iPhone ပေါ်မှာ များများသိမ်းဆည်းနိုင်ဖို့ နေရာများလာအောင် ဘယ်လိုရှင်းကြမလဲ

၂၀၁၇ ခုနှစ်အဆုံးသတ်ကို iPhone နှေးကွေးမှုတွေနဲ့ ဖြတ်သန်းခဲ့တဲ့ Apple ဟာ သုံးစွဲသူတွေအတွက် iPhone ပေါ်မှာ များများသိမ်းဆည်းနိုင်ဖို့ နေရာများလာအောင် ဘယ်လိုရှင်းကြမလဲဆိုတဲ့ အကြီးမားဆုံးသော ကိစ္စကြီးကို ဖြေရှင်းဖို့ တွေ့ကြုံခဲ့ရတယ်လို့ ဆိုရမှာပါ။
မမ်မိုရီမှာ ပြည့်နေပြီဆိုရင်တော့ Instagram မှာ ပျံ့နှံ့သွားအောင် အမိုက်စားဓါတ်ပုံတွေလည်း ရိုက်လို့မရတော့သလို ဂျက်စတင်တင်ဘားလိတ်ရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ်ကိုလည်း ဒေါင်းလုတ်ဆွဲလို့မရတော့ပါဘူး။
ဒီဆောင်းပါးမှာတော့ iPhone မမ်မိုရီကို ဘယ်လိုအကောင်းဆုံးနည်းလမ်းတွေ အသုံးပြုပြီးရှင်းလင်းမလဲ၊ iPhone မမ်မိုရီကို ဘယ်လိုစစ်ဆေးမလဲဆိုတဲ့အကြောင်းတွေ တင်ပြပေးသွားမှာပါ။

iPhone မမ်မိုရီကို ဘယ်လိုစစ်ဆေးမလဲ
ဘာမှမလုပ်ခင်မှာ သင့်ရဲ့ iPhone မမ်မိုရီ ဘယ်လောက်ကျန်နေသေးလဲဆိုတာကို စစ်ဆေးဖို့က အရေးကြီးပါတယ်။
iPhone ပေါ်မှာ မမ်မိုရီအသုံးပြုခွင့် ဘယ်လောက်ကျန်သေးသလဲကြည့်ဖို့အတွက် Settings > General > iPhone storage ကို နှိပ်လိုက်ပါ။ iPhone အတွက် မမ်မိုရီဘယ်လောက်လွတ်သေးတယ်ဆိုတဲ့ အချက်အလက်ကိုတွေ့မြင်ရမှာဖြစ်ပြီး မမ်မိုရီကို အသုံးပြုထားတဲ့အရာတွေကို အသေးစိတ်တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အဲဒီစာမျက်မှာမှာ iPhone ဟာ iOS 11 ကို အသုံးပြုထားမယ်ဆိုရင်တော့ Apple ရဲ့ မမ်မိုရီကို ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေလည်း တွေ့မြင်ရနိုငပါတယ်။ ဒါဟာ မမ်မိုရီပေါ်မှာရှိတဲ့ ဘယ်လိုapp ကတော့ဖြင့် ဖုန်းကိုနှေးကွေးတယ်၊ အဲဒီ app တွေကိုလည်း အသုံးနည်းတယ်၊ ဒါကြောင့် ဒီလို app ကို ဖျက်ပစ်ခြင်းဖြင့် မမ်မိုရီကို အလွယ်ဆုံးရှင်းလင်းနိုင်ပါတယ် စသဖြင့် အကြံပြုထားပါတယ်။

အသုံးမပြုတဲ့၊ အသုံးမလိုတဲ့ app များကို ဖျက်ပါ
iPhone storage settings ထဲက အချက်အလက်တွေကို အသုံးချပြီးတော့ ဖုန်းထဲမှာ app ဘယ်လောက်ရှိသလဲ၊ မမ်မိုရီဘယ်လောက်နေရာယူထားသလဲဆိုတာကို ကြည့်နိုင်ပါတယ်။ အသုံးမပြုတဲ့app တွေကို ဖျက်လိုက်ပါ။ မှတ်ထားရမှာကတော့ ဂိမ်းတွေဟာ app တွေထက် နေရာပိုယူပါတယ်။ ဒါကြောင့် ဂိမ်းတွေကို မကစားတော့ဘူးဆိုရင် ဂိမ်းတွေကစပြီး ဖျက်သင့်ပါတယ်။
iPhone ပေါ်မှာ app တစ်ခုကိုဖျက်ချင်တယ်ဆိုရင်တော့ app icon ပေါ်မှာ တုန်လာတဲ့အထိ ဖိထားလိုက်ပါ။ ပြီးရင်တော့ ‘x’ လေးကို နှိပ်ပြီးတော့ ဖျက်လိုက်နိုင်ပါပြီ။

Stocks တို့ Music တို့လို built-in app တွေကိုဖျက်ခြင်းဟာ သိပ်မလိုအပ်ပါဘူး
သမိုင်းတစ်လျှောက်မှာ Apple ဟာ iPhone သုံးစွဲသူတွေကို Stocks ၊ FaceTime တို့လို built-in appတွေဖျက်ခွင့်ပေးမထားပါဘူး။ ဒါပေမယ့် iOS 10 မှာတော့ Home screen ကနေ ဖယ်ရှားခွင့်ပြုထားပြုထားပြီးတော သက်ဆိုင်ရာ user data နဲ့ configuration ဖိုင်တွေကိုလည်း ဖယ်ရှားပေးပါတယ်။
Apple ကတော့ ဒီလိုဖျက်ခြင်းဟာ နေရာများများစားစား ထွက်လာမှာမဟုတ်ကြောင်း သတိပေးထားပါသေးတယ်။

မက်ဆေ့ခ်ျတွေ ဖျက်ပစ်ပါ
iOS မှာ နောက်ထပ်အကြံပြုချက်တစ်ခုကတော့ တစ်နှစ်ကြာရင် မက်ဆေ့ခ်ျတွေကို ဖျက်ပစ်သင့်ပါတယ်။ တကယ်လို့ ပို့တာများတယ်ဆိုရင်တော့ မက်ဆေ့ခ်ျ Settings ထဲမှာ Message History ဆိုတာကိုလိုက်ရှာပြီးတော့ ရက်သုံးဆယ်ကို ချိန်ထားနိုင်ပါတယ်။သွားရမှာရှုပ်တယ်ဆိုရင်လည်း မက်ဆေ့ခ်ျတွေကို ရွေးချယ်ပြီးတော့ ဖျက်ပစ်လိုက်နိုင်ပါသေးတယ်။

iCloud ပေါ်ကို ဓါတ်ပုံတွေတင်ထားပါ
Facebook ၊ Instagram နဲ့ Twitter တို့လိုဆယ်လ်ဖီကောင်းကောင်းနဲ့ ဓါတ်ပုံတွေပြင်ဆင်ပြီးတင်နေကြတဲ့ခေတ်ကိုရောက်နေပေမယ့်လည်း ဖုန်းတွေမှာတော့ အဲဒီလောက် ဒေတာများများမသိမ်းနိုင်သေးပါဘူး။
Apple ကတော့ သူ့ရဲ့ iCloud Photo Library ဟာ ဓါတ်ပုံအားလုံးကို resolution အပြည့်နဲ့ သိမ်းဆည်းပေးထားခြင်း၊ ဖုန်းကိုလည်း ပေါ့ပါးအောင်လုပ်ဆောင်ပေးခြင်းတွေ ၀န်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။ iPhone ပေါ်မှာ ဓါတ်ပုံတွေကို iCloud မှာ အလိုအလျောက် upload တင်ခြင်းအားဖြင့်လည်း မမ်မိုရီခြွေတာနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက်ကတော့ Settings > Photos > iCloud Photo Library ကို သွားရမှာပါ။
ဒါပေမယ့် သင့်ရဲ့ဓါတ်ပုံတွေ ဖုန်းထဲမှာမရှိဘဲ iCloud ပေါ်မှာ ဓါတ်ပုံတွေသိမ်းလို့မရပါဘူး။ iCloud Photo Library ကို အသုံးပြုမယ်ဆိုရင်တော့ iPhone ဟာ အဲဒီဓါတ်ပုံတွေကို အခြားသော Apple ဖုန်းတွေမှာလည်း သိမ်းဆည်းပေးမှာဖြစ်ပြီးတော့ တစ်နေရာမှာပြောင်းလဲတာနဲ့ သိမ်းဆည်းထားတဲ့နေရာအားလုံးမှာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။


မက်ဆေ့ခ်ျတွေလိုပဲ ဓါတ်ပုံနဲ့ဗွီဒီယိုတစ်ခုချင်းစီကိုလည်း ဖျက်ပစ်နိုင်ပါတယ်။
သင့်ရဲ့ Podcasts တွေကို စီမံခန့်ခွဲပါ
Podcast တွေဟာ ကောင်းပေမယ့်လည်း နေရာအရမ်းစားပါတယ်။ အထူးသဖြင့် တစ်ပတ်တစ်ခါ အသစ်တွေကို အလိုအလျောက်ဒေါင်းလုတ်ဆွဲထားမယ်ဆိုရင်တော့ ပိုဆိုးပါတယ်။ ဒေါင်းလုတ်ဆွဲထားတဲ့ podcast တွေနေရာကိုသွားပြိးတော့ ကြည့်ပြီးတဲ့ဟာတွေကို ဖျက်လိုက်ခြင်းအားဖြင့်လည်း နေရာအပိုထွက်လာနိုင်ပါတယ်။
ဒီထက်ပိုပြီးတော့ ထိန်းချုပ်ချင်တယ်ဆိုရင်လည်း Podcasts ရဲ့ settings ကို ချိန်းနိုင်ပါတယ်။ အပိုင်းလေးတွေကို အသစ်တွေမှသာ ဒေါင်းလုတ်ဆွဲဖို့၊ ကြည့်မထားတာတွေကို ပိတ်ထားဖို့ ပြင်ဆင်နိုင်ပါတယ်။

သီချင်းတချို့ကို ဖျက်ပစ်ပါ
သီချင်းတစ်ပုဒ်၊ အယ်ဘမ်လ်တစ်ခုလုံး၊ အဆိုရှင် စတဲ့အမျိုးအစားတွေနဲ့ ဖျက်ပစ်နိုင်ပါတယ်။ Settings ထဲက iTunes & App Stores မှာလည်း အလိုအလျောက်ဒေါင်းလုတ်ဆွဲတဲ့ဟာတွေကို ပြင်ဆင်နိုင်ပါသေးတယ်။
ဒီလိုမလုပ်ချင်ရင်လည်း ခလုတ်တစ်ချက်နဲ့ အားလုံးကိုဖျက်ပစ်လိုက်ပါ။ Settings > General > iPhone storage မှာ Music ကို ရှာပြီးတော့ Documents & Data swipe ထဲက ‘Delete’ လေးကို နှိပ်လိုက်ပါ။

The Lord of the Rings နဲ့ လျှို့ဝှက်နည်းလမ်း
ဒါကတော့ ထူးဆန်းပါတယ်။ iPhone ပေါ်က မမ်မိုရီအလွတ်ကို တိုးလာစေမယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ reddit iPhone ဖိုရမ်တစ်ခုမှာ iTunes store ကနေ ဇာတ်ကားငှားကြည့်ခြင်းအားဖြင့် မမ်မိုရီအလွတ်တွေရနိုင်ကြောင်း ဆွေးနွေးခဲ့တာပါ။
အထူးသဖြင့် ဒီဆွေးနွေးချက်ဟာ iPhone မှာ မမ်မိုရီနှေးသွားပြီဆိုရင်တော့ iTunes store ကိုသွားပြီးတော့ ဇာတ်ကားဒေါင်းလုတ်ဆွဲကြည့်လိုက်ပါ။ ဒါဆိုရင်တော့ မမ်မိုရီပိုကျယ်လာတယ်လို့ ဆိုပါတယ်။ Reddit သုံးစွဲသူတွေကတော့ Lord of the Rings: The Two Towers ကို ထောက်ခံထားကြပါတယ်။ သူ့ရဲ့အရွယ်အစားက ကြီးတဲ့အတွက် စမ်းသင့်တယ်လို့ သိရပါတယ်။
‘Cannot Download’ ဆိုတာလေး တက်လာရင် ‘Rent’ ကို နှိပ်လိုက်ပါ။ ‘OK’ ပေးလိုက်ပါ။ reddit ဆွေးနွေးချက်မှာဆိုရင်တော့ ‘OK’ နှိပ်ပြီးရင် သင့်ရဲ့ iPhone မှာ မမ်မိုရီပိုများလာမယ်လို့ဆိုပါတယ်။ ဒီလိုမျိုး နှစ်ခါသုံးခါစမ်းကြည့်သင့်တယ်လို့ ပြောကြပါတယ်။ သုံးစွဲသူတွေအနေနဲ့ 1GB ကနေ 4GB အထိ နေရာလွတ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဇာတ်ကားငှားတဲ့အချိန်မှာ မအောင်မြင်လို့ စိတ်မပူပါနဲ့။ ပိုက်ဆံမကုန်ပါဘူး။
http://www.myanmarmobileapp.org/2018/01/29/iphone-%e1%80%b1%e1%80%95%e1%81%9a%e1%80%99%e1%80%bd%e1%80%ac-%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%9e%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%86%e1%80%8a/

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8443,interview,223,knowledge,9,Live,8,LocalNews,17342,news,2842,opinion,780,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: iPhone ပေါ်မှာ များများသိမ်းဆည်းနိုင်ဖို့ နေရာများလာအောင် ဘယ်လိုရှင်းကြမလဲ
iPhone ပေါ်မှာ များများသိမ်းဆည်းနိုင်ဖို့ နေရာများလာအောင် ဘယ်လိုရှင်းကြမလဲ
https://i1.wp.com/www.myanmarmobileapp.org/wp-content/uploads/2018/01/480E9E8A00000578-5276177-image-a-23_1516132378922.jpg?fit=634%2C423
dawnmanhon
http://www.dawnmanhon.com/2018/01/iphone.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/iphone.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy