FDA ဝန်ထမ်းကို အငှားယာဉ်မောင်းသတ်သည့်သတင်းကြောင့် အငှားယာဉ်မောင်းများ အခက်တွေ့



FDA ဝန်ထမ်းခရီးသည် အမျိုးသမီးတစ်ဦးကို အငှားယာဉ် မောင်းက အဓမ္မကျင့်သတ်ဖြတ်ခဲ့ မှုဖြစ်ပွားပြီးနောက် ရန်ကုန်မြို့ တွင် တက္ကစီငှားစီးမှုနည်းပါးလာ ကြောင်း ယာဉ်မောင်းအများစုက ပြောသည်။

‘‘သူ့တစ်ယောက်အတွက်နဲ့ ကျန်တဲ့သူအားလုံး အဆင်မပြေ ဖြစ်ရတယ်’’ဟု တက္ကစီယာဉ် မောင်း ဦးအုန်းမောင်က ပြော သည်။

ဇန်နဝါရီ ၂၀ ရက်က ဒဂုံမြို့ နယ်နေ FDA ဝန်ထမ်း မရွှေရည် ဝင်းသည် ၎င်း၏နေအိမ်သို့ပြန်ရန် လှည်းတန်းလမ်းဆုံအနီးမှ တက္ကစီငှားစီးရာ ယာဉ်မောင်း၏အဓမ္မပြုကျင့်အသတ်ခံရခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူမှာ တက္ကစီမောင်းသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပြီး နောက်တစ် နေ့ ဇန်နဝါရီ ၂၅ ရက်တွင် တက္ကစီစီးလိုသူအများစုသည် Grab မိုဘိုင်းဖုန်းအက်ပလီကေးရှင်း အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း သို့သာ ဖုန်းဆက်ငှားစီးသည်ကို တွေ့ရကြောင်း တာမွေမြို့နယ်နေ တက္ကစီမောင်းလုပ်သက် နှစ်(၃၀)ခန့်ရှိသည့် ဦးအောင်မြင့်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သာကေတမြို့နယ်ရှိ စူပါမား ကက်ဆိုင်တွင် ငွေစာရင်းကိုင် လုပ်ကိုင်သူ မပြည့်ပြည့်က အချိန်ပိုဆင်းရမည့်ညတိုင်း အိမ်ပြန်ရာ၌ ကြုံရာတက္ကစီကို မစီးဘဲ Grab, Uber ကဲ့သို့ ကုမ္ပဏီများနှင့် ချိတ် ဆက်ပြေးသော တက္ကစီကိုသာ ဖုန်းဆက်၍ ငှားစီးကြောင်း၊ ထိုသို့စီးနေစဉ် လူမှုကွန်ရက်တွင် ဖတ်ရသည့်နည်း လမ်းများအတိုင်း ဆွေမျိုး၊ သူငယ်ချင်းများထံ ဖုန်းအဆက်မပြတ် ပြောဆိုခြင်းများ ပြုလုပ်ကြောင်း ပြောသည်။

ကမာရွတ်မြို့နယ် နာနတ် တောလမ်းထိပ်တွင် ဂိတ်ထိုး၍ တက္ကစီမောင်းသူ ဦးဝဏ္ဏထွန်းက ထိုလမ်းထိပ်တွင်ပင် နှစ်အတော် ကြာ တက္ကစီမောင်းနေ၍ ရပ်ကွက်နေပြည်သူများက ယုံကြည်သဖြင့် တက္ကစီအငှားရကြောင်း၊ သို့သော် သူစိမ်းနေရာသို့ သွားလျှင်မူ ခရီးသည်ရရှိရန် ခက်ခဲကြောင်း ပြော သည်။

‘‘ခရီးသည်ကလည်း တက္ကစီ သမားကို မယုံဘူး။ တက္ကစီသမား ကလည်း ခရီးသည်ကို မယုံဘူး’’ ဟု တက္ကစီမောင်းသူနှင့်ခရီးသည် ကြားရှိ အခြေအနေကို ၎င်းက ပြောပြသည်။

ယခုလအတွင်းပင် ဇန်နဝါရီ ၁၉ ရက်တွင် အင်းစိန်မြို့နယ်၌ ကားငှားစီးရာမှ ယာဉ်မောင်းကို ခရီးသည်က သတ်သည့် အမှုနှင့် ဇန်နဝါရီ ၂၁ ရက်တွင် ယာဉ်မောင်းက ခရီးသည်၏ရွှေထည် လက်ဝတ်လက်စားများ ထည့် ထားသည့်အိတ်ကို ယူ၍ မောင်းနှင်ထွက်ပြေးသည့်အမှု နှစ်မှုဖြစ် ပွားခဲ့သည်။

တက္ကစီပေါ်တွင် ဖြစ်ပွား သည့် အမှုများနှင့် ပတ်သက်၍ တက္ကစီမောင်းသက် နှစ်(၃၀)ရှိ သည့် ဦးအောင်မြင့်က ‘‘အမြန်ဆုံး ထိရောက်အောင် အရေးယူစေ ချင်တယ်။ ကျွန်တော်တို့ကတော့ ပြည်သူတစ်ယောက်အနေနဲ့ သတင်းပေးမှာပဲ။ တက္ကစီသမား အချင်းချင်းလည်း အကုန်သိ တယ်။ တစ်ခုခုဆို တက္ကစီနဲ့ တား ထားမှာပဲ’’ဟု ပြောသည်။

ထို့ပြင် ယခုအခါတွင် ကား မောင်းတတ်သည့် မည်သူမဆို တက္ကစီမောင်းနေ၍ တက္ကစီမောင်း သူနှင့်ခရီးသည်ကြား ယုံကြည်မှု တည်ဆောက်ရန် မလွယ်ကူ ကြောင်း ပြောသည်။

‘‘ဆိုက်ကားသမားက ဆိုက် ကားနင်းရင်း တက္ကစီပေါ်တက် လာကြတာရှိတယ်။ ဟိုဟာ ဒီဟာ မမြင်ဖူးတဲ့ ကောင်တွေပေါ့။ ပြီး တော့ ကလေကချေကအစ ကား လေးမောင်းတတ်ရင် တက္ကစီပေါ် တက်လာတာတွေရှိတယ်။ အဲဒီ လိုဟာတွေ တက်လာတဲ့အချိန်မှာ ဟိုလမ်းလည်း မသိ၊ ဒီလမ်းလည်းမသိ။ ပြီးရင် ငွေထုပ်သွားပို့ ဟို ဟာပါမယ်။ ဒီဟာပါမယ်။ လိုချင် တပ်မက်တွေရှိတယ်။ လိုင်စင် တွေလည်း ကျပ်မှာပဲ။ ကျပ်လည်းညဘက်မောင်းတာ ဘယ်လိုသွား လုပ်မလဲ။ ဖြစ်တာက ညဘက်မှာ အဖြစ်များတာ’’ဟု ၎င်းက ပြော သည်။

ညဘက်တွင်သာ တက္ကစီ မောင်းသည့် သာကေတ၌ နေ ထိုင်သူ ကိုထွေးက တက္ကစီမောင်း သူနှင့်ခရီးသည်၏အမှုဖြစ်ပွားမှု များလာခြင်းကြောင့် သူ့တက္ကစီ ကို ငှားစီးသူမရှိသလောက်နည်း ပါးသဖြင့် စီးပွားရေးထိခိုက်ရ ကြောင်း ပြောသည်။

‘‘လူပြတ်တဲ့ နေရာတွေမှာ လုံခြုံရေးရှိစေချင်တယ်။ တက္ကစီ သမားကပဲဖြစ်ဖြစ်၊ ခရီးသည်ကပဲ ဖြစ်ဖြစ် အကူအညီတောင်းရင် ရအောင်ပေါ့’’ဟု ကိုထွေးက ၎င်း၏ဆန္ဒကို ပြောသည်။

===========

7Day News Journal

http://7daydaily.com/story/118888

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6925,interview,212,knowledge,7,Live,8,LocalNews,15028,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: FDA ဝန်ထမ်းကို အငှားယာဉ်မောင်းသတ်သည့်သတင်းကြောင့် အငှားယာဉ်မောင်းများ အခက်တွေ့
FDA ဝန်ထမ်းကို အငှားယာဉ်မောင်းသတ်သည့်သတင်းကြောင့် အငှားယာဉ်မောင်းများ အခက်တွေ့
https://4.bp.blogspot.com/-UegMdXt_joI/WmwGbMkt0wI/AAAAAAAAeYE/6GtwW9JclmIW-jhAuugMhqtESx8qkh7-QCLcBGAs/s320/q1.jpg
https://4.bp.blogspot.com/-UegMdXt_joI/WmwGbMkt0wI/AAAAAAAAeYE/6GtwW9JclmIW-jhAuugMhqtESx8qkh7-QCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/01/fda_27.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/fda_27.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy