ပယင်းမှော် တိုက်ပွဲမှ အမျိုးသမီး နှင့် ကလေးများ ခေါ်ထုတ်ခွင့် ပြု

တနိုင်းသို့ ထွက်သွားခွင့် မပြု Nam Gawn ပေါက်ဝ (ခေါင်းဝ) မှာ မြန်မာ အစိုးရတပ် ရဲ့ ဟန့်တား ခံနေရတဲ့ ပယင်းမှော် စစ်ပြေး ပြည်သူများ၊ ဓါတ်ပုံ - Nang Pu
တိုက်ပွဲ ဖြစ်ပွားနေသော တနိုင်းမြို့နယ် ပယင်းမှော် အတွင်း ပိတ်မိနေသည့် စစ်ပြေး ပြည်သူများအနက် အမျိုးသမီး နှင့် ကလေးများကို တနိုင်းမြို့သို့ ခေါ်ထုတ်ရန် မြန်မာ အစိုးရ စစ်သားများ မှတပါး မည်သည့် အဖွဲ့ကိုမျှ ခွင့် မပြုကြောင်း သိရသည်။

တနိုင်းမြို့ဘက်ကို ပြန်သွားခွင့် မရဘဲ ပယင်းမှော်မှ အဓိက ထွက်ပေါက် Nam Gawn ရွာ ပေါက်ဝ (ချောင်းဝ) မှာ ဇန်န၀ါရီ ၂၆ ရက် ကတည်းက စစ်ပြေး ပြည်သူ ၄၀၀၀ ခန့်သည် အိမ်ပြန်ခွင့် မရ အစိုးရတပ် ၏ ဟန့်တား ခံနေရ ခြင်းဖြစ်သည်။

၎င်းတို့ ထဲမှ အမျိုးသမီးနှင့် ကလေး ၈၀၀ ခန့်ကို ယနေ့ စစ်သားများ စစ်ဆေးပြီး ထွက်သွားခွင့် ပြုသော်လည်း တနိုင်းချောင်း စက်လှေ ကူးတို့ဆိပ်တွင် ထပ်မံ တားဆီး ထားကြောင်းပြော ပါသည်။

အဆိုပါ တနိုင်းချောင်း စစ်လှေ ကူးတို့ဆိပ်မှာ ရောက်နေသည့် အမျိုးသမီး နှင့် ကလေးများကို တနိုင်းမြို့ သို့ ခေါ်ထုတ်ရန် ‘မည်သည့် အရပ်ဝတ်’ အဖွဲ့ကိုမျှ ခွင့် မပြုကြောင်း တနိုင်း ဒကစ မှူး က ပြောဆိုခဲ့သည် ဟု တနိုင်း KBC ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ ဆရာ Mung Dan က ပြောပါသည်။

"မြန်မာ စစ်တပ်က သူတို့ သွားခေါ်မယ်လို့ ပြောနေတယ်။ အရပ်ဝတ် ဘယ်သူမှ သွားလို့ မရဘူး။ သူတို့ကိုယ်တိုင် သွားမယ်ဆိုပြီး ပြောတယ် အဲဒါ သူတို့ကို စောင့်နေပါတယ်။"

ယခု သတင်းရေးသား နေချိန် အထိ စစ်ပြေးဒုက္ခသည်များ တနိုင်းမြို့ကို ရောက်လာနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။

Nam Gawn Zup၊ ပေါက်ဝ တွင် စစ်ပြေး ဒုက္ခသည် ၃၀၀၀ ကျော် ကျန်ရှိနေပြီ ၎င်းတို့ ကို တပ်မတော် က ဖြတ်သန်းခွင့် မပြု ပိတ်ထားဆဲ ဖြစ်ပြီး အချို ထွက်လာသူများကို ပြန်ခေါက်ခိုင်းကြောင်း ပြောပါသည်။

မြစ်ကြီးနားမြို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ကလည်း စစ်ပြေး ဒုက္ခသည် ကယ်ဆယ်ရေး အတွက် ပြည်နယ် အစိုးရနှင့် ဆွေးနွေးနေဆဲ ဖြစ်နေကြောင်း ဦး လမိုင် Lamai Gum Ja က ဆိုပါသည်။

၂၀၁၇ ဇွန်လ အဆိုပါ ပယင်းမှော် တိုက်ပွဲမှ စစ်ပြေး ဒုက္ခသည်များ ကို သက်ဆိုင်ရာ ဘာသာရေးအဖွဲ့များ ကို စစ်လှေဖြင့် သွားခေါ်ထုတ်ရန် စစ်တပ်က ခွင့်ပြု ခဲ့သည်။

ဇန်န၀ါရီ ၂၆ ရက်နေ့ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၁၄) နယ်မြေ ပယင်းမှော်များကို တပ်မတော် ဂျက်တိုက်လေယာဉ်များမှ ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက် လာချိန် ဒေသခံများ နှင့် ပယင်း တူးဖော်ကြသည့် ပြည်သူများ တနိုင်းဘက်မှ အိမ်ပြန်ရန် Nam Gawn ပေါက်ဝ (ချောင်းဝ) သို့ စုပြုံ ထွက်လာခြင်း ဖြစ်သည်။

Kachin News Group
http://burmese.kachinnews.com/

COMMENTS

Name

art,1,article,1334,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,34,history,2,international,8074,interview,222,knowledge,9,Live,8,LocalNews,16805,news,2842,opinion,772,photos,203,poem,117,satires,39,song,12,speech,12,sports,182,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: ပယင်းမှော် တိုက်ပွဲမှ အမျိုးသမီး နှင့် ကလေးများ ခေါ်ထုတ်ခွင့် ပြု
ပယင်းမှော် တိုက်ပွဲမှ အမျိုးသမီး နှင့် ကလေးများ ခေါ်ထုတ်ခွင့် ပြု
https://4.bp.blogspot.com/-ivxyly0jMx0/WnBn8rIQgzI/AAAAAAABkrI/NeFunrthMC8jByt858irspZa4kHko-KAwCLcBGAs/s640/6.jpg
https://4.bp.blogspot.com/-ivxyly0jMx0/WnBn8rIQgzI/AAAAAAABkrI/NeFunrthMC8jByt858irspZa4kHko-KAwCLcBGAs/s72-c/6.jpg
dawnmanhon
http://www.dawnmanhon.com/2018/01/blog-post_968.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/blog-post_968.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy