိုကြောင်း တင်ပြပါသည်။

Writer:
ဒေါက်တာခင်မောင်ညို

Eleven Media Group

 အစိုးရသစ် တစ်နှစ်ပြည့်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် အစိုးရသစ် တစ်နှစ်ပြည့်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Photo: Myanmar State Counsellor Office

ကြားဖြတ်ရွေးကောက်ပွဲနေ့ မတိုင်ခင်မှာ နိုင်ငံပိုင်မီဒီယာတွေကနေ NLD ပါတီ ခေါင်းဆောင်တွေရဲ့ ပြောကြား ချက်တွေကို ဖော်ပြခဲ့တာဟာ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ရာရောက်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာတင်သွားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအ၀င် နိုင်ငံရေး ပါတီ (၁၂) ခုက မနေ့က သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားဖို့ကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ကို ပါတီတွေအချင်းချင်း ညှိနှိုင်းမှာဖြစ် တယ်လို့ သဘောထားထုတ်ပြန်ရာမှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်က ပြောပါတယ်။

"ဒီကြားထဲမှာ သင်္ကြန်မတိုင်ခင်မှာ ညှိနှိုင်းဖို့တော့ ကျနော်တို့ ကြိုးစားနေပါတယ်။ သင်္ကြန်မတိုင်ခင်မှာ ညှိနှိုင်းလို့ ရလို့ရှိရင်လည်း ညှိနှိုင်းပြီး ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်ရက်၊ ဘယ်ရက်မှာတော့ ဘယ်ပါတီတွေ စုပေါင်းပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကျနော်တို့ ကန့်ကွက်စာပေါ့ဗျာ။ ကျနော်တို့က ဥပဒေအရ ဆောင်ရွက်ဖို့ လုပ်မယ်ဆိုတာ ကျနော်တို့က ထုတ်ပြန်ပေးမှာပါ"

သဘောထားထုတ်ပြန်ရာမှာ ပါဝင်တဲ့ နိုင်ငံရေး ပါတီတွေအနေနဲ့ သင်္ကြန်ကာလပြီးချိန်လောက်မှာ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်စာတင်နိုင်မှာဖြစ်တယ်လို့ ဦးနေမင်းကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် မတ်လ (၃၀) ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ နိုင်ငံပိုင်မီဒီယာတွေကနေတဆင့် မိန့်ခွန်းပြော ကြားခဲ့ပါတယ်။

အဲဒီမိန့်ခွန်းမှာ ပြောကြားချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်တွေကို ချိုးဖောက်ပြီး ပြည်သူတွေကို မဲဆွယ်စည်းရုံးတာ ဖြစ်တယ်လို့ ပါတီ ၁၂ ခုရဲ့ သဘော ထား ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ရက်အလိုဖြစ်တဲ့ မတ်လ ၃၁ ရက်နေ့မှာ အစိုးရ တစ်နှစ်တာသက်တမ်းနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် တို့က နိုင်ငံပိုင် မီဒီယာတွေကတဆင့် သုံးသပ်ပြောကြားခဲ့ရာ အဲဒီပြောကြားချက်တွေဟာ လည်း နိုင်ငံရေး ပါတီကျင့်ဝတ်နဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်ကို ချိုးဖောက်ရာ ရောက်တယ် လို့လည်း ဖော်ပြထားပါတယ်။
RFA



KNU မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး လိုလားသူ အုပ်စုကပဲ ခုတခေါက် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ ဖြစ်လာ
စနေနေ့က ကျင်းပတဲ့ ၁၆ကြိမ်မြောက် KNU ကွန်ဂရက် အစည်းအဝေးမှာ KNU ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး မူတူး စေးဖိုးကိုပဲ ပြန်လည် ရွေးကောက် တင်မြှောက် လိုက်ကြပါတယ်။

KNU ဒုဥက္ကဋ္ဌအဖြစ် ပဒို စောကွယ်ထူးဝင်း အရွေးခံခဲ့ရပြီး ပဒို စောတာဒိုမူးက အထွေထွေ အတွင်းရေးမှူး၊ တွဲဘက် အတွင်းရေးမှူး ( ၁ )နဲ့ ( ၂ )နေရာကိုတော့ ပဒို စောဆဲပွယ်နဲ့ ပဒို စောလှထွန်းတို့က ရသွားပါတယ်။

ကျန်တဲ့ ကော်မတီဝင်တွေကတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ပဒိုနော်ဒါးဒါး၊ ပဒိုမန်းငြိမ်းမောင်၊ ပဒိုစော သမိန်ထွန်း၊ ပဒိုစောရောဂျာခင်နှင့် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးတို့ ဖြစ်ပါတယ်။

အခုတခေါက် KNU ရဲ့ ဗဟို အခုအလုပ်အမှုဆောင် ကော်မတီဝင် ၁၁ဦး ပြန်လည် ရွေးချယ်မှုမှာ အစိုးရနဲ့ ငြိမ်းချမ်းရေး လိုလားသူ အုပ်စုကပဲ ကော်မတီဝင် ဖြစ်လာကြတယ်လို့ သုံးသပ်နေကြပါတယ်။

အပစ်အခတ် ရပ်စဲရေးကို ဝေဖန် ထောက်ပြခဲ့တဲ့ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန် ပြန်အရွေးမခံ ခဲ့ရပေမယ့် KNU ထဲမှာ စည်းလုံးညီညွတ်မှု မပျက်ပြားရအောင် KNUထဲက ဌာနကြီး ၁၄ခုမှာ ၂နေရာမှာ ဒုဥက္ကဋ္ဌ ကို ထောက်ခံတဲ့ လူဟောင်းတွေကို နေရာချ ထားပေးခဲ့ပြီး တခြားကဏ္ဍတွေမှာလည်း ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။

KNU ကရင်အမျိုးသား အစည်းအရုံး ကို ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့မှာ NCA တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး ရဲ့ အရင် ဥက္ကဋ္ဌ တွေကတော့ စောစံဖိုးသင်၊ စောဘဦးကြီး၊ စကောလယ်တော၊ စောဟံတာသာမွှေး၊ မန်းဘဇန်၊ စောဘိုမြ၊ စောဘသင်စိန်၊ စောတာမလာဘော၊ စောမူတူးစေးတို့ ဖြစ်ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese



ရှာဖွေတွေ့ရှိထားတဲ့ အလောင်း (၂၀) ထဲမှာ သေဆုံးသူ အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်
ဧပြီလ ၇ ရက်နေ့က ဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ ငဝန်မြစ်အတွင်းမှာ ကျောက်တင်သင်္ဘောနဲ့ လူတင်သင်္ဘော တိုက်မိရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး စစ်ဆေးမှုတွေ စလုပ်နေပါတယ်။

ဒီ စုံစမ်းရေး ကော်မရှင်အဖွဲ့မှာ တိုင်းအစိုးရအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ရေကြောင်းထိန်းသိမ်းရေးဌာနတွေက တာဝန်ရှိသူတွေအပြင် လွှတ်တော် အမတ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဌာနပေါင်းစုံပါတဲ့ စုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက် အသေးစိတ်ကို ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ ကျောက်တင်သင်္ဘောနဲ့ စက်လှေက တာဝန်ရှိတဲ့သူတွေကို စစ်ဆေးနေတယ်လို့ ဧရာဝတီတိုင်း လျှပ်စစ်နဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

ဧပြီလ ၇ ရက်နေ့မှာ ပုသိမ်မှာ ရှိတဲ့ မင်္ဂလာဆောင်က ပြန်လာပြီး လူ (၆၀) ကျော် ပါလာတဲ့ စင်းလုံးငှား စက်လှေဟာ ကျောက်တင်စက်လှေနဲ့ တိုက်မိတာကြောင့် ဝမ်းပိုင်း ကွဲထွက်ပြီး နစ်မြုပ်ခဲ့လို့ လူ (၂၀)ကျော် သေဆုံးခဲ့သလို ပျောက်ဆုံးသူဦးရေလည်း (၁၀) ဦးထက်မနည်း ရှိနေနိုင်တဲ့အတွက် ဆက်လက် ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

ရှာဖွေတွေ့ရှိထားတဲ့ အလောင်း (၂၀) ထဲမှာ သေဆုံးသူ အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။

ခရီးသည်တွေတင်လာပြီး ရှေ့မီးထွန်းမထားတဲ့ သင်္ဘောက ကမ်းက ထွက်ထွက်ချင်း မိနစ်ပိုင်းလောက်မှာပဲ အလျားရှည်တဲ့ ကျောက်တင်သင်္ဘောကို တွေ့ရပြီး တိမ်းရှောင်လိုက်တဲ့အခါမှာ တိုက်မိခဲ့တာ ဖြစ်တယ်လို့ ခရီးသည်တင်သင်္ဘောရဲ့ ရှေ့ပိုင်း ခေါင်မိုးပေါ်မှာ လိုက်ပါခဲ့ပြီး အသက်ရှင် ကျန်ရစ်ခဲ့တဲ့ ကိုညီညီကျော်က ဘီဘီစီကို ပြောပါတယ်။

အမျိုးသမီးနဲ့ ကလေးအများစုဟာ ခရီးသည်တင်သင်္ဘောရဲ့ ဝမ်းပိုင်းထဲမှာ ရှိနေကြတဲ့ အတွက် သင်္ဘော မှောက်ခုံဖြစ်သွားတဲ့အချိန်မှာ ပိတ်မိပြီး သေဆုံးရသူ များနိုင်တယ်လို့ သင်္ဘောဆိုင်းဘုတ် ပျဉ်ပြားကို ဖက်တွယ် ကူးခတ်ပြီး အသက်ဘေးလွတ်ခဲ့တဲ့ ကိုညီညီကျော်က ပြောပါတယ်။

လောလောဆယ်မှာ သင်္ဘောနစ်မြုပ်စဉ်အတွင်း အသက်ရှင်ကျန်ရစ်သူ အယောက် သုံးဆယ်လောက်ကို ပုသိမ် ဆေးရုံမှာ ဆေးကုသမှုတွေ ပေးနေပြီး ကူညီငွေအဖြစ် မိသားစုဝင်တွေကို သေဆုံးသူတစ်ဦး (၁၅) သိန်းစီနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို တစ်ဦး (၂)သိန်းစီ တိုင်းအစိုးရအဖွဲ့နဲ့ ပြင်ပအလှူရှင်တွေက ပူးပေါင်းပြီး ထောက်ပံ့ပေးနေတယ်လို့ ဦးဝင်းဌေးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဧပြီလ ၈ ရက်၊ ၂၀၁၇ ခုနှစ်။

မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် အစိုးရမှာ နှစ်ခုဖြစ်နေသည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် အခက်အခဲဖြစ်နေရခြင်းဖြစ်သည်ဟု ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဌ က ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ကျင်းပနေသည့် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မထိုးထားသည့် အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များ ပါဝင်သည့် လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် (UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အခုလို ပြောခဲ့သည်။

“ကျနော်တို့ NCCT နဲ့ သွားတဲ့လမ်းကြောင်း  NCA လက်မှတ်ရေးထိုးရေး ဒီကိစ္စတွေ ဟာ အင်မတန်ရှုပ်ထွေး၊ အင်မတန်မှလည်း လေးနက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာ မတူကွဲပြားမှု၊ အဖွဲ့အသီးသီးရဲ့ စဉ်းစားမှု မတူညီလို့ အခုအထိ ကျနော်တို့ တစ်စုတစ်စည်းတည်း အပစ်ခတ်ရပ်စဲရေးကို မလုပ်နိုင်ခဲ့တာဖြစ် ပါတယ်။”

လက်မှတ် မထိုးနိုင်ခြင်းမှာ တစ်ဘက်တွင်လည်း အစိုးရမှာ တာဝန်ရှိသည်ဟု ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောသည်။

“မလုပ်နိုင်ခဲ့တာလည်း အစိုးရပေါ်မှာလည်း မူတည်တယ်။ အခု မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရဟာ အားလုံး သိတဲ့အတိုင်း နှစ်ခုဖြစ်နေပါတယ်။ တစ်ခုတည်းမဖြစ်လို့ ဆွေးနွေးရာမှာ တော်တော်ပဲ မပြေမလည်ဖြစ်ပြီး တော့ အခက်အခဲ ပေါင်းစုံကို ကျော်ဖြတ်နေရတာ ဖြစ်တယ်။”

ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုင်းရင်းသားများအကြား တကွဲတပြား ဖြစ်နိုင်သည့် အခြေအနေများကို သတိထားရန်လည်း တိုက်တွန်းသွားသည်။

တိုင်းရင်းသားများတွင် NCA အတိုင်း သွားပါက မဖြစ်နိုင်တော့ဘူးဆိုသည့် ခံစာချက်များ၊ NCA အပေါ် ရှုပ်ထွေးမှုများ ရှိလာသလို အစိုး ရ အဆက်ဆက်ကလည်း တိုင်းရင်းသားများအကြား တကွဲတပြား ဖြစ်စေရန် လုပ်ဆောင်မှုများ ရှိနေသည်ဟု ပြောသည်။

လက်ရှိ နိုင်ငံရေးအပြောင်းအလဲအရ ရရှိလာသည့် အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်ပြီး NCA ၏ ကောင်း ကျိုးဆိုးကျိုးများကို ချင့်ချိန်ကာ ဆွေးနွေးမှုများကို ပြုလုပ်သင့်သလို၊ ပြည်နယ်များကို အခြေခံကာ ဖွဲ့စည်းထား သည့် ဖက်ဒရယ်ကို အခြေခံထားသည့် ၁၉၄၇ ပင်လုံ စာချုပ် အတိုင်း နိုင်ငံရေး ဆွေးနွေးသင့် ကြောင်း  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) ဒုတိယအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။

“အဲဒါမို့လို ကျနော်တို့အနေနဲ့ NCA ရဲ့ ကောင်းကျိုး ဆိုးကျိုးကို ချင့်ချိန်ပြီး တွက်ကြည့်ရမယ်လို့ မြင်ပါတယ်။ နောက်တချက်ကတော့ NLD အစိုးရတက်လာတာပေါ့။ သူတို့က ပြည်သူ ကနေ ရွေးချယ်ပြီး တက်လာတဲ့ အစိုး ရဖြစ်ပါတယ်။ နိုင်ငံတကာ အနေနဲ့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အရပ်သား အစိုးရအနေနဲ့ ရပ်တည်နေပြီ။ တကယ်တမ်းလက်တွေ့ကျတော့ စစ်အစိုးရကပဲအာဏာကို ဆုပ်ကိုင်ထား တာ တွေ့ရတယ်။ အဲဒါကို ချုပ်ပြီး ကြည့်မယ်ဆိုရင် ဒီအချိန်မှာ အစိုးရ နှစ်ရပ် ရှိနေတယ်လို့ ပွင့်ပွင့်လင်းလင်း မြင်နိုင်ပါတယ်။ အဲဒါ ကျနော်တို့ ပြန်ပြီး ချင့်ချိန်ကြည့်မယ်ဆိုရင် ပြည်သူအစိုးရနဲ့ စစ်အစိုးရကို ကျနော်တို့က ဘယ်သူ့ကို ပိုပြီး ပူးပေါင်းလုပ် ဆောင်မလဲဆိုတာ စဉ်းစားရမယ်။” ဟု သဘာပတိ တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်စစ် က အခမ်းအနားဖွင့်ပွဲတွင် ပြောသည်။

လက်ရှိ တရုတ်နယ်စပ် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အနေအထားများနှင့် ပတ်သက်၍လည်း အခြားသော တိုင်းရင်းသား အဖွဲ့များထံမှ အကြံဥာဏ်များပေးရန် ဗိုလ်ချုပ်ကြီး အင်ဘန်လက တောင်းခံသွားသည်။

” ဒေသန္တရအရလည်း ကျနော်တို့ အခုချိန်မှာဆိုရင် မဖြစ် မနေ မြောက်ပိုင်းအဖွဲ့ဟာလည်း စုစည်းရမယ့် အခြေအနေမှာ ရောက်နေပါတယ်။ မစုစည်းလို့ရှိရင် ပိုပြီးတော့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ အဖွဲ့အစည်း အချင်းချင်းထဲမှာလည်း မတူကွဲပြားမှု ရှိပြီးတော့ တဖွဲ့နဲ့တဖွဲ့ ခိုက်ရန် ဖြစ်မှု ဒါတွေလည်း မလွဲမရှောင်သာ ဖြစ် လာမယ့် အခြေအနေတွေ ရှိနေပါတယ်။ ဒါကြောင့် မြောက်ပိုင်းအခြေ အနေကို အားလုံးက နားလည်ပြီး အကြံ ကောင်း ဥာဏ်ကောင်းပေးကြဖို့ကိုလည်း အားလုံးကိုနှိုးဆော်အပ်ပါ တယ်။”

အဆိုပါ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးသို့ ကရင်အမျိုး သားအစည်းအရုံး (KNU) အနေဖြင့် ညီလာခံ ကျင်းပနေသည့်အတွက် တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးအစည်းအဝေးတွင် အမျိုးသား ကာကွယ်ရေးဆိုင်ရာ အခြေခံမူများ၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်း၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ JMC ဆိုင်ရာ ကိစ္စရပ်များ၊ ကြားကာလအတွင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

သတင်းနှင့်မီဒီယာ ကွန်ရက်။
http://www.nmg-news.com



တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ကားပါကင်၌ သေနတ်ဖြင့် ပစ်ခတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့သူ တရားခံပြေး အောင်ဝင်းခိုင်အား INTERPOL က အနီရောင်ကြေညာချက် ထုတ်ပြန်ထားရှိ
နေပြည်တော်၊ ဧပြီ ၈

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပဆိုက်ရောက် ဂိတ်(၆)ရှေ့၌ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အား ကြည်လင်းမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် မင်္ဂလာဒုံ မြို့မ ရဲစခန်း(ပ)၁၅၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက် ခဲ့သည်။

စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ တရားခံပြေး အောင်ဝင်းခိုင် (၄၅) နှစ် (ဘ) ဦးအောင်သန်းသည် အမှုမှ ထွက်ပြေး တိမ်းရှောင်လျက်ရှိသဖြင့် ၎င်းအား ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး (INTERPOL) နှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ရာ ဧပြီ ၇ ရက်တွင် INTERPOL မှ ၄င်းအား အနီရောင်ကြေညာချက် (Red Notice) တရားဝင် ထုတ်ပြန်ထား ရှိကြောင်း သိရှိရသည်။

(ရဲပြန်ကြား)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar



မြင်းခြံမြို့မဈေးဆိုင်ခန်းခ တိုးမြှင့်ကောက်ခံမှုကို ဈေးသူ ဈေးသားတွေ ဧပြီလ ၈ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ်။ Photo: Hset Paing Toe/RFA
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မဈေး ဆိုင်ခန်းခတွေကို တိုးမြှင့်ကောက်ခံလိုက်တဲ့အပေါ် ဈေးသူဈေးသား ၇၀၀ ကျော်က မကျေနပ်တဲ့အတွက် ဒီကနေ့ မြင်းခြံမြို့မှာ ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။

ဆိုင်ခန်းခ လစဉ်ကြေး ၅ ဆတိုးကောက်တာကို လက်မခံနိုင်ပေမယ့် အများနည်းတူ တိုးမြှင့်ကောက်ခံတာကို လက်ခံနိုင်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ မြင်းခြံမြို့မဈေးက ဦးမင်းမင်းသန့်က ပြောပါတယ်။

"သူတို့ဘာသာစာရွက်ကိုလာပြပြီးတော့ ဈေးသူဈေးသားတွေသဘောတူညီအောင်ပဲ သူတို့လုပ်သွားတာ၊ တစ်ယောက်ချင်းစီမေးတာတော့ မရှိပါဘူး၊ ကျနော်တို့က ၂ ဆ ဆိုသဘောတူပါတယ်၊ ကျနော်တို့မြို့တစ်မြို့ထဲ ၅ လဖြစ်နေတဲ့အတွက် ဆန္ဒပြတာပါ၊ မိထ္တီလာဈေးတို့၊ မန္တလေး ရတနာပုံဈေးတို့တောင် ၂ ဆဖြစ်ပြီး၊ ကျနော်တို့မြို့ပဲ ၅ ဆဖြစ်နေတာ"

မြင်းခြံမြို့နယ်အတွင်းမှာရှိတဲ့ အေးမြသီတာဈေး၊ မြင်းခြံမြို့မဈေး၊ စံပြဈေးနဲ့ ကျေးလက်ဈေးတွေက ဆိုင်ခန်းငှါး ရမ်းခတွေကို ငွေကျပ် ၁၂၀၀ ကနေ ကျပ် ၆၀၀၀ အထိ ဧပြီလကစပြီး တိုးမြှင့်ကောက်ခံလိုက်တာဖြစ်ပါတယ်။

အခုလို ၅ ဆ အထိတိုးမြှင့်ကောက်ခံတာဟာ ခေတ်နဲ့အညီအခွန်တိုးကောက်ဖို့ မန္တလေးတိုင်း စည်ပင်သာ ယာရေးကော်မတီရဲ့ ညွှန်ကြားချက်အတိုင်း ပြောင်းလဲကောက်ခံတာဖြစ်ပြီး ကောက်ခံရရှိတဲ့ငွေကြေးကို မြင်းခြံမြို့ ဖွံ့ဖြိုးရေးအတွက်သာ အသုံးပြုသွားမှာဖြစ်တယ်လို့ မြင်းခြံမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါက်တာ ဝင့်သူက ပြောပါတယ်။

တိုးမြှင့်ကောက်ခံတဲ့နှုန်းထားအတိုင်း အခွန်ပေးဆောင်မှာ မဟုတ်သလို ဈေးသူ ဈေးသားတွေနဲ့ ညှိနှိုင်းပြီးပြောင်း လဲကောက်ခံမှသာ လစဉ်ကြေးတွေကို ပေးဆောင်သွားမှာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese



 မစ္စတာ ရှီဘက်ကလည်း သူတို့ အချင်းချင်း ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး ဒီနှစ်ထဲမှာ မစ္စတာ ထရမ့်ကို တရုတ်နိုင်ငံကို အလည်လာရောက်ဖို့လည်း ဖိတ်ခေါ်ခဲ့
အမေရိကန်သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင်ပင်းတို့ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေး မပြေလည်မှုတွေ အတွက် ရက် တရာ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ သဘောတူလိုက်ပါတယ်။

မစ္စတာ ထရမ့်ဟာ ယခင်က တရုတ်ရဲ့ ကုန်သွယ်ရေး လုပ်ကိုင်ပိုင်တွေကို ဝေဖန်တာတွေကို စွန့်ပယ်ပြီး မစ္စတာ ရှီကျင်ပင်းနဲ့ တွေ့ဆုံမှုတွေကို အားရကြောင်း ပြောဆိုခဲ့သလို တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရာမှာ အမေရိကန်ဘက်ကို ဘတ်ဂျတ်လိုငွေ ပြနေတာကိုလည်း အဖြေရှာဖို့ ဆွေးနွေးခဲ့ကြပါတယ်။

မစ္စတာ ရှီဘက်ကလည်း သူတို့ အချင်းချင်း ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး ဒီနှစ်ထဲမှာ မစ္စတာ ထရမ့်ကို တရုတ်နိုင်ငံကို အလည်လာရောက်ဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

အမေရိကန် သမ္မတ ထရမ့်ဟာ အမေရိကန်က တောင်ကိုရီးယားမှာ ဒုံးခွင်းဒုံးစနစ် ဘာ့ကြောင့်ထားရသလဲ ဆိုတာကိုလည်း တရုတ်သမ္မတကို ရှင်းပြခဲ့တယ် ဆိုတာကိုလည်း တောင်ကိုရီးယားကို အသိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ ဒီကိစ္စကို နိုင်ငံ လုံခြုံရေး အကြောင်းပြချက်နဲ့ ကန့်ကွက်ထားပေမယ့် တောင်ကိုရီးယားနဲ့ အမေရိကန်တို့က မြောက်ကိုရီးယားရဲ့ နျူးကလီးယား အစီအစဉ်တွေကို တုန့်ပြန်ဖို့အတွက်ဖြစ်တယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။

တရုတ်၊ အမေရိကန် သမ္မတ နှစ်ဦးဟာ မြောက်ကိုရီးယားရဲ့ နျူးကလီးယား အစီအစဉ်တွေကို ဘယ်လို တုန့်ပြန်ရမလဲ ဆိုတာကိုလဲ ဆွေးနွေးခဲ့ကြောင်း မစ္စတာ ထရမ့်ဆီကတဆင့် သိခဲ့ရတယ်လို့ တောင်ကိုရီးယား ဝန်ကြီးချုပ် ဝမ်ကျိုအန်းက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်အပါအဝင် နျူးကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး တရုတ်ဘက်က အကူအညီမရခဲ့ရင် အမေရိကန်က သူတို့ကိုယ်ပိုင် နည်းလမ်းနဲ့ ဖြေရှင်းမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆင်က ပြောဆိုထားပါတယ်။

BBC Burmese
http://www.bbc.com/burmese