Chat History များကို သိမ်းဆည်းထားခြင်း မရှိကြောင်း WeChat ထုတ်ဖော်ပြောကြား


တရုတ်နိုင်ငံရဲ့ အဓိက Personal သုံး၊ လုပ်ငန်းဆောင်တာသုံး အပလီကေးရှင်း တစ်ခုဖြစ်တဲ့ WeChat Messaging App ကုမ္ပဏီဟာ အသုံးပြုသူတွေရဲ့ Private Message တွေ၊ Chat History တွေကို သိမ်းဆည်းထားခြင်း မရှိဘူးလို့ တရားဝင် ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

တရုတ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Li Shufu က " WeChat ကုမ္ပဏီဟာ နောက်ကွယ်ကနေ Chat History တွေကို စောင့်ကြည့်နေနိုင် တယ်လို့ " ပြောကြားခဲ့ပြီးတဲ့ နောက်မှာ အဆိုပါကုမ္ပဏီက အခုလို တရားဝင် ပြောကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲသူတွေရဲ့ ဒေတာတွေကို စောင့်ကြည့်နေတယ်ဆိုတဲ့ ပြောကြားချက်ဟာ ခန့်မှန်းမျှ သာဖြစ်ပြီး နားလည်မှု လွဲမှားနေခြင်းသာ ဖြစ်ကြောင်းကို အခုလို တုံ့ပြန်ပြောကြားခဲ့တာပါ။

“WeChat အနေနဲ့ သုံးစွဲသူတွေရဲ့ chat history တွေကို လုံးဝ သိမ်းဆည်း ထားခြင်း မရှိပါဘူး။ အဲ့ဒါတွေကို သုံးစွဲသူတွေရဲ့ မိုဘိုင်းဖုန်းတွေ၊ ကွန်ပျူတာတွေမှာပဲ သိမ်းဆည်းလို့ ရနိုင်တာပါ။ ကျွန်တော်တို့ WeChat ကုမ္ပဏီဟာ Big Data တွေအတွက် သုံးစွဲသူတွေရဲ့ ဘယ်အချက်အလက်ကိုမှ ယူမသုံးပါဘူး။ ကျွန်တော်တို့ ကုမ္ပဏီက နေ့စဉ် အသုံးပြုနေသူတွေကို စောင့်ကြည့်နေတယ်ဆိုတဲ့ သတင်းဟာ ကောလာဟလသာ ဖြစ်ပါတယ်လို့" WeChat က ပြောကြားခဲ့ပါတယ်။

တရုတ် လူမှုကွန်ယက်နဲ့ ဆက်နွယ်နေတဲ့ အပလီကေးရှင်းတွေဟာ အစိုးရက တရားမ၀င်ဘူးလို့ အတည်ပြုတဲ့ Public Post တွေကို ဆင်ဆာလုပ်ရတယ်လို့ သိရပြီး WeChat App ရဲ့ သုံးစွဲသူ ကိုယ်ရေး အချက်အလက် လုံခြုံရေး ပေါ်လစီမှာတော့ အစိုးရအာဏာပိုင် တစ်ခုခုက တောင်းဆိုတဲ့ သုံးစွဲသူရဲ့ အချက်အလက်တွေကို ထိန်းသိမ်းဖို့နဲ့ ဖော်ထုတ်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားကြောင်း သိရပါတယ်။

၂၀၁၆ ခုနှစ်က လူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်တဲ့ Amnesty International ရဲ့ Messager App ကိုယ်ရေး လုံခြုံမှု ဆိုင်ရာ စစ်တမ်းဖော်ပြချက်မှာတော့ WeChat ကုမ္ပဏီဟာ အမှတ် ၁၀၀ မှာ ၁ မှတ်မှ ရရှိခဲ့ခြင်း မရှိဘူးလို့ သိရှိရပါတယ်။ တရုတ်ပြည်ဟာ ကမ္ဘာတစ်ဝှမ်း လူသန်းပေါင်းများစွာ အသုံးပြုနေတဲ့ ဖေ့စ်ဘွတ် ၊ Google Search Engine အပြင် Skype အစရှိတဲ့ လူမှုကွန်ရက် ဆိုင်ရာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ အသုံးပြုခြင်းကို ပိတ်ပင်ထားပြီး WeChat အပလီကေးရှင်းကိုသာ လူမှုရေးအတွက် သော်လည်းကောင်း၊ စီးပွားရေး လုပ်ငန်းများ အတွက် သော်လည်းကောင်း အဓိကထား အသုံးပြုနေကြတာလည်း ဖြစ်ပါတယ်။
The Ladies News

COMMENTS

Name

art,1,article,1343,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8315,interview,222,knowledge,9,Live,8,LocalNews,17146,news,2842,opinion,774,photos,203,poem,117,satires,39,song,12,speech,12,sports,189,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: Chat History များကို သိမ်းဆည်းထားခြင်း မရှိကြောင်း WeChat ထုတ်ဖော်ပြောကြား
Chat History များကို သိမ်းဆည်းထားခြင်း မရှိကြောင်း WeChat ထုတ်ဖော်ပြောကြား
http://www.theladiesnewsjournal.com/sites/default/files/styles/large/public/images/news/We%E1%80%94%E1%80%94%E1%80%94%E1%80%94Chat-1.jpg?itok=x5Ietm3q
dawnmanhon
http://www.dawnmanhon.com/2018/01/chat-history-wechat.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/chat-history-wechat.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy