စထရာဗာ ရဲ့ အွန်လိုင်း မြေပုံကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်နေ

ဘာဂရမ် လေတပ်စခန်းက စစ်သားတွေရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြနေ
တစ်ကိုယ်ရေ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို စောင့်ကြည့်ပေးတဲ့ မိုဘိုင်းဖုန်း အပလီကေးရှင်း တစ်ခုကြောင့် လုံခြုံရေး ဆိုင်ရာ သတင်းတွေကို အင်တာနက်ပေါ် လူအများ အလွယ်တကူ သိရှိ နိုင်တဲ့ အပေါ် စိုးရိမ်မှုတွေ ရှိလာပါတယ်။

Strava လို့ ခေါ်တဲ့ အွန်လိုင်း အပလီကေးရှင်းကို အသုံးပြု နေတဲ့ စစ်သားတွေ ရောက်ရှိ နေတဲ့ နေရာတွေကို ဖော်ပြပေးနေတဲ့ မြေပုံ ၊ အွန်လိုင်းပေါ် ရှိနေတာကို သတိထားမိ ခဲ့ရာကနေ အခုလို စိုးရိမ်မှုတွေ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

Strava App ကို အသုံးပြုတဲ့ စစ်သားတွေဟာ ကိုယ်ကာယ လေ့ကျင့်ခန်း အနေနဲ့ ဘယ်နေရာကနေ ဘယ်ကို ပြေးလွှားကြတယ်၊ ဘယ်နေရာကနေ ဘယ် နေရာထိ စက်ဘီးစီးကြတယ် စတဲ့ လမ်းကြောင်းတွေကို အင်တာနက်ပေါ် တင်ခဲ့ကြပါတယ်။

အဲဒီ သတင်း အချက်အလက်တွေကို စုစည်းပြီး Strava App က အွန်လိုင်း မြေပုံ အနေနဲ့ ဖန်တီး ထားပါတယ်။
လှုပ်ရှားမှု ဆိုင်ရာ အချက်အလက်တွေကို မျက်စိကနေ မြင်သာအောင် မြေပုံသဖွယ် ဖော်ပြ
ဥပမာ- အာဖဂန်နစ္စတန် နိုင်ငံမှာ အခြေစိုက်ထားသမျှ အမေရိကန် စစ်စခန်းတွေထဲ အကြီးဆုံး ဖြစ်တဲ့ ဘာဂရမ် လေတပ်စခန်းက စစ်သားတွေရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြနေတဲ့ မြေပုံမျိုးကို Strava App က အွန်လိုင်းပေါ် ဖော်ပြ လာပါတယ်။

ဒီလို အွန်လိုင်းမြေပုံ ထွက်လာတဲ့ အထဲ အာဖဂန် နစ္စတန်တင်မက က ဆီးရီးယားက စခန်းတည်ရာ နေရာတွေပါ ပါဝင် နေတဲ့ အတွက် အခု ဆိုရင် အဲဒီ Strava အွန်လိုင်း မြေပုံကို လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ် နေကြတယ် ဆိုပြီး အမေရိကန် စစ်တပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဆန်ဖရန်စစ္စကို မြို့ အခြေစိုက် Strava ကုမ္ပဏီက ထုတ်တဲ့ လက်ကိုင်ဖုန်းသုံး အပလီကေးရှင်းဟာ အသုံးပြုသူတွေရဲ့ ကိုယ်ကာယ လှုပ်ရှားမှုတွေကို ဂြိုဟ်တုတွေက တဆင့် ချိတ်ဆက်ထားတဲ့ GPS စံနစ်တွေကနေ တဆင့် မှတ်တမ်း တင်ပေးတာ ဖြစ်ပါတယ်။

Strava ကို အသုံးပြုသူ ကမ္ဘာတလွှား လူ ၂၇ သန်း ရှိနေပါတယ်။

Strava ကနေ အွန်လိုင်းပေါ် ထုတ်ပြန်ပေးတဲ့ မြေပုံကို Heat Map လို့ ခေါ်ပါတယ်။

အဲဒီ Heat Map က ဘာကို ဖော်ပြ ပေးတာလဲ ဆိုရင် အသုံးပြုသူတွေရဲ့ လှုပ်ရှားမှု ဆိုင်ရာ အချက်အလက်တွေကို မျက်စိကနေ မြင်သာအောင် လမ်းကြောင်းတွေကို မြေပုံသဖွယ် ဖော်ပြတာပါ။

အဲဒီ Heat Map မြေပုံဟာ အချိန်နဲ့ တပြေးညီ ဖြစ်ပျက်နေတာတွေကို ဖော်ပြနေတာ မဟုတ်ပဲ၊ ၂ဝ၁၅ ကနေ ၂ဝ၁၇ ခုနှစ်ကြားက အချက်အလက်တွေ ဖြစ်တယ်လို့ Strava ကတော့ ဆိုပါတယ်။
နိုင်ငံတကာ လုံခြုံရေး ဘာသာရပ်ကို လေ့လာနေသူ Nathan Ruser
ဒီလို Strava Heat Map အွန်လိုင်းပေါ် ရှိနေတာကို ဩစတြေးလျ တက္ကသိုလ်က အသက် ၂ဝ အရွယ် Nathan Ruser ကြောင့် လူအများ သတိထား မိလာတာ ဖြစ်ပါတယ်။

Nathan ဟာ နိုင်ငံတကာ လုံခြုံရေး ဘာသာရပ်ကို လေ့လာနေသူ ဖြစ်ပါတယ်။

Strava App ကို အသုံးပြုကြတဲ့ စစ်သားတွေဟာ သူတို့ ရောက်နေတဲ့ နေရာတွေကို အွန်လိုင်း ဆိုရှယ် မီဒီယာတွေပေါ် လူတိုင်းတွေ့မြင် နိုင်အောင် ဖော်ပြ နေတာကို နေသန် တစ်ယောက် သတိထားမိပြီး၊ ဒီ အပြုအမူဟာ လုံခြုံရေးဆိုင်ရာ အင်မတန် အန္တရာယ်ကြီးတယ် ဆိုတာကို နေသန် ထောက်ပြ လာခဲ့ပါတယ်။

နိုင်ငံတကာမှာ စစ်အခြေစိုက် စခန်းတွေ ဘယ်နေရာရှိတယ် ဆိုတာကို ပုံမှန် အားဖြင့် တရားဝင် ထုတ်ပြန် ထားပြီး ဖြစ်သလို၊ အဲဒီ စခန်းတွေမှာ လှုပ်ရှားမှုတွေ ရှိသလား ဆိုတာကိုလည်း ဂြိုဟ်တုတွေက တဆင့် စောင့်ကြည့် ထောက်လှမ်း နိုင်ပါတယ်။
 အန္တရာယ်ကြီးတဲ့ Heat Map
ဒါပေမယ့် အခု Strava Heat Map အပေါ် အဓိက စိုးရိမ် နေကြတာကတော့ စစ်သားတွေ အသုံးပြုနေတဲ့ လမ်းကြောင်းတွေနဲ့ အဲဒီလမ်းကြောင်းတွေကို ဘယ်အချိန်တွေမှာ ပုံမှန် သုံးသလဲ၊ ဘယ်နှစ်ကြိမ် သုံးသလဲစတဲ့ အချက်အလက်တွေကို အတိအကျ ဖော်ပြ ပေးနေလို့ ဖြစ်ပါတယ်။

ဒီလို စစ်သားတွေရဲ့ လှုပ်ရှားမှုတွေကို ဆိုရှယ်မီဒီယာတွေ ကနေ တဆင့် နောက်ယောင်ခံ လိုက်တတ်တဲ့ သာဓကတွေ ရှိထားနှင့်တယ်လို့ ကာကွယ်ရေးနဲ့ သံတမန်ရေးဆိုင်ရာ ဘီဘီစီ သတင်းထောက် ဂျွန်နသန်မားကပ်စ် က ပြောပါတယ်။

ဂျွန်နသန်မားကပ်စ် ပေးတဲ့ ဥပမာကတော့ ယူကရိန်းနဲ့ ဆီးရီးယား နိုင်ငံထဲက ရုရှား တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှု အချက်အလက်တွေကို အွန်လိုင်းပေါ်ကနေ တဆင့် သိရှိ ခဲ့ရတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

စစ်သားတွေ အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာကို ဘယ်လို အသုံးပြုရမလဲ ဆိုတာကို သင်တန်းသဘောနဲ့ ထပ်သင်ပေးဖို့ လိုအပ်သလား ဆိုတာ စဉ်းစားသုံးသပ် နေတယ်လို့ အမေရိကန် ကာကွယ်ရေး ဌာနရဲ့ ပြောခွင့်ရ ဗိုလ်မှူး Audricia Harris က ပြောနေပါတယ်။

BBC Burmese
http://www.bbc.com/burmese

COMMENTS

Name

art,1,article,1317,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,8,health,33,history,2,international,7574,interview,221,knowledge,8,Live,8,LocalNews,16117,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,148,statement,59,technic,57,translate,34,video,1068,voice,76,
ltr
item
dawnmanhon: စထရာဗာ ရဲ့ အွန်လိုင်း မြေပုံကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်နေ
စထရာဗာ ရဲ့ အွန်လိုင်း မြေပုံကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်နေ
https://2.bp.blogspot.com/-Q23UGuxuoxI/Wm8zV_u6B0I/AAAAAAABkmU/bDpguQ8ty9ADy7Fa7V_MljUoN6xn_HcUwCLcBGAs/s400/3.jpg
https://2.bp.blogspot.com/-Q23UGuxuoxI/Wm8zV_u6B0I/AAAAAAABkmU/bDpguQ8ty9ADy7Fa7V_MljUoN6xn_HcUwCLcBGAs/s72-c/3.jpg
dawnmanhon
http://www.dawnmanhon.com/2018/01/blog-post_264.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/blog-post_264.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy