လက္သရမ္း မႈဒဏ္ ခံေနၾကရသည့္ ဂ်ပန္ ေက်ာင္းသူေလး မ်ား


ဂ်ပန္ ေက်ာင္းသူ တာမာကာ အိုဂါဝါ သည္ အသက္ ၁၀ ႏွစ္အ႐ြယ္သာ ရွိေသးသည္။ ထိုအ႐ြယ္ေလးကတည္းက လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈကို ပထမဆုံး ခံလိုက္ရသည္။ ထိုေန႔က အမ်ားျပည္သူ ႐ုံးပိတ္ရက္ ျဖစ္သည္။ ကေလးမေလး က ရထား စီးလာသည္။ သူ႔ေနာက္တြင္ ရပ္ေနသည့္ အမ်ိဳးသားႀကီးက သူမ တင္ပါး ကို ပြတ္သပ္ေနသည္။ ထို႔ေနာက္ ကေလး ကို သူက ဖက္လိုက္ေသးသည္။ ကေလးမေလးက ေၾကာက္႐ြံ႕တုန္လႈပ္သြားမိသည္။

အိမ္ျပန္ေရာက္သည္အထိ ကေလးစိတ္ထဲတြင္ ေၾကာက္စိတ္ေတြကမေပ်ာက္။ ေရခ်ိဳးခန္း ထဲဝင္ၿပီး ထိုလူႀကီး ကိုင္သြားသည့္ေနရာကို ေရႏွင့္ အထပ္ထပ္ ေဆးေၾကာေနမိသည္။ အိမ္သာ ထဲဝင္ၿပီး ပုံမွန္မဟုတ္ဘဲ ေရေလာင္းေနသည့္ ကေလး ကို လူႀကီးေတြက သတိထားၿပီး ေမးၾကည့္မွ သူတို႔သမီးအျဖစ္ကို သိလိုက္ၾကရသည္။

အိုဂါဝါ တစ္ေယာက္ အထက္တန္း ေက်ာင္းသူ ဘဝ ေရာက္လာသည့္အခါတြင္လည္း ရထား စီးတိုင္း ထိုအျဖစ္မ်ိဳးမ်ားကို မၾကာခဏ ႀကဳံေတြ႕ရသည္။ လူႀကီး အ႐ြယ္ေတြက ထိုအျဖစ္မ်ိဳးကို အုပ္စုလိုက္ က်ဴးလြန္ေနသလို ျဖစ္သည္။ ေက်ာင္းဝတ္စုံဝတ္ထားသည့္ မိန္းကေလး တိုင္းလိုလို သူ႔လိုအျဖစ္မ်ိဳးကို မၾကာခဏ ႀကဳံေတြ႕လာၾကရသည္။ ကေလး ေတြဘဝက ထိုအျဖစ္ႏွင့္ႀကဳံတိုင္း ေရွာင္ေျပး၊ ထြက္ေျပးလာၾကရသည္ခ်ည္း ျဖစ္သည္။ အိုဂါဝါက –

“ကြၽန္မ ကေလး ဘဝ ကို ျပန္ၿပီးစဥ္းစားၾကည့္မိတယ္။ လူႀကီး ေတြက ဘာျဖစ္လို႔ ကြၽန္မ တို႔ ကေလး ေတြကို အဲသည္လို သာယာမႈေတြ ရွာေနၾကတာလဲ” ဟုဆိုသည္။

ကေလး ေတြ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ ခံေနရျခင္းကို မိဘ ေတြကလည္း ေဒါသထြက္ၾကသည္။ သို႔ေသာ္ သူတို႔ကေလးေတြကို မည္သို႔ေျပာဆို ဆုံးမႏိုင္မည္နည္း။ အိုဂါဝါ ကိုယ္တိုင္က သူကိုယ္တိုင္ ခံစားခဲ့ရသည့္ ဒုကၡ ေတြကို မိဘမ်ားအား ေျပာျပေသာ္လည္း မိဘေတြက ဘာလုပ္ေပးႏိုင္သနည္း။

သူ ၁၅ ႏွစ္သမီး အ႐ြယ္တြင္ ေနာက္ထပ္ လူတစ္ေယာက္၏ အကဲစမ္းမႈကို ႀကဳံေတြ႕ခဲ့ရျပန္သည္။ ထိုနည္းအတိုင္းျဖစ္သည္။ ထိုလူက နည္းနည္း႐ိုင္းစိုင္းသည္။ အိုဂါဝါက ေရွာင္ထြက္ၿပီး ရထားအရပ္တြင္ ေျပးဆင္းသည္။ ထိုသူက ေနာက္ကလိုက္လာၿပီး သူ႔လက္ကိုဆြဲကာ လိုက္ခဲ့ရန္ ေခၚသည္။ လူေတြက ၾကည့္ေနသည္။ အိုဂါဝါက ႐ုန္းကန္ေအာ္ေနေသာ္လည္း မည္သူမွ သူ႔ကိုလာၿပီး အကူအညီမေပးၾက။

“အဲဒီလူက ကြၽန္မ သူ႔ကိုသာယာေနၿပီထင္ၿပီးေတာ့ အတင္း ကို လိုက္ဆြဲေနေတာ့တာ” ဟု ယခုအခါ အသက္ ၃၆ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္သည့္ အိုဂါဝါက ေျပာျပသည္။

“ကြၽန္မတို႔ ေက်ာင္းသားအ႐ြယ္ကတည္းက မိန္းကေလး ေတြ ဒီလိုအျဖစ္မ်ိဳးနဲ႔ ရင္ဆိုင္ေနၾကရတာပဲ။ ဘယ္သူမွ ဘာျပန္လုပ္ရမွန္း မသိၾကဘူး”

ယခုအခါ အိုဂါဝါ တစ္ေယာက္ စာေရးဆရာမတစ္ဦးျဖစ္ေနသည့္အျပင္ Press Labo ကို ထူေထာင္ထားသူတစ္ဦးလည္း ျဖစ္သည္။ တိုက်ိဳၿမိဳ႕အနီး ရွီမိုကီတာဇာဝါအရပ္တြင္ သူက ဒစ္ဂ်စ္တယ္အခ်က္အလက္မ်ား ေဖာ္ထုတ္တင္ျပသည့္ မီဒီယာတစ္ခုကို ထူေထာင္ထားသည္။ သူ႔ထံက က်ားမလိင္ခြဲျခားမႈႏွင့္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ ခံေနရမႈမ်ားကို ထုတ္ေဖာ္ကာ အမ်ားျပည္သူတို႔ သိႏိုင္ေစရန္ အားထုတ္ေနသည္။

၂၀၁၅ ခုႏွစ္တြင္ သူက ႏိုင္ငံအတြင္း ေရရွည္ခံစားခဲ့ရေသာ မိန္းကေလး တို႔၏ ဒုကၡမ်ားကို စတင္ေဖာ္ထုတ္တင္ျပခဲ့သည္။ အထူးသျဖင့္ အမ်ားျပည္သူပိုင္ သယ္ယူပို႔ေဆာင္ေရးယာဥ္မ်ားေပၚတြင္ ေစာ္ကားမႈမ်ားကို ခံစားေနရသည့္ မိန္းကေလးမ်ားအေၾကာင္း ျဖစ္သည္။ အျဖစ္အပ်က္တို႔ကို မိန္းကေလးတို႔က ရွက္၍ေသာ္လည္းေကာင္း၊ ေၾကာက္၍ေသာ္လည္းေကာင္း ျပန္လည္ထုတ္ေဖာ္ မေျပာရဲၾကေပ။ ထို႔ေၾကာင့္လည္း ၿပီးၿပီးေပ်ာက္ေပ်ာက္ျဖစ္ကာ လက္သရမ္းသူေတြကလည္း ၿငိမ္ခံေနမွန္းသိ၍ ပိုဆိုးလာသည္။

လြန္ခဲ့သည့္ ၂ ႏွစ္ ၂၀၁၅ ေလာက္ကစၿပီး အိုဂါဝါတို႔လို အမ်ိဳးသမီးအေရး ေဆာင္႐ြက္ေပးေနသူေတြေၾကာင့္ အျမင္ေတြေျပာင္းလာၿပီး တဏွာ႐ူးေတြကို ဆန႔္က်င္သည့္ေလသံေတြ ထြက္လာသည္။ ယခုအခါ ဂ်ပန္တြင္ လႈပ္ရွားမႈေလးေတြ စတင္ေနၿပီျဖစ္သည္။

အသက္ ၅၁ ႏွစ္အ႐ြယ္ ယာယိုအီ မတ္စုနာဂါသည္ ရွီဘုယာအနီးရွိ ေကာ္ဖီဆိုင္ကို ေရာက္လာသည္။ သူက လက္ဆြဲအိတ္ႀကီးတစ္လုံးကို ကိုင္လာသည္။ သူ႔လက္ဆြဲအိတ္တြင္ စာေတြအမ်ိဳးမ်ိဳး ကပ္ထားသည္။ ထိုစာေတြကေတာ့ “ဟိုစမ္းသည္စမ္း လက္သရမ္းတာ ရာဇဝတ္မႈပါ” “မလုပ္ပါႏွင့္” ဆိုသည့္ စာသားမ်ားျဖစ္သည္။ သူက ထိုသို႔ေရးထားသည့္ လက္ကမ္းစာ႐ြက္ေတြကိုလည္း လိုက္ေဝေပးေလ့ရွိသည္။ အားလုံးကို သတိထားမိေစရန္ လိုက္လံၿပီး အက်ိဳးေဆာင္ႏႈိးေဆာ္ေနျခင္းျဖစ္သည္။

မတ္စုနာဂါသည္ အိုဆာကာတြင္ လက္သရမ္းမႈ ကာကြယ္ေရးအဖြဲ႕ဆိုၿပီး အဖြဲ႕တစ္ဖြဲ႕ကို ၂၀၁၅ ခုႏွစ္ကတည္းက ဖြဲ႕စည္းၿပီး လႈပ္ရွားေနသည္။ သူ၏ မိတ္ေဆြသားသမီးမ်ား၏ မၾကာခဏ ခံစားေနရသည့္ ဒုကၡမ်ားကို ကိုယ္ခ်င္းစာၿပီး သူကလႈံ႕ေဆာ္မႈမ်ားကို ေစတနာ့ဝန္ထမ္း ေဆာင္႐ြက္ေပးေနျခင္းျဖစ္သည္။

သူတို႔က ထိုလႈံ႕ေဆာ္ စာ႐ြက္ မ်ားကို ရထားေပၚ ကားေပၚေတြကို လိုက္ကပ္ရန္ ႀကိဳးစားၾကသည္။ မိန္းကေလး မ်ားကိုလည္း သူတို႔ ေက်ာင္းလြယ္အိတ္မ်ား လက္ဆြဲအိတ္မ်ားေပၚတြင္ ကပ္ထားရန္ လႈံ႕ေဆာ္ၾကသည္။ အခ်ိဳ႕စာ႐ြက္မ်ားေပၚတြင္ လက္သရမ္းသူမ်ားကို ရဲကဖမ္းသြားသည့္ ကာတြန္းေလးေတြလည္း ပါသည္။ ထိုစာ႐ြက္ေလးေတြကို ေက်ာင္းသူေလးေတြက မကပ္ခ်င္ၾက။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုစာ႐ြက္ ကပ္လာလွ်င္ ေက်ာင္းသားေတြက ေျပာင္ေလွာင္ေသာေၾကာင့္ ျဖစ္သည္။ ဂ်ပန္ႏိုင္ငံတြင္ က်ားမခြဲျခားသည့္ စိတ္ဓာတ္ေတြက ရွိေနေသးသလို၊ မိန္းကေလးေတြ၏ ေၾကာက္စိတ္ကိုလည္း ေဖ်ာက္ႏိုင္ရန္ အေတာ္ေလး ႀကိဳးပမ္းရဦးမည္ျဖစ္သည္။

၂၀၁၅ ခုႏွစ္ ႏိုဝင္ဘာလကစၿပီး မတ္စုနာဂါသည္ မိန္းကေလးမ်ားအား အကာအကြယ္ေပးေရးအတြက္ လူထုလႈပ္ရွားမႈႀကီးတစ္ခု ျပဳလုပ္ႏိုင္ရန္ စီစဥ္သည္။ သူ႔ကို အလႉရွင္ေပါင္း ၃၃၄ ဦးက ယန္းေငြ ၂ ဒသမ ၁၂ သန္း (ေဒၚလာ ၁၉၀၀၀ ခန႔္) လႉဒါန္းၾကသည္။ ထိုအခ်ိန္ကစၿပီး သူက ေနရာအႏွံ႔တြင္ ကပ္ႏိုင္သည့္ စတစ္ကာေလးမ်ားကို တီထြင္ၿပီး လႈပ္ရွားမႈကိုစတင္ရန္ ႀကိဳးစားခဲ့သည္။

သူ႔ကို ေက်ာင္းသားေတြက ဝိုင္းဝန္းၿပီး ကူညီသည္။ ဒီဇိုင္းေတြ ၄၄၁ ခုခန႔္ ဝိုင္းၿပီး လႉၾကသည္။ ယင္းတို႔အထဲက ၅ ခုကို ေ႐ြးခ်ယ္ၿပီး သူ႔အဖြဲ႕က စာ႐ြက္ေတြ စတစ္ကာေတြ ထုတ္သည္။ ေနရာေပါင္း ၅၀၀ ႏွင့္ ရဲစခန္းသုံးခုေလာက္ကို သူတို႔ စာ႐ြက္ေတြ လိုက္ကပ္ႏိုင္ခဲ့သည္။ ယခုဆိုလွ်င္ မတ္စုနာဂါက ထိုစာ႐ြက္မ်ားကို အြန္လိုင္းကတစ္ဆင့္ တစ္ခုလွ်င္ ယန္း ၄၁၀

(၃ ဒသမ ၇၀ ေဒၚလာ) ႏွင့္ ေရာင္းခ်ေနသည္။ မတ္လ ၁၁ ရက္ေန႔ကစၿပီး ကုန္တိုက္ အေရာင္းဆိုင္ႀကီးတိုင္းတြင္ ထိုစတစ္ကာစာ႐ြက္မ်ားကို ဝယ္ႏိုင္ေအာင္ လုပ္ေပးထားသည္။

သူ႔လႈပ္ရွားမႈက ေအာင္ျမင္သင့္သေလာက္ ေအာင္ျမင္လာသည္။ ကေလး ေတြက လြယ္အိတ္ ေလးမ်ားတြင္ ဝယ္ကပ္လာၾကသည္။ ရထားရဲမ်ားကလည္း အထက္တန္းေက်ာင္းမ်ားသို႔ လာေရာက္ၿပီး လက္သရမ္းသူမ်ားႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ရပါက မည္သို႔ ရင္ဆိုင္ေျဖရွင္းရမည္ဆိုသည့္ သေဘာတရားမ်ားကို ပညာေပးၿပီး လိုက္လံေဟာေျပာေနသည္။ ကေလးေတြကို စတစ္ကာရဲရဲတပ္ၿပီး လက္သရမ္းသူမ်ားကို သတိေပးေနသည့္စနစ္ကို သူတို႔ အေကာင္အထည္ေဖာ္ေပးေနျခင္း ျဖစ္သည္။

ဂ်ပန္ႏိုင္ငံ လူ႔အဖြဲ႕အစည္းကလည္း မိမိတို႔ႏိုင္ငံကဲ့သို႔ ယဥ္ေက်းမႈေရွ႕တန္းတင္သည့္ ႏိုင္ငံတြင္ ထိုသို႔ေသာ အျဖစ္မ်ိဳး အဘယ္ေၾကာင့္ ျဖစ္ေနရသနည္းဟု အေျဖရွာေနၾကသည္။

“လူ႔ေဘာင္အဖြဲ႕အစည္းက က်ယ္ျပန႔္လာတဲ့အေလ်ာက္ ရာဇဝတ္မႈအရေရာ၊ လူမႈေရးရႈေထာင့္အေနနဲ႔ပါ သုံးသပ္ဆင္ျခင္ဖို႔ လိုပါတယ္” ဟု ဂ်ပန္ႏိုင္ငံ လူ႔အခြင့္အေရးအဖြဲ႕ ဒုတိယဥကၠ႒ႏွင့္ ခ်ီဘတကၠသိုလ္မွ ဥပေဒပါေမာကၡျဖစ္သူ ဟီယိုကိုဂိုတိုက ေျပာၾကားသည္။

ဂ်ပန္ႏိုင္ငံတြင္ ထိုသို႔ လက္သရမ္းမႈအတြက္ ျပ႒ာန္းထားသည့္ ဥပေဒက ေထာင္ဒဏ္ ၆ လႏွင့္ ေငြဒဏ္ ယန္း ၅၀၀၀၀၀ (ေဒၚလာ ၄၅၀၀) ခန႔္သာ ျဖစ္သည္။ ပါေမာကၡဂိုတိုက –

“ကေလးေတြ စကတ္ထဲကို လက္ထည့္ၿပီး သရမ္းတာလည္း မုဒိမ္းက်င့္သလိုပါပဲ” ဟု ေျပာၾကားသည္။

ထိုလက္သရမ္းမႈက ပိုၿပီး ၾကမ္းလာလွ်င္ ရဲတပ္ဖြဲ႕က ပုဒ္မ ၁၇၆ ျဖင့္ တရားစြဲၿပီး ေထာင္ဒဏ္ ၁၀ ႏွစ္အထိ ႀကီးေလးေသာ ျပစ္ဒဏ္ေပးႏိုင္သည့္ ပုဒ္မကို ေျပာင္းလိုက္ႏိုင္သည္။ ပုဒ္မ ၁၇၇ တြင္လည္း မုဒိမ္းက်င့္သကဲ့သို႔ မွတ္ယူႏိုင္သည့္ လြန္က်ဴးမႈမ်ားကို သတ္မွတ္ျပ႒ာန္းထားသည္။

ယခုအခါ ဂ်ပန္လူ႔အဖြဲ႕အစည္းတြင္ အမ်ိဳးသမီးမ်ားကို လုံၿခဳံစိတ္ခ်စြာ ေနထိုင္သြားလာနည္းမ်ားကိုပါ နည္းေပးလမ္းျပ လုပ္လာၾကသည္။ အဝတ္အစားမ်ားကို လုံၿခဳံစြာဝတ္ေရး၊ အစုလိုက္ အကာအကြယ္ေပးေရး၊ တစ္ဦးက လက္သရမ္းမႈကို ခံေနရလွ်င္ ဝိုင္းဝန္းအကာအကြယ္ေပးေရးတို႔ ပါဝင္သည္။ ထို႔ျပင္ အာဏာပိုင္မ်ားကို ရထားမ်ား၊ ကားမ်ားေပၚတြင္ CCTV မ်ား တပ္ဆင္ထားေပးရန္ တိုက္တြန္းၾကသည္။ ဂ်ပန္ႏိုင္ငံအေနႏွင့္ ၂၀၂၀ ျပည့္ႏွစ္ အိုလံပစ္ပြဲအမီ ေနရာအႏွံ႔ CCTV တပ္ဆင္ျခင္းမ်ားကို ေဆာင္႐ြက္လိမ့္မည္ဟု ေမွ်ာ္လင့္ထားၾကသည္။ ပါေမာကၡ ဂိုတိုက –

“ကြၽန္မကေတာ့ အမ်ိဳးသမီးေတြအေနနဲ႔ ဘာျဖစ္တယ္ဆိုတာ မေျပာဘဲ ၿငိမ္ေနရင္၊ ဘယ္သူမွ ဘာမွမလုပ္ႏိုင္ေတာ့ဘဲ ကြယ္ေပ်ာက္သြားလိမ့္မယ္” ဟု ဆိုသည္။

ဂ်ပန္ႏိုင္ငံ အမ်ိဳးသမီးေတြက သူတို႔ကိုယ္တိုင္ လက္သရမ္းျခင္း မခံရမႈမွာ ေက်ာင္းဝတ္စုံခြၽတ္ၿပီး ဘြဲ႕ၿပီးခ်ိန္မွျဖစ္ေၾကာင္းလည္း ေျပာဆိုၾကသည္။

“ကြၽန္မ ေက်ာင္းဝတ္စုံေလးနဲ႔တုန္းကေတာ့ အၿမဲလိုလို ခံရတာပဲ။ ယူနီေဖာင္းမဝတ္ေတာ့မွ အဲဒီအျဖစ္က လြတ္ေတာ့တယ္” ဟု အသက္ ၂၀ အ႐ြယ္ ကိုတိုမီ အာရာကီက ဆိုသည္။ သူက ယခု စီးပြားေရးေက်ာင္းတက္ေနၿပီး၊ ဆိုင္တစ္ဆိုင္တြင္ စားပြဲထိုးလုပ္ေနသည္။

ဂ်ပန္ႏိုင္ငံလူ႔အဖြဲ႕အစည္း၏ အစဥ္အလာကလည္း ေယာက်ာ္းႀကီးစိုးသည့္ သေဘာတရားမ်ား လႊမ္းမိုးေနသည္။ က်ိဳတိုတကၠသိုလ္မွ လူမႈေဗဒပညာရွင္ အီမီကို အိုခ်ီအိက –

“ဟိုးေရွးေခတ္တုန္းကေတာ့ ဂ်ပန္မွာ မိန္းမဘုရင္မေတြ ရွိခဲ့တာပဲ။ ေနာက္ပိုင္း မရွိသေလာက္ ရွားလာတယ္။ အလယ္ေခတ္ေလာက္မွာ အမ်ိဳးသမီးသူရဲေကာင္းေတြ၊ ဗိုလ္ခ်ဳပ္ေတြ ရွိခဲ့ဖူးပါတယ္”ဟု ဆိုသည္။

“ကြန္ျဖဴးရွပ္ အယူအဆေတြ လႊမ္းမိုးလာတဲ့ ေနာက္ပိုင္းမွာ အမ်ိဳးသမီးေတြရဲ႕ အခန္းက႑က ကြယ္ေပ်ာက္လာခဲ့ရတယ္။ ေခတ္စားလာတဲ့ ျပဇာတ္ေတြ စာေပအႏုပညာေတြမွာကလည္း အေနာက္တိုင္းဓေလ့ေတြ လႊမ္းမိုးလာတာကို အတင္းပေပ်ာက္ေအာင္ လုပ္ေနတဲ့ မဟာဖိုဝါဒ သေဘာတရားေတြ ေခတ္စားလာတယ္” ဟု အီမီကိုက ေျပာၾကားသည္။

သူဆိုလိုခ်င္သည္က ယေန႔ေခတ္ မိန္းမသားမ်ား၏ ဘဝသည္ အိႏၵိယႏိုင္ငံအတြင္း ေယာက်ာ္းႏွင့္ မိန္းမက အဆင့္အတန္း ခြဲျခားဆက္ဆံသလို ဂ်ပန္ႏိုင္ငံတြင္လည္း အမ်ိဳးသမီးမ်ားကို အေလးထား တန္ဖိုးထားစရာမလိုဟု ယူဆေနျခင္းျဖစ္သည္။

၁၉၇၀ ျပည့္ႏွစ္ပိုင္းေလာက္တြင္ အမ်ိဳးသမီးလႈပ္ရွားမႈေတြ ေခတ္စားလာသည္။ အထူးသျဖင့္ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးလက္ထက္တြင္ အမ်ိဳးသမီးမ်ား၏ လုပ္ငန္းခြင္ႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေစရန္ စြမ္းေဆာင္မႈတို႔ကို ပိုၿပီး အားေပးအားေျမႇာက္ျပဳလာေၾကာင္း ေတြ႕ရသည္။ အမ်ိဳးသမီးမ်ားကို အမ်ိဳးသားမ်ားႏွင့္ တန္းတူအခြင့္အေရးမ်ား ေပးလာျခင္းကလည္း ေနရာတိုင္း နယ္ပယ္တိုင္းတြင္ စိန္ေခၚမႈတစ္ခုကို ျဖစ္ေပၚလာေစသည္။

“ကြၽန္မကေတာ့ အမ်ိဳးသမီးေတြကို ပိုၿပီး အသိအမွတ္ျပဳလာ၊ ပိုၿပီး ေနရာေပးလာျခင္းဟာ လူယုတ္မာအမ်ိဳးသားေတြရဲ႕ လက္သရမ္းတဲ့ေဘးက ကင္းေဝးေစႏိုင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းျဖစ္တယ္လို႔ ဆိုခ်င္ပါတယ္” ဟု ပါေမာကၡဂိုတို၏ စကားမွာ အေလးထားစရာ ျဖစ္သည္။

Credit : Voice

Unicode ဖြင့်ဖတ်ရန်
လက်သရမ်းမှုဒဏ် ခံနေကြရသည့် ဂျပန်ကျောင်းသူလေးများ

ဂျပန်ကျောင်းသူတာမာကာ အိုဂါဝါသည် အသက် ၁၀ နှစ်အရွယ်သာ ရှိသေးသည်။ ထိုအရွယ်လေးကတည်းက လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ပထမဆုံး ခံလိုက်ရသည်။ ထိုနေ့က အများပြည်သူရုံးပိတ်ရက် ဖြစ်သည်။ ကလေးမလေးက ရထားစီးလာသည်။ သူ့နောက်တွင် ရပ်နေသည့် အမျိုးသားကြီးက သူမတင်ပါးကို ပွတ်သပ်နေသည်။ ထို့နောက် ကလေးကို သူက ဖက်လိုက်သေးသည်။ ကလေးမလေးက ကြောက်ရွံ့တုန်လှုပ်သွားမိသည်။

အိမ်ပြန်ရောက်သည်အထိ ကလေးစိတ်ထဲတွင် ကြောက်စိတ်တွေကမပျောက်။ ရေချိုးခန်းထဲဝင်ပြီး ထိုလူကြီး ကိုင်သွားသည့်နေရာကို ရေနှင့် အထပ်ထပ် ဆေးကြောနေမိသည်။ အိမ်သာထဲဝင်ပြီး ပုံမှန်မဟုတ်ဘဲ ရေလောင်းနေသည့် ကလေးကို လူကြီးတွေက သတိထားပြီး မေးကြည့်မှ သူတို့သမီးအဖြစ်ကို သိလိုက်ကြရသည်။

အိုဂါဝါတစ်ယောက် အထက်တန်းကျောင်းသူ ဘဝရောက်လာသည့်အခါတွင်လည်း ရထားစီးတိုင်း ထိုအဖြစ်မျိုးများကို မကြာခဏ ကြုံတွေ့ရသည်။ လူကြီးအရွယ်တွေက ထိုအဖြစ်မျိုးကို အုပ်စုလိုက် ကျူးလွန်နေသလို ဖြစ်သည်။ ကျောင်းဝတ်စုံဝတ်ထားသည့် မိန်းကလေးတိုင်းလိုလို သူ့လိုအဖြစ်မျိုးကို မကြာခဏ ကြုံတွေ့လာကြရသည်။ ကလေးတွေဘဝက ထိုအဖြစ်နှင့်ကြုံတိုင်း ရှောင်ပြေး၊ ထွက်ပြေးလာကြရသည်ချည်း ဖြစ်သည်။ အိုဂါဝါက –

“ကျွန်မ ကလေးဘဝကို ပြန်ပြီးစဉ်းစားကြည့်မိတယ်။ လူကြီးတွေက ဘာဖြစ်လို့ ကျွန်မတို့ ကလေးတွေကို အဲသည်လို သာယာမှုတွေ ရှာနေကြတာလဲ” ဟုဆိုသည်။

ကလေးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံနေရခြင်းကို မိဘတွေကလည်း ဒေါသထွက်ကြသည်။ သို့သော် သူတို့ကလေးတွေကို မည်သို့ပြောဆို ဆုံးမနိုင်မည်နည်း။ အိုဂါဝါကိုယ်တိုင်က သူကိုယ်တိုင် ခံစားခဲ့ရသည့် ဒုက္ခတွေကို မိဘများအား ပြောပြသော်လည်း မိဘတွေက ဘာလုပ်ပေးနိုင်သနည်း။

သူ ၁၅ နှစ်သမီးအရွယ်တွင် နောက်ထပ် လူတစ်ယောက်၏ အကဲစမ်းမှုကို ကြုံတွေ့ခဲ့ရပြန်သည်။ ထိုနည်းအတိုင်းဖြစ်သည်။ ထိုလူက နည်းနည်းရိုင်းစိုင်းသည်။ အိုဂါဝါက ရှောင်ထွက်ပြီး ရထားအရပ်တွင် ပြေးဆင်းသည်။ ထိုသူက နောက်ကလိုက်လာပြီး သူ့လက်ကိုဆွဲကာ လိုက်ခဲ့ရန် ခေါ်သည်။ လူတွေက ကြည့်နေသည်။ အိုဂါဝါက ရုန်းကန်အော်နေသော်လည်း မည်သူမှ သူ့ကိုလာပြီး အကူအညီမပေးကြ။

“အဲဒီလူက ကျွန်မ သူ့ကိုသာယာနေပြီထင်ပြီးတော့ အတင်းကို လိုက်ဆွဲနေတော့တာ” ဟု ယခုအခါ အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်သည့် အိုဂါဝါက ပြောပြသည်။

“ကျွန်မတို့ ကျောင်းသားအရွယ်ကတည်းက မိန်းကလေးတွေ ဒီလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်နေကြရတာပဲ။ ဘယ်သူမှ ဘာပြန်လုပ်ရမှန်း မသိကြဘူး”

ယခုအခါ အိုဂါဝါတစ်ယောက် စာရေးဆရာမတစ်ဦးဖြစ်နေသည့်အပြင် Press Labo ကို ထူထောင်ထားသူတစ်ဦးလည်း ဖြစ်သည်။ တိုကျိုမြို့အနီး ရှီမိုကီတာဇာဝါအရပ်တွင် သူက ဒစ်ဂျစ်တယ်အချက်အလက်များ ဖော်ထုတ်တင်ပြသည့် မီဒီယာတစ်ခုကို ထူထောင်ထားသည်။ သူ့ထံက ကျားမလိင်ခွဲခြားမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရမှုများကို ထုတ်ဖော်ကာ အများပြည်သူတို့ သိနိုင်စေရန် အားထုတ်နေသည်။

၂၀၁၅ ခုနှစ်တွင် သူက နိုင်ငံအတွင်း ရေရှည်ခံစားခဲ့ရသော မိန်းကလေးတို့၏ ဒုက္ခများကို စတင်ဖော်ထုတ်တင်ပြခဲ့သည်။ အထူးသဖြင့် အများပြည်သူပိုင် သယ်ယူပို့ဆောင်ရေးယာဉ်များပေါ်တွင် စော်ကားမှုများကို ခံစားနေရသည့် မိန်းကလေးများအကြောင်း ဖြစ်သည်။ အဖြစ်အပျက်တို့ကို မိန်းကလေးတို့က ရှက်၍သော်လည်းကောင်း၊ ကြောက်၍သော်လည်းကောင်း ပြန်လည်ထုတ်ဖော် မပြောရဲကြပေ။ ထို့ကြောင့်လည်း ပြီးပြီးပျောက်ပျောက်ဖြစ်ကာ လက်သရမ်းသူတွေကလည်း ငြိမ်ခံနေမှန်းသိ၍ ပိုဆိုးလာသည်။

လွန်ခဲ့သည့် ၂ နှစ် ၂၀၁၅ လောက်ကစပြီး အိုဂါဝါတို့လို အမျိုးသမီးအရေး ဆောင်ရွက်ပေးနေသူတွေကြောင့် အမြင်တွေပြောင်းလာပြီး တဏှာရူးတွေကို ဆန့်ကျင်သည့်လေသံတွေ ထွက်လာသည်။ ယခုအခါ ဂျပန်တွင် လှုပ်ရှားမှုလေးတွေ စတင်နေပြီဖြစ်သည်။
READ မႏၲေလးတြင္ ဂ်ပန္ ဦးေႏွာက္ေရာင္ ကာကြယ္ေဆးထုိးၿပီး မူးေ၀ေအာ့အန္သျဖင့္ ကေလး ၁၇ဦး ေဆး႐ုံတက္ကုသရ

အသက် ၅၁ နှစ်အရွယ် ယာယိုအီ မတ်စုနာဂါသည် ရှီဘုယာအနီးရှိ ကော်ဖီဆိုင်ကို ရောက်လာသည်။ သူက လက်ဆွဲအိတ်ကြီးတစ်လုံးကို ကိုင်လာသည်။ သူ့လက်ဆွဲအိတ်တွင် စာတွေအမျိုးမျိုး ကပ်ထားသည်။ ထိုစာတွေကတော့ “ဟိုစမ်းသည်စမ်း လက်သရမ်းတာ ရာဇဝတ်မှုပါ” “မလုပ်ပါနှင့်” ဆိုသည့် စာသားများဖြစ်သည်။ သူက ထိုသို့ရေးထားသည့် လက်ကမ်းစာရွက်တွေကိုလည်း လိုက်ဝေပေးလေ့ရှိသည်။ အားလုံးကို သတိထားမိစေရန် လိုက်လံပြီး အကျိုးဆောင်နှိုးဆော်နေခြင်းဖြစ်သည်။

မတ်စုနာဂါသည် အိုဆာကာတွင် လက်သရမ်းမှု ကာကွယ်ရေးအဖွဲ့ဆိုပြီး အဖွဲ့တစ်ဖွဲ့ကို ၂၀၁၅ ခုနှစ်ကတည်းက ဖွဲ့စည်းပြီး လှုပ်ရှားနေသည်။ သူ၏ မိတ်ဆွေသားသမီးများ၏ မကြာခဏ ခံစားနေရသည့် ဒုက္ခများကို ကိုယ်ချင်းစာပြီး သူကလှုံ့ဆော်မှုများကို စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

သူတို့က ထိုလှုံ့ဆော်စာရွက်များကို ရထားပေါ် ကားပေါ်တွေကို လိုက်ကပ်ရန် ကြိုးစားကြသည်။ မိန်း ကလေးများကိုလည်း သူတို့ ကျောင်းလွယ်အိတ်များ လက်ဆွဲအိတ်များပေါ်တွင် ကပ်ထားရန် လှုံ့ဆော်ကြသည်။ အချို့စာရွက်များပေါ်တွင် လက်သရမ်းသူများကို ရဲကဖမ်းသွားသည့် ကာတွန်းလေးတွေလည်း ပါသည်။ ထိုစာရွက်လေးတွေကို ကျောင်းသူလေးတွေက မကပ်ချင်ကြ။ အဘယ်ကြောင့်ဆိုသော် ထိုစာရွက် ကပ်လာလျှင် ကျောင်းသားတွေက ပြောင်လှောင်သောကြောင့် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ကျားမခွဲခြားသည့် စိတ်ဓာတ်တွေက ရှိနေသေးသလို၊ မိန်းကလေးတွေ၏ ကြောက်စိတ်ကိုလည်း ဖျောက်နိုင်ရန် အတော်လေး ကြိုးပမ်းရဦးမည်ဖြစ်သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလကစပြီး မတ်စုနာဂါသည် မိန်းကလေးများအား အကာအကွယ်ပေးရေးအတွက် လူထုလှုပ်ရှားမှုကြီးတစ်ခု ပြုလုပ်နိုင်ရန် စီစဉ်သည်။ သူ့ကို အလှူရှင်ပေါင်း ၃၃၄ ဦးက ယန်းငွေ ၂ ဒသမ ၁၂ သန်း (ဒေါ်လာ ၁၉၀၀၀ ခန့်) လှူဒါန်းကြသည်။ ထိုအချိန်ကစပြီး သူက နေရာအနှံ့တွင် ကပ်နိုင်သည့် စတစ်ကာလေးများကို တီထွင်ပြီး လှုပ်ရှားမှုကိုစတင်ရန် ကြိုးစားခဲ့သည်။

သူ့ကို ကျောင်းသားတွေက ဝိုင်းဝန်းပြီး ကူညီသည်။ ဒီဇိုင်းတွေ ၄၄၁ ခုခန့် ဝိုင်းပြီး လှူကြသည်။ ယင်းတို့အထဲက ၅ ခုကို ရွေးချယ်ပြီး သူ့အဖွဲ့က စာရွက်တွေ စတစ်ကာတွေ ထုတ်သည်။ နေရာပေါင်း ၅၀၀ နှင့် ရဲစခန်းသုံးခုလောက်ကို သူတို့ စာရွက်တွေ လိုက်ကပ်နိုင်ခဲ့သည်။ ယခုဆိုလျှင် မတ်စုနာဂါက ထိုစာရွက်များကို အွန်လိုင်းကတစ်ဆင့် တစ်ခုလျှင် ယန်း ၄၁၀

(၃ ဒသမ ၇၀ ဒေါ်လာ) နှင့် ရောင်းချနေသည်။ မတ်လ ၁၁ ရက်နေ့ကစပြီး ကုန်တိုက် အရောင်းဆိုင်ကြီးတိုင်းတွင် ထိုစတစ်ကာစာရွက်များကို ဝယ်နိုင်အောင် လုပ်ပေးထားသည်။

သူ့လှုပ်ရှားမှုက အောင်မြင်သင့်သလောက် အောင်မြင်လာသည်။ ကလေးတွေက လွယ်အိတ်လေးများတွင် ဝယ်ကပ်လာကြသည်။ ရထားရဲများကလည်း အထက်တန်းကျောင်းများသို့ လာရောက်ပြီး လက်သရမ်းသူများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက မည်သို့ ရင်ဆိုင်ဖြေရှင်းရမည်ဆိုသည့် သဘောတရားများကို ပညာပေးပြီး လိုက်လံဟောပြောနေသည်။ ကလေးတွေကို စတစ်ကာရဲရဲတပ်ပြီး လက်သရမ်းသူများကို သတိပေးနေသည့်စနစ်ကို သူတို့ အကောင်အထည်ဖော်ပေးနေခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံ လူ့အဖွဲ့အစည်းကလည်း မိမိတို့နိုင်ငံကဲ့သို့ ယဉ်ကျေးမှုရှေ့တန်းတင်သည့် နိုင်ငံတွင် ထိုသို့သော အဖြစ်မျိုး အဘယ်ကြောင့် ဖြစ်နေရသနည်းဟု အဖြေရှာနေကြသည်။

“လူ့ဘောင်အဖွဲ့အစည်းက ကျယ်ပြန့်လာတဲ့အလျောက် ရာဇဝတ်မှုအရရော၊ လူမှုရေးရှုထောင့်အနေနဲ့ပါ သုံးသပ်ဆင်ခြင်ဖို့ လိုပါတယ်” ဟု ဂျပန်နိုင်ငံ လူ့အခွင့်အရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ချီဘတက္ကသိုလ်မှ ဥပဒေပါမောက္ခဖြစ်သူ ဟီယိုကိုဂိုတိုက ပြောကြားသည်။

ဂျပန်နိုင်ငံတွင် ထိုသို့ လက်သရမ်းမှုအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေက ထောင်ဒဏ် ၆ လနှင့် ငွေဒဏ် ယန်း ၅၀၀၀၀၀ (ဒေါ်လာ ၄၅၀၀) ခန့်သာ ဖြစ်သည်။ ပါမောက္ခဂိုတိုက –

“ကလေးတွေ စကတ်ထဲကို လက်ထည့်ပြီး သရမ်းတာလည်း မုဒိမ်းကျင့်သလိုပါပဲ” ဟု ပြောကြားသည်။

ထိုလက်သရမ်းမှုက ပိုပြီး ကြမ်းလာလျှင် ရဲတပ်ဖွဲ့က ပုဒ်မ ၁၇၆ ဖြင့် တရားစွဲပြီး ထောင်ဒဏ် ၁၀ နှစ်အထိ ကြီးလေးသော ပြစ်ဒဏ်ပေးနိုင်သည့် ပုဒ်မကို ပြောင်းလိုက်နိုင်သည်။ ပုဒ်မ ၁၇၇ တွင်လည်း မုဒိမ်းကျင့်သကဲ့သို့ မှတ်ယူနိုင်သည့် လွန်ကျူးမှုများကို သတ်မှတ်ပြဋ္ဌာန်းထားသည်။

ယခုအခါ ဂျပန်လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများကို လုံခြုံစိတ်ချစွာ နေထိုင်သွားလာနည်းများကိုပါ နည်းပေးလမ်းပြ လုပ်လာကြသည်။ အဝတ်အစားများကို လုံခြုံစွာဝတ်ရေး၊ အစုလိုက် အကာအကွယ်ပေးရေး၊ တစ်ဦးက လက်သရမ်းမှုကို ခံနေရလျှင် ဝိုင်းဝန်းအကာအကွယ်ပေးရေးတို့ ပါဝင်သည်။ ထို့ပြင် အာဏာပိုင်များကို ရထားများ၊ ကားများပေါ်တွင် CCTV များ တပ်ဆင်ထားပေးရန် တိုက်တွန်းကြသည်။ ဂျပန်နိုင်ငံအနေနှင့် ၂၀၂၀ ပြည့်နှစ် အိုလံပစ်ပွဲအမီ နေရာအနှံ့ CCTV တပ်ဆင်ခြင်းများကို ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ ပါမောက္ခ ဂိုတိုက –

“ကျွန်မကတော့ အမျိုးသမီးတွေအနေနဲ့ ဘာဖြစ်တယ်ဆိုတာ မပြောဘဲ ငြိမ်နေရင်၊ ဘယ်သူမှ ဘာမှမလုပ်နိုင်တော့ဘဲ ကွယ်ပျောက်သွားလိမ့်မယ်” ဟု ဆိုသည်။

ဂျပန်နိုင်ငံ အမျိုးသမီးတွေက သူတို့ကိုယ်တိုင် လက်သရမ်းခြင်း မခံရမှုမှာ ကျောင်းဝတ်စုံချွတ်ပြီး ဘွဲ့ပြီးချိန်မှဖြစ်ကြောင်းလည်း ပြောဆိုကြသည်။

“ကျွန်မ ကျောင်းဝတ်စုံလေးနဲ့တုန်းကတော့ အမြဲလိုလို ခံရတာပဲ။ ယူနီဖောင်းမဝတ်တော့မှ အဲဒီအဖြစ်က လွတ်တော့တယ်” ဟု အသက် ၂၀ အရွယ် ကိုတိုမီ အာရာကီက ဆိုသည်။ သူက ယခု စီးပွားရေးကျောင်းတက်နေပြီး၊ ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးလုပ်နေသည်။

ဂျပန်နိုင်ငံလူ့အဖွဲ့အစည်း၏ အစဉ်အလာကလည်း ယောကျာ်းကြီးစိုးသည့် သဘောတရားများ လွှမ်းမိုးနေသည်။ ကျိုတိုတက္ကသိုလ်မှ လူမှုဗေဒပညာရှင် အီမီကို အိုချီအိက –

“ဟိုးရှေးခေတ်တုန်းကတော့ ဂျပန်မှာ မိန်းမဘုရင်မတွေ ရှိခဲ့တာပဲ။ နောက်ပိုင်း မရှိသလောက် ရှားလာတယ်။ အလယ်ခေတ်လောက်မှာ အမျိုးသမီးသူရဲကောင်းတွေ၊ ဗိုလ်ချုပ်တွေ ရှိခဲ့ဖူးပါတယ်”ဟု ဆိုသည်။

“ကွန်ဖြူးရှပ် အယူအဆတွေ လွှမ်းမိုးလာတဲ့ နောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ကွယ်ပျောက်လာခဲ့ရတယ်။ ခေတ်စားလာတဲ့ ပြဇာတ်တွေ စာပေအနုပညာတွေမှာကလည်း အနောက်တိုင်းဓလေ့တွေ လွှမ်းမိုးလာတာကို အတင်းပပျောက်အောင် လုပ်နေတဲ့ မဟာဖိုဝါဒ သဘောတရားတွေ ခေတ်စားလာတယ်” ဟု အီမီကိုက ပြောကြားသည်။

သူဆိုလိုချင်သည်က ယနေ့ခေတ် မိန်းမသားများ၏ ဘဝသည် အိန္ဒိယနိုင်ငံအတွင်း ယောကျာ်းနှင့် မိန်းမက အဆင့်အတန်း ခွဲခြားဆက်ဆံသလို ဂျပန်နိုင်ငံတွင်လည်း အမျိုးသမီးများကို အလေးထား တန်ဖိုးထားစရာမလိုဟု ယူဆနေခြင်းဖြစ်သည်။

၁၉၇၀ ပြည့်နှစ်ပိုင်းလောက်တွင် အမျိုးသမီးလှုပ်ရှားမှုတွေ ခေတ်စားလာသည်။ အထူးသဖြင့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလက်ထက်တွင် အမျိုးသမီးများ၏ လုပ်ငန်းခွင်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်မှုတို့ကို ပိုပြီး အားပေးအားမြှောက်ပြုလာကြောင်း တွေ့ရသည်။ အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူအခွင့်အရေးများ ပေးလာခြင်းကလည်း နေရာတိုင်း နယ်ပယ်တိုင်းတွင် စိန်ခေါ်မှုတစ်ခုကို ဖြစ်ပေါ်လာစေသည်။

“ကျွန်မကတော့ အမျိုးသမီးတွေကို ပိုပြီး အသိအမှတ်ပြုလာ၊ ပိုပြီး နေရာပေးလာခြင်းဟာ လူယုတ်မာအမျိုးသားတွေရဲ့ လက်သရမ်းတဲ့ဘေးက ကင်းဝေးစေနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဆိုချင်ပါတယ်” ဟု ပါမောက္ခဂိုတို၏ စကားမှာ အလေးထားစရာ ဖြစ်သည်။

Credit : Voice

COMMENTS

Name

art,1,article,1343,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8301,interview,222,knowledge,9,Live,8,LocalNews,17144,news,2842,opinion,774,photos,203,poem,117,satires,39,song,12,speech,12,sports,189,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: လက္သရမ္း မႈဒဏ္ ခံေနၾကရသည့္ ဂ်ပန္ ေက်ာင္းသူေလး မ်ား
လက္သရမ္း မႈဒဏ္ ခံေနၾကရသည့္ ဂ်ပန္ ေက်ာင္းသူေလး မ်ား
http://www.lwinpyin.com/wp-content/uploads/2018/01/D5WK22-1.jpg
dawnmanhon
http://www.dawnmanhon.com/2018/01/blog-post_36.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/blog-post_36.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy