![]() |
Falcon Heavy |
Falcon Heavy လို့ နာမည် ပေးထားတဲ့ ဒုံးပျံကို ပုဂ္ဂလိက အာကာသ ကုမ္ပဏီ Space X ကို တည်ထောင်သူ စွန့်ဦးတီထွင် အီလော်န် မာ့စ်ခ် လွှတ်တင် လိုက်တာ ဖြစ်ပါတယ်။
Falcon Heavy ဟာ ကမ္ဘာပေါ်က ဘယ်ဒုံးကျည်မျိုးထက် မဆို ကုန်ပစ္စည်း အလေးချိန် ၂ ဆ ကျော် သယ်ဆောင် နိုင်စွမ်း ရှိပါတယ်။
![]() |
မာ့စ်ခ်ရဲ့ ပြိုင်ကားဟောင်းကို သယ်သွား |
မားစ်ဂြိုဟ်ထိရောက်အောင် ရည်ရွယ်ထားတဲ့ အခု ပထမဆုံး ပစ်လွှတ်မှုဟာ အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်း နည်းတဲ့ အတွက် အစမ်းသဘော အနေနဲ့ မစ္စတာ မာ့စ်ခ်ရဲ့ ပြိုင်ကားဟောင်းကိုပဲ သယ်ဆောင် သွားတာ ဖြစ်ပါတယ်။
ပစ်လွှတ်မှု လုပ်ငန်းစဉ် အဆင့်ဆင့် အောင်မြင်သလား ဆိုတာကိုတော့ ဒုံးပျံ တက်သွားပြီး အနည်းဆုံး ၇ နာရီ နီးပါး အကြာကျကာမှ ကမ္ဘာမြေ ကနေ သိရမှာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
COMMENTS