BBC တိုက်စစ်အတွဲကိုရောင်းချပြီး နေမာ၊ ဟယ်ရီကိန်း၊ ဒိုင်ဘားလား တို့နဲ့ အစားထိုးဖို့ရှိနေတဲ့ ရီးရဲလ်

လာလီဂါဖလား လက်ရှိချန်ပီယံဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုနှစ်ရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး ပြိုင်ဘက်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ၁၉ မှတ်အသာနဲ့ ဇယားထိပ်မှ ဦးဆောင်နေခြင်းကို ခံနေရတာလည်း ဖြစ်ပါတယ်။ ဘောလုံးပညာရှင် အများစုကတော့ အခုလို ရာသီဝက်ပြီးဆုံးချိန်အထိ ပြိုင်ဘက်အသင်းနဲ့ ၁၉ မှတ်ကွာဟနေခြင်းဟာ ချန်ပီယံဖလားရနိုင်ဖို့ အခွင့်အလမ်း အလွန်နည်းပါးနေပြီ ဖြစ်တယ်လို့ သုံးသပ်နေကြပြီး ရီးရဲလ်အသင်း တာဝန်ရှိသူတွေကလည်း အခုလိုရလဒ်မျိုးသာ ဆက်လက်ပိုင်ဆိုင်နေပါက နောင်နှစ်ချန်ပီယံလိဂ် ၀င်ခွင့်မရမှာကို စိုးရိမ်နေကြတဲ့အတွက် အပြောင်းအလဲ ကြီးကြီးတစ်ခုပြုလုပ်ဖို့ ဆန္ဒရှိနေခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်အသင်းကြီးရဲ့ ဥက္ကဋ္ဌ ဖလော်ရင်တို ပီရက်ဇ်ဟာ လက်ရှိတိုက်စစ်မှူးတွေဖြစ်တဲ့ စီရိုနယ်လ်ဒို၊ ဂါရတ်ဘေးလ်၊ ဘန်ဇီမာ အစရှိတဲ့ BBC အတွဲကို ရောင်းချလိုနေပြီး လူငယ်ခြေတက် ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ နေမာ၊ ဟယ်ရီကိန်း၊ ဒိုင်ဘားလား တို့နဲ့ အစားထိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဆိုပါအသင်းရဲ့ အဓိက တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် စံချိန်တင်ဆုဖလား ၅ လုံးရယူပေးရာမှာ အဓိက ပါဝင်နိုင်ခဲ့သော်လည်း ယခုနှစ်ရာသီမှာ ၄ ဂိုးသာ သွင်းယူထားနိုင်ပြီး ပုံမှန်ခြေစွမ်း ပျောက်ဆုံး နေခဲ့ရတာလည်း ဖြစ်ပါတယ်။

၎င်းတို့ BBC တိုက်စစ်မှူး ၃ ဦးပေါင်း သွင်းယူထားနိုင်တဲ့ သွင်းဂိုးမှာ ပြိုင်ဘက် ဘာစီလိုနာအသင်းရဲ့ တိုက်စစ် ကစားသမား လီယွန်နယ်မက်ဆီ သွင်းယူထားနိုင်တဲ့ သွင်းဂိုး စုစုပေါင်းထက် လျော့နည်းနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ဟာ အခုလို ရလဒ်ပိုင်းဆိုးရွားနေတာကြောင့် ယခင်နည်းပြဖြစ်သူ ဇီဒန်းကိုလည်း ထုတ်ပယ်သွားဖို့ စီစဉ်နေပြီး ၄င်းနေရာမှာ အစားထိုးဖို့အတွက် ဂျာမန်နည်းပြ ဂျိုအာချင်လိုကို ပထမဦးစားပေး လျာထားလျက်ရှိနေပြီလို့ သိရပါတယ်။ အဓိကတိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာလည်း ရီးရဲလ်မှာ မပျော်မရွှင်ဖြစ်နေပြီး မကြာသေးမီကလည်း အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြန်လာချင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အမာခံကစားသမားတွေဖြစ်တဲ့ မာဆယ်လို၊ လူကာမိုဒရစ်၊ ရာဖေးဗာရာနီ တို့ကလည်း ယခုနှစ်ရာသီကုန်ဆုံးချိန် နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့ပါက အသင်းကို နှုတ်ဆက်ဖွယ်ရှိနေတယ်လို့လည်း သိရှိရပါတယ်။ ပီရက်ဇ်ကတော့ စီရိုနယ်လ်ဒိုကို ၂၀၁၉ ခုနှစ်မတိုင်ခင် ရောင်းချဖို့စီစဉ်နေပြီး နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကစားသမား နေမာကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကနဦးသတင်းအရ ပီရက်ဇ်ဟာ နေမာကိုခေါ်ယူဖို့ စီရိုနယ်လ်ဒိုကို အလိုက်ပေး ကမ်းလှမ်းသွားမယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

The Ladies News

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8555,interview,223,knowledge,9,Live,8,LocalNews,17528,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: BBC တိုက်စစ်အတွဲကိုရောင်းချပြီး နေမာ၊ ဟယ်ရီကိန်း၊ ဒိုင်ဘားလား တို့နဲ့ အစားထိုးဖို့ရှိနေတဲ့ ရီးရဲလ်
BBC တိုက်စစ်အတွဲကိုရောင်းချပြီး နေမာ၊ ဟယ်ရီကိန်း၊ ဒိုင်ဘားလား တို့နဲ့ အစားထိုးဖို့ရှိနေတဲ့ ရီးရဲလ်
http://www.theladiesnewsjournal.com/sites/default/files/styles/large/public/images/news/1sss650470684590.jpg?itok=mcYKySi6
dawnmanhon
http://www.dawnmanhon.com/2018/01/bbc.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/bbc.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy