ဦးကိုနီနဲ့ ကိုနေဝင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

 ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေ၀င်း တို့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပစဉ် ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေ၀င်း တို့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပစဉ်
Photo: Aung Thain Kha/ RFA

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ သေနတ်သမားကို လိုက်လံဖမ်းဆီးရင်း ပစ်သတ်ခံလိုက်ရတဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့အတွက် တစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။

အခုလိုအောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ်တာဟာ အမှန်တရား အမြန်ဆုံး ပေါ်ပေါက်ဖို့ တောင်းဆိုတဲ့ အနေနဲ့ ဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ဦးဆောင်သူ ဦးထွန်းကြည် က ပြောပါတယ်။

"ဒီကနေ့ အခမ်းအနားက ပေးချင်တဲ့ သတင်းစကားနဲ့ တောင်းဆိုချက်ရှိပါတယ်၊ အဲဒါကတော့ နိုင်ငံရေးအရ လုပ်ကြံ၊ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ဆရာဦးကိုနီနဲ့ ကိုနေဝင်း တို့အတွက် အမှန်တရားနှင့် တရားမျှတမှုကို တောင်းဆိုဖို့ ရည်ရွယ်တယ်ဆိုတဲ့ အကြောင်း အတိအလင်း ကြေညာချင်ပါတယ်။ အမှန်တရားနဲ့ တရားမျှတမှု အမြန်ဆုံးဖြစ်ထွန်းပေါ်ပေါက်စေဖို့နဲ့ ကျနော်တို့ အားလုံး ဝိုင်းဝန်း လက်တွဲဖော်ဆောင်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါတယ်"

အခမ်းအနားကို တက်ရောက်ဖို့ ဆန္ဒရှိပေမယ့် လုပ်ငန်းတာဝန်တွေကြောင့် မတက်ရောက်နိုင်တာကို နားလည်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဒါ့အပြင် ဦးကိုနီနဲ့ ကိုနေဝင်းတို့ဟာ အမှန်တရားနဲ့ တရားမျှတမှုရဲ့ ဘက်တော်သားအဖြစ် အသက်ပေးခဲ့ကြပြီး သူတို့နှစ်ဦးကို ပြည်သူတွေက တန်ဖိုးထားလေးစားကြကြောင်း အမှန်တရားနဲ့ တရားမျှတမှုရှိတဲ့ လူ့အဖွဲ့အစည်းဖြစ် ဖို့ လူတိုင်းမှာ တာဝန်ရှိကြောင်း ထည့်သွင်းမှာကြားထားပါတယ်။

အခမ်းအနားကို ဦးဆောင်ကျင်းပတဲ့ ဦးထွန်းကြည်က တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာ ဖြစ်တဲ့အတွက် လုပ်ကြံသတ်ဖြတ်လိုက် တာဖြစ်တယ်လို့ ခံယူထားပြီး နိုင်ငံရေးအရ လုပ်ကြံလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

သေနတ်သမား ကြည်လင်း ကို လိုက်လံဖမ်းဆီးခဲ့တဲ့ အငှားယာဉ်မောင်း ကိုနေဝင်းကိုလည်း ဂုဏ်ပြုကြောင်း ပြောပါတယ်။ အခမ်းအနားကို မြန်မာနိုင်ငံ အခြေစိုက် သံရုံးက သံအမတ်တွေနဲ့ သံရုံးတာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံကနေပြန်လာတဲ့ ဦးကိုနီကို သေနတ်သမား ကြည်လင်း ဆိုသူက ဦးခေါင်းကို သေနတ်နဲ့ နောက်ကနေပစ်ခတ်လုပ်ကြံခဲ့တာဖြစ်ပြီး အငှားယာဉ်မောင်း ကိုနေဝင်း ကတော့ ကြည်လင်းကို လိုက်လံဖမ်းဆီးရင်း သေနတ်ပစ်ခံ လိုက်ရပြီး သေဆုံးသွားခဲ့ကြဟာ ဒီနေ့ဆိုရင် တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဦးကိုနီနဲ့ ကိုနေဝင်း တို့ကို သတ်တဲ့သူကိုလည်း ဖမ်းဆီးတရားစွဲဆိုထားသလို ဆက်စပ် တရားခံတွေကိုလည်း ဖမ်းဆီးတရားစွဲဆိုထားပြီး အမှုအတွက် အဓိကကျသူလို့ ပြောရမယ့် ဒုတိယဗိုလ်မှူးကြီး ဖြစ်သူ အောင်ဝင်းခိုင် ကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
RFA

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8450,interview,223,knowledge,9,Live,8,LocalNews,17349,news,2842,opinion,780,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ဦးကိုနီနဲ့ ကိုနေဝင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ
ဦးကိုနီနဲ့ ကိုနေဝင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ
https://www.rfa.org/burmese/news/koni-naywin-1-year-memory-01292018073358.html/koni-naywin-memory-622.jpg/image
dawnmanhon
http://www.dawnmanhon.com/2018/01/blog-post_561.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/blog-post_561.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy