သူ့အကြောင်းရေးထားသည့် Fire and Fury စာအုပ်သည် စိတ်ကူးယဉ်ဝတ္ထုသာဖြစ်ပြီး စာရေးဆရာမှာ လူလိမ်ဟု ထရမ့်တုံ့ပြန်



ဝါရှင်တန်၊ ဇန်နဝါရီ ၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အကြောင်း ရေးသားထားသည့် Fire and Fury အမည်ရ စာအုပ်သစ်တွင် ထရမ့်၏ စိတ်ကျန်းမာရေးအခြေအနေမှာ သံသယဖြစ်ဖွယ်ရှိသည်ဟု ဖော်ပြထားရာ ယင်းစာအုပ်သည် စိတ်ကူးယဉ်ဝတ္ထုသာဖြစ်ပြီး စာရေးဆရာမှာ လူလိမ်သာဖြစ်သည်ဟု ထရမ့်က တုံ့ပြန်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

အစောပိုင်းကလည်း သူ့ထုံးစံအတိုင်း တွစ်တာလူမှုကွန်ရက်မှနေ၍ မိမိသည် အလွန်တည်ငြိမ်သော ဉာဏ်ကြီးရှင်၊ အလွန်စမတ်ကျသူဖြစ်သည်ဟု တုံ့ပြန်ရေးသားခဲ့ပြီး စွပ်စွဲထားသလို စိတ်ပုံမှန်မဟုတ်သူ မဟုတ်ကြောင်း ဖြေရှင်းခဲ့သည်။

စာရေးဆရာ မိုက်ကယ်ဝုဖ်၏ စာအုပ်သစ်တွင် ထရမ့်၏စိတ်အခြေအနေအရ သူနှင့်အနီးစပ်ဆုံး အကြံပေးများကပင် သမ္မတနေရာအတွက် သင့်လျော်ပါ့မလားဟု သံသယရှိခဲ့ကြကြောင်း ဖော်ပြထားသည်။

ယင်းကိစ္စမှာ ရီပတ်ဘလစ်ကန်ပါတီ၏ ၂၀၁၈ လုပ်ငန်းစဉ်ရေးရာ အဓိက ဆွေးနွေးပွဲအပေါ် လွှမ်းမိုးနေခဲ့သည်။ ဇန်နဝါရီလ ၆ ရက်နေ့က ဒေးဗစ်စခန်းတွင် ပါတီထိပ်တန်း တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ယင်းကိစ္စကို အဓိကထား မေးမြန်းခံခဲ့ရသည်။

သူ့စိတ်အခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းခံခဲ့ရရာ ထရမ့်က “ကျုပ်က အကောင်းဆုံး ကောလိပ်ကျောင်းတွေ တက်ခဲ့တာ၊ အဲဒီတုန်းကလည်း အတော်ဆုံး ကျောင်းသားတစ်ယောက်ဖြစ်ခဲ့တာ၊ အဲဒီကထွက်ပြီး ဒေါ်လာဘီလီယံနဲ့ချီပြီး ရှာနိုင်ခဲ့တယ်။ ထိပ်ဆုံးက စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ရုပ်သံအစီအစဉ်မှာ ပါဝင်ခဲ့ပြီး ၁၀ နှစ်လောက် အကြီးအကျယ်အောင်မြင်ခဲ့တယ်။ ခင်ဗျားတို့လည်း ကြားဖူးမှာပေါ့”ဟု တုံ့ပြန်ခဲ့သည်။

စာရေးဆရာဝုဖ်က သူနှင့် သုံးနာရီကြာ မှတ်တမ်းတင်ရန် တွေ့ဆုံမေးမြန်းခဲ့သည်ဆိုသော အချက်ကိုလည်း ထရမ့်ကငြင်းဆိုခဲ့ပြီး “ဒါ တကယ်မဖြစ်ခဲ့ပါဘူး၊ သူ့ဘာသာသူ စိတ်ကူးယဉ်တာနေမှာပေါ့”ဟု ပြောကြားခဲ့သော်လည်း ဝုဖ်က သူ့ကို တစ်နေရာရာတွင် တွေ့ဆုံမေးမြန်းခဲ့ဖူးသည်ဆိုသည့် အချက်ကိုမူ လက်ခံခဲ့သည်။

Fire and Fury : Inside the Trump White House စာအုပ်တွင် ထရမ့်သည် စိတ်မရှည်သူ၊ မူဝါဒရေးရာ နားမလည်သူ၊ သူ့ဘာသာသူ ရှုပ်ထွေးနေတတ်သူအဖြစ် ပုံဖော်ထားသည်။

ထရမ့်သည် ဒီဇင်ဘာ အားလပ်ရက်ကို အမေရိကန်သမ္မတများ အစဉ်အလာအတိုင်း ဒေးဗစ်စခန်းတွင် အပန်းမဖြေခဲ့ဘဲ သူ့ကိုယ်ပိုင် မာအာလာဂိုး ခြံဝင်းကြီးအတွင်းသာ အနားယူခဲ့သည်။ သို့သော်လည်း ရီပတ်ဘလစ်ကန် ခေါင်းဆောင်များနှင့် အစည်းအဝေးနီးကပ်ချိန်တွင်မူ ဒေးဗစ်စခန်းသို့ သွားရောက်နေထိုင်ခဲ့သည်။

Fire and Fury စာအုပ် ထုတ်ဝေခွင့်မရရန် ထရမ့်၏ရှေ့နေများက ကြိုးပမ်းနေကြချိန်တွင် စာအုပ်ကို အချိန်စောထုတ်ဝေခဲ့ပြီး ချက်ချင်းပင် အရောင်းရဆုံး စာအုပ်တစ်အုပ် ဖြစ်ခဲ့သည်။
The Voice
http://thevoicemyanmar.com/news/15808-tru

COMMENTS

Name

art,1,article,1288,cartoon variety,22,crime,54,culture,1,documentary,7,Entertainment,5,health,29,history,2,international,6700,interview,208,knowledge,5,Live,8,LocalNews,14582,news,2842,opinion,753,photos,202,poem,115,satires,38,song,12,speech,12,sports,131,statement,59,technic,49,translate,33,video,1061,voice,76,
ltr
item
dawnmanhon: သူ့အကြောင်းရေးထားသည့် Fire and Fury စာအုပ်သည် စိတ်ကူးယဉ်ဝတ္ထုသာဖြစ်ပြီး စာရေးဆရာမှာ လူလိမ်ဟု ထရမ့်တုံ့ပြန်
သူ့အကြောင်းရေးထားသည့် Fire and Fury စာအုပ်သည် စိတ်ကူးယဉ်ဝတ္ထုသာဖြစ်ပြီး စာရေးဆရာမှာ လူလိမ်ဟု ထရမ့်တုံ့ပြန်
https://3.bp.blogspot.com/-QuhRH0b9L9s/WlNzv_Eg0SI/AAAAAAAAeQ4/LS0FzEPaJ7Qrg2jy4PWcvcGLlIQ1BYr8QCLcBGAs/s400/q1.jpg
https://3.bp.blogspot.com/-QuhRH0b9L9s/WlNzv_Eg0SI/AAAAAAAAeQ4/LS0FzEPaJ7Qrg2jy4PWcvcGLlIQ1BYr8QCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/01/fire-and-fury.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/fire-and-fury.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy