မလေးရှားနိုင်ငံကို အလုပ်သမားတွေ ပြန်စေလွှတ်ခွင့်ရပြီဟုဆို




မလေးရှားနိုင်ငံကို မြန်မာလုပ်သားစေလွှတ်တာကို အရင်နှစ် ဒီဇင်ဘာလဆန်းပိုင်းက စတင်ပြီး ရပ်ဆိုင်းထားခဲ့တာ ဖြစ်တယ်။

ရန်ကုန်၊ ဇန်နဝါရီ ၇ – မလေးရှားနိုင်ငံကို အလုပ်သမားတွေပြန်လည်စေလွှတ်ခွင့်ရရှိပြီဖြစ်လို့ အမြန်ဆုံးစေလွှတ်နိုင်ရေးဆောင်ရွက်နေပြီး လုပ်ထုံးလုပ်နည်း ဥပဒေမူဝါဒတွေနဲ့အညီစေလွှတ်နိုင်ဖို့ အေဂျင်စီတွေကို ဝန်ကြီးဌာနအနေနဲ့ ကြပ် မတ်ထိန်းသိမ်းဆောင်ရွက်ရမှာဖြစ်တယ်လို့ အလုပ်သမားရေးရာဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

မလေးရှားက ပြန်လာတဲ့ ရွှေ့ပြောင်းလုပ် သားတစ်ဦးဖြစ်တဲ့ ကိုမောင်မောင်က မလေးရှားကို ထွက်ခွင့် တစ်နှစ်ကျော်ပိတ်ထားတဲ့အတွက် မလေးရှားပြန်သွားရနိုးနိုး၊ ဒီကအလုပ်လဲ လုပ်လို့မရနဲ့ စောင့်စားနေရတာ၊ စောင့်ရကျိုး နပ်တော့မယ်ထင်ပါတယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံကို မြန်မာလုပ်သားစေလွှတ်တာကို အရင်နှစ် ဒီဇင်ဘာလဆန်းပိုင်းကစတင်ပြီး ရပ်ဆိုင်းထားခဲ့တာဖြစ်တယ်။ အဲသည် ယာယီရပ်ဆိုင်းထားတာကို  ရုပ်သိမ်းပြီး မလေးရှားကို မြန်မာလုပ်သားတွေပြန်လည်စေလွှတ်ခွင့်ပြုဖို့ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင် မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်က အကြိမ်ကြိမ်တောင်းဆိုထားတာဖြစ်တယ်။

အမြန်ပြန်ဖွင့်ပါ
‘အခုလို ပြန်ခွင့်ပြုမယ်ဆိုရင် အလုပ်ရှင်ကပြန်ခေါ်တဲ့သူတွေအတွက် အဆင်ပြေပါတယ်၊ အလုပ်သမားခေါ်စာတွေသက်တမ်းကုန်သွားတဲ့သူတွေလဲရှိတယ်၊ သက်တမ်းတိုးလို့ရတဲ့သူတွေလဲရှိတယ်၊ အသစ်က ပြန်စကြရမယ့် သူတွေများတယ်၊ ငွေတိုးနဲ့ ကြိုးစားထားတဲ့ သူတွေကတော့ တစ်နှစ်ကျော်ပြီဆိုတော့ ဒီမှာတင်အတိုးတွေနဲ့ လုံးလည်လိုက်နေပြီ၊ အမြန်ခွင့်ပြုပေးရင်တော့ ဟိုမှာ ကျုံးရုန်းရှာဖွေချိန်လေးပိုရတာပေါ့လို့ မလေးရှားကို အလုပ်သွားရောက်လုပ်ကိုင်ဖို့ စောင့်ဆိုင်းနေတဲ့ကိုမောင်ကိုက ပြောပါတယ်။

မလေးရှားကိုအလုပ်သမားစေလွှတ်ဖို့ ယာယီရပ်ဆိုင်းထားတာကြောင့် မလေးရှားကိုထွက်ခွာဖို့ စောင့်ဆိုင်းနေသူတွေရှိသလို တရားမဝငနည်းလမ်းနဲ့သွားရောက်သူတွေလည်းများခဲ့ပါတယ်။ မလေးရှားကို တရားဝင်သွားရောက်ခွင့်ယာယီရပ်ဆိုင်းထားတာမျိုး မပြုလုပ်မီက မလေးရှားကိုတရားဝင်သွားရောက်တဲ့ မြန်မာရွှေ့ပြောင်းလုပ် သားဦးရေဟာ တစ်လကို ၃၀ဝ၀ ကျော်ကနေ ၄၀ဝ၀ ဝန်းကျင်အထိရှိပါတယ်။ ဘင်္ဂါလီကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံမှာ မြန်မာအပေါ် ဆန္ဒပြကန့် ကွက်တာတွေ ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာအစိုးရက မလေးရှားနိုင်ငံကို အလုပ်သမားသွားရောက်လုပ်ကိုင်ခွင့်ကို ရပ်ဆိုင်းထားခဲ့တာဖြစ်တယ်။

ဒါပေမဲ့ မလေးရှားရင်းဂစ်ဈေးတွေမြင့်တက်နေတဲ့အတွက် တရားမဝင်နည်းလမ်းနဲ့ သွားရောက်တဲ့သူတွေပိုမိုများပြားခဲ့ပါတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့နှစ်ဩဂုတ်လမှာ မလေးရှား လဝကဟာ အော်ပရာစီတွေပြုလုပ်ဖမ်းဆီးခဲ့ပါတယ်။ အဲသည်အော်ပရာစီတွေကိုကွာလာလမ်ပူရဲ့ အသေးစား ဒါကာမြို့ကို စီးနင်းမှုလို့ အမည်ပေးထားခဲ့ ပြီး ပြည်ပက တရားမဝင်ရွှေ့ ပြောင်းလုပ်သားတွေကို ပိုက်စိတ်တိုက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်။
အဲသည်အော်ပရာစီမှာ လစာအနည်းငယ်သာပေးချင်တဲ့ အလုပ်ရှင်တွေဟာ တရားမဝင်လုပ်သားတွေကို ဦးတည်ခန့်အပ်နေပြီး တရားဥပဒေချိုးဖောက်နေတာကို အများဆုံးတွေ့ရ တယ်လို့ မလေးရှားလဝကက  သူ့ရဲ့ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ ဖော်ပြထားတယ်။
မလေးရှားလဝက ညွှန်ကြားရေးမှူးချုပ် datuk seri haji haji ali က ‘အခုလို ဖမ်းဆီးမှုတွေ နေ့တိုင်းပြုလုပ်ရတာဟာ နိုင်ငံတွင်း လုံခြုံရေးနဲ့ တရားဥပဒေအရ အလုပ်သမားခန့်အပ်နိုင်ရေးတို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

တရားမဝင်လုပ်သားတွေကို ‘ကိုတာရာယာ ˘ ဝန်းကျင်တစ်ဝိုက်မှာ အများဆုံးတွေ့ရပြီး နိုင်ငံခြားသားပိုင်ဆိုင်တဲ့ လုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်ကြတာဖြစ်တယ်။ အဲသည် အနီးတစ်ဝိုက်ဟာ မြန်မာနိုင်ငံသားပိုင် လုပ်ငန်းတွေ၊ ဈေးဆိုင်တွေတည်ရှိတဲ့နေရာလည်းဖြစ် တယ်။ အဲသည်ဝန်းကျင်က မြန်မာအပါအဝင် တရားမဝင် လုပ်သား ၁၈၀ကျော်ကို တစ်ရက်အတွင်းမှာ ဖမ်းဆီးခဲ့တယ်။ အဲသည်နောက်ပိုင်း မလေးရှားနိုင်ငံအတွင်းမှာ တရားမဝင်နိုင်ငံခြားသားလုပ်သားတွေကို ၂၀၁၇ ဒီ ဇင်ဘာ ၃၁ရက် နောက်ဆုံးထားပြီး အပြီးထွက်ခွာဖို့ မလေးရှားအစိုးရက ကြေညာပါတယ်။
အဲသည်လို မြန်မာလုပ်သားတွေဖမ်းဆီးခံရတဲ့အတွက် မလေးရှားအစိုးရနဲ့ မြန်မာသံရုံးတာဝန်ရှိသူတွေညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ရပါတယ်။

မြန်မာတွေအတွက်
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုအရ လူဦး ရေ ၅၁.၄၉ သန်းရှိတဲ့အနက် ပြည်ပကိုရွှေ့ပြောင်းသွားလာနေထိုင်အလုပ်လုပ်ကိုင်တာဟာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကျော်ရှိတဲ့အတွက် ပြည်ပနိုင်ငံအသီးသီးမှာ မြန်မာရွှေ့ပြောင်းသွားလာနေထိုင် အလုပ်လုပ်ကိုင်သူငါးသန်း ကျော်ခန့် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ရွှေ့ပြောင်း အလုပ်သမားတွေဟာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ဆောင်ရွက်နေသူတွေဖြစ်တယ်။ မိမိတို့ရဲ့ မိသားစုဆီလွှဲပို့ငွေစီး ဝင်မှုဟာ နိုင်ငံတော်ရဲ့ ဂျီဒီပီတွက်ချက်ရာမှာ အထောက်အကူဖြစ်စေတယ်။ အဲဒါကြောင့် မလေးရှားအပါအဝင် ပြည်ပနိုင်ငံတွေကိုသွားရောက်လုပ်ကိုင်သူတွေကို ရောက်ရှိတဲ့နိုင်ငံမှာ သက်ဆိုင်ရာဥပဒေတွေအရအခွင့်အရေး အပြည့်အဝရရှိရေးနဲ့ မိသားစုဆီလွှဲပို့ငွေစီးဝင်မှု လုံခြုံစိတ်ချစေဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်တွေနဲ့ သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်။

လက်ရှိမှာ တရားမဝင် အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီတွေကိုဖော်ထုတ်အရေးယူနေတာဖြစ်တယ်။ နိုင်ငံတော်ရဲ့ ရည်မှန်းချက်တာဝန်တွေမှာလည်းအလုပ်အ ကိုင်ရရှိရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစတဲ့ အဓိကဦးတည်ချက်ပါရှိတယ်။ အဲဒါကြောင့် သက်ဆိုင်ရာအနေနဲ့ ပြည်တွင်းကရွှေ့ပြောင်းလုပ်သားတွေကို ပြည်ပကို ဥပဒေအရတရားဝင်သွားရောက်လုပ်ကိုင်နိုင်အောင်စေလွှတ်ရမှာဖြစ်သလို ပြည်ပမှာ အခွင့်အရေးအပြည့်အဝရရှိဖို့နဲ့ လုံခြုံစိတ်ချစေဖို့ကိုလည်း အကာအကွယ်ပေးရမှာဖြစ်ပါတယ်။

Author – အောင်ထွန်းဦး
Kumudra

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8454,interview,223,knowledge,9,Live,8,LocalNews,17357,news,2842,opinion,780,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: မလေးရှားနိုင်ငံကို အလုပ်သမားတွေ ပြန်စေလွှတ်ခွင့်ရပြီဟုဆို
မလေးရှားနိုင်ငံကို အလုပ်သမားတွေ ပြန်စေလွှတ်ခွင့်ရပြီဟုဆို
https://www.kumudranews.com/wp-content/uploads/2018/01/L8164X.jpg
dawnmanhon
http://www.dawnmanhon.com/2018/01/blog-post_947.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/blog-post_947.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy