ကလပ်စံချိန်တင် ပေါင် ၁၄၂သန်းနဲ့ ကော်တင်ညိုကို ဘာစီလိုနာ ခေါ်ယူ

စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်လူ ဖိလစ် ကော်တင်ညိုကို ကလပ်အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးဖြဖစ်တဲ့ ပေါင် ၁၄၂သန်းနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ အသက် ၂၅နှစ်အရွယ်ရှိတဲ့ ကော်တင်ညိုကို ပြီးခဲ့တဲ့ နွေရာ သီအပြောင်းအရွှေ့ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး လီဗာပူးလ်က ကမ်းလှမ်းမှု ၃ကြိမ်စလုံးကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနှစ်ရာသီ အတွင်း ကစားသမားသစ် မိုဟာမတ် ဆာလ ခြေစွမ်းပြလာမှုနဲ့ ခံစစ်ပိုင်းအတွက် ဗာဂျယ် ဗန်ဒိုက်ကို အသုံးပြုခဲ့ရတဲ့ စံချိန်တင်ငွေကြေးကြောင့် ကော်တင်ညိုကို ရောင်းချဖို့ သဘောတူညီလိုက်တာ ဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ လီဗာပူးလ်တို့ဟာ ကော်တင်ညိုအတွက် ပေါင် ၁၄၂သန်းနဲ့ သဘောတူညီခဲ့တာဖြစ်ပြီး လီဗာပူးလ်က ပေါင် ၁၀၅သန်းကို အရင်ရရှိမှာဖြစ်ပါတယ်။

ကော်တင်ညိုရဲ့ ပွဲကစားမှု၊ ခြေစွမ်းနဲ့ အောင်မြင်မှုအပေါ် အခြေခံပြီး အပိုဆုကြေးငွေအဖြစ်ပေါင် ၃၇သန်းကို ထပ်မံပေးချေရဖို့ စာချုပ်အတွင်းမှာ သဘောတူထားပါတယ်။

ဘာစီလိုနာအတွက်တော့ နေမာ အသင်းက ထွက်ခွာပြီးနောက် ဒုတိယမြောက် အကြီးမားဆုံး ခေါ်ယူခဲ့တာပါ။ စပိန်ကလာတဲ့ သတင်းတွေအရ ကော်တင်ညို ဟာ ဒီအပြောင်းအရွှေ့ဖြစ်လာဖို့ သူ့ရဲ့ ကိုယ်ပိုင်ငွေထဲကနေ ယူရို ၁၅သန်းအထိ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဘာစီလိုနာအသင်းကတော့ ကော်တင်ညိုရဲ့ မိတ်ဆက်ပွဲကို တနင်္ဂလာနေ့၊ နူးကမ့်ကွင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ကော်တင်ညိုဟာ သူ့ရဲ့ စီနီယာ ကစားသမားဘ၀ကို စီးရီးအေ ကလပ် အင်တာမီလန်အသင်းနဲ့ စတင်ခဲ့ပြီး ၂၀၁၃ခုနှစ်မှာ လီဗာပူးလ်ကို ပေါင် ၈.၅သန်းထဲနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းမှာ ရုန်းကန်ခဲ့ရတဲ့ ကော်တင်ညိုဟာ ဗာစကိုဒဂါးမား၊ အက်စ်ပန်ညိုစတဲ့ အသင်းတွေမှာ အငှားသွားကစားခဲ့ဖူးဖြစ်ပါတယ်။ ကော်တင်ညိုဟာ လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၀င်ရောက်ကစားထား သူဖြစ်လို့ ပြည်တွင်းပြိုင်ပွဲကိုသာ ကစားခွင့်ရမှာ ဖြစ်ပါတယ်။

ကော်တင်ညိုရဲ့ အပြောင်းအရွှေ့မှာ လီဗာပူးလ် ကစားသမားဟောင်း ဆွာရက်ဇ်ဟာ အဓိက ကျခဲ့သူဆို ပါတယ်။ ကော်တင်ညိုဟာ ဘောလုံး သမိုင်းတစ်လျော် တတိယမြောက်ကြေးအမြင့်ဆုံး ကစားသမားဖြစ်လာပြီး ဘာစီလိုနာအသင်းရဲ့ ဈေးအကြီးဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

“ကော်တင်ညိုရဲ့ မှတ်တမ်း”

အင်တာမီလန် ၂၀၀၈-၁၃ – ( ၂၈ပွဲ၊ ၃ဂိုး)

ဗက်စကို ဒဂါးမား ( အငှား)၂၀၀၈-၁၀ – ( ၁၉ပွဲ၊ ၁ဂိုး)

အက်စ်ပန်ညို ( အငှား)၂၀၁၂ – ( ၁၆ပွဲ၊ ၅ဂိုး)

လီဗာပူးလ် ၂၀၁၃-၁၇ – ( ၁၅၂ပွဲ၊ ၄၁ဂိုး)

လက်ရွေးစင်

ဘရာဇီးလ် – (၃၁ပွဲ၊ ၈ဂိုး)

“ကမ္ဘာ့ ကြေးအကြီးဆုံး ကစားသမားများ”

၁) နေမာ ( ဘာစီလိုနာမှ ပီအက်စ်ဂျီ) – ပေါင် ၂၀၀သန်း

၂) အမ်ဘတ်ပေ ( မိုနာကိုမှ ပီအက်စ်ဂျီ) – ပေါင် ၁၆၆သန်း

( ဒီရာသီအငှားနဲ့ ခေါ်ယူအပြီး လာမယ့်ရာသီမှာ အပြီးသတ် ခေါ်ယူမှာဖြစ်)

၃) ကော်တင်ညို ( လီဗာပူးလ်မှ ဘာစီလိုနာ) – ပေါင် ၁၄၂သန်း

၎) ဒမ်ဘေလီ ( ဒေါ့မန်မှ ဘာစီလိုနာ) – ပေါင် ၁၃၅.၅သန်း

၅) ပေါ့ပ်ဘာ ( ဂျူဗင်တပ်စ်မှ မန်ချက်စတာယူနိုက်တက်) – ပေါင် ၈၉သန်း

“လီဗာပူးလ်နဲ့ ကော်တင်ညိုမှတ်တမ်း”

သွင်းဂိုး – ၄၁ဂိုး

ဂိုးဖန်တီးမှု – ၃၅ကြိမ်

ဂိုးရဖို့ ပါဝင်ပတ်သက်မှု – ၇၆ကြိမ်

ဂိုးသွင်းဖို့ အခွင့်အရေး ဖန်တီးပေးမှု – ၃၃၇ကြိမ်။

BBC Burmese

COMMENTS

Name

art,1,article,1343,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8292,interview,222,knowledge,9,Live,8,LocalNews,17129,news,2842,opinion,774,photos,203,poem,117,satires,39,song,12,speech,12,sports,189,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ကလပ်စံချိန်တင် ပေါင် ၁၄၂သန်းနဲ့ ကော်တင်ညိုကို ဘာစီလိုနာ ခေါ်ယူ
ကလပ်စံချိန်တင် ပေါင် ၁၄၂သန်းနဲ့ ကော်တင်ညိုကို ဘာစီလိုနာ ခေါ်ယူ
http://dkhit.com/wp-content/uploads/2018/01/20180107_082813-730x430.jpg
dawnmanhon
http://www.dawnmanhon.com/2018/01/blog-post_654.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/blog-post_654.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy