အမှန်တရားနှင့် တရားမျှတမှုဘက်တော်သားအဖြစ် ဦးကိုနီနှင့် ကိုနေ၀င်း အသက်ပေးခဲ့ကြသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သ၀ဏ်လွှာပေးပို့ 



လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် တရားလွှတ်တော်ရှေ့ဦးကိုနီနှင့် Taxi အငှားယာဉ်မောင်းကိုနေ၀င်းတို့သည် အမှန်တရားနှင့်တရားမျှတမှု၏ဘက်တော်သားများအဖြစ် အသက်ပေးခဲ့ကြသည်ဟု ဦးကိုနီနှင့်ကိုနေ၀င်းတို့ ကျဆုံးခြင်း တစ်နှစ်ပြည့်ဂုဏ်ပြုအောက်မေ့ဖွယ်အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သောသ၀ဏ်လွှာတွင်
ထည့်သွင်းဖေါ်ပြထားသည်။

ဇန်န၀ါရီလ ၂၉ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်တော်ဝင်နှင်းဆီ၊သီရိခန်းမတွင်ပြုလုပ်သော ဦးကိုနီနှင့်ကိုနေ၀င်းတို့ ကျဆုံးခြင်း(၁)နှစ်ပြည့် ဂုဏ်ပြုအောက်မေ့ဖွယ်အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော သ၀ဏ်လွှာကို (ကျင်းပရေးကော်မတီဝင်)ဒေါ်ဥမ္မာအေးက ဖတ်ကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သ၀ဏ်လွှာတွင် ဆရာဦးကိုနီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဥပဒေအထောက်ကူပြု အဖွဲ့ဝင်တစ်ဦးဖြစ်ပါကြောင်း၊ အနယ်နယ်အရပ်ရပ်သို့သွား၍ ပြည်သူများအား ဥပဒေရေးရာ အဖြာဖြာကို အသိပညာနှင့် ဗဟုသုတများ မျှဝေခဲ့ပါကြောင်း၊ ကိုနေ၀င်းသည်လည်း သမ္မာအာဇီဝကျစွာ မိသားစုကို ရှာဖွေကျွေးမွေးနေသော အငှားယာဉ်မောင်းတစ်ဦးဖြစ်ကာ ဆရာဦးကိုနီနှင့် ကိုနေ၀င်းတို့သည် အမှန်တရားနှင့် တရားမျှတမှု၏ ဘက်တော်သားအဖြစ် အသက်ပေးခဲ့ကြကြောင်း
ပါရှိသည်။

ထို့ အတူ ၄င်းတို့ နှစ်ဦးကို ပြည်သူအများစုကတန်ဖိုးထားလေးစားကြောင်း၊သေသောသူကြာရင်မေ့ဆိုသော်လည်း ၄င်းတို့နှစ်ဦးကို ပြည်သူအများစုက မမေ့နိုင်ကြကြောင်း၊ ၄င်းတို့သည် လူသေသော်ည်း နာမည်မသေသူများ ဖြစ်ကြောင်း၊ အမှန်တရားနှင့် တရားမျှတမှုရှိသော လူ့အဖွဲ့စည်းဖြစ်စေရန် လူတိုင်းမှာ တာဝန်ရှိကြောင်း၊ အမှန်တရားနှင့် တရားမျှတသော လူ့အဖွဲ့အစည်း ဖြစ်ထွန်းပေါ်ပေါက်ခြင်းသည် ဒီမိုကရေစီ ခိုင်မာခြင်းဖြစ်ကြောင်းလည်း အတိုင်ပင်ခံပုဂ္ဂိုလ်၏ သ၀ဏ်လွှာထဲတွင် ပါရှိခဲ့သည်။

အမေရိကန်သံအမတ်ကြီး ဂုဏ်ပြု စကားပြော

--- --- -- --- --- --- ---

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့စီရယ်လည်းတက်ရောက်ကာဂုဏ်ပြုအမှတ်တရစကားပြောကြားခဲ့သည်။ ပြီးခဲ့သည် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၉ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် အင်ဒိုနီးရှားနိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် NLD ပါတီမှ ဗဟိုဥပဒေထောက်ကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်တွင်သေနတ်သမားကြည်လင်းကသေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့သည်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ပြီးထွက်ပြေးသွားသော ကြည်လင်း၏နောက်သို့ လိုက်လံကာ အုတ်ခဲကျိုးဖြင့် ပစ်ခတ်ဖမ်းဆီးပေးခဲ့သော Taxi ယာဉ်မောင်းကိုဝင်းသည်လည်း ကြည်လင်း၏ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှု
ကြောင့် သေဆုံးခဲ့ရသည်။

ယခုအခါ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရသည်မှာ တစ်နှစ်ပြည့်ပြီးဖြစ်သော်လည်း လုပ်ကြံသတ်ဖြတ်မှုအား အဓိက ကြိုးကိုင်စေခိုင်းသူအဖြစ် သံသယ
ရှိခြင်းကို ခံထားရသည့် တရားခံပြေး အောင်ဝင်းခိုင်မှာမူ လွတ်မြောက်နေဆဲဖြစ်သည်။

အောင်ရဲနောင်
The Ladies News

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6910,interview,212,knowledge,7,Live,8,LocalNews,14993,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: အမှန်တရားနှင့် တရားမျှတမှုဘက်တော်သားအဖြစ် ဦးကိုနီနှင့် ကိုနေ၀င်း အသက်ပေးခဲ့ကြသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သ၀ဏ်လွှာပေးပို့ 
အမှန်တရားနှင့် တရားမျှတမှုဘက်တော်သားအဖြစ် ဦးကိုနီနှင့် ကိုနေ၀င်း အသက်ပေးခဲ့ကြသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သ၀ဏ်လွှာပေးပို့ 
https://1.bp.blogspot.com/-y3EvTO10HUs/Wm9Ks1OE3ZI/AAAAAAAAeag/exqf0eRmJ0QHuhLhUfR2R_Vs5gUZgzfmgCLcBGAs/s400/q1.jpg
https://1.bp.blogspot.com/-y3EvTO10HUs/Wm9Ks1OE3ZI/AAAAAAAAeag/exqf0eRmJ0QHuhLhUfR2R_Vs5gUZgzfmgCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/01/blog-post_455.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/blog-post_455.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy