ပြင်သစ်ထက်သာသည့် စစ်ရေးပြပွဲ ကြီးကျယ်ခမ်းနားစွာ ကျင်းပရန် ထရမ့် ပင်တဂွန်ကိုညွှန်ကြား


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၀

အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်တွင် ဧရာမစစ်ရေးပြပွဲကြီး ကျင်းပရန် သမ္မတဒေါ်နယ်ထရမ့်က ညွှန်ကြားထားကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။

ယမန်နှစ်က ပြင်သစ်တွင်ကျင်းပသော ဘာစတီးလ်နေ့ စစ်ရေးပြပွဲကို သဘောကျသွားသော ထရမ့်က အမေရိကန်တွင်လည်း ထို့ထက်သာသည့် စစ်ရေးပြပွဲကြီး ကျင်းပပေးရန် အမေရိကန် စစ်ဘက်ခေါင်းဆောင်များကို ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

“ကျုပ်မြင်ဖူးခဲ့သမျှ စစ်ရေးပြပွဲထဲမှာ အကြီးအကျယ်ဆုံးတွေထဲက တစ်ခုပဲ။ ကျုပ်တို့လည်း လုပ်ကြည့်ရမယ်၊ ဒီထက်သာအောင်ပေါ့”ဟု ထရမ့်က ပြောကြားခဲ့သည်။

ဒီမိုကရက်များကမူ စစ်ရေးအင်အားပြခြင်းသည် အာဏာရှင်နိုင်ငံများကသာ လုပ်လေ့ရှိသည့်ကိစ္စဟု ဝေဖန်ထားသည်။

ယင်းသို့ ထရမ့်ကစီစဉ်နေကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက စတင်ဖွင့်ချခဲ့ခြင်းဖြစ်ပြီး အိမ်ဖြူတော်က အတည်ပြုထားသည်။

“သမ္မတထရမ့်ဟာ နေ့စဉ်နဲ့အမျှ အသက်ကိုပဓာနမထားဘဲ တိုင်းပြည်လုံခြုံအောင် တာဝန်ထမ်းဆောင်နေကြတဲ့ အမေရိကန်ရဲ့ တပ်မတော်သားတွေကို အရမ်းအလေးထားတဲ့သူပါ။ ဒါကြောင့်သူတို့အပေါ် အမေရိကန်သားတွေ ချီးကျူးဂုဏ်ပြုပေးနိုင်တဲ့ ပွဲလမ်းသဘင်မျိုး ကျင်းပနိုင်မလားဆိုတာ ကာကွယ်ရေးဌာနကို တောင်းဆိုထားပါတယ်”ဟု အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ဆာရာဆန်းဒါးစ်က ပြောကြားခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်သည် စစ်ရေးပြပွဲအတွက် အစီအစဉ်ဆွဲနေပြီး အိမ်ဖြူတော်ထံမှ အတည်ပြုချက်ရယူရန် တင်ပြသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်က ပြောကြားခဲ့သည်။

အဘယ့်ကြောင့် ထရမ့်က စစ်ရေးပြပွဲ လုပ်လိုသည်ကို မေးမြန်းခဲ့ရာတွင် မက်တစ်က“သမ္မတရဲ့တပ်မတော်အပေါ် တန်ဖိုးထားလေးစားမှု” ကို ဖော်ပြရန်အတွက်ဟု ဖြေကြားခဲ့သည်။

“ရွေးချယ်စီစဉ်လို့ ရတာတွေကို စုစည်းနေပါတယ်။ ဒါတွေကို အိမ်ဖြူတော်ကို တင်ပြပြီး ဆုံးဖြတ်ခိုင်းရမှာပါ”ဟု မက်တစ်က ပြောကြားခဲ့သည်။

ဝါရှင်တန်ဒီစီတွင် စစ်ရေးပြပွဲ ကျင်းပခြင်းမျိုးမှာ ပုံမှန်အားဖြင့် စစ်ပွဲတစ်ခုအဆုံးသတ်ပြီး အောင်ပွဲရချိန်တွင်သာ လုပ်လေ့ရှိသော ကိစ္စဖြစ်သည်။

ယမန်နှစ်က ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့သော စစ်ရေးပြပွဲတွင် စစ်ကားမျိုးစုံ၊ စစ်လေယာဉ်များ၊ မြင်းသည်တော်များဖြင့် ခမ်းနားကြီးကျယ်စွာ ကျင်းပသွားခဲ့မှုကို ထရမ့်က အထူးသဘောကျခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

အမေရိကန်တွင် စစ်ရေးပြပွဲကျင်းပရန်မှာ အထူးအကုန်အကျများနိုင်ပြီး စစ်လက်နက်ပစ္စည်းများနှင့် စစ်သည်တော်များကို မြို့တော်သို့ ခေါ်ဆောင်ရခြင်း၊ စစ်ပွဲတွင်သာသုံးသည့် တင့်ကားများကို မြို့လမ်းမများတွင် မောင်းနှင်ခြင်းကြောင့် ပျက်စီးနိုင်မှုကို ကာကွယ်ရခြင်းများကိုပါ ထည့်တွက်ရမည်ဟု သုံးသပ်သူတို့က ဆိုသည်။

အကြီးစားစစ်ရေး လေ့ကျင့်မှုများမှာ အနောက်တိုင်းတွင် ခေတ်ဟောင်းထုံးစံများအဖြစ်သာ မှတ်ယူကြတော့ပြီး စစ်အေးခေတ် နောက်ပိုင်း မရှိသလောက်ရှားသွားခဲ့သည်။ သို့သော်လည်း ကွန်မြူနစ်နိုင်ငံများနှင့် ဆိုဗီယက်ပြည်ထောင်စုဝင် ဟောင်းနိုင်ငံများတွင် ယနေ့တိုင်ခမ်းနားစွာ ကျင်းပနေဆဲဖြစ်သည်။

မြောက်ကိုရီးယားသည် ယင်းသို့သော စစ်ရေးပြပွဲကြီးများအား ခမ်းနားကြီးကျယ်စွာ ပြုလုပ်မှုဖြင့် ထင်ရှားပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း စစ်ရေးပြပွဲကြီး ပြုလုပ်သွားခဲ့သည်။

ပြီးခဲ့သည့်နိုဝင်ဘာက ထရမ့် တရုတ်ပြည် သွားလည်စဉ်ကလည်း စစ်အင်အားပြပွဲကို သဘောကျနှစ်သက်ခဲ့သည်။ ရုရှားသည်လည်း မကြာသေးမီက စစ်ရေးပြပွဲများတွင် နောက်ဆုံးပေါ် စစ်လက်နက်များ ထုတ်ဖော်ပြသခဲ့သည်။

http://thevoicemyanmar.com/news/17250-tra

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6925,interview,212,knowledge,7,Live,8,LocalNews,15028,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: ပြင်သစ်ထက်သာသည့် စစ်ရေးပြပွဲ ကြီးကျယ်ခမ်းနားစွာ ကျင်းပရန် ထရမ့် ပင်တဂွန်ကိုညွှန်ကြား
ပြင်သစ်ထက်သာသည့် စစ်ရေးပြပွဲ ကြီးကျယ်ခမ်းနားစွာ ကျင်းပရန် ထရမ့် ပင်တဂွန်ကိုညွှန်ကြား
https://3.bp.blogspot.com/-k_qPmI0eCsE/WoBb1mQ8N1I/AAAAAAAAegQ/tts0tHIZH2YEOdak7F3_5fjXYgX2BL2CwCPcBGAYYCw/s400/q1.jpg
https://3.bp.blogspot.com/-k_qPmI0eCsE/WoBb1mQ8N1I/AAAAAAAAegQ/tts0tHIZH2YEOdak7F3_5fjXYgX2BL2CwCPcBGAYYCw/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/02/blog-post_494.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/02/blog-post_494.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy