Facebook တွင် ဟာသဗီဒီယိုများဖြင့် ပရိတ်သတ် အကြိုက်များသည့် အောင်ရဲထွေး အုပ်စုဖွဲ့ ရိုက်နှက်ခံရသဖြင့် သေဆုံး


Facebook တွင် ဟာသဗီဒီယိုများဖြင့် ပရိတ်သတ်အကြိုက်များသည့် အောင်ရဲထွေး အုပ်စုဖွဲ့ ရိုက်နှက်ခံရသဖြင့် သေဆုံးခဲ့ကြောင်း ဇန်န၀ါရီ ၂ ရက်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်၊ ညပိုင်းတွင် အောင်ရဲထွေးသည် ရည်းစားဖြစ်သူနှင့်အတူ သုဝဏ္ဏရှိ The One Entertainment တွင် ပြုလုပ်သည့်ပွဲသို့ သွားရောက်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းနှင့်ယခင်က ရန်ငြှိုးရှိသူများနှင့် ပြဿနာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြဿနာဖြစ်သည့် အချိန်တွင် အောင်ရဲထွေးအား လူတစ်စုမှ ၀ိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် အောင်ရဲထွေးမှာ ထိခိုက်ဒဏ်ရာများ ရရှိကာ ဆေးရုံသို့ တင်ပို့ကုသစဉ် ဇန်န၀ါရီ ၂ ရက် မွန်းလွဲပိုင်း၌ ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“News Year ညမှာ ဖြစ်တာပါ။ သုဝဏ္ဏ The One Entertainment မှာလုပ်တဲ့ ပွဲမှာဖြစ်တာ။ သူ့ကို ၀ိုင်းရိုက်သွားတဲ့ သူတွေနဲ့ အရင်က ကလပ်တစ်ခုမှာ ပြဿနာ ဖြစ်ဖူးတယ်လို့ ကနဦးစစ်ဆေးချက်အရ သိရတယ်။ အခုတော့ သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့်ပြီး ဆောင်ရွက်နေပါတယ်။ ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ ၎င်း၏အစ်ကိုဖြစ်သူက “The One Entertainment မှာလုပ်တဲ့ပွဲကို သွားရင်းနဲ့ အမည်မသိတဲ့သူ တစ်ချို့က ၀ိုင်းရိုက်ကြတာပါ။ သက်သက်ကို လုပ်ကြံတာပေါ့။ ဦးနှောက်ကြေသွားတယ်။ စစချင်းတော့ အောင်ရတနာ ဆေးခန်းကိုသွားတယ်။ အဲဒီက လက်မခံတော့ ရန်ကုန်ဆေးရုံကြီးက ဦးနှောက်နဲ့အာရုံကြောကို ပို့လိုက်ရတယ်။ ဖြစ်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေး အင်အားနဲ့လည်း ဆိုင်တယ်။သူတို့က လက်ပိုက်ကြည့်နေတယ်။ တရားခံတော့ ဖမ်းမမိသေးဘူးကြားတယ်။ ရုပ်ပုံတွေတော့ ရထားတယ်လို့ သိရတယ်။ လုပ်သွားတာ ခြောက်ယောက်ပါ” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

သေဆုံးသူ အောင်ရဲထွေးမှာ Facebook တွင် Aung Yell Htwe အမည်ရှိ Facebook Account ၌ ဟာသဗီဒီယိုတင်ကာ ပရိတ်သတ် အားပေးမှု အများအပြား ရရှိထားသူဖြစ်ပြီး ၎င်းမှာ ဟာသဗီဒီယိုပေါင်းများစွာ တင်ထားသူဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အား သုဝဏ္ဏနယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Eleven Media Group
http://news-eleven.com/news/29925

COMMENTS

Name

art,1,article,1343,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8315,interview,222,knowledge,9,Live,8,LocalNews,17146,news,2842,opinion,774,photos,203,poem,117,satires,39,song,12,speech,12,sports,189,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: Facebook တွင် ဟာသဗီဒီယိုများဖြင့် ပရိတ်သတ် အကြိုက်များသည့် အောင်ရဲထွေး အုပ်စုဖွဲ့ ရိုက်နှက်ခံရသဖြင့် သေဆုံး
Facebook တွင် ဟာသဗီဒီယိုများဖြင့် ပရိတ်သတ် အကြိုက်များသည့် အောင်ရဲထွေး အုပ်စုဖွဲ့ ရိုက်နှက်ခံရသဖြင့် သေဆုံး
https://4.bp.blogspot.com/-t5XWFp9Ikqo/Wkt9NhyHTtI/AAAAAAAAeJ0/BzjaNF_GvKAyoDCgPXbU44gbJbRwu4wfACLcBGAs/s320/q1.jpg
https://4.bp.blogspot.com/-t5XWFp9Ikqo/Wkt9NhyHTtI/AAAAAAAAeJ0/BzjaNF_GvKAyoDCgPXbU44gbJbRwu4wfACLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/01/facebook.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/facebook.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy