ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကျပ်သိန်း ၂၆၃၀ သိန်း ကျော် ထပ်မံလှူဒါန်းထား



ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ်ရှင်ကို ရိုက်ကူးရန်အတွက် အလှူရှင်များက ငွေကျပ် သိန်း ၂၆၃၀ ကျော် အား ထပ်မံလှူဒါန်းထားကြောင်း ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီမှ သိရသည်။

ရန်ကုန်မြို့ကမ္ဘာအေးစေတီလမ်းရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) တွင် ဇန်န၀ါရီ ၂၈ ရက်နေ့၌ ပြုလုပ်ခဲ့သည့် " ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ် ရှင် ရိုက်ကူးထုတ်လုပ်ရေးရုံးခန်းဖွင့်ပွဲ " တွင် အလှူရှင်များက လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကော်မတီကသတင်းထုတ်ပြန်သည်။

ဇေကမ္ဘာကုမ္ပဏီလီမိတတ်မှ ကျပ် ၁၀၀၀ သိန်း၊ Ve Ve အချိုရည်မှ ကျပ် ၈၀ သိန်း၊ နယူးဝင်းမေတ္တာ ရုပ်ရှင်ဗီဒီယိုမှ ကျပ် ၅၅ သိန်း၊ အိသစ္စာအထွေထွေ အကျိုးဆောင်လုပ်ငန်းမှ ကျပ် ၅၀ သိန်း အပါအ၀င် စုစုပေါင်း ကျပ် ၂၆၃၀ သိန်း နှင့် ကျပ် ၃ ထောင်ကို အလှူရှင် ၂၁ ဦးက ဗိုလ်ချုပ်ရုပ်ရှင်အတွက် လှူခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ်ရှင်ကိုရိုက်ကူးရန် မတည်ငွေမှာ ကျပ်သိန်း ရှစ်ထောင့် သုံးရာကျော်ဖြစ်ပြီး ယခု ကျပ် ၂၆၃၀ သိန်း ကျော်ကို ထပ်မံရရှိခဲ့ခြင်းလည်းဖြစ်သည်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ကျပ်သန်း ၁၅၀၀ ( ကျပ် သိန်း ၁၅၀၀၀ ) ခန့်ဖြင့် ရိုက်ကူးနိုင်ရန် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ သရုပ်ဆောင် လူမင်းတို့နှင့် ဆွေးနွေးထားပြီး ဇာတ်ညွှန်းကို အကျဉ်းချုံးကာ ပြင်ဆင်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုထားသည်။

ထို့ကြောင့် ရုပ်ရှင် စတင်ရိုက်ကူးနိုင်ရန်အတွက် ကျပ် သိန်း ၅၀၀၀ နီးပါးလိုအပ်နေဦးမည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ်ရှင်ကို အချိန် ၂ နှစ်ယူ၍ တာဝန်ခံရိုက်ကူးသွား မည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၀ ရက်တွင် မဇ္ဈိမသို့ပြောထားပြီး ရုပ်ရှင်ကို အစက ကျပ်သိန်း နှစ်သောင်း ကုန်ကျမည်ဟု ခန့်မှန်းထားခြင်းလည်းဖြစ်သည်။

ထို့အပြင် ရုပ်ရှင်အတွက် လိုအပ်သည့်အကူအညီများအားလုံးကိုလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခင် ရိုက်ကူးရန် ရည်ရွယ်ထားသည့်အနုပညာရှင်များဖြင့်သာ ဆက်လက်ရိုက်ကူးသွားရန်ရှိကြောင်းသိရသည်။

===========

Mizzima - News in Burmese

http://mizzimaburmese.com/article/36772

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6910,interview,212,knowledge,7,Live,8,LocalNews,14993,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကျပ်သိန်း ၂၆၃၀ သိန်း ကျော် ထပ်မံလှူဒါန်းထား
ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကျပ်သိန်း ၂၆၃၀ သိန်း ကျော် ထပ်မံလှူဒါန်းထား
https://4.bp.blogspot.com/-CXLnLstW8KU/Wm20__Q75nI/AAAAAAAAeZw/qO7f55_pSVYG0stzyIrUMpVPCZtaM4h-wCLcBGAs/s400/q1.jpg
https://4.bp.blogspot.com/-CXLnLstW8KU/Wm20__Q75nI/AAAAAAAAeZw/qO7f55_pSVYG0stzyIrUMpVPCZtaM4h-wCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/01/blog-post_547.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/blog-post_547.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy