ရိုဟင်ဂျာ အသိုင်းအဝိုင်း အပေါ် မြန်မာအစိုးရက စံနစ်တကျ အကွက်ချပြီး အကြမ်းဖက်မှုကို ကာကွယ်နိုင်ဖို့အတွက် သူတို့အနေနဲ့ ရင်ဆိုင် တိုက်ပွဲ ဝင်သွားဖို့ကလွဲပြီး တခြား နည်းလမ်း မရှိဘူးလို့ ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ က ကြေညာလိုက်ပါတယ်။
အာဆာ အဖွဲ့ ခေါင်းဆောင်ဖြစ်သူ အာတာ အူလာက Twitter တွစ်တာ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားဖေါ်ပြရာမှာ ရိုဟင်ဂျာ တို့ရဲ့ အနာဂတ် လူမှုရေးလိုအပ်ချက်တွေ နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အားလုံးကို ချမှတ်တဲ့အခါ ရိုဟင်ဂျာ တို့နဲ့ မေးမြန်းတိုင်ပင်ရမယ်လို့လဲ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ရခိုင်ပြည်နယ်မှာ ချုံခိုတိုက်ပွဲ ဆင်နွဲခဲ့တာ မိမိတို့ လက်ချက်ဖြစ်တယ်လို့လဲ ဖေါ်ပြထားပါတယ်။
စောစောပိုင်းကတော့ မြန်မာအစိုးရ ပြောခွင့်ရှိသူ ဦးဇော်ဌေးက မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်ဖက်အစိုးရတွေက ဒုက္ခသည်တွေ ပြန်လည် လွဲပြောင်းရေး စီစဉ်နေတာကို အဟန့်အတားဖြစ်အောင်၊ မြန်မာနိုင်ငံကို ပြန်လို ကြသူတွေကို ကြောက်ရွံ့အောင် ရည်ရွယ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
COMMENTS