ကမ္ဘာ့ဈေးအကြီးဆုံး ဗော့ဒ်ကာအရက်ပုလင်း အခိုးခံရမှု ဒိန်းမတ်ရဲတပ်ဖွဲ့ စုံစမ်းနေ

ကမ္ဘာပေါ်တွင် တန်ဖိုး အကြီးဆုံး ဗော့ဒ်ကာ အရက်ပုလင်း ခိုးယူခံရခြင်းနှင့် ပတ်သက်၍ ဒိန်းမတ် ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း သိရသည်။
သတင်းများက အဆိုပါ အရက်ပုလင်းသည် ရွှေသား၊ ငွေသားများဖြင့် သွန်းလုပ်ထားပြီး အဖုံးပေါ်တွင် စိန်စီထားကြောင်း ဖော်ပြကြသည်။ အရက်ပုလင်း၏ တန်ဖိုးမှာ ဒေါ်လာ ၁.၃ သန်းမျှထိ တန်ကြေးရှိနေသည်။

ကိုပင်ဟေဂင်မြို့ရှိ အရက်ဘား တစ်ခုတွင် အထူးတန်ဖိုးမြင့်မားသည့် ဗော့ဒ်ကာ အရက်များကို ထည့်သွင်းပြသရန် အခကြေးငွေဖြင့် ငှားရမ်းထားချိန်၌ အဆိုပါ အရက်ပုလင်း အခိုးခံရခြင်း ဖြစ်သည်။ အဆိုပါ ပုလင်းကို House of Cards ရုပ်မြင်သံကြား စီးရီးထဲတွင်လည်း ထည့်သွင်း ရိုက်ကူး ပြသဖူးကြောင်း အရက်ဘားပိုင်ရှင် ဘရိုင်ယန် အင်းဘာ့ဂ်က ဆိုသည်။

လုံခြုံရေး ကင်မရာ မှတ်တမ်းများ၌ Russo-Baltiqueလက်ရာ ဗော့ဒ်ကာပုလင်းကို လူတစ်ဦးက အလစ်ယူငင်ပြီး ဘားထဲမှ ထွက်ပြေးသွားသည်ကို တွေ့ရသည်။ ဇန်နဝါရီ ၂ ရက် မနက်အစောပိုင်းက ဖြစ်ရပ်တွင် အဆိုပါ သူခိုးသည် ဆိုင်ထဲသို့ ဖောက်ထွင်းဝင်ရောက်လာခြင်းလား၊ သို့မဟုတ်
ဆိုင်သော့ရှိနေခြင်းလား ဆိုသည်ကို ကွဲကွဲပြားပြား မသိရသေးကြောင်း ရဲများက ပြောကြားခဲ့သည်။

Café 33 ဘားကို ပိုင်ဆိုင်သည့် အင်းဘာ့ဂ်က ၎င်းသည် အဆိုပါ ပုလင်းကို လတ်ဗီးယားနိုင်ငံ အခြေစိုက် Dartz Motor ကုမ္ပဏီထံမှ ခေတ္တ ငှားရမ်းထားခြင်းဟု ဖွင့်ဟခဲ့သည်။ “ကျွန်တော့်ဆိုင်မှာ ပြထားတာ ခြောက်လလောက် ရှိခဲ့ပြီ။ အခုတော့ အခိုးခံလိုက်ရပြီပေါ့”ဟု အင်းဘာ့ဂ်က ကြေကြေကွဲကွဲ ဆိုသည်။

ဇိမ်ခံ အသုံးအဆောင်များ သီးသန့် ထုတ်လုပ်သည့် Russo-Baltiqueက ကုမ္ပဏီ၏ စက်ရုံတစ်ခု နှစ်ပေါင်း ရာပြည့် အခမ်းအနား အထိမ်းအမှတ်အဖြစ် အဆိုပါ ဗော့ဒ်ကာ ပုလင်းကို ဖန်တီးခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ပုလင်း၏ ရှေ့ပိုင်းကို အကောင်းစား သားရေဖြင့် အုပ်မိုးပြီး ကားများတွင် အသုံးပြုသည့် Radiator အထောက်အပံ့ဖြင့် ကာကွယ်ထားသည်။

ပုလင်းအဖုံးတွင် ရုရှား၏ တော်ဝင်အထိမ်းအမှတ် သိန်းငှက်ပုံသဏ္ဍန်ကို ထည့်သွင်းထုဆစ်ပြီး စိန်ပွင့်များဖြင့် စီခြယ်ထားသည်။ House of Cards ရုပ်မြင်သံကြား စီးရီးတွင်မူ ရုရှားသမ္မတက အမေရိကန် သမ္မတကို အဆိုပါ အရက်ပုလင်း လက်ဆောင်ပေးသည့် ဇာတ်ဝင်ခန်း ထည့်သွင်းပြသခဲ့ကြောင်း သိရသည်။

Ref: BBC

===========

7Day News Journal

http://7daydaily.com/story/117066

COMMENTS

Name

art,1,article,1327,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,34,history,2,international,7904,interview,221,knowledge,9,Live,8,LocalNews,16559,news,2842,opinion,770,photos,203,poem,117,satires,39,song,12,speech,12,sports,179,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: ကမ္ဘာ့ဈေးအကြီးဆုံး ဗော့ဒ်ကာအရက်ပုလင်း အခိုးခံရမှု ဒိန်းမတ်ရဲတပ်ဖွဲ့ စုံစမ်းနေ
ကမ္ဘာ့ဈေးအကြီးဆုံး ဗော့ဒ်ကာအရက်ပုလင်း အခိုးခံရမှု ဒိန်းမတ်ရဲတပ်ဖွဲ့ စုံစမ်းနေ
https://1.bp.blogspot.com/-MMiRUBShxno/Wk44L3Iq90I/AAAAAAAAeOA/DRe7edkt-bYY_ppo8cKjvv03OVmANpcNwCLcBGAs/s640/q1.jpg
https://1.bp.blogspot.com/-MMiRUBShxno/Wk44L3Iq90I/AAAAAAAAeOA/DRe7edkt-bYY_ppo8cKjvv03OVmANpcNwCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/01/blog-post_666.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/blog-post_666.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy