excel သုံးပြီး ဆန်းသစ်တဲ့ ပန်းချီကားတွေ ဆွဲနိုင်ခဲ့တဲ့ ၇၇ နှစ် အရွယ် ဂျပန်ပန်းချီရာ

ဂျပန်​လူမျိုး​တွေဟာ စည်းကမ်းအရမ်းကြီးကြတယ်​။ တီထွင်​ဆန်းသစ်​ကြံဆနိုင်​စွမ်းရှိကြတယ်​။ စိတ်​ရှည်​လက်​ရှည်​ ရှိတတ်​ကြတယ်​။ လုပ်​ရည်​ကိုင်​ရည်​လည်း ပြည့်​ဝကြတဲ့ လူမျိုး​တွေပါ။ အရမ်း​လေးစားစရာ​ကောင်းတဲ့ အရည်​အ​သွေး​တွေပါ။ ဒီလိုအရည်​အ​သွေး​တွေနဲ့ ပြည့်​ဝတဲ့ ဂျပန်​အနုပညာရှင်​တ​ယောက်​ ရှိပါတယ်​။ သူက Tatsuo Horiuchi ပါ။

အသက်​က ၇၇ နှစ်​ရှိပါပြီ။ သူ့ရဲ့ အနုပညာရည်​ပြည့်​ဝတဲ့ တီထွင်​ဖန်​တီးမှု​တွေ​ကြောင့်​ နာမည်​​ကျော်​ကြားလာသူပါ။ သူ့ကို Visual Artist တဦးလို့ပဲ ဆိုရမှာပါ။ သူ​ရေးဆွဲထားတဲ့ ​တော​တောင်​​ရေ​မြေ ရှူခင်းပန်းချီ​တွေက တကယ်​ကို အထင်​ကြီး​လောက်​စရာပါပဲ။ သူ​ရေးဆွဲပုံက တကယ်​ဆန်းသစ်​တဲ့နည်းပါ။ Microsoft Excel ကို အသုံးပြုပြီး ​ရေးဆွဲထားခြင်းပါပဲ။
Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

သူ့အလုပ်​က​နေ အငြိမ်းစား​ပင်​စင်​ယူပြီးတဲ့​နောက်​မှာ သူက အနုပညာဖန်​တီးမှု​နောက်​ကို လိုက်​စားဖို့ စိတ်​အားထက်​သန်​လာပါတယ်​။ ​အနုပညာရည်ပြည့်ဝပြီး ​​ဖန်တီးဆန်းသစ်တတ်သလိုေ​​​​စးနှဲတယ်​ပဲဆိုရမလား။ ​ဈေးကြီး​ပေးရမယ့်​ ပန်းချီ​ဆေးပစ္စည်း​တွေ ကွန်​ပျူတာ​ဆော့ဖ်​ဝဲ​တွေကို သူကမသုံးပါဘူး။ ဒီလိုနဲ့ Excel ​ဆော့ဖ်​ဝဲကို အသုံးပြုပြီး အနုတစိတ်​လှပလွန်းလှပြီး ​ရောင်​စုံ​တောက်​ပ​နေတဲ့ ရှူ​မျှော်​ခင်းပန်းချီပုံ​တွေကို သူ​ရေးဆွဲဖြစ်​ခဲ့ပါတယ်​။

ဒီပညာရှင်​ကြီးက Microsoft Paint ကို​တောင်​ Excel ​လောက်​မကြိုက်​ခဲ့ပါဘူး။ ဇယား​တွေ ဂရပ်​​တွေ ​ရေးဆွဲဖို့အတွက်​ Excel ထဲ နဂိုထဲကထည့်​သွင်း​ပေးထားတဲ့ Vector Drawing Tools ​တွေကို သုံးပြီး ​သူ​ရေးဆွဲပါတယ်​။ ဒီ​ဆော့ဖ်​ဝဲနဲ့ ပိုရင်းနှီးလာ​တော့ သူရဲ့ထွင်​ဥာဏ်​အရကို ဂျပန်​​ကျေးလက်​​တောနယ်​ရဲ့ အနှစ်​သာရပိုင်း​တွေကို မြင်​ကွင်းကျယ်​​ပန်းချီေ​တွ ဆွဲလာနိုင်​ခဲ့ပါတယ်​။

Horiuchi ကို Microsoft Excel ရဲ့ Michelangelo လို့အမည်​ကင်​ပွန်းတပ်​ခဲ့ကြပါတယ်​။

သူ့အ​ကြောင်းကို ပိုသိရဖို့ အင်​တာဗျူးလုပ်​ခဲ့ရာမှာ သူက ခုလိုဆိုပါတယ်​။

“ကျ​နော်​ ဒါကိုစလုပ်​​တော့ စမ်းသပ်​လိုစိတ်​ နဲ့ ပြင်းပြင်းပြပြ​ဖောက်​ထွက်​လိုတဲ့စိတ်​တခုက အမြဲရှိခဲ့တာပါ။ ငါ့ကွန်​ပျူတာနဲ့ ပန်းချီဘယ်​လို​ရေးရင်​​ကောင်းမလဲ။ ကျ​နော်​ စဉ်းစားဖြစ်​ပါတယ်​။ ပန်းချီ​ဆေးဖိုး​​တွေ မကုန်​ရဘူးဗျာ။ ​ရေ​တွေဘာ​တွေနဲ့ အထူးတလည်​လုပ်​စရာ မလိုရဘူးဗျာ။ အဲ့လို တို​ရေရှား​ရေနိုင်​တဲ့ ကျ​နော့်​စိတ်​ကူး​ကြောင့်​ပဲ Excel ကိုသုံးရတာ ကျ​နော်​ပိုနှစ်​သက်​လာဖြစ်​တာပါ။ ”

” ၂၀၀၀ ခုနှစ်​မှာ ကျ​နော်​ Excel နဲ့ ပန်းချီစဆွဲပါတယ်​။ ကျ​နော်​ ထားတဲ့ပန်းတိုင်​ကဘာလဲဆို​တော့ ​နောက်​ဆယ်​နှစ်​ဆိုတဲ့ကာလတခုအတွင်းမှာ လူ​တွေဆီကို ပြ​လောက်​စရာရှိမယ့်​ ပန်းချီ​ကောင်း​ကောင်းတခု​တော့ရ​အောင်​ ငါဆွဲမယ်​ ဆိုတာပါ။ ”

“ကျ​နော့်​ကို အများကြီး​လှောင်​ခဲ့ကြပါတယ်​။ မင်းဘာ​တွေလုပ်​​နေတာလဲ​ပေါ့။ အလုပ်​မဖြစ်​မယ့်​ကိစ္စ​တွေပါကွာ။ မင်းရူး​နေလားတဲ့။ ဟုတ်​ပါတယ်​ ကျ​နော်​တကယ်​ရူးခဲ့တာပါ။”

ပန်းတိုင်​တခုကိုသတ်​သတ်​မှတ်​မှတ်ကိုင်​စွဲပြီး ဒီပန်းတိုင်​ကို​အောင်​မြင်​ဖို့လိုအပ်​တဲ့ အချိန်​ နဲ့ လုပ်​အားကို စိတ်​ရှည်​သည်းခံထားပြီး ရင်းနှီးမြှုပ်​နှံခဲ့တဲ့သူ Horiuchi ဟာ အတုယူစရာ စံနမူနာထားထိုက်​သူတဦးပါပဲ။
http://www.myanmarmobileapp.org/2018/01/20/excel-%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%81%bf%e1%80%95%e1%80%ae%e1%80%b8-%e1%80%86%e1%80%94%e1%80%b9%e1%80%b8%e1%80%9e%e1%80%85%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%95%e1%80%94%e1%80%b9/

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8579,interview,223,knowledge,9,Live,8,LocalNews,17570,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,194,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: excel သုံးပြီး ဆန်းသစ်တဲ့ ပန်းချီကားတွေ ဆွဲနိုင်ခဲ့တဲ့ ၇၇ နှစ် အရွယ် ဂျပန်ပန်းချီရာ
excel သုံးပြီး ဆန်းသစ်တဲ့ ပန်းချီကားတွေ ဆွဲနိုင်ခဲ့တဲ့ ၇၇ နှစ် အရွယ် ဂျပန်ပန်းချီရာ
https://i0.wp.com/www.myanmarmobileapp.org/wp-content/uploads/2018/01/excel-painter-4.png?w=884
dawnmanhon
http://www.dawnmanhon.com/2018/01/excel.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/excel.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy