လူစုလူဝေးဖြစ်ပွားသည့်အချိန်တွင် မြောက်ဦး၌မရှိကြောင်း ဒေါက်တာအေးမောင်ပြော


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ရှိ နန်းတော်ရာကုန်း၌ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် အထိမ်းအမှတ်စာပေဟောပြောပွဲ ပြုလုပ်ရန်ကိစ္စနှင့် ပတ်သက်၍ တားမြစ်မှုအပေါ် မကျေနပ်သဖြင့် ဇန်န၀ါရီ ၁၆ ရက် ည ၇ နာရီ လူစုလူဝေးဖြစ်ပေါ်ခဲ့သည့်အချိန်၌ ၎င်းအနေ ဖြင့် မြောက်ဦးတွင် မရှိကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

''အဲဒီနေ့က ကျွန်တော်မြောက်ဦးကို မရောက်ခဲ့ဘူး။ မြောက်ဦးဘက်က ပြည်သူတွေက မလာဖို့ကျွန်တော့ကို လှမ်းတားတယ်။ လက်ရှိတော့ ကျွန်တော်စစ်တွေမှာရောက်နေတယ်။ တကယ်လို့များ ပွဲကျင်းပရင်တောင်မှ ဘယ်လိုဖြစ်မလဲဆိုတာ မပြောတတ်ဘူးလေ။ ဘယ်လိုစီစဉ်ထားကြသလဲ ကျွန်တော်တို့ ဘယ်လို ဖြစ်မလဲဆို တာ မစဉ်းစားတတ်အောင်ပဲ။ ခုလိုဖြစ်သွားတာတော့ ပိုဆိုးတာပေါ့ဗျာ။ သွေးမြေကျသွားတာပေါ့။ ဒီလိုမျိုး မဖြစ်အပ်ဘူး။ ဆရာဦးဝေဟင်အောင်နဲ့ ကျွန်တော်ရသေ့တောင်ဘက်မှာ သွားဟောတယ်။ သူက တနာရီခွဲ၊ ကျွန်တော်က နာရီဝက်လောက်ဟောတယ်။ အဲဒါပြီးတော့ နှစ်ယောက်ပြန်ခဲ့တယ်။ မနေ့ညက မြောက်ဦးကို သွားမယ်လုပ်တော့ ဦးဝေဟင်အောင်ကို ၅၀၅(ခ)နဲ့ စွဲတယ်။ ကျွန်တော်လည်း ပါတယ်ဆိုတာကတော့ ကောလာဟလတွေပါ။ ဦးဝေဟင်အောင်က လူတော်လူကောင်းပါ။ ပရဟိတဦးဆောင်ဦးရွက်ပြုနေတဲ့ ပုဂ္ဂိုလ်ပါ။ ဒီလိုမျိုးလုပ်သင့်၊ မလုပ်သင့်ကိုပဲ သက်ဆိုင်တဲ့အစိုးရအုပ်ချုပ်ရေး ပုဂ္ဂိုလ်တွေက သုံးသပ်ဆင်ခြင်သင့်ပါတယ်'' ဟု ၎င်းက ဇန်နဝါရီ ၁၇ နေ့လယ်ပိုင်းက ပြောသည်။

လူမျိုးတိုင်းတွင် နောင်တရစရာ၊ သင်ခန်းစာရစရာဖြစ်စဉ်တွေရှိပြီး ရခိုင်လူမျိုးများတွင်လည်း အမှတ်ရစရာနေ့ရှိ သောကြောင့် ယခုလိုပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုပွဲကျင်းပမှုပိတ်သည့်အခါ ဖြစ်ပေါ်လာနိုင်သည့် လူထုအုံကြွမှုကို အထိအခိုက်နည်းပါးအောင် ကြိုတင်စီစဉ်သင့်ကြောင်း၊ ယခုလို ပြည်သူလူထုများ သေဆုံးသွား ရခြင်းမှာ အရုပ်ဆိုးအကျည်းတန်းသည့် လုပ်ရပ်တခုဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

မြောက်ဦးမြို့တွင် ဇန်န၀ါရီ ၁၆ ရက်နေ့ညက ကျင်းပသည့် ၂၂၃ နှစ် မြောက် ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးရခြင်း အထိမ်းအမှတ်ဟောပြောပွဲ၌ ဒေါက်တာအေးမောင်က 'ရခိုင်ရို့၏ အနာဂတ်'၊ ဘဒ္ဒန္တအသျှင်အဂ္ဂမှ' ကံကြမ္မာရိုင်းလို့ သွီးကြီးရိုင်းသည်' ခေါင်းစဉ်ဖြင့် ဟောပြောရန် ကြေညာခဲ့ပြီး 'ဥသြရီသောက် မင်းဆက်ပျောက်' အမည်ရှိသော ပြဇာတ်ကိုတင်ဆက်ပြသရန် စီစဉ်ထားမှုကို သက်ဆိုင်ရာမှ တားမြစ်ပိတ်ပင်မှုအပေါ် ဒေသခံများ က မကျေနပ်၍ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလူစုလူဝေးကို မြောက်ဦးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လူစုကွဲစေရန် ပစ်ခတ်မှုများပြုလုပ်ခဲ့မှုကြောင့် အမျိုးသား ၇ ဦးသေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရရှိ၍ ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ၀န်ထမ်းဆိုင်ကယ်အချို့ ပျက်စီးခြင်း၊ ဌာနပိုင်မော်တော် ယာဉ်အချို့ ပျက်စီး ခြင်း၊ ရုံးခန်းနှင့် မှန်တံခါးများပျက်စီးခြင်းစသည်ဖြင့် ပျက်စီးမှုအချို့ရှိခဲ့ကြောင်းနှင့် နယ်မြေတည် ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။

NewsWatch
Via : Myat Su Kyi

COMMENTS

Name

art,1,article,1316,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,8,health,33,history,2,international,7549,interview,221,knowledge,8,Live,8,LocalNews,16074,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,146,statement,59,technic,57,translate,34,video,1068,voice,76,
ltr
item
dawnmanhon: လူစုလူဝေးဖြစ်ပွားသည့်အချိန်တွင် မြောက်ဦး၌မရှိကြောင်း ဒေါက်တာအေးမောင်ပြော
လူစုလူဝေးဖြစ်ပွားသည့်အချိန်တွင် မြောက်ဦး၌မရှိကြောင်း ဒေါက်တာအေးမောင်ပြော
https://3.bp.blogspot.com/-dkZyWg3tpaM/WmEoOYy5B3I/AAAAAAAAeV8/Rw_l3JSl6g4OKZbKFLP664vgk55bSS0VgCLcBGAs/s400/q1.jpg
https://3.bp.blogspot.com/-dkZyWg3tpaM/WmEoOYy5B3I/AAAAAAAAeV8/Rw_l3JSl6g4OKZbKFLP664vgk55bSS0VgCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/01/blog-post_253.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/blog-post_253.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy