မြောက်ကိုရီးယားက နူကလီးယားဒုံးပျံ လက်နက်နဲ့ ခြိမ်းခြောက်နေတဲ့ ကိစ္စကို တုန့်ပြန်ရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အင်အားကြီး မဟာမိတ်နိုင်ငံတွေ ကနေဒါနိုင်ငံ ဗန်ကူးဗါးမြို့မှာ ဆွေးနွေးကြပါတယ်။
မြောက်ကိုရီးယားရဲ့ အဓိကမဟာမိတ်လည်းဖြစ် ကုန်သွယ်ဖက်လည်းဖြစ်တဲ့ တရုတ်နိုင်ငံရော ရုရှားနိုင်ငံကိုပါ မဖိတ်ကြားဘဲ အမေရိကန်နဲ့ ကနေဒါ နိုင်ငံတို့က ကမကထလုပ်ပြီး ၀န်ကြီးအဆင့် နှစ်ရက်ကြာအစည်းအဝေး ကျင်းပတာပါ။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Lu Kang က ဒီအစည်းအဝေးမှာ ကိုရီးယားကျွန်းဆွယ်အရေးအတွက် အရေးကြီး အနီးစပ်ဆုံး နိုင်ငံတွေ မပါဝင်တဲ့အတွက် ဒီအစည်းအဝေးတရားဝင်တယ် ဒါမှမဟုတ် ကိုယ်စားပြုနိုင်တယ်လို့ မထင်မြင်တဲ့အကြောင်း ပြောပါတယ်။
ဗန်ကူးဗါးအစည်းအဝေးမှာ တရုတ်နိုင်ငံ မပါဝင်ပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ ဖုန်းနဲ့စကားပြောကြားပြီး တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ မကြာခင်က မျက်နှာချင်းဆိုင် ပြန်လည်ဆွေးနွေးတာဟာ မြောက်ကိုရီးယားရဲ့ ဖျက်လိုဖျက်ဆီးအကျင့်အကြံကို ပြောင်းလဲကောင်းပြောင်းလဲဖွယ်ရှိမယ်လို့ နှစ်ဘက် မျှော်လင့်တဲ့ အကြောင်း သမ္မတအိမ်ဖြူတော်က ပြောပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယား နူကလီးယားဖျက်သိမ်းဖို့ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ လှုပ်ရှားမှုဟာ ပြုံယမ်း အစိုးရကို အမြင့်ဆုံးအဆင့် ဖိအားပေးလိမ့်မယ်လို့ အမေရိကန်သမ္မတကပြောပါတယ်။
https://www.reuters.com
RFA Burmese
https://www.facebook.com/rfaburmese/
COMMENTS