ဦးဝင်းထိန်အနားယူတယ်ဆိုတာ မဟုတ်ကြောင်း NLD ခေါင်းဆောင်တွေပြော

ရန်ကုန်မြို့ NLD ရုံးချုပ်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကို တွေ့ရစဉ်/ Photo: Thiha Tun/RFA
NLD ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန် ပါတီတာဝန်က အနားယူသွားပြီဆိုတာ နဲ့ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တရားဝင် အကြောင်းကြားတာ မရှိတဲ့အတွက် မသိရှိကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တာဝန်က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် အနားယူသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့က တရားဝင် သိထားတာမရှိဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

"အဲဒီသတင်းထဲမှာပါတဲ့ဟာ ကျနော်တို့ CEC ကို ဘာမှ တရားဝင် မရောက်ဘူး ၊ တရားဝင် ဘာမှမရှိဘူး၊ ဟုတ်တယ် အဲဒါတွေ ကျနော်တို့လုံးဝမသိဘူးဗျ၊ CEC မှာဆုံးဖြတ်ရမှာပေါ့ သူက ပါတီကကို"

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၇ ရက်နေ့က ဦးဝင်းထိန်ရဲ့ သား မင်္ဂလာဆောင်ပွဲကို နေပြည်တော်မှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရနဲ့ NLD ပါတီ က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြသလို အဲဒီလို ခမ်းခမ်းနားနား ကျင်းပတဲ့အတွက် ဝေဖန်မှုတွေလဲ ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီပွဲမှာ အမှတ်တရ မင်္ဂလာစကားပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပခဲ့တာနဲ့ပတ်သက်ပြီး သိပ်မနှစ်သက်တဲ့ သဘောမျိုးပြောခဲ့တာကို တွေ့ရကြောင်း မင်္ဂလာပွဲတက်ရောက်သူတချို့ရဲ့ ပြောဆိုမှုတွေလဲ ထွက်ပေါ်လာခဲ့ပါတယ်။

မင်္ဂလာပွဲအပြီးနောက်ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းထိန်တို့ တွေ့ဆုံခဲ့ကြတာရှိသလို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ သြစတြေးလျနိုင်ငံကို ဦးဝင်းထိန် ခေတ္တဆေးဝါး ကုသမူခံယူဖို့ သွားရောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ပါတီရဲ့ အရေးကြီးတာဝန်တွေကနေ အနားပေးခံလိုက်ရပြီလားဆိုပြီး လူတွေကြားမှာ ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူပြောတာက ဦးဝင်းထိန် ပါတီကနေ အနားယူတာမဟုတ်သလို ပါတီမှာလည်း မူလရာထူးတာဝန်အတိုင်း မပြောင်းလဲပဲရှိနေပါတယ်လို့  ဆိုပါတယ်။

NLD ပါတီ ဗဟိုကော်မတီဝင် ဦးအောင်စိုးက အခုပြင်ပမှာ ထွက်ပေါ်နေတဲ့ သတင်းတွေလိုမဟုတ်ပဲ သူရဲ့မိသားစုဝင်တွေရှိတဲ့ သြစတြေးလျနိုင်ငံကို ခေတ္တသွားရောက်တာဖြစ်ပြီး တစ်လကြာနေမယ် ဆိုတာလဲ မဟုတ်ဘူးလို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

COMMENTS

Name

art,1,article,1343,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8292,interview,222,knowledge,9,Live,8,LocalNews,17129,news,2842,opinion,774,photos,203,poem,117,satires,39,song,12,speech,12,sports,189,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ဦးဝင်းထိန်အနားယူတယ်ဆိုတာ မဟုတ်ကြောင်း NLD ခေါင်းဆောင်တွေပြော
ဦးဝင်းထိန်အနားယူတယ်ဆိုတာ မဟုတ်ကြောင်း NLD ခေါင်းဆောင်တွေပြော
https://3.bp.blogspot.com/-hxKCXv5YyGc/WltOaDBh0oI/AAAAAAABikc/ZTPwjU2GrvQ7c84FEP0d9lOOwan5D7NIwCLcBGAs/s400/3.jpg
https://3.bp.blogspot.com/-hxKCXv5YyGc/WltOaDBh0oI/AAAAAAABikc/ZTPwjU2GrvQ7c84FEP0d9lOOwan5D7NIwCLcBGAs/s72-c/3.jpg
dawnmanhon
http://www.dawnmanhon.com/2018/01/nld_14.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/01/nld_14.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy