၂၀၁၇ ခုနှစ်ရဲ့ အထူးဆန်းဆုံး တီထွင်မှု ၁၀ ခု


တီထွင်မှုတွေဆိုတာ သမားရိုးကျတွေးနေကျပုံစံထဲကနေ ကွဲထွက်သွားတာပါ။ ဒါကြောင့် သမားရိုးကျလုပ်ဆောင်နေခြင်းမျိုးမဟုတ်တာကြောင့် ထူးဆန်းတာ၊ ပေါတောတောနိုင်တာမျိုးတွေဖြစ်တာ မဆန်းကြယ်ပါဘူး။ အောက်မှာပြထားတဲ့ ပစ္စည်းတွေက ကွေးနိုင်တဲ့ပိုက်လေးတွေလို ရယ်စရာကောင်းနေပြီးတော့ တစ်ကမ္ဘာလုံးကို ပြောင်းလဲပစ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါမဟုတ် မကောင်းဘူးဆိုပြီးတော့ပဲ အဆုံးသတ်သွားမလား ကြည့်လိုက်ကြပါစို့။

  • နံစော်နေသလား
Portable deviceတွေက ကျွန်တော်တို့ဘယ်သွားစရာရှိသလဲ၊ နောက်ကျနေပြီဆိုတာကို ပြောပြပေးနိုင်ပါတယ်။ ကမ္ဘာ့ပထမဆုံးသော အနံခံစက်လေးကတော့ အိပ်ဆောင်အရွယ်လေးဖြစ်ပြီး Kun Kun လို့နာမည်ပေးထားပါတယ်။ အဲဒီမှာ sensor လေးတွေဟာ စမတ်ဖုန်း app နဲ့ ချိတ်ဆက်ပြီးတော့ ချွေး၊ အောက်သိုးသိုးအနံ့တွေကို ခွဲခြမ်းစိပ်ဖြာနိုင်ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံမှာပဲ ရနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူများကပြောမှ သိတာမျိုးတွေ ဆက်လက်တွေ့ကြုံနေရမှာ ဖြစ်ပါတယ်။


  • စက်ရုပ်ဖက်ရှင်
ဖက်ရှင် accessories နဲ့ စက်ရုပ်တွေဟာ တွဲဖက်မမြင်မိတဲ့အရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် MIT နဲ့ London Royal College ရဲ့ အနုပညာမေဂျာက ဒီဇိုင်းပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ အနာဂတ်အတွက် တွဲဖက်မြင်နိုင်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီစိတ်ကူးကတော့ သံလိုက်နည်းပညာနဲ့ထိန်းချုပ်မောင်းနှင်နေတဲ့စက်ရပ်တွေဟာ ပြောင်းလဲနေတဲ့ အ၀တ်အထည်တွေဝတ်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။ ဆိုလိုတာက အ၀တ်အထည်တစ်ခုလုံးမဟုတ်ဘဲ တပ်ဆင်ထားတဲ့အရာလေးတွေက ပြောင်းလဲရွေ့လျားနေမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် လေတိုက်ရင်လွင့်နေတာမျိုးပေါ့။

  • စက်ရုပ်ရဲ့ ကောင်းချီးပေးမှု
AI တွေက ကျွန်တော်တို့ကို ပိုမိုမြင့်မားတဲ့ အသိဥာဏ်တွေနဲ့ ထိတွေ့နိုင်အောင် လုပ်ဆောင်ပေးမှာလား။ ဒီနှစ်အစောပိုင်းမှာတော့ “BlessU-2” လို့အမည်ပေးထားတဲ့ စက်ရုပ်ကို Hesse နဲ့ Nassau တို့မှာရှိတဲ့ Evangelical Church ရဲ့ နာယကတွေကို ကောင်းချီးပေးဖို့ ထားခဲ့ပါတယ်။ မသေချာပေမယ့်လည်း AI ရဲ့ အခန်းကဏ္ဍကို ရုပ်ပိုင်းဆိုင်ရာအတွက်သာမက၊ စိတ်ပိုင်းဆိုင်ရာအတွက်လည်း စတင်အသုံးပြုနိုင်တော့မယ်လို့ ပြောပြလိုက်တာဖြစ်ပါတယ်။

  • Slurp-Cancelling Fork
ဂျပန်လူမျိုးတွေက သူတို့ရဲ့ခေါက်ဆွဲကို ချစ်မြတ်နိုးကြပါတယ်။ ဒါ့အပြင် စုပ်စားရတာကိုလည်း ကြိုက်ကြပါတယ်။ အဲဒီလိုလုပ်ခြင်းဟာ သူတို့ရဲ့အရသာကိုပိုကောင်းစေတယ်လို့ ဆိုပါတယ်။ အားနည်းချက်လား။ နိုင်ငံခြားသားအများစုဟာ အသံထွက်တာကို မကြိုက်ကြပါဘူး။ ဂျပန်လူမျိုးတွေဟာ နည်းပညာကို အသုံးပြုပြီးတော့ ဒီကိစ္စကိုဖြေရှင်းလိုက်ပါတယ်။ Otohiko noise-cancelling ခရင်းလေးဟာ noise-cancelling headphone နည်းပညာကိုအသုံးပြုခြင်းထက် antiphase အသံလှိုင်းကို ထုတ်လုပ်ပေးပြီးတော့ စုပ်တဲ့အခါထွက်လာတဲ့အသံတွေကို ဖယ်ပေးပါတယ်။ ကျွန်တော်တို့နားထဲမှာတော့ ရေဆွဲချတဲ့အသံလိုမျိုး ဖြစ်သွားတာမို့ ပိုဆွဲဆောင်မှုရှိသွားပါတယ်။ ခေါက်ဆွဲစားတဲ့အခါ စုပ်ပြီးစားလိုက်ရအောင်။

  • တစ်ဖက်လောက်ကူပါဦး ဒါမှမဟုတ် လက်မတစ်ချောင်းတည်း
လူရဲ့ ခန္ဓာကိုယ်အတွက် ပိုကောင်းတဲ့လုပ်ရပ်တွေ လုပ်ဆောင်နိုင်ဖို့အတွက် တိုးတက်လာတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် တိုးတက်လာဦးမှာပါ။ တချို့လူတွေကတော့ မကျေနပ်ပါဘူး။ MetaLimbs ကတော့ သင့်ကိုလက်အပိုနှစ်ချောင်းပေးနိုင်ပြီးတော့ သင့်ရဲ့ဒူးနဲ့ခြေထောက်တွေကို အသုံးပြုပြီးတော့ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ Youbionic ကတော့ ဒေါ်လာ ၂၁၀၀ နဲ့ Double Hand ကို ရောင်းချပေးနေပြီးတော့ တစ်လက်ချောင်းကို နှစ်ချောင်းပြောင်းပေးနိုင်ပါတယ်။ ကျွန်တော်တို့မှာ တတိယလက်မလည်း ရနိုင်ပါသေးတယ်။ သူ့ကိုလည်း ခြေထောက်နဲ့ပဲ ထိန်းချုပ်ရမှာပါ။

  • တိမ်လေးအောက်မှာ အလှဆင်မယ်
အိမ်တစ်လုံးရဲ့ အခြေခံလုပ်ဆောင်ချက်ကတော့ ရာသီဥတုဒဏ်ခံနိုင်ဖို့ပါ။ ဒါပေမယ့် Brooklyn အခြေစိုက်ဒီဇိုင်နာဖြစ်သူ Richard Clarkson ကတော့ အပြင်ကအရာတွေကို အတွင်းထဲကို ယူလာပါတယ်။ သူ့ရဲ့မကြာသေးခင်က ဖန်တီးခဲ့တဲ့ Floating Cloud မီးအိမ်လေးကတော့ hypoallergenic polyester fiber ကနေ ပြုလုပ်ထားပြီး သံလိုက်စွမ်းအင်နဲ့ မျောလွင့်နေမှာ ဖြစ်ပါတယ်။ lithium-ion ဘတ်ထရီ၊ မိုက်ခရိုဖုန်းနဲ့ ရောင်စုံ LED တွေက အခန်းထဲက အသံတွေကို တုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်။

  • သွားမြန်မြန်တိုက်ရအောင်
သွားတိုက်ရတဲ့ကိစ္စကို လူတွေအတော်လေး စိတ်အနှောင့်အယှက်ဖြစ်ကြပြီးတော့ မလုပ်မဖြစ်လုပ်ရတဲ့ကိစ္စလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာ ဒီကိစ္စကို ကူညီပေးမယ့်ပစ္စည်းတွေ အများကြီးတွေ့ခဲ့ရပါတယ်။ Amabrush လေးကတော့ သွားအားလုံးကို ၁၀ စက္ကန့်အတွင်းပြောင်လက်အောင် တိုက်ပေးနိုင်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် Unico လောက်တော့ မမြန်ပါဘူး။ စက္ကန့်ပိုင်းအတွင်း အလုပ်ပြီးစေနိုင်ပါတယ်။ Blizzident ရဲ့ 3D-Flosser ကတော့ သွားတွေကိုတစ်ချက်ကိုက်လိုက်တာနဲ့ တိုက်ပြီးစေပါတယ်။ ဒီတော့ အချိန်တွေ ပိုထွက်မလာဘူးလား။

  • လက်ဖက်ခြောက်စိမ်စက်
လက်ဖက်ခြောက်ထုပ်စိမ်သောက်တယ်ဆိုတာကတော့ အတော်လေးပျင်းစရာကောင်းတဲ့ လုပ်ရပ်လို့ဆိုမလား။ ဒါပေမယ့် Dorian Damon ရဲ့ အချိန်နဲ့ လုပ်ဆောင်ချက်တွေ ရင်းနှီးပြီးနောက်မှာတော့ သူ့အတွက် အလိုအလျောက်လုပ်ပေးတဲ့စက်လေး ထွက်ပေါ်လာပါတယ်။ Chitty Chitty Bang Bang ရဲ့ မနက်စာလုပ်စက်လေးကို မှီငြမ်းပြီးတော့ Tea Dunker လေး ထွက်ပေါ်လာခဲ့ပါတယ်။ ဒါလေးက သင့်ရဲ့မနက်ခင်း လက်ဖက်ရည်လေးကို သောက်ချင်အောင် ဆွဲဆောင်ပေးနိုင်ပါတယ်။ ချိန်းနဲ့ မော်တာတွေကြောင့် နည်းနည်းတော့ ဆူမယ်နော်။

  • A Brush with unnecessariness
ကြိုးမဲ့ချိတ်ဆက်ခြင်းနဲ့ စမတ်ဖုန်း app တွေဟာ ဒီကနေ့ခေတ်မှာကတော့ အတော်လေး ခေတ်စားနေပါပြီ။ Ke’rastase Hair Coach ကတော့ စမတ်ဘီးလေးဖြစ်ပြီး ဆံပင်အခြေအနေ ဘယ်လိုရှိသလဲဆိုတာသိဖို့ အကူအညီလိုတဲ့သူတွေအတွက် ထုတ်ထားတာပါ။ တစ်ပါတည်းပါဝင်တဲ့ မိုက်ခရိုဖုန်း၊ accelerometer နဲ့ gyroscope တို့ကို အသုံးပြုပြီးတော့ ဖြီးတဲ့ pattern တွေကို သိရှိနိုင်ပြီးတော့ ၀င်ရိုးသုံးခုက ဖြီးလိုက်တဲ့ အားကို သိရှိမှာပါ။ နောက်ထပ် sensor တွေကတော့ ဆံပင်ရဲ့ စိုထိုင်းခြင်း၊ ခြောက်သွေ့ခြင်းတွေကို သိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဘီးလေးဟာ သက်ဆိုင်တဲ့ တုံ့ပြန်မှုတွေကို အကြောင်းပြန်ပေးမှာ ဖြစ်ပါတယ်။

  • နေသာသာ မိုးရွာရွာ ဘီးစီးမယ်
မိုးရွာချိန် စက်ဘီးစီးခြင်းဟာ အချိန်ကောင်းမဟုတ်ဘူးလို့ အများစုက ယူဆကြပါတယ်။ ဒါပေမယ့် Under-Cover ကတော့ အဆင်ပြေအောင် ဖန်တီးလိုက်တဲ့ ပစ္စည်းလေး ဖြစ်လာပါတယ်။ စက်ဘီးထီးလား။ သူကတော့ စက်ဘီးရဲ့လက်ကိုင်တွေမှာ ချိတ်ဆက်ထားပြီးတော့ စီးတဲ့သူရဲ့ခေါင်းဝင်နိုင်ဖို့ တစ်နေရာဖောက်ပေးထားပါတယ်။ နောက်ပြီး ရေစိုခံတဲ့အကာကွယ်ကို အသုံးပြုထားပါတယ်။ ဒါဟာ ပထမဆုံးသော စက်ဘီးထီးမဟုတ်ပါဘူး။ ဒါပေမယ့် အရင်တုန်းကလုပ်ရပ်တွေထက် Under-Cover ကတော့ သပ်ရပ်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် လေမကြမ်းတဲ့အချိန်မှသာ အဆင်ပြေမှာပါ။
အခုတင်ပြခဲ့တာတွေကတော့ ထူးဆန်းတဲ့တီထွင်မှုတွေပဲ ဖြစ်ပါတယ်။ ဒီအထဲက သင်အနှစ်သက်ဆုံးတစ်ခုကိုပြောဆိုရင် ဘယ်တစ်ခုများဖြစ်မလဲ။

http://www.myanmarmobileapp.org/2018/01/05/%e1%81%82%e1%81%80%e1%81%81%e1%81%87-%e1%80%81%e1%80%af%e1%80%94%e1%80%bd%e1%80%85%e1%80%b9%e1%80%9b%e1%80%b2%e1%82%95-%e1%80%a1%e1%80%91%e1%80%b0%e1%80%b8%e1%80%86%e1%80%94%e1%80%b9%e1%80%b8%e1%80%86/

COMMENTS

Name

art,1,article,1323,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,33,history,2,international,7720,interview,221,knowledge,9,Live,8,LocalNews,16351,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,155,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: ၂၀၁၇ ခုနှစ်ရဲ့ အထူးဆန်းဆုံး တီထွင်မှု ၁၀ ခု
၂၀၁၇ ခုနှစ်ရဲ့ အထူးဆန်းဆုံး တီထွင်မှု ၁၀ ခု
https://i1.wp.com/www.myanmarmobileapp.org/wp-content/uploads/2018/01/2-5.jpg?resize=1024%2C576
dawnmanhon
http://www.dawnmanhon.com/2018/01/blog-post_540.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/blog-post_540.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy