သူရဦးတင်ဦး ရုံးပြန်တက်၊ သောကြာနေ့တိုင်း ရုံးပုံမှန်တက်ရန် စီစဉ်ထား

ကျန်းမာရေးကြောင့် အနားယူနေသော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီနာယက သူရဦးတင်ဦး ရွှေဂုံတိုင်ရှိ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဌာနချုပ်သို့ ဇန်နဝါရီ ၁၂ ရက် တွင် ဘီးတပ်ကုလားထိုင်ဖြင့် ရုံး တက်ရောက်ခဲ့သည်။

ပါတီရုံးချုပ်သို့ သောကြာ နေ့တိုင်း ရုံးတက်ရန် စီစဉ်ထား ကြောင်း ၎င်းကို အနီးကပ်ပြုစု နေသူ ဦးမြင့်ဦးက ပြောသည်။

‘‘ဒီနေ့ရုံးတက်တယ်။ ရုံးမှာ အကြာကြီးတော့ မနေပါဘူး။ ၄၅ မိနစ်လောက်နေပြီး ပြန်လာတာ။ တစ်ပတ်ကို တစ်ရက်လောက် ရုံး တက်မယ်။ သောကြာနေ့တိုင်း တက်ဖို့တော့ လုပ်ထားတာပဲ’’ဟု ဦးမြင့်ဦးက ပြောသည်။

သူရဦးတင်ဦးသည် ဦး နှောက်သွေးကြောပိတ်၍ လေ ဖြတ်ရောဂါဖြင့် သုံးလကြာ ဆေး ရုံတက်ရောက်ကုသမှုခံရသော် လည်း လက်ရှိတွင် ကျန်းမာရေး ပိုမိုကောင်းမွန်စေရန် ဌာနချုပ်ရုံး သို့ တစ်ပတ်လျှင် တစ်ရက်ရုံး တက်ရန် ဒေါ်အောင်ဆန်းစုကြည် က တောင်းဆိုခဲ့သည်။ ထို့ကြောင့် ခုနစ်လကျော်အတွင်း ပထမဆုံး အကြိမ် ရုံးတက်လာခဲ့ခြင်း ဖြစ် သည်။ ဦးတင်ဦး၏ ကျန်းမာရေး အခြေအနေသည် ကောင်းမွန်နေ ပြီး စကားလုံးများပီသစွာ ပြောဆို နိုင်ရန် လေ့ကျင့်ခန်းများ ပြုလုပ် နေကြောင်း ၎င်းက ပြောသည်။

‘‘ပါတီဘက်ကလည်း အန် ကယ်ဦးတင်ဦး ရုံးတက်လာတဲ့အ တွက်ကြောင့် ပိုပြီး အားတက် တယ်။ ကြည်နူးစရာကောင်း တယ်။ အန်ကယ်ဦးတင်ဦး သူ ကိုယ်တိုင် သူ့ရဲဘော်ရဲဘက်တွေ နဲ့ တွေ့ရတယ်။ သူ့ဘက်ကလည်း ကြည်နူးရတာပေါ့။ နှစ်ဖက်စလုံး မှာ စိတ်ဓာတ်ခွန်အားတက်တာ ပေါ့’’ ဟု ပါတီဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြောသည်။

ဦးတင်ဦး ဘီးတပ်ကုလား ထိုင်ဖြင့် ရုံးချုပ်သို့ လာရောက်ပြီး ပါတီဝင်များက ကြိုဆိုသည့် ဓာတ် ပုံများကို အဖွဲ့ချုပ် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

‘‘သူက ရုံးကိုပဲ အမြဲသွားဖို့ အာသီသရှိတယ်’’ဟု နာယကကြီး ၏ဇနီးက 7Day Daily အား ပြောကြားဖူးသည်။

သူရဦးတင်ဦးသည် ဒီဇင်ဘာ၃၀ ရက်တွင် ဌာနချုပ်၌ ပြုလုပ် သော ပါတီ၏ပထမဗဟိုကော်မ တီ အဋ္ဌမအကြိမ် ပုံမှန်အစည်းအ ဝေးသို့ နေ့တစ်ဝက်နားချိန်အထိ တက်ရောက်ခဲ့သည်။

ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်သည့် အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ဇနီး ဒေါ်ခင်ကြည်ကွယ်လွန် ခြင်း (၂၉)နှစ်ပြည့် ဆွမ်းကပ်လှူပွဲ သို့လည်း တက်ရောက်ခဲ့သည်။

သူရဦးတင်ဦးသည် ယမန် နှစ် မေလ ၁၈ ရက်တွင် ရုတ်တ ရက် ဦးနှောက်သွေးကြောပိတ်၍ ဆေးရုံတက်ခဲ့ရပြီး ခုနစ်ရက် မြောက်နေ့ မေလ ၂၄ ရက်၌ အသက်အန္တရာယ်စိုးရိမ်ရသည့် အဆင့်ကို ကျော်လွန်ကာ အခြေ အနေတိုးတက်ကောင်းမွန်လာခဲ့ သည်။ ဇွန်လ ၂ ရက်တွင် အစားအ သောက် စတင်စားလာနိုင်ပြီး ဇွန် လ ၁၁ ရက်၌ မတ်တတ်ရပ်လမ်း လျှောက်နိုင်သည်အထိ တိုးတက် လာသည်။ ဆေးကုသမှုခံယူအပြီး သုံးလအကြာ သြဂုတ် ၃၁ ရက်တွင် ဆေးရုံမှ ဆင်းနိုင်ခဲ့သည်။

ဆေးရုံမှ ဆင်းလာပြီးနောက် နေအိမ်၌ အနားယူခဲ့ပြီး သက်သာ လာချိန်တွင် ရုံးချုပ်သို့ သွား ရောက်လည်ပတ်မှုအချို့ရှိသော် လည်း ရုံးတက်ခြင်းသည် ခုနစ်လ ကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

===========

7Day News Journal

http://7daydaily.com/story/117797

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8666,interview,224,knowledge,9,Live,8,LocalNews,17697,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,194,statement,59,technic,59,translate,34,video,1074,voice,76,
ltr
item
dawnmanhon: သူရဦးတင်ဦး ရုံးပြန်တက်၊ သောကြာနေ့တိုင်း ရုံးပုံမှန်တက်ရန် စီစဉ်ထား
သူရဦးတင်ဦး ရုံးပြန်တက်၊ သောကြာနေ့တိုင်း ရုံးပုံမှန်တက်ရန် စီစဉ်ထား
http://7daydaily.com/sites/default/files/story/2018/01/26219848_2038002229548501_5924292829709384567_n.jpg
dawnmanhon
http://www.dawnmanhon.com/2018/01/blog-post_784.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/blog-post_784.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy