ထမင်း ဝအောင်စားထား”ဟုစာသားပါ အင်္ကျီဝတ်များကို ဥပဒေအရ အရေးယူစေရန် ဆောင်ရွက်မည်

တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် Taxi ယာဉ်မောင်း ဦးနေဝင်းတို့ အသတ်ခံရမှုနှင့်ပတ်သက်၍ စစ်ဆေးနေသော ရန်ုကုန်မြောက်ပိုင်းခရိုင်တရားရုံးသို့ “ထမင်းဝအောင် စားထား”ဟု စာတမ်းပါ အင်္ကျီဝတ်ဆင်လာသူများကို ဥပဒေအရ အရေးယူ ဆောင်ရွက်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်း(မြင်းခြံ)က ဆိုသည်။

ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံလမ်း(အောက်ဘလောက်)ရှိ ရန်ကုန်တိုင်းဒေသကြီး ရှေ့နေများအသင်းရုံးခန်းတွင် ဖေဖော်ဝါရီလ ၄ ရက် မွန်းလွဲ ၃ နာရီခန့်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရှေ့နေများအသင်း ဥက္ကဋ္ဌက “ထမင်းဝအောင် စားထား”ဟု စာသားပါ အင်္ကျီဝတ်များသည် လူသတ်မှုဖြင့် စွပ်စွဲခံရသူများကို ပြောင်ပြောင်တင်းတင်း အားပေးထောက်ခံလှုံဆော်သည့်အပြင် လွတ်လပ်စွာ စီရင်လျက်ရှိသော တရားစီရင်ရေးကို အနှောင့်အယှက် အဟန့်အတားပြုရာ ရောက်ကြောင်း ထောက်ပြလိုက်သည်။

“အခုဆိုရင် တရားစီရင်ရေးအပေါ်ကို တီရှပ်တွေ ဝတ်ပြီးတော့ မင်း ထမင်းဝအောင် စားထားဆိုတဲ့ အပြုအမူတွေ ဖြစ်ပေါ်လာတယ်။ ဒါဘယ်သူ့ကိုလဲဆိုတော့ တရားသူကြီးတွေလား၊ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေလား။ တာဝန်ရှိတဲ့ ရဲတွေလား၊ အားလုံးကို ပြစ်မှားတဲ့သဘောဖြစ်နေတယ်။ ဒါကြောင့် ဒီတိုင်းထားလို့တော့ မရဘူး။ တစ်နည်းနည်တော့ လုပ်ရလိမ့်မယ်။ အဓိက တိုက်ရိုက်ထိခိုက်တာက တရားရုံဖြစ်တယ်”ဟု ဦးစိန်ဝင်း(မြင်းခြံ)က ပြောဆိုလိုက်သည်။

ယင်းသတင်းစာ ရှင်းလင်းပွဲကို မြန်မာမီဒီယာရှေ့နေများကွန်ရက်၊ ရန်ကုန်ရှေ့နေအသင်း၊ မြန်မာနိုင်ငံရှေ့နေများအသင်း၊ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းနှင့် မြန်မာနိုင်ငံ ဥပဒေဘွဲ့ရသူများ အသင်းတို့က ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ “ထမင်း ဝအောင် စားထား” စာတမ်းပါ အင်္ကျီဝတ်အုပ်စုကို ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တရားရုံးတော်၌ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဦးကိုနီနှင့် ဦးနေဝင်းတို့ သေနတ်ပစ် အသတ်ခံရမှုနှင့်ပတ်သက်၍ ကြည်လင်း (ခ) ဖိုးထူး၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၄/ ၁၁၄ ဖြင့် စစ်ဆေးနေရာ အမှုအတွက် အရေးကြီးသော အချိန်ကာလဖြစ်သည့် စွဲချက် တင်သင့်၊ မတင်သင့် လျှောက်လဲချက် ကြားနာသည့်အချိန်ဖြစ်ကြောင်း၊ ယင်းအချိန်တွင် တရားရုံး နယ်နမိတ် အဆောက်အအုံအတွင်းသို့ “ထမင်း ဝအောင်စားထား” စာတမ်းပါ အင်္ကျီဝတ်အုပ်စု ရောက်ရှိလာခြင်းသည် လူသတ်မှု ကျူးလွန်သူများကို အားပေးရာ ရောက်သည့်အပြင် လွတ်လပ်စွာ စီရင်နေသည့် တရားစီရင်ရေးကို အနှောင့်အယှက် အဟန့်အတားပြုရာ ရောက်သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း၊ ထိုပြုမူချက်သည် မှန်ကန်စွာ စီရင်ရမည့် တရားဥပဒေလမ်းကြောင်းကို တိမ်းစောင်းစေခြင်း၊ တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေခြင်း၊ ပြည်သူလူထုကြား ပဋိပက္ခကို ဖော်ဆောင်ခြင်း၊ အမှုစစ်နေသူများ အားလုံးကို မလျော်ဩဇာ အင်အားပြ ပြုလုပ်ရာရောက်ပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်စေရန် အစီအစဉ်ရှိရှိ ကြံစည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယင်းကြေညာချက်တွင်ဖော်ပြသည်။

“လက်မခံနိုင်တဲ့ အပြုအမူ၊ လက်မခံနိုင်တဲ့ အပြောအဆိုတွေကို လူတစ်စုက ကျင့်သုံးလာတယ်လို့ သိရတယ်။ အဲဒီဟာဆိုရင် လွတ်လပ်တဲ့ တရားစီရင်ရေးကို ထိခိုက်စေတယ်။ တနည်းအားဖြင့် ပဋိပက္ခအသွင်ဆောင်လာတယ်။ တာဝန်အရ ဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေကို ထိပါးနှောင့်ယှက်လာတယ်။ ဒီအပေါ်မှာ လက်မခံနိုင်ပါဘူး၊ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ရှုံချပါတယ်”ဟု ရန်ကုန်ရှေ့နေများအသင်း ဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောကြားသည်။

ဦးကိုနီနှင့် ဦးနေဝင်းတို့ ယခုကဲ့သို့ သတ်ဖြတ်ခံရသည့်အပေါ် ပြည်သူပြည်သားတစ်ယောက်အနေဖြင့်လည်း ရှက်မိကြောင်း၊ ရှေ့နေတစ်ယောက်ဖြင့်လည်း ရှက်ရကြောင်း၊ ဥပဒေသမား တစ်ဦးအနေဖြင့် တရားဥပဒေစိုးရေးအတွက်လည်း ရှက်ရပါကြောင်း၊ ယခုကဲ့သို့ ရှက်ရွှံ့နေမိသည့်ကြားမှပင် ယခုကဲ့သို့ အပြုအမူများမြင်ရသဖြင့် ဥပဒေသမားတစ်ယောက်အနေဖြင့် မဆောင်ရွက်လျှင် မရသည့်ကိစ္စမျိုးဖြစ်သည့်အတွက် ယခုကဲ့သို့ ရှင်းလင်းပွဲစီစဉ်ပြီး ထုတ်ပြန်ရခြင်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးဦးက ဆိုသည်။

“ထမင်း ဝအောင် စားထားဆိုတာ ခြိမ်းခြောက်တာပဲ၊ သတ်ပစ်မယ်လို့ ပြောတာပဲ။ မြန်မာလူမျိုးဆိုရင် ဒီစကားလုံးရဲ့ အဓိပ္ပါယ်ကို သိတယ်။ သာမန် စကားမဟုတ်ဘူး၊ အဲဒီစကားကို တရားရုံးရှေ့မှာ ရောက်လာတာဟာ ကျနော်တို့ ပြည်သူတွေ ခြိမ်းခြောက်ခံနေရတာ။ ဦးကိုနီကို သတ်တာလဲ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်သွားတာပဲ။ ဒီလိုခြိမ်းခြောက်မှုမျိုးဟာ တရားခွင်အတွင်း ရောက်မလာနိုင်ဘူးလို့ မပြောနိုင်ဘူး”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
http://thevoicemyanmar.com/news/16954-hm
w

COMMENTS

Name

art,1,article,1316,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,8,health,33,history,2,international,7558,interview,221,knowledge,8,Live,8,LocalNews,16088,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,146,statement,59,technic,57,translate,34,video,1068,voice,76,
ltr
item
dawnmanhon: ထမင်း ဝအောင်စားထား”ဟုစာသားပါ အင်္ကျီဝတ်များကို ဥပဒေအရ အရေးယူစေရန် ဆောင်ရွက်မည်
ထမင်း ဝအောင်စားထား”ဟုစာသားပါ အင်္ကျီဝတ်များကို ဥပဒေအရ အရေးယူစေရန် ဆောင်ရွက်မည်
https://1.bp.blogspot.com/-TpAisKhnCEE/WncS3Bh1TvI/AAAAAAAAecs/2dqffvEh6vgwOiEP70PgFB_t1yLePi5cgCLcBGAs/s400/q1.jpg
https://1.bp.blogspot.com/-TpAisKhnCEE/WncS3Bh1TvI/AAAAAAAAecs/2dqffvEh6vgwOiEP70PgFB_t1yLePi5cgCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/02/blog-post_15.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/02/blog-post_15.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy